ကြက်သားငါးပိချက်…

ကုိ ထြဋ္July 24, 20141min23116

ဒီတခေါက်ကတော့ အစီအစဉ်သစ်လေး… မိန်းမရယ် ကျွန်တော်ရယ် ချက်စားတဲ့ထဲက မထူးတထူး… မဆန်းတဆန်းပေါ့…

ဘာလို့ဆိုတော့ နေ့စဉ်စားနေကျပဲလေ… အိမ်မှာက ဟင်းချက်တော့စားတယ်… အမေချက်တာကို စားတာ ပိုများတယ်…

ကိုယ့်ဘာသာချက်မယ်ဆိုရင်တော့လဲ စိတ်ကြိုက် ကောင်းကောင်းလေးချက်စားကြတယ်… ကဲ.. လေဖောတာများပြီ… စချက်ကြမယ်…

 

ကြက်သားငါးပိချက် ပါဝင်ပစ္စည်းများ

ကြက်သား         ၂၅ ကျပ်သားလောက်

အရောင်တင်မှုန့် ထမင်းစားဇွန်း မပြည့်တပြည့် တဇွန်း

ကြက်သွန်နီ        ဥကြီး ၂ ဥ

ကြက်သွန်ဖြူ       အမြွာကြီး ၄ မွှာ

ဂျင်း                     လက်ညှိုးတဆစ်စာလောက်

ပဲပုပ်                   ၃ ပြား

ဆီ                      ရ ကျပ်ခွဲသား

ဆား၊ အချိုမှုန့်  တိုင်းတဲ့ထည့်ရန်

ငါးပိ                   ထမင်းစားဇွန်း ၂ ဇွန်း (ငရုတ်သီးစိမ်း ၊ ပုဇွန်ခြောက် ရော ထောင်းပြီး)

ငရုတ်သီး           ၁ဝ တောင့် ( အတောင့်ရှည်… အစပ်ကြိုက်လျှင် ပိုထည့်နိုင်)

နံနံပင်                ၁၀ဝ တန် တစည်း

1 2 3 4 5

အရင်ဆုံး ကြက်သားကို အလောတော်လေးတွေ တုံးရပါမယ်… ဒါက မိန်းမ အလုပ်…

ကြက်သွန်နီ/ဖြူ  ဂျင်းလေးကို ရောထောင်းပါ… ဂျင်းကတော့ လက်ညှိုးတဆစ်လောက်ပေ့ါ… မထည့်လဲ ရတယ်… ဒါပေမဲ့ မွှေးတာပေါ့… မညပ်တညပ်ထောင်းဖို့ မမေ့ပါနဲ့… ဒါက ကိုယ့်အလုပ်… ဟဲ

ပဲပုတ်ကို ရေစိမ်ထားပါ… ဒါကလဲ မွှေးအောင် ထည့်တာပါ.. အရသာလဲ ပိုလေးပြီး စားကောင်းတာပေါ့…

ကဲ.. စချက်ပြီ…

အရင်ဆုံး ဆီထည့်ပြီး ဆီသတ်ပါတယ်…ဆနွင်းကို မထည့်လဲ ရပါတယ်… ဒါပေမဲ့ နည်းနည်းထည့်ပါ.. အရောင်လဲ လှ.. ကျန်းမာရေးလဲ အထောက်အကူဖြစ်တာပေါ့…

ပြီးတာနဲ့ ကြက်သွန်နီ/ဖြူ  ဂျင်းထောင်းတာလေးကို ထည့်ပါ… ထောင်းထားတဲ့ ဆုံကို မဆေးပါနဲ့ဦး… ရေ နည်းနည်းထည့်ထားပါ…

အရောင်တင်မှုန့်ကလေးကို ထည့်ပါ…

ပြီးရင် ကြက်သားတုံးထားတာလေးကို ထည့်ပါမယ်… နည်းနည်းကျက်အောင် မွှေမယ်… စောင့်မယ်…

ဆား၊အချိုမှုန့်လေးတွေ ချိန်ထည့်ပါမယ်… အသားမှုန့် ကြိုက်တဲ့သူကတော့ ဆားလျှော့ထည့်ပါ…

နည်းနည်းရဲလာပြီဆိုရင်… ထွက်ပြေးပါမယ်… ဟုတ်ပါဘူး.. ရေစိမ်ထားတဲ့ ပဲပုတ်ထည့်ပါမယ်… နည်းနည်းထပ်မွှေမယ်…

ပြီးတာနဲ့ ငါးပိကို အချိန်အဆအတိုင်းလေးထည့်ပါမယ်…. အနံ့လေး မွှေးလာပြီဆိုရင်… ခုနက ရေထည့်ထားတဲ့ ဆုံထဲက ရေကို ထည့်ပါမယ်…

ရေလေးဆီလေး ပွက်ကနဲ ပွက်ကနဲ ဆူလာတာနဲ့… ငရုတ်သီးစိမ်းတောင့်ရှည်လေးတွေကို ကတ်ကြေးနဲ့ ညှပ်ထည့်ပါမယ်…

နောက်ဆုံး အရသာ အိုကေ… အသားလဲ ကျက်… ရေလဲ ခမ်းသင့်သလောက် ခမ်းတာနဲ့… နံနံပင်လေးကို အပေါ်ကအုပ်လိုက်တော့ ပုံထဲက မြင်ရတဲ့ အတိုင်းလေး ဖြစ်သွားပါတယ်…

 

PS: မိန်းမက အသားလှီးတာ… မွှေတာ ချက်တာ တာဝန်ယူပြီးတော့.. ကျွန်တော်ကတော့ ဆုံထောင်းတာ ငရုတ်သီးညှပ်တာ.. အချိန်အဆ အရသာကို တည်းဖြတ်ပါတယ်… နှစ်သက်ကြမယ်လို့ ထင်ပါတယ်…

နောက်တပတ်တွေ ပြန်ဆုံဦးပါမယ်… ကျေးဇူးတင်ပါတယ်… 🙂

 

16 comments

  • Ko chogyi

    July 24, 2014 at 4:36 pm

    ကေဇီရေ ထမင်းဆိုင်အတွက်တစ်ယောက်ရပြီ

  • ခင်ဇော်

    July 24, 2014 at 4:49 pm

    သူ က သူ့ ဟာ သူ ပဲ တင်ချင်မယ် ထင် တယ် ကိုဂျီးးချို
    Anyway Bravo..!
    Carry On.
    🙂

  • Yae Myae Tha Ninn

    July 24, 2014 at 5:16 pm

    ဘာကိုလဲဗျ.. ပြောပြလေ… ကိုယ့်ဘာသာလဲ တင်တယ်.. သူများဟာလဲ ဝိုင်းတင်ပေးဖို့ အစီအစဉ်ရှိပါတယ်… ပြောပြပါ.. 🙂

    • kai

      July 25, 2014 at 5:18 am

      ဇီဇီက…. ရွာထဲ.. အဲ..မြို့ထဲ..စားသောက်ဆိုင်အကြီးကြီးဖွင့်ထားတယ်လေ..
      စားဖိုမှုးတွေက.. ဟင်းတမယ်ဆီချက်ပြီး.. သူ့ဆိုင်တင်ရောင်းလေ့ရှိတယ်..။
      ကျုပ်ကတော့.. အမေရိကားက.. အမေရိကန်-မြန်မာတွေကို.. ဇီဇီ့ဆိုင်နဲ့စာဖိုမှုးတွေမိတ်ဆက်ပေးပြီး.. သတင်းစာထဲ..လစဉ်ထည့်တယ်..။

      ဒီမှာကြည့်…

      http://myanmargazette.net/category/health-fitness/food-drink

  • alinsett (gazette)

    July 24, 2014 at 6:00 pm

    အသားတွေ ငါးတွေကို.. မချက်ခင် အတုံးလိုက် အတစ်လိုက်..ကို..ကြည့်ရတာ..စိတ်မဝင်စား..
    (မကြည့်ချင် / ဖားသားနဲ ့… အမဲသား ဆို လှည့်ကိုမကြည့်ချင် )
    ချက်ပြီးသား…( အတုံးသေးသေး) ကိုတော့… မစားပဲကို ထိုင်ကြည့်ပြီး..သွားရည်ကျချင်တာ…

    :mrgreen:

    ဘာပဲ..ဖြစ်ဖြစ်… ဝင် လေ့လာသွားပါတယ်လို ့….

  • အရီးခင်

    July 24, 2014 at 10:46 pm

    အတော်လေး ထမင်းမြိန် မဲ့ဟင်းဘဲ။
    မိန်းမ ကို အတော်လေး မြတ်နိုးပုံရတယ် လို့ ထင်ရတယ်။
    “မချစ်” လို့ နာမည်ပြောင်းပါလား။
    နာမည် အတို မပြောင်း ရင်ပြောင်း မပြောင်းရင် ကဆာမိ လို ခေါ်လိုက်ချင်တော့ တယ်။ :-)))

  • ခင် ခ

    July 24, 2014 at 11:51 pm

    ရွာထဲ စားသောက်ဆိုင်တစ်ဆိုင်တိုးလာပြီထင်တယ်
    မြန်မာ အစားအစာဆိုင်ဘဲလားဗျ

  • Yae Myae Tha Ninn

    July 25, 2014 at 9:06 am

    ဟုတ်တယ်.. တုံးပြီးသားကို မရိုက်ဖြစ်လိုက်တာ.. ဓာတ်ပုံချွေတာတာလဲ ပါတယ်.. တော်ကြာ တဂျီးတင်းနေမှာ.. ခရီးထွက်တာ တင်တာ ပုံကို ရှယ်သုံးထားတော့ ပြန်ချွေတာပေးတာ.. နောက်တခါဆို တင်ပေးပါ့မယ်….
    မြိန်တယ် အရီးခင်ရဲ့.. ကျွန်တော် ကြိုက်တဲ့ သူ့လက်ရာ တမျိုး.. ကျွန်တော်က ကတ်ကြေးကိုက်ကြော်တာ.. ၁၂ မျိုးဟင်းချိုချက်တာ.. ကျွမ်းတယ်… မကြာခင်မှာ အိမ်မှာ ဝါဆိုသင်္ကန်းကပ်ရင် ပလာတာနဲ့ ကြက်သားဟင်းချက်ရင် ထပ်တင်ဦးမှာ… ကြက်သားချက်ပုံချက်နည်းနဲ့ ထပ်တရာ ပလာတာကို တွဲ.. သခွားချဉ်လေး… ပဲဟင်းလေးနဲ့ စားချင်အောင် တင်ဖို့ရှိပါတယ်ဗျို့… မိန်းမကိုတော့ ချစ်တာပေါ့ဗျ.. ပေးစားတာ ယူတာ မဟုတ်ဘူးလေ.. ကိုယ့်ဘာသာကြိုက် ကိုယ်ဘာသာပိုက်ဆံရှာပြီး.. ယူထားတာ.. တော်တော်လေးကို ရုန်းကန်ခဲ့ရတယ်… အေးအတူပူအမျှမို့ ပိုချစ်ပါသတဲ့ဗျား… မယက မဟုတ်ဘဲ မယခ စာရင်းပါခင်ဗျား… မယားချစ်ကလေးပါ… 🙂
    မြန်မာလိုလဲ ပါတယ်.. ယိုးဒယားလိုလဲပါတယ်..ကုလားလိုလဲပါတယ်… ကျွန်တော်က မြိတ်သားလေ.. ယိုးဒယားနွယ်တယ်.. အမေတရုတ်.. အဖေ ဗမာ ကုလားဆိုတော့… အစုံဟင်းချက်ပါတယ်ဗျား… အဖေလဲ ဟင်းချက်ကောင်း… အမေလဲ ဟင်းချက်ကောင်း.. မယားလဲ ဟင်းချက်ကောင်းပါ… ရုံးသွားရင် အဖေက ထမင်းအိုး တာဝန်.. အမေက ဟင်းတမယ်.. မိန်းမက ဟင်းတမယ်.. ကျွန်တော်က တမယ်နဲ့.. သွားပါသည်ခင်ဗျာ… 🙂

  • Yae Myae Tha Ninn

    July 25, 2014 at 9:26 am

    ကျွန်တော်က တပိုင်တနိုင်လောက်ပဲ ချက်နိုင်တာဗျ.. အဲလိုဆို ကျွန်တော် စီးပွားပျက်သွားနိုင်လောက်တယ်.. ဟင့်.. အားကျပါတယ်.. ဒါပေမဲ့… ဒါပေမဲ့…
    ခုတင်ထားတဲ့ ဟင်းတောင် မနည်းချက်ရတာ..
    မနက် ရခွဲ ဖယ်ရီ ဂိတ်အရောက်.. ညနေ ၅ ခွဲမှ ရုံးဆင်း… ညစာစား.. ဈေးဝယ် .. အိမ်ပြန်ရောက်.. ရ ခွဲ…
    အဝတ်လျှော်ရင် လျှော်.. မဟုတ်ရင် မီးပူတိုက်.. မဟုတ်ရင် ဆားဗစ်သွား… မဟုတ်ရင် မားသားကို မာဆတ်.. မဟုတ်ရင် ဟင်းချက်.. တမယ် ၂ မယ်နော်.. စနေဆို နေ့တဝက်ပြန်.. ပရဟိတ စာသင်.. ယောက္ခမအိမ်မှာ အိပ်.. တနင်္ဂနွေ စာသင်… ၃ နာရီပြန်.. အိမ်ကို ၆ နာရီရောက်… လွယ်ပါဘူးဗျာ.. ဆိုင်မှာပဲ အစားများတယ်.. ဟင်းချက်လဲ အခုလိုက တခါတရံ စိတ်လိုလက်ရမှ.. မဟုတ်ရင် အလွယ်ချက်ကြတာ.. ဟင်းတမယ်လောက် ပိုဆိုရင်တော့ ပို့မယ်ဗျာ.. စိတ်ကတော့ ပါတယ်.. 🙂

    • ခင်ဇော်

      July 25, 2014 at 9:37 am

      အာ့မျိုး ရ ရက် စုထားလိုက်။ :mrgreenn:
      ဟင်းစပ် အတွဲ ဆို ပိုကြိုက်တယ်။ ဟင်းကောင်းစရာမလိုဘူးးး
      ဟင်းစပ် ကောင်းရင် ကြိုက်တယ်။
      🙂

      ပြီး ရင် ပို့ပေါ့။ (စိတ်ပါရင်) khaingzw@gmail.com

      ဒါမဲ့ အဲဒီ ချက်ပြုတ်တာတွေ ရ မျိုးကို တော့ ဒီမှာ ပို့(စ) တော့ တင်လို့မရတော့ဝူးပေါ့။
      :mrgreenn:

      ဒါပေမဲ့ စာဖိုမှူးက အဲဒီ ထမင်းဆိုင် ပို့(စ) က ကော်မန့်တွေ အကုန် ရီပလိုင်းလုပ်ပေးရမယ်။
      🙂

      ပို့(စ) တင်တာထက် ပိုတန်တယ် (တဂျီး မကြားစေနဲ့ သိလားးး) :mrgreenn:

  • Yae Myae Tha Ninn

    July 25, 2014 at 10:30 am

    ဘယ်လို.. အမေချက်တာရယ်.. မိန်းမရယ်.. ကျွန်တော်ရယ်.. နေ့စဉ်စားတာ တင်ရတာလား.. အိုကေလေ.. အသေးစိတ်သိရအောင်.. မေးလ်ကို အင်ဗိုက်လိုက်ပြီး.. ချက်ကြမယ်လေ… နော်.. ကူညီ.. အခုအင်ဗိုက်လိုက်မယ်… 🙂

  • Ma Ei

    July 25, 2014 at 11:45 am

    ဝက်၊ အမဲ မစားတဲ့သူမို့ ကြက်မျိုးစုံလင် ချက်စားဖြစ်ပေမယ့်…
    ငပိချက်တော့ မချက်ဖူးပါ…:)
    ငပိချက် ဆို ငါးနဲ့ဘဲ ချက်ဖူးတယ်…

  • Yae Myae Tha Ninn

    July 25, 2014 at 12:06 pm

    အိမ်ကလဲ ခြေလေးချောင်းရှောင်တယ်.. ကျွန်တော်မပါဘူး.. ဟီး.. လုပ်စားကြည့်လေ… ပဲပုတ်မရှိလဲ.. ရတယ်.. ငါးပိထောင်းနည်းတော့ နောက်နေ့တင်ပေးမယ်… စားကောင်းတယ်.. အစပ်မကြိုက်ပေမဲ့.. အဲဒါတော့ ကြိုက်တယ်… 😉

  • kyeemite

    July 25, 2014 at 1:33 pm

    အင်မတန်သွားရည်ကျစရာ အစီအစဉ်လေးမို့ ကြိုဆိုပါတယ်ဗျာ…ကြက်သားငါးပိချက် ချက်စားဖူးပါတယ်
    နည်းတော့မတူဘူးပေါ့လေ…ခီများနည်းက ပိုအရသာရှိမဲ့ပုံပေါ်တယ်ဗျ …အားပေးပါတယ် 🙂

  • Yae Myae Tha Ninn

    July 25, 2014 at 1:51 pm

    ဟဲ.. ချက်စားကြည့်ပေါ့.. အခု ဇီဇီတို့ ထမင်းဆိုင်အတွက် ဟင်းတမယ်ပို့မလားပဲ… 🙂

    • manawphyulay

      September 3, 2014 at 10:23 am

      ချက်ပြီး ပို့ရင် ပိုအဆင်ပြေမယ်ထင်တယ်နော်… :mrgreen:

Leave a Reply