လွယ်ကူမြန်ဆန် အဖုထွက် – KZ’s ထမင်းဆိုင်

ဇီဇီOctober 6, 20143min35244

ယောက်ခမွသဲ

အနော့ကို ဒီ တစ်ပတ် ခွေးလွှတ်ပါ။ ဟီးးး

:mrgreenn:

သဲ က ငပိမစားဘူးရယ်။

 

ကျနော်က တစ်ရက် တစ်ရက် ငရုတ်သီးရယ်၊ ငပိရယ် မပါရင် ထမင်းစားမဝင်ဘူးဗျ။ ငပိ ငခြောက် ပုဇွန်ခြောက်ကို လူကြုံတိုင်း မှာမှာစားရတာ။  :mrgreenn:

 

မြန်မာ ပါးစပ် ဆိုတော့ ဘာမှ မပါလည်း ဆီဆမ်း ဆားဖြူးနဲ့ အဲဒါလေးတွေ ဟိုလိုကြော် ဒီလိုကြော်က ထမင်းသိပ်စားဝင်တာရယ်။

အဲဒီတော့ အိမ်မှာ ပုလင်းလေးတွေနဲ့ ထားရတဲ့ လွယ်ကူမြန်ဆန် အဖုထွက် ဟင်းရံလေးတွေကို ရေးပါ့မယ်။ ညှော်နံ့အတွက် ပြသနာမရှိဘူး ဆိုရင် ကြော်ထားပြီး လိုက်ဖက်ရာ ချဉ်ရည်ဟင်းနဲ့ စားရင်ကို စားကောင်းနေတာပါပဲ။ ငိငိငိ။

:mrgreenn:

အဲလိုတွေ စားကောင်းလို့ ခု မက်နှာက လကဘာဖြစ်နေပြီ။ မှန်မကြည့်ရဲဘူးး

:chee:

 

သွေးတိုးရှိတဲ့သူ၊ သွေးတိုးမှာကြောက်တဲ့သူတွေတော့ ရှောင်စားပေါ့နော့။

 

ဆိုတော့…….. စံနစ်ကျမယ်လို့တော့ မမျှော်လင့်ကြပါနဲ့။ ဟိ။ စံနစ်တကျ တတ်သူများ သည်းခံကြပါ။

 

 

 

Monday

ငါးနီတူခြောက်ကြော်

ဆီအိုးထဲကို ငါးနီတူခြောက်တွေ ထည့်ပြီး ကျွပ်နေအောင် ကြော်။ ပြီးရင် ဆယ်ထားး၊ ကြက်သွန်ဖြူ /နီ ကို ဘလန်ဒါနဲ့ ကြေနေအောင် မွှေထားတာကို ထည့် ဆီသတ်။ မွှေးလာမှ ငါးခြောက်ကြော်ကို ထည့် နှံ့အောင် မွှေ။ မီးဖိုပေါ်က ချခါနီးမှ ငရုတ်သီး ခွဲခြမ်းကို ထည့် ကြော်လိုက်တာပဲ။ ငရုတ်သီး မတူးခင် မီးပိတ်ပြီး ပန်းကန်ထဲထည့်လိုက်ပါ။

photo

 

 

 

 

 

 

ကြက်ဥချဉ်ရည် (ဒီမှာ ဘဲဥမရှိလို့)

အဲဒီ ငရုတ်ခွဲခြမ်းနဲ့ ကြက်သွန်ဖြူနီ ရောပြီး ညက်အောင် မွှေထား/ထောင်းထားကို ဆီသတ်။ အနံ့ထွက်လာရင် ကြက်ဥပြုတ်ထားတာကို အခွံခွါ ခြမ်းပြီး ထည့်မွှေ၊ မန်ကျည်းမှည့်ကို အရည်ဖျော်ပြီး (ယိုးဒယားက ပေါင်းပြီးသား အထုတ်ဆို ဆေးစရာမလို) အရည်ကို အိုးထဲထည့်ပြီး ဆူတဲ့ထိစောင့်ပြီး အပေါ့အငံမြည်းပြီး ရလာတဲ့ ကြက်ဥချဉ်ရည်နဲ့ တွဲစားလို့ ရပါပြီ။

 

~~~~~~~~~~

Tuesday

ပုဇွန်ခြောက်(အကောင်လိုက်)ကြော်၊ ဆီအိုးတည်။ ပုဇွန်ခြောက်ကြော်၊ ကျွတ်ရင် ဆယ်။ ကြက်သွန်ဖြူ ပါးပါးလှီးကို ကြော်၊

(သများကတော့ ကြော်ပြီးသား အထုပ်လိုက်ဝယ်ထားလို့ ဒီ အဆင့်ကို ကျော်တယ်)

ကျွတ်ရင် ခုနက ပုဇွန်ခြောက်ကြော်ကို ပြန်ထည့်။ နှံ့ရင် မီးပိတ်ခါနီးမှ ငရုတ်သီးခွဲကြမ်းမှုန့်ထည့်။

IMG_5820

 

 

 

 

 

 

 

ဘဲ(ရိုး) ကြံမဆိုင်

(အဲဟင်း ချက်စားပါများရင် ကြံလိုက်တဲ့ ဘဲတိုင်း မဆိုင်သူဘွ ရောက်ရောက်သွားတတ်တယ်။ သတိထား၊ ငိငိ)

ဘဲ အရိုး တွေကို ကြက်သွန်ဖြူ ဂျင်းနည်းနည်းနည်းပြုတ်ပြီး ကြံမဆိုင် (ခေါ်ရတာ စိတ်နာထာ) ခတ်လိုက်ပြီး ဆူအောင်ထပ်တည်။

(ဘဲ အရိုးက ကြာကြာတည်လေ ကောင်းလေ)

အပေါ့အငံမြည်းပြီး ချလိုက်ရင် ဘဲရိုး ကြံမဆိုင် ချဉ်ချဉ်အရည်လေး နဲ့ စားလိုက်၊ ဘဲရိုးကိုက်လိုက်။

 

~~~~~~~~~~

Wednesday

ဘာလချောင်ကြော် (လို့ ခေါ်မလားမသိ)

သူများတွေ ဘယ်လို ကြော်တုန်း တကယ် မသိဘူးးး၊ အဟီးးး

သများ အဒေါ်က အလွယ်နည်း ပြောထားလို့ ဒီလိုပဲ ကြော်တယ်။

ပုဇွန်ခြောက်တွေ ရေစိမ် ပြီး ဆယ်ထားး ကြက်သွန်ဖြူ/ နီ ရေဆေးပြီး စစ်ထားးးး ၊

အကုန်မွှေပြီး ဘလန်ဒါထဲထည့်/ဒါမှ မဟုတ် ထောင်းး ငပိနည်းနည်းကို သင့်ရုံ ရေနဲ့ဖျော်ထားး၊

အစပ်ပါချင်ရင် ငရုတ်သီး အကြော်မှုန့်ပါထည့်ဖျော်ထားလိုက်တာပဲ။

ဆီအိုးတည်ပြီး ကျက်ရင် ဆနွင်းနည်းနည်းလေး ထည့်ပြီး ပဇွန်ခြောက်/ဖြူ/နီကို ထည့်ကြော် အရောင်လှချင်ရင် အရောင်တင်မှုန့် နည်းနည်းထည့်။

ပြီးရင် ခုနက ဖျော်ထားတဲ့ ငရုတ်သီး ငပိရည်ကို ထည့်ပြီး နှံ့အောင်မွှေ ခြောက်လာတဲ့ အချိန်မှ မီးပိတ်လိုက်ရင် အိုကေသွားတာပဲ။

IMG_5922

 

 

 

 

 

 

 

ငါးခူခေါင်း ကန်ဇွန်းရွက်ချဉ်ရည်ဟင်း (ဒီက မွေးငါးခူ က အဆီတွေချည်းပဲ)

ငါးခူခေါင်းလေး ကို ကြက်သွန်ဖြူနီဂျင်း နဲ့ နယ်ထားတာလေး အိုးထဲထည့်ပြီး  ဆီနည်းနည်းထည့်ပြီး မီးဖိုပေါ် တင်လိုက်၊

ပြီးရင် မွှေပေးး၊ ၂ မိနစ်လောက် နေရင် ရေမြှုပ်အောင် ထည့်ပြီး ဆူအောင်တည်ထားး

တစ်ခါဆူရင် မန်ကျည်းမှည့်ဖျော်ထားတဲ့ အရည်လေးထည့်၊ ငပိလေးနည်းနည်းထည့်၊ ဆူအောင်ပြန်တည်။

ဆူရင် ကန်ဇွန်းရွက် အရိုး အရင်ထည့်၊ ပြီးမှ အရွက်ထည့်အုပ် အဖုံးအုပ်ပြီးထားလိုက်၊ ဆူရင် စားလို့ ရပြီ။

 

~~~~~~~~~~

Thursday

ငါးခြောက်ထောင်း (အဲဒါက ဝေ့ ဆီက ဟိုတလောက ရတဲ့ နည်း၊ အတော်အသုံးတည့်နေလို့ စားဖြစ်တယ်။) (Credit to Wei Wei)

ငါးခြောက်ထောင်းကြော်အတွက် အသားများတဲ့ ငါးကွမ်းရှပ်ခြောက်ကို သုံးပါမယ်။

အသားမြောင်းတွေပဲရွေးပြီး ရေဆေးပြီး ပြုတ်ရမယ်။

၁၅ မိနစ်လောက်ပြုတ်ပြီးရင် အေအေးခံပြီး အရေခွံနဲ့ အရိုးပါရင် သေချာအောင်ထုတ်ပြီး ထောင်းရပါမယ်။

စက်ရှိရင် စက်ထဲထည့်ကြိတ်လို့လဲရပါတယ်။ ကြက်သွန်ဖြူနီ ပါးပါးလှီးပြီး ကြော်မယ်။ အဖတ်ဆယ်ပြီး အအေးခံရမယ်။

ကြက်သွန်ကြော်ထားတဲ့ဆီကိုကြည်ပြီး ငါးခြောက်အတွက်လိုသလောက်ချန်ပြီး ပိုမယ်ထင်တာတွေကို ဖယ်လိုက်ရမယ်။

ငရုတ်သီးခွဲခြမ်းအတွက် ကိုယ်တိုင်ထောင်း (သို့မဟုတ်) ရယ်ဒီမိတ်ဝယ် ၊ ဆီအိုးထဲထည့်ဆီသတ်ပြီး ငါးခြောက်ထောင်းထားပြီးသားထည့်ပြီး မီးအေးအေးနဲ့ ရေကုန်အောင်ကြော်ရပါမယ်။

အရသာကို မြည်းကြည့်ပြီးမှ ထည့်သင့်ပါတယ်။ သကြားနဲနဲထည့်ရမယ်။

ကျက်သွားရင် အအေးခံရမယ်။

ပြီးတော့မှ အအေးခံပြီးသားကြက်သွန်ကြော်ရယ်၊ ငါးခြောက်ထောင်းကြော်ရယ် ရောမွှေရမယ်။

ကြက်သွန်ကြော်အရင်ကြော်တဲ့အချိန်မှာ ဆီများများသုံးတယ် ..

ပြီးတော့မှ ငါးခြောက်အတွက် လိုသလောက်နဲနဲပဲချန်ပီး ကျန်တာခပ်ထုတ်ပစ်လိုက်တာ …

မီးအေးအေးနဲ့ ထောင်းထားတဲ့ငါးခြောက်ကို ဖြည်းဖြည်းချင်း ခြောက်သွားအောင် စိတ်ရှည်ရှည်လုပ်ရတာပေါ့ …

၂ ရက် ၃ ရက်လောက်ကြာတဲ့အခါ နဲနဲပျော့ချင်သလိုဖြစ်လာရင် မိုက်ခရိုဝေ့ထဲ စက္ကန့် ၃ဝ လောက်ထည့်လိုက်ရင် အသစ်ကြော်ထားတဲ့အတိုင်း ပြန်ကြွပ်သွားပြန်ရော ..

 ငါး​ခြောက်​​ထောင်​း​ကြော်
ငါး​ခြောက်​​ထောင်​း​ကြော်

 

 

 

 

 

 

 

 

မုန်လာပင်ပေါက် ချဉ်ရည်

မုန်လာပင်ပေါက်လေးတွေကိုလည်းအမြစ်လေးတွေဖြတ်ပြီးရေဆေးထား

အိုးထဲကိုငရုပ်သီးဆီသတ်၊ကျန်တဲ့ငါးခြောက်ရိုး၊ဂျင်းအနည်းငယ်ထောင်းထည့်၊

ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်

ကျနော်ကတော့ ရေဆူရင် မန်ကျည်းမှည့်ရည်ကို အရင်ထည့်ပြီး ထပ်ဆူအောင်ထားပါတယ်။

ရေဆူလာရင်တော့ မုန်လာပင်ပေါက်လေးထည့်၊နံနံပင်၊ငရုပ်သီးစိမ်းလေးခတ်ပြီး နွမ်းချိန်ဆူချိန် အပေါ့အငံမြည်းပြီး စားလို့ရပါပြီ။

 

~~~~~~~~~~

Friday

 

ငါးကြင်းငါးပိ ငရုတ်သီးစိမ်းကြော်၊

ငရုတ်သီးစိမ်း ငပိကြော်၊

ငရုတ်သီးစိမ်း – ၁ဝ တောင့်

ငပိ – ထမင်းစားဇွန်းနဲ့ တစ်ဇွန်း

ငါးကြင်းဖြူ ဘိုက်သား – တစ်ကွင်း

ကြက်သွန်နီ – အကြီး ၂ လုံး

ကြက်သွန်ဖြူ – ၁ဝ မွှာ ဆီ – ၁ဝ မီလီလီတာ (များလေ ကောင်းလေ၊ ငပိဆီက နယ်စားလို့ ကောင်းတယ်၊ နောက်ပြီး ဆီများရင် ငပိနံ့မထွက်)

ငါးကြင်းဖြူ လေးများ ရလာရင် ငါး အသား တစ်ပိုင်းလောက် ချန်ထားပြီး ပြုတ်ပြီး အသားနွှင်ထားလိုက်ပါ။

ငရုတ်သီးစိမ်းသေးသေးလေးတွေကို အညှာချွေ ပြီး ဆေး ပြီး စစ်ထားပါ။

ငါး အသားတွေကို ဦးကင်းပူမှာ လှော်ပြီး တစ်နေရာဖယ်ထားး အိုးထဲကို ဆီထည့်ပြီး ငရုတ်သီးစိမ်းတွေ အရင်ထည့်ကြော် နောက်ကမှ ကြက်သွန်ဖြူ၊နီ ညက်အောင်ထောင်းထားတာကို လိုက်ထည့် ကြက်သွန်တွေကျက်ရင် ငပိစိမ်းစားကိုထည့်၊ နှံ့အောင်မွှေ၊

(ကြက်သွန်နဲ့ ငုတ်သီးစိမ်းကြော်နောက်မှာ ငပိနံ့ပျောက်သွားးတယ်လို့ ကွကိုယ်ထင်မြင်မိ၊ ဟိ အမှန်တော့ မပျောက်ပါဘူးး)

ပြီးမှ ငါး အသားတွေပါထည့်ပြီး အပေါ့အငန်မြည်းပြီး ချလိုက်ရင် ရပါပြီ ခင်ညာ။

 

ကျန်တဲ့ ငါးကြင်းကွင်းတွေကို ဆား၊ ဆနွင်းနဲ့ နယ်ပြီး ကြော်ထားပေါ့။

 

ငါးကြင်းခေါင်း သီးစုံချဉ်ဟင်း

့သီးစုံချဉ်ရည်ဟင်းကိုတော့ ကျန်တဲ့ငါးခေါင်း နဲ ့ချက်ပါတယ်။

ဟင်းသီးဟင်းရွက်ကတော့ ဗူးသီး၊အာလူး၊ခရမ်းသီး၊ခရမ်းချဉ်သီးနဲ ့မုန်လာဥတို ့ပါပါတယ်။

အရင်ဆုံး အသီးအရွက်တွေကို လှီးပြီး ရေဆေးထားပါတယ်။

ချက်မဲ့အိုးထဲကို ငရုပ်သီးကြက်သွန်ဖြူနီ နဲ့ ငါးခေါင်းကို ဆီသတ်၊ရေနည်းနည်းထည့်ပြီးတည်ထားပါတယ်။

ရေခမ်းသွားရင် အသီးအရွက်တွေထည့်၊ဆူမှ မန်ကျည်းမှည့်ရည်ခတ်ပြီး ထပ်တည်။

~~~~~~~~~~

Saturday

ငံပြာရည်ကြော်
ဟိ။ အမှန်က အထွေအထူးမဟုတ်ပါဘူးးး၊
ပုဇွန်ခြောက်ကို ငပိနဲ့ မကြော်ပဲ ငံပြာရည်နဲ့ ကြော်တာ။
ငန်တာတော့ ငန်တာပါပဲ။

:mrgreenn:

ကြက်သွန်ဖြူ ၃လုံးက အမွှာတွေကို ပါးပါးလှီး၊ ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကို ပါးပါးလှီးး
ပုဇွန်ခြောက်မှုန့် လက်ဖက်ရည် ခွက် တစ်ခွက်စာလောက် ရယ်၊
ငံပြာရည် ခွက် တစ်ဝက်စာလောက်
ငရုတ်သီးခွဲခြမ်းမှုန့် ခွက်တစ်ဝက်စာလောက် ယူထားး
ဆီအိုးတည် ကြက်သွန်ဖြူ ကို ဆနွင်းနည်းနည်းနဲ့ ကြော်၊ ကျွတ်ရင် ဆယ်ထား
ကြက်သွန်နီကို ကြော်၊ ကျွတ်ရင် ဆယ်ထား
ကျန်တဲ့ ဆီပူထဲကို ပုဇွန်ခြောက်မှုန့် ထည့်ကြော်၊ ဆီနဲ့ ပုဇွန်ခြောက်လုံးသွားရင် ငံပြာရည်ထည့်လိုက်။
ငံပြာရည်နံ့ပျောက်သလောက်ရှိရင် ငရုတ်သီးမှုန့်ထည့်။
မတူးခင် နှံ့အောင်မွှေပြီး မီးပိတ်ပြီးမှ ကြက်သွန် ဖြူ/နီကြော်နဲ့ ရောသမမွှေရုံပါပဲ။

ချဉ်ပေါင်ချဉ်ရည် (နဲ့ လိုက်ပါတယ်)
ဒါမဲ့ လက်ဝင်လို့ ချက်ခဲတဲ့ဟင်းးး (အဟင်းဟင်းဟင်း)  :mrgreenn:

ချဉ်ပေါင်တွေကို အရွက်ချည်းပဲ ရေဆေးပြီး စစ်ထားး
ပြီးရင် ဆီနဲ့ လုံးထားပြီး ခြောက်သွားတဲ့ထိ လုံးပြီး ခဲထားနိုင်ရင် အကောင်းဆုံးပါ။
(အဲ ဒီ အဆင့်မှာတင်စိတ်မရှည်လို့ ပြန်ရင် အိမ်ကို အဲဒါလုပ်ခိုင်းပြီးမှ ခဲယူလာတာ)။
အဲ။ ချက်မယ် ဆိုရင် ဆီနည်းနည်းလေးနဲ့ ချဉ်ပေါင်လုံးထားတာရယ်၊ ပုဇွန်ခြောက်မှုန့်ရယ်၊ ငပိရယ်၊ ကြက်သွန်နီ ပါးပါးလှီးရယ်၊ ခရမ်းချဉ်သီး ပါးပါးညှပ်ထားတာရယ် ရောလုံးလိုက်တယ်။
ဆီဖျစ်ဖျစ်မည်ကာမှ ရေထည့်တယ်ထားပြီး ဆူရင် မျှစ် အမျှင်ခတ်တယ်၊ တည်တယ်။ ထပ်ဆူရင် ငရုတ်သီး စိမ်းတောင့် ဖင်ခွဲထည့်လိုက်တယ်။ အပေါ့အငံက ကိုယ့်စိတ်ကြိုက်မြည်းပေါ့နော့။

ကျနော် ပုံမှန်လို့ ထင်တဲ့ အရသာက သူများအတွက် ငံ နေတတ်တယ်။
ဟိ။

~~~~~~~~~~

 

Sunday

 

ဒီ နေ့ တော့ စားဖိုမှူးအသစ် ရေမြေ့သနင်း ရဲ့ လက်ရာပါ။
(ဟင်းးး တစ်ပတ်စာ ပေးမယ် ပုံပြောပြီး ပေါ်မလာလို့ ရှိတာကို ဇွတ် ယူသုံးလိုက်ရတယ်။ ငပိပါလို့)   :mrgreenn:

ကြက်သားငါးပိချက်

ပါဝင်ပစ္စည်းများ

ကြက်သား ၂၅ ကျပ်သားလောက်
အရောင်တင်မှုန့် ထမင်းစားဇွန်း မပြည့်တပြည့် တဇွန်း
ကြက်သွန်နီ ဥကြီး ၂ ဥ
ကြက်သွန်ဖြူ အမြွာကြီး ၄ မွှာ
ဂျင်း လက်ညှိုးတဆစ်စာလောက်
ပဲပုပ် ၃ ပြား
ဆီ ရ ကျပ်ခွဲသား
ဆား၊ အချိုမှုန့် တိုင်းတဲ့ထည့်ရန်
ငါးပိ ထမင်းစားဇွန်း ၂ ဇွန်း (ငရုတ်သီးစိမ်း ၊ ပုဇွန်ခြောက် ရော ထောင်းပြီး)
ငရုတ်သီး ၁ဝ တောင့် ( အတောင့်ရှည်… အစပ်ကြိုက်လျှင် ပိုထည့်နိုင်)
နံနံပင် ၁၀ဝ တန် တစည်း

အရင်ဆုံး ကြက်သားကို အလောတော်လေးတွေ တုံးရပါမယ်…
ကြက်သွန်နီ/ဖြူ ဂျင်းလေးကို ရောထောင်းပါ… ဂျင်းကတော့ လက်ညှိုးတဆစ်လောက်ပေ့ါ… မထည့်လဲ ရတယ်… ဒါပေမဲ့ မွှေးတာပေါ့… မညပ်တညပ်ထောင်းဖို့ မမေ့ပါနဲ့…
ပဲပုတ်ကို ရေစိမ်ထားပါ… ဒါကလဲ မွှေးအောင် ထည့်တာပါ.. အရသာလဲ ပိုလေးပြီး စားကောင်းတာပေါ့…
အရင်ဆုံး ဆီထည့်ပြီး ဆီသတ်ပါတယ်…ဆနွင်းကို မထည့်လဲ ရပါတယ်… ဒါပေမဲ့ နည်းနည်းထည့်ပါ.. အရောင်လဲ လှ.. ကျန်းမာရေးလဲ အထောက်အကူဖြစ်တာပေါ့…
ပြီးတာနဲ့ ကြက်သွန်နီ/ဖြူ ဂျင်းထောင်းတာလေးကို ထည့်ပါ… ထောင်းထားတဲ့ ဆုံကို မဆေးပါနဲ့ဦး… ရေ နည်းနည်းထည့်ထားပါ…
အရောင်တင်မှုန့်ကလေးကို ထည့်ပါ…
ပြီးရင် ကြက်သားတုံးထားတာလေးကို ထည့်ပါမယ်… နည်းနည်းကျက်အောင် မွှေမယ်… စောင့်မယ်…
ဆား၊အချိုမှုန့်လေးတွေ ချိန်ထည့်ပါမယ်… အသားမှုန့် ကြိုက်တဲ့သူကတော့ ဆားလျှော့ထည့်ပါ…
နည်းနည်းရဲလာပြီဆိုရင်… ထွက်ပြေးပါမယ်… ဟုတ်ပါဘူး.. ရေစိမ်ထားတဲ့ ပဲပုတ်ထည့်ပါမယ်… နည်းနည်းထပ်မွှေမယ်…
ပြီးတာနဲ့ ငါးပိကို အချိန်အဆအတိုင်းလေးထည့်ပါမယ်…. အနံ့လေး မွှေးလာပြီဆိုရင်… ခုနက ရေထည့်ထားတဲ့ ဆုံထဲက ရေကို ထည့်ပါမယ်…
ရေလေးဆီလေး ပွက်ကနဲ ပွက်ကနဲ ဆူလာတာနဲ့… ငရုတ်သီးစိမ်းတောင့်ရှည်လေးတွေကို ကတ်ကြေးနဲ့ ညှပ်ထည့်ပါမယ်…
နောက်ဆုံး အရသာ အိုကေ… အသားလဲ ကျက်… ရေလဲ ခမ်းသင့်သလောက် ခမ်းတာနဲ့… နံနံပင်လေးကို အပေါ်ကအုပ်လိုက်တော့ ပုံထဲက မြင်ရတဲ့ အတိုင်းလေး ဖြစ်သွားပါတယ်…

52

 

 

 

 

 

 

~~~~~~~~~~

ပြီးရင်တော့ ချက်ပြီး တပတ်စာသိမ်းထားလို့ရတဲ့ ပုဇွန်ငပိချက်ပါ။
စာဖိုမှူး အိုင်းရစ်ရဲ့ လက်ရာဖြစ်ပါတယ်။

ပုစွန် ငပိချက် ချက်ဖို ့အတွက်….

ပုစွန် အကောင် လေးတွေကိုခေါင်းဖြုတ် အခွံခွါ. ဆားနယ်ပြီးဆုံနဲ ့မညက်တညက်ထောင်းမယ်.
ငရုတ်သီးစိမ်း လေးတွေကိုလဲ အညှာဖြုတ်ပြီးထောင်းမယ်
.ကြက်သွန် ဖြူ နီ ပါ တခါတည်းရောထောင်းလိုက်မယ်။
မန်ကျည်းသီးမှည့် ကို အရည်ဖျော် ပြီးအစေ့တွေ စစ်ထားမယ်။
ငပိရည် ကျိုရင် နနွင်းမှုန် ့နဲနဲ ထည့်ပါ။
နနွင်းမှုန် ့က အနံ ့သတ်ပေးတယ်။
ကျိုပြီးရင် အရိုးတွေကိုဇကာလေးနဲ ့စစ်ထုတ်ပလိုက်ပါ
။ထောင်းထားတဲ့ ပုစွန်ရယ် ငရုတ်သီးစိမ်းရယ် ဒယ်အိုးထဲမှာ ဆီနည်းနည်းရယ်နဲ ့ လှိမ့်မယ်။
နွမ်းသွားရင် ငပိရည် လောင်းထည့် မန်ကျည်းသီးရည် လောင်းထည့် မယ်။
ဆူပွက်လာပြီး အရည်နဲနဲခမ်းသွားရင်ရပြီ။

တို ံစရာအတွက်ကတော့.

.ပေါက်ပန်းဖြုပွင့်ပြုတ်..
မျှစ်ပြုတ်.
.မှိုနတို.
.ခတက်ချဉ်
..ရုံးပတီသီးပြုတ်
.ခရမ်းသီးသေးသေးလေးတွေပြုတ်.
.သပွတ်ညွှန် ့ပြုတ်
.ကြက်ဟင်းခါးညွှန် ့ပြုတ်.
မုန်ညင်းဖူးပြုတ်…စားလို ့ရသမျှအရွက်တွေ အကုန်သာပြုတ်ပါလေ။

 

~~~~~~~~~~

 

နောက်ပြီး ပြောပြရဦးမယ်သိလား။  :mrgreenn:
သများကို ချာခိုး ဘာဘီကျူးပွဲတော်များ မဖိတ်လိုက်နဲ့။
ငပိဘူးနဲ့ ကို သွားတာ။
ဟုတ်တယ်လေ။ အိမ်မှာ ဂက်(စ) မီးဖိုက ငပိကင်လို့မကောင်းဘူးး၊ ကင်လည်း အိမ်ပဲ အနံ့စွဲတာ။  :mrgreenn:
အဲဒီတော့ မီးသွေးနဲ့ ကင်ခွင့်ရတုန်းး ငပိကို ကြိုက်သလောက်ကင်ပြီး ဘူးနဲ့ ပြန်ထည့်ယူလာတာ။
ပြီးမှ ….
ငရုတ်သီးစိမ်းနဲ့ တွဲထောင်းထားထားး
ငရုတ်သီးခြောက်ကြော်နဲ့ တွဲထောင်းထားထားး

:mrgreen:

သများ ငပိထောင်းနည်း ပြောပြဦးမယ်။

ငရုတ်သီးစိမ်းကို မီးကင်ပြီး အညှာခြွေထားး – ရ တောင့်
ပုဇွန်ခြောက် အကောင်ကြီးကို ရွေးထား – ဟင်းစားဇွန်း ၂ ဇွန်း
ငပိကင်ထား – ဟင်းစားဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ အခွံခွါထား – ကြက်သွန်ဖြူ ၅ မွှာ

ဆုံထဲကို ပုဇွန်ခြောက် အရင်ထည့် ညက်အောင်ထောင်း
ပြီးရင် ငရုတ်သီးစိမ်းထည့် ညက်အောင်ထောင်း
ကြက်သွန်ဖြူထည့် ညက်အောင်ထောင်း
နောက်ဆုံးမှ ငပိကို ထည့်ထောင်းလိုက်၊ ဇွန်းနဲ့ မွှေလိုက် ထောင်းလိုက် လုပ်တာ။
ပြီးရင် ဘူးထဲကို အဲဒီတိုင်းထည့်ထားတာ။

စားချင်မှ ယူပြီး ဆီစိမ်းနဲ့ သံပုရာသီးညှစ်လိုက်ရင် စားလို့ရပြီပဲ။ ၂ ရက်လောက်နဲ့ ကုန်ရင် ပြသနာမရှိ။
၂ ရက်ကြော်ရင်ကြက်သွန်ဖြူက အနံ့ နည်းနည်းထွက်တတ်လို့ စားခါနီးမှ ထည့်ထောင်းနိုင်ရင် တော့ ကောင်းသပေါ့။

~~~~~~~~~~

 

တစ်ပတ်လုံး ချက်စားဖို့ ပြောတာမဟုတ်ဘူးနော်။
ဟိ။
နေ့တိုင်း စားဖို့ ပြောတာ…….

(အဲလေ) ယောင်လို့…..
တစ်ရက်တစ်လေ စားချင်ရင် စားလို့ ရအောင် လုပ်ထားတာတွေကို စုပြီး ရေးလိုက်ရသလို ဖြစ်တာမို့။

 

:mrgreen:

 

:kwi:

44 comments

  • မွသဲ ( 17082011 )

    October 6, 2014 at 12:43 pm

    ဟယ် အဟင့်အဟင့် ဒီတပါတ်စာလုံးသများချားဘူးနော် ဒါပေမဲ့မှတ်ထားလိုက်တယ်။ ဒါပေမဲ့ အရေးဟယ်အကြောင်းဟယ်ဆိုရင်တော့ စီးတီးမတ်ကဝယ်လိုက်တာပဲ :mrgreen: ရေမြေ့သနင်းဟင်းကတော့အတေတတ်နေဒလိုဘဲ 😥

    • Yae Myae Tha Ninn

      October 9, 2014 at 9:18 am

      စားပြီးဆေးသောက်ပေါ့… မွသဲရယ်… 😛

  • Crystalline

    October 6, 2014 at 12:53 pm

    သများ ငါးနီတူကြော်နည်းပေးမယ်.. နိုင်ငံခြားကပြန်သင်လာတဲ့နည်း.. :mrgreenn: အစ်မတော်တစ်ယောက်ကြော်ကျွေးတာကြိုက်လွန်းလို့.. စိတ်တော်တော်လေး ကြည်လင် အားလပ်တဲ့အခါမျိုးဆို ကြော်ထားမိတယ်.. ငါးနီတူကို ခေါင်းပိုင်း..ဗိုက်နာအထိဖြတ်တယ်.. ခပ်မည်းမည်းတွေ ပါသည်အထိ.. အကောင်သန့်သန့်လေးကို ရေဆေး ဆန်ကာနဲ့စစ်.. အိမ်ရှေ့နေရောင်ထဲသွားပို့ထားလိုက်.. ပြီးရင် ဆီအိုးထဲ ဆီများများထည့်.. မြေပဲစိမ်းကို နည်းနည်းချင်း ကြော်.. ကျွတ်ပြီးမတူးအောင်… သများကြော်ရင် ၃ပုလင်းစာလောက်ကြော်လေ့ရှိလို့..အချိန်ပေးရတယ်.. :loll: မြေပဲတွေကြော်ပြီးရင် ငါးနီတူလေးတွေကိုလည်း အဲ့လိုပဲ နည်းနည်းချင်းကြော်.. ဆန်ကာနဲ့စစ်.. အကုန်ကြော်ပြီး ဆီများနေသေးရင် နည်းနည်းခပ်ထုတ်.. ငရုတ်သီးအကြမ်းဖတ်ကို ထည့်မွှေ..ငံပြာရည်နည်းနည်းထည့်… ပြီးရင် အကုန်မီးပိတ်..အအေးခံထားလိုက်.. အကုန်အေးပြီဆို.. မြေပဲ..ငါးနီတူကြော်.. ခွဲကြမ်းကြော်..ရယ်ဒီမိတ်ရောင်းတဲ့ ကြက်သွန်နီကြော်ကြွပ်ကြွပ်.. အကုန်ရောမွှေ.. အချိုမှုန့်စားရင်ထည့်.. မစားရင်မထည့်နဲ့… ပုလင်းထဲထည့်ထား.. တလတော့ အေးဆေးခံတယ်.. ကြွပ်ရွနေရော.. ဒီတိုင်းမြည်းလည်းကောင်းတယ်.. :mrgreenn: သများက ဟောလစ် ၃ပုလင်းစာကြော်ရင်.. မြေပဲတစ်ပုလင်းစာကြော်…. ငါးနီတူ.. ပုလင်းဝက်စာကြော်ကြော်.. ကြက်သွန်နီကြော်များများထည့်တယ်..

    • kai

      October 6, 2014 at 1:52 pm

      ငါးပိစိခေါင်းဖြတ်ရမှန်းအခုမှသိတယ်..။ တော်တော်လက်ဝင်မယ့်ပုံ..
      တကောင်လုံးထည့်ကြော်တော့.. အမြီးနဲ့ခေါင်းပိုင်းကကျွပ်ပြီး.. ကိုယ်ကပျော့စိစိဖြစ်နေတာ…
      ခါးကလည်းခါးသေး..

      စမ်းကြည့်ဦးမှ…. :k:

      • Crystalline

        October 6, 2014 at 3:16 pm

        ဟုတ်ဘူး..သဂျီးရဲ့… ဟိုမှာသူတို့ကြော်တော့ ဗီယက်နမ်ကလာတဲ့အထုတ်လေးတွေ.. ရေဆေးရုံဆေးတာ.. ကျမစိတ်ထင်..ငါးနီတူနဲ့လည်း သိပ်မတူသလိုပဲ.. ဒီမှာက ငါးနီတူအစစ်တွေက.. အဲဒီအပိုင်းတွေမဖြတ်လိုက်ရင် သဲရှသလိုပဲ.. ကျမမစားနိုင်ဘူး.. အကောင်ဖြူဖြူလေး သီးသန့်ယူတာ.. :))

  • Crystalline

    October 6, 2014 at 1:23 pm

    ငါးဖယ်ငရုတ်သီးရှူးရှဲကြော်.. အဲဒါကတော့ လက်သန်းလောက်ရှိတဲ့ငရုတ်သီးသုံးတယ်.. ဟိုအတောင့်သေးလေးတွေဆို.. ကြေကွဲရချက်မသက်သာလို့.. :mrgreenn: ငါးကတော့ ဘာမှမနယ်မဖတ်ရသေးတဲ့ငါးဖယ်/ငါးခူအသားလွှာပိစိတုံး/ငါးကြင်း သေးသေးတုံး ဘာသုံးသုံးရတယ်.. ၁၅ကျပ်သားလောက်… ဟင်းချက်ဖို့ပြင်မယ်… ငရုတ်သီး လက်တစ်ဆုတ်စာကျော်လောက်ကို သေးသေးညှပ်ထား.. ကြက်သွန်နီတစ်လုံးပါးပါးလှီးထား.. ကြက်သွန်ဖြူအကြီး၆မွှာနဲ့ ငရုတ်ကောင်း ၁၅စေ့လောက်ကို ထောင်းထား.. ကြက်သွန်နီဆီသတ်.. ဟိုငါးတမျိုးမျိုးထည့်.. ယိုးဒယားငံပြာရည် ရမ်းသမ်းထည့်… အရသာပစ်ထည့်.. မွှေမယ်.. ငါးဖယ်ဆိုရင်တော့ နည်းနည်းအတုံးသေးလေးတွေဖြစ်သွားအောင်ဇွန်းနဲ့ချေမယ်..မွှေမယ်.. ၁ဝမိနစ်လောက်မွှေပြီးရင်.. ငရုတ်သီးထည့်မွှေ.. အဲ့အချိန် နှာတွေအသားကုန်ချေလိမ့်မယ်.. အရသာရှိမှရှိ.. :mrgreenn: ၅မိနစ်လောက်ထပ်မွှေပြီး အိမ်ကလူတွေကို အညှော်တိုက်မယ်.. ပြီးရင် ကြက်သွန်ဖြူ.. ငရုတ်ကောင်းထောင်းထားတာထည့်.. ၂မိနစ်လောက်မွှေပြီး စားလို့ရပြီ..

    • ကေဇီ

      October 6, 2014 at 1:26 pm

      ၂ခုလုံး စိမ်းချင်တာ မရလို့။
      ကျေးကျေးးး
      ပို့(စ) ထဲထပ်ဖြည့်လိုက်မယ်။

      :mrgreenn:

      • ခင် ခ

        October 6, 2014 at 8:49 pm

        တစ်ရက်စီ အလှည့်ကျနဲ့ စိမ်းကြည့်ပါလားဗျ
        စတာပါ
        ငါးခြောက်မျိုးနွယ်တွေကို မန်း မှာဝယ်ရင် ပိုငံသလိုဘဲဗျ အဲဒါနဲ့ဘဲ စားဖြစ်ခဲတယ်လေ။

        • ကေဇီ

          October 7, 2014 at 1:01 pm

          အငန် ကတော့ စ မစားတာကောင်းပါတယ်ဗျာ။
          ကျနော်က မနေနိုင်လို့သာ.. :mrgreenn:

  • MAUNG

    October 6, 2014 at 1:32 pm

    ဒီဘက် ကို Tuesday ဟင်းနဲ့ တစ်ပွဲဗျို့ 😀

  • ကေဇီ

    October 6, 2014 at 1:58 pm

    သများးပြော တဲ့ ငါးးနီတူ က ဂေးး
    အဲလေ
    အခြောက်
    အဲဒါ ကို ကြော်တာ။. :mrgreenn:
    ခွစ်ပြောတဲ့ ဟာ က လက်ဝင်မှာ
    နောက် တပတ် ငါးး တပတ် မှ ယူမယ်နော်
    ကြိုပြောထားးတာ
    :k:

    • Crystalline

      October 6, 2014 at 3:34 pm

      ဟုတ်တယ်.. လက်ဝင်တယ်.. အဲဒီအထဲ.. ဗီယက်နမ်ကလား ယိုးဒယားကလားမသိတဲ့ လာတဲ့.. ကြက်သွန်ဖြူကြော်လေးထည့်ပိုကောင်း.. မွှေးတေး..မွှေးတေးနဲ့.. ဒို့တွေ လက်ဖက်နဲ့စားတဲ့ကြက်သွန်ကြော်မျိုးမဟုတ်ဘူးလေ.. သေးသေးတုံးကြော်ထားတာလားမသိ.. ခပ်သေးသေးမှုန်မှုန်တွေ.. ကြွပ်ကြွပ်လေးတွေ.. :)) ပဲပုတ်.. ဂျူးမြစ်ကြော်လည်း အဲ့ဒီနည်းအတိုင်းကြော်ပါတယ်ရှင့်.. :))

      • ကေဇီ

        October 6, 2014 at 3:39 pm

        နှလုံးးသားး နဲ့ ချက် တဲ့ ဟင်းးတစ်ခွက် ကို သတိရ

        :a:

  • ကေဇီ

    October 6, 2014 at 2:06 pm

    မောင် က သများး စိတ်နာ တဲ့ ဟင်းး နဲ့ မှ စားးချင်တယ်ပေါ့လေ??

    :kwi:

  • pooch

    October 6, 2014 at 2:14 pm

    အမလေး ငါးပိငါးခြောက်နံ့တွေကို လှိုင်နေတာပဲ
    ပြောရရင် စားပဲ စားတတ်တာပါ
    မားသားချက်ရင် ဘာနေနေ စားပါတယ် အချက်လည်းကောင်းတယ်:loll:

    အော်… သူများတကာ ချက်တာပြုတ်တာကြည့်ပြီး ကိုယ်အသုံးမကျတာ ပိုပိုသိလာတယ် :cryy:

    • ကေဇီ

      October 6, 2014 at 3:33 pm

      ငတ်တော့ စားးချင်တော့ ဂလိုပဲ ကြိုးးစားးရတာ
      သများး အတွက်တော့ တောင်တက်ရတာ ပိုခက်တယ်။
      :mrgreenn:

  • မွသဲ ( 17082011 )

    October 6, 2014 at 3:25 pm

    ပုဇွန်ခြောက်ငြုပ်သီးစိမ်းကြော်နည်းပေးမယ်။ ပုဇွန်ခြောက် ငါးဆယ်သား ငရုတ်သီးစိမ်း အစိတ်သား ကြက်သွန်ဖြူ ငါးကျပ်သား။ တမျိုးစီကို ဘလန်ဒါနဲ့ ညက်နေအောင်ကျိတ်။ ဆီသုံးဆယ်သားခန့်ကို ပူအောင်တည် ကြက်သွန်ဖြူဆီသတ် ငြုပ်သီးစိမ်းထည့်ကြော် နှံရင် ပုဇွန်ခြောက်ထည့် ငံပြာရည် သကြားနည်းနည်း ထည့် မီးပြင်းပြင်းနဲ့ကျွတ်နေအောင်ကြော်။ ကျွတ်သွားရင် ဇကာထဲထည့်ဆီစစ်ထား။ ကောင်းမှကောင်း အရမ်းစားလို့ကောင်း။

    သတိပြုရမှာကတော့ ကြော်နေရင် အိမ်ကရှိသမျှပန်ကာတွေစုထိုးထား ပါတ်ဝန်းကျင်နဲ့အိုက်ရက်ပိုင်းတည့်အောင်နေ။ လက်ကိုင်ပဝါဆောင်ထား ဟပ်ချိုးတအားချီလို့။ ဒါပေမဲ့ ထမင်းစားတဲ့အချိန်ကျရင်တော့ လက်မလည်ဘူးရယ်။

    • ကေဇီ

      October 6, 2014 at 3:31 pm

      ကျန်းးးးကျန်းးးး
      ချစ်ဖို့ ကောင်းးးလိုက်တာ
      ကြော်ပြီးးး သိမ်းးးထားးရမယ်
      Method ရော
      risk assessment ရော ပြောပြတာ
      တော်လိုက် တဲ့ ယောက်ခမွ

      :chit:

    • kai

      October 6, 2014 at 4:10 pm

      တခါရေးတင်ဖူးတယ်…
      အဲဒီအောက်က.. ကိုရီးယားပဲပုပ်တုံးကို ထုခြေပြီး.. ဆီပူနဲ့ကြော်.. ငရုပ်သီးခွဲခြမ်းလှော်နဲ့ရောလိုက်ရင်.. ရှမ်းပဲပုပ်လိုပဲ..။ သီဟပူရနဲ့..ရန်ကုန်မှာရမရတော့မသိ..။

      Doenjang – Wikipedia, the free encyclopedia
      Doenjang blocks. Doenjang is fermented soybean paste.

      အမွသဲရေးသလိုဆိုရင်တော့..

      သတိပြုရမှာကတော့ ကြော်နေရင် အိမ်ကရှိသမျှပန်ကာတွေစုထိုးထား ပါတ်ဝန်းကျင်နဲ့အိုက်ရက်ပိုင်းတည့်အောင်နေ။ လက်ကိုင်ပဝါဆောင်ထား ဟပ်ချိုးတအားချီလို့။ ဒါပေမဲ့ ထမင်းစားတဲ့အချိန်ကျရင်တော့ လက်မလည်ဘူးရယ်။

  • ကေဇီ

    October 6, 2014 at 4:27 pm

    သိသလောက်တော့ မရှိ!!
    ကျနော် က အသားးပဲ စားးး သတ္တဝါ မို့ လားးတော့ မသိ!!!

    :k:

  • Mr. MarGa

    October 7, 2014 at 8:33 am

    တစ်ပတ်လုံး ဒါကို ချိုင့်ဆွဲစားရင်တော့ အဆင်မပြေလောက်ဘူး
    ဆိုတော့ တစ်ပတ်ကို တစ်မျိုးစီ စားရမယ် :a:

    • ကေဇီ

      October 7, 2014 at 12:41 pm

      နောက်ဆုံး စာကို ဖတ်ပြီးမှ တစ်ရက်ချင်းမှာနော်။

      :k:

      • Mr. MarGa

        October 7, 2014 at 1:24 pm

        မရဝူးး
        တစ်ပတ် တစ်ရက် only ပဲ
        :mrgreen:

  • manawphyulay

    October 7, 2014 at 9:29 am

    သွေးတိုးစာတွေတော့ သိပ်မစားရဲဘူး။ အခုက ငယ်ငယ်နဲ့ သွေးက တိုးချင်နေတယ်။ မုန့်ဟင်းခါးလေး စားတာတောင် သွေးတိုးချင်ဖြစ်နေတယ်။ ဒါပေမယ့် မှတ်ထားရမှာတော့ မှတ်ရမယ် ခရီးသွားရင် ပိုအသုံးဝင်တယ်။

    • ကေဇီ

      October 7, 2014 at 12:42 pm

      အယ်။
      အာ့ ဆို ရင် တော့ ဂရုစိုက်ဦး မနောရေ။
      :a:

  • kyeemite

    October 7, 2014 at 11:14 am

    . ငါးနီတူငြုပ်သီးကြော်တော့အလွန်ကြိုက်
    .မစားရတာတောင်ကြာပီ..မဒမ်မိုက်ကိုလုပ်ခိုင်းအုံးမှ :loll:

    • ကေဇီ

      October 7, 2014 at 12:43 pm

      ဒီ ဘက်က တပန်းကန်လောက် မျှနော်။

      :mrgreenn:

  • kai

    October 7, 2014 at 2:16 pm

    ဆွိမမ.. အဲ.. ဟော့မမရေ…
    ဖတ်ကြည့်ပြီသကာလ.. လျှာပါလည်လည်လာသမို့.. ဒီပို့စ်ကို.. ဒီလသတင်းစာမှာသုံးလို့ရမလားဟင်င်…
    ဟိုအရင်ပေးထားတာတွေ.. အကြွေးတော့မှတ်ထားမယ်ပေါ့…။ :k:

    • ကေဇီ

      October 7, 2014 at 2:21 pm

      ရပါ့။
      ဘယ်ဟာ အရင် သုံးသုံးးး

      :k:

      အသည်း နှလုံးမဲ့ လူဂျီးးး
      တညားကို ရွာရောက်ကတည်းက မီးဖိုချောင်သွတ်ထားတဲ့ လူဂျီးး
      တညား ဘရန်း အဝယ် မထွက်ရတာကို ကြာပါပကော။

      :t:

  • Ma Ma

    October 7, 2014 at 10:58 pm

    အညာဘက်က ခရမ်းချဉ်သီးနဲ့ ငါးခြောက်ကို ချက်စားလေ့ရှိတာမို့ ငံတာကို မကြောက်ပဲ ဝယ်လေ့ရှိကြတယ်။
    ငါးခြောက်ဆားပေ့ါဆိုတာကလည်း သီးသန့်အော်ဒါမှာမှပဲ ရတတ်တယ်။
    ငါးနီတူခြောက်ကတော့ (စိတ်အထင် ငါးသေးသေးလေးတွေမို့ ရေငံငါးလည်းဖြစ်တာမို့) ဆားမစိမ်ပဲ လှမ်းလို့ ဆားပေ့ါလေ့ရှိတယ်။

    ငါးနီတူခြောက်ကို toaster နဲ့ ၁ဝမိနစ်လောက်ကင်ပြီး ဆီဆမ်းလိုက်ရင် မြန်ကောင်းသက်သာနည်းနဲ့ အလွယ်တကူစားနိုင်တယ်။

    နောက်တစ်နည်းက ကင်ထားတဲ့ငါးကို ကြက်သွန်နီ ငရုတ်သီးစိမ်း သံပုရာရည်နဲ့ သုပ်စားလို့လည်း ရသေးတယ်။

    • ကေဇီ

      October 8, 2014 at 8:54 am

      အဟီးဟီး။
      ချစ်မ ပြောတဲ့ သုပ်နည်းလည်း စားလေ့ရှိတယ်။
      ခုဟာက ရက်နည်းနည်းကြာကြာထားချင်သူတွေ အတွက် ကြော်ပြီး သိမ်းထားလို့ ရအောင် ရေးတာ။
      ဒီမှာက ရုံးက ပြန်လာရင် ဖွယ်ဖွယ်ရာရာချက်ချိန်မရှိဝူးလေ။

      :k:

  • မြစပဲရိုး

    October 8, 2014 at 7:47 pm

    ဒီရက် တော့ Stress တွေ ကြောင့်လား မသိ။
    မျက်နှာပေါ် အဖု တွေ ထွက်စ် နေတယ်။

    ငပိ ကတော့ ကြိုက်သလို၊ မကြိုက်သလို မို့ မစားရလဲ မထူး။

    ငါးခြောက် တော့ ကြိုက်စ် ၏။
    သူငယ်ချင်း တစ်ယောက် ပေးထား တဲ့ ပုဇွန်ခြောက် နှစ်ချို့ နေပြီ။
    ရေခဲသေတ္တာ ထဲမှာ။
    ဘာလုပ်စားရမလဲ စဉ်းစားတုန်း။
    အခု ဇီကလေး ရဲ့ ဘာလချောင်ကြော် လုပ်မလားလို့။
    ကျေးဇူး။ :))

    • Yae Myae Tha Ninn

      October 9, 2014 at 9:24 am

      မြိတ်ငါးပိစားကြည့်ပါ အရီး.. ကြိုက်စေရမယ်… မနံဘူး.. မငံဘူး… ပုဇွန်ငါးပိ… မဲလဲ မမဲဘူး.. ဖြဲလိုက်ရင် ရဲနေရမယ်… ငပိပြောတာနော်… တကယ်ရယ်… ကျွန်တော်ရောင်းတယ်.. မှာချင်ရင် ပြော… ဈေးကတော့ လက်ရှိ ၅၅၀ဝပါ… ချောင်းသာ ငပိနဲ့က ကြိုက်တဲ့ပေါ် မူတည်တယ်.. တချို့ကတော့ ချောင်းသာက တစ်နဲ့.. တချို့ကတော့ ကျွန်တော့် ငပိက တစ်တဲ့… 🙂 ကြော်ငြာဝင်တာ ဟုတ်ဘူးနော်… ငပိ မကြိုက်သေးသလိုဖြစ်လို့ ဆွယ်တာ… 😀

    • ကေဇီ

      October 9, 2014 at 9:34 am

      ငင်။
      တူတူပဲ။
      ပေါင်းစုံစိတ်ဖိစီးချက်တွေနဲ့ ထွက်တာရော
      နေ့တိုင်း ဒီဟာတွေစားလို့ ထွက်တာရောနဲ့။
      အာ့ကြောင့် သူများတွေပါ ခါတော်မှီထက်အောင် လာရေးတာ။
      ဟိ

      :k:

  • မစုဉာဏ်

    October 8, 2014 at 10:21 pm

    တော်တော် အချက်ပြုတ်ကောင်းမယ့်ပုံပဲ။
    စားစရာတွေ ကြည့်ပြီး မြန်မာပြည်ကို လွမ်းလာတယ်။

    🙁

    • ကေဇီ

      October 9, 2014 at 9:36 am

      အနော့ စာဖိုမှူးတွေက ပိုတော်တယ်။
      ဟီးး
      အနော် လည်း လွမ်းလို့ လျှောက်ချက်ထားတာတွေ။

      :k:

    • ကေဇီ

      October 9, 2014 at 11:11 am

      ဖွေးဖွေးမပါပဲ ကြိုက်တာ ဒီတစ်ခါပဲ ရှိသေးး

      :kwi:

  • weiwei

    October 9, 2014 at 11:30 am

    ငါးပိ မကြိုက်၊ အစပ် မစားနိုင်လို့ ဒီအပါတ်ကိုတော့ အားမပေးနိုင်တော့ဘူး .
    ငယ်ငယ်ထဲက ရေရှည်ခံတဲ့အစားအစာဆိုရင် ဘာမှမစားခဲ့ဘူး။ ချက်ခြင်းချက် ချက်ခြင်းစားတဲ့ အစားအစာကိုပဲ နှစ်သက်တယ်။
    ငါးခြောက်ထောင်းကြော်တောင် (တော်တော်စိတ်ပါမှ) အစပ်မထည့်ပဲ အချိုပဲကြော်လေ့ရှိပြီး ဆန်ပြုတ် ပလိန်းနဲ့ တွဲစားရတာကြိုက်တယ်။

    • ကေဇီ

      October 9, 2014 at 11:35 am

      အမှန်တော့ အဲဒါ အကောင်းဆုံးပဲ။
      ကျန်းမာရေးအတွက်။
      ဒီမှာတော့ ချက်ချင်းစားချင်ရင် ချက်ချင်း ချက်ဖို့ မလွယ်။

      :a:

  • Yae Myae Tha Ninn

    October 9, 2014 at 2:43 pm

    ကျွန်တော် တင်ထားတဲ့ ပို့စ် ဆိုပေမဲ့… မိန်းမနဲ့ ပေါင်းချက်ထားထှာ… အဲ့ လာပြောတာ… 🙂

  • ခင်ဇော်

    November 27, 2014 at 6:34 am

    ဆေးဖက်ဝင် ငပိရည်ဖျော်နည်း

    ကျွန်မတို ့နေ ့စဉ်ထမင်းမြိန်စေတဲ့ ငပိရည်ဟာ စားလို ့တော့ကောင်းပါရဲ ့။
    ငပိရည်ဘယ်လိုဖြစ်လာတာကို သိသူနည်းပါးပါလိမ့် မယ်။ ဒါကြောင့် ဆေးဖက်ဝင်
    ငပိရည်ဖျော်နည်းအကြောင်းမပြောခင် ဦးစွာပထမ
    ငပိလုပ်နည်းကိုပြောပြချင်ပါတယ်။ ငပိတစ်ပိဿာအတွက်
    ငါးတစ်ပိဿာ နှစ်ဆယ့်ငါးကျပ်သားလောက် ဝယ်ရပါမယ်။ ငပြေမကတော့
    ပြောစမှတ်ဖြစ်ရအောင် အချို ဓာတ် လေးလေးပင်ပင်ရှိလှပါတယ်။
    ဈေးမှာလွယ်လွယ်ဝယ်လို ့ရတဲ့ ငရံ ့၊ ငခူ၊ ငကျီး၊ ငမွေထိုး စတဲ့ ရေချိုငါးတို
    ့ကိုလည်း သုံးနိုင် ပါတယ်။ ဦးစွာ ငါးတွေကို ဗိုက်ခွဲ အူထုတ်ပြီး
    ရေပြောင်အောင်ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက်ထက် ပို၍
    မကြီးသင့်ပါဘူး။
    ငါးအကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာ ပထမနေ ့မှာပဲအတော်အသင့်
    အစိုဓာတ်နဲသွားမှာ ပါ။ ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက်ပိုပြီးနယ်ရမှာပါ။ သို
    ့သော် ဆားထဲ့များရင် ငံလွန်းနေပြီး ဆားနည်းရင်တော့ ငါး တွေပုပ်တတ်ပါတယ်။
    သဘာဝနည်းဖြစ်လို ့အချိုမှုန် ့နဲ ့ ယမ်းစိမ်း လုံးဝထည့်စရာ မလိုပါ။ *(သတိပြုရန်။
    ငါးနေလှန်းတဲ့အခါ ယင် ကောင်များနားပါက၊ ဥချခဲ့ရင် ငပိထဲမှာလောက်ကောင်များ တွေ
    ့ရတတ်လို ့ ယင်မနားပါစေနှင့်) *ငါးခြောက်ဖြစ်တဲ့ အထိ နေမ လှန်းပဲ အစိုဓာတ်
    ထက်ဝက်လောက်လျော့ကျသွားချိန်မှာ ငရုပ်ဆုံထဲထည့်ပြီးထောင်းပေးပါ။ သို
    ့သော် အထူးညက်စရာမလိုပါ။
    ငါးပုံပျက်ပြီး အနဲငယ်ပဲ့ရွဲ ့၍ ဖိသိပ်ထဲ့လို
    ့ရတဲ့အနေအထားထိပျော့ပျောင်းလာရင်တော့ ပလပ်စတစ်ဗူး၊ ဖန်ဘူးများထဲ သိပ်ထည့်
    ထားပါ။ ပြီးရင်အပေါ်မှ ဆားများကိုဖြူး၍(အနဲဆုံး လက်တစ်ဆုပ်ခန် ့)အဖုံး
    ကိုလုံအောင် ပိတ်ထားလိုက်ရုံပါဘဲ။ ယခုလို သဘာဝ နည်းဖြင့် ငါးငပိလုပ်နည်းက
    ငါးကလေးဆိုရင်
    နှစ်လခွဲ ခန် ့ကြာမှာဖြစ်ပြီး၊ ငါးကြီးဆိုလျှင် သုံးလခွဲခန် ့ကြာနိုင်ပါတယ်။
    ငပိနပ်လို ့ အိုးစဖွင့်တယ် ဆိုရင်ဘဲ ငပိအိုးတက်ရည်များကိုတွေ ့ရပါလိမ့်မယ်။
    အဲဒီအိုးတက်ရည်တွေဟာ သဘာဝငပိမှထွက်တဲ ့ ငံပြာရည် များဖြစ်လို ့
    ဘေးအန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီအတိုင်းသုံးရင် အနံ ့မကောင်းတဲ့အတွက်
    အိုးထဲမှငံပြာရည် (အိုးတက် ရည်)များကို ခပ်ယူပြီး
    ပွက်ပွက်ဆူအောင်ကျိုချက်ထားရပါမယ်။ ငံပြာရည်အချိုကြိုက်ရင်တော့
    သကြားထဲ့ပေးနိုင်ပါတယ်။
    ပြီးရင် ပုလင်းအလွတ် တစ်လုံးထဲမှာသိမ်းပြီး သဘာဝငါးငံပြာရည်စစ်စစ်အဖြစ်
    လိုသလိုအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာ
    ငါးငပိလုပ်ရင်း၊ ငါးငံပြာစစ်စစ်ကိုပါ သုံးစွဲလို ့ရပါပြီ။

    <>
    ငပိဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး၊ ဆား(အငန်ဓာတ်တွေ)နဲ ့
    အပုပ်ခံလုပ် ထားတာမို ့လည်း ငပိရည်က စား လို ့တော့ကောင်းပါရဲ ့ အငန်ဓာတ်ကဲနေပါတယ်။
    ဒါ့ကြောင့်လည်း သွေးတိုးရောဂါသည်များ နှင့် ဝက်ခြံပေါက်သူများက ထမင်း
    ဝိုင်းမှာ ငပိရည်ရနံ ့မွှေးမွှေးလေးကို စိတ်ရှိတိုင်းမစားရဲကြပါဘူး။ သို
    ့သော် အထက်မှာဖော်ပြထားသလို
    ဘသာဝနည်းနဲ ့ပြုလုပ် ဖော်စပ်ထားတဲ့ ငပိရည်ကို ဆေးဖက်ဝင်အောင်ဖျော်၍
    သင့်တင့်တဲ့ပမာဏစားခြင်း လူကိုဘေးထွက်ဆိုးကျိုးမဖြစ်စေပါဘူး။ ဦးစွာ
    ငပိရည်ကျိုတဲ့အခါမှာ နနွင်း(စနွင်း)မှုန် ့ကိုထဲ့၍ ကြိုပေးရမှာပါ။
    ဘာကြောင့်လဲဆိုရင် နနွင်းမှုန် ့က အညှီအဟောက်များကို လွန်
    စွာပြေပျောက်စေတဲ့အပြင်၊ အရောင်လှပရုံသာမက ငပိရည်၏ အနံ ့နှင့်အရသာကိုပါ
    ပိုကောင်းစေနိုင်လို ့ပါဘဲ။ နနွင်းနှင့် ရော ကြိုပြီး ပွက်ပွက်ဆူလာတဲ့အခါ
    အိုးပေါ်မှချ၍ ထောင်းထားတဲ့ ကြက်သွန်ဖြူနိုင်နိုင်ထည့်ပေးလိုက်ခြင်းဖြင့်
    စားချင့်စဖွယ် “ဆေး ဖက်ဝင် ငပိဖျော်ရည် ” ရပါပြီ။ အစပ်ကြိုက်သူများက
    ငရုပ်သီးစိမ်းကိုလှော်၍ ထောင်းထဲ့စားနိုင်ပါတယ်။ ငရုပ်သီးစိမ်းလှော် က ငပိရည်
    ရနံ ့ကိုပို၍ဆွဲဆောင်မှုဖြစ်စေရုံသာမက၊ ငရုပ်သီးစိမ်းစားလို
    ့ဗိုက်နာခြင်းမှလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ (ငရုပ်သီးအကျက်မှုန် ့ကိုမှ
    ကြိုက်သူများကလည်း မိမိအလိုရှိသလိုထဲ့လို ့ရပါတယ်) ဆေးဖက်ဝင်ငပိရည်ဖျော်အတွက်
    အချိုမှုန် ့ မထဲ့သင့်ပါဘူး၊ အချိုမှုန် ့အစား ပုစွန်ခြောက်မှုန်
    ့အနည်းငယ်ထဲ့ပေးနိုင်ပါတယ်(သို ့မဟုတ်)မိမိအဆင်ပြေရာ ပြုတ်ထားသော ငကျည်း
    ငကြင်း ငမြစ်ချင်းအသားအနည်းကို အရိုးနွှင်၍ ငပိရည်ထဲခတ်ပေးနိုင်ပါတယ်။
    ထမင်းဝိုင်းပြင်ခါနီးမှာ ငပိရည်ခွက်ထဲကို သံပုရာ ရည်ညှစ်ထည့်ပေးလိုက်ပါဦး။
    သံပုရာရည်က သွေးတိုးကိုထိန်းပေးနိုင်သလို မြန်မာ့အကြိုက် ချဉ်၊ ငံ၊ စပ်
    အရသာပြီးပြည့် စုံတဲ့ ငပိရည်တစ်ခွက်ရပါပြီ။ (အတို ့အမြှုပ်အဖြစ်
    မန်ကျည်းသီးဖြင့်ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွား
    သီး၊ ဖရဲသီးငယ်(သို ့မဟုတ်)ဗူးသီးပြုတ်၊ ခရမ်းကျွတ်သီး၊ ပူစီနံရွက်၊
    မုန်လာဥနီ၊ ချဉ်ဖတ်အမျိုးမျိုး၊ ရေနွေးဖျောထားတဲ့ ပဲစောင်း
    ခါးသီး-ဂေါ်ဖီ-ပဲတောင့်ရှည်-ကနဖော့-မှိုနတို-စာကလေးခြေထောက်-ပဲပုစွန် စတဲ့
    သဘာဝဟင်းသီးဟင်းရွက်များကို ငပိရည်ဖြင့် တွဲဖက်စားခြင်းဖြင့် ခံတွင်းလိုက်
    စေသလို ဆေးဖက်လည်း ဝင်စေမှာ အမှန်ပါ)

    (ဆောင်းပါးရှင်..တင်ထက်ထက်ဇော်….ရေးသားမျှဝေသည်)
    credit to တောင်ဇလတ်

    • ခင်ဇော်

      June 4, 2015 at 1:32 pm

      ပုဇွန်ခြောက်ကြော်ရယ်
      ငပိကြော်ရယ်၊
      ဘာလချောင်ကြော်ရယ် ကို မကွဲဘူးးး
      ရေးရေး မိုးသူ။
      ၃ ခုလုံး ရေးပေးးးး
      ဟီးဟီး

Leave a Reply