Print

ပထမဆုံး ပြောလေ့ပြောထ ရှိတဲ့ စကားလေးတွေကို… အင်္ဂလိပ်လို ပြောင်းပြောကြမယ်လေ…

ICE ခေတ်မှာ တခု ပါဝင်တဲ့ E အင်္ဂလိပ်စာဟာလဲ လေ့လာထားရင် မမှားပါဘူး…

အနီးဆုံးပြောမယ်…

 

ရေလိုက်ငါးလိုက်

Water Follow .. Fish Follow…  ဒါက အသုံးများလာတယ်…

 

ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင်

Good Discuss.. Bad Discuss… ဒါလေးကတော့ သစ်မယ် တင်တယ်…

 

မုဆိုး နားနီး မုဆိုး၊ တံငါ နားနီး တံငါ

Hunter Near Hunter.. Fisher Man Near Fisher Man… ကာရန်ကိုက်မှ ပြောကောင်းတာဗျ…

 

သမင်မွေးရင်း၊ ကျားစားရင်း

Deer Borning.. Tiger Eating… မမိုက်လား…

 

တပည့်မကောင်း၊ ဆရာ့ခေါင်း

Student Bad.. Teacher Head… ဟဲ….

 

စင်ပေါ်က

On The Elephant… ဒါက ကြားဖူးပြီးသားလေးပါ…

 

ဝါကျတွေအနေနဲ့ဆို…

 

မင်းပျော်ရဲ့လား…?

Are U Melt..?

 

သူဆင်းရဲသည်… ဒါကြောင့် အရမ်းရုန်းကန်ရသည်…

He is very poor.. therefore he is very office kick… ဒါမျိုးလေးတွေ လေ့လာပါ…

 

ဒီတပတ်တော့ ဒီလောက်ပါပဲ…. နောက်တပတ်မှာ ပြန်လည်တွေ့ကြပါမယ်…

ခင်ခ စကားလေး သုံးပါ့မယ်.. အရေး၊ အဖတ်၊ အတတ်ပညာ အမြဲပဲ ဒို့လေ့လာ…. သွပ် သွပ် သွပ်….

 

ပုံ… Teacher  ရေမြေ့မီးနင်း( Meaning ) နော်… :)

 

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...