ရွှေအကြောင်းသိကောင်းစရာ ၁၁၂,၁၁၃,၁၁၄,၁၁၅

Zaw AungJuly 24, 20141min1293

ရွှေအကြောင်းသိကောင်းစရာ(112)
Spot Gold Price ဆိုတာဘာလဲ Gold Price နဲ့ဘာကွာလဲတဲ့ ကျွန်တော်သိသလောက် ရှင်းပြပါမယ်။မှားတာရှိလဲပြင်ပေး
လိုတာရှိလဲဖြည့်ပေးပေါ့ဗျာ ဗမာပြည်မှာရွှေဈေးအမျိုးမျိုးရှိပါတယ်။ ၁၅ ပဲရည်ဈေး အခေါက်ဈေး အကယ်ဒမီဈေး
ဘသန်းဈေး မန်းကြားဈေး မော်ကြားဈေးစသဖြင့်ပေါ့။ အခုအင်တာနက်မှာ facebook မှာတင်နေတဲ့ရွှေဈေး အားလုံး
နီးပါးက အကယ်ဒမီဈေးပါ။ အကယ်ဒမီဈေးမှာထပ်ပြီး ရေမြန်ဈေးနဲ့ လမ်းကြောင်းဈေးဆိုပြီး ထပ်ကွဲပါတယ်။
ရေမြန်ဈေးဆိုတာက အရောင်းအဝယ်သဘောတူပြီးတာနဲ့ ချက်ချင်းတစ်နာရီအတွင်း ပစ္စည်းပေးငွေချေလုပ်ရတာပါ။
လမ်းကြောင်းဆိုရင်တော့ ညနေ ၅ နာရီမှာလုပ်ရတာပါ။ နိုင်ငံခြားကရွှေဈေးတွေကတော့ spot gold price, future
gold price, CFD gold price(contract for difference), paper gold price စသဖြင့်ပေါ့။
ရွှေအကြောင်းသိကောင်းစရာ(113)
(စဉ် 112 မှအဆက်)
spot gold price ဆိုတာက မြန်မာပြည်က ရေမြန်နဲ့ဆင်ပါတယ် အရောင်းအဝယ်သဘောတူပြီးတာနဲ့ အမြန်ဆုံးငွေချေ
ပစ္စည်းယူလုပ်ရတဲ့ ဈေးနှုန်းပါ အမြန်ဆုံးဆိုတာ ကုမ္မဏီတစ်ခုနဲ့တစ်ခုကွာပါတယ် နှစ်ရက်အတွင်း လို့ သတ်မှတ်တဲ့
ကုမ္မဏီရှိသလို တစ်လအတွင်းလို့ သတ်မှတ်တဲ့ကုမ္မဏီရှိပါတယ်။ အဲဒီကုမ္မဏီကြီးတွေမှာ အရောင်းအဝယ်လုပ်ချင်ရင်
အသင်းဝင်ရပါတယ်။ ရန်ကုန်တိုင်း ရွှေကုန်သည်များအသင်းမှာ အရောင်းအဝယ်လုပ်ချင်ရင် အသင်းဝင်ရသလိုမျိုးပေါ့။
အသင်းမဝင်ထားတဲ့သူတွေက ပွဲစားနဲ့တဆင့်ခံပြီး ဝယ်ရောင်းလုပ်ရပါတယ် အကြီးဆုံးကုမ္မဏီက COMEX မှာ New
York မှာရှိပါတယ် NYMEX ရဲ့ကုမ္မဏီခွဲတစ်ခုပေါ့။ ကမာ္ဘ့ဈေးဆိုတာ သူ့ဆီမှာအရောင်းအဝယ်ဖြစ်နေတဲ့
ဈေးပါပဲ။ စက္ကန့်နဲ့အမျှပြောင်းနေပါတယ်။
ရွှေအကြောင်းသိကောင်းစရာ(114)
(စဉ် 113 မှအဆက်)
Future gold price ဆိုတာကလာမယ့် လတစ်လကိုသတ်မှတ်ပြီး အဲဒီလမှာအပေးအယူလုပ်မယ့် (payment and
delivery) ဈေးနှုန်းပါ December Gold Price, (futuregold price (Dec) အဲလိုမျိုး အချိန်ကာလထည့်ရေးပါတယ်။
စည်းမျဉ်းစည်းကမ်းတွေကတော့ ကုမ္မဏီတစ်ခုနဲ့တစ်ခု ကွဲပြားကြပါတယ် 10% ကြိုသွင်းထားရတာရှိသလို 50%
ကြိုသွင်းထားရတာမျိုးလည်းရှိပါတယ် CFD gold price ဆိုတာက contract for difference ပါ ရွှေပေးစရာမလို
ငွေအပြည့်ချေစရာမလိုဘဲ ဈေးအပြောင်းအလဲပေါ်က အကွာအဝေးအရှုံးအမြတ်ကိုအပေးအယူလုပ်တာပါ margin
trading , spot deferred trading , paper gold trading , account to account trading လို့လဲခေါ်ကြပါတယ်။
ဒီနည်းဟာပုံမှန် အရောင်းအဝယ်ထက် အဆများစွာပိုအလုပ်ဖြစ်ပါတယ်။ ဒီနည်းနဲ့အရောင်းအဝယ်လုပ်တဲ့
ကုမ္မဏီတွေလဲပိုများပါတယ် ဒီမှာလူသိများတာကတော့ igmarkets.comပေါ့။
ရွှေအကြောင်းသိကောင်းစရာ(115)
(စဉ် 114 မှအဆက်)
ကမာ္ဘ့ရွှေဈေး စနေနေ့မှာပိတ်တဲ့အခါ website တစ်ခုနဲ့တစ်ခု သတင်းဌာနတစ်ခုနဲ့တစ်ခု မတူတာကို facebook ပေါ်မှာ
အငြင်းအခုန်ဖြစ်တာ တွေ့ဖူးတယ်။ ရွှေဈေးဖော်ပြတဲ့နေရာမှာ အရောင်းအဝယ်လုပ်တဲ့ site တွေက ရောင်းဈေးဝယ်ဈေး
ဖော်ပြပြီး အရောင်းအဝယ်မလုပ်ဘဲ သတင်းဖော်ပြတဲ့ site တွေက average ဈေးတစ်ခုတည်းကိုဖော်ပြပါတယ် kitco
site မှာဆိုရင် အရောင်းအဝယ်လုပ်တဲ့ page ကိုဝင်ကြည့်ရင် ရောင်းဈေးဝယ်ဈေး တွေ့ရမှာဖြစ်ပြီး သတင်းပြတဲ့ page
ကိုဝင်ကြည့်ရင် average ဈေးတစ်ခုတည်းကို တွေ့ရမှာဖြစ်ပါတယ်။ ရန်ကုန်ဈေးကို ရန်ကုန်တိုင်းရွှေကုန်သည်
အသင်းဆီက အဓိကယူကြသလို ကမာ္ဘ ့ဈေးကိုလဲ COMEX, New York ကအဓိကယူကြပါတယ် goldprice.org က
comex မှာ ၂ မိနစ်အတွင်းဖြစ်ခဲ့တဲ့ဈေးကို average တွက်ပြီးဖေါ်ပြတယ်လို့ဆိုပါတယ်။

3 comments

  • အရီးခင်

    July 24, 2014 at 10:05 pm

    မြန်မာပြည် ရွှေဆိုင် တွေ ကမှ တကယ် လူစည် တာပါ။
    ဒီမှာတော့ ရွှေဆိုင် သီးသန့် ရယ်လို့ မတွေ့ဘူး ဘဲ နာရီ နဲ့ ဆွဲကြိုး၊ လက်ကောက်၊လက်စွပ် တွဲရောင်းတဲ့ ဆိုင်တွေဘဲ အတွေ့များတယ်။
    လက်စွပ်၊ လက်ကောက် မှာ ရွှေက 9ကာရက် တို့ 18ကာရက် တို့ သုံးတယ်။
    24ကာရက် ကတော့ အစစ် ထင်တယ်။
    9ct gold is 375 parts gold per thousand parts.
    18ct gold is 750 parts per thousand.
    24 carat gold is pure gold. လို့ တွေ့လို့။

    မြန်မာပြည်မှာတော့ ဘယ်နှစ် ရွေး လို့ သုံးတာနော်။
    အဲဒါ ဘယ်လို ချိတ်ဆက် မလဲ ရှင့်။

    ဒီမှာ ဥပမာ – “9ct yellow gold and diamond bracelet” ဆို ပေါင် ၅၀၀၊ ၆၀ဝ လောက် ရှိတယ်။
    “Tresor Paris 18ct yellow gold-plated crystal bangle” တဲ့။ ပေါင် ၇၀။

  • Zaw Aung

    July 25, 2014 at 6:32 am

    24 carat = 100% pure gold
    9 = 37.5%
    18 = 75%
    16 ပဲရည် = 100%
    12 = 75%

  • ခင် ခ

    August 7, 2014 at 3:58 pm

    အခေါက်ရွှေဆိုတာက 24 carat = 100% pure gold ဘဲလားဟင်။

Leave a Reply