” ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့ “

ခင္ခJuly 23, 20141min16410

” ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့ “

 

တစ်ညလုံး သဲလိုက်တဲ့မိုး

ခုထိတိုင်လည်း မတိတ်သေးဘဲ

စောစီးစွာ ခရီးထွက်ရမှာမို့

ညအမှောင်သန်း လရောက်မလွမ်း

မှိတ်တုတ်မျှ မလာတဲ့မီး

ဝိုးတဝါးပင် မမြင်ရလေတော့

မှန်းကာသာ ခြေကြွရပါသတဲ့

အောက်ဆင်းခဲ့ လှေကားထစ်ဝယ်

အေးကနဲအထိ ခြေဖဝါးဆီသို့

လန့်ကာသာ အော်မည်သံနဲ့အတူ

အမြန်သာဆင်းလိုက်လေတော့

ပလုံ ဗွမ်း လို့သာ မြည်သံဟီးကာ

ကိုယ်တစ်ခြမ်းက ရေမျိုခံရပေါ့

ဪ ဒါလားဟဲ့ ရန်ကုန်မြို့ကိုမှ

စင်္ကာပူလိုဖြစ်အောင်လုပ်မယ်လို့

ကြွေးကြော်ကာခွန်းခြွေသူရေ

အခုနေတိုးတက်လှပုံကို

လမ်းကြုံရင်ဝင်လာကြည့်ပါလို့

ဖိတ်ခေါ်တယ် ရန်ကုန်မြို့ဆီသို့။

 

ခင်ခ။

10 comments

  • Kaung Kin Pyar

    July 23, 2014 at 11:00 am

    ခုလဲ စင်္ကာပူနဲ့ အတော်နီးနီးစပ်စပ် တူနေပါတယ်…။ ရေပတ်လည်ဝိုင်းနေသားပဲကို…..

    😀

    • ခင် ခ

      July 23, 2014 at 1:04 pm

      ငယ်ငယ်တုန်းက ဆိုဖူးတာလေးရှိတယ် ကောင်းကင်ပြာရေ
      ရေလယ်ခေါင် သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း ဆိုတာနဲ့အညီ
      ရန်ကုန်သူတွေ နတ်သမီးတွေဖြစ်လို့ နေမှာပေါ့ဗျာ။

  • ခင်ဇော်

    July 23, 2014 at 11:37 am

    ဗင်းနစ်မြို့နဲ့ မလဲနိုင်ဘူး ဟူးဟူးဟူးးး

    😥

    • ခင် ခ

      July 23, 2014 at 1:26 pm

      အခုအချိန် ရန်ကုန်က သူတွေ အဲဒီသီချင်းကိုတောင် မကြားချင်ဘူးလို့ အော်နေမလားလို့တောင် တွေးမိတယ် ခင်ဇော်ရေ။

  • Paing Lay

    July 23, 2014 at 3:02 pm

    မိုးတွင်းမှာ သမိုင်းလမ်းဆုံဘက်လမ်းကနေ စက်လှေ နဲ့ ဘောကွင်း ငှားစားရရင် ကောင်းမား 😀

  • cobra

    July 23, 2014 at 3:56 pm

    စည်းကမ်းမရှိ အမှိုက်ကိုမြောင်းထဲပဲ
    ပစ်ချင်နေကြတယ်ဗျာ
    ပြောတော့လည်းပြောတဲ့သူက
    အရူးဖြစ်တယ်

  • Yae Myae Tha Ninn

    July 23, 2014 at 4:48 pm

    စင်ကာပူတော့ မသိဘူး.. တဂျီးပြဖူးတဲ့ အမေရိကန်က မြောင်းက နယ်သွားမှ… ဆည်မြောင်းရဲ့ ရေလွှဲမြောင်းလောက်ရှိတယ်ဆိုတာ သိရတယ်… ခွီး.. တကယ့် ဟာသပဲ.. 🙂

  • နှူးဘာ မိဂီ

    July 24, 2014 at 4:05 pm

    အာရှတိုက်ရဲ့ ဖလောရင့်စ် မြို့ဂျီး ပါဗျာ …
    ခိခိ…
    မျက်စိထဲ မွသဲ ကို ပြေးမြင်ယောင်တယ်…
    အဲ့လာ သဂျီးကိုဆဲဗျ….
    ကာလီဖိုးနယား က လိပ်ပြာတောင်ပံခတ်တာ ..
    ဆင်မလိုက်ရေကြီးသွားတယ်ဆိုပီး…..

    😀

    ရေကျော်က အူးဘေတား ကိုလည်း သတိရတယ်…
    ဟိ…
    အဲ့ရေတွေ အဲ့လိုထိထိနေလို့ ..သူ့ခညာ ဝေါ်ကျဲ ဆိုတဲ့ နာမည်ပြောင်ပါ ရထားတယ်ဆိုပဲ….
    ခုတော့ ဘာစကေဘီ တဗူး ခါးကြားထိုးပီး လျောက်သွားနေလေရဲ့

  • ဦးကျောက်ခဲ

    July 24, 2014 at 4:11 pm

    စင်္ကာပူလိုဖြစ်အောင်လုပ်လိုက်တာ စေတနာပိုပြီး ဗင်းနစ်လိုဖြစ်သွားတယ်…
    နိုင်ငံတော်ခေါ် ဖွတ်ဘဘဂျီးတွေကို ခြေအေး ဝမ်းယောင်စေမှုနဲ့ ခုံရုံးတင်ကြပါ…
    😀

  • Ko chogyi

    July 24, 2014 at 4:39 pm

    အဲလိုပြောတဲ့လူဂျီးတွေအခု ရန်ကုန်မှာနေတော့ဝူးလေ ဦးခရဲ့

Leave a Reply