ပန်းရောင်းသူများ

Paing LayJuly 22, 20141min1498

ဆိုရိုးစကားတစ်ခုရှိတယ်

လက်သမားတစ်ယောက်ရဲ့

အိမ်တံခါးတွေဟာ

အပျက်တွေချည်းပဲတဲ့။

ပန်းရန်ဆရာတစ်ယောက်ရဲ

ဝန်ခံချက်ကတော့ ဟိုတယ်မှာ

တစ်ခါမှ မတည်းခိုဖူးတဲ့အကြောင်း။

မိမိမှာ စေ့စပ်လက်စွပ် မရှိပါ လို့

ပန်းတိမ်ဆရာတစ်ယောက်က ထွက်ဆိုဖူးတယ်။

လယ်သမားကြီးတစ်ယောက်

ဒေါ်လာဆိုတာ ဘယ်လိုမျိုးလဲလို့ မေးရှာနေလေရဲ့။

ကိုယ့်ပုံတူကို ပြန်ဆွဲဖို့

တစ်သက်လုံး မေ့လျော့နေခဲ့တာ

ပန်းချီဆရာတစ်ယောက်ပေါ့။

ဘာပဲဖြစ်ဖြစ်

ဖဲ့ထုတ်ခံရတဲ့ သစ်သားစတွေမပါဘဲနဲ့တော့

ပန်းပုရုပ် တစ်ရုပ် ဖြစ်မလာနိုင်ဘူးလေ။    ။

မင်းလူ

လွမ်းဖွယ်စံတိုးစာစုမှ(၂၀၀၂)

8 comments

  • ခင်ဇော်

    July 23, 2014 at 8:05 am

    ဟိ။
    ပန်းရောင်းသူများ ဆိုလို့ ပန်းပုံတွေ တွေ့ရမယ်မှတ်လို့။
    မဖတ်ဖူးတဲ့ ဆရာ မင်းလူရဲ့ ကဗျာမို့ ကျေးဇူးပါ။

    :mrgreenn:

  • ခင် ခ

    July 23, 2014 at 10:18 am

    ပန်းရံ ပန်းတိမ် ပန်းချီ ပန်းပု
    ပန်းလေးမျိုးထဲလား အခြားပန်းတွေကော မပါဘူးလားဗျ ပန်းရောင်းသူရေ။
    ကဗျာလေးအတွက်တော့ ကျေးဇူးပါ။

  • kyeemite

    July 23, 2014 at 11:04 am

    ကဗျာလေးရှယ်ပေးလို့ဖတ်ရတယ်…သင့်ခရုပါ

  • Paing Lay

    July 23, 2014 at 2:38 pm

    @ခင်ဇော်
    ပန်းလို့ထင်မှား အားပေးသွားတဲ့ အမတော် ခင်ဇော်ကိုလည်း ကျေးကျေးပါလို့။ 🙂

    @ခင်ခ
    လေးခင်ခေရေ ကဗျာဆရာက ပန်းလေးမျိုးပဲ မှတ်မိလို့ပဲဖြစ်မှာပါ။

    @Kyee Mite
    ဖတ်ရှုအားပေးသွားတဲ့ အတွက် အထူးကျေးဇူးပါ။ ဦးကြီးမိုက် 🙂

  • အရီးခင်

    July 24, 2014 at 10:47 pm

    မင်းလူ ကဗျာ တွေကတော့ ဘယ်အချိန်ဖတ်ဖတ် ရိုးသွားတယ် မရှိပါဘူး။
    နောက်ဆို သူ့ကဗျာ မှာ ကိုယ့်အမြင်လေး ပါ ထည့်ရေးပါလား။
    :-)))

  • kai

    July 25, 2014 at 6:10 am

    “ပေါင်းပြီးရမ်း”နေတဲ့..” ပေါင်းရမ်း”.. ပန်းရောင်းနေသူတို့တွေကိုသတိရမိတယ်..
    အဲဒါများလားလို့..

    ဆိုတော့..
    ကျုပ်က.. ပုံမှန်အလုပ်အနေနဲ့.. ဝက်ဘ်မာစတာလည်းလုပ်ပြီး.. ဝက်ဘ်လုံခြုံရေးပိုင်းလည်း.. လုပ်နေသဗျ..
    ကိုယ့်ရွာလောက် မလုံခြုံတာလည်း.. တပိုင်းဖြစ်သည်…တမုံ့…။ :buu:

  • Paing Lay

    July 25, 2014 at 2:53 pm

    @ အရီးခင်ရေ နောက်တစ်ပုဒ်ကျရင် ထည့်သွင်းပေးပါ့မယ် 🙂
    @ သဂျီးကယဲ ဟုတ်ရပါဝူးဂျာ 😀

  • alinsett (gazette)

    July 25, 2014 at 3:03 pm

    ကျနော်ရောပဲ…
    ပန်းပုံလေးတွေ..တွေ ့ရမယ်ထင်တာ….
    ဒါပေမယ့်.. ဆရာမင်းလူရဲ ့.. စာပန်းအလှ ပါပဲ… ။

Leave a Reply