အင်္ဂလိပ်စာ လေ့လာကြမယ်…

ကုိ ထြဋ္July 23, 20141min23718

Print

ပထမဆုံး ပြောလေ့ပြောထ ရှိတဲ့ စကားလေးတွေကို… အင်္ဂလိပ်လို ပြောင်းပြောကြမယ်လေ…

ICE ခေတ်မှာ တခု ပါဝင်တဲ့ E အင်္ဂလိပ်စာဟာလဲ လေ့လာထားရင် မမှားပါဘူး…

အနီးဆုံးပြောမယ်…

 

ရေလိုက်ငါးလိုက်

Water Follow .. Fish Follow…  ဒါက အသုံးများလာတယ်…

 

ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင်

Good Discuss.. Bad Discuss… ဒါလေးကတော့ သစ်မယ် တင်တယ်…

 

မုဆိုး နားနီး မုဆိုး၊ တံငါ နားနီး တံငါ

Hunter Near Hunter.. Fisher Man Near Fisher Man… ကာရန်ကိုက်မှ ပြောကောင်းတာဗျ…

 

သမင်မွေးရင်း၊ ကျားစားရင်း

Deer Borning.. Tiger Eating… မမိုက်လား…

 

တပည့်မကောင်း၊ ဆရာ့ခေါင်း

Student Bad.. Teacher Head… ဟဲ….

 

စင်ပေါ်က

On The Elephant… ဒါက ကြားဖူးပြီးသားလေးပါ…

 

ဝါကျတွေအနေနဲ့ဆို…

 

မင်းပျော်ရဲ့လား…?

Are U Melt..?

 

သူဆင်းရဲသည်… ဒါကြောင့် အရမ်းရုန်းကန်ရသည်…

He is very poor.. therefore he is very office kick… ဒါမျိုးလေးတွေ လေ့လာပါ…

 

ဒီတပတ်တော့ ဒီလောက်ပါပဲ…. နောက်တပတ်မှာ ပြန်လည်တွေ့ကြပါမယ်…

ခင်ခ စကားလေး သုံးပါ့မယ်.. အရေး၊ အဖတ်၊ အတတ်ပညာ အမြဲပဲ ဒို့လေ့လာ…. သွပ် သွပ် သွပ်….

 

ပုံ… Teacher  ရေမြေ့မီးနင်း( Meaning ) နော်… 🙂

 

 

18 comments

  • ခင်ဇော်

    July 23, 2014 at 11:51 am

    ငင်။
    အဟုတ်မှတ်လို့။
    ကလေးတွေ အမှတ်မှားဦးမယ်။

    :hint:

  • Yae Myae Tha Ninn

    July 23, 2014 at 12:00 pm

    Tag မှာ Satire လိုတပ်ထားပါတယ်ခင်ဗျာ… အခုထပ်တင်တဲ့ ပို့စ်မှ အမှန်ပါ… ၂ ခုကို မရောလိုက်ပါနဲ့.. အခုပို့စ်က မျက်နှာ ပြောင်တာပါ.. အတည် ဟာကို ဘဝတကွေ့ အင်္ဂလိပ်စာ Tag နဲ့ တင်ပါတယ်ခင်ဗျာ.. အားပေးတာ ကျေးဇူးပါ… 🙂

    • ခင်ဇော်

      July 23, 2014 at 12:07 pm

      တွေ့ပြီးပါပြီ။
      မန့်ပြီးပါပြီ။
      ကျေးဇူးပါ။

  • Yae Myae Tha Ninn

    July 23, 2014 at 12:51 pm

    အခုလို အားပေးတာ ကျေးကျေးပါ… 😉

  • Yae Myae Tha Ninn

    July 23, 2014 at 3:32 pm

    မဟုတ်က ဟုတ်က အင်္ဂလိပ်စာတွေကို တွေးမိသလောက် တလတခါ တင်ဆက်သွားမှာပါ… သူသိများတယ်.. အင်္ဂလိပ်လို အခေါ်အဝေါ် အမှန်အကန်လဲ မကြာခင်တင်ဆက်သွားဦးမှာပါ.. ကုန်ကြမ်းစုနေလို့ ခဏစောင့်.. 🙂

  • Iris

    July 23, 2014 at 4:00 pm

    ဟီးဟီး တစ်​ခါမှမ​တွေးမိဘူး… r u melt?
    😀 ဆြာ.

  • Yae Myae Tha Ninn

    July 23, 2014 at 4:20 pm

    ပျော်ပါတယ်.. အရေးကြီးတာက တပည့်မကောင်းရင် ဆရာ ခေါင်းဖြစ်သွားလိမ့်မယ်…
    Student Bad.. Teacher Head… ဒါလေးကို ရင်ထဲ စွဲစေလို… 🙂

  • kyeemite

    July 24, 2014 at 4:21 pm

    ဟင်း…ခီများစာကိုဖတ်ပီး Cat mountain mountain တောင်ဖစ်သွားတယ်
    ဒါနဲ့ပဲ ပေါက်ကရဖိုတီး တွေမှန်းသိလို့ အလောသာတီးနဲ့မန့်သွားပါတယ် 😀

  • နှူးဘာ မိဂီ

    July 24, 2014 at 4:30 pm

    စီအေတီ ကတ် = ကြွက်
    ဒီအိုဂျီ ဒေါ့ဂ် = မျှော့
    စီအိုဒဘလျူ ကောင်း = မြောင်း
    အက်ဖ်အိုင်အက်စ် အိပ်ချ် ဖစ်ရှ် = မျှစ် ..

    ဒါမိုးလေးတွေပါလုပ်ပါအုံး…

    အားးးဟိ..

    😀

    • Ko chogyi

      July 24, 2014 at 4:32 pm

      Dog ဒွေးလို့ ကြားဖူးတာပဲ

  • Ko chogyi

    July 24, 2014 at 4:30 pm

    Good မယ်ထင်ရင် do ပေါ့ကွာ

  • Yae Myae Tha Ninn

    July 24, 2014 at 4:43 pm

    ဒါတွေ စုပြီး တပို့စ်တင်လိုက်ရနော်… ဟွင်း… 🙂
    ကျန်သေးတယ်… Hammer Hammer Water Bamboo ( တူတူရေဝါး ) ကလေးတွေကို ချော့မြူတာလေ… ခိ
    ဘိုလို ချော့မြူတာ…

    Chemistry မှာ ရှိတယ်လေ…

    Solid ဆိုလစ်
    Liquid လီကွိတ်
    Gas ဂေ့စ် တို့ ဘာတို့လေ… 😀

  • ကူမားရ်

    July 26, 2014 at 1:41 pm

    damage = ဓါးမကြီး
    duty =ဓါတ်တိုင်
    torque =တူတ်ကွေး
    menu =မယ်နု
    business =ဘူးသီးနှပ်

  • Yae Myae Tha Ninn

    July 26, 2014 at 2:01 pm

    ကိုယ့်ထက် ပိုစွမ်းနေပါလား.. ဟိ.. အားပေးတာ ကျေးဇူး… 🙂

  • ကူမားရ်

    July 27, 2014 at 12:23 am

    is from is get air basket = ဖြစ်မှဖြစ်ရလေခြင်း
    continue =ကိုတင်ညွန့်
    consonant = ကိုစိုးသန့်
    pepsi =ပေစိ

  • ခင်ဇော်

    July 27, 2014 at 10:08 am

    ဟိုတလောက ဒီရွာမှာ ခေတ်စားသွားတဲ့ စကားလုံး လေး လည်း ရှိသေးတယ်။
    ပြောရဲဝူးးး
    အဟိ။

    😀

  • Yae Myae Tha Ninn

    July 28, 2014 at 10:05 am

    ဟုတ်လား.. မေးလ်ကနေပို့လိုက်… ခိ.. စိတ်ဝင်စားတယ်… 🙂
    ကူမားရ်တို့က မြှောက်တောင် မပေးရဲဘူး… 😛

Leave a Reply