မဆိုးဘူးဟုခေါ်သော ပို့စ်…

ကုိ ထြဋ္July 25, 20141min22911

သိထားသင့်သော ဗဟုသုတ

 

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ… နားရွက်မှာရှိတဲ့         အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်….

 

ဟုတ်ပါတယ်.. စမ်းဖူးတယ်.. စိတ်ကြောင့်လား..တကယ်လားတော့ မသိ.. သက်သာတယ်…

 

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား…. ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ… ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ….

 

ဒါလဲ ဟုတ်တယ်.. စမ်းဖူးတယ်.. ဖုန်းပြောတာတော့ ဟုတ်ဘူး.. သီချင်းနားထောင်တာ ပိုကျယ်တယ်… စမ်းကြည့်…

 

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ… ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်….

 

ဒါကတော့ စမ်းတယ်.. မအောင်မြင်ဘူး.. ကျွန်တော်ပဲ ဆီးလွယ်လို့လား မသိဘူး.. အခု ခရီးသွားတာတောင် တလမ်းလုံးပေါက်နေလို့.. မိန်းမက ပေါက်ကြီးတောင် ခေါ်တယ်… ဟွင့်…. 🙁

 

၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ… ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်…

 

ဟုတ်လောက်တယ်.. အဲဒါလဲ… မစမ်းဖူးသေးပါ…

 

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး… အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ… ဒီအနေအထား အတိုင်း စက္ကန့် ၂ဝ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်….

 

ဒါကတော့ သက်သာပါတယ်.. ကျွန်တော်လဲ စန်းစန်းတင့်ပဲ… အဲကွန်းကား တကယ် အဲကွန်းရတဲ့ ကားပေါ်ကနေ ဆင်း… အပြင်မှာ နေပူရင် နှာကစေးပြီ… ခဏခဏစမ်းတယ်.. အဆင်ပြေတယ်…

 

၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ… ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်…

 

ဘယ်လိုအိပ်အိပ်ပျော်တယ်.. ဒါတော့ စမ်းဘူး…

 

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်… အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်…

 

ဟုတ်လောက်တယ်.. မစမ်းဖူးပေမဲ့ သိတယ်…

 

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်… ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ… တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်….

 

သိဘူး.. မူးပြီး ပြဲတာ.. သိပ်မရှိလို့ … ခိ…

 

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ… နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်…

 

စမ်းကြည့်ပါ.. အဆင်ပြေလောက်ရဲ့…

 

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား… သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်… vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်…

 

လူရှေ့တော့ မစမ်းနဲ့နော်.. သူငယ်ပြန်တယ် ထင်နေမယ်.. အသုံးတည့်တာတော့ တည့်တယ်…

 

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား… ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ… ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁ဝ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်….

 

ရေကူးသင်ဖူးတဲ့သူတွေ သိပါတယ်… အဆင်ပြေပါတယ်…

 

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်… အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်… အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ… လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်… brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ… ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်… ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်….

 

ဒါလဲ အိုကေတယ်…

 

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်… ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်… လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်… သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်… ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်….

 

စမ်းဖူးဘူး…

 

၁၄) ကြို့ထိုးနေသလား… လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ… မကြာပါဘူး… ခဏနေရင် ရပ်သွားပါလိမ့်မယ်….

 

ဒါတော့ လုံးဝ ဟုတ်တယ်.. ကျွန်တော်က အဲရောဂါရှိတယ်..  ဒါနဲ့ပဲ ပျောက်နေတာ…

 

ဒီပို့စ်က တော်တော်များများက တယောက်ထဲမဟုတ်ဘူး.. ရုံးက လူတွေကိုပါ စမ်းသပ်ပြီးသားဖြစ်လို့… ကျွန်တော် စမ်းဖူးတယ်ဆိုတာတွေကို စိတ်ချ လုပ်ကြည့်ပါ..

ခြွင်းချက် မသက်သာတဲ့သူတွေလဲ ရှိနိုင်ပေမဲ့.. ၇ဝ ရာနှုန်းတော့ သက်သာမှာ သေချာတယ်…

ကျေးဇူးတင်ပါတယ်… 🙂

 

11 comments

  • Ko chogyi

    July 25, 2014 at 1:27 pm

    (၄) ချောင်းဟန့်ခြင်းဟာ ကြွက်သားတွေလှုပ်ရှားစေတာမို့ ဆေးထိုးရာမှာအနှောက်အယှက်/အန်တရာယ်ဖြစ်နိုင်ပါတယ်
    (၉) မှားပါတယ် သွေးကြောက မျက်စေနဲ့တစ်တန်းတည်းလောက်က မျက်လုံးဒေါင့် နှာခေါင်းရိုးပေါ်က သွေးကြောကို ဖိနှိပ်ထားရမှာပါ

  • Yae Myae Tha Ninn

    July 25, 2014 at 1:54 pm

    ၄ ကတော့ နည်းနည်းပဲ ဆိုးလိုက်ရင် ရမလားလို့.. လူတော့ မလှုပ်နဲ့ပေါ့…
    ၉ ကတော့ ပြန်ရှယ်ထားတာဆိုတော့ ဖြစ်လဲ မဖြစ်ဖူးတော့ မစမ်းဖူးသေးပါ.. ဆရာကြီးဟာ ပိုမှန်မယ်ထင်တယ်..
    တကယ်တော့ ပို့စ်တင်တာဟာ လမ်းမှာ ဘုရားစာရွတ်သလိုပဲ.. အသံထွက်မှားရင် ဘေးက ပြင်ပေးသွားကြတာလေ… ဒီလိုပဲ နောက်ဆုံးမှန်သွားမယ်ထင်တယ်.. 🙂

  • alinsett (gazette)

    July 25, 2014 at 3:09 pm

    ဟိုလေ…
    ငရုတ်သီးထောင်းတုန်း..မျက်စိထဲ… ငရုပ်သီးဖက် ဝင်ရင်..ခြေမကိုရေလောင်းရတယ်ဆိုတာရော…
    ဟုတ်လား..
    စမ်းဖူးလား…

    :mrgreen:

    • ခင် ခ

      July 25, 2014 at 4:36 pm

      လူခန္ဓာကိုယ်က အကြောတွေဟာ ခြေဖဝါးနဲ့ခြေချောင်းတွေမှာ စုစည်းနေပါတယ်
      ဒါကြောင့်လည်း ခြေဖဝါးနှိပ်နယ်ခြင်းသည် ခန္ဓာကိုယ်က အကြောတွေ အညောင်းအညာတွေ ပြေစေတဲ့ သဘောဖြစ်ပါတယ်။
      မျက်စိရဲ့အာရုံခံအကြောဟာ လည်းခြေမနှစ်ဖက်မှာ ရှိပါတယ်။ ဘယ်ဘက်မျက်စိအတွက် ညာဖက်ခြေမတွင် ဖြစ်ပြီး ညာဖက်မျက်စိအတွက် ဘယ်ဘက်ခြေမမှာပါ။ ဒါကြောင့် ဘယ်မျက်စိထဲ ငရုတ်သီးဝင်လို့ပူရင် ညာခြေမကို ရေများများလောင်းအေးပါက သက်သာစေပါတယ်။ မျက်စိထဲဝင်နေတဲ့ ငရုတ်သီးဖတ်ကိုတော့ မျက်စိရေဆေးပြီး အရင်ဖယ်ပေါ့ဗျာ ငရုတ်သီးဖတ် ငရုတ်ရေ မျက်စိထဲရှိနေရင်တော့ ဘယ်သက်မလဲ မဟုတ်ဘူးလား ကိုအလင်းဆက်ရေ။ တကယ်သက်သာပါလိမ့်မယ်။
      အကယ်လို့ မိမိက မျက်စိအားနည်းသူဆိုရင် မနက်အိပ်ယာထချိန်တွင် ဒူးခေါင်းကနေပြီး ရေ လေး ငါး ခွက်လောက် လောင်းပြီးမှ မျက်နှာသစ် သွားတိုက်တာမျိုး ပုံမှန်လုပ်ကြည့်ပါ မျက်စိညောင်းညာခြင်း မှုံဝေခြင်းများ သက်သာပါလိမ့်မယ်ဗျ။

  • Iris

    July 25, 2014 at 3:40 pm

    စမ်​းဘူးတာ တစ်​ခု​ပြောပြမယ်​။ အိပ်​​နေရင်​း ​ယောင်​ပြီး စကား​တွေ​ပြော​နေရင်​. ​သေ​သေချာချာမသိပဲရပ်​သွားရင်​. သူ့​ခြေမကို ကိုင်​ပြီးပြန်​​မေးလို့ရတယ်​။ ၅တန်​း​ကျောင်​းသူဘဝတုန်​းက စမ်​းဘူးတာ အဲ့​နောက်​ဘယ်​​တော့မှ မစမ်​း​တော့ဘူး။ ​မောင်​​လေးဘာ​တွေ​ယောင်​မှန်​းမသိဘူးလို့ သူ​ယောင်​ပြီးသွား​တော့သူ့​ခြေမကိုကိုင်​ပြီး​မေးတာ တကယ်​ပြန်​​ပြောတယ်​ ဘာ​​တွေမှန်​း​သေချာမသိဘူး။ ညနက်​နက်​ကြီးဆို​တော့ ​ကြောက်​ပြီးလွှတ်​ချလိုက်​တာရပ်​သွားတယ်​။ အဲ့​နောက်​လုံးဝမစမ်​း​တော့ဘူး။ စာအုပ်​တစ်​အုပ်​ထဲကဖတ်​ဖူးလို့စမ်​းကြည်​့တာ။ 😀

  • Yae Myae Tha Ninn

    July 25, 2014 at 3:43 pm

    မသိဘူးဗျ.. မိန်းမတော့ လုပ်တာ တွေ့တယ်.. သက်သာလား မသက်သာလား မသိ… 🙂

  • kai

    July 25, 2014 at 4:13 pm

    ညကမက်နေတဲ့အိပ်မက်ကို.. မနက်အနိုးမှာ.. သတိမရစေချင်ရင်.. နှဖူးကိုအပေါ်ဖက်(ဆံပင်လှန်ဖီးသလို) သပ်ပါ…။
    ဘယ်လိုသိသလည်းမမေးနဲ့.. မသိဘူးဗျ..။ လုပ်ကြည့်…။ :mrgreen:

  • Yae Myae Tha Ninn

    July 25, 2014 at 4:26 pm

    ဟုတ်ပြီဗျာ.. အကုန်စမ်းကြည့်မယ်.. ဟီး.. ထူးရင် ပြန်ပြောမယ်… 🙂

  • Yae Myae Tha Ninn

    July 25, 2014 at 4:51 pm

    ဟုတ်တယ် ခင်ခရေ.. ဒူးရေလောင်းတာ ရိုးရိုးတောင် မဟုတ်ဘူး.. ဆန်ဆေးရေနဲ့ လောင်း ဒူးနာသက်သာသဗျာ.. ဘိုးတော် ပုံမှန်လုပ်နေကျ… ပြောရင်းနဲ့.. ပို့စ်တခု ထပ်စဉ်းစားမိတယ်.. ဆေးမြီးတိုလေးတွေ တကယ် လက်တွေ့လုပ်ဖြစ်နေတာတွေ.. တင်ဦးမလားပဲ.. ဟဲ… အမြင်တော့ ကတ်နေလောက်ပြီ ထင်တယ်ဗျို့… 🙂

    • kai

      July 25, 2014 at 4:55 pm

      ကိုရင်ဆေးမြီးတို..
      ကွန်ပြူတာ.. တက်ဘလက်.. အိုင်ပက်နဲ့..ဆဲလ်ဖုံး..(အိုင်ဖုံး-စက်ရုပ်ဖုံး)တွေမှာ.. ဇော်ဂျီဖေါင့်ထည့်နည်း..သုံးနည်းလေး.. ၁-၂-၃-၄ နဲ့ ယူအက်စ်က.. မြန်မာတွေနားလည်လောက်တဲ့ပုံစံ.. ရေးရင်ကို.. သတင်းစာထဲထည့်သုံးဖို့.. စဉ်းစားထားသဗျ…။

      အဲဒါ… ကြိုးစားကြည့်ပါလား..

  • Yae Myae Tha Ninn

    July 25, 2014 at 5:08 pm

    ကေဗျာ.. Root ဖောက် Jail Break ဖြည်.. ဖောင့်ထည့်.. ကေလေ.. လုပ်ကြည့်မယ်.. ရေးတာတော့ ရှင်းမယ်ထင်ပါတယ်..အခု Flow မျိုးပဲ ရေးမှာကိုး… 🙂

Leave a Reply