“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်လေး)

“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ”
(အမှတ်လေး)

ကျနော် တို့ တက္ကသ ိုလ် စာပေးစာယူ တက် တဲ့ နှစ် တွေ က ပျော် စရာကောင်း ပါတယ်။
ဒါပေမယ့် စိတ်ညစ်စရာ တစ် ခု ကေ တာ့ သင်ရိုးညွှန်းတန်း စာအုပ်တွေအပြည့် အစုံ မရ
တာပါ။
ပထမ ဆုံးအကြိမ်ဖွင့် တဲ့ စာပေးစာယူ သင် တန်းမှာ ဖတ်စာအုပ်အပြည့် မရ တော့
ကျောင်းသူ ကျောင်းသားအချင်းချင်း စာ အုပ်တွေ တစ်လှည့် စီပြန်ငှားပြီး
စာစဉ်တွေဖြေကြ ရပါတယ်။
အဲဒီတုန်းက ပေး တဲ့ စာစဉ် ဖြေရ တဲ့ စာရွက်တွေက ကြွေရောင်
စာရွက်အကောင်းစားတွေပါ။
(နောက်ပိုင်းတော့ စက္ကူ အညိုတွေဖြစ် သွားပါတယ်)
စာပေး စာယူ သင် တန်း ကို ဘယ်သူတွေ လာ တက်သလဲဆိုတော့
အလုပ်လုပ်ရင်းကျောင်းတက်ချင်သူ၊
အစိုးရဝန်ထမ်းလုပ်နေသူ
ပွဲရုံဖွင့် ထားတဲ့သူ
ဈေးချို ထဲ မှာဆိုင်ဖွင့် ထားတဲ့ သူ
အိမ်အလုပ်ကိုကူ လုပ်ေ နရ တဲ့ သူ
နေ့ကျောင်းကို နေ့စဉ် သွားမ တက် ချင် တဲ့ သူ၊
အသက်ကြီးမှ ဆယ်တန်းအောင်လို့ ကလေးတွေ နဲ့ ရောပြီးကျောင်းမတက်ချင်သူ၊
နယ်က နေ ပြီး မန္တလေး တက္ကသိုလ်မှာ အဆောင်နေ ကျောင်းသားအဖြစ်လာ မနေချင်သူ
တွေအားလုံးဒီ စာ ပေး စာ ယူ သင် တန်း မှာ လာ စု ပါ တယ်။
နှစ်စဉ် ဒီဇင်ဘာလ ပုံ မှန် တက္ကသိုလ်တွေပိတ်ချိန်မှာ
စာပေးစာယူ အနီးကပ် သင် တန်း ဖွင့်ပါတယ်။

လုပ်ငန်းခွင် ထဲ က လူ တွေ ဆို တော့ အသက်ကြီး သူ ရော ငယ် သူ ပါ အပျို လူ ပျိုရော အိမ်ထောင်သည် ပါ လေ တော့ လူ စုံလှ ပါတယ်။
ဘဝ လုပ်ငန်းခွင်ထဲက လူ တွေ က တက္ကသိုလ်လာ တက်တော့
တ ကယ့် ကို လူ ငယ် လေး တွေ လို တက် တက်ကြွကြွ။
မနက်ပိုင် း စာ သင် ညေ န ပိုင်း လက်တွေ့လုပ်နဲ့ အတော် ကြီး ကိုပျော်စရာကောင်းခဲ့ပါတယ်။
ဆောင်းနှင်းတွေ ဝေ နေ ချိန် မှာ မန်းလေး တက္ကသ ိုလ် ကို တက် ခဲ့ ရတာ ကို တော့ မမေ့ နိုင်စရာ။
တက္ကသိုလ်စာပေး စာယူ သင် တန်း တက် တဲ့လူတွေက ဝန်ထမ်း တွေများပါတယ်။
နောက် ပြီး ပ ထမ ဆုံးအ ကြိမ် စာ ပေး စာ ယူ သင်တန်းဆိုတော့ ရောက် လာတဲ့ ကျောင်း သား
ကျောင်းသူတွေမှာ စကာလုံးအသစ်အဆန်းများနဲ့ အတော် ကို အခက်အခဲတွေ့ ခဲ့ ကြ တာအမှန်ပါဘဲ။
အထူး သဖြင့် သချင်္ာ မှာ ဆိုရင် ဒစ်ဖရင်ရှိတ် တို အင် တီ ဂရိတ် ဆို တဲ့ စကားလုံးများနဲ့ တွေ့ တော့
ဂျွမ်းပြန် ကုန် ကြ တာ အမှန် ပါဘဲ။
ဒါ ပေ မယ် လဲ အဲ ဒီအချိန်မှာ က တည်း က အနီးကပ်ကျူရှင်တွေရှိ နေ ပါပြီ။
မြို့ မှာ နေတ ဲ့ သူ တွေက နယ် မှာ နေတ ဲ့ လူ ထက် စာရင် တပန်းသာပါတယ်။
မသိ တာ ရှိ ရင် ကိုယ်နဲ့ နီးစပ်တဲ့ တက္ကသိုလ်က ဆရာ ဆရာ မတွေ ဆီက နေ
ကိုယ့်ထက် စောပြီး တက္ကသိုလ်ရောက်နေတဲ့ လူတွေ ကို မေးမြန်းခွင့် ရတော့
အတော်လေးကိုအဆင်ပြေခဲ့ပါတယ်။
ကျနော်တို့ ပထမ နှစ် တက် တဲ့ အချိန်မှာလဲ တက္ကသိုလ်များထုံးစံ အတိုင်း
ကျောင်းသား က ဆရာ ရှိ တဲ့ နေရာ ကို သွားပြီး စာ သင်ရ တယ်ဆိုတော့
တစ်ဘာသာ သင်ပြီးရင်နောက်တစ်ဘာသာ သင် ဘို့ စာသင်ခန်းပြောင်းရ
ခုံ နေ ရာ ဦး ရ ဆို တော့ ကလေးေ တွလို ပျော်စရာကောင်းလှ ပါတယ်။
ပျော်လဲပျော် မော လဲ မော နဲ့ စာမေးပွဲဖြေခါနီးတော့ စာတွေအသဲအသန်
ကျက်ရ ပါတယ်။
ဒါပေမယ့် ခြေ ချော် လက်ချော် များ စာမေးပွဲကျ ခဲ့ မယ်ဆိုရင်
တစ်ဘာသာ နှစ်ဘာသာ လောက်ဘဲကျ ခဲ့ ရင် ဆပ်ပလီ ခေါ်တဲ့
နောက်ဆက်တွဲ စာမေးပွဲ ကို ဝင်ဖြေခွင့် ရှိ ပါတယ်။
ပ ထမ နှစ် ဒု တိယ နှစ် မေဂျာ မခွဲ သေး။
အားလုံး စု တက်။
ဒု တိ ယ နှစ် ကျ မှ မေဂျာ ခွဲ တာပါ။

အဲဒီခေတ်ကာ လ က တက္ကသိုလ်မှာ နယ်ပေါင်းစုံက လာ တက် ကြ ရ ပါတယ်။
ကျနော် တို့ နှစ် က တကယ် ့ ကို နေရာ စုံ နယ် စုံ ဒေသ စုံ။
ဖလမ်း တီး တိ န် ဟားခါ း က လူ ပါတယ်
မြစ်ကြီးနားကလူ ၊မိုုးကုတ် ကလူ၊
မိုးမိတ်ကလူ၊မုံရွာကလူ
ကျောက်ပန်းတောင်းကလူ၊ပြင်ဦးလွင်က လူ ၊လားရှိုးကလူ နယ် ပေါင်းစုံ ကလူ အစုံ ပါ ပါ တယ်။
အဲ တော့ ကျနော်မှာ နယ် ပေါင်း စုံ က မိတ်ဆွေ တွေ နဲ့ ဆုံခဲ့ ရပါတယ်။
အဲဒီစံနစ်ကိုကျနော်က တော့ တကယ် သဘောကျ ပါ တယ်။
ဒေသစုံ နယ်ပယ်စုံကလူတွေ တက္ကသို်လ်မြေမှာလာဆုံကြတော့
မိတ်ဆွေ တိုး ပါ တယ်။
ကြီး ကြီး ကျယ်ကျယ် ပြောရရင်တော့ မြေ ပြန် နဲ့ တောင်ပေါ်ကလူတွေ
အချင်းချင်း တက္ကသိုလ်မြေမှာဆုံ တော့ ချစ် ကြည်ရင်းနှီးမူ့ ရ ပါတယ်။
တစ်နည်းပြောရင်း တိုင်းရင်းသားအချင်းချင်း စည်းလုံးရေး ကို
တက္ကသိုလ်မြေမှာ အရယူလိုက်ကြတာပါဘဲ။
အခု ခေတ်မှာတော့ ကိုယ့်ဒေသမှာ ဘဲ ကိုယ်ကျောင်းတက်ရ တော့
ကုန် ကျ စား ရိတ် နည်းနည်းနဲ့ အိုးမကွာအိမ်မကွာကျောင်းတက်နိုင်တာမှန်ပေမယ့်
ကျနော်တို့ ခေတ် ကလို နယ် မြေ ဒေသ အစုံက မိတ်ဆွေ တွေ မရ ကြ တာ အမှန်ပါဘဲ။
ကိုယ်မြို့ ကိုယ့် ရွာ ဒေ သ ကျဉ်းကျဉ်းလေးမှာဘဲ ကျင် လည် ရ တော့
အသိအမြင် ဗဟုသု တ နည်း ပါး
မိတ်ဆွေနည်းပါးသွားတာတော့ အမှန်ပါဘဲ။
(အမှန် ကတော့ ကျောင်းသား တွေ ကို လူ စု ကွဲ စေချင်လို့
ကောလိပ်တွေ တက္ကသိုလ်တွေ ကို နေရာ အနှံ့အပြားမှာ
တည်ထောင်ပေးလိုက်တာပါ။
အဲဒီ လုပ်ရပ် ရဲ့ အကျုးိ ဆက်ကတော့ တိုင်းရင်းသားညီအကိုမောင်နှမ အချင်းချင်း
ဆုံတွေ့ ခွင့် မရ တော့ တဲ့ အတွက် စည်းလုံးညီညွတ်မူ့ အလိုလိုပျက်ပြားသွားတာပါဘဲ)

ကျနော်တို့ တက္ကသိုလ် ကျောင်းသားဘဝက ကျောင်းထဲမှာ
လက်ဖက်ရည်တစ်ခွက်ပြားငါးဆယ်(ပြား၅၀)
နံပြားတစ်မတ် အီကြာကွေးတစ်မတ်။
မြေပဲဆံ ကြော်တွေ အများကြီးပါတဲ့ ထမင်းသုတ် တစ်ပွဲတစ်ကျပ်။
ခေါက်ဆွဲကြော် တစ်ပွဲ သုံးကျပ်က ကြက်ဥတစ်လုံးပါ ပါတယ်။
အကြော်နဲ့ကောက်ညှင်းပေါင်း တစ်ပွဲ မှ ပြားငါးဆယ်ဆို တာကို
အခု ခေတ် ကလေးတွေကြားရင် ရီကြ မယ်ထင်ပါတယ်။
********************************************************
အဲ ဒီ အချိန်က ပပ က ခေတ် သ မ ဝါ ယ မ ခေတ်ပါ။
ရပ်ကွက်တိုင်း ရပ် ကွက် တိုင်း မှာ သမဝါမ ဆိုင် အရပ်အခေါ် “ပပက” ဆိုင်တွေရှိပါတယ်။
အဲ ဒီအ သင်း ကို အိမ်ထောင်စု ဇယား လို့ ခေါ် တဲ့ ပုံ စံ -၁ဝ ရှိသူတိုင်းဝင်ခွင့် ရပါတယ်။
အဲဒီအိမ်ထောင်စု ဇယား ထဲ မှာ ရှိ တဲ့ စာရင်း အတိုင်း ဆန် ဆီ ဆပ်ပြာ သွားတိုက်ဆေး
အစ ရှိ တဲ့ လူ သုံးကုန်ပစ္စည်းတွေကို ထုတ်ပေးပါတယ်။
အဲဒီအချိန်က အစုးိရ ထုတ်တဲ့ပစ္စည်းတွေရဲ့ အရည် အသွေး က တကယ့်ကိုစံချိန်မှီပါတယ်။
သွားတိုက်ဆေးဆိုလဲ ပက်ဆိုးဒင့် သွားတိုက်ဆေး က စံ ချိန်မှီ
ရွှေဝါ ဆပ် ပြာ ဆိုရင် လဲ တကယ်ကောင်း
(အဲဒီအချိန်က ရွှေ ဝါ ဆပ်ပြာ တစ် ဖြတ် ကအခု ရွှေဝါဆပ်ပြာရဲ့ ၂ဆရှည်ပါတယ်)
မြန်မာ့ ဆေးဝါးလုပ်ငန်း စက်ရုံ BPI က ထုတ်တဲ့ ဆေး ပစ္စည်းတွေဆိုရင်လဲ
အရည်အသွေးပြည့်မှီပြီး တကယ်ကောင်း ခဲ့ ပါတယ်။
ဒါ ပေမယ့် လဲ ပြည်သူ ပြည်သားများ သုံးစွဲဘို့ လုံလောက်အောင်
လောက်ငှအောင်ထုတ်လုပ်မပေးနိုင်ခဲ့တဲ့ အတွက်
ဒီပစ္စည်းတွေက မှောင်ခို ဈေး ကွက်ကိုရောက်ကုန်ပါတယ်။
ပပက က ခွဲ တမ်း နဲ့ ပေး တဲ့ ပစ္စည်းတွေကို ဆင်းရဲသားအများစုက
မသုံးနိုင်တော့ အမြတ် ပေး ပြီးေ ကာက် တဲ့ သူဆီကိုရောင်းစားကြရပါတယ်။
စာအုပ်တွေ ကို ပစ္စည်းကောက်တဲ့သူဆီမှာ ကြိုတင်ငွေယူပြီးပေါ်င်ကြ ပါတယ။်
အဲခေတ်က တော့စားစရာ ဆန် ကတော့ ခွဲတမ်းနဲ့ပေးတော့ မလောက်ပါဘူး။
ဒီတော့ အပြင်ကနေ ဈေး ကြီးပေးစားရ ပါတယ်။
ဆိုရှယ်လစ်စံနစ်ရဲ့အရသာ ကတော့ ကျပ် တည်း ခြင်း မ လုံ လောက်ခြင်း
ဆို တာကို ကျနော် တို့ နဖူးတွေ့ ဒူး တွေ့ တွေ့ ခဲ့ ရတာ အမှန်ပါဘဲ။
မှတ်မှတ်ရရ ကျနော် တို့ ငယ်စဉ်က အိမ်မှာ ထမင်းဟင်းချက်တာ မီးသွေး
မသုံးနိုင်ပါဘူး။
ထင်းလဲ မသုံးပါဘူး။
အိုးတွေညစ်ပတ်လို့ပါ။
အိမ်တိုင်းလောက်ကေ ရ နံ ဆီ မီးဖို ကို သုံးကြ ပါတယ်။
ရေနံ ဆီ ကို တိုင်မှာ သွားတန်းစီရပါတယ်။
တစ်ခါတန်း စီရင် တစ်ဂါ လံ ရ ပါတယ်။
တစ်ဂါ လံ ကို တစ် ကျပ် ။
နေ့ တိုင်းတော့ မပေး ပါ ဘူး။
ကျနော် တို့ ကျောင်းပိတ်ရက်မှာလည်ချင် ရင် အိမ် ကိုရေနံဆီတစ်ဂါလံ
ရအောင်တန်းစီပေးပြီးမှ လည် ရပါတယ်။
အဲဒီအချိန်ကတော့ ဆိုရှယ်လစ် စံနစ်ရဲ့ အနှစ်သာရ ပုံရိပ်အဖြစ်
ဘာလုပ်လုပ် တန်း စီ ရတာပါဘဲ ။
ရုပ်ရှင်လက်မှတ်၊မီးရထားလက်မှတ်၊ရေနံဆီ၊ဘာဖြစ်ဖြစ်တန်းစီ။
အဲ့ တော့”တန်းစီ တိုးစား” ဆိုတဲ့ဝေါဟာရ အသစ်တစ်ခု ရယ်
“မှောင်ခို “ ဆိုတဲ့ စကားလုံးနှစ်ခု ကတော့ ဆိုရှယ်လစ်စံနစ်ရဲ့ အသီးအပွင့်လေးပါဘဲ။
အဲဒီခေတ်က သမဝါယမ လူ ကြီး တို့ ပပက စာရေးတို့ ရွှေဖြစ်တဲ့ခေတ်ပါဘဲ။
မ လောက် င လို့ မဲ့ နိူက်ပြီး ပေးတဲ့ ပစ္စည်းကောင်းမှန် သမျှ က အဲဒီသူတွေ
ယူပြီးလို့ ပိုမှလျှံမှရ တာပါ။
တက်ထရွန်ပိတ်စ တို့ မောင်ဗမာစက်ဘီးတို့ ဓါတ်ဘူးတို့
ဘီပီအိုင်ဆေး လို ပြန် ရောင်းစားရင်မြတ်တဲ့ပစ္စည်းကတော့
တကယ့် ကို “လူကြီးသုံးပစ္စည်း”တွေဖြစ်ခဲ့ တာအမှန်ပါဘဲ။

ကျနော် ပ ထမနှစ် တက် အ ပြီး မှာေ တာ့ အမေ နဲ့ အတူ ဈေး အ ရောင်း အဝယ် လိုက် ရ ပါတယ်။
ပပကဆိုင် တစ်ဆိုင် က ရ တဲ့ ခွဲ တမ်းတွေ ( ဖယောင်းတိုင်၊ရွှေဝါ ဆပ်ပြာ ၊ ပတ်ဆိုးဒင့်သွားတိုက်ဆေး၊
မွှေးဆပ်ပြာ၊ ကာ ဘော် လစ် ဆပ်ပြာ၊ ဗလာစာအုပ်)
စ တဲ့ လူ သုံး ကုန် ပစ္စည်းတွေကို ပြန် ကောက် ပြီး ဈေးထဲ သွင်း ရတာပါ။
တစ်ခါတစ်လေ မှာတော့ နယ် ကေ န လာ ပြီး ထုတ်တဲ့ သမဝါယမ က ပေးတဲ့
ပစ္စည်းတွေကို သူ တို ့ နယ် အထိ စားရိတ် အကုန်ခံပြီးပြန်သယ်မသွားတော့ဘဲ
မန္တလေးမှာ တင် ထုတ်ရောင်းပြီး အသင်းသားတွေကိုအမြတ်ဘဲခွဲပေးလိုက်ပါတယ်။
အဲလို ရောင်းမယ့် သူတွေဆီ ကလဲ ပြန် ဝယ် တာမျိုးလဲရှိပါတယ်။
အဲလို တစ်လုံးတစ်ခဲ ထဲ ရ တဲ့ နေ့ ဆိုရင်တော့ အူ စိုတဲ့ နေ့ပါဘဲ။
ပုံမှန်ကတော့
မ နက် ပိုင်း ပပ က ဆိုင် တွေ လိုက် ကောက် လာ သွင်း တာတွေ လက်ခံ
ည နေပိုင်းရောက်ရင် ဈေး ချို ထဲက ဆိုင် တွေ ကို ပြန် ပြီး ရောင်း ရ တာပါ။
အဲဒီအ ထဲ ကမှ ဆပ်ပြာ အကျုးိ တွေ သွားတိုက်ဆေးအပိန့် တွေကို
တကယ် သုံးမယ့် လူ တွေ ကို ပြန် ရောင်း ရ ပါတယ်။
ဒီ လို ပစ္စည်းတွေ ကောက်ပြီး ရောင်းတဲ့ အလုပ်က အမြတ်အ စွန်း မကြီးပေမယ့်
တကယ် ဝင် ငွေ ကောင်း ခဲ့ပါတယ်။
အမေ နဲ့ ဈေး အ ရောင်း အဝယ် လိုက် ရ တာကို ကျနော်ပျော်ပါတယ်။
လူ က တော့ တစ်နေကုန် မအားရ ။
ဟိုပြေးလိုက်ဒီပြေးလိုက်။
လက်ဖက်ရည်ဆိုင်ထိုင်လိုက်နဲ့။
ဒါပေ မယ့် ဒီ အလုပ် ကို သိပ် အကြာ ကြီး မ လုပ် လိုက် ရ ပါ။
အဖေက ဒီ အလုပ် လုပ် တာ မကြိုက်လို့ ပါ။

အဖေ့ ဘက်ကတော့ ပညာ တတ် တွေ များ ပါ တယ်။
ကျောင်းဆရာ ကျောင်း ဆရာ မ တွေ ရုံးစာရေးတွေ။
အစိုးရ အလုပ် ကို အိန္ဒြေရရ လုပ် ပြီး
သပ် သပ် ရပ် ရပ် နဲ့ နေ မယ်။
အဆင့် အတန်း တစ် ခု နဲ့ လူ ရို သေ ရှင်ရို သေ နေ မယ်။
ဘဝ ကို အချိုးကျကျ ရင် ဆိုင် ဖြတ် သန်း မယ်။
ရ တဲ့ လခ ကို မဖြုန်းဘဲ ဝေပုံ ကျ ခွဲလို့
စနစ်တကျ ခွဲခြမ်း စိတ် ဖြာ ပြီး သုံးမယ်
ဆို တဲ့ အဖေ့ အသိုင်းအဝို်င်းက
ဒီ လို ပျံ ကျ ဈေး သည်အလုပ် ကို အား မ ပေး မ နှစ် သက်။
အဖေ့ အသိုင်းအဝိုင်းက ဒီ လို အလုပ်တွေ ကို အထင် မကြီး။
(ဇာတ်ကြောင်းပြန် လှန်ရ ရင်
ကျနော် အမေ တို့ မျုးိရိုးက ဈေး သည် မျုးိ ရိုး။
အရင်းများရင် တစ်နေရာ မှာ ထိုင် ဒိုင် လုပ်ပြီးပစ္စည်းကောက်မယ်။
အရင်း မရှိ ရင် ချိန် ခွင်တစ်ခုထန်းခေါက် တောင်း တောင်း တစ် လုံးနဲ့ မြို့ ပါတ်ပြီး ပစ္စည်းဝယ် မယ်
ငွေ ရှိ လာ ရင် သုံးချင် ရာ ကို အနှမျောမရှိ သုံးမယ်။
ချိန် ခွင်နဲ့ ထန်းခေါက်တောင်း ရှိ ရင် ပိုက်ဆံ ရှိ တယ်
ဆို တဲ့ စိတ် အတွေး နဲ့ ဘဝ ကို မောင်း နှင်ကြ သူ။
တကယ့်ကို မတူ ညီ တဲ့ ဘဝ နှစ ်ခု ပါ။

အမေ တို့ ဘက် ကဆွေမျိုး အတော်များများက
ပုလင်းခွံ အိတ်ခွံ ကောက် တဲ့ လုပ်ငန်း ကို လုပ် ကို်င် လာ ခဲ့ ကြ တဲ့သူတွေပါ။
ပုလင်းခွံ ပေါင်းစုံကိုဝယ် ကော့စတစ်ရေ နဲ့ ဆေး ပြန် ရောင်း။
ရှေး ခေတ်က ထည့် စရာ အိတ် ဆို တာ ကိုယ် လို ချင် တဲ့ အနေအ ထား ကို မရ နိုင် တော့
ကိုယ့် ဘာသာကိုယ် ဖန်တီးယူ ကြ ရပါတယ်။
သ တင် း စာ စက္ကူတွေ ဝတ္တု စာအုပ် တွေ ဝယ် အိတ် ဆိုက်ပေါင်းစုံ လုပ် ပြန်ရောင်း၊
ဘိလပ်မြေ အိတ် ခွံတွေ ဝယ် အိတ်လုပ် ကုန် မာ ဆိုင် တွေကို ပြန် ရောင်း
ဂုံနီအိတ်တွေဝယ် အိတ် သေး ၃ လုံးကို အိတ်ကြီး ၂ လုံးရအောင်ပြန် ချုပ်
အဲလ ို အလုပ် တွေကို ကျနော်ကလေး ဘဝ ကတည်းကလုပ် ခဲ့ရတာပါ။

နောက် အမေ ရဲ့ အဒေါ်တွေ က ဆေး လိပ် လိပ် တဲ့သူတွေ။
ကျနော်တို့ အဖွားလေးတွေ ဆို ရင် အိန္ဒိယလူ မျိုးတွေသောက်တဲ့
ဘီဒီ ဆေးလိပ် ကို အခ စား နဲ့ လိပ် တယ်။
အဲဒီ တုံးက နာ မယ် ကြီး တာ “မောင် လာ န ာဘီဒီ ဆေးလိပ်”
နဂါး ဒေါ်ဦး ရဲ့“နဂါး” ဆေးပေါ့ လိပ် တွေပါ။
အမေ က ဆေးလိပ် လဲ ကျွမ်း ကျွမ်း ကျင်ကျင် လိပ် တတ် ပါ တယ်။
နဂါးဆေးလိပ် ခုံမှာလဲ အမေ ကေ ဆးလိပ် လိပ် ဘူးတယ်။
ကျနော်တို့ မန်းလေး ၁၆လမ်း ထီးရိုးဝင်းမှာ နေတုန်းက
အိမ်မှာဆေးလိပ်ခုံထောင်တာကိုမှတ်မိပါသေးတယ်။
တံဆိပ်က “ပုလဲ” ဆေးလိပ်တဲ့။
ကျောင်းပိတ်ရက်များမှာဆိုရင် မန်းလေးတောင်ခြေကမန်းရာပြည့်ကွင်း
(အခု တိ ရိ စာ္ဆန်ဥယျာဉ်နေရာ)
အနောက်ဘက် အစပ်ကမန်ကျီးပင်တွေအောက်မှာဆေးရိုးသွားလှော် ကြ
ဆေးရိုးလှန်းကြ တာကို မှတ် မိပါသေးတယ်။
လူကြီးတွေက အလုပ် လုပ် ကျနော် တို့ မောင်နှမတစ်တွေက ဆော့။
မောရင်း ခြင်းကြီးနဲ့ ယူလာ တဲ့အစားအသောက်တွေစား။
ပြီးရင်ပြန်ဆော့ ။
ပြန်တွေးမိရင်လွမ်း စရာကြီး။
နောက်တော့ အကြွေး ကျ တာရယ် ငွေရင်းမနို်င်တာရယ်
ဆေးလိပ် ခုံကြီးတွေကို မယှဉ်နိုင်တာရယ်ကြောင့် တစ်နှစ်နီးပါး
လုပ်အပြီးမှာ ဆေးလိပ် လုပ်ငန်း အရင်းပြုတ်ပြီး ပျက်သွားပါတယ်။)

ကျနော်က အဖေရဲ့ အမျုးိ တွေ နဲ့ ဘဲ နေ တယ် ဆို တော့
အဖေ့ ရဲ့ အစီ အမံ အတိုင်းဘဲလိုက်နာ ရ ပါတယ်။
အတူ နေ အဖေက မကြိုက်ဘူး ဆို တော့
တကွဲ တပြား စီ နေရ တဲ့ အ မေ နဲ့ ဈေး ရောင်း ဈေးဝယ် မလို က် တော့ပါဘူး။

အ မေ နဲ့ ဈေး ရောင်း ဈေးဝယ် မလို က် ရ တဲ့ အခါ အဖေ့ စီစဉ်မူ့ အတိုင်း
ရုံးတစ်ရုံးမှာလုပ်အားပေး အဖြစ်သွား ရ ပါ တော့ တယ်။
အဲ ရုံး ကို ရောက် တော့ ကျနော် က တကယ် ကလေး ပါဘဲ။
၁၆နှစ်ကျော်ကျော် ကျ နော် က ဘာ လုပ် လုပ် ဖင် ပေါ့ ပြီး သွက် လက် တော့
တစ်ရုံးလုံး ရဲ့ လက်တို လက် တောင်း ခိုင်း စ ရာ ကလေး ပေါ့၊
ကျ နော် အဓိက လုပ် ရတဲ့ အလုပ်က ကျနော် တို့ နယ် မြေ အတွင်းမှာရှိတဲ့
တည်းခိုးခန်း ပေါင်း စုံ မှာ လာ တည်းတဲ့ လူစာရင်း စာ ရွက် တွေ ကို ထိန်း သိမ်း ရ တာ။
အဲ ဒီမှာနေရင်း စာ ဝင် စာ ထွက် တွေ ကို စာ ရင်းမှတ် တာ လဲ ကူ လုပ် ရ။
လက်ဖက်ရည်ဝယ်မလား မုန့်ဝယ် မလား ၊
ရုံးအတွက်ရ တဲ့ ခွဲ တမ်း တွေ သွားထုတ် ပြီး ရောင်းပေး ရ မလား အကုန် လုပ်ရ ပါ တယ်။
ဈေး သည် ဘဝ က လာေ တာ့ ပစ္စည်းရောင်း ပေး ရ ရင် လဲ ကျနော် ကမရှက်ပါဘူး။
အားတယ် ဆိုရင် ဟိုဘက်ရုံးက တရား ရုံးဆိုတော့
အမူ့စစ ်တာတွေ သွား နား ထောင် နေ တတ် ပါ တယ်။
အလုပ်ကတော့ လုပ်အားပေး ဆို တော့ အေးအေးဆေး ဆေး ပါ ဘဲ။
လ ခ တော့ မရ ဘူး။
ဒါ ပေမယ့် ရုံးဝန်ထမ်း အတွက်ခွဲ တမ်း ရ ရင် ကျနော့် အတွက်လဲ ရတယ်။
နောက်ပစ္စည်းတွေသွားပြီး ရောင်းပေးရင်လဲ မုန့်ဘိုးပေးတယ်ဆိုတော့
ကျနော် အတွက် သုံး စရာ ပိုက်ဆံ က အမြဲ ရှိ တော့
ကျနော်နှစ်သက်တဲ့စာအုပ်တွေကို အဟောင်းဆိုင်ကနေ ဝယ်နိုင်ပါတယ်။
စာအုပ်ငှားဖတ်ဘို့ လဲ အဆင်ပြေ ပါ တယ်။
အဲဒီ ရုံးမှာ အလုပ် လုပ် ရင်း အသားကျ ခြောက်လ လောက်ေ ရာက် တဲ့ အခါ ။
ကျနော့် အစိုးရ အလုပ် ရ ဘို့ အတွက် အခွင့် အလမ်း ပေါ် လာ ပါတယ်။
ပေါ်လာ တာ ကလဲ နှစ် ခု ၊၊
ကျနော် ကြိုက်တဲ့ တစ် နေ ရာ တစ် နေရ ာ ကို ရွေးချယ်ရမှာပါ။
အလုပ် မ ရ မှာ ပူ စ ရာ မလို။
အဲ ဒီမှာကျနော် ဘဝ ရဲ့ လမ်းခွဲ လေး တစ် ခု ကို ထပ်မံ ကြုံ ရပြန်ပါတော့တယ်။

ဆက် လက် ဖော် ပြ ပါ မည်

ကို ပေါက် လက် ဆောင် အ တွေး ပါး ပါးလေး
9-7-2014

9 comments

  • weiwei

    July 25, 2014 at 10:58 am

    ပပက ဆိုင်မှာ ရေနံဆီတို့ ဆန်တို့ သွားဝယ်ဖူးတယ်။
    တိုက်ဆိုင်လို့ ပြောပြရရင် ကျွန်မအမေဘက်က အဖိုးက သာမန်အစိုးရဝန်ထမ်းတစ်ယောက်ပါပဲ .. လစာနဲနဲလေးကို ချွေတာသုံးစွဲပြီး စနစ်တကျနေခဲ့တဲ့လူမျိုးတွေ။ အဖေကတော့ လူမှန်းသိကထဲက ဈေးရောင်းခြင်းနဲ့ အသက်မွေးတယ်။ မိသားစု ၂ ခု ခြားနားတဲ့စရိုက်ရှိလို့ မိသားစုချင်း အဆင်မပြေခဲ့ကြဘူး။ ကျွန်မတို့က အဖေဘက်က အဖိုးအဖွားနဲ့ အတူနေကြတာမို့လို့ စီးပွားရေးဆိုင်တဲ့ အတွေးအကျင့်ဘက်ကို ပိုများ
    အခုတော့ အဖိုးအဖွား ၂ ဘက်လုံး မရှိကြတော့ဘူး။

    • မဝေ ရေ

      လူ တစ်ယောက်နဲ့တစ်ယောက် လက် ထပ်ပေါင်းသင်းတယ်ဆိုတာ

      တကယ်တော့ မိသားစုကြီး နှစ် ခု ပေါင်း တာ ပါ ဘဲ။

      အသွင် မတူ ခဲ့ ရင် ဒီ မိသား စု ကြီး နှစ်စုကလဲ ခပ် စိမ်း စိ်မ်း ဖြစ်နေ မှာပါ

  • ခင်ဇော်

    July 25, 2014 at 11:10 am

    အတွေ့အကြုံတွေက စုံလို့ပဲ လေးပေါက်ရေ။
    ဘဝမှာ အတွေ့အကြုံစုံလေ အရည်အချင်းပြည့်ဝလေ ဆိုတာ အမှန်ပဲ။
    စာဖတ်အားရယ် အတွေ့အကြုံရယ်ပေါင်းလိုက်ပြီးးး

    စွယ်စုံရေးနိုင်တာ ဒါတွေကြောင့်ထင်ပါရဲ့။

    • ကိုခင်ဇော်ရေ

      စုံလွန်းအားကြီး တော့ ထုံ သွား ပြီး

      သူ လို ငါ လု ိ လူ သား တစ် ယောက် ဘဲ ဖြစ် သွား ပါ တယ်

  • Ma Ei

    July 25, 2014 at 12:04 pm

    ကိုပေါက်စာတွေဖတ်ရင်း…ငယ်ဘဝ သတိရ…
    ငယ်ငယ်က ပြည်သူ့ဆိုင်မှာ ဆန်၊ရွှေဝါ ဆပ်ပြာ တန်းစီဝယ်ရတာ
    စီးကရက်တို့ ဓာတ်ဗူး တို့ကျ မဲနှိုက်ရတာလေ…
    ဆော့နေတုန်း ဆိုင်လွှတ်ရင် စိတ်တို၊
    မသွားဘူးလဲ မပြောရဲတော့ အဖော်တွေခေါ်ပြီးသွားကြရတာ…
    ဆိုင်ရောက်တော့ စာအုပ်ထပ်ပြီး ဆက်ဆော့ကြတာပေါ့….
    🙂

  • မအိ ရေ

    ကျနော် တို့ ငယ်ငယ်ကလဲ အဲလိုဘဲ

    အခု 26ဘီလမ်းနဲ့ 78လမ်းဒေါင့် မှာ ရေ နံ ဆီ ပုံး တွေ ချ ပြီး တန်း စီ ထား တဲ့ အချိန်

    သူ ငယ် ချင်းတွေ နဲ့ သားရေကွင်း ( ရာဘာကွင်း) ပစ် တယ် ဂေါ်လီ ရိုက်ကြ တယ်

    ပျော်စ ရာ

  • Mr. MarGa

    July 25, 2014 at 4:06 pm

    ခုထိတော့ ကျနော် တစ်ခွန်းပဲ ပြောနိုင်သေးတယ်
    အဲ့လောက် စုံလွန်းလို့ မနာလိုဘူး ဗျာ

  • အရီးခင်

    July 27, 2014 at 3:31 pm

    အဖေ့ တို့ ခေတ်တုန်း က ညနေပိုင်း လုပ်သားကောလိပ် ခေါ်တာ ရှိသေးတယ် ကိုပေါက်ကြီး။
    သူ တက်ခဲ့တာ။
    သမဝါယမ ကတော့ ဘယ်မေ့လို့ ရပါ့မလဲ။
    အချိန်ကောင်းကို မှီ တာပေါ့။
    စိတ်ဝင်စားစရာ ဘဝ အတွေ့အကြုံ သမိုင်းကျောင်း တွေ မို့ တန်ဖိုး ရှိပါ့ ကိုပေါက်ကြီးရေ။
    ဆက်ဖတ်နေပါ့မယ်။ :-)))

  • ဟုတ် တယ် ကိုလတ်ကြီး လုပ်သား ကောလိပ် က အစိုးရ အလုပ် လုပ် သူတွေ ဘဲ တက်လို့ ရ တာ။

    တကယ်လို့ သာ စာပေးစာယူ (အဝေးသင်) မပေါ်ပေါက်ခဲ့ ရင် လုပ်သားကောလိပ် ညကျောင်းတက်ဖြစ်မှာသေချာပါတယ်

Leave a Reply