“ငါ့အတွက်တော့”

NovyJuly 23, 20141min27517

“ငါ့အတွက်တော့”

 

ငါ့အတွက်တော့ မင်းဟာကောင်းကင်

မင်းရှိမှ ငါ့အတွက် အလင်းရှိမယ်

မင်းအတွက်တော့ ငါဟာဘာလဲ

 

ငါ့အတွက်တော့ မင်းဟာမြေပြင်

မင်းရှိမှ ငါ့အတွက် ရပ်တည်နိုင်မယ်

မင်းအတွက်တော့ ငါဟာဘာလဲ

 

ငါ့အတွက်တော့ မင်းဟာအရှင်သခင်

မင်းရှိမှ ငါ့အတွက် တင့်တည်နိုင်မယ်

မင်းအတွက်တော့ ငါဟာဘာလဲ

 

ငါကမင်းကို ဘာတွေနဲ့

တင်စားတင်စား ခိုင်းနှိုင်းပဲပြုပြု

မင်းအတည်မပြုလည်းရတယ်

 

မင်းအတွက်တော့ ငါဟာ

မင်းပဲဖြစ်ခွင့်ရပါရစေ

 

 

နိုဗွီ (နှလုံးသားဖြင့် ကမ္ဗည်းတင်)

 

 

17 comments

  • ခင်ဇော်

    July 23, 2014 at 11:45 am

    ဒီလိုတွေ မတွေးပါရစေနဲ့။
    😥
    ၂ ကိုယ့် တစ်စိတ်ဆိုတာ စာထဲမှာပဲ ရှိတယ်လို့ ကျနော် သိ သိ လာပြီ။
    😥

    ခါတလေများကျ ကိုယ့် အလေးအနက်ထားမှုတွေဟာ သူ့ အတွက်တော့ ဟာသဖြစ်လို့။
    😥

  • Novy

    July 23, 2014 at 12:08 pm

    ဆွိရေ..
    သူအတည်မပြုလဲ ကိုယ်အတည်ပြုပြီ ကျေနပ်လိုက်တယ်
    စာရွက်ပေါ်မှာပေါ့

  • Mr. MarGa

    July 23, 2014 at 12:34 pm

    ငါ့အတွက် တော့………………………………

    • Novy

      July 23, 2014 at 1:07 pm

      ဦးမာဃ အတွက်တော့
      နတ်သမီးလေးတွေ တစ်ဖက် လေးငါးရာ ရှိမှဖြစ်မည်

  • ခင် ခ

    July 23, 2014 at 12:38 pm

    ငါ့ ဟာအတ္တရှိသူလို့ ဆိုချင်ဆိုတော့
    ဒါပေမယ့် မင်း မရှိလို့မဖြစ်တဲ့ ငါ့ရဲ့ကမ္ဘာမှာ
    မင်း အမြဲရှိပေးပါ။

    • Novy

      July 23, 2014 at 1:15 pm

      မဒမ်ခရေ…
      ကိုခ ကမ္ဘာမှာ အမြဲရှိပေးလိုက်နော်

  • alinsett (gazette)

    July 23, 2014 at 3:09 pm

    စကားမစပ်….
    ကျနော့်အတွက်တော့..ဖွေးဖွေးနဲ ့..ဝတ်မှုန်ရွှေရည်က…စိတ်အမောပြေ
    ဒေါ်ဖွားမေအစားထိုး…

    :mrgreen:

    အဟိ.. ဖတ်ပြီး… ဘာမန့်ရမှန်းမသိလို ့…နောက်သွားတယ်ဗျာ…

    • Novy

      July 25, 2014 at 4:13 pm

      ဒါ်ဖွားမေရဲ့ အကြော်တွေ စားစားပြီး ပုဂံတွေကို ထိုးထားခဲ့တဲ့ အစားထိုးလားမိဆက်

  • Yae Myae Tha Ninn

    July 23, 2014 at 4:52 pm

    ကိုယ့်ဘာသာ အဆိုတင်သွင်း..
    ကိုယ့်ဘာသာ ကြော်ငြာချက်ထုတ်…
    ကိုယ့်ဘာသာပဲ အမိန့်ပြန်လိုက်တယ်…
    မင်းအတွက်တော့ ငါဟာ မင်းပဲ ဖြစ်ခွင့်ရပါစေ…

    • Novy

      July 25, 2014 at 4:14 pm

      သူများအမိန့်မပြန်ခင် ကိုယ့်ဘာသာပဲ အမိန့်ပြန်လိုက်တယ်လေ.

  • အာဂ

    July 24, 2014 at 5:48 pm

    အိမ်က အိမ်ဦးနတ်ကြီးအတွက်လား။

    • Novy

      July 25, 2014 at 4:15 pm

      အိမ်ဦးနတ်ကြီးအတွက်မဟုတ်
      အိမ်ဦးမူလီ နိုဗွီအတွက်ပါ

  • TNA

    July 24, 2014 at 6:10 pm

    မနိုရဲ့ရင်တွင်းဖြစ် ကိုယ်တိုင်ရေးပုံတူလား။

  • အရီးခင်

    July 24, 2014 at 10:27 pm

    မနို
    သူက မနို ကို မနို လို့ဘဲ မြင်ချင်မှာပေါ့။
    မဟုတ်ရင် သူ့ဟာသူ ပြန်ပြီး မြတ်နိုးစုံမက် နေသလို ဖစ်နေတော့ မပေါ့။
    ;-))))))

  • kai

    July 25, 2014 at 6:14 am

    ဘာပဲဖြစ်ဖြစ်..
    မင်း..ငါ… ဆိုတာမျိုးပြောဆိုတာကိုက….
    ကျွန်မ.. ရှင်… ထက်ပိုပြီး.. နီးကပ်နီးစပ်ရှိတယ်ခံစားမိတယ်..

    ငယ်ပေါင်းပေါ့… :mrgreen:

  • ဦးကြောင်ကြီး

    July 27, 2014 at 4:07 am

    ကမ္ဗည်းတင်
    သမီးရှင်
    အဟီးခင်
    ဂဒီးဝင်
    ပုတီးမြင်
    ခရီးထွင်
    ငဖီးဂွင်
    နွားထီးကင်..

  • manawphyulay

    July 28, 2014 at 9:47 am

    ငါ့အတွက်တော့
    သူမရှိတဲ့ ဘဝ နေလို့မရ
    ငါ့အတွက်တော့
    ဘယ်သွားသွား သူအမြဲပါ
    ငါ့အတွက်တော့
    သူဆိုတဲ့ ကိုယ့်မျက်မှန်လေးပါ….. 😛

Leave a Reply