အမှန်က အဘိုးပြောသော ပုံပြင်များထက်.. အဘိုးရဲ့ လက်ရာ ဓာတ်ပုံများ ဖြစ်ရမှာပါ..

ဒါပေမဲ့ ဓာတ်ပုံက တခါတရံပဲ တင်ပေးမှာမို့.. Tag မပြောင်းတော့တာ…

အဘိုးက နေ့တိုင်း ဘုရားတခုမဟုတ် တခုသွားဖူးနေကြ… သွားတိုင်းလဲ အမှတ်တရ ဓာတ်ပုံရိုက်ပြီး FB ကို တင်တယ်..

အသွားများတာက ရွှေတိဂုံဘုရားပေါ့… နေ့တိုင်းနီးပါးရောက်တော့ ဓာတ်ပုံလဲ ရိုက်တော့ … ဆန်းတာလေးတွေ ရှုထောင့် ကောင်းကောင်းလေးတွေ စဉ်းစားမိ.. ရိုက်ဖြစ်လာကြတာ…

အဲဒီထဲက ကျွန်တော် သဘောကျတာလေးတွေကို တင်ပေးတာ..

အဘိုးက အေးချမ်းတယ်.. နေ့တိုင်း ပို့စ်တင်တယ်.. ဓမ္မပဒ တွေတင်တယ်… ဘုရားလဲ နေ့တိုင်းသွားတယ်.. FB လဲ နေ့တိုင်းသုံးတယ်.. ဖိုင်ဘာလိုင်းဆိုတော့ ကော်နက်ရှင်လဲ မဆိုးဘူး…

ကျွန်တော်တောင် အသက်ကြီးလာရင် အဲလောက် ကံကောင်းပါ့မလားပဲ…

ကဲ..ကဲ ကြည့်ရအောင်…

1

ဒါက ကနုတ်ပန်းတွေနဲ့ ယူထားတဲ့ ပုံ.. တမျိုးဆန်းသလားပဲ…

2

ကားပါကင်ကို ရိုက်ထားတာ နောက်မှာ ဘုရားတဆူ နဲ့ ခရမ်းရောင် လင်းလင်းလေးနဲ့..

3

ဆလိုက်မီးပါ ပါအောင် ရိုက်ထားတာ…

4

လူတွေ အများကြီးနဲ့ ဘုရားနဲ့ တွဲပြီးရိုက်ထားတာ…

5

6

7

ဘုရားထီးတော်ရိပ်ကို တွေ့လား….?

8

ဒါက အဘိုးနဲ့ အဘွား ဓာတ်ပုံ…

 

9

10

ကျွန်တော်ကတော့ အဲလို ရိုက်ချင်တာ မရိုက်ဖြစ်တာ.. အဲကြောင့် သဘောကျပြီး တင်ပေးတာ.. မဆန်းဘူးလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ အားပေးကြပါဦး… :D

 

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...