” make it new ”

alinsettJuly 22, 20141min24920

တော်တော်များနေပြီ…။
ဘာတွေများနေလဲလို့…တကူးတကမေးနေစရာကိုမလိုလောက်အောင်ပဲ။

တော်တော်များနေတာတွေအကြောင်း…ခင်ဗျားတို ့လည်း..ရိပ်မိမှာပါ ။
တခြားကိစ္စတွေအသာထား။ ကျွန်တော်ချစ်သော စာပေအနုပညာနယ်ပယ်ထဲက များနေတဲ့အရာ …။
အဲဒါတွေကိုပဲ… သီးသန့်ပြောမယ် ။
လက်ရှိခေတ်ရဲ ့ စာပေအခင်းအကျင်း အနေအထားကိုကြည့် … ။
အဟောင်းတွေ များနေတယ် ။
လွန်ခဲ့တဲ့ နှစ် ( ၂ဝ )လောက်က ပုံစံအတိုင်းထက်….ဘာမှ ထူးထူးခြားခြား ပြောင်းလဲမလာဘူး ။
”ကောင်းသောပြောင်းလဲခြင်းကိုမြင်ရမှ…တိုးတက်တယ်”လို ့…ကျွန်တော်ယူဆတယ် ။

ဒီတော့… ”လက်ရှိ”ဟာ…”အရင်တုန်းက”ထက်…ထူးပြီး..ပြောင်းလဲမလာဘူး..ဆိုရင်…အားရစရာမရှိဘူး ။
ဘာလို ့…တိုးတက်မလာလဲ..ဆိုရင်…အဟောင်းတွေနဲ့ပဲ..စခန်းသွားနေလို ့ပေါ့…။
အဟောင်းတွေနဲ့ပဲ…ဘာလို ့ စခန်းသွားနေလဲ…?
အဲဒီအဟောင်းအဆွေးတွေကိုပဲ…နှစ်နှစ်ကာကာ လက်ခံနေကြလို ့ပေါ့… ။
ဟိုသီချင်းလိုပေါ့…”.ဟောင်းပေမယ့်လည်း…ကောင်းနေဆဲပါပဲ…” ပေါ့…။
အဲဒီစာသားကြီးကို…မှားတယ်လို့..မဆိုသာပါဘူး။ တစ်ခုပဲ..ပြောစရာရှိတယ်.. ။
တချိ့အဟောင်းတွေက…ကြာလေ..စုတ်လေပဲ..ဗျ။ ဟောင်းတိုင်းလည်း..ကောင်းမယ်လို့ယူဆရင်တော့…မှားတယ်ဗျာ။

ကျွန်တော်တို ့…စာပေလောကထဲမှာ…
အသစ်ကိုကြိုဆိုတဲ့သူနဲ ့…အဟောင်းကို ဖက်တွယ်ထားသူ..ဘယ်အုပ်စုက များမလဲ….?
အသစ်ဖန်တီးနေသူတွေ ရှိတယ် ။ ဟုတ်ပါတယ် ။ ဒါပေမယ့်…တော်တော် နည်းပါတယ် ။ အသစ်ဖန်တီးသူတွေထက်ပိုများတာကတော့….အဲဒီ…..ဖန်တီးလာကြတဲ့အသစ်ကို…ကဲ့ရဲ့ရှုတ်ချမယ့်သူတွေပါ ။

(၁)အသစ်ကို..ဖန်တီးသူ နဲ ့..
(၂)ကြိုဆိုသူ …
အဲဒီနှစ်မျိုးနှစ်စားကို…ဖယ်လိုက်ရင်…ကျန်တာက….

(၁)အသစ်ကို စောင့်ကြည့်လေ့လာသူ( ကျွန်တော်အပါအဝင်…နည်းနည်း..တော်တော်နည်းနည်း )
(၂)အသစ်ကို…ကဲ့ရဲ့ရှုတ်ချသူ(အစဉ်အလာကိုဖျက်စီးတဲ့အရာတွေဆိုပြီး…)
(၃)အသစ်ကို..နားမလည်ဘူးဆိုပြီး…မခံစားတတ်သူ
(မော်ဒန်ကဗျာ/ဝတ္ထုတွေကိုကျော်ဖတ်ကြသူများတော်တော်များများ…)
အဲဒီအုပ်စုတွေမှာ… (၁)ဖန်တီးသူနဲ့…(၂)ကြိုဆိုသူ က…အင်မတန်နည်းပါးပြီး….
(စောင့်ကြည့်လေ့လာသူနည်းနည်းကို အသာထား) အသစ်ကို အစဉ်အလာဖျက်စီးတဲ့အရာတွေဆိုပြီး..

ကဲ့ရဲ့ရှုတ်ချလက်မခံနိုင်သနဲ့…နားမလည်ဘူး…ဆိုပြီးကျော်လိုက်သူ…(၂)နဲ့(၃)တွေက…
အတော်များနေပါလား..ဗျ ။
ဒီအခင်းအကျင်းနဲ့သာ..ဆက်သွားရင်…
”ရသစာပေကျဆုံးမယ်”ဆိုတဲ့စကားလုံးက ရေပန်းစားလာနိုင်သလားလို ့… ။

——————————————————————————————————-

အသစ်တွေလုပ်ကြပါလို့…ထပ်ခါထပ်ခါကြွေးကြော်ခဲ့တဲ့….
၁၉၃၄…လွန်နှစ်များဆီက..အသံတွေ…
ကျွန်တော်တို ့စာပေလောကမှာ..ပြန်အော်ကြရတော့မယ်ထင်တယ် ။
မော်ဒန်ခေတ်စာပေအနုပညာလောကရဲ့ကြွေးကြော်သံ…လို ့ဆိုရမယ့်….
”Make it new ” ဆိုတဲ့စကားကို…အစပြုခဲ့သူ…
EZRAPOUND(1885-1972) ကို ပြန်ဦးခိုက်ကြ။

——————————————————————————————————-
အဟောင်းတွေ ကောင်းတာလည်း..ရှိပါရဲ့။ ကျွန်တော် ချစ်ပါတယ် ။
အဲဒီ ဂန္ထဝင်မြောက်လက်ရာတွေ
ကျွန်တော်…ချစ်ပါတယ် ။ ရသအနုပညာအဖြစ်လည်း…စင်ပေါ်တင်ထားဆဲပါ ။

အဲဒီဂန္ထဝင်မြောက် လက်ရာအဟောင်းကြီးတွေကို…ချစ်တာက သက်သက်…။
အဟောင်းအတိုင်း…လိုက်…ပုံစံတူတုနေတဲ့…လက်ရှိအဟောင်းကိုယ်ခွဲအသစ်တွေကိုတော့..
အားမရနိုင်တာ သက်သက်ပါ …။

ကျွန်တော်မျှော်လင့်တာက…အသစ်တွေပါ..။
အဟောင်းနဲ့ လမ်းခွဲပြီး…အဆန်းဆန်းအပြားပြားပွင့်လာမယ့် အသစ်ပန်းတွေပါ….။
အသစ်ပန်းတွေရဲ့ ရနံ ့ဆန်းကို… တအား နမ်းရှိုက်ကြည့်ချင်တာပါ ။
(ကျွန်တော်က အသစ်တွေကို စောင့်ကြည့်လေ့လာ ခံစားချင်သူပါ )
ဒီတော့….
အဟောင်းတွေဖောက်တဲ့လမ်းအတိုင်း…လျှောက်လာမယ့် ခြေသံတွေကို
ထပ် မကြားချင်တော့ပါဘူး ။
မတူခြားနားသော….အသစ် အသစ်တွေကို… ခံစားကြည့်ချင်လို ့..စောင့်နေသူပါ ။
ဒီတော့…. ကျွန်တော်လို… အသစ်မျှော်သူတွေရှိနေပါကြောင်း….
အသစ်ကို..ကြိုဆိုသူတွေ…ရှိတော့ ရှိပါသေးကြောင်း….
အသစ်ပြု ဖန်တီးသူများဘက်က ရပ်တည်ကြိုဆိုဖို ့…အသင့်ရှိနေသူ..(ကျွန်တော်လိုလူတွေအတွက်)
ထို ့အပြင်…. အနုပညာ(ရသပညာရပ် အတွက် )….
အနုပညာ ဖန်တီးသူကြသူများ…..
တတ်စွမ်းသလောက် …ဖန်တီးမှုတွေကို…အသစ် အသစ်တွေ ဖြစ်ဖို ့….
လမ်းသစ်ဘက်ကို..လျှောက်ကြည့်ပေးကြပါဦးလို ့…..
ကျွန်တော့်အသံအက်ကွဲကွဲနဲ့ကျွန်တော့်ဘက်က…တတ်နိုင်သလောက်….
အော်ပြောလိုက်ချင်တာက….
”Make it new” ဆိုတဲ့ စကားသာလျှင်ဖြစ်ပါကြောင်း….

မိတ်ဆွေများ…လွတ်လပ်အေးချမ်းကြပါစေ…

လေးစားစွာဖြင့်….

အလင်းဆက်(Gazette)
22 / 7 /2014 / 10 : 54

20 comments

  • ခင်ဇော်

    July 22, 2014 at 1:57 pm

    ဆက်ဆက်ပြောမှ သတိရသွားပြီ။
    ဟိ။
    အသစ်ပြောင်းတော့မယ်။
    ဘာလဲလို့ တော့ မမေးနဲ့။
    ဟိ။

    နောက်ထာနော်။
    ပြန်လာခဲ့မယ်။

    ပြောစာရှိတယ်။

    :s:

    • alinsett (gazette)

      July 22, 2014 at 2:08 pm

      ပြန်လာပါမမဂျီး…
      နားထောင်စရာ ရှိတယ်… ။

      😆

  • Mr. MarGa

    July 22, 2014 at 1:57 pm

    အသစ်တွေကို မျှော်မယ့်အစား
    ကိုယ်တိုင်ပါ ထ ဖန်တီးလိုက်
    ဘယ်လမ်းမဆို စ ဖောက်ရင်တော့ ခက်တာပဲ
    ဆိုတော့ ကိုယ်တိုင်ထွင်ခြင်းကို အားပေးချင်၏

    • alinsett (gazette)

      July 22, 2014 at 2:07 pm

      ကိုယ်တိုင် ဖန်တီးဖို ့လား…..
      ကျနော်…နှာစေးနေတယ်…

      :mrgreen:

      နှာစေးပျောက်ရင်…ပေါ့…..

  • surmi

    July 22, 2014 at 2:34 pm

    ကျုပ်ကတော့ တကယ့်ကို နားမလည်တတ်သူမို့
    နံပါတ် ၃ ထဲသာပို့လိုက်ပါတော့ကွယ်……

    • alinsett (gazette)

      July 22, 2014 at 4:43 pm

      ဒါမဲ့
      အားပေးကြိုဆိုတတ်သူမဟုတ်လားကွယ်
      (၃)ထဲ ထည့်ရက်ပါဘု

      😆

  • Paing Lay

    July 22, 2014 at 2:47 pm

    Modern ကို ဘယ်လိုနှစ်သက်သွားသလဲဆိုတော့ အနော် ဆယ်ကျော်သက်ဘဝ အချစ်အကြောင်းတွေ စတွေးမိတဲ့ အချိန်ကတည်းကပေါ့ဗျာ။ အဲဒီမှာ ဆရာရွှေဘုန်းလူ(ခ)တာရာမင်းဝေတို့လည်း စာပေပရိတ်သတ်တွေကြားမှာ Hit ဖြစ်နေတဲ့ အချိန်ကိုးဗျ။ အခုလို စာပေလွတ်လပ်ခွင့် လေးတွေရလာတော့ ပိုပြီး နှစ်သက်ကြိုဆိုမိပါတယ်ဗျာ။ 🙂 ဒါနဲ့ စကားအတင်းစပ် ဒီ မန်းဂေဇက်မှာလည်း ဖွဘုတ်လို Photos Comment တွေ ပေးလို့ရရင် ကောင်းမှာပဲ။ ဘယ်လိုပေးလို့ရတယ်ဆိုတာလေးလည်း အကြောင်းပြန်စေလိုပါတယ်။ :mrgreen:

    • alinsett (gazette)

      July 22, 2014 at 4:53 pm

      အသစ်ကို နှစ်သက်သူချင်းမို့ ကျေးဇူးတင်မိသလို
      ဆုံတွေ ့ရတာလည်း ဝမ်းမြောက်မိပါတယ်ခင်ဗျ။
      —–
      တာရာမင်းဝေကတော့ မြန်မာလူငယ်တော်တော်များများကြားမှာ ပြောစမှတ်တွင်ပါတယ်။ ကျနော်သည်လည်း တာရာမင်းဝေကို မေ့မရ / သး့လို ဖန်တီးအားထုတ်ပြနိုင်မယ့် အနုပညာသမားများ ထပ်တွေ ့မလားလို့ မျှော်လင့်မိနေဆဲပါပဲ။

      ——
      comment ထဲ ပုံထည့်တာကတော့
      ဟိုသူဂျီးဆိုတဲ့ လူကြီးကိုသာ ပြောတော့ဗျို့။
      ကျနော်လည်း လုပ်မရ

      😆

  • Kaung Kin Pyar

    July 22, 2014 at 3:58 pm

    အလုပ်က အမတစ်ယောက်ပြောတာ သတိရတယ်..။
    သူတော့ စိတ်တွေညစ်လာရင် ဆံပင်ပုံသွားပြောင်းသတဲ့…။ ကိုယ့်ကိုယ်ကို လူအသစ်တစ်ယောက်လို ခံစားမိအောင်တဲ့…အဲ့အချိန်က စ ပြီး လူသစ်စိတ်သစ်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်တယ်တဲ့..။
    (ဆက်ဆက်ပြောတာနဲ့ ဆိုင်မဆိုင်တော့မသိ)
    စာပေနဲ့ပတ်သတ်တဲ့ အသစ်အသစ်တွေကို ကြိုဆိုပါတယ်… (စာပေအဆိပ်တွေ မဟုတ်ရင်ပေါ့လေ..)

    • alinsett (gazette)

      July 22, 2014 at 4:57 pm

      ဘယ်လောက်သစ်သစ်
      သစ်မလာတာကတော့ မျက်နှာပဲ။
      အဟိ။
      :mrgreen:
      ——-
      စာပေအဆိပ် ဆိုလို့
      အစဉ်အလာထဲက ဖောက်ထွက်တယ်ကွာဆိုပြီး ရိုမန်းဘော့ကြီး ထ ရေးတာမျိုးကိုတော့
      စာပေစာရင်း မသွင်းဘူးဗျို့။
      ရသရွာ နာ တဲ့ စာမျိုးတော့ အားမပေးပါကြောင်း
      နော့

      :kwi:

  • ခင် ခ

    July 22, 2014 at 4:25 pm

    ဉာဏ်ရည်ထက်မြက်
    စွမ်းအင်တက်တဲ့
    လူငယ်လက်သွက်
    ကလောင်လေးများ
    အသစ်ဖန်တီး
    ရေးကြစေသတည်း။

    ဟောင်းနွမ်းဆွေးမြေ့
    ရွယ်လွန်ခဲ့ပြီမို့
    အသစ်လှိုင်လှိုင်မပေါ်မှီထိ
    ခဏတာသာထိန်းကာရေးမယ်
    မတော်ဖတ်မိ အားနာပါ၏။

    ခင်ခ။

    • alinsett (gazette)

      July 22, 2014 at 5:00 pm

      လေးခ ရေ
      လေးခရဲ့ လက်ကလောင်ကလည်း
      ထက်စမြဲပါပဲ။
      အရေးမသစ်ပေမယ့် အတွေးသစ်နေဆဲပါပဲ။
      လေးခ ရေးတဲ့ အတွေးစတွေကို အားပေးပါတယ်။ လုပ်ဗျာ။

      😆

  • အာဂ

    July 22, 2014 at 4:51 pm

    မသိမှု ချောက်ထဲကို ခုန်ခြကြမယ်….ဘာပဲပြောပြော အဲဒီမှာ ငါတို့ အသစ်တွေတွေ့မှာသေချာတယ်။

    (ဗော့လတဲ လာမသိဘူူးရေးထားတာရှိတယ်မေ့ကုန်ဘီ)

    • alinsett (gazette)

      July 24, 2014 at 6:29 pm

      အဲဒီ စကားထဲမှာ…. ကျနော် တစ်ယောက်…
      အကြာကြီး..ချောက်ထဲကျသွားခဲ့ဖူးတယ်..ကိုဂရေ…

  • TNA

    July 22, 2014 at 6:03 pm

    ငါ့ကိုလဲ သုံးထဲထည့်ရမယ်ထင့်။ ကိုယ်တိုင်လဲမဖန်တီးတတ် အသစ်လဲမပျိးထောင်တတ်။ ဖတ်ရှု့ရုံကလွဲလို့ သေချာလဲမဝေဖန်တတ်။ အထူးသဖြင့်မော်ဒန်ဆိုတာတွေကိုတော့နားကိုမလည်တာ။ ဒါပေမဲ့ ဖန်တီးသူရဲ့ အနုပညာကိုတော့ လေးစားအားပေးနေပါတယ်

    • alinsett (gazette)

      July 23, 2014 at 3:01 pm

      စောင့်ကြည့်လေ့လာသူ..စာရင်းထဲ..ထည့်ထားလိုက်တယ်.. ။
      ဒါမယ့်…တဲသီက…
      ဖန်တီးနိုင်ပါတယ်..နော် ။

  • kyeemite

    July 23, 2014 at 1:39 pm

    အဟောင်းအတိုင်းလည်း မရေးတတ် ။ အသစ်ကိုလည်းမဖန်တီးတတ်…
    တစ်ခါတစ်ခါ ခံစားမှုကို အရှိအတိုင်းချရေးတတ်တာပဲရှိတယ်…အဲ့တော့ ကျုပ်ကို ကြိုက်တဲ့ထဩာထည့်လိုက်ပါနော :p:

    • alinsett (gazette)

      July 23, 2014 at 2:59 pm

      ဘပဲဖြစ်ဖြစ်.. ဖန်တီးသူပေါ့… ဦးကြီးရယ်.. .။
      ဖန်တီးမှု လုပ်နိုင်သူတွေ ဆီက…အသစ်တွေမျှော်လင့်လို ့ရနေသေးတယ်… ။

      🙂

  • ခင်ဇော်

    July 23, 2014 at 1:48 pm

    ဒါမျိုးကျ ဟောင်းတာ သစ်တာကို မပြောပဲနဲ့။
    ကေိုယ့်လက်ခံမှုနဲ့ ကိုယ်မှာ ကာင်းတာ မကောင်းတာကိုပဲ ပြောရတော့မယ်လို့ ထင်တယ်။

    အသစ်ဖန်တီးတိုင်း မကောင်းသလို အဟောင်းကို လက်ခံတိုင်းလည်း မကောင်းဘူးလို့ ပြောလို့က မရ။

    မမဂျီးတော့ ဟောင်းဟောင်းသစ်သစ် ကိုယ်နားလည်မှ ကြိုက်တယ်။
    ကိုယ်ကြိုက်မှ ကောင်းတယ်ထင်တယ်။
    ငိငိ

    😀

    • alinsett (gazette)

      July 23, 2014 at 2:58 pm

      အသစ်ဖန်တီးတိုင်း မကောင်းသလို အဟောင်းကို လက်ခံတိုင်းလည်း မကောင်းဘူးလို့ ပြောလို့က မရ

      ဟုတ်တယ်ဗျ ။

      —–

      ကျနော်တော့…အခုနောက်ပိုင်း…အနုပညာကိုခံစားရင်..ကိုယ့်အကြိုက်နဲ့ ကိုက်မကိုက် ဆိုတဲ့ စိတ်နဲ ့..မခံစားတော့ဘူး …။

      😆

Leave a Reply