Facebook social network နှင့် ကျွန်တော်
ကျွန်တော် Facebook social network ကို 2012 December 28 တွင်မှ စတင် အသုံးပြုခဲ့ပါသည်။
စတင်အသုံးပြုချိန်တွင် သူများ fb ဆိုလို့သာ fb လိုက်ခြင်းဖြစ်ပါသည် fb ဆိုတာ ဘာလုပ်ရတာမှန်း တကယ် မသိခဲ့ပါ။
မသစ်သစ်မြင့်ဆိုင် Thit Thit Myint Saing ကတော့ ပြောပါသည်-
” FB ကို လူတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ် ..
တချို့ကလဲ ကိုယ့်ခံစားချက်တွေ ရဲ့ ဟစ်တိုင် အဖြစ် ..
တချို့ကလဲ ကိုယ်ကြိုက်တဲ့ Quote လေးတွေ သိမ်းဆည်းရာ အဖြစ် ..
တချို့ ကျပြန်တော့ သူများရေးတာလေးတွေ ဖတ်ဖို့ ..
တချို့ကျတော့လဲ သတင်းတွေ လိုက်ဖတ်ဖို့ ..
တချို့ ကျတော့လဲ ကိုယ် သဘောမကျတဲ့ ဟိုလူ့ ကလိ ဒီလူ့ ကလိဖို့ ..
စသဖြင့် .. စသဖြင့်ပေါ့ … ” တဲ့။
သူကပြောသေးတယ်ဗျ…
” ဒါ ငါ့ကိုသမတာပဲ ဆိုပြီး ကိုယ်ကလဲ တပြန်တလဲ စကားလုံးတွေနဲ့ ပြန်ထိုးနှက်၊ ဒါတွေနဲ့ ပဲ .. online ပေါ်မှာပဲ ချစ်ကြခင်ကြပြီး အပြင်မှာတောင် တခါမှ မမြင်ဖူးလိုက်ပါဘဲ ၊ ခင်မင်မှုတွေ ပြတ်စဲသွားတဲ့ သူတွေ ရရှိဖူးတဲ့ အဖြစ်လေးတွေ…..
အကူအညီလိုနေလို့ FB ကနေ တဆင့် Share ကြတာမို့ အကူအညီ ရ သွား တဲ့ အဖြစ်လေးတွေ ..
ရန်စွယ်ငေါငေါ နဲ့ ကိုယ့် wall ပေါ်တင်၊ Share ပေးကြပါ ပြောတော့ ကိုယ်လိုလူတွေ နောက်ထပ်အများကြီး က ဝိုင်း Share ကြ၊ ဒါနဲ့ ပဲ report လုပ်သင့်တဲ့ ပုံဆိုးဆိုးကြီးက လူတိုင်း ရဲ့ wall တကာ wall မှာ ပျံ့နှံ့လို့ နိုင်ငံသိက္ခာကျခဲ့တဲ့ အဖြစ်လေးတွေ ..
ကိုယ်ယုံကြည်ရာ တရားဓမ္မနဲ့ ပတ်သက်တဲ့ Quote လေးတွေ မြင်ရင် ကိုယ့် wall ပေါ် share ထားလိုက်ကြတဲ့ အဖြစ်လေးတွေ ..
ကျမ တို့ လေးစားမြတ်နိုးတဲ့ သူတွေ ရဲ့ ပုံတွေနဲ့ ပရိုဖိုင်းတွေကို သုံးပြီး အမနာပ ဆဲဆိုထားတာ တဲ့ အဖြစ် လေးတွေ .. ” တဲ့။
နိဂုံးချုပ်မှာတော့…
” ကျမ တို့ ခုချိန်ကစလို့ ..
Mark တီထွင်ပေးခဲ့တဲ့ Facebook ဆိုတဲ့ ဒီ social network လေး ကို .. မေတ္တာစိတ်လေးအပြည့်ထားပြီး ..
လိုအပ်တဲ့ကွက်လပ်လေးတွေကို ဖြည့်ပေးဖို့အတွက်သာ သုံးစွဲကြမယ် ဆိုရင်ဖြင့် .. တီထွင်ခဲ့တဲ့ Mark ခမျာ ..
“ ဒီလိုမှန်းသိ “ ဆိုတဲ့ နောင်တလာလိမ့်မယ် မထင်ပါဘူး .. ” တဲ့။
သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ ရဲ့ လက်ရွှေးစင် မိန့်ခွန်းများမှာတော့
” လူတို့ရဲ့ဘဝသက်တမ်းဟာ နှစ်ပေါင်းတစ်ရာပြည့်အောင် မနေကြရပါဘူး။ နှစ်ပေါင်းတစ်ရာဆိုတဲ့ ကာလ ဟာလည်း အလွန်တိုတောင်းတဲ့ ကာလလေးဖြစ်ပါတယ်။ အလွန်တရာ တိုတောင်းစွာ အသက်ရှင်ကြရသော ကျွန်ုပ်တို့၏ ဘဝတစ်ခု အတွင်းမှာ ကျွန်ုပ်တို့ လူသားတွေဟာ လူမျိုးရေး, ဘာသာရေး, စီးပွားရေး, နိုင်ငံရေး တစ်ခုခုကို အကြောင်းပြုပြီး ပြိုင်ဆိုင်ခြင်း, ငြင်းခုန်ခြင်း, တိုက်ခိုက်ခြင်း, ရန်ငြိုးဖွဲ့ခြင်း, မကျေနပ်ခြင်း, မရောင့်ရဲခြင်း, ထိတ်လန့်ခြင်း, တုန်လှုပ်ခြင်း, စိုးရိမ်ပူပန်ခြင်း တို့ဖြင့် အသက်ရှင် နေထိုင်ကြမယ်ဆိုလျှင် ဘယ်လူမျိုးတို့၏ ဘဝမှာမှ ဘဝအနှစ်သာရနှင့် ဘဝအဓိပ္ပါယ် ရရှိနိုင်ကြမှာ မဟုတ်ပါဘူး။ သို့ဖြစ်ခြင်းကြောင့် အနှစ်သာရနှင့် အဓိပ္ပါယ် ပြည့်ဝသောဘဝကို အားလုံးဝိုင်းဝန်းတည်ဆောက်ကြဖို့် လိုအပ်ပါတယ် ” တဲ့။
လမ်းလှမ်း မီသမျှ ဖတ်ကြည့်တော့ ကိုယ့်အမြင်နဲ့ကိုယ် ၊ ကိုယ့်ခံယူချက်နဲ့ကိုယ်၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက်ရောက် ဆိုသူတွေ၊ Hate Speaks ဆန်တဲ့စာတွေ များနေတာတွေ့ပါတယ်။ စာဖတ်သူများ ရုပ်သံလိုင်း မှာ ကျွန်တော် ကြည့်ရ၊ နားထောင်ရ သလောက် ကျွန်တော်တို့ နိုင်ငံမှာ ရသစာပေ ဖတ်ရှုမှု နည်းလာပြီး လက်တွေ့အသုံးချ သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ စာပေများ ဘက်ကို ဦးစားပေးလာ ကြကြောင်း၊ စိတ် ခံစားမှု ထက် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖြစ်တည်မှု ဦးစားပေးလာ ကြကြောင်း ဆရာ တော်တော် များများရဲ့ သုံးသပ်မှု ကို တွေ့ရပါတယ်။ “သူများကို ပြောသလို လုပ်သလို ငါ့ကို ပြောရင် လုပ်ရင် ငါကြိုက်ပမလား” ဆိုတဲ့ ကိုယ်ချင်း စာစိတ် နည်းလာပြီး အတ္တ နဲ့ ပရ မမျှတဘဲ ဖြစ်နေတာကို တွေ့ရပါတယ်။ နိုင်ငံနဲ့ အဝှမ်း ပရဟိတ လုပ်ငန်းတွေ တစ်ခုပြီး တစ်ခု များလာတာကို ကြည့်ပြီး ဝမ်းသာမိသလို တစ်ဖက်က အတ္တဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေ များလာလို့သာ ပရဟိတ လုပ်ငန်းတွေ မှိုလိုပေါက်လာရတာ ဆိုပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။
အဲဒီအတွက်…
၁၉၉၇ ခုနှစ်က ဖေမြင့်စာပေမှ ထုတ်ဝေတဲ့ ဆရာ(ဦး)ဖေမြင့် ရဲ့ နှလုံးသား အာဟာရ (ရသစာများ) ဆိုတဲ့ စာအုပ်ထဲက စာသားလေးတွေကို ကျွန်တော် အချိန်အားရရင် ရသလို Facebook social network ပေါ်မှာ ရိုက်နှိပ်ပြီး Post တင်ဖြစ်ခဲ့ပါတယ်။ ဆရာ ရေးသော ” တစ်ကြိမ်မှာ တစ်ခု “ဆိုတဲ့ စာပုဒ် လေးထဲက ဒီရေကျချိန် သောင်ပြင်မှာ တင်ကျန်ရစ်တဲ့ ကြယ်ငါး တစ်ကောင်ချင်း ကောက်ယူပြီး ပင်လယ်ထဲ ပစ်ချနေတာ မြင်တဲ့သူက ” ခင်ဗျား တစ်ယောက်ကြောင့် ဘာတွေထူးခြား ပြောင်းလဲ သွားနိုင်မလဲ ” ဆိုတဲ့မေးခွန်းအပေါ် ကြယ်ငါး တစ်ကောင် ထပ်ကောက်ယူ၊ ပင်လယ်ထဲပစ်ရင်း ပြောခဲ့တဲ့ ” တခြားကောင်တွေအတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါး တစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ” ဆိုတဲ့အတိုင်း ကျွန်တော် ခံယူထားပါတယ်။
ဆရာ(ဦး)ဖေမြင့် ကပြောပါတယ်…
ကျန်းမာသန့်ရှင်းသော စိတ်အဆောက်အအုံ တစ်ခု တည်ဆောက် နိုင်ရေးအတွက် လိုအပ်သမျှ စိတ်ဓာတ် ခွန်အားများ ဖြည့်တင်းပေးနိုင်မည့် ရသ စာကောင်းများကို စုစည်းဖော်ပြပေးထားကြောင်း၊ အာဟာရ တစ်ထုပ်စီ ဗီတာမင် အားဆေးတောင့် တစ်တောင့်စီ သဖွယ် သပ်ရပ်စွာ ထုတ်ပိုး ပြင်ဆင်ထားသည့် ဤ ‘ စာ ‘ များကို ဖတ်ရှုခြင်းဖြင့် စာဖတ်သူအဖို့ ညချမ်းအချိန်၌ ရင်ထဲ နှလုံးသားထဲတွင် ကုသိုလ်စိတ် ပြည့်ဝ နွေးထွေးစွာ အိပ်စက် အနားယူနိုင်ခြင်း၊ နံနက် မိုးသောက်ချိန်၌ ကြည်လင်သော နှလုံးသား၊ ရွှင်ပျသော စိတ်ထားတို့ဖြင့် လောကကို နှုတ်ခွန်း ဆက်သနိုင်ခြင်း စသော အကျိုးထူးများ ခံစားရလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။ နှင့် ကိုယ်တိုင် စားသုံးရန်နှင့် မိတ်ဆွေများထံ ဖြန့်ချိ ဝေငှရန်အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ နှင့် စိတ်ဓာတ် သတ္တိများ အသင့် ထုပ်ပိုး ပြင်ဆင်ပြီး ရရှိနိုင်ပါပြီ။ ။
ကျမ ကတော့ဖေ့ဘွတ်က စာတွေဖတ်ရတာ သတင်းတွေကြည့်ရတာ အစားအသောက်တွေကြည့်ရတာ. ဒါ့ပုံတွေကြည့်ရတာကြိုက်တယ်။ အနောက်ခြမ်းကသတင်းတွေ အရှေ့ခြမ်းက သတင်းတွေ အချိန်နဲ့တပြေးညီ သိရတယ်။ သတင်းပေ့ခ်ျတွေကြောင့်။ သူငယ်ချင်းတွေ ဘာလုပ်နေလည်း သိရတယ်။ ခြုံပြောရင် ဖေ့ဘွတ်သုံးတာ တခြားအွန်လိုင်းသုံးတာထက်ပိုများနေတယ်။ အဲ့လောက်ဖေ့ဘွတ်ကိုချစ်တာ။
Was this answer helpful?
LikeDislikeဆယ်ကျော်သက်တွေ ကတော့ ဖြင့် Facebook ကို မသုံးကြတော့ သလောက်ဖြစ်နေပြီ။
သူတို့ မမှားပါဘူး။
အဖိုး အဖွား ကစလို့ ဝင်နေတဲ့ နေရာကြီး
ကိုယ်ဆိုလဲ Bye Bye ပါဘဲ။
ဒါပေမဲ့ ကိုပြောင်ကြီး ရဲ့
Facebook က ကိုယ့်သီးသန့် လူ တွေ နဲ့ Privacy နေလို့ ရတာဘဲ။
ကောင်းတာဘဲ ကြားချင်ရင် ကိုယ့်ဟာကို နေပေါ့။
လူစုံတောထဲ Open ဖွင့်ပြီး ထားရင်တော့ ဆဲ လဲ သည်းခံ ရမှာ ကိုယ့်တာဝန်ပါဘဲ။
စိတ်နု တတ်ရင် သီးသန့်နေရုံဘဲ မဟုတ်လား။ :-)))
Was this answer helpful?
LikeDislike“စိတ်နု တတ်ရင် သီးသန့်နေရုံဘဲ မဟုတ်လား။ :-)))”
:s:
Was this answer helpful?
LikeDislikeခက်တာ က ဘယ်သူ ဘာတင်တင် ကိုယ့် စောင်းးးတယ်ချည်းး ထင်နေတတ်တော့ လည်းးးး ခက်သားးကလားးး။ တိုက်ဆိုင်လို့ နာတတ်တယ်ပဲ မှတ်ရမလားးးး။ အမြဲ တိုက်ဆိုင်နေတော့ လည်းးး ကွကိုယ် ဆန်းးစစ် ဖို့ လို ပြန်ရော။
အနော့ ဟာ နော် ပြောပါ တယ်။ ခိခိခိ ။
Was this answer helpful?
LikeDislikeသီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ ရဲ့ လက်ရွှေးစင် မိန့်ခွန်းများမှာတော့
” လူတို့ရဲ့ဘဝသက်တမ်းဟာ နှစ်ပေါင်းတစ်ရာပြည့်အောင် မနေကြရပါဘူး။ နှစ်ပေါင်းတစ်ရာဆိုတဲ့ ကာလ ဟာလည်း အလွန်တိုတောင်းတဲ့ ကာလလေးဖြစ်ပါတယ်။ အလွန်တရာ တိုတောင်းစွာ အသက်ရှင်ကြရသော ကျွန်ုပ်တို့၏ ဘဝတစ်ခု အတွင်းမှာ ကျွန်ုပ်တို့ လူသားတွေဟာ လူမျိုးရေး, ဘာသာရေး, စီးပွားရေး, နိုင်ငံရေး တစ်ခုခုကို အကြောင်းပြုပြီး ပြိုင်ဆိုင်ခြင်း, ငြင်းခုန်ခြင်း, တိုက်ခိုက်ခြင်း, ရန်ငြိုးဖွဲ့ခြင်း, မကျေနပ်ခြင်း, မရောင့်ရဲခြင်း, ထိတ်လန့်ခြင်း, တုန်လှုပ်ခြင်း, စိုးရိမ်ပူပန်ခြင်း တို့ဖြင့် အသက်ရှင် နေထိုင်ကြမယ်ဆိုလျှင် ဘယ်လူမျိုးတို့၏ ဘဝမှာမှ ဘဝအနှစ်သာရနှင့် ဘဝအဓိပ္ပါယ် ရရှိနိုင်ကြမှာ မဟုတ်ပါဘူး။ သို့ဖြစ်ခြင်းကြောင့် အနှစ်သာရနှင့် အဓိပ္ပါယ် ပြည့်ဝသောဘဝကို အားလုံးဝိုင်းဝန်းတည်ဆောက်ကြဖို့် လိုအပ်ပါတယ် ” တဲ့။
___________
ဒါလေးးးကြိုက်တယ်။
ခဏခဏ လာလာဖတ်သင့်တယ်။
Was this answer helpful?
LikeDislikeအရင်တုန်းက
မြဝတီမှာ ဇာတ်လမ်းတွဲတွေ ကြည့်ရသလိုပေါ့ …
ကောင်းခန်း ရောက်ပြီဆိုရင် ကြော်ငြာက လာပြီ …
မီးက ပြတ်ပြီ …
ဇာတ်လမ်းတစ်ပိုင်းက ပြီးသွားပြီ ….
ဖေ့စ်ဘုတ်ကလည်း အခုနောက်ပိုင်း
ဒီလိုပဲ ဖြစ်လာနေပြီ …
Was this answer helpful?
LikeDislikeကျနော်တော့…Facebook ကို.. မိတ်ဆွေတွေနဲ့ ..အလွယ်တကူ ဆက်သွယ်စကားပြောလို့ ဆိုတဲ့ အကြောင်းပြချက်ကို ပဲ….
Was this answer helpful?
LikeDislikeဖေ့စဘုတ်ပေါ်မှာ လက်တလော ခေတ်အစားဆုံးပါတော့ GPG ပါပဲခီညာ…
ရှဲပီးပြီလား …??
lol
Was this answer helpful?
LikeDislikeဦးပြောင်ကြီး
ဗူးကောင်ဂျီး
ဖူးယောင်ပြီး
ဒူးထောင်တီး..
Was this answer helpful?
LikeDislikeမူးကြောင်ပီး
ရူးအောင်ဖြီး
အူးကြောင်ကြီး…ဟီးဟီး။
Was this answer helpful?
LikeDislikeသတင်းတွေဖလှယ်ဖို့…၊ အမှတ်တရတွေ စုထားဖို့ သုံးဖြစ်ပါတယ်…
ပြောချင်တာပြော၊ အော်ချင်တာအော်ဖို့…ကိုယ့်ကို ဘယ်သူမှမသိတဲ့ အကောင့်လဲ ရှိသင့်တာပေါ့လေ…
Was this answer helpful?
LikeDislikefacebook ဆိုလို့ မ၀င်ဖြစ်တာတောင် အတော်ကြာပြီ။ ဒီဆိုရှယ်နက်ဝက်ထဲမှာ အပြင်မသိတဲ့သူတွေ မထားပဲ အပြင်မှာခင်တဲ့မင်တဲ့သူနဲ့ ကိုယ့်မိတ်ဆွေတွေပဲ ရှိတာမို့လို့ မ၀င်ဖြစ်လည်း သိပ်တော့ ကိစ္စမရှိဘူးဖြစ်နေတယ်။ အရမ်းကြီး မသုံးရမနေနိုင်တော့ မဟုတ်ပါဘူး။
Was this answer helpful?
LikeDislike