ဗာဂျီးနီးယား၊ ဟားဗတ် နဲ့ ဂဇက် ရွာ Research (ရှော့ရိုက်ကြသူများ – Result)

မြစပဲရိုးJuly 23, 20141min34647

ဒီ Research မှာ ၃၂ယောက် ဗော်လန်တီယာ လုပ်ပါတယ်။ (ကျွန်မ အပါအဝင်)။ ကကြီးမိုက် က ပွဲကြည့်သူ မို့ ပယ်ပါတယ်။

၃၁ယောက် ကျန်ပါတယ်။ (အောက်ဆုံးမှာ ဖော်ပြပါ ပုံကို ကြည့်နိုင်ပါသည်)

 

ရ ယောက် က အငြိမ်ထိုင်မနေနိုင် ပါဘူးတဲ့။

အဲဒီ ထဲက ၃ ယောက် က ဓာတ်ခလုတ် ကို အာရုံရောက်ပါတယ်။

 

အငြိမ်ထိုင် နေနိုင်သူ ၂၄ ယောက် ရှိပါတယ်။

အဲဒီထဲ က ၄ ယောက် က ခလုတ်ကို နှိပ်ဖို့ အာရုံ ရှိနေပါတယ်။

 

ဒီတော့ စုစုပေါင်း ၃၁ယောက်ထဲ မှာ လူ ရနှစ်ယောက် က လျှပ်စစ်ဓာတ်က ပေးမဲ့ ဝေဒနာကိုု ခံစားဖို့ စိတ်ဝင်စားနေတဲ့ သဘောပါ။ ၂၃% လောက်ပေါ့။

 

၃၁ ယောက်ထဲ မှာ တစ်ယောက် က ဓာတ်လိုက်ဘူးလို့ ကြောက်တောင် ကြောက်တယ်တဲ့။

ဒီတော့ ဓာတ်လိုက် ခံချင်တဲ့ ရ ယောက် ထဲ မှာ ဓာတ်လိုက် ခံ ဘူးတဲ့သူ မပါ လို့ စမ်းချင်နေကြတာ လဲ ဖြစ်နိုင်ပါတယ်။ (ဟုတ်လား မသိ)

 

ဂဇက် ဗော်လန်တီယာ တွေ ထဲ

အိမ်လွမ်းသူ , ဇီဇီ , ကျောက် စ်, ဂဂ, ဆက်ဆက်, အဘနီ, မကြည်စင်, ကထူးဆန်း၊ မနန်း, ကိုခန့်၊ ကောင်းကင်ပြာ၊ ပုချ် , ဗုံဗုံ , မနို, မအိ နဲ့ အရီး တို့ က ခုံ လေးမှာ ထိုင်ပြီး Post တင်ဖို့ စဉ်းစား ဒါမှမဟုတ် ဟင်းချက်ဖို့ စဉ်းစား။

ကိုချော , မောင်ဂျက်၊ မောင်ရေမြင်း၊ မောင်တိုက် တို့ က ထိုင်လိုက် ထလိုက် ဂနာမငြိမ်။

သူကြီးမင်း ဦးဆောင်ပြီး လုံမ၊ မောင်အံ၊ (ဒါတော့ဒင်းတို့ ၂ကောင် တူသား)၊ လင်း ၊ ဖိုး သိကြား နဲ့ ကိုညို တို့ က ခလုတ်နား မှာ စိတ်က တရစ်ဝဲဝဲ။

မောင်ဂီ တစ်ယောက် ကတော့ဖြင့် “ရှီး က ၅မိနစ်၊ သင်ချာက ၅မိနစ်၊ ယု က ၅မိနစ်၊ နန်း တို့ က ၅မိနစ်၊ ညီမလေး က ၅ မိနစ်” လောက်မှာတောင် မဟုတ်။

မွသဲ နဲ့ Iris (လဲ့လဲ့) တို့ relax အလုပ်ကောင်းပြီး အိပ်ပျော်သွားကြတာ လာနှိုး တော့မှ မွသဲ တစ်ယောက် ခလုတ် ဆီ အတင်းပြေးလိုက်ရ။

ချစ်သောဒုံ နဲ့ ဝေ တို့ ကတော့ တရားထိုင်လိုက်ကြတာ ၁၅မိနစ် ပြည့်လို့ တံခါးဖွင့် တောင် အာရုံ မပျက် ဘယ်လို ခေါ်ခေါ် မရ။ စိတ်ကြီးတာများ။

 

နောက်တာပါ။ အခု အတည် ရေးပါပြီ။ :-)))

 

Research ကို ပြန်ပြောရရင် (U.Va.  News Link) (မူရင်း  နဲ့ လွဲ ပြောထားတာ ရှိခဲ့ ရင် ဝင်ပြင်ပေးပါက ဝမ်းမြောတ်စွာ လက်ခံပါသည်။)

“Virginia” နဲ့”Harvard” တက္ကသိုလ် က “psychologist” တွေ လုပ်နေတဲ့ (အရင်က လဲ လုပ်ခဲ့ပြီး၊ နောက်လဲ ဆက် လုပ်မဲ့) Study အကြောင်း ကနေ တွေ့ရှိလိုက်ရတဲ့ ကနဦး အချက် ကတော့

“”လူအများစုဟာ ငြိမ်ငြိမ်လေး ထိုင်စဉ်းစား တွေးခေါ်ဖို့ထက် တစ်ခုခု ကို လုပ်လိုက်ဖို့ ပိုပြီး အားသာတယ်” ဆိုတာပါဘဲ။

တစ်ခုခု လုပ်တယ် ဆိုတာမှာ- ရေဒီယိုနားထောင်တာ၊ စမတ်ဖုန်းကို ကလိနေတာ၊ စာဖတ်တာ၊ ပန်းချီဆွဲတာ စသဖြင့် ပါပါတယ်။

 

တကယ်တော့ သာမာန် တွေးလိုက်ရင်တော့ ဘာမှ မဆန်းတဲ့ Research ပါ။

အဲဒီ မဆန်းတာ ကို အချိန်ကုန် ခံ ပြီး စီးရီး လိုက် လုပ်လာတာ အခု ၁၁ခု မြောက် ထပ်မံ တွေ့ရှိချက် က

“လူအများစုဟာ ငြိမ်ငြိမ်လေး ထိုင်စဉ်းစား တွေးခေါ်ဖို့ထက် သိပ်ပြီး နှစ်ခြိုက်စရာ မကောင်းတဲ့ အရာ ကို တောင် လုပ်လိုက်ဖို့ ပိုပြီး အားသာတယ်” တဲ့။

အဲဒီ Research မှာ “သိပ်ပြီး နှစ်ခြိုက်စရာ မကောင်းတဲ့ဟာ” (unpleasant activity) ဆိုတာ “ကိုယ့်ကိုယ်ကို လျှပ်စစ်ဓာတ်တို့လိုက်ခြင်း” ပါ။

တကယ်တော့ ကျွန်မ Post ရေးလိုက်တာ Misleading မေးခွန်း တွေ ဖြစ်နေခဲ့ပါတယ်။

ဒီတော့ သိပ်ပြီး မဟန်ဘူး။ ဒီအတွက် စောဒီးပါ။

မောင်အံ၊ ကထူးဆန်း၊ မောင်ရင်း (ရေမြင်း အတိုကောက်) နဲ့ မောင်တိုက် တို့မေးသလို တကဲ့ Research မှာ ဆိုရင်တော့ ပိုက်ပိုက်ရ မှာပါ။

{

အခန်းထဲ မှာ ၁၅ မိနစ် ထိုင်ပြီး relax လုပ်ပြီး ကြိုက်တာစဉ်းစားနေရုံ လေး ကို ဗော်လန်တီယာ လုပ်ချင်လား။

ဒါပေမဲ့ စာအုပ်၊ ဖုန်း ဘာဆိုဘာမှ မယူရဘူး။

ပြီးတော့ အခန်းထဲ ခေါ်သွားတယ်။

အထဲမှာ ရှိနေတဲ့ ခလုတ်တစ်ခု ကို နှိပ်ခိုင်းလိုက်တယ်။ “အား” ဆိုပြီး ကျဉ် သွားတယ်။

ဒီတော့  အဲဒီ ” ဗော်လန်တီယာ” တိုင်း က ပြောခဲ့တယ်။ သူတို့ ဒါ ကို မကြိုက်ပါ။ ထပ်မလုပ်နဲ့ ။

ပိုက်ဆံ ပေးဆိုလဲ ပြန်ပေးပါ့မယ်တဲ့။

}

” ဗော်လန်တီယာ” တွေ ကို အခန်းထဲ မဝင်ခင် အခန်းထဲက ခလုတ် လိုမျိုး ကို အရင် ထိ ခိုင်း ထားတဲ့ သဘောကတော့ လူတွေရဲ့ “စပ်စုချင်စိတ်” နဲ့ စမ်းလိုစိတ်ရှိခဲ့ရင် အဲဒါကို ဖယ်လိုက် တဲ့ သဘောပါ။

(ရွာထဲ က စပ်စုချင်သူ အဖွဲ့ စမ်းဖို့ မလို ဘဲ ငြိမ်ငြိမ် ထိုင်နေ နိုင်ပြီပေါ့။)

 

ကဲ နောက်ဆုံး မှာ ငြိမ်ငြိမ်လေး သာ ထိုင် တွေး၊ ငိုက်ချင်ငိုက်၊ ဒါမှမဟုတ် လဲ ခေါက်တုန့် ခေါက်ပြန် စင်္ကြန်လျှောက်ပြီး သာ ၁၅ မိနစ် အချိန်ဖြုန်း ပေတော့။

ကောင်းကင်ပြာပြော သလိုဘဲ၊ ရွာထဲက လူ တွေ မှာ Post ရေးဖို့ ထိုင်စဉ်းစားစား၊ ထ စဉ်းစားစား၊ မှောက် စဉ်းစားစား။

စဉ်းစားပါလေ့။

လွယ်လွယ်လေး လို့ ကို ကျွန်မ သတ်မှတ် လိုက်သပေါ့။

 

ကိုယ်ကသာ မခက်ဘူး ထင်နေတာ။

Research တွေ့ရှိချက်က ဗော်လန်တီယာ “ကျား” ၆၇% က အငြိမ်မထိုင် နိုင်တဲ့ အပြင် ထိရင် ကျဉ် တယ်လို့ သိထားပြီး
ခလုတ် ကို အနည်းဆုံး တစ်ကြိမ် တော့ ထပ်ပြီး နှိပ် ခဲ့ လိုက်ပါသတဲ့။

အဲဒီထဲက တစ်ယောက် ကတော့ ၁၅ မိနစ် အတွင်း အကြိမ်ပေါင်း ၁၉၈ ကြိမ် နှိပ် သတဲ့။

ငါးစက္ကန့် တစ်ခါ နှိပ်နေတာပေါ့။

မိန်းမ ၂၅% က ခလုပ်ကို တစ်ကြိမ် ထပ်နှိပ်ပါတယ်တဲ့။

ကျား တွေ ပို ဂဏှာမငြိမ် တဲ့ ဆွဲချက် များလား ?

အဲဒီ မှာ အားလုံး က အရင်မှာတော့ မကြိုက်ခဲ့ဘဲ ဘာမှ လုပ်စရာ မရှိတဲ့ အချိန်မှ လုပ်စရာရှာလုပ်နေတာ ကို တွေ့လိုက်တဲ့ သဘောပေါ့။

တကဲ့လက်တွေ့မှာ အဲဒီ ၁၅ မိနစ်အချိန် လေး မှာ ရေဒီယိုမရှိ၊ ဖုန်းမရှိ ဆိုတဲ့ အချိန် ဘာလုပ်ရမယ် မသိအောင် ဖြစ်နေတဲ့ လူတွေ အများကြီး ရှိနေတာ ဒီ သုသေသန မှာ တွေ့လိုက်တယ် ဆိုပါတယ်။

နောက်ပြီး လူတွေ ဟာ ကိုယ့် inside ထက် outside world ကို ပိုပြီး စိတ်ဝင်စား တတ်တဲ့ သဘော ရှိကြောင်းပြတာလို့ လဲ ပြောပါတယ်။

ပို သေချာအောင် Research တွေ ဆက်ပြီး လုပ်သွားမယ် လို့ လဲ ပြောပါတယ်။

 

ကထူးဆန်း ပြောတဲ့ သူများက စောင့်ကြည့်တဲ့ သဘောမပါဘဲ ဒီ Research တွေ့ရှိချက်နဲ့ ကိုယ် နဲ့ ဘယ်လောက် နီးစပ်အောင် မှန်လဲ စမ်းကြည့် လို့ ရသားလေ။

တစ်ရက်လောက် ဖုန်း မသုံးဘဲ ဒီ Social Site တွေထဲ မဝင်ဘဲ ကိုယ့်ဟာကိုယ် လေး နေကြည့် လို့ နေနိုင်သလားလို့။

 

ကိုဘချော ရေးခဲ့တဲ့ “လူပီသ တဲ့ ဘလက်” ကို ဖတ်ပြီးပြီးချင်း ဒီ Research က ခေါင်းထဲ အပြေးရောက်လာတာပါဲ။

ဒီ တော့ သူက ဒီ Post ကို ဖြစ်စေတဲ့ တရားခံ နံပါတ်(၁)။

သူ ရေးထားတဲ့ အတိုင်း ပါဘဲ။

ကျွန်မတို့ အ များစု က တစ်နေ့ တစ်နေ့ Facebook က တစ်ဆင့် အပြင်လောက ထဲကို ဝင်ပြီး မစပ်စု လိုက်ရရင် စားမဝင် အိပ်မပျော် (Gadget ကိုင်နိုင်သူ လူတန်းစား တိုင်း ဖြစ်နေတာ လို့ ပြောလိုက်ရင် မှားလား)။

ဒီတော့ ဒီ Research က သိပ်တော့ မမှားနိုင်ဘူး ထင်ပါရဲ့။

 

တရားခံ နံပါတ်(၂) ကတော့ “မိန်းမတွေဟာ … ” ကို ဖန်တီး ခဲ့တဲ့ မင်းသား ဆက်ဆက် ပါ။

ကိုယ့်ကိုယ်ကို နာအောင် ပိုလုပ်တတ်တာ ဒီ Research အရ ဆိုရင် မဟာပုရိသများ ဖြစ်နေပါ ရော့လားကွဲ့။

 

ဒီတော့ ဒီ အရီး Research ဆိုပြီး ဘာမှမဟုတ်ဘဲ သက်သက် အလုပ်လာရှုပ်တယ် ထင်ရင်တော့ အဲဒီ Post ပိုင်ရှင် ၂ ယောက် ကို သာ ဝိုင်းသမ ကြပါလော့။ :-)))

 

ပြောချင်တာက ဒီမှာ ပြီးပါပြီ။

သို့ပေမဲ့ ….

စကားရှည်လက်စ နဲ့ ဆက်ရှည် ရရင် အဘနီ ဝင် ဆွေးနွေး လိုက် တဲ့

“သဘာဝ မတူတာကို” ဆိုတာလေး ကို သဘောကျလို့ပါ။

 

မှန်ပါတယ် အဘနီ ရှင့်။

မြန်မာပြည် က ဒီလို Gadget မသုံးနိုင်သူ တွေ အင်တာနက် မစွဲ သူတွေ ကတော့ အလုပ်မရှိလဲ ဒီ အတိုင်း ငုတ်တုတ် ထိုင်ပြီး ကိုယ့်ဟာကိုယ်တွေးလို့ ကိုယ့်စိတ်ကို ဖျော်ဖြေ နိုင်ဦး မှာပါ။

အနောက်တိုင်း မှာကတော့ ဒါမျိုး တွေ က လူတိုင်း အတန်းအစားမရွေး သုံးနိုင်အောင် ဈေးပေါ လေတော့ ဆေးစွဲ သလို စွဲ နေကြတာ မဆန်းတော့ဘူး။

ဒီအပါတ် National Geographic မဂ္ဂဇင်းထဲ က ဆောင်းပါးတစ်ပုဒ် အကြောင်း မျှချင်သေးရဲ့။

အမေရိက မှာ ဆင်းရဲပြီး ပညာမဲ့ ဝင်ငွေမရှိ တဲ့ လူတွေ ပိုပိုပြီး ဝ လာ ရတဲ့ အကြောင်း က ဟမ်ဘာဂါလို ၊ ဟော့ဒေါ့လို ကျန်းမာရေး နဲ့ မညီတဲ့ Fast Food အစာတွေ စားနေရလွန်းလို့ ပါတဲ့။

မြန်မာပြည်မတော့ ဟမ်ဘာဂါလို ၊ ဟော့ဒေါ့လို ဆိုတာ သူဌေးစာဖြစ်ပြီး သူဌေးကလေးတွေ လောက်ဘဲ အိုဗာဝိတ် ဖြစ်နေတာ မဟုတ်လား။

ဒါကြောင့် မြန်မာပြည် ကို အနောက်တိုင်း လို မျိုး တန်းညှိ ချင် လို့ ရတဲ့ သဘာဝ အခြေအနေ မဟုတ်သေးတာ မြင်ရမှာပါ။

အနောက်တိုင်း မှာ ဆေးလိပ် အရက် ကို ပညာတတ်သူဌေး အသိုင်းအဝိုင်း က ရှောင်နေကြပြီး ကျန်းမာရေး ကို အတော်လိုက်စားလာကြချိန်မှာ မြန်မာပြည် သူဌေးတွေ ကလပ် က မထွက်နိုင်ဘူး။

ပြောချင်တာက အဲလို ကျန်းမာရေး ကို ဂရုမစိုက် ရင် ပညာမတတ် လို့ ပိုက်ဆံမရှိ လို့ ပြော နေတာ မြန်မာပြည် မှာ လွဲ နေတုန်း။

အနောက်တိုင်း မှာ ပညာ နဲ့ ချမ်းသာမှု က တွဲ နေတာမို့ ပညာတတ် ရင် ချမ်းသာမယ် အသိရှိမယ် မကောင်းတာတွေ ပယ်လာတယ်။

ဒီ ပညာအသိဉာဏ်နောက်မှာ လူ ကို လူလို ဘဲ မြင်ပြီး အပြန်အလှန် လေးစားတတ်တဲ့ စွမ်းရည်ရှိတယ်။
ဒီလို ဆက်စပ်တာပါ လို့  ပြောလိုက်ရင် မြင်နိုင်ကြမလားဘဲ။

 

ဒါကြောင့် အခုလို “အနောက်တိုင်း Research” တိုင်းဟာလဲ ကျွန်မတို့ မြန်မာပြည် နဲ့ ကိုက်တာတွေ ရှိနိုင်သလို မကိုက် တာတွေ လဲ အများကြီး ရှိနေနိုင်သေးတာလဲ အားလုံး သတိမူ သင့်ပါတယ်။

သူများ လုပ်သလိုု လိုက် လုပ်လို့ မဖြစ်နိုင်တာ တွေ ဟာ ဘာတွေ ကြောင့်မို့ ဆိုတာ ကြိုပြီး သိနေသင့်ပါတယ်။

 

နောက်တစ်ချက် က ကိုယ် က “က” လို့ မြင်တာဟာ သူများဖက်မှာ “ယ” ဖြစ်နေတယ် ဆိုတာလဲ နားလည်နိုင်ရပါမယ်။

အဲဒါကို မြင်နိုင်မှ တစ်ခြားသူ ရဲ့ အမြင် အပြော တွေ ကို လေးစားတတ်၊ တန်ဖိုးထားတတ်မယ် ထင်ရဲ့။

လောလောဆယ်မှာ အဲဒီ လို အပြန်အလှန် နားလည် လေးစားတတ်ဖို့က အရေးကြီးဆုံး ဖြစ်နေတာပါ။

 

နောက်ဆုံး အချုပ်ကတော့ ကိုယ်ပိုင် အထင်ပေါ့။

ဒီလို အနောက်တိုင်းမှာ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ တွေ ကို လေ့လာတဲ့  Research တွေကနေ တစ်ချိန်မှာ ကျွန်မတို့ ဗုဒ္ဓဟောခဲ့တဲ့ တရားတွေ အတိုင်း ဖြစ်လာမယ်လို့ ယုံမိနေတယ်။

တွေးကြည့်ဖို့ပါ။

ဗုဒ္ဓဘာသာတိုင်းပြည် လို့ မာန်တက်နေတဲ့ နေရာမှာ ဒိဌိတွေများလာပြီး ဘာသာမရှိ လို့ ကြွေးကြော်သူ တွေ နေရာမှာ တရားအလင်းပေါက် သွားတော့ မဲ့ အခြေအနေ ကိုပါ။

ဖတ်ရှူသူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

လေးစားခင်မင်စွာဖြင့်

 

MGZ TSA

 

 

47 comments

  • အိမ်လွမ်းသူ

    July 24, 2014 at 3:34 pm

    15 မိနှစ်ဆိုတဲ့ အချိန်ဟာသိပ်မများတော့ သာမန်ဆိုရင် ငါ့ကို ဘာကြောင့် ဒီအခန်းထဲထည့်ပြီး စဉ်းစားခိုင်းလဲဆိုတာကိုပဲ ငြိမ်ငြိမ်ထိုင်ပြီး စဉ်းစားနေမယ်လို့ထင်ပါတယ်။ ခလုတ်ကတော့ ဓတ်လိုက်တတ်တယ်လို့ ပြောထားတာကြီးကို သက်သက်သွားကိုင်မယ်လို့တော့ မထင်ဘူး။ ဒီ 15 မိနှစ်လောက်နဲ့တော့ ထိုင်မရထမရ မဖြစ်လောက်ဘူးထင်ပါတယ်။ အလုပ်ခန်းထဲမှာတောင် တခါတလေ အလုပ်မရှိရင် နာရီပေါင်းများစွာ ဟိုတွေးဒီတွေး ထိုင်နေတာဆိုတော့။ ဟီး..ဟီး.. အရီးရဲ့ research ကိုအားဖြည့်ပေးလိုက်တာပါ။

    • အိမ်လွမ်းသူ

      July 24, 2014 at 3:48 pm

      အရီး ရှာမဖတ်ကြပါနဲ့ ပြောမှ ဖတ်မိသွားပြီ ဒါပေမယ့် အခြားသူတွေရဲ့ အဖြေကိုလဲသိရအောင် မပြောတော့ပါဘူး။ ဪ ယောက်ကျား ယောက်ကျား ဟီး………

      • ခင်ဇော်

        July 24, 2014 at 3:52 pm

        ဟဲ့။
        နိ နဲ့ နာ နဲ့ က တစ်နိုင်ငံတည်း တူတူနေတဲ့ မက်နှာကို ထောက်ပြီး ပြောပြပါ။
        😀

        • အရီးခင်

          July 24, 2014 at 10:39 pm

          တကယ်တော့ ဆုချချင်တာပါ။ :-)))

  • ခင်ဇော်

    July 24, 2014 at 3:36 pm

    ၁၅ မိနစ်လောက်ပဲကြာမယ်ဆိုတာ သေချာရင်…………
    တစ်ယောက်တည်းဖြစ်နေတယ် ဆိုတာ သေချာရင်……………..

    ကျနော့ အတွက် အဖြစ်နိုင်ဆုံးကတော့ ၁ ရယ် ၂ ရယ်။
    အတွေးနက်နေရင် ငြိမ်နေနိုင်တယ်။ နာရီနဲ့ ချီပြီးးး
    အဲ၊ မတွေးပဲဆို ရင်တော့ ငြိမ်ငြိမ်ကိုမနေနိုင်တာ။
    အဲဒီတော့
    1) ၅၅%
    2) ၄၅%
    3) 0%
    နောက်ဆုံးးး ခလုတ်ကိုတော့ ငြိမ်နေနိုင်နိုင် မနေနိုင်နိုင် မနှိပ်ဘူးလို့ ပဲ ဆုံးဖြတ်တယ်။
    ခုခိ ခုခိ။

    😀

  • နှူးဘာ မိဂီ

    July 24, 2014 at 3:41 pm

    ၁၅မိနစ်များဗျာ…
    ယုစ့်အကြောင်းလေး တွေးနေတာနဲ့တင် နေနိုင်တယ်…
    ငိငိ..
    ဒချိ ဒချိ

    😀

  • ဦးကျောက်ခဲ

    July 24, 2014 at 3:57 pm

    ခက်စ်တော့နေပြီ အရီး … ကျောက်စ် အလုပ်မှာက…
    အန္တရာယ်ရှိသည် မကိုင်ရ ဆိုရင်.. နဲနဲမှ စူးစမ်းဖို့မကြိုးစားရတာ အကျင့်ပါနေတော့…
    ငြိမ်ငြိမ်လေး ၁၅မိနစ်ထိုင်ပြီး ဘာဟင်းချက်ရင်ကောင်းမလဲ စဉ်းစားနေရုံပေါ့… အားဟိ
    😀

  • Mr. MarGa

    July 24, 2014 at 5:06 pm

    ဆယ့်ငါးမိနစ်ထဲဆိုရင်
    ခုလို ခေါင်းရှုပ်နေပုံနဲ့ ငြိမ်ငြိမ်ပဲထိုင်နေမိမှာ
    အဲဒီထက်ကြာရင်တော့
    ထိုင်မရ ထမရလေးပေါ့
    ခလုတ်လား
    လက်က အငြိမ်နေတာမှ မဟုတ်တာ အရီးရယ်
    ဆယ့်ငါးမိနစ်ကျော်ရင်တော့ အာမ မခံ
    (တရားထိုင်တုန်းကတောင် တစ်မိနစ်ကို တစ်ကမာ္ဘ မှတ်နေတာဆိုတော့ အင်း.. လွယ်မယ်မထင်)

  • အာဂ

    July 24, 2014 at 5:16 pm

    ထိုင်စဉ်းစားနေမိမှာသေချာတယ်။

  • မ‌သေဘူးဆိုမှ နှိပ်‌ြကြည်‌့မှာ‌ပေါ့လို့.‌..‌ေ‌ရာက်‌တုန်‌း‌ရောက်‌ခိုက်‌ စမ်‌းသပ်‌သွားမယ်‌ ဟိဟိ

  • alinsett (gazette)

    July 24, 2014 at 5:53 pm

    ဘယ်သူမှ မရှိတဲ့ အခန်းထဲမှာ ….

    တကယ်ဘဲ ငြိမ်ငြိမ်လေး ၁၅မိနစ် ထိုင် ပြီး စဉ်းစားခန်းဖွင့်နေနိုင်လား ???

    ဆိုတော့….
    ကျွန်တော်တော့… ရမယ် ထင်တယ်.. ။ ရမယ်လို ့ယုံကြည်မိတယ်.. ။
    ဘာလို ့ဆိုတော့… 15 မိနစ် မကလောက်အောင်ကို… စဉ်းစားခန်းဖွင့်ခဲ့ဖူးလို ့ပါ… ။

  • weiwei

    July 24, 2014 at 6:08 pm

    15 မိနစ်ကို ဒီအတိုင်းထိုင်ပြီး တရားမှတ်ပြီးနေနိုင်ပါတယ် …

  • TNA

    July 24, 2014 at 6:15 pm

    ၁၅ မိနစ်ဆိုတော့ ငြိမ်ငြိမ်လေးထိုင်စဉ်းစားနေနိုင်ပါတယ်။ အဲ့အိပ်ပျော်သွားရင်ကောရလားအရီး 🙂 မီးခလုတ်ကတော့ ၁၅ မိနစ်ပြည့်ခါနီးရင်ကိုင်ကျိရင်ကောင်းမလားလို့ 😀 ဘာပဲဖြစ်ဖြစ်တခုခုတော့သိသွားရမယ်ထင်တယ်။ အချစ်ဟောင်းပုံအတွက်ကျေးဇူးပါအရီးရေ။ သိမ်းသွားတယ်။ ဒါပေမဲ့သူအိုသွားပြီ 😥

  • black chaw

    July 24, 2014 at 7:47 pm

    ၁၅ မိနစ်။
    ငြိမ်ငြိမ်လေး ထိုင်နေဖို့ တော်တော် ခက်မယ်။
    တရားထိုင်ကျင့်ရှိသူတွေကတော့ သိတ်ခက်လှမယ်မဟုတ်ဘူး။
    နေဦးဗျာ။ စမ်းကြည့်လိုက်ဦးမယ်။
    😀

  • padonmar

    July 24, 2014 at 10:28 pm

    15မိနစ်များ အေးဆေး…တရားငိုက်နေကျ..
    ဖြေမယ်လုပ်ပြီးမှ အပေါ်ပြန်တက်ကြည့်ရတယ်။
    ကိုယ့်အသက်က ဖြေရမယ့်အရွယ်ကျော်သွားပြီလားလို့…

  • အရီးခင်

    July 24, 2014 at 10:38 pm

    ရေးးးးးးး:း
    တို့ အစ်မဒုံ အားဖြည့်ပြီ။
    ကျော်သေးပေါင် ရွှေရတု တောင် နွဲလို့ ရသေး။ :-))

    အဖြေက တကယ်တော့ မှန်းထားပြီးပါလေ။
    ဇာတ်ပိုဆန်အောင် ရွှီးချင်တာကို မရွှီးသေးတာ။ အဟိ။
    ချစ်မမ ရော??? သတိရကြောင်း လက်ဆင့်ကမ်းပေးပါ။

    အဖြေပေးသူအားလုံး သန်းထီကြီးများ နှစ် ဆင့် ပေါက်ကြပါစေ။ :-))))

    ရာနှုန်းလေးပိုမှန်အောင် ထပ်ပြီး ပံ့ပိုးကြပါဦး။

  • kai

    July 25, 2014 at 1:20 am

    ကျုပ်ကတော့.. ၁၅မိနစ်အေးဆေးရမယ်ထင်မိတယ်..
    ၁၅မိနစ်ပြည့်ပြီးမှ ကိုင်တာပေါ့…
    ဟင့်အင်း..
    အတင်းကိုကိုင်မှာပဲ… သေသေ… :mrgreen:

  • naywoon ni

    July 25, 2014 at 2:20 am

    အရီး​ရေ သဘာဝ မတူတာကို အတင်​း​စေ့​နေပြန်​ပြီ ကျုပ်​တို့က ဗမာ လူမျိုး​တွေ​လေဗျ ာ တစ်​ခါတစ်​​လေ များ ဘာမှလုပ်​စရာမရှိပဲ တစ်​ကုန်​ခဲ့ဖူးတာ​တွေရှိ​တော့ အမြဲလှုပ်​ရှား​နေရမှ ​နေသာထိုင်​သာရှိတဲ့ လူမျိုး​တွေနဲ့ အပုံကြီးကွာပါလိမ်​့မယ်​ ။ ဒီ​တော့ အရီးအ​နေနဲ့ ဒီရွာထဲမှာ ဒီ ရီဆပ်​က ​ကောင်​းမွန်​ မှန်​ကန်​တဲ့ အ​ဖြေရမှာမဟုတ်​​ပေဘူး ။ သခင်​မျိုး​ဟေ့ ဒို့ ဘားမန်​း 🙂

  • Iris

    July 25, 2014 at 5:20 am

    အဲ့ဒီ ခလုတ်​က နှိပ်​ရင်​ဓာတ်​လိုက်​မယ်​ဆို​တော့ လျှပ်​စစ်​ထိုင်​ခုံလားဟင်​။ ဒါဆို မီးမီး မထိုင်​ဘူး။ ဝင်​လည်​းမဝင်​ဘူး။ ပျင်​းစရာကြီး။ မီးခလုတ်​လား အဲကွန်​းခလုပ်​လား. လူ​ခေါ်ဘဲလ်​လား။ ဘာလို့ခလုပ်​အပျက်​ကြီးနဲ့စမ်​းသပ်​ချင်​တာလည်​း. Safety မရှိတဲ့အခန်​းထဲမှာ စဉ်​းစားခန်​းဝင်​လို့ရမယ်​မထင်​။ အားလုံး safe & sound ဖြစ်​ရင်​​တော့ ၁၅မိနစ်​ဝင်​ငိုက်​ပလိုက်​မယ်​။ ရတဲ့အချိန်​​လေးတန်​ဖိုးရှိ​အောင်​။ 😀

  • Crystalline

    July 25, 2014 at 5:51 am

    ၁မိနစ်ပိုနေပေးမယ်အရီး ၁၆မိနစ်… 😀 ခလုတ်ကတော့ အဲ့အခန်းရောက်မှ နှိပ်ချင်စိတ်ပေါက်လာရင်နှိပ်ပစ်မယ် မပေါာက်ရင်လည်းမနှိပ်ဘူး.. 😀 မသဲချစ်ချစ်ကြီးကလည်း အိုဇာသွားလိုက်တာ :mrgreenn: …

  • ကထူးဆန်း

    July 25, 2014 at 8:48 am

    စမ်းသပ်ခံ ခ ဘယ်လောက် ပေးမှာလဲ ..
    အဲ့ဒါ အရင် သိပြီးမှ စဉ်းစားပါရစေ … :kwi:
    ၁၃ ကျပ်တော့ သေခြာတာမို့ ဖြေရရင် ..

    စမ်းသပ်တာ ကို သ်ိရင် ။ မင်းထိုင်နေနိုင်လား စမ်းတာပါ ဆိုရင် ထိုင်လဲ နေနိုင်သလို ခလုတ်ကိုလည်း မနိပ်ဘဲ နေနိုင်ပါလိမ့်မယ် ။

    အဲ မသိမသာ ဒီအတိုင်း လွှတ်ထားပြိးစောင့်ကြည့် ခံရရင်တော့ အဖြေ ပြောင်းပြန် ထွက်လိမ့်မယ် ။

  • JackSkellington

    July 25, 2014 at 9:40 am

    (၁) နဲ့ (၂) ကတော့ တစ်ခု မဟုတ် တစ်ခု ပါပဲ။

    (၂) ဖြစ်ဖို့ များမယ် ထင်တယ်။ ငယ်ငယ်ထဲက ဖင်မငြိမ်တဲ့ကောင် ဆိုပြီး အမေ ကင်ပွန်း တပ် ထားပေးတယ် ဆိုတော့ကာ။

    (၃) က တော့ လုံးဝ မဖြစ်နိုင်ပါ။ ဓာတ်လိုက်မှာ ဆို ကြောက်လွန်းးးး လို့ း)

  • Nyo Win

    July 25, 2014 at 10:41 am

    တကယ်ဘဲ ငြိမ်ငြိမ်လေး ၁၅မိနစ် ထိုင် ပြီး စဉ်းစားခန်းဖွင့်နေနိုင်လား ???
    နေနိုင်သပဗျာ..

    မနေနိုင်ဘဲ ထိုင်မရ ထမရ ဖြစ်နေလား ???
    မဖြစ်ပေါင်ဗျာ..

    အဲဒီ ခလုတ် ကို နှိပ်ကြည့်ချင်လား???
    ဟင့်အင်း….လက်ညှိုးလေးတော့တင်ထားချင်တယ်… 🙂

  • Yae Myae Tha Ninn

    July 25, 2014 at 10:41 am

    နေ့လား ညလား မေးရမယ်…
    နေ့ဆို မိန်းမကို လွမ်းနေမှာ.. ထမင်းစားချိန်နီးရင် ပိုဆိုး.. သူဗိုက်ဆာနေမလား…
    မနက်ဆို ငိုက်နေမှာ.. အိပ်ရေးမ ဝလို့…
    အလွတ်ချိန်ဆိုရင် ဘာပို့စ်တင်ရမလဲ.. စဉ်းစားနေမှာ…
    ညနေပိုင်းလောက်ဆို ဘာ ဟင်းချက်မလဲ… ဘာစားကြမလဲ စဉ်းစားမယ်…
    နည်းနည်းမိုးချုပ်ရင် ဒီက ထွက်ရင် ကွမ်းဝယ်မယ်.. ပုလင်းဝယ်မယ်.. စဉ်းစားမယ်..
    Research ဆိုတော့ ပိုက်ဆံရမယ်လဲ ထင်တယ်… အဲဒါဆို များရင် အရက်ကောင်းဝယ်သောက်ဖို့လဲ စဉ်းစားဖြစ်မယ်…
    ကျိန်းသေတာက ကျွန်တော်က ပို့စ်တင်ချိန်ကလွဲရင် အိပ်ရင်တောင် ဖင်ကုတ်ခေါင်းကုတ်ရယ်.. ခုံမှာ ငြိမ်ငြိမ်ထိုင်ဖြစ်မယ် မထင်ဘူး…
    ဒါပေမဲ့ ခလုတ်ကို နှိပ်မလား မေးရင် မနှိပ်ဘူးဗျာ… အဲလိုတော့ စိတ်မဝင်စားဘူး.. မနှိပ်နဲ့ဆို.. နှိပ်ဘူးပေါ့.. နှိပ်လို့ ဓာတ်လိုက်မယ်… ဒါပေမဲ့ အရက်ကောင်းကျမယ်ဆို… ချိန်ရမှာပေါ့.. လိုက်တာနဲ့ ကျမဲ့ အရက်တန်ဖိုးနဲ့.. တန်ရင် နှိပ်သောက်မယ်ဗျာ… 😀

  • မင်း ခန့် ကျော်

    July 25, 2014 at 1:29 pm

    အိပ်ပျော်သွားမယ်ထင်တယ်။ကျတော်ဆိုရင်။
    ခလုတ်ကတော့ ကိုင်ရဘူးလို့ပြောထားလို့
    ကိုင်ကျိချင်ပေမဲ့ ၁၅ မိနစ်လောက်တော့ မကိုင်ဘဲနေနိုင်ပါတယ်။
    ၁၅ မိနစ်က မြန်မာတွေအတွက်တော့
    စပျော့စ် စပျော့်စ် :mrgreen:

  • လင်း

    July 25, 2014 at 2:04 pm

    အခုတလော လေယာဉ်တွေကလဲ ပျက်ကျ(ဘာမှမဆိုင်) ဆိုတော့ ကြောက်စိတ်ကဝင်နေတယ် သေချာတာတော့ ဒီမီးခလုတ်ကို မနှိပ်ချင်ဘူး။

    ဒါပေမဲ့ ကိုရီုးယား သဘောမှောက်တာ ကို တွေး မိတော့လဲ ပြောထားကို ဆန့်ကျင် ပြီး နှိပ်ချင်ပြန်တယ်။
    နည်းနည်းလေးတော့ နှိပ်မိမယ်ထင်တယ်။ဖွဖွလေးပေါ။ :))

  • ရွှေတိုက်စိုး

    July 25, 2014 at 2:13 pm

    ကျွန်တော်ကတော့ ငြိမ်ငြိမ်ထိုင်မနေနိုင်ဘူး.. အဲဒီအခန်းကို ပတ်ကြည့်နေမှာ ဘာတွေထူးခြားလဲဆိုတာ.. ပြီတော့ ကိုယ်ကိုဘာလို. ဒီအခန်းထဲထည့်လဲ စဉ်းစားရင်းပေါ့…. ခလုပ်ကိုတော့ မနှိပ်ဘူး သေချာတော့ ကြည့်အုံးမယ်…
    နောက်ဆုံးညောင်းရင် ထိုင်မယ်.. ဒါဘဲ..

  • pooch

    July 25, 2014 at 2:27 pm

    အေးအေးဆေးဆေးနေနိုင်တယ် ၁၅ မိနစ်မဟုတ်ဖူး နာရီဝက်ထိလည်း နေနိုင်တယ် :mrgreen:
    မကိုင်နဲ့ဆို လုံးဝကိုင်ဖြစ်မှာ မဟုတ်ဖူး ဓာတ်လိုက်တဲ့ နာကျင်မှုကို ဖြစ်ဖူးလို့ ကြောက်တယ်။

  • မဟာရာဇာ အံစာတုံး

    July 25, 2014 at 2:57 pm

    ဘာတဲ့ …. ကြားဖူးတာလေး တစ်ခုရှိတယ် …
    အိပ် မပျော်သော သူအတွက်
    ညတာသည် ရှည်လှသည် …. တဲ့။
    ဘလိုင်းကြီး ထိုင်ခိုင်းရင်တော့ ဘာလုပ်ရမှာလဲ ပျင်းစရာကြီးကို …
    သူတို့ဟာ သူတို့ ထိုင်ကြပေါ့လို့ ….
    ကိုယ့်အတွက် တစ်စုံတစ်ခု အကျိုးအမြတ် ရမယ်ဆိုရင်တော့
    လာထား … အာဘွားပဲ …
    ပျော်ပျော်ကြီးကို ထိုင်ပစ်လိုက်ဦးမယ် …

    ဒါ့ထက် ခလုတ်ကိစ္စ …
    ခလုတ်က မသေနိုင်ဘူး ဆိုဒေါ့ဂါ …
    ကျင်ရုံလောက်တော့ အေးဆေးပဲ ….
    အညောင်းအညာတောင် ပြေနိုင်သေး .. ဟေဟေး …

    ကျော်ဂဒေါ့ ပျောချင်ရာ ပျောခဲ့ပီ အရီးရေ …

  • Kaung Kin Pyar

    July 25, 2014 at 3:29 pm

    ၁၅ မိနစ်လောက်တော့ တွေးချင်ရာတွေးရင်း ငြိမ်ငြိမ်ထိုင်နေနိုင်မယ်ထင့်…To Do List လေး စဉ်းစားရင်းး Priority လေး ရွေးရင်းနဲ့ ဘယ်လိုကုန်သွားမှန်းတောင် သိမယ်မထင်…။
    ဒါလေး မြင်တော့ ငယ်ငယ်က အိမ်ကညီမကို အဖေက သူစကားများလွန်းလို့..၁၅ မိနစ် မပြောဘဲနေမယ်ဆိုရင်တောင် စက်ဘီးလေးတစ်စီးဝယ်ပေးပါ့မယ် ပြောခဲ့ဖူးတယ်..။ သူအဲ့စက်ဘီးမရခဲ့..(မပြောဘဲ မနေနိုင်လို့…)
    ဒါတော့ လူတွေရဲ့ အမူအကျင့်နဲ့ဆိုင်မယ်ထင့်…
    စာရေးစာဖတ်ဝါသနာပါတဲ့ ဒီရွာထဲက လူမျိုးတွေကတော့ ၁၅မိနစ်လောက်က အေးအေးဆေးဆေးပဲ (ထိုင်စဉ်းစားနေရင်း ပိုစ့်တစ်ပုဒ်လောက်တောင် ပျိုးနိုင်မယ်ထင့်)

  • ဗုံဗုံ

    July 25, 2014 at 3:40 pm

    အခန်​းထဲမှာ ဘာမှမလုပ်​ရဘဲ ၁၅ မိနစ်​ထိုင်​ပြီး စဉ်​းစားဆိုရင်​
    ခလုတ်​အ​ကြောင်​း စဉ်​းစား​နေတာနဲ့ ၁၅ မိနစ်ပြည်​့မယ်​ထင်​တယ်​
    ဖုန်​းယူသွားလို့ ရရင်​​တော့ ဖွဘုတ်​သုံး​နေမှာ…. 😛

  • kyeemite

    July 25, 2014 at 4:14 pm

    အင်း..လူလည်းတော်တော်စုံပြီ..ကျုပ်ပဲကျန်တယ်
    ကျုပ်ကတော့ မတူဘူးဗျို့…အခန်းထဲဝင်အစမ်းသပ်ကိုမခံဘူး
    အပြင်ကပဲသူများတွေ အစမ်းသပ်ခံတာကြည့်နေမှာ…ကြီးမိုက်ပါဆို..သူများခိုင်းတိုင်း မလုပ်နိုင်ပါဘူး 😀

  • Novy

    July 25, 2014 at 4:27 pm

    အရီးရဲ့မေးခွန်းကို ဘယ်လို့ဖြေရင်ကောင်းမလဲလို့ စဉ်းစားနေတာ 15မိနှစ်လောက်တောင်ရှိသွားပေါ့

  • Yae Myae Tha Ninn

    July 25, 2014 at 4:32 pm

    ဟုတ်ပါ့..ကိုကြီး မိုက်ပဲ ကျန်တယ်… ကိုဆာမိလဲ ကျန်တယ်… လာမန့်လိုက်ပါဦး.. ကျွန်တော်လဲ စစ်တမ်းကောက်တာပဲ.. ဘယ်သူတွေ မန့်လဲ.. ဘယ်လိုစိတ်လဲ ဆိုတာ.. ကို ဘလက်ချောလဲ ကျန်တယ်ဗျို့… 🙂 ကျွန်တော့်လို တွေးချင်တွေးမှာ.. ခလုတ်နှိပ်ဖို့ကိစ္စမှာ ပြောပါတယ်… ဟဲ

  • Ma Ei

    July 25, 2014 at 4:51 pm

    Research study မှာ ပါဝင်လုပ်အားပေးပါမယ်…
    ဘယ်သူမှ မရှိတဲ့ အခန်းထဲမှာ ….
    တကယ်ဘဲ ငြိမ်ငြိမ်လေး ၁၅မိနစ် ထိုင် ပြီး စဉ်းစားခန်းဖွင့်နေနိုင်လား ???..
    ** ကြိုက်ရာ တစ်ခုခု စဉ်းစားရင်းနေနိုင်ပါတယ်…
    မနေနိုင်ဘဲ ထိုင်မရ ထမရ ဖြစ်နေလား ???
    **15 မိနစ်လောက်တော့ ဘာမှမဖြစ်ပါဘူး….
    အဲဒီ ခလုတ် ကို နှိပ်ကြည့်ချင်လား???
    **ဓာတ်လိုက်ပါမယ် ဆိုမှတော့ အနားတောင်မသွားပါဘူး…
    🙂

  • အရီးခင်

    July 26, 2014 at 3:02 am

    အပေါ်ကပ်နေတော့ ပြုတ်ကျမစိုးလို့ တနင်္ဂနွေ ထိ မစောင့်တော့။
    အမြန်ပွဲသိမ်း လိုက်ပါပြီ ပိတ်သတ်ကြီး။
    ဝင်ရောက်ပါဝင် ပေါပေး (မွှားလို့) ပူးပေါင်းပေးသူများ ဖြစ်တဲ့

    အိမ်လွမ်းသူ , ဇီဇီ , မောင်ဂီ, ကျောက် စ်, ဖိုးသိကြား, ဂဂ
    လုံမ, ဆက်ဆက်, ဝေဝေ, မွသဲ, ကိုချော , အစ်မဒုံ
    သူကြီးမင်း, အဘနီ, Iris (လဲ့လဲ့), မကြည်စင်, ကထူးဆန်း
    JackSkellington (မောင်ဂျက်), မနန်း, ကိုညို
    Yae Myae Tha Ninn (မောင်ရေ (ခေါ်လို့ မဖြစ် ပယ်လိုက်သည်)၊မောင်မြေ (သို့) မောင်နင်း (သို့) မောင် ရေမြင်း (စီဒီ – ကိုဆာ) ကြိုက်တာရွေး။
    မင်း ခန့် ကျော် (ကိုခန့်) , လင်း, ရွှေတိုက်စိုး (မောင်တိုက်), ပုချ် ,မောင်အံ
    ကောင်းကင်ပြာ , ဗုံဗုံ , ကကြီးမိုက်, မနို, မအိ

    တို့ ကို အမှူးထား၍
    ဝင်ရောက် ဖတ်ရှူသူ
    လူသား အားလုံးကို လေးစားပါတယ်။ (ကိုကျော့် လေသံ)
    ကျေးဇူး အများကြီး တင်ပါတယ်တော်။ (မြကလေး လေသံ)

    PS – အဘနီ မှတ်ချက် ကို အစိမ်းချယ် လိုက်ပါတယ်။

  • Iris

    July 26, 2014 at 5:02 am

    အရီး​ရေ အ​နောက်​နဲ့အ​ရှေ့ မတူညီဘူးဆိုတာ လက်​ခံပါတယ်​။ ဒါ​ပေမဲ့ လုံးဝဆန်​့ကျင်​ဘက်​​တော့မဟုတ်​ဘူး။ common goals ​တွေတူတယ်​။ culture နဲ့ Social မှာနဲနဲကွဲမယ်​။ တိုးတက်​တဲ့ဘဝ​ရောက်​ဖို့ ပညာကြိုးစားမယ်​။ကျန်​းမာ​ရေးဂရုစိုက်​မယ်​။ အလုပ်​တစ်​ခုလုပ်​ရင်​ result ထွက်​တဲ့အထိလုပ်​မယ်​။ စကား​ပြောရင်​ တစ်​ဖက်​သားကို​လေ့လာပြီး မထိခိုက်​​အောင်​​ပြောမယ်​။ အားနည်​း​နေသူကို အား​ပေးစကား​ပြောမယ်​။ သူတို့အား​ပေးတာကရင်​ထဲကလာတယ်​လို့ထင်​ရတယ်​။ ​နွေး​နွေး​ထွေး​ထွေးဖက်​လှဲတကင်​းရှိတယ်​။ မနာလိုစိတ်​ရှင်​းတယ်​။ ဘာလို့လဲဆို​တော့ကိုယ်​့ကိုကိုယ်​ယုံကြည်​မှုရှိကြလို့။ အလုပ်​မှာသိပ်​ပြသနာမ​ပေးဘူး။
    ပြီး​တော့လူငယ်​​တွေကိုရာထူးမြင်​့မြင်​့​တွေမှာ​တော်​​တော်​​တွေ့ရတယ်​။ ကျမလုပ်​​နေတဲ့ပ​ရောဂျက်​ကဒီဇိုင်​နာက အ​မေရိကန်​​ကောင်​​လေး။​တော်​​တေ်​ာငယ်​အုံးမယ်​။ ဒါ​ပေမဲ့ ​တော်​​တော်​ရင်​့ကျက်​ပြီး အရမ်​း​တော်​တယ်​။ အ​နောက်​တိုင်​းသား​တွေကို ရိုင်​းတယ်​ဆိုတဲ့အမြင်​ကို​ပျောက်​​ရော။ social မှာလည်​းသူများ​တွေကိုအ​နှောက်​အယှက်​မ​ပေးပါဘူး။ DP ဒီဇိုင်​းနာ ပိုလန်​က​ကောင်​​လေးဆိုလည်​း ယဉ်​ယဉ်​​ကျေး​ကျေး ​လေး။ လူငယ်​​တွေ အ​တွေးမမှား​စေချင်​ပါဘူး။ ​တွေ့ဘူးတဲ့အ​နေက်​တိုင်​းသားလူငယ်​​တွေ​တော်​​တော်​ထက်​မြက်​တယ်​။ကြိုးစားတယ်​။ယဉ်​​ကျေးတယ်​။စကား​ပြောသိမ်​​မွေ့တယ်​။ ရည်​မှန်​းချက်​ရှိတယ်​။တစ်​ဖက်​သားကို​ဖေးမတွဲ​ခေါ်သွားတယ်​။ အင်​း ကျမပတ်​ဝန်​းကျင်​ကလူတစ်​ချို့ကို ကျမရဲ့အမြင်​သပ်​သပ်​ပါ။ တခြားဧရိယာက လူတစ်​ချို့အတွက်​​တော့မသိဘူး။ 😀
    PS . သူတို့ကစိတ်​ကူးအိမ်​မက်​ကိုလက်​​တွေ့ဘဝထဲဆွဲသွင်​းတတ်​တဲ့စရိုက်​​တွေရှိတယ်​။

    • အရီးခင်

      July 26, 2014 at 1:50 pm

      Iris ရေ
      အရီး ဆိုလိုချင်တာ လဲ ဒါပါဘဲ။
      ကောင်းတဲ့ အနောက်တိုင်း ပုံစံ ကို လိုက်နိုင်ဖို့ စိတ်ဓာတ်တွေ ကို ပိုပြီး မြင့်အောင် တနည်း လူကြီး လူကောင်း စိတ်ဓာတ် တွေ ဖြစ်အောင် အရင် ကြိုးစား ပြင်သင့် တာကို ပါ။
      လောလောဆယ် အနောက်တိုင်းမှာ ပညာတတ် ချမ်းသာသူ တွေ (အားလုံး မဟုတ်ပေမဲ့ အများစု) က ကိုယ့်ထက် နိမ့်ပါး သူတွေ ကို စေတနာ အရင်း နဲ့ ကူညီဖို့ ကြိုးစားနေကြတာ၊ သူတို့ဆီမှာ မောက်မာ ဝင့်ကြွားစိတ်၊ တုပ ပြိုင်ဆိုင် စိတ် ကင်းတာ တွေ၊ လူကို လူချင်း လေးစားတတ်တာတွေ ကို တွေ့လာ တိုင်း
      ကိုယ့်တိုင်းပြည်က ချမ်းသာသူအများစု ရဲ့ အတ္ထတွေ၊အချင်းချင်း ပြိုင်ဆိုင် နေတာတွေ၊ မနာလိုဝန်တိုမှုတွေ၊ လူ ကို လူ လို သဘောမထားနိုင်တာတွေ ကို အသိစိတ် ဝင်ပြီး ပြင်လိုက် ကြစေချင်တယ်။
      မဟုတ်ရင်တော့ အနောက်တိုင်း ရဲ့ ရုပ်ဝတ္တု တိုးတက် နေတာ တွေ ကို ဘဲ မြင် ဒါတွေ ကို ဘဲ လိုချင်ပြီး စိတ်ပိုင်းဆိုင်ရာ မဖွ့င်္ဖြိုးဘဲ နေကြရင် ဘယ်တော့ မှ တိုးတက်ကောင်းမွန်တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီ နိုင်ငံ ရမယ် မထင်။
      ဝင်ဖြည့်ပေးတာ ကျေးဇူးပါနော်။
      :-)))

      (တိုးတက်ကောင်းမွန်တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီ နိုင်ငံ = ဟိ … စကားတွေ အလုံး နဲနဲကြီးတွား တယ်၊ ခွေးလွှတ် ) :-)))

  • Yae Myae Tha Ninn

    July 26, 2014 at 9:19 am

    လုပ်ပြီ.. ဖြေလဲ ဖြေပေးရသေးတယ်.. နာမည်လဲ ဖျက်တယ်.. နာမည်အရင်းနဲ့ပဲ.. လုပ်ရင်တောင် ကောင်းမလား.. တွေးမိတယ်… ဟွင့်.. ဟွင့်… 🙁

    • အရီးခင်

      July 26, 2014 at 1:52 pm

      နာမည် အတို ခေါ်တတ်ကြလို့ ပါအေ။ ညည်း ကလဲ။
      အရင်နာမည်ဟောင်း လူတစ်လုံး ဆိုတော့ ” မောင်လုံး” လို့ ပြောင်းမား။
      မိန်းမ ကို မေးကြည့်လိုက်။
      ခေါ်လို့ လွယ်အောင် ဘယ်လို နာမည် ကို တို ရမလဲလို့။ :-)))

  • မင်း ခန့် ကျော်

    July 26, 2014 at 1:01 pm

    မြန်မာပြည် မှာ ဒီလို လူထုစစ်တမ်းတွေ
    များများထုတ် ဆန်းစစ် သုတေသနလုပ်
    အဲသလိုတွေများများလုပ် ရလဒ် အကျိုးအပြစ်
    တွေ ပြန်ထုတ် ။
    အဲသလိုလုပ်ဖို့က စောသေးတာလား
    နောက်ကျနေတာလားမသိ
    လောလောဆယ်
    တော့
    ရိုက်သွင်း
    အတင်းသွင်း
    မြန်မြန်သွင်း :mrgreen:

    • အရီးခင်

      July 26, 2014 at 1:56 pm

      ဟိုး အရင် ကျွန်မတို့ ငယ်ငယ် က ကျောင်းမှာ လုပ်လေ့ရှိပါတယ်။
      တစ်ချို့ ရုံး တွေ ကလဲ သုသေသန ကို အတော်လေး အားပေးပြီး လုပ်ပါတယ်။
      ဒါပေမဲ့ လူကြီးများ က အမှန် ဆို မမြင်လို၊ မကြားလို ကြချိန်မတော့ ပြန်ပြင်ပြ ရင်း အင် ဇာတ် တွေ ခင်းပြီး နောက်ဆုံး သုသေသန အလုပ် ဆိုတာ ချောင်ထိုး ခံရတဲ့ နေရာ ဖြစ်သွားတာပေါ့။

  • Yae Myae Tha Ninn

    July 26, 2014 at 2:11 pm

    အိုကေ.. ခေါ်ချင်ရင်.. နာမည် အရင်း.. ကိုထွဋ်လို့ခေါ်.. ဟုတ်ပါလား.. မိန်းမခေါ်တာကတော့ ချစ်သောလင်တဲ့.. ခိ… 🙂

  • ဦးကြောင်ကြီး

    July 27, 2014 at 3:45 am

    အမ်တီလတ်က တနင်္ဂနွေမှ တင်မြီဆိုလို့ နှပ်ထားတာ မစောင့်နိုင် ဖြစ်သကိုး.. ဒီအတိုင်းဆို ခလုပ်ကို မနေနိုင်မထိုင်နဲ ့သွားနှိပ်မြိသူထဲ အရီး ရှေ့ဆုံးက ပါမြီထင်အိ။ အနော်ဆိုလဲ အန္တရာယ်မရှိမှန်းသိလျင် နှိပ်မြိမလားပဲ။။ ဘာလို့လဲဆိုတော့ သင်တန်းတွေမှာဆို (ဥပမာ ကွန်ပြူတာလို) ဆရာက အဲဒီကီး မနှိပ်ပါနဲ့၊ အဲဒီနေရာ မသွားပါနဲ့ဆို သွား သွာလုပ်မိတယ်။ အထူးသဖြင့် လမ်းပိတ်နေတဲ့အခါမျို း၊ ကူမည့်သူ အလွယ်မရှိတဲ့ အခါမျို းပေါ့။
    ငယ်တုံးကတော့ ဘာမှမလုပ်ရဘဲ အတွင်းခံ ကိုယ်လုံးတီး မျက်စိပိတ်ထားပြီး ပန်ကာလေအောက် သံမံသလင်းပေါ် နာရီစက္ကန့်သံ တချက်ချက်နဲ့ ဖိနပ်မဲ့ ခြေဗလာ နာရီပေါင်းများစွာ ရပ်ဖူးတယ်။ အဲတုံးထဲက အချိန်ကာလမှာ ရက်စက်မှု ရှိပါလားလို့ သိဂဲ့ဒယ်။ ငါကွ…

    • အရီးခင်

      July 27, 2014 at 2:27 pm

      စိတ်မရှိပါနဲ့ ကြောင်ကြောင်ရယ်။
      Data လေးတွေ နဲ့ဝင်လာပေးတာ ကျေးဇူးကြီးလှပါတယ်။ :-)))

      အားပေးသူ ၃ဝကျော် သွားတော့ ဘတ်ဂျက် ပြည့် လို့ စာရင်းပိတ်လိုက်ရခြင်းပါ။

      ပူနဲ့။ နောက် Research ကို ကြောင်ကြောင့် အတွက် သီးသန့် လုပ်ပေးမယ်။
      ဒါနဲ့။
      ရှာရာဗိုပါ ရဲ့ လက်မှတ် အစစ် ရထားတယ်။
      ယူမား။ :-)))

Leave a Reply