” ပို့ဆောင်ရေး “

ခင္ခJuly 25, 20141min39524

” ပို့ဆောင်ရေး “

 

ရွာထဲက ဟိုအရင်စုံတွဲ

ခုတော့တွဲမတွဲ မသိလေဘဲ

နောက်ပေါ်ခဲ့ရာ စုံတွဲမှာ

မင်္ဂလာမောင်နှံ ဖြစ်သွားရှာ

ထမင်းဟင်းပုံတွေ တင်ပြကာ

စားနိုင်သောက်နိုင် ကြွားလှတာ

သူတို့အတွဲ ဖြစ်ပုံများရယ်

ရွာကိုကိုင်လှုပ် သိမ့်သိမ့်တုန်တယ်

ဟိုလေးတကျော်ကျော် ဖြစ်ခဲ့တယ်နော်

ဟောအခု တစ်စုံတွဲ

တိုးတိုးတိတ်တိတ် ရှိနေမြဲ

နှစ်ပတ်လည်လို့ ကမ္ပည်းစာထဲ

မတူတာတွေ တူတာတွေပြ

သုံးငါးခြောက်ကျော် ချစ်ရက်ရှိသနော်

အခုဝါတွင်း မျှော်စရာကင်း

ဝါထွက်ကာလှ သတင်းကျွတ်ကြ

ဒီစုံတွဲရဲ့ ဖိတ်စာလှလှ

ကျုပ်ထံရောက်မလား မျှော်မိနေသဗျ။

 

 

ခင်ခ။

24 comments

  • ခင်ဇော်

    July 25, 2014 at 9:59 am

    ဒီတစ်ပွဲတော့ တူယှဉ်တွဲ တက်နိုင်ကောင်းရဲ့။

    :mrgreen:

    • ခင် ခ

      July 25, 2014 at 10:16 am

      အဲ ရွာရွှေမင်းသမီးကလည်း ဒီတစ်ပွဲမှာ ပွဲထုတ်တော့မယ်ဆိုပါလားဗျ
      စိတ်ဝင်စားစရာတော့ ဖြစ်တော့မယ်
      ဘယ်သူလဲဆိုတာကို ပရိတ်သတ်ကြီး ရင်ခုန်ဖွယ်စောင့်နေမယ်ထင်။

      • ခင်ဇော်

        July 25, 2014 at 10:22 am

        ဟွန့်.၊ သူတို့ အရင် ဆောင်ပါစေအူးးး
        :mrgreen:
        အဟိ။
        အဲလိုမှ မပြရင် သများကို အားကိုးမရှိဝူး ဆိုပြီး စော်တကား မော်တကား ပြောချင်တဲ့သူများလို့။
        အဟိ။
        :mrgreen:

  • weiwei

    July 25, 2014 at 10:23 am

    ပို့ဆောင်ရေးဆိုလို့ ဘာယာဉ်တွေများလဲလို့ ..
    လတ်စသတ်တော့ မြှားနတ်မောင် လုပ်ထားတာကိုး … 🙂

    • ခင် ခ

      July 25, 2014 at 10:32 am

      ငယ်တုန်းက သူငယ်ချင်းတွေကြားထဲ ပြောတဲ့ ဗန်းစကား ” အရောက်ပို့ ” ဆိုတာလေးသွားသတိရတာနဲ့ ပို့ဆောင်ရေး လို့အမည်ပေးတာပါဗျ မဝေရေ။

  • ဦးကျောက်ခဲ

    July 25, 2014 at 10:25 am

    အဟီး… ၄ဝကျော်မှ ကံပေါ်လို့ ဂွဇက်မှာဖူးစာဆုံ အိမ်ထောင်ကျတာ ထူးသဗျ…
    အခုတော့လည်း အရင်လို ဂွဇက်မှာ မသရမ်းနိုင်တော့ပဲ ဟင်းချက်နေရတယ်…ဆြာခရယ်
    နောက်ထပ် တစ်တွဲလည်းလှော်ပေးလိုက်တာ နှစ်ပေါက်ပြီမို့…
    မြန်မြန် တူနှစ်ဖြာ ရွှေဂဟေဆက်ရပါစေလို့…
    အဟိ… ဂွဇက်တော့ ဖူးစာရေးဝဘ်ဆိုက် ဖြစ်ရလေပြီ… 😀

    • ခင် ခ

      July 25, 2014 at 10:37 am

      ဆြာကျောက်တို့စုံတွဲကတော့ ဂဇက်ကို တကယ်ကိုင်လှုပ်ခဲ့တာပါဘဲ။
      အဲဒီအချိန်ကလည်း ဂဇက်က အခုလိုမဟုတ်ဘူး စည်စည်းကားကား ပျော်ပျော်ရွှင်ရွှင် ငြင်းကြနောက်ကြ အလွန်လှခဲ့တာကြောင့်လည်း ပါမယ်လေ။

    • ခင်ဇော်

      July 25, 2014 at 10:53 am

      “အဟိ… ဂွဇက်တော့ ဖူးစာရေးဝဘ်ဆိုက် ဖြစ်ရလေပြီ… ”

      တစ်ချို့တွေလည်း အပြင်းအထန်ကို ကြိုးစားနေကြတာ။
      ဟိ။
      ဪ စီးပွါးရေးကိစ္စနတွေပြောပါတယ်
      ခုခိ ခုခိ

      :mrgreen:

  • Ma Ei

    July 25, 2014 at 10:38 am

    ကိုခရေ…
    ဂဇက်ရွာထဲက မူလပထမ စုံတွဲ ကိုလဲ
    ရွှေလက်တွဲလို့ မင်ဂါပွဲနွှဲစေချင်ပါတယ်…
    ဝါကျွတ်ရင် ဘယ်သူတွေများ ဖိတ်စာဝေမလဲ မျှော်နေကြမယ်နော်…
    🙂

    • ခင် ခ

      July 25, 2014 at 10:45 am

      ချစ်ကြသူတိုင်း ပေါင်းဖတ်ကြရင်ကောင်းသပေါ့ မအိရေ။

  • Ko chogyi

    July 25, 2014 at 1:32 pm

    ဂဇက်ရွာသူားတွေဆုံဖို့ချောင်းနေတာ ဒီနည်းလမ်းဆိုအဆင်ပြေ
    ဂဇက်ပွဲကိုမျှော်လျှက်………..

  • ကိုခ ရေ

    အခု မှ ဖတ် မိ တယ်

    အဆင်ပြေသူတွေ ကတော့ အဆင်တွေပြေ လို့ နော်

    အဆင်မပြေ သူ များ ကြ တော့ လဲ စိတ် မချမ်းမြေ့ စရာ

    ဒီ အထဲ ဆင် ဝန် ကတော် များ ကလဲ ရှိ သေး

  • alinsett (gazette)

    July 25, 2014 at 3:12 pm

    ဟိုအရင်…စုံတွဲ…ရှိုဒါ….
    ဘယ်သူတွေလား..ဟင်…
    အဲ…ဘယ်သူတွေလဲ..ဟင်

    :mrgreen:

  • kyeemite

    July 25, 2014 at 3:20 pm

    ချစ်သူတိုင်းလည်းညားကြပါစေဗျာ

  • မဟာရာဇာ အံစာတုံး

    July 25, 2014 at 3:43 pm

    ဒီဝါထွက်တော့ …
    ဖိတ်စာ ပို့ဖြစ်လိမ့်ဦးမယ် ထင်သေးဘူးရယ် … ဟီးးး
    :mrgreen:
    နောက်ဝါထွက် ဆိုတော့ ဖြစ်လောက်တယ် …
    အိုက်ဒါ ကြိုပေါထားတာနော် ….

    • ခင် ခ

      July 25, 2014 at 4:04 pm

      ဇာတ်လိုက်ကျော် မင်းသားက အခုလိုလာပြီး ကြိုပေါတော့လည်း နောက်တစ်ဝါလွန်မှ မျှော်ရတာပေါ့ဗျာ။

  • Mr. MarGa

    July 25, 2014 at 4:05 pm

    ပွဲတွေ …. ပွဲတွေ…
    တက်ဖို့ စောင့်နေတယ်…..
    😀

  • kai

    July 25, 2014 at 4:21 pm

    ဒီလောက်ဖြတ်ခဲ့ကြတဲ့ခရီးမှာ..
    ဒီလောက်လူအရည်အတွက်ရှိရက်နဲ့..
    ဒီလောက်ဖြစ်တာ… နည်းတယ်လို့.. ထင်မိတယ်..။ :mrgreen:

  • ခင် ခ

    July 25, 2014 at 4:48 pm

    သဂျီးကတော့ ပြောတော့မယ် ရွာသူားတွေ မန်ဘာတွေက ကိုယ်စီကိုယ်စီ ကိုယ့်ပုံတွေတင်ထားတာ ကျနေတာဘဲ ဒါတောင် တွေ့ဆုံပွဲလေး ရန်ကုန်မှာ နှစ်ခါလား သုံးခါလား တွေ့ကြလို့ ခုလောက်ဖြစ်တာနေမှာ အဲဒီပွဲတောင် မလာနိုင်တဲ့သူတွေကရှိသေးတဲ့ဉ္စာ။

    • kai

      July 25, 2014 at 4:50 pm

      အင်း..
      နှစ်ကုန်တော့.. နှစ်သစ်ကူး ပါတီပွဲလေးလုပ်ဖို့.. စိတ်ကူးမရှိကြဖူးလား… ဟင်င်င်..
      ခရီးသွားတာကြိုက်တယ်ဆို.. ဘတ်စ်ကား စီးလုံးငှားပြီး.. ပုဂံ..ပုပ္ပားခရီးသွားပေါ့.. :mrgreen:

      • Ko chogyi

        July 26, 2014 at 2:38 am

        သူကြီးစရိတ်ပို့ရင်သွားမယ်လေ

  • ဦးကြောင်ကြီး

    July 27, 2014 at 3:53 am

    ခင်ခ
    တင်ပြ
    ရင်မ
    ချဉ်လှ
    သင်က
    ဝင်ချ
    ဒင်ကြွ
    ဖျင်စ..

  • manawphyulay

    July 28, 2014 at 11:09 am

    မြားနတ်မောင် ရွာဂေဇက်
    အတူ ပြုံးပျော်နွှဲ
    ဘယ်သူတွေ အတွဲဖြစ်
    သိတာရှိ
    မသိတာရှိ
    ရွာကြီး တိုးချဲ့ဘိ
    သဂျီးမျှော်မှန်းအိ….

Leave a Reply