Proverbs & Common Sayings…

ကုိ ထြဋ္July 23, 20141min26313

ဒီတခါက အတည်ရေးတာပါ… Tag မှာကို အသေအချာရွေးထားပါတယ်…

ခေါင်းစဉ်ကတော့ ” စကားပုံများ နှင့် ဆိုရိုးစကားများ ”

 

1  A Learned Man Can Be Appreciated Only By Another Learned Man…

ပညာတတ်သူကို အခြားပညာတတ်သူတစ်ဦးကသာ တန်ဖိုးထားသည်။ ( သူတော်ချင်းချင်း သတင်းလွေ့လွေ့ )

 

2  A Fool And His Money Are Soon Parted…

လူမိုက်နဲ့ ငွေ အတူမနေ။

soon parted

3  A Harsh Word Is More Painful Than A Blow…

နှုတ်ကြောင့်သေ လက်ကြောင့်ကြေ။

 

4  All That Glitters Is Not Gold…

ဝါဝါမြင်တိုင်း ရွှေမထင်နဲ့။

 

5  Do As I Say, Don’t Do As I Do…

ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့။

 

6  Don’t Live Poor To Die Rich…

မစားရက် လောက်တက်။

 

7  Don’t Cry For The Moon…

မဖြစ်နိုင်တာကို တမ်းတမနေနဲ့။

 

8  You Can’t Make An Omelette Without Breaking Egg…

၀  မရှိဘဲ  ဝိ  မလုပ်နဲ့။

 

9  Grumbling Is The Death Of Love…

ငြီးတွားခြင်းသည်  အချစ်၏ သေဆုံးခြင်းတည်း။

 

10  Life Is Not Like It Is In Books…

လူ့ဘဝသည် စာအုပ်များထဲတွင် ပါသည်နှင့် မတူပါ။

 

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အကုန်လုံးကို ဒီနေရာကနေ ကန်တော့ပါတယ်…

 

13 comments

  • ခင်ဇော်

    July 23, 2014 at 12:04 pm

    ဂလိုလုပ်ပါဟ။

    Birds of a feather flock together – ဆိုတာလည်း တူရာစု (ဂျိုကုတ်ရှိလာ ဂျိုကုတ်လာ) ဆိုတဲ့ သဘောပါသလားပဲ။
    အဟိဟိ

    😀

  • Yae Myae Tha Ninn

    July 23, 2014 at 12:50 pm

    Birds Of Same Feather Flock Together… ပါ ခင်ဗျာ… ထောက်တာ မဟုတ်ပါ.. ကျန်ခဲ့တာကို ပြောပြခြင်းသာ ဖြစ်ပါသည်… 🙂 ကျေးဇူးတင်ပါတယ်..

    • ခင်ဇော်

      July 23, 2014 at 12:57 pm

      ငင်။
      အီဒီယမ်မှာ တော့ ဂလိုပဲ ကိုရင်ရဲ့။

      :hint:

  • Yae Myae Tha Ninn

    July 23, 2014 at 2:13 pm

    ဟုတ်တယ်.. ဆရာကြီး.. ကျွန်တော့် စာအုပ်မှားတာ… ဒါပေမဲ့ မှန်တယ်.. ဆရာကြီးဟာက ပိုမှန်တယ်… ဆောရီး… 🙁

    • ခင်ဇော်

      July 23, 2014 at 2:31 pm

      ၂ ခုလုံးမှန်ပါတယ်ဗျ။

      ကျနော် က ခင်ဗျားမှားတယ်လို့ မပြောပါဘူးးး
      😀

      အရေမပါးပါနဲ့။
      ကိုယ့်လူက စိတ်ကြီးပဲ။
      ပို့(စ) တိုင်း အားပေးလာတဲ့ မက်နှာမှ မထောက်။
      ခိခိခိ
      :mrgreen:

  • Yae Myae Tha Ninn

    July 23, 2014 at 2:38 pm

    ဟုတ်လား.. သတိမထားမိဘူးဗျ.. မိန်းမကတော့ ပြောတယ်.. ဇီဇီတဲ့.. ဟုတ်လား.. ကျွန်တော်က ပို့စ်တင်ဖို့ပဲ အာရုံစိုက်နေလို့ပါ.. ဆောရီးနော်… အခုက ပို့စ်တခုတင်ဖို့ ဆင်ဆာ ၂ ခု ဖြတ်ရတယ်.. တခုက မိန်းမ.. နောက်တခုက ဂဇက်.. ဟီး…

    • ခင်ဇော်

      July 23, 2014 at 2:54 pm

      ဟမ်မငေးးး
      ညီမလေးက မှ မှတ်မိသေးးး
      ဇီဇီခင်ဇော် ကို။

      😀

  • ဦးကျောက်ခဲ

    July 23, 2014 at 2:51 pm

    သိသလောက် ဖတ်မိသလောက် လူတတ်ကြီးဝင်လုပ်လိုက်ဦးမယ်…
    Birds of a feather flock together က စ သုံးတဲ့သမိုင်း အတိအကျမရှိပေမယ့် ၁၆ရာစုလောက်ကတည်းက သုံးနေပြီလို့ဆိုပါတယ် ။ မှတ်တမ်းတင်ထားတာ ကတော့ John Minsheu ( The Dictionarie in Spanish and English , ၁၅၉၉) ပါ ။ Birds of same feather flock together က ဟင်ဒီဘာသာပြန်တွေမှာ အတွေ့ရများပြီး ၂ ခုလုံး အဓိပ္ပာယ်တူတာမို့ ဘယ်သူမှ မမှားပါဘူး ။
    😀

  • Yae Myae Tha Ninn

    July 23, 2014 at 3:00 pm

    ဟုတ်တယ်.. ကျွန်တော့် ဆရာက ဟင်ဒီဗျ.. ကြားဖူးမလားတော့ မသိဘူး.. ဦးထွန်းစိန် တဲ့.. ပညာဒါနမှာ သင်တာ.. မနောရမ္မ မှာလေ… ဦးဆာမိတို့ဆို သိလောက်ရဲ့.. စမ်းချောင်းမှာ နေတာဆိုတော့.. သူသင်ပေးထားတာ… 🙂

  • ကူမားရ်

    July 27, 2014 at 3:44 am

    5 Do As I Say, Don’t Do As I Do…

    ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ

    ကျနော်ကြားဖူးတာက

    Do as I say, not as I do လို့ကြားဖူးပါတယ် ဆရာ..မှားနေရင်လည်းတောင်းပန်ပါတယ် နော..

  • Yae Myae Tha Ninn

    July 28, 2014 at 10:07 am

    တူတူပါပဲ.. စာသားက နေရာဒေသလိုက် ကွဲတယ် ထင်တယ်.. ဆရာကျောက်စ်ရေ… ကူပါဦး…
    တချက်လောက် လင်းပေးပါဦးဗျို့… 🙂

  • ဦးကျောက်ခဲ

    July 28, 2014 at 12:23 pm

    ကိန်… ကျောက်စ်လည်း ဆြာဂျီးမဟုတ်ရပါဘူး… ဟိုပွါးသည်ပွါးပါ…
    Do as I say, (Not as I do) က ပိုအသုံးများသလားလို့…
    အမေဂျီးကန် ဒီမိုကရက်တွေကို သရော်ထားတဲ့ ဝထ္ထုနဲ့ ဓာတ်ရှင်တောင်…
    အဲသည့်နာမည်နဲ့ ရှိသေးတယ်လေ… အဟိ… အိုဘယ့်… အင်တာနက်
    😀

  • Yae Myae Tha Ninn

    July 28, 2014 at 3:00 pm

    ဘာပဲပြောပြော အတွေ့အကြုံတော့များတာပဲ.. ကျေးဇူးပါ…. 🙂

Leave a Reply