ရွှေအကြောင်းသိကောင်းစရာ 108,109,110,111

Zaw AungJuly 22, 20141min853

ရွှေအကြောင်းသိကောင်းစရာ(108)
(စဉ် 107 မှအဆက်)
ကျွန်တော့်ဆီမှာအဲလိုမျိုးလာစုံစမ်းပြီး ရွှေဆိုင်ဖွင့်သွားတဲ့သူတွေရှိပါတယ် များသောအားဖြင့်တော့ အသိတွေကနေ
တဆင့်လာကြတာပါ။ ထူးထူးခြားခြားကောင်မလေးတစ်ယောက်ကတော့ သူရွှေဆိုင်ဖွင့်ချင်လို့ပါလို့ လာမိတ်ဆက်ပြီး
ဖွင့်ဖြစ်သွားတာတစ်ခု ရှိခဲ့ဖူးပါတယ်။ ဘာမှကိုမသိဘဲအစအဆုံးသင်ပေး ကူညီပေးခဲ့ရတာပါ ရွှေပြည်သာမှာဖွင့်တာပါ။
ကူညီရကျိုးနပ်ပါတယ် သူဆိုင်ဖွင့်တဲ့နေ့ ကျွန်တော့်ဆိုင်မှာတစ်ရက်တည်း ငါးဆယ်သား ရောင်းလိုက်ရတယ်လေ
အဲဒါကြောင့်ရွှေဆိုင်တွေက ရွှေဆိုင်အသစ်ဖွင့်မယ့်သူတွေကို အရမ်းကိုကူညီချင်ကြတာပေါ့။ ရွှေဆိုင်တစ်ဆိုင်ဆို
ကူညီချင်လွန်းလို့ အခမဲ့ရွှေသင်တန်းတွေဖွင့်ပြီး ကူညီနေတာပေါ့ သူ့သင်တန်းတက်တဲ့သူက ဆိုင်ဖွင့်ချင်ရင် သူ့ဆီက
ရွှေဝယ်မှာလေ အဲဒီတော့ကုန်ကျစရိတ်ကာမိတဲ့အပြင် အမြတ်တောင်ရနိုင်ပါတယ်။ အရမ်းကို idea ကောင်းတဲ့သူပါ
ကုသိုလ်လဲရ ဝမ်းလဲဝပေါ့။
ရွှေအကြောင်းသိကောင်းစရာ(109)
မန္တလေးက မရွှေသွယ်သန္တာက လက်ကောက်အကွင်း(20) သွားပြန်ရောင်းတာ လေးသိန်းလောက်ရှုံးသွားလို့ ရွှေဝယ်
ရမှာကြောက်သွားပြီတဲ့။ လက်ကောက်တစ်ကွင်းကိုအချို့ဆိုင်တွေက အလျော့တွက် ၃ ရွေးယူပြီး အချို့ဆိုင်တွေက ၅
ရွေး ၆ ရွေးအထိယူပါတယ် အနဲဆုံးယူတဲ့ဆိုင်၃ ရွေးနှုန်းနဲ့ပဲတွက်ကြည့်ရအောင် အခုပေါက်ဈေးနဲ့ဆို ၁ ရွေးကို
ငါးထောင်ဝန်းကျင်ရှိပါတယ် ၃ ရွေးဆို ၁၅၀၀ဝကျနေပါပြီ အကွင်းနှစ်ဆယ်ဆိုတော့သုံးသိန်းပေါ့။ ၁၅ပဲရည်အထည်
တွေရဲ့ ရောင်းဈေးဝယ်ဈေးကလဲ တစ်သောင်းနှစ်သောင်း လောက်ကွာလေ့ရှိပါတယ်။ အကွင်းနှစ်ဆယ်ဆိုတော့
အနဲဆုံးငါးကျပ်သားရှိမှာပါ အဲဒီမှာငါးသောင်းရှုံးပါပြီ။ အကွင်းနှစ်ဆယ်လုံး လက်ထဲမှာအမြဲဝတ်ထားရင် လက်ကောက်
တွေတစ်ကွင်းနဲ့တစ်ကွင်းပွတ်တိုက်ပြီး ရွှေလျော့တတ်ပါတယ် အဲဒီတော့လေးသိန်းရှုံးတာ မများပါဘူးလို့ပဲဖြေပါရစေ။
သွားပြန်ရောင်းတဲ့အချိန်မှာ ရွှေဈေးတက်နေရင် အရှုံးသက်သာနိုင်ပါတယ်။ (စဉ် 110 သို့)
ရွှေအကြောင်းသိကောင်းစရာ(110)
(စဉ် 109 မှအဆက်)
ကျွန်တော့်ဆိုင်မှာလာဝယ်ရင်တော့ အလျော့တွက်အရှုံးမခံချင်တဲ့သူကို အခေါက်လက်ကောက်ဝယ်ဖို့ အကြံပေးလိုက်
ပါတယ်။ တစ်ကျပ်သားကို 3500 ကျပ်ပဲပိုပေးရတယ်လေ။ အဲဒါမှများသေးတယ်ဆိုတဲ့သူကို တစ်ဆယ်သားအကယ်ဒမီ
တုံးဝယ်ဖို့ အကြံပေးလိုက်ပါတယ်။ တစ်ကျပ်သား 1500 ကျပ်ပဲပိုပေးရတယ်လေ။ အဲလိုရှင်းပြလိုက်ပေမယ့်လည်း ၁၅ ပဲ
ရည်အထည်ကို အလျော့တွက်နဲ့ဝယ်သွားတဲ့သူပဲများပါတယ်တစ်ချို့ကတော့အခေါက်လက်ကောက်ဝယ်သွားကြတယ်
အကယ်ဒမီတစ်ဆယ်သားတုံး ဝယ်တဲ့သူကတော့နဲပါတယ်။ မမြမြတ်ချယ်က `ရွှေအကြောင်းသိကောင်းစရာကို
စာအုပ်ထုတ်ဖို့အစီအစဉ်ရှိပါသလား အခုမှဒီ site ကိုတွေ့လို့ အရှေ့ပိုင်းက notes တွေဖတ်ချင်လို့ပါ။
connection ကမကောင်းတော့ အဆင်မပြေလို့ပါ လို့မေးထားပါတယ်။ လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး
notesအားလုံးကိုတစ်ခါတည်း download လုပ်ပြီး ဖတ်လို့ရအောင်တော့ စီစဉ်နေပါတယ်။ (စဉ် 111 သို့)
ရွှေအကြောင်းသိကောင်းစရာ(111)
(စဉ် 110 မှအဆက်)
ကျွန်တော်ကဒီစာတွေကို ဗလာစာအုပ်မှာရေးတာပါကျွန်တော့်ရဲ့ staff တစ်ယောက်က hand phone နဲ့ရိုက်ပြီးတင်
ပေးတာပါ။ အခုမှအားတဲ့အချိန် connection ကောင်းတဲ့အချိန် page ဖွင့်ပြီး copy / paste နဲ့ computer
ထဲပြန်ကူးနေရတယ် ပြီးတာန့ ဲ download လုပ်လို့ရအောင် link တစ်ခုကနေတင်ပေးမှာပါ။ စာအုပ်ဖတ်ချင်ရင်တော့
ကျွန်တော့်လက်ရေးနဲ့စာအုပ်ငှားပေးမယ်လေလမ်းကြုံရင်ဆိုင်မှာဝင်ယူပေါ့။ ရွှေအကြောင်းမှာ ရွှေဆိုင်ဖွင့်မယ့်သူတွေ
သိသင့်တာ ရွှေအတုံးဝယ်ရောင်းလုပ်ချင်တဲ့သူတွေသိသင့်တာ။ ရွှေဝယ်ဝတ်မယ့်သူတွေသိသင့်တာတွေအပြင်
လူတိုင်းသိသင့်တဲ့ ရွှေနဲ့ပတ်သက်တဲ့ အထွေထွေဗဟုသုတတွေကို သိသလောက်မျှဝေပေးတာပါသိချင်တာ။ အကြံပေး
ချင်တာရှိရင် မေးနိုင်အကြံပေးနိုင်ပါတယ်။

3 comments

  • ခင်ဇော်

    July 23, 2014 at 8:59 am

    ဗျို့။
    ရွှေဆရာကြီးးး
    မမန့်ဖြစ်လို့ မဖတ်ဖူးလို့ မထင်ပါနဲ့နော့။
    အကုန်ဖတ်ပါတယ်။
    ဟိ။

    ကျနော်တို့ ခုတလောမြင်ဖူးနေတဲ့ လက်ဝတ် လက်စားလေးတွေမှာ

    White Gold လို့ ပြောတဲ့ အဖြူရောင်ရွှေ
    Yellow Gold လို့ ပြောတဲ့ အဝါရောင်ရွှေ
    Rose Gold လို့ ပြောတဲ့ ကြေးနီရောင်သန်းတဲ့ ရွှေတွေကို တွဲစပ်ပြီး လှလှလေးတွေ လုပ်နေတာ မြင်ရတယ်ဗျ။။

    သိချင်တာက အဲဒီဟာတွေက အရောင်မှုတ်တာလားးး ပန်းတိမ်မှာပဲ တွဲစပ်ပြီး လုပ်သလား သိချင်တာပါ။
    🙂

    ကိုယ့်မတော့ မြန်မာ မျက်စိမို့လားမသိ။
    ရွှေဆို ဝါဝင်းအိ နေမှ သဘောကျတယ်။ သေးသေးမွှားမွှားလေးတွေကို မဝတ်ချင်တာ။

    တောကျတယ် ပဲ ဆိုဆို….
    😀

  • Zaw Aung

    July 24, 2014 at 9:31 pm

    အရောင်မှုတ်တာလားးး ပန်းတိမ်မှာပဲ တွဲစပ်ပြီး လုပ်သလား ဆိုတော့ နှစ်မျိုးလုံး ရှိပါတယ်

  • ခင် ခ

    August 7, 2014 at 4:02 pm

    ( notesအားလုံးကိုတစ်ခါတည်း download လုပ်ပြီး ဖတ်လို့ရအောင်တော့ စီစဉ်နေပါတယ်။ )
    Note အားလုံး ပြီးမှပေါ့နော်။

Leave a Reply