ရွာအဝင်လမ်း..ကြမ်း…(အဟမ်းးးး) ဒို ့အရေး…ဒို ့အရေး..

alinsettJuly 24, 20141min36831

အခု… မောင်သူရ…ပြောမယ့်အကြောင်းအရာကတော့…
ဂဇက်ထဲဝင်ပြီး… ပိုစ့်တစ်ပုဒ် ရေးရတင်ရတာ..မလွယ် (တော်တော့်ကိုမလွယ်)တဲ ့…အကြောင်းအရာပါ။

ရွာထဲမှာ..ပိုစ့်တင်ဖူးသူတိုင်း…သိကြပါတယ် ။
ပိုစ့်မတင်ဖူးတဲ ့သူတွေနဲ ့/အင်တာနက်မြန်နှုန်းမြင့်တဲ့…နိုင်ငံကြီးတွေမှာ…နေပြီး..ပိုစ့်တင်သူတွေကတော့..
လက်တွေ ့ခံစား/သိမှတ် မိမယ်..မထင်ဘူးဗျာ.. ။

တကယ်ပါ ။ မြန်မာပြည်ရဲ ့ အင်တာနက် မြန်နှုန်းကတော်တော်မြန်ပါတယ် ။

ဘယ်လောက်ထိမြန်သလဲဆိုရင်..

လဖြတ်ထားတဲ့ကိုယ်ဝန်ဆောင်ပတ်ကျိတစ်ကောင် ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တာလောက်ကို.. မြန်တာပါ ။

မောင်သူရတို ့လို… မြန်မာပြည်တွင်းက..

ဂဇက်မန်ဘာတွေ ဟာ..တော်တန်ရုံဇွဲသတ္တိနဲ ့….ဂဇက်ထဲလာနေတာမဟုတ်ပါဘူး ။

တော်တန်ရုံသံယောဇဉ်နဲ့လည်း..မဟုတ်ပါဘူး ။

ဘယ်လောက်ကြာမယ်မှန်းမသိတဲ့..အဝိုင်းလေး..လည်နေတာကို…သေချာထိုင်ကြည့်ပြီး…

(အဝိုင်းလေးက…မိနစ်ပေါင်းများစွာ..လည်နေပြီးမှ… တစ်မိနစ် နှစ်ကျပ် (သို့ ..လေးကျပ် …) နဲ ့…

ပိုက်ဆံတော်တော် ကုန်သွားပြီးမှ… လိုရာမရောက် ပဲ…တောက်ခေါက်လိုက်ရတာတွေ ခဏခဏဖြစ်ပါတယ် ။

ရွာထဲတစ်ခါရောက်ဖို ့ကို…စိတ်ရှည်ရှည်ထားရပါတယ် ။

ဆိုးဝါး(ယုတ်မာစွာ)နှေးကွေးလှတဲ့..အင်တာနက်လိုင်းကို…စိတ်မတိုမိအောင်..

(စိတ်ကိုလည်း..တစ်နာရီမိုင်နှယ်ဆယ်နှုန်းထက် မပိုမိအောင်)ထိန်းရပါတယ် ။

စိတ်မောလူမော…ပိုက်ဆံတော်တော်ကုန်ပြီးမှ… ရွာထဲ….ရောက်ပါတယ် ။

ပြီးတော့…..မောင်သူရတို ့ချစ်တဲ့ ဂဇက်ကတခြား Website တွေထက်…ဝင်ရပိုခက်နေသလားလို ့… ။

Facebook တို ့…တခြားwesiteတို ့က..သိပ်မကြာလိုက်ပဲ…ဝင်လို ့လွယ်သလောက်…

မောင်သူရတို ့ချစ်တဲ့ဂဇက်ကတော့… တော်တော်ကြာကြာ ကြိုးစားမှ.. .ဝင်လို ့ရတာပါ။

ကိစ္စမရှိပါဘူး ။

အချစ်စစ်တို ့ရဲ ့လမ်းက..အဲဒီလိုပဲ.. မဖြောင့်ဖြူးတတ်ဘူးလို ့…နှလုံးသွင်းပြီး..

ဂဇက်မျက်နှာကို… တစ်နေ ့မကြည့်ရ မနေနိုင်တဲ ့ ချစ်ခြင်းတွေနဲ ့… ဘယ်လောက်ခက်ခဲပါစေ…ရောက်အောင် လာကြတာပါပဲ.. ။

တကယ်ချစ်တာကိုးးး. ။

ဂဇက်က ဝင်ရခက်လို ့…. မြန်မာပြည်အင်တာနက်မြန်နှုန်းနဲ ့.. ဝင်ရတာ ခက်ခဲလို ့..မချစ်တော့ဘူး..ဆိုတဲ ့..မန်ဘာမရှိဘူးလေ ။

ချစ်တော့လည်း..မတွေ ့ရ မမြင်ရရင်..မနေနိုင်… ။

သံယောဇဉ်စွမ်းအားနဲ ့.. ပက်ပက်စက်စက် ဆိုးရွားတဲ့ မြန်မာပြည်အင်တာနက်လိုင်းကို..အံတုပြီး..ကျော်ခွ ဝင်ရောက်လာကြ…. ။

ဂဇက်ထဲရောက်တော့… တခြားမိတ်ဆွေတွေ..ရေးထားသမျှ…ပိုစ့်တွေကို..လိုက်ဖတ် ဒါနဲ့လည်း..အားမရ…

သူ ့အတွေးနဲ ့..သူ ့အရေးအသားအောက်မှာ.. ကိုယ်တွေးမိတာလေးတွေကို….comment ကြ…ဒါနဲ့လည်း..အားမရ…

ကိုယ်ပေးခဲ့တဲ့ comment လေးကို..ပိုစ့်ပိုင်ရှင်က..ဘာများ ပြန်ဆွေးနွေးထားသလဲ…ပြန်ကြည့်ရ….

ကိုယ့်နာမည်လေး..ထည့်ပြီး..ဘယ်သူများ..commentနဲ ့..ချစ်ခင်စွာစနောက် ကျီစယ်ထားသလဲ…လိုက်ကြည့်ရ…

ဒါနဲ့လည်း..အားမရပါဘူး…

ကိုယ့်အတွေးကိုယ့်အရေးလေးကိုလည်း…မိတ်ဆွေတွေ ရှေ ့မှာ…ချပြချင်သေးတယ် ။

ကိုယ်ချပြလိုက်တဲ့ပိုစ့်အောက်မှာ…

အမြင်မတူတာလေးတွေရော..တူတာလေးတွေပါ.. commentနဲ ့..ဝင်ဆွေးနွေးကြမှာကို..မျှော်လင့်တကြီးစောင့်မျှော်ရ…

reply မှ ပြန် မလုပ်မိရင်…တာဝန်မကျေသလိုကြီး..ခံစားရပြီး…

ကိုယ့်ပိုစ့်ထဲ…လာ comment တဲ ့ မိတ်ဆွေတွေကို..အသိအမှတ်ပြူ ကျေးဇူးတင်တာလေးတွေ..

ပြောဖြစ်အောင်…ပြောရ …

အပြန်ှအလှန်တွေ ဆွေးနွေးကြ…

အဲဒီလိုသာလည်ပတ်နေရရင်…ထမင်းမေ့ဟင်းမေ့…

ကိုယ့်ချစ်သူနဲ ့…အတူနေရသလိုကို ကြည်နူးနေမိတာ…. ။

ဂဇက်ထဲ… စီးမျောသွားပြိီဆိုရင်…အဝင်ဘယ်လောက် ခက်ခက်… မောခဲ့သမျှ အမောပြေတယ်လို ့…ခံစားကြတာနော်.. ။

ဒီလို.. သံယောဇဉ်နဲ ့…

ဒီလိုအင်တာနက် အနှေးလိုင်းကြားမှာ… အဖွဲ့အစည်းတစ်ခု..(ကမ္ဘာငယ်လေးတစ်ခု )

ကိုယ်စီကိုယ်ငှ တည်ဆောက်နေကြတာ… မောတော့မောတယ်…ဒါပေမယ့်…မမောဘူး…

ဆိုတဲ ့ သီချင်းလေး..ညည်းမိနေတာတော့… ဘယ်ငြင်းနိုင်မလဲ… ။

တကယ်လို ့များသာ…

ဂဇက်ကို…ဘယ်အချိန် ဝင်ဝင် အလွယ်တကူလေး… ဝင်လို ့ရရင်..ဘယ်လောက်များကောင်းလိုက်မလဲ…

တကယ်လို့များ..မြန်မာပြည်အင်တာနက်

(လက်ရှိလေဖြတ်ထားတဲ့ကိုယ်ဝန်ဆောင်ပတ်ကျိတစ်ကောင် ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တာလောက် မြန်နှုန်း )နဲ့ပဲ…

တခြား သတင်းဝဘ်ဆိုက်တွေ FB တွေ ဝင်ရ သိပ်မခက်သလို… လွယ်ရင်..ဘယ်လောက်ကောင်းလိုက်မလဲ…

ဂဇက် အဝင်လမ်း…ချောမွေ ့သာယာအောင်…လုပ်နိုင်စွမ်းမယ့် နည်းလမ်းတစ်ခုခုအကောင်းစားကြီးမဟုတ်တောင်…

အတန်အသင့်..အဆင်ပြေနိုင်မယ့်…အခြေအနေတစ်ခုခုကို…ရောက်ဖို ့.. ဘယ်သူများ..ကူညီနိုင်မလဲ… ။

မောင်သူရက… နည်းပညာပိုင်းဘာမှ မသိသူဆိုတော့… ဒိလို…တွေးမိတာပေါ့… ။

လက်တွေ ့မှာ မြင်တွေ ့ရသလောက်တော့… မြန်မာပြည်ရဲ ့..ဂဇက်မန်ဘာတော်တော်များများက…

လက်ကိုင်ဖုန်းလေးတွေနဲ ့…ကြုံသလိုအပြေးအလွှား ဝင်နေကြရတာပါ… ။

တချို ့ကတော့…ဖုန်းရဲ့ တစ်မိနစ်လေးကျပ် အင်တာနက်လိုင်းကို..ဖွင့်… /ဖုန်းနက်လိုင်းကို..Wifiလွှင့်ပြီး..ကွန်ပူတာလေးနဲ့..ဖမ်းသုံးရပါတယ် ။

သစ်ထူးလွင်တို ့… FB တို ့ကိုတော့.. ဖလွတ်ခနဲ..ဝင်လိုက်လို ့ရပေမယ့်… ဂဇက်ကတော့… တစ်ခါဝင်လို ့ ရဖို ့..တော်တော်ကြာပါတယ် .. ။

တချို ့ဆို..ဖုန်းနဲ ့ ဝင်လို ့မရဘူး..လို ့တောင်ပြောကြတယ် ။

သဂျီးစီစဉ်ပေးထားတဲ့…ဖုန်းနဲ ့ သုံးလို ့ရမယ့် ဟာကြီးကလည်း.. တော်တော်များများအတွက်..အဆင်မပြေပါဘူး .. ။

ပြီးတော့..ဖုန်းနဲ ့က.. Desktop View ပေါ်ဖို ့..မလွယ်… ။

ပေါ်မှလည်း.. commentတို ့..replyတို ့..လုပ်ရကိုင်ရတာအဆင်ပြေမှာမို ့အဲဒီအပိုင်းမှာလည်း.. အခက်အခဲကရှိပြန်ရော ။

ပြောချင်တာက…

ဂဇက်ထဲ…ဝင်ရတာ.. လွယ်ရင်..ဘယ်လောက်များ..ကောင်းမလဲ..ပေါ့… ။

ပိုစ့်တစ်ပုဒ်တက်အောင် တင်ဖို ့… ကြိုးစားရတာ..မလွယ်ပါဘူး..ပေါ့ ..။

အချက်အလက် စုရဆောင်းရ… ကိုယ်တွေးမိတာလေးချရေးရ.. ။

စာရိုက်ရ…။

အဆင်သင့်ဖြစ်လို ့.. တင်မယ်ဆိုတော့…ဝင်ရခက်… တင်ရခက်… ကြိုးစားပမ်းစား…လုပ်လိုက်တာလေး..ပျောက်ပျက်သွားရ…

အဲဒီအခြေအနေတွေကုန်ဆုံးလွန်မြောက်ဖို ့…. မျှော်လင့်မိပါတယ်လို ့.. ။

အခုထိ…မောင်သူရပြောခဲ့သမျှကိ်ု.. ပြန် ချုပ် ပြောရရင်….

) ဂဇက်ထဲဝင်ရတာ… တခြားWebsiteတွေထက်…ခက်ခဲကြန့်ကြာနေတယ် ။

)တခြားထက်…ဆိုတာမှာ..လက်ရှိမြန်မာပြည် အင်တာနက်လိုင်းအနှေးနဲ ့ပဲ…ယှဉ်ပြောခြင်းဖြစ်တယ်.. ။

)ပြည်တွင်းကဂဇက်မန်ဘာတွေဟာတော်ရုံဇွဲ / သတ္တိ / သံယောဇဉ်နဲ ့ ဂဇက်ထဲ..ဝင်ရောက်နေကြတာ မဟုတ်ဘူး ။

ဂဇက်ကို..အတော်ချစ်မြတ်နိုးလွန်း../ မခွဲနိုင်လွန်းလို ့… စိတ်ရှည်ရှည်ထားပြီး..စိတ်မောလူမောရောက်လာပေးကြတာဖြစ်တယ် ။

) အဲဒီ နှေးကွေးကြန့်ကြာခြင်း..ဆိုတဲ့ အခြေအနေလေး… အဆင်ပြေအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုခုနဲ ့…

ဒီအခြေအနေကို ဖြတ်သန်းလိုက်နိုင်ရင်.. ဘယ်လောက်များကောင်းမလဲ…လို ့ မျှော်လင့်မိ်တယ်.. ။

၅) တစ်ယောက်ယောက်က..(ဒါမှမဟုတ် ) တစ်စုတစ်ဖွဲ ့က… နည်းလမ်းတစ်ခုခုအကြံအစည်တစ်ခုခုနဲ ့..ကူညီဖြေရှင်းနိုင်မလား..

)ဂဇက်ထဲ…ပိုစ့်တင်ရတာမလွယ်သလောက်… FBတို ့ဘာတို ့ပေါ်မှာ..ပိုစ့်တင်ရတာ..(ဒီပြည်တွင်းနက် လိုင်းနဲ ့ကို.. )

ပိုလွယ်နေသလိုမျိုး.. ဂဇက်ထဲမှာလည်း..လွယ်စေချင်တယ်… ။

)ဘာကြောင့်…တခြားထက်..ဝင်ရခက်တယ်…ဆိုတဲ ့ နည်းပညာပိုင်းတို ့..ဘာတို ့ကို.

မောင်သူရနားမလည် မတတ်ကျွမ်းပဲ…သာမန် ပြည်တွင်းကတောသူတောင်သားမန်ဘာတစ်ယောက်ရဲ ့အတွေးကို..ချရေးခြင်းသာဖြစ်တယ် ။

ဒါပါပဲ… ။

အဓိက..ပြောချင်တာကတော့…. ဂဇက်မှာ..ပိုစ့်တင်ရတာ…ခက်တဲ့ အကြောင်းပါ… ။

ရင်ဖွင့်တဲ့ သဘောပေါ့… ။

ကျန်တဲ့…ပြည်တွင်းက…ဂဇက်ချစ်သူ မန်ဘာဝင်တွေလည်း ဒီလိုပဲ.. ရင်ဖွင့်ချင်နေမယ် ထင်တယ်.. ။

ဒါကြောင့်…ရင်ဖွင့်လိုက်တာပါ ။

တကယ်ပါ ။ ပိုစ့်တစ်ပုဒ် တင်ရတာ….မလွယ်ပါဘူး ။

ပိုစ့်တင်ရတာမလွယ်တဲ့ အကြောင်း… မလွယ်တဲ့ကြားက..ပိုစ့်တင် ပြောရတာ… မလွယ်လိုက်တာဗျာ… ။

———————————————————

 

မိတ်ဆွေများ… လွတ်လပ်ငြိမ်းချမ်းကြပါစေ…

 

လေးစားစွာဖြင့်…

 

အလင်းဆက် (Gazette)

 

 

31 comments

  • TNA

    July 24, 2014 at 6:07 pm

    ဒါတောင် ဒဂျီးကဝင်ရလွယ်အောင် လစဉ်ကြေး ၂ရ ကျပ်ပိုပေးထားဆို။ reply ကတော့ဖုန်းနဲ့ပြန်မရဘူး။ ဖုန်းမှာမပေါ်ဘူး။ reply လုပ်ချင်တဲ့ကွန်မင့်ဆိုကွန်ပူတာနဲ့တခါပြန်ချိတ် အလုပ်တော့ရှုပ်သား။ ရွာထဲအဝင်ခက်တာကလဲ ဒဂျီးငါ့တို့ကို အချစ်စမ်းတာများလား။ :mrgreen:

    • alinsett (gazette)

      July 24, 2014 at 6:17 pm

      ဖုန်းနဲ ့ reply လုပ်ချင်ရင်.. Desktop View ကို..အရင် ရွေးဖွင့်ထားမှ.. ရတယ်..တဲသီ…
      အဲဒါ..တချို ့..လုပ်လို ့..မရလို ့..အခက်တွေ ့နေကြတယ်..ကြားလို ့.. ။
      တဲသီလည်း.. အဲဒီလို.. အခက်အခဲတွေ..ရှိတာပဲပေါ့…နော်.. ။

  • ခင်ဇော်

    July 24, 2014 at 6:21 pm

    တို့ကတော့ ဂလိုပဲ ရောက်အောင်လာရတယ်။
    “မိန်းမကြိုက်တော့ ဆိုက်ဆိုက်လာ” လို့ ဆိုရိုးရှိသကိုးးးး

    ဟိ၊ ဘာမှတော့မဆိုင်ဝူးးး
    ဒီနေ့များ ရွာမလည်ရတော့ ပျင်းပြီး ဖဘမှာ မီးခွက်ထွန်းရှာမိလို့ အပြောခံရပါရောလားးး

    ရွာထဲ မီးခွက်ထွန်းရတာက ပိုကောင်းတယ်။
    ဟိ။
    :mrgreenn:
    ဒီတော့ လွယ်လွယ်ခက်ခက် လာမှာပဲ။
    ခါတလေလည်း ခက်ခက်ကိုမှလိုချင်တယ်။ ခက်တာလေးမှ ဘောကျတယ်။
    အဟိဟိ/

    လွယ်ရင်တော့ ပိုကောင်းတာပေါ့နော်။

    😀

    • alinsett (gazette)

      July 24, 2014 at 6:24 pm

      မမဂျီးတို ့က..လွယ်ရင်…ပိုကောင်းမယ်ဆို…
      ကျနော်တို ့က… လွယ်ရင်..အဆတစ်ရာမက ပိုကောင်းပါမယ်…မမဂျီး ရယ်..
      အဲဒါကြောင့်.. ရင် ဖွင့်ချလိုက်တာ..

      😆

  • Mr. MarGa

    July 24, 2014 at 6:26 pm

    ဂီးးး
    ပြောရရင်လည်း မကောင်းဝူး
    နင်တို့က နှိုင်းလိုက်မှဖြင့် ဖဘကနေကို မဆင်းဘူး
    ဖွဘုတ် ဟဲ့
    သူ့ ဘန်ဝစ် နဲ့တင် နာတို့ တစ်နိုင်ငံလုံး အေးဆေး ထိုင်သုံးနေလို့ရတယ် သိလား
    တစ်ကဘာလုံးက ဝိုင်း သုံးနေကြတဲ့ ဂလိုဘယ် ဆာဗာကြီးကိုပဲ သွားသွားပြောနေတယ်
    မြန်မာ သတင်းဆိုက် တချို့နဲ့ပဲ နှိုင်းပါဟယ် အဲ့လောက်ကတော့ လက်ခံနိုင်ဖွယ်ရာရှိပါတယ်။
    (အဲ.. သူတို့တွေကိုလည်း ဒီလို ဝင်ဖတ်ရုံမဟုတ်ဘဲ ပို့စ် တင်တဲ့ဘက်ထိ သွားကြည့် လေးတာပဲ)

    • alinsett (gazette)

      July 24, 2014 at 6:36 pm

      ဂဇက်က..မန်ဘာတွေခမျာ… ဒီ ရွာက..အဝင်ခက်တော့..အဝင်လွယ်တဲ့… မန်းဂဇက် FB ဂလုထဲပဲ..ပျော်ပါးနေကြရတာလေ..။
      ဒီတော့.. FB ထက် အဝင်ခက်တာကြီးကို.. မကျေနပ်ဘူး.. ။
      ရွာသာ အင်လွယ်ရင်.. FB ထဲမှာလို… ပိုပျော်ပါးကြရမှာ.. ။
      အာ့ကြောင့်..FB နှိုင်းမ်ိတာပါကွယ်.. ။
      ကျန်တဲ့အပိုင်းတော့.. မသိ.. ။ အဟိ ။

      ဒါပေမယ့်…. ကျနော် ဝင်ကြည့်နေကျ…
      တချို ့သတင်းဆိုက်တွေ ဒီရွာထက်…
      လွယ်ပါတယ်..ဗျာ.. ။
      သစ်ထူးလွင်တို ့… ဧရာဝတီတို ့. … ဘာတို ့…ညာတို ့…

      ဒါဆို…

      ဟောဒီလိုပဲ..ဆက်၍ လေးနေဦးမည်…ခိုင်… ????

      :kwi:

      • JackSkellington

        July 25, 2014 at 9:46 am

        အဲ့ဒီ မန်းဂေဇက် FB ဆို ဟို စာရေးစာဖတ် ဝါသနာ ရှင် များ ဆိုတဲ့ ဂရု ပဲ လားဗျ။
        တခြား ရှိသေးလား မသိ??

  • weiwei

    July 24, 2014 at 8:09 pm

    ဘယ်လောက်ခက်တယ်ဆိုတာကို ပုံ (၂၀) လောက်ပါတဲ့ ပို့စ်တင်နေကျဆိုတော့ သိပါတယ် ..
    တစ်မိနစ် ၄ ကျပ်နဲ့မို့လို့ ဖုန်းကတ်ကလဲ ခဏခဏ ကုန်နေတာမို့လို့ စိတ်ရှိတိုင်းတောင် မဝင်ဖြစ်ဘူး ..

    • alinsett (gazette)

      July 25, 2014 at 2:46 pm

      အန်တီဝေ။။။
      ပုံတွေနဲ ့..ပို စ့်တင်ရတာဆို…ပိုလို ့တောင် ခက်သေးတာ…

      အဟုတ်ပါပဲဗျာ…

  • Ko chogyi

    July 24, 2014 at 8:54 pm

    မကြာမှီ လာမည် မျှော်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်

  • black chaw

    July 24, 2014 at 8:57 pm

    မြန်ချင်ရင်
    Facebook ထဲလာခဲ့ပါ…။
    အဲဒီမှာလည်း မန်းဂဇက် ရွာကြီးရှိတယ်လေ…။
    ပို့စ်တွေလည်း တင်လို့ရတယ်…။
    Facebook ထဲမှာ တွေ့ကြမယ်နော်…နော်…။
    😀

    • alinsett (gazette)

      July 25, 2014 at 2:50 pm

      လေးဘလက် ။။။။
      အမှန်အတိုင်းပြောရရင်… ကျနော်က ဖေ့ဘုတ်ပေါ်မှာထက်.. ရွာမှာ..ပိုပျော်တယ်…

  • ခင် ခ

    July 24, 2014 at 9:06 pm

    ရွာထဲရောက်ဖို့ အတော်ကို အဝိုင်းလည်တာ စောင့်ရတာတော့ အကျင့်ကိုပါသလိုဘဲဗျ
    ဟို တပ်တွေမှာလို စက်ဘီး ဆိုင်ကယ်ဆင်းတွန်းပြီးဝင်ပါဆိုသလို နင်းသွားရင် တစ်မနစ်တောင်မကြာလောက်ပေမယ့် ဆင်းတွန်းလိုက်ရတော့ ၁ဝ မိနစ်လောက်ကြာသလိုဖြစ်နေ တာမျိုးပေါ့ဗျာ။
    ရွာ လည် နေ တယ် စ ကား နဲ့ ညီ တယ် လို့ ဘဲ မှတ် ပေါ့ လေ

    • alinsett (gazette)

      July 25, 2014 at 2:51 pm

      လေးခ ။။။
      ဟုတ်သားပဲ… ရွာလည်တယ်..လည်တယ်. ဆိုတဲ ့ စကားနဲ ့..ညီနေတဲ့အဖြစ်ကိုး…ဗျ…

      :mrgreen:

  • အရီးခင်

    July 24, 2014 at 10:06 pm

    မြန်မာပြည်ထဲ အဝင်မှာ ရွာ လမ်းအကျယ် ရဲ့ ကိုတာ ကို ကျဉ်းပစ် နိုင်တယ်လို့ ကြားဖူး သလားလို့။
    ဝုတ်မဝုတ် တော့ ဆိုင်သူများ သာသိမည်။
    ဖွင့်ပေးထားတာဘဲ ကျေးဇူးကြီးတင်ရသေး။

    မနေ့က အတိုက်ခိုက် ခံ ရအပြီး ဒီနေ့ နဲနဲ ပိုမြန် လာသလိုဘဲ။ အထင်။ :-)))

    • alinsett (gazette)

      July 25, 2014 at 2:54 pm

      ချစ်သော အရီးခင် ။။။။

      ဟုတ်တယ်နော်…
      မနေ ့က… ရွာ လုံးဝ ဝင်မရအပြီးမှာ…
      ဝင်လို ့ပြန်ရတော့…ပိုမြန်နေတယ်.. ။
      ဒါ…ဝမ်းသာစရာပဲ.. ။
      ရွာ အဝင်လမ်းလေး..ချောမွေ ့နေရင်..ပျော်တယ်ဗျာ.. ။

  • ဦး ဂျစ်

    July 24, 2014 at 11:03 pm

    ဟုတ်ပဗျား ….. ဒီနေ့ အဖို့ အဖြစ်က မနှစ်ကနဲ့ မတူ ဖြစ်နေပါပြီ …
    မန့်ချင်တာလေးတွေတောင် ဘယ်ပျောက်သွားတယ် မသိဘူး …
    မှန်တာပြောပါတယ် … ကွန်မန့်ရေးဖို့ Login လုပ်ရတာ ၁ဝ မိနစ်အချိန်ယူလိုက်ရပါကြောင်း ….။

    • alinsett (gazette)

      July 25, 2014 at 2:58 pm

      ဦးဂျစ်….. ။။။။
      ဘယ်လောက် အချိန် ယူရ ယူရ…
      အရောက်တော့… လာကြရတာပဲ..နော်..
      ချစ်တာကိုး… ။

  • naywoon ni

    July 24, 2014 at 11:10 pm

    ဘယ်​လိုပဲဖြစ်​ဖြစ်​ ​ရောက်​​အောင်​​တော့ လာကြတာပဲမဟုတ်​လား သံ​ယောဇဉ်​ သံ​ယောဇဉ်​ ​လေ ။
    ဝင်​မရတာ အပြစ်​မ​ပြောပါနဲ့ကွယ်​ ။ တို့မန်​းဂဇွတ်​ တက်​ကို ဖွင်​့လိုက်​တာနဲ့ တက်​​နေတဲ့ လိုင်​းကျကျသွားတာရယ်​ ။ ဂယ်​ပဲ ဂယ်​ပဲ အဟုတ်​ ။ ဖုန်​းနဲ့က ဘယ်​လိုဖစ်​ပန်​တယ်​မသိ ။ တစ်​ခါဝင်​ တစ်​ခါ လိုဂျင်​ဝင်​​နေရ ။ စိတ်​က မရှည်​ ။

    • alinsett (gazette)

      July 25, 2014 at 8:16 am

      remember password ဆိုတဲ့အကွက်လေးထဲမှာ အမှတ်လေး ခြစ်ထားကြည့်ပါလား အဘနီ
      ကျနော့် ဖုန်းနဲ့ကတော့ အဲ့လို အမှတ်ခြစ်ပြီး တစ်ခါဝင်ထားတာ
      နောက် ဘယ်အချိန် ဖွင့်ဖွင့် (log out မလုပ်မချင်း)
      logged in အဆင်သင့်ပဲ

      ဖုန်းတစ်ခုနဲ့တစ်ခု တူ မတူက ရှိသေးတယ်။

  • Kaung Kin Pyar

    July 25, 2014 at 9:13 am

    ရွာအဝင်လမ်း ဗွက်ပေါက်နေတယ်…..(မိုးတွင်းမို့ပါ..:-D)
    မနေ့က ဝင်မရလို့ ဖဘမှာတောင် တက်အော်ကြသေးးးးး
    ဝင်ချင်တဲ့ရွာသားတွေလဲ ဓားတောင်ပဲ ကျော်ရကျော်ရ..မီးပင်လယ်ပဲဖြတ်ရဖြတ်ရ…။ ကွန်နက်ရှင်ကိုပဲ ကျိန်ဆဲရကျိန်ဆဲရ…
    ဒီလို လိန်ပိန်လိန်ပိန်နဲ့ပဲ ရွာကြီး ဘယ်နှနှစ်ရှိပလဲ……

    :mrgreen:

    • alinsett (gazette)

      July 25, 2014 at 3:04 pm

      ကောင်းကင်ပြာရေ ။။။။
      ညန်မာပြီ ကွန်နက်ရှင်ကို…ကျိန်ဆဲရတာတော့…အာတွေတောင်..
      ညောင်းနေပြီဗျာ.. ။

      😆

  • Yae Myae Tha Ninn

    July 25, 2014 at 9:24 am

    ကြမ်းမကြမ်းတော့ မသိဘူး.. မနေ့ တမနက်လုံး.. ဖွင့်မရဘူး… 🙁

  • Yae Myae Tha Ninn

    July 25, 2014 at 10:51 am

    ဂဇက်က ဖွဘုတ်ရှိသေးလို့လား.. ပြောကြပါဦး.. ဒီတခါ ကိုယ်ညံ့သွားပြီ… 🙁

  • Nyo Win

    July 25, 2014 at 12:21 pm

    ဟေဟေးးးးးးးးးမယုံမရှိနဲ ့ နေ ့တဝက်လောက်ကြာတယ်..ဒါတောင် PC နဲ ့..
    အခုတော့ မဆိုး…

    • alinsett (gazette)

      July 25, 2014 at 3:07 pm

      ဦးဦးညိုဝင်း..ရေ ။။။။
      အခု…တော်တော်..ဂွတ်နေတယ်..ဂျ ။

      :mrgreen:

  • ရွှေတိုက်စိုး

    July 25, 2014 at 2:29 pm

    အမလေး ကွာ အဝင်အထွက်ခက်တာများ… ဖြေရှင်းရလွယ်လွယ်လေး…
    ဝက်ဘ်ဆိုဒ်တော့မသိဘူး… ဟိုရုံးတွေမှာဆို အဝင်အထွက် ခက်လို. အာဒကေလေး… ပေးလိုက်ရင် ချောလို…. ဟိဟိဟိ
    တဂျီးလဲ အာဒကေလိုချင်လို.လားမသိ…. ခိခိခိ

    • alinsett (gazette)

      July 25, 2014 at 2:34 pm

      လောလောဆယ်တော့… သူပဲ…ပေးနေရတာပဲတွေ ့တယ်နော်…တိုက်တိုက်
      ကြည့်ရတာ… တစ်ခုခုပဲ..
      အဟိ…

      ရွာအဝင်မကောင်း…သူကြီးဂေါင်း

      :mrgreen:

Leave a Reply