ခရိုနီများ ထပ်မံ ကြီးစိုးမည့် နေရာ

manawphyulayJuly 26, 20142min23317

Star City Project
Star City Project
သန်လျှင်တံတား အကျော်တွင် တည်ဆောက်လျှက်ရှိသော Star City အိမ်ယာ စီမံကိန်းသို့ သွားရောက်လေ့လာခဲ့သည်။ အိမ်ယာများသည် ဈေးနှုန်း အနိမ့်ဆုံး သိန်း ၉၀ဝ မှ အမြင့်ဆုံး ၄၅၀ဝ သိန်းအထိ အခန်းများ ရှိပါသည်တဲ့။ ဘယ်လိုလူမျိုးတွေ ဝယ်နိုင်မည်လဲ။ အောက်ခြေလူတန်းစားနှင့် အလယ်အလတ် လူတန်းစားများ ဝင်ရောက်နေရာယူဖို့ မဖြစ်နိုင်သော နေရာတစ်ခုပင် ဖြစ်ပေသည်။ ယခုပြီးသမျှ နေရာများတွင် City Mark ဖွင့်ခြင်း၊ Cafe’ ဆိုင်၊ YKKO ကြေးအိုးသည်လည်း နေရာယူထားလေသည်။ ပစ္စည်းအမျိုးအမည်တူသော ဆိုင်ခန်းများ ထပ်မံ မငှားဟု သိရပါသည်။ တိုက်ခန်းတစ်ခန်းဆီအတွက် ကားပါကင်တစ်နေရာစာသာ ပေးထားပါသည်။
ယခုလက်ရှိတွင်လည်း တချို့တိုက်ခန်းများကို နိုင်ငံခြားသားများ ငှားရမ်းသုံးစွဲနေပြီ ဖြစ်ပါသည်။ အိမ်ယာဝင်းအတွင်း ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ Golf ကွင်းများ စတဲ့ တသီးတသန့်ဖြစ်အောင် နိုင်ငံတကာ အကောင်းတကာ့ အကောင်းဆုံး ပြင်ဆင်နေတယ်လို့ သိရှိခဲ့ရပါသည်။
Star City Map
Star City Map

IMG_9483

IMG_9493

DSC08809

DSC08805

DSC08821

IMG_9480

DSC08820

17 comments

  • မင်း ခန့် ကျော်

    July 26, 2014 at 3:38 pm

    hdi လူသားဖွံ့ဖြိုးမူ့အညွှန်းကိန်မှာ
    ကဘာ့အဆင့် ၁၅ဝ ။
    အာစီယံမှာအောက်ဆုံး။
    ဒီစီမံကိန်းမပြီးသေးလို့များလား :mrgreen:

  • ဦးကြောင်ကြီး

    July 27, 2014 at 4:49 am

    ခရိုနီ
    အပျိုရီ
    တကိုယ်သီ
    ဂလိုမြည်..

  • alinsett (gazette)

    July 27, 2014 at 8:09 am

    အနိမ့်ဆုံးဈေး…သိန်း ကိုးရာ….
    အင်းးးးးးးးးးး

    ဘယ်တော့ ဝယ်နိုင်ပါ့မလဲ…ဆိုတော့…
    ခရိုနီဖြစ်အောင်..လုပ်မှ…

    😆

  • ခင်ဇော်

    July 27, 2014 at 9:48 am

    စတားစီးတီး က ဘယ်သူ ဆောက်တာတဲ့လဲဟင်?

    • manawphyulay

      July 28, 2014 at 10:27 am

      ပိုင်တာကတော့ တစ်ယောက်ထဲမဟုတ်ဘူး။ အစုစပ်ပိုင်တာပေါ့လို့ ပြောပါတယ်။ ဒါပေမယ့် သတင်းကြားတာတော့ ဦးတေဇလို့ ကြားသိရပါတယ်။ မန်နေဂျာတွေကတော့ နိုင်ငံခြားသားတွေပါ။

    • Kaung Kin Pyar

      July 28, 2014 at 10:29 am

      SPA (Serge Pun & Association)

    • ဦးကျောက်ခဲ

      July 28, 2014 at 1:39 pm

      အရင်တုန်းက ထောက်ပြုတ်ဘဘကြီးကောင်းမှုနဲ့ ထွဋ်ခေါင်အိမ်ယာ ဆိုပြီး
      MIKKO Group က တရုတ်တွေ ယူထားတာ…
      နောက်မှ FMI (SPA) နဲ့ YOMA က လက်လွှဲ ယူလိုက်သတဲ့…
      တောက်စ်… ခရိုနီတွေ လက်ညိုးထိုးရောင်းစားတာ ကုန်ရောပဲ…

      • ခင် ခ

        July 28, 2014 at 2:09 pm

        ကျန်နေသေးတာလေးတွေကို ကောက်သင်းကောက်ကာ ရောင်းနေစဲပါ မပြီးသေးသော ပန်ချီကားပေါ့။
        သူတို့လက်က လွတ်တယ်ဆိုတာ ခပ်ရှားရှားရယ်ပါဗျာ။

      • Kaung Kin Pyar

        July 28, 2014 at 2:25 pm

        သိန်း ကိုးရာအောက်ထစ်ဆိုတာ မဖြစ်နိုင်ပါလို့ လာပြောတာပါ…။
        အနည်း ၃ထောင်ကျော်ချင့်……

        • ခင်ဇော်

          July 29, 2014 at 2:20 pm

          အဲလို ပြောတဲ့ လေသံကို က ကျောင်းဆရာ ဂျီးးးး

          :kwi:

          လာ ရဲ ဝူးးး

          :mrgreenn:

      • ခင်ဇော်

        July 28, 2014 at 4:36 pm

        ဟမ်မငေးးး
        ခု မင်းသားကြီး အလုပ်လုပ်ဖို့ကြံနေတာ သူတို့နဲ့။

        :hint:

        • Kaung Kin Pyar

          July 29, 2014 at 1:56 pm

          ရဲရဲကြီးသာ လာခဲ့ပါ မဇာယီး

          😀

  • အရီးခင်

    July 27, 2014 at 3:39 pm

    ဒါကြောင့်ပြောတာ ဒီက ချမ်းသာလူတွေ ပိုက်ဆံ ချမ်းသာတာ ထက် မြန်မာပြည်က ချမ်းသာလူတွေ ပိုက်ဆံ ချမ်းသာ တာ က အများကြီးပို ပါတယ်။
    စိတ်ချမ်းသာ မှု နဲ့ ပိုက်ဆံ ချမ်းသာမှု အချိုးကျရင်တော့ တန်ပါတယ်။
    ဒီအတိုင်း ဘဲ စည်းစိမ် တွေ ကို ထိန်းထားကြပေါ့။

  • lu lu

    July 29, 2014 at 8:04 am

    အဲ့တိုက်ခန်းနေချင် ရင်အရင်ဆုံး ခရိုနီ ဖြစ်အောင်လုပ်ဦးမှ
    နဲ ့တူတယ် ဘယ်လူဂျီးးအိုဖားးးရမလဲ မဟုတ်သေးပါဘူး
    ကပ်နည်းးဖားနည်းးသင်တန်းအရင်တက်ရမှာပေါ့ နော်
    ဒါနဲ ့သင်တန်းတက်ဖို ့ပိုက်ဆံကရော
    တော်ပါပြီ ကိုယ် ့
    ့်ဘဝနဲ ့ကိုယ် ပဲကောင်းပါတယ်
    🙁

  • kai

    July 29, 2014 at 1:45 pm

    အဲဒီငွေနဲ့.. ယူအက်စ်မှာ အိမ်ဝယ်လို့ရနေပြီ…။
    ရေမီးအစုံ.. မပျက်.. အင်တာနက်ပေါပေါပဲပဲနဲ့..

    ဝယ်ကြမလား.. ဝါရှင်တန်ပြည်နယ်လောက်ဆို.. ပင်လယ်ကမ်းခြေဘေးတောင်ရဦးမယ်..

    စကားအတင်းစပ်..
    ခရိုနီဆိုတဲ့ စာလုံးဆိုတာ.. ယူအက်စ်သံရုံးက မြန်မာပြည် လူနေမှုဘဝထဲသွပ်သွင်းခဲ့တာလို့..မှတ်မိတယ်..
    အဲလောက်ကြီးလည်း.. ဆိုရှယ်လစ်စော်မနံကြစေလို…
    ငွေရှင်ကြေးရှင်ဆိုတာ.. ၆ဝရာခိုင်နှုန်းအထက်က.. တော်လို့ဖြစ်ကြတာဆိုတာ.. သတိထားမိကြစေလို.. :i:

  • Choo

    July 29, 2014 at 5:14 pm

    မင်းခိုက်စိုးစံဝတ္ထုထဲကထင့် စာလေးတစ်ကြောင်း အမှတ်ရဒယ်….
    မာန်နတ်ဆိုတာလဲ…
    ဆေးရောင်ခြယ်ထားသလောက်
    အရုပ်မဆိုးပါဘူးတဲ့

Leave a Reply