ငါ့ရဲ့ကိုယ်ပိုင်အရည်အချင်း

zaw winJuly 23, 20141min931

– မေ့လျော့နေတဲ့
ငါ့ရဲ့စိတ်တွေ
နိုးကြားလာခဲ့ပြီ၊
– သတိမထားမိတဲ့
ငါ့ရဲ့အရည်အချင်းတွေ
တဖြေးဖြေးနဲ့ သိလာရတယ်၊
– လေလွင့်နေတဲ့
ငါ့ရဲ့စိတ်တွေ
ပြန်ပြီး ထိန်းချုပ်ရမယ်၊
– မျှော်လင့်ချက်မဲ့နေတဲ့
ငါ့ရဲ့အနာဂတ်တွေ
ပုံဖော်ပေးရမယ်၊
– ငါ့ရဲ့ကိုယ်ပိုင်အရည်အချင်း
အရည်အသွေးတွေကို
ငါကိုယ်တိုင်ကြိုးစားမြှင့်တင်ပေးရမယ်။

မင်းသုတ
9:30 AM
23.7.2014

One comment

  • ခင် ခ

    July 24, 2014 at 10:45 pm

    ငါဖောက်သောလမ်း
    ငါလျှောက်လှမ်းလို့
    ငါ့ခရီးငါဆောင်
    ငါ့ရည်မှန်းချက်အောင်

Leave a Reply