” ပို့ဆောင်ရေး “

 

ရွာထဲက ဟိုအရင်စုံတွဲ

ခုတော့တွဲမတွဲ မသိလေဘဲ

နောက်ပေါ်ခဲ့ရာ စုံတွဲမှာ

မင်္ဂလာမောင်နှံ ဖြစ်သွားရှာ

ထမင်းဟင်းပုံတွေ တင်ပြကာ

စားနိုင်သောက်နိုင် ကြွားလှတာ

သူတို့အတွဲ ဖြစ်ပုံများရယ်

ရွာကိုကိုင်လှုပ် သိမ့်သိမ့်တုန်တယ်

ဟိုလေးတကျော်ကျော် ဖြစ်ခဲ့တယ်နော်

ဟောအခု တစ်စုံတွဲ

တိုးတိုးတိတ်တိတ် ရှိနေမြဲ

နှစ်ပတ်လည်လို့ ကမ္ပည်းစာထဲ

မတူတာတွေ တူတာတွေပြ

သုံးငါးခြောက်ကျော် ချစ်ရက်ရှိသနော်

အခုဝါတွင်း မျှော်စရာကင်း

ဝါထွက်ကာလှ သတင်းကျွတ်ကြ

ဒီစုံတွဲရဲ့ ဖိတ်စာလှလှ

ကျုပ်ထံရောက်မလား မျှော်မိနေသဗျ။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..