နိုင်ငံရေး နဲ့ ဝေးဝေးနေသူ (ဝါ) ကိုယ်လုပ်မှကိုယ်စားရသူ

နိုင်ငံရေး နဲ့ ဝေးဝေးနေသူ (ဝါ) ကိုယ်လုပ်မှကိုယ်စားရတာပါလို့ အမြဲပြော သော သူငယ်ချင်းသို့…………

သူငယ်ချင်း ………

မင်းမရှိမဲ့ ရှိမဲ့နဲ့ ဝယ်ထားတဲ့ မြေကွက်လေးပေါ်မှာ မင်းရဲ့ စီးပွါးရေးလေးကို လုပ်နေတုန်း
နိုင်ငံတော်က မင်းမြေကွက်လေးဟာ နိုင်ငံတော် စီမံကိန်းမြေနေရာထဲမှာ ပါနေတယ်ဆိုပြီး လျော်ကြေးမဖြစ်စလောက်ပေး သိမ်းပြီးနောက် ခရိုနီကြီးတွေလက်အပ် ဟိုတယ်ကြီး ဟီးနေအောင်ဆောက်နေတာကို မင်း ဝမ်းပန်းတနဲ့ ကြည့်နေရတဲ့ အချိန်။

အိမ်ရဲ့ စီးပွါးရေး အတွတ် တဖက်တလမ်း အကူအညီရဖို့ အထည်ချုပ်မှာလုပ်နေတဲ့ မင်းရဲ့ အချစ်ဆုံးညီမလေး ရတဲ့ လစာ လေးငါးသောင်းမလောက်လို့ အခုအချိန်ခတ်စားနေတဲ့ ဟောင်ကောင်မှာ အိမ်ဖော်သွားလုပ်ဖို့ မင်းကိုပူစာ တဲ့ အချိန်။

မင်းသားလေး နေမကောင်းလို့ စားရိတ်မျှပေး ကျမ်းမာရေး ဆိုတဲ့ ဆေးရုံးကိုသွားပြတုံး မင်းသားလေး ရောဂါပျောက်ဖို့ သိမ်းတစ်ရာလောက် ကုန်မယ်လို့ပြောတဲ့ အထူးကုဆရာဝန်ကြီးရဲ့ အပြောမှာ မင်းပါးစပ် အဟောင်းသားနဲ့ ကြည့်နေရတဲ့ အချိန်။

နောက်ဆုံးကြံရာမရ အိမ်လေးရောင်းပြီး taxi လေးဝယ် ကားမောင်းတတ်ရင်တော့ ထမင်းမငတ်ပါဘူးလို့တွေးနေတုံး မင်းရဲ့ Master ဘွဲ့ရ သူငယ်ချင်း taxi သမားက မင်းအိမ်ရှေမှာကားရပ်ပြီး သူ့မျက်နှာမှာထွတ်နေတဲ့ ဇောချွေးကို သဘက်နဲ့သုပ်ရင်း ပြောလိုက်တဲ့ စကားက ” ဒီနေ့ခေတ်လူတွေလဲ လုပ်စရာ မရှိတော့ဘူးလားမသိပါဘူး ပေါလိုက်တဲ့ taxi တွေရှင်လောင်းလှည့်နေသလားမှတ်ရတယ် ဒီနေ့တော့ owner ကြေးတောင်မရဘူးတဲ့” ဆိုတဲ စကားကိုကြားလိုက်ရတဲ့ အချိန်။

သူငယ်ချင်း မင်းအရင်က ပြောပြောနေတဲ့ ဝေးဝေးနေချင်ခဲ့တဲ့ နိုင်ငံရေးလက်မဲကြီးက မင်းအနားမှာလာရပ်ပြီး မင်းကို နားရင်း စပ်စပ်ကလေး အုပ်သွားပြီဆိုတာပဲ။ ဒို့သာမန် ပြည်သူဆိုတာကလဲ ကိုယ့် အကျိုးစီးပွါးကို တိုက်ရိုက် မပတ်သက်မချင်း နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ကြတာများပါတယ်။

အဲဒီတော့ သူငယ်ချင်း မင်းလဲ နိုင်ငံရေးရဲ့ နားရင်းအုပ်တာကို ခံပြီးပြီ မင်းရဲ့ သားသမီးတွေကိုကော မင်းလို နိုင်ငံရေးရဲ့ နားရင်းအုပ်တာကို ခံခိုင်းမလား ဒါမှမဟုတ် အဲဒိနားရင်းအုပ်မယ့် လက်ကို မင်းတို့လဲနေတဲ့ အချိန် မင်းပခုံးကိုပုတ် မင်းရဲ့လက်ကို ဆွဲထူမယ့် လက်ဖြစ်စေချင်သလားမင်းစဉ်းစားပါ ။ အဲဒီလိုဖြစ် ဖို့တော့မင်းကိုယ်တိုင်က စရလိမ့်မယ် သူငယ်ချင်း။ မင်း ရှေမှာ မတရားတာမြင်ရင် ကိုယ်နဲ့မဆိုင်သလို မနေပဲ မင်းကိုယ်တိုင် ဝင်မကူညီရင်တောင် မင်းဟာဒါ မတရားဘူးလို့ ဖွင့်ပြောနှိုင်ရမယ် အဲဒီလို တစ်ရောက်တစ်စပြောရင်းနဲ့ အာဏာပိုင်အဖွဲ့ အစည်းတွေဟာ မတရားတာကို ဗြောင်ကြကြမလုပ်ရဲတော့မှာပေါ့။

လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ မှာ အစိုးရက သူပြည်သူတွေကို အလေးထားနေရတယ်ဆိုတာ အဲဒီပြည်သူတွေဆီမှာ သူတို့ကို ပြန်တော်လှန်နှိုင်တဲ့ ဘာခတ်မှီလက်နှက်မှရှိနေလို့မဟုတ်ဘူး သူတို့ကြောက်တာ သူတို့ကို compliant တက်မယ့်ပြည်သူတွေရဲ့ ပါးစပ်နဲ့ ပြည်သူလူထုရဲ့ မထောက်ခံမှူ့ကိုပဲ။ အဲဒိတိုင်းပြည်က လူတွေဟာ သူတို့အစိုးရတွေကို သူတို့လိုအပ်ချက်တွေကို မလုပ်လုပ်အောင် သူတို့ရဲ့ ပါးစပ်တွေရယ် သူတို့ရဲ့ ဆန္ဒမဲ တွေနဲ့ပဲ control လုပ်ကြတယ်။

Democratic Society တစ်ခုမှာ လူတွေ နေစဉ်လုပ်နေတဲ့ အလုပ်တိုင်းဟာ နိုင်ငံရေးနဲ့ တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း တစ်နည်းမဟုတ် တစ်နည်းပတ်သက်နေကြတာ ကြီးပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ သူတို့လိုချင်တဲ့ Society တစ်ခုကို သူတို့ကိုယ်တိုင် ဖန်တီးနေကြလို့ပဲ။ ကြီးကြီးကျယ်ကျယ် စကားနဲ့ ပြောရရင် ပြည်သူတွေဟာသူတို့နဲ့ ထိုက်တန်တဲ့ အစိုးရကို ရကြတယ်လို့ ဆိုရိုးစကားရှိတယ်လေ။ ” The People Get The Government They Deserve “.

P.S …ဒီစာကို နိုင်ငံရေးနဲ့ ဝေးဝေးနေချင်ပြီး ကိုယ်လုပ်မှကိုစားရတာပါလို့ အမြဲတမ်းပြောတဲ့ ကျွန်တော်နဲ့ ရင်နှီးတဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့ သူငယ်ချင်း နိုင်ငံရေးရဲ့ နားရင်အုပ်ခြင်းကို ခံနေရတဲ့ အချိန်မှာ ကျွန်တော်ရဲ့ Facebook Friend ဖြစ်တဲ့ ကို Ba Thet Aung ရဲ့ နိုင်ငံရေးရဲ့ နားရင်းအုပ်ခြင်းကို ခံရတဲ့ တယ်ဆိုတယ် အကြောင်းလေးကို တိုက်ဆိုင်ဖတ်မိရင်း ရေးဖြစ်သွားတာပါ။ ကို Ba Thet Aung ကိုလဲ အကို့ရဲ့ ပြောင်မြောက်တဲ့ အသုံးအနှုံးလေးကို ယူသုံးရတဲ့ အတွက် ဒီနေရာကပဲ credit ပေးပါရစေ။

တကယ်တော့ ဒီပို့လေး ကို ကျွန်တော့ Facebook မှာ ကျွန်တော်သူငယ်ချင်း အတွက်ရေးထားတာလေးကို ဒီမှာပြန် share တာပါ.

14 comments

  • ခင် ခ

    July 25, 2014 at 9:33 pm

    သင်သည်နိုင်ငံရေးနှင့် ကင်းအောင်နေချင်လို့ နိုင်ငံရေးဆိုကြီး ဝင်လာမှာစိုးလို့ အိမ်ရှေ့တံခါးအား သော့အထပ်ထပ်ပိတ် ထားတိုင်း လုံလောက်ပြီဟုမထင်ပါနဲ့ အိမ်တစ်ခုအတွက်နိုင်ငံရေးသည် အိမ်ရှေ့ပေါက်ကဝင်လာခြင်း မဟုတ်ရေးချမဟုတ်ပါ သင်၏ စားဖိုဆောင်ကနေ နိုင်ငံရေးသည် ပေါက်ဖွားလာခြင်းပင် ဖြစ်ပါလိမ့်မည်သာတည်း။

  • အရီးခင်

    July 26, 2014 at 3:26 am

    ပြောဖူးပါရဲ့။
    အရီး တစ်ဖက် ကရဲ့ မိခင်ကြီး။
    နိုင်ငံရေးစကားမပြောပါနဲ့ တဲ့။ ဟိုဘက်ဒီဘက် အားလုံး လူတန်းစေ့ နေနိုင်သတဲ့။
    ဒါပေမဲ့ သူချစ် တဲ့ သား သမီး တွေ အားလုံးနီးပါး သူ့ အဝေးမှာ ရှိပြီး သူ့မြေး တွေ တစ်ချို့ မြန်မာ လို မပြောနိုင်တော့ တာ ဘာကြောင့် လဲ ဆိုတာ သူ သတိမပြု ခဲ့ဘူး။
    ကိုယ့်မြေ ကိုယ့်ရေ ကို ပစ်ပြီး အသစ် ဘဝ လို ပြန်စ ရတဲ့ တစ်ခြား မှာ ဘယ်သူက နေချင်ပါ့မလဲ ကွယ်။

  • ခင်ဇော်

    July 26, 2014 at 6:36 am

    ဘယ်အစိုးရ တက်တက် ကိုယ့်စီးပွား ကိုယ်လုပ်ပြီး အေးအေးဆေးဆေး နေမယ်။ နိုင်ငံရေး စိတ်မဝင်စားဘူး ဆိုတဲ့ အပြောတွေ ခဏ ခဏ သတိထားမိမှာပါ။
    – လမ်းသွားရင်း ဓါတ်ကြိုး ခေါင်းပေါ်ကျတဲ့ အခါ
    – ဘူဒိုဇာကြီး အိမ်ရှေ့က လှေခါးကို ထိုးဖျက်နေတဲ့ အခါ
    – မိုးရွာလို့ ရေတွေ အိမ်ထဲ ဝင်လာတဲ့အခါ
    – အကြမ်းဖက်မှုတွေကြောင့် မီးထဲ ကိုယ့်အိမ်ကလေး ပါသွားတဲ့အခါ
    – ပြည်ပထွက်လို့ မြန်မာပစ်စပို့စ် ကိုင်သူကို သူခိုးတစ်ယောက်ကို စစ်သလို စစ်ခံရတဲ့အခါ
    – ကိုယ့်နှမ၊ အစ်မတွေ အိမ်ဖေါ် အလုပ်နဲ့ ပြည်ပကို ထွက်သွားရတဲ့အခါ
    …. စသဖြင့် မဆုံးနိုင်တဲ့ စာရင်းတွေနဲ့ ကိုယ်တွေ့ကြုံရတဲ့အခါ …
    – ဘာကြောင့်လဲလို့ …. စဉ်းစားမိပြီး နောင်တ မရမိကြပါစေနဲ့ ရယ်လို့သာ …
    (credit to ကိုထိုက်)

  • မင်း ခန့် ကျော်

    July 26, 2014 at 7:47 am

    နိုင်ငံရေးဆိုတာ
    ၁။ဒေါ်စုကိုထောက်ခံရမယ်။
    ၂။မဝေဖန်ရဘူး။

    ဒီနှစ်ချက်ဆိုလုံလောက်ပါပြီ။
    မဟုတ်လို့ကတော့။
    ၁။ရွာ့အပြင်အထုတ်ခံရမယ်။
    ၂။unfriend အလုပ်ခံရမယ်။

    စာကြွင်း

    ကိုယ်တွေ့ :nrgreen:

    • ခင်ဇော်

      July 26, 2014 at 8:59 am

      ဟယ် ဖစ်ရလေ။ ခန့်ခန့် ရယ်။ :mrgreenn:
      နာ့ လေးးလေးး ခန့် ကိုု ဘူအန်တာတုုန်းးကွ ဟေ???
      သစ်သီးးးသုုပ် မကျွေးး ပဲနေတော့ မယ်။
      ဟိဟိဟိ. :mrgreenn:
      ပြောပြီးးသားးလေ ဟယ်။
      စုု ကိုု ဝေဖန်တာက ဘယ်သူ မဆိုု လုုပ်နိုုင်တဲ့ အလုုပ်လေ။
      သူ့ ကိုု ဝေဖန်တဲ့ သူက ဘယ်လောက်တောင် နိုုင်ငံ အတွက် ကြိုးးးစားးပေးး နိုုင်လည်းး ဆိုု တဲ့ စံ နဲ့ ဆိုုကွကိုု သိတာ အကောင်းးး ဆုုံးးးးး
      😀
      ခင်ညားး စိတ်မဆိုုးးတတ်တာ အရေထူတာ ကိုုတော့ ချစ်ခင်တယ်ဗျ။
      :s:
      ငြိမ်းးးချမ်းးးရေး လာ ယူ တာ ပြီးးမှ ရန်ဆက်ဖြစ်ကြမယ်။
      :mrgreen:

      • အရီးခင်

        July 26, 2014 at 1:31 pm

        ကိုခန့် ရယ်

        ဒီ ရွာထဲ ဒီလောက် စိတ်နု တဲ့ သူတွေ ရှိပါဘူး။
        သူငြင်း ကိုယ်ဗျင်း တွေ များပါတယ်။ အထင်။
        ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်တာ ကတော့ တကယ်ဘဲ တိုင်းပြည် နဲ့ ဆင်းရဲသား လူထု ကို ကောင်းစေချင်လို့ ဝေဖန်တာ ကတော့ ဝေဖန်ပါလေ့။
        ဒီလိုမဟုတ်ဘဲ တိုင်းပြည်ဘဏ္ဍာကို ကိုယ့်အတွက် သုံးနေသူ တွေ က သူတို့ စည်းစိမ်မပျက်ဖို့ ဝေဖန် တာ ဒါမှမဟုတ် နေရာ လိုချင်လွန်းလို့ တော်သူ ကို ဖယ်ဖို့ အပုတ်ချ ဝေဖန် တာ မျိုး ဆိုရင်တော့ အဲဒီ ဝေဖန် မှု ကို ပြန်ဝေဖန် ရပါမယ်။
        ဒီအတိုင်း ငြိမ်ကြည့် နေရင် ကြားနေ ဆိုတာ မတရား သူ ဘက်ကို ရပ်ပေးလိုက်သလိုမို့ပါ။

        အချက် တစ်ခုကို ဘဲ ကြည့်လို့ ရတယ်။
        ဒေါ်အောင်ဆန်းစုကြည် အာဏာရ ရ/ မရ ရ သူ့ မှာ ဘာမှ ဆုံးရှုံး သွားစရာ မရှိဘူး။
        ကမ္ဘာက လေးစေးမှုရပြီး သား၊ တိုင်းပြည်ထဲ က လူများစု ချစ်ပြီး သား။
        ဘာ စည်းစိမ် မှလဲ မရှိတော့ အာဏာလွတ်လဲ စည်းစိမ် ပျက်မှာ ကို ကြောက်စရာ မလို။

        ဒီ အချက် နဲ့ ဘဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စိတ် က အေးချမ်းနေပြီ။
        သူ ကိုယ်ပိုင် ဘဝ မှာငြိမ်းချမ်း မှု ရပြီး သား။
        သူ လုပ်နေတာ ပြည်သူတွေ အတွက်ဘဲရှိတယ်။ တကဲ့ ကို သူ့ရဲ့ ရိုးသားတဲ့ ချစ်ခြင်း မေတ္တာ ကို မြင်ရပါတယ်။

        တစ်ဖက် ကတော့ လား။
        အားလုံး ဆန့်ကျင်ဘက် လေ။
        သူတို့ စိတ် တွေ ပူလောင် နေတယ်။ ဒီ အာဏာ မှ မရှိတော့ ရင် စည်းစိမ် တွေ လွတ်တော့ မယ်။
        သူတို့ လုပ်နေတာ သူတို့ ကိုယ် သူတို့ကာကွယ်ဖို့။

        ဒါပါဘဲ။ ကွာခြားချက်က။

        ဒီလို လူတွေ ကို သက်ဆိုးရှည် စေချင်ရင်တော့ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် အာဏာ မရ အောင် ကန့်လန့် တိုက် နေပေတော့။
        တစ်ခြားနည်း မရှိပါ ကိုခန့် ရယ်။
        ရေရှည် ကြည့်ပြီး လူ မွေး ချင် တာလဲ ကောင်းပါရဲ့။
        ကောင်းတဲ့လူ မွေး ဖို့ ကောင်းတဲ့ သူ ကို မိခင် အရင် တော်လိုက် ကြပါဦး။
        မဟုတ် ရင်တော့ ဘီလူး လေး တွေ ဘဲ ထွက် လာလိမ့်မယ်။
        မယုံရင် စောင့်ကြည့်။ ဒီနှစ် မှာ မှ ညီညီညာညာ ဇာတ် မကနိုင်ရင် ဘီလူး ဆိုင်း ကို သာ နား ထောင် မြဲ နား ထောင် ကြပေ ရော့။
        အစွယ် ဖုံး ထား သူ တွေ ကတော့ ကျိတ် ကြိုက် နေမှာ ပေါ့။
        ဟုတ်။

  • မင်း ခန့် ကျော်

    July 26, 2014 at 9:18 am

    okey diamond like :mrgreen:

  • မင်း ခန့် ကျော်

    July 26, 2014 at 2:38 pm

    အရီးရေ
    ဒီမှာပြောရတာပိုစ့်ပိုင်ရှင်ကြီးကိုတော့အာနာမိပါရဲ့ :mrgreen:
    ကိုခန့် ရယ်

    ဒီ ရွာထဲ ဒီလောက် စိတ်နု တဲ့ သူတွေ ရှိပါဘူး။
    ဝမ်းသားပါတယ်ဗျာ။
    တကယ့်ဒေါင်ဒေါင်မြည်တွေကို ရွာကရ ထာလို့ :mrgreen:

    နိုင်ငံရေးမှာတော့ ကျတော်ကများသောအားဖြင့်
    ပိုကောင်းလာမလားလို့ရည်ရွယ်ဝေဖန်တက်ပါတယ်။
    ကျတော်မှားသွားလား ဒါဆို ခေါင်ကိုတချက်ခေါက် “တိန်”ကနဲ။
    သည်လိုပါကွယ်ဆိုရင် ။
    ဘယ်လောက် လှပလိုက်မဲ့ဖြစ်ခြင်း။
    နောက်နိုင်ငံရေးမှာ တကယ့်ပလေယာတွေကို
    ပုဂ္ဂိုလ်ရေး အထိ ဝေဖန်ရမယ်လို့ ကျတော်မြင်ပါတယ်။
    (မှားသွားရင် တချက် “တိန်” ပေးပါ :mrgreen:)
    နောက် နိုင်ငံရေးမှာ
    အသည်းနုနု အချစ်နုနုနဲ့ ချစ်ပြလို့မရဘူလို့လဲမြင်ပါတယ်။
    (မှာသွားရင် တချက်ထပ် “တိန်” ပေးပါခင်ဗျာ :mrgreen” )
    နောက်
    ဒီနေ့မြန်မာ့နိုင်ငံအရေးမှာ
    တိုက်ရင်းသင်
    သင်ရင်းတိုက်
    အမြန် ခပ်သုတ်သုတ်လေးသွားသင့်တယ်လို့ထင်ပါတယ်။
    ဒီအတွက် ဆရာ လိုအပ်တယ်လို့ထင်ပါတယ်။
    (—-“တိန်”——။)
    စိတ်မနု ဘူး ဆိုလို့ပါ။
    ဟုတ်ကဲ့ပါ။

    • အရီးခင်

      July 27, 2014 at 2:59 pm

      ဒီမယ် ကိုခန့် ရဲ့
      ကျွန်မ စတိတ်ကျောင်း မှာတုန်း က နဲနဲ သောင်းကျန်းပြီး ဘရုတ်ထဲ ပါတယ်။
      အဲဒီချိန်က ထမိန် ဒရွတ် ဆွဲ ဝတ် တဲ့ခေတ်။
      ကျောင်းမှာ စည်းကမ်းထုတ်ထားတာ က ရှပ်အကျီင်္ မဝတ်ရ၊ ထမီအရှည် မဝတ်ရ။
      နောက် စစ်လွယ်အိတ် ဆိုပြီး ရှိသေးတယ်။ အဲဒါကိုတော့ မပိတ်ပါဘူး။
      ကျောင်းသွားရင် ထမိန်ရှည်ရှည်၊ ရင်စိ ရင်ဖုံး အပေါ်မှာ ရှပ် အဖြူ (အဖေ့ အကျီင်္ တစ်ထည်ခိုးထားရတာ) နဲ့ စစ်လွယ်အိတ် စလွယ်သိုင်း လို့။
      အဲဒါ ကျောင်းထဲဝင်ချိန် စောရင် ဂျူတီစောင့် ဆရာမ မရှိသေးရင် ဒီ အတိုင်း ကျောင်းထဲဝင် မဟုတ်ရင်တော့ အပြင်မှာဘဲ ထမီ ပြန်တို ရှပ် ပြန်ချွတ် ပေါ့။
      အဲဒါ ကို မိရင် ခြေသလုံး ကို ကြိမ်နဲ့ ဆော်တဲ့ ဆရာမ ရှိတယ်။
      ကြောက်ပါဘူး။ နာမှ မနာဘဲ။
      ဝတ်တာဘဲ။ မိရင် ခပ်ပြုံးပြုံးဘဲ အရိုက်ခံ လိုက်တာဘဲ။
      နောက်တော့ ဆရာမ က မရိုက်တော့ဘူး။
      ဘာလုပ်လဲ ဆိုတော့ ထမင်းစားဆင်းချိန် သူ့အခန်း ကိုလာခိုင်းပြီး လက်ချာ အမြဲ ရိုက်တော့တာဘဲ။
      ကိုယ့်မှာ မဆော့ရတော့ ဘဲ သူ့ လက်ချာ ကြားမှာ နစ် နေရတော့ တဲ့ နောက်ပိုင်း ဘယ်တော့ မှ ထမီအရှည် နဲ့ ကျောင်းမသွားတော့ပါ။ ;-)))

      ဒီလိုဘဲ ကိုခန့်ရဲ့။
      ကျွန်မ ဆရာမ နည်းယူပြီး ခေါင်း တော့ မခေါက်ဘူး။
      လက်ချာ အရှည်ကြီး ပေးရမလားလို့ စဉ်းစားနေတာ။
      ဘယ်လိုလဲ။
      :-)))

      • မင်း ခန့် ကျော်

        July 27, 2014 at 5:28 pm

        အင်းးအရီးကဆရာမတွေကို စိတ်ထဲထားနေတုံးထင်တယ်။ :mgreen:
        အမှန်က ခေါက်လဲခေါက် (လက်ဆတော့လျော့ပေါ့ )
        ပြောလဲပြော။
        ဒါမှ။
        များများပြောတာကြိုက်ပါတယ်။
        ကျတော်တို့အများကြီး မပြောကြ
        မပွင့်လင်းကြ။
        မပြောရဲ။
        မပွင့်လင်းနိုင်ကြလို့
        ရှေ့ကိုရောက်သင့်သလောက်မရွေ့တာလို့မြင်ပါတယ်။
        ကန့်သတ်ချက်ရှိခဲ့တုံးကတပိုင်းပေါ့လေ။
        ခုချိန်မှာများများပြောကြ။
        ပွင့်ပွင့်လင်းလင်းရှိကြ။
        ဒါမျိုးလိုအပ်နေပြီထင်ပါတယ်။

  • ခင်ဇော်

    July 26, 2014 at 6:10 pm

    @ ခန့် ခန့်

    တိန်
    တိန်
    တိန်
    တိန်

    ခေါက်ပေးးပါ အရီးးးရေ

    :mrgreen:

    • မင်း ခန့် ကျော်

      July 27, 2014 at 5:33 pm

      ငယ်ငယ်က ခေါင်းပုတ်တမ်းကစားသလို
      အရီး အရီး ဆိုပြီး
      သူပဲခေါက်တော့မှာ :mrgreen:

  • Mr. MarGa

    August 1, 2014 at 2:35 pm

    နိုင်ငံရေး လား
    မအ. အောင် ထိုင်ကြည့်နေတယ်

  • alinsett (gazette)

    August 2, 2014 at 12:16 pm

    ကိုယ်လုပ်မှ ကိုယ်စားရတာ.. နိုင်ငံရေးနဲ ့ဝေးဝေးနေတယ်ဆိုတဲ့…လူတော်တော်များများ
    ရပ်ကွက်ထဲမှာ.. ရှိပါ့ ။

    တော်တော်များများက… ဒီလို.. ဖေ့ဘုတ်က စာမျိုး..အင်တာနက်က စာတွေမျိုးကို.. ဖတ်နိုင်ဖို ့ဝေးစွ….

    သူ ့တို ့ဘာသာသူတို ့တောင်…ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေရတာ.. ။

    ————
    ဆရာဇော်ဇော်အောင့် စကားငှားပြောရရင်…
    ကမ္ဘာကြီးပြားသွားတာ…ရွာကလူတွေ မသိလိုက်ဘူး…

    ရွာကလူတွေမှ မဟုတ်ဘူး..။
    ရပ်ကါက်ထဲက..လူတော်တော်များများလည်း..မသိသေးဘူး ။

Leave a Reply