တစ်ခါကဆီ …ဒဏ္ဍာရီ

ေမာင္ရိုးJuly 26, 20141min20216

 

 

IMG_20140726_1

 

 

နွမ်းမှာစိုး၍ ၊

ပန်းကိုတွေ့လည်း ၊

မနမ်းရဲခဲ့ ၊

ပန်းရဲ့ အထိ ၊

ဆွဲငင်ငြိမှ ၊

အသိနောက်ကျ ၊

ပွင့်လွှာကျကြွေ ၊

နေရစ်လေတော့ ၊

ကြွေလေတော့နော် …………။

 

လွမ်းမှာစိုး၍ ၊

မြတ်နိုးနှောင်ရစ် ၊

သောကမြစ် လျှံ ၊

ချစ်ဟန်မပြ ၊

တမ်းတချုပ်နှောင် ၊

လမ်းလွှဲရှောင်ထွက် ၊

ခု မှခက်ပြီ ၊

ကြွေလွင့်ပြီမို့ ၊

နေလေတော့နော် …………

 

ဒီလိုပဲလေ ၊

နွေလည်အိမ်မက် ၊

ရော်ဝါရွက်တို့ ၊

ညှိုးသက်လွင့်ကြွေ ၊

တွေဝေငေးမော ၊

ရွက်ကြွေတောမှာ ၊

တရံခါဆီ ၊

ဒဏ္ဍာရီ ဟု ၊

ရောင်နီလည်းအိပ် ၊

အတိတ်ကိုချန်

ပြန်ပါလေတော့

ပြန်လေတော့နော် ……။

 

 

 

16 comments

  • sorrow

    July 26, 2014 at 4:39 pm

    ပီယဆေးလေးပဲရှိတယ်မှတ်တာ.ကျော်တို့ကိုကြီးက .တော်ကီကလဲ ညက်သကိုးဗျ…အဟိဟိ

  • MAUNG

    July 26, 2014 at 7:06 pm

    နွမ်းမှာစိုး၍ ၊

    ပန်းကိုတွေ့လည်း ၊

    မနမ်းရဲခဲ့ ၊

    တိုက်ဆိုင် လွန်းလို့ ရင်ထဲ မှာ နင့်က နဲ ဗျာ ….ဦးဆာ :/

  • Iris

    July 26, 2014 at 7:29 pm

    သိပ်​မမှတ်​မိ​တော့ဘူး စာ​ရေးဆရာတစ်​​ယောက်​ပဲ သူ့အ​ကြောင်​း​ရေးထားတာ။ သူသ​ဘောကျတဲ့မိန်​းက​လေးနဲ့ အမှတ်တမဲ့ပြန်​ဆုံတဲ့အချိန်​သူ့မှာအ​ရေးတကြီးသွားစရာရှိ​နေခဲ့တယ်​။ ဒါ​ပေမဲ့ အဲ့ဒီကိတ်​စကို​မေ့ပြစ်​ပြီး မိန်​းက​လေးကို ဒိတ်​လိုက်​တယ်​ ​ရှေး​ဟောင်​း​နှောင်​းဖြစ်​​တွေပြန်​​ပြော ရင်​း ချစ်​သူ​တွေဖြစ်​သွားကြတယ်​။ အခုအချိန်​မှာ​တော့သူ့အိမ်​သူဖြစ်​သွားပြီ​ပေါ့။ သူကဘာ​ပြောလဲဆို​တော့ တကယ်​လို့သာ သူမ ကိုသာ သူအဲ့ဒီ​နေ့က ဒိတ်​မလုပ်​ခဲ့ရင်​ သူတို့ပြန်​ဆုံဖို့မ​သေချာဘူး။ သူမလည်​းတစ်​ခြားတစ်​​ယောက်​ကို​ရွေးချယ်​သွားနိုင်​တယ်​။

  • ဦးကြောင်ကြီး

    July 27, 2014 at 2:45 am

    ဦးဆာ
    ဗူးနှာ
    ထူးရာ
    မူးလာ
    ဖူးသာ
    ခူးမှာ
    ဒူးပါ
    ရှူ းဖြာ..

  • ခင်ဇော်

    July 27, 2014 at 10:11 am

    နောင်တ တွေပေါ့။

    😥

  • မဟာရာဇာ အံစာတုံး

    July 27, 2014 at 12:41 pm

    အတိတ်ဆီက အလွမ်းဆိုတာ
    ပြန်တွေးမိတိုင်း ရင်ထဲမှာ တစ်မျိုးကြီးပဲ … 😥

  • အရီးခင်

    July 27, 2014 at 3:22 pm

    ကိုဆာ
    ကိုဆာ
    ခပ်ချာချာ
    လွမ်းရမှာက
    အထပ်တစ်ရာ
    ပလာတာ သာ
    ချက်တော့ ဗျာ
    တစ်ရွာလုံး က
    အားပေးမှာ။
    :-))))

  • Kaung Kin Pyar

    July 28, 2014 at 9:52 am

    ကိုယ်ကြိုးစားနိုင်ပေမယ့် လက်လျှော့ခဲ့မိလို့ လက်လွှတ်လိုက်ရတဲ့ တစ်စုံတစ်ရာကြောင့် ရတဲ့နောင်တက အဆိုးဆုံးပဲ…။ ဒါကြောင့် အနည်းဆုံး ကိုယ့်ကိုယ်ကို လိပ်ပြာလုံအောင် တစ်ခါလောက်တော့ ကြိုးစားကြည့်သင့်တယ်တဲ့…
    ဒါနဲ့ စကားမစပ်…ပလာတာ စားချင်လိုက်တာ…

  • ဦးကျောက်ခဲ

    July 28, 2014 at 10:11 am

    ကိုရင်ဆာရဲ့ ဒဏ္ဍာရီက ဒိုင်ယာရီလောက်ရှိတယ်…
    ရည်းစားဟောင်းတွေသာ ဖတ်မိရင် ခလေးလက်ဆွဲပြီး ငိုချင်းချလတ္တံ့ …
    😀

  • Crystalline

    July 28, 2014 at 11:05 am

    သများတွေများ လွမ်းစရာတွေပေါလိုက်တာ.. ကွကိုယ်သနားလိုက်တာ.. :cryy: :mrgreenn:

  • manawphyulay

    July 28, 2014 at 11:22 am

    မနမ်းပေမယ့် နွမ်းလျလေတဲ့
    ပန်းတို့ဘဝ
    အကြွေပန်းပေမယ့်
    ရွှေနန်းတော်ထိုက်ပါတဲ့ ပန်းပေမို့
    မျှော်ကိုးကာ ယုယသူကို
    စောင့်မျှော်ကာလေ
    ငေး ငေးကာ ကြည့်ရင်း
    ပြန်ခဲ့ရလေတော့သည်….

  • alinsett (gazette)

    July 28, 2014 at 12:26 pm

    ဝိုးးးးးးးးးးးး
    ဦးဆာ….
    ဒီကဗျာလေး…ကျနော့်ကဗျာချစ်စိတ်ကို..လှုပ်ခါသွားတယ်ဗျ… ။

    ဒီပို်စ့်ကို.. ကဗျာလို ့ မထင်လို ့..နောက်မှ အေးဆေးဖတ်မယ်ဆိုပြီး…အခုမှ….လာဖတ်မိတာ..
    နောက်ကျတယ်ဗျို ့… ။
    ကဗျာမှန်းသိ…အစကတည်းက အပြေးလာတယ်ဗျာ.. ။
    ———-
    မော်ဒန်ကဗျာတွေ နဲ ့ လက်ထပ်ပေါင်းသင်းနေထိုင်နေပေမယ့်…
    ဒီလို..လေးလုံးစပ် ကာရန်စနစ်ကဗျာလှလှလေးတွေ တွေ ့လည်း… ရင်ခုန်တုန်းပဲ.. ။
    ကျနော်တော့…
    ကာရန်ကဗျာနဲ ့…နောက်မီးလင်းချင်နေပြီ.. ။
    အဟိ ။

    :mrgreen:

  • lu lu

    July 28, 2014 at 10:22 pm

    အရင်ကဇာတ်လမ်းလေး
    မေ့လိုက်ပါ အရင်ကဇာတ်လမ်းလေးးးး
    ့ 😥

  • kyeemite

    July 29, 2014 at 1:08 pm

    တယ်ကောင်းပါလားဗျ…ရင်ထဲက တကယ်လာမှန်းသိသာတယ်..ရေတွင်းပျက်..အဲ..အဲ..ရင်တွင်းဖြစ်ပေါ့
    😀

  • TNA

    July 29, 2014 at 6:02 pm

    ဟိုက်ရှ် ဦးဆာ ဒလိုလဲရသကိုး။ ခံစားချက်မိုက်တယ်။ ဦးဆာက စွယ်စုံကိုး ( အဲ့ဆင်မဟုတ် :mrgreen: )

  • Mr. MarGa

    August 1, 2014 at 1:15 pm

    အမ်
    ခုမှ ဝင်လာတာကို ပြန်ပါလေတော့ ဆိုမှတော့
    ပြန်ဘီ ဗျာ
    :mrgreenn:

Leave a Reply