“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ် ငါး )

“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ် ငါး )

“ ပ လက် ဖောင်း အမှတ် -၁၉”
က တော့ ကျ နော့် ဘဝ ရဲ့ အကြီးမားဆုံး သော လမ်း ခွဲ လို့ ဆို နိုင် ပါတယ်။
ကျ နော် ဆယ် တန်း အောင် ပြီး နောက် တစ်နှစ်မှာ တက္ကသိုလ်ဝင် ခွင့် နဲ ့ ပါတ်သက်ပြီး
မူ ဝါ ဒ ပြောင်း ပြန ်ပါ တယ်။
အရင်လို ဆယ် တန်း အောင် တာ နဲ့ တက္က သိုလ် တန် း ပြီး တက် လို့ မရ တော့ ပါ ဘူး။
ဒေသ ကော လိပ် မှာ ၂ နှစ် ဆက် တက် ရ ပါတယ်။
အဲ ဒီ က မှ အ သက် မွေး ဝမ်းကျောင်း တက္က သိုလ် တွေ ကို တက် ခွင့် ရ တာပါ ဘဲ။
ဒေ သ ကော လိပ် ဒု တိ ယ နှစ် ပြီး ရင် ဒီ ပလိုမာ ဘွဲ့ ရ ပါ တယ်။
အဲ ဒီ ဒု တိယ နှစ် အပြီး မှာ အ သက် မွေး ဝမ်းကျောင်း တက္ကသိုလ်ကို တက် ဘို့ ရယ်
မေဂျာ တွေ အတွက် လိုင်းပြန်ခွဲပ ါတယ်။
Reginal Colegge (RC)ခေတ် တစ် ခေတ် ကို ရေ ာက်သွားတယ်လို့ ဆိုင်နိုင်ပါတယ်။
ကျေ နာ် ဆယ် တန်းအောင် တဲ့ နှစ် က စာ မေး ပွဲ ကျ ခဲ့ တဲ့ သူ ငယ် ချင်း
တွေ က ဒေ သ ကော လိပ် ကို ရောက်သွားပါတယ်။
အဲ ဒီ အချိန် မှာဘဲ ကျနော်လုပ် အားပေး နေ တဲ့ ရုံးကနေ ကျနော် ကို အလုပ်
ဝင် ဘို့ အတွက် စီစဉ်ပေးပါတယ်။
လစ်လပ် တဲ့ နေ ရာ ( ၂) နေရာ ရှိပါ တယ်။
ပ ထမ တစ် နေ ရာ က မီးခြစ်စက်ဆို တဲ့ စက်ရုံမှာပါ။
အောက်တန်းစာရေးပေါ့။
နောက်တစ် နေရာ ကတော့ ဒေသကောလိပ် မှာ ကျောင်း စာရေး ။
လူ တွေ ရဲ့ အငုံ ့ စိတ် ဆိုတာ သိပ် ထူး ဆန်းပါတယ်။
ကျ နော် အတွက် အလုပ် ရွေးမယ် ဆို ရင် ဒေသ ကော လိပ် က အိမ် နဲ့ နီး တယ်
မြို့ ထဲမှာေ နရ မယ်။
အလုပ်အသွားအပြန်အချိန်မကုန်ဘူး။
အလုပ်ချိန်က မနက်ကိုးနာရီကနေ ညနေ လေးနာရီ။
မီး ခြစ် စက် က အိမ် နဲ့ ဝေးတ ယ် ။
အလုပ်ချိန်က မနက်(၇) နာရီကနေ ညေ န (၄) နာရီထိ။
မနက်စက်ရုံ ထဲ ဝင်ပြီးရင်အပြန်ကိုပြန်ထွက်လို့ မရ။
လော ကကြီးန ဲ့ အဆက်အသွယ်ပြတ်တဲ့ နေရာ။
ဒါပေမယ့် ကျ နော် မီး ခြစ ်စက် ကို ဘဲ ရွေးလို်က် ပါတယ်။
ကျနော့ မသိ စိတ် ထဲ မှာ ကိန်းအောင်း နေတ ဲ့ အငုံ့စိတ်ကရွေးချယ်လို်က်တာပါ။
သူငယ်ချင်းတွေက နေ့ ကျောင်း တက် ပြီး ကျနော် က စာ ပေး စာယူ တက်ရင်း
စာရေးလုပ် နေရ မှာ ကို မသိစိတ်က ရှက်နေလို့ ပါဘဲ။
(ဒီအချက် ကို အသက်ကြီးလာမှာ ကိုယ့် ကိုကိုယ် ပြန်သုံးသပ်မှ မြင်လာတာပါ)
***************************************************
၁၉၇ရ အဲဒီ အချိန် က အလုပ်အကိုင်ရှားပါး သလို
အလုပ်န ဲ့ ပါတ်သက်ရင် အပြင်အလုပ် နဲ့ အစိုး ရ အလုပ် ဆို ပြီး
လူ တန်း စား အလွှာ ကွဲ ပြားခြား နားပါတယ်။
အစိုးရဝန်ထမ်း လုပ် သူ နဲ့ ပုဂ္ဂလိက လုပ် ငန်း လုပ် သူ တို့ ကြားမှာ အတွေးအခေါ်
ခြားနား ချက်ကလဲ ကြီး မာ း ပါ တယ်။
အ စိုး ရ ဝန် ထမ် း အများစု က ပါ တီ ဝင် ထား သူ တွေ များ ပြီး
အပြင် အလုပ် လုပ်သူတွေကတော့ ပါတီဝင် ရင်လဲ ဖြစ် မ ဝင်ရ င် လဲ ဖြစ် တယ် ဆို တဲ့ လွတ်လပ်သူများဖြစ်ကြပါတယ်။

အစိုးရဝန်ထမ်းအ များ စု က ချမ်း သာ ကြွယ် ဝသူ နည်းပါးပြီး ရ တဲ့လခ ကို တွက်ချက်သုံး
စွဲ ကြ သူ များ ဖြစ် ပါတယ်။
ပုဂ္ဂလိက လုပ်ငန်း လုပ်သူ ကေ တာ့ ဘာဘဲပြောပြော အစိုး ရ ဝန်ထမ်းထက် ငွေကြေး
အပိုင်းမှာ အဆင် ပြေသူ များ ပါ တယ်။

အစိုးရဝန်ထမ်းများကို အပြင် လုပ်ငန်း လုပ် သူများက အချောင်ခို နေသူ
လာဘ်စားသူ ကပ် ဖား ရပ် ဖားများအ ဖြစ် မြင်သလို
အပြင်လုပ်ငန်းလုပ်သူများကိုလည်းအစိုးရ ဝန် ထမ်းများက
ခေါင်းပုံဖြတ်အမြတ်ကြီးစားအ ရင်း ရှင်များအဖြစ်မြင်ပါတယ်၊

အစိုးရ ဝန်ထမ်းများ ကို အပြင်လုပ်ငန်းလုပ်သူများက
သူတို့ကို အခက် အခဲ ဖြစ်အောင်လုပ်ေ နသူ များ အဖြစ်မြင်ထားပြီး
အစိုးရ ဝန် ထမ်း များ ကလည်း အပြင် အလုပ် လုပ် သူများကို
သူတို့ ရဲ့ လက်အောက် ငယ် သား လို သူ တို့ စေညွှန်ရာ နေရ မယ့်
သူများအဖြစ်မြင်ကြ ပြန်ပါတယ်။
အဲဒီ အချိန် က
ငွေကြေး တတ် နိုင်သူများက ကိုယ်ပိုင် အသေးစား လုပ်ငန်းလေးတွေ လုပ်ပြီး
အရင်းအနှီး မရှိသူများကတော့ အစိုးရ အလုပ်ကိုဘဲ လုပ်ဘို့ စဉ်းစားရပါတယ်။
ဒါပေမယ့် လဲ အစိုး ရ အလုပ် တစ် နေ ရာ ရ ဘို့ ခက်ခဲ သလို
ကိုယ်ပိုင် လုပ် ငန်းလုပ်သူများအတွက်ကလဲ လုပ်ငန်းလုုပ်ကိုင်ရတာ
လည်း မလွယ်ကူလှပါဘူး။

ဆိုရှယ်လစ်စနစ် ကို စ တင် ထူ ထောင်ချိန်မှာတော့
ကာယလုပ်သားကြီးများ
တောင်သူလယ်သမားဦးကြီးများကို ရှေ့ တန်း တင် ခဲ့ ကြ ပါ တယ်။
အလုပ်သမားညီလာခံ တောင်သူ လယ်သမားညီလာခံတွေလုပ်ပြီး
စိတ်ဓါတ်တွေကိုမြင့် တင်ပေးခဲ့ ကြ ပါတယ်။
အစိုးရဝန်ထမ်းများနဲ့ တောင်သူလယ်သမားများကို ဦး စားပေးခဲ့ပြီး
ကိုယ်ပိုင်လုပ်ငန်းလုပ်သူများက တော့ ကျီးလန့်စာ စား နဲ့ အလုပ် လုပ် ရ တဲ့ကာလလဲဖြစ်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်သူများလဲ လုပ်ငန်းကို ကြီး ထွားအောင် မလုပ်ရဲပါ ဘူး။
ပြည် သူ ပိုင် အသိမ်းခ ံ ရမှာကြောက်လို့ ပါ။
အဲ အချိန် ကာ လ က အလုပ်သမားနဲ့ အလုပ်ရှင်ပြဿ နာ တက် တယ် ဆိုရင်
အလုပ်ရှင်ဘက် က အမြဲတမ်းရှုံးပါတယ်။
လျော်ကြေးတွေ ပေးရပါတယ်။
အဲဒီရဲ့အကျိုးဆက်က တော့ မြန်မာလုပ်ငန်းရှင်တွေကလုပ်ငန်းကို
ကြီးထွားအောင်မ လုပ်ရဲ တော့ ပါဘူး။
အဲဒီရဲ့ အကျုးိဆက်က အလုပ် အကိုင်ရှားပါးလာတာပါဘဲ။
ပြည်သူပိုင်အသိမ်းခံလို်က်ရ တဲ့ လုပ်ငန်းရှင်တွေကလဲနောက်ထပ်လုပ်ငန်း
မထူထောင်ကြတော့ဘဲ ရှိတဲ့ အထုပ်ကိုရောင်းချပြီးထိုင်စားကြသူတွေရှိလာပါတယ်။
ဒီအချိန်မျိုးမှာ နောင် ခါ လာ နောင်ခါဈေး ဆိုပြီး အိမ်တွင်းမူ့ လုပ်ငန်းတွေကိုဆက်လုပ်
သူတွေလဲရှိ ပါတယ်။
အသေချာဆုံးအချက်ကတော့ တိုင်းရင်းသားပိုင်လုပ်ငန်းတွေက
တိုးတက်ကြီးထွားလာရမယ့် အစား တစ် စ ထက် တစ်စပျောက်ကွယ်သွားပါတော့ တယ်။
အမြင်သာဆုံး လုပ်ငန်းကို ပြ ရမယ် ဆို ရင် နဂါး တံဆိပ်ဆေးပေါ့လိပ်လုပ်ငန်းပါဘဲ။
တိုင်းပြည် က ဆင်းရဲမွဲတေခြင်းဆိုတဲ့ တောအုပ်ထဲကို တိုးဝင်စပြု ချိန်ဘဲဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားသားဆို ရင် ပို ဆိုး ပါ တယ်။
ကိုယ် တိုင် က မြန် မာ ပြည် မှ မွေး တာ မှန် ပေ မယ့်
အဖေအမေ က တိုင်းတပါးသားဖြစ်နေ တော့ FRC လို့ အသတ်မှတ်ခံ ရပ ါတယ်။
သူတ ို့ မှာ
အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ကိုတ က်ခွင့် မရှိ။
မသိလို့ လက်ခံ ပြီး တက် ခွင့်ပြု ခဲ့ ပေမယ့်လဲ သိ သွားရင် အထွက်ခိုင်းပါတယ်။
အစိုးရဌာ နေ တွ မှာ ရာ ထူး ကြီးကြီး နေရာ မပေး၊
ကိုယ့် နာ မယ် နဲ့ ကိုယ် မြေ ဝယ် ခွင် ့ မရှိ
စီးပွားရေးလုပ်ငန်းထူ ထောင်ခွင့် မရှိ၊
ဒီတော့ လဲ နိုင်ငံခြား သား အတော်များများက ပြည်တော် ပြန် ကြ ပါတယ်။
*******************************************************
အစိုးရ အလုပ် ကို လုပ် မယ် ဆို ပြန် တော့ လဲ အလုပ်နေရာ
တစ် နေရာ ရ ဘို့ မလွယ်ကူပါ။
ဝန်ထမ်းအလိုရှိသည်လို့ သတင်းစာမှာကြော်ငြာထားတဲ့ အစိုးရအလုပ်မှန်သမျှကလဲ
ဘောင် ဝင်အောင် သာ ဆောင်ရွက် တာပါ ။
အဲဒီ လစ်လပ် တဲ့ နေရာအတွက်က ခန့်ထားပြီးသားတွေပါ။
အလုပ်နေရာ ကောင်းတယ်ဆို ရင် ပါတီ ကောင်စီ လူကြီးများရဲ့အဆက်အနွယ်များ
က နေရာ ဦးထားပြီးသားပါဘဲ။
အဲ လို လူ မျုးိ တွေ ကို မိုးကျရွှေ ကိုယ် တွေလို့ ခေါ်လေ့ ရှိ ပါ တယ်။
အလုပ် နေရာ အတွက် ပလ ာ စတာ လို့ ခေါ် တဲ့ အကပ် ရှိ မှ ရ နိုင်ပါတယ်။
“ပလာစတာအုံးအင် “ လို့ခေါ်တဲ့ ကပ် ဖား ယပ် ဖား မလုပ် နိုင်ရင် အလုပ်
နေရာ ရဘို့ မလွယ်။
လူငယ်တစ်ယောက်အစိုးရ အလုပ် လိုခ ျင် တယ် ဆို ရင်
အသက် အလုပ်သမားရှာဖွေရေးရုံးမှာ မှတ်ပုံတင် ထား ရ ပါတယ်။
အဲ ဒီ ရုံး ကတော့ လူ ငယ် တစ်ယောက်ကိုအလုပ်ရှာမပေးပါဘူး။
ဒါ ပေမယ့် အဲ ဒီရုံးမှာ မှတ်ပုံတင်မထားရင် အလုပ်လျောက်လို့ မရ ပါဘူး။
အဲဒီခေတ်မှာ ကတည်း က အလုပ်လျောက်မယ် ဆိုရင်
ရပ်ကွက် တို့ ရဲ စခန်း တို့ က နေပြီး အကျင့်စာရိတ္တကောင်းမွန်ကြောင်း
အမူ့ အခင်း ကင်းရှင်းကြောင်းထောက်ခံစာ လိုပါတယ်။
အစိုးရ အလုပ် က တော့ သတင်းစာကနေ အမြဲခေါ်ပါတယ်။
ဒါပေမယ့် လက်တွေ့ မှာ တော့ ဘောင် ဝင် အောင် တရား မျှ တယ် ထင်ရ အောင်
ခေါ် သာ ခေါ် တာ ပါ အဲ ဒီ နေ ရာ အတွက် က မခေါ် ခင် ကတည်းက ခန့် ထားပြီး
သားတွေများပါတယ်။
ကျနော်အလုပ် အတွက်အင် တာ ဗျုုး ဖြေခဲ့ရတဲ့ နေ့ ကို ပြန်တွေးရင်မိရင်
စိတ်မသန့်ပါဘူး။
အခွင့် ထူး ခံ လူ တန်း စား တစ်ယောက် အဖြစ် ကို ရယူခဲ့မိလို့ပါဘဲ။
ကျနော် အင်တာဗျူးသွားဖြေတဲ့ အလုပ်က စာရင်းကိုင် (၂)ယောက်စာရေး(၂)
ယောက်ခန့် မှာပါ။
ဒီ အလုပ်နေရာအတွက်လာဖြေသူကလူအယောက် ငါးဆယ်ကျော်ပါတယ်။
အင်တာဗျူးစမယ့် အချိန် က မနက် (၉)နာရီ။
ဖြေ မယ့် လူတွေက မနက်( ၇) နာရီလောက်ကတဲကရောက်နေ ပါ ပြီ။
လာ ဖြေ သူ အချင်းချင်းဘာတွေ မေး မယ် ထင် သလဲ လို့ စုံစမ်းရင်း
လက်ထဲမှာပါ လာ တဲ့ ဗဟုသုတ တွေ မှတ် ထားတဲ့ စာအုပ်တွေကို
ဖွင့်ပြီ း တတွတ်တွတ် နဲ့ အလွတ် ရ အောင်ကျက်ကြ ရပါတယ်.။
တစ်ယောက်ယောက်က ဒါေ လး မေး မယ် ထင် တယ် ဆိုရင်
ပြ စမ်းပါအုံးဆိုပြီးယူကြည့် ပြီး ဖတ်ရ ပြန ်ပါတယ်။
သူတို့ အဲလို တွေ မြင် တော့ သနားလဲ သနား ရီလဲ ရီချင် မိ ပါ တယ်။
စက်ရုံထဲ သစ် ပင် ရိပ် အောက်မှာ စုစု စု စု နဲ့ နေကြ။
အင်တာဗျူးဖြေပြီးလို့ တစ်ယောက်ထွက်လာ ရင် လှမ်းခေါ်
ဘာမေးလိုက်သလဲ လို့ မေးပြီး
သူတို့ မသိသေးတာများပါရင် လက် ထဲ ပါ တဲ့ စာအုပ်လေးတွေ
ဖွင့် လို့ တတွတ်တွတ်ရွတ်ကြ ပြန် ပါတယ်။
(၁၁)နာရီထိုးခါနီးတော့ လူ တစ်ဝက်ကျော်ကျော်လောက်ပြီးသွားပါပြီ။
ကျနော်အလှည့် ရောက်လို့ အခန်း ထဲ ရောက်သွားတဲ့ အခါ
လူ ကြီးလေးယောက်က တန်း စီ ထိုင်နေပါတယ်။
အဲ ဒီအထဲမှာ ကျနော် လုပ်အားပေးတဲ့ ရုံးကို လာ နေ ကျ
မျက်မှန်းတန်းမိတဲ့ လူကြီးတစ်ယောက်ပါ ပါ တယ်။
သူတို့ထိုင်ခိုင်းတဲ့နေရာမှာထိုင်ပြီးတဲ့အခါ
ကျနော့် နာမယ် အဖေ နာ မယ်တွေမေးပါတယ်။
အဲ ဒီ အထဲက လူ ကြီး တစ်ယောက်ကမေးခွန်းစမေးမလို့ ဟန်ပြင်တဲ့အခါ
ကျနော်မျက်မှန်းတန်းမိ တဲ့ လူ ကြီး က
“သူက ဥက္ကဌကြီးက ပြော ထား တဲ့ ကလေး လေ”လို့ပြောလိုက်တဲ့အခါ
ဘာမေးခွန်းမှ မပေးတော့ပါဘူး။
လုပ်အားပေး နေတာ ကြာ ပြီလား ဘာလားနဲ့ ဟိုမေးဒီမေး
မေး ပါ တယ်။
နောက်တစ်ယောက်ကတော့ မှူးကြီး ရော နေကောင်းလား မေးတယ်
ပြောလိုက်ပါလို့ ပြောပါတယ်။
ခဏေ န တော့ သွားလို့ရပြီ။
အပြင်ရောက်ရင် ဘယ်သူနဲ့ မှ စကားမပြော နဲ့ ကိုယ်ဘာသာကိုယ်တန်းပြန်
လို့ ပြော လိုက်ပါတတယ်။
နောက်သုံးရက်နေရင်
လိုင်စင်ဓါတ်ပုံ ( ၂)ပုံ
မှတ်ပုံတင်
အိမ်ထောင်စုဇယားနဲ့ ဆယ်တန်းအောင်လက်မှတ်
ကိုမိတ္တူ ဆွဲလာခဲ့ ဘို့ ပြော ပါ တယ်။
ကျနော်အပြင်ရောက်တော့ထုံးစံအတိုင်းဘာတွေမေးလို့ ဝိုင်းမေးကြပါတယ်။
ကျနော်လဲ ဘာမှ မဖြေ နိုင်ဘူးဆိုတဲ့ပုံစံနဲ့ခေါင်းယမ်းပြ ပြီးထွက်လာခဲ့ပါတယ်။
အဲဒီခေတ်က ပါတီ ကောင်စီခေတ်ပါဘဲ။
မြိုတစ်မြို့မှာ မြူ နီစပယ် လို့ ခေါ် ကြတဲ ့ စည်ပင်သာယာရုံးရှိပါမယ်။
အဲဒီမှာတိုင်းကောင်စီရုံးဖွင့်ထားပါမယ်။
တိုင်းအောက်မှာ မြို့ နယ်ကောင်စီ
မြို့ နယ်အောက်မှာရပ်ကွက်ကောင်စီ ရှိပါမယ်။
အဲဒီ မှာ ဥက္ကဌရှိမယ် အတွင်းရေးမှူးရှိမယ်။
အမြဲတမ်းအဖွဲ့ဝင် EC ရှိမယ်။
အဲဒီECတွေထဲမှာအစိုးရဝန်ထမ်းပါတယ် ဆိုရင် သူ ကိုမိခင်ဌာနကနေပြီး
သူ့ကို On duty (အွန်ဂျူတီ)ပေးထားရပါတယ်။
ဒါက ကောင်စီလိုင်း။

ပါတီလိုင်းကတော့
တိုင်းပါတီယူနစ်ရှိမယ်။
အဲဒီဌာနကြီးကတော့ အခု ဆီဒိုးနားဟိုတယ်ဖွင့် ထားတဲ့
၆၆လမ်းနဲ့၂၆ဘီလမ်းဒေါင့် မှာရှိခဲ့တာပါ။
သူ့အောက်မှာတော့ မြို့နယ်ပါတီယူနစ်ရှိပြန်ပါတယ်။
သူ့အောက်မှာတော့ ရပ် ကွက်ပါတီ ယူ နစ် ရုံးရှိ ပါတယ်။
ကောင်စီရုံးတွေက တော့ အုပ်ချုပ်မူ့ အပိုင်းကို တာ ဝန်ယူပြီး
ပ ါတီယူနစ်တွေကတော့ နိုင်ငံရေး လူမူ့ ရေးတွေလုပ်ပါတယ်။
အင်မတန်ကို အာဏာထက်ခဲ့ တဲ့ အဖွဲ့အစည်း တွေဖြစ်ပါတယ်။

တိုက်ပုံဝတ်ထားမယ်၊
စစ်ဦးထုပ်ဆောင်းမယ်
ညီလာခံအခန်းအနားအထိန်းအမှတ်ပါတဲ့ စစ်စိမ်းရောင်
လက်ဆွဲ အိတ်ကြီး ထဲမှာစာရွက်စာတမ်းတွေထည့်ပြီး
ဆွဲ ထားမယ်။
အဲဒါကတော့ ပါတီ ကောင်စီလူကြီး တွေ ရဲ့ ဖက်ရှင်ပါဘဲ။
အခမ်းအနားတွေကျင်းပတဲ့အခါ
ရင်ဘတ်မှာ ဖဲပွင့်ချိတ် ထားတဲ့ သူက လူကြီးပါဘဲ။
ဖဲပွင့် ကြီးလေလေ သူများနဲ့ မတူ လေလေ အရာရောက်လေလေပါဘဲ။

ဆိုရှယ်လစ်ခေတ်မှာ အစစအရာရာကျပ်တည်းပါတယ်။
ခက်ခဲပါတယ်။
ဝန်ထမ်းများက သူတို့ လုပ်ချင်သလို ခြယ်လှယ်ခွင့်ရတဲ့ ခေတ်ဖြစ်ပါတယ်။
အဲတော့ မီးရထားလက်မှတ်ရဘို့လဲခက်ပါတယ်။
ရုပ်ရှင်လက်မှတ်ရ ဘို့လက်ခက်ဘဲတယ်။
ပပ က က နေ စားကုန်သောက်ကုန်ပစ္စည်းရဘို့လဲခက်ပါတယ်.။
ဘာလိုချင်ချင် လိုချင် တန်း စီရပါတယ်။
ဒီအခါမှာအများနည်းတူ တန်း စီ စရာ မလို တဲ့ လူတန်းစားတစ်ရပ်ပေါ်ပေါက်လာခဲ့ ပါတယ်။
အထူးလူ(very important person=VIP) တွေပါဘဲ။
ဘာဖြစ်ဖြစ်တန်းစီစရာမလိုဘူး။
စာလေးပြလိုက်တာနဲ့
နာမယ်လေးပြောလိုက်တာ နဲ့
အများနည်းတူ တန်း စီ စရာ မလို
အချိန်ကုန်ခံ စရာ မလို ဘဲ သူ လို ချင် တာ ရ တယ်။
ဒီအခါမှာ ဆင်ဖြူ တော်မှီပြီးကြံ စုပ်တဲ့ လူ တန်း စား တ စ်ရပ် ကလဲ အလိုလ ိုပေါ်လာပါတယ်။
ကိုယ်တိုင်က ဗွီအိုင်ပီ မဟုတ်ပေ မယ့် ဗွီအိုင်ပီတွေနဲ့ ခင်မင်ရင်းနှီးလို့ဘဲဖြစ်ဖြစ်
လက်ဆောင်ပဏ္ဏာပေးလို့ဘဲဖြစ်ဖြစ် အထူးအခွင့်အရေးယူသူတွေရှိလာတာပါဘဲ။
ဒီလိုဗွီအိုင်ပီ တွေ နဲ့ သိကျွမ်းခြင်းမရှိသူများကတော့
အပင်ပန်းခံ တန်း စီ ချင် စီ မစီချင်ဘူးဆိုရင်တော့
နေရာ ဦးပြီးရောင်းတဲ့ သူ တွေဆီက နေရာကိုအ ခကြေးငွေပေးဝယ်ချင်ဝယ်။
ဒါမှမဟုတ် မှောင်ခိုလက်မှတ် ဝယ် ချင်ဝယ်။
ရွေးစရာလမ်းမရှိ
လိုချင်တာကို ရဘို့ ခက်ခဲတဲ့ အတွက် မှောင်ခို ဆို တဲ့လူတန်းစားတစ်ရပ်ပေါ်ပေါက်လာပါတယ်။
ရထားလက်မှတ်၊ရုပ်ရှင်လက်မှတ်၊စတိတ်ရှိုးလက်မှတ်အားလုံးမှောင်ခိုလက်ထဲကနေ
အပိုကြေးပေးပြီး ဝယ်ကြ ရပါတယ်.။
နှစ်ပေါ်င်းများစွာ ရှင်သန်ကြီးထွားခဲ့ သော ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့် လေးတွေ
ဘဲဖြစ်ပါတယ်။
မှောင်ခိုဆို တာ အခု ခေတ်မှာမရှိတော့ပေ မယ့် VIP ဆိုတဲ့ အထူးလူ ကတော့
အခု ခေတ် ကြီးမှာပိုလို့ တောင်အစွမ်းထက်နေပါသေးတယ်၊

အဲဒီခေတ်က VIP တွေက ဘယ်နေရာမ ဆို ရှေ့ဆုံးတန်းကနေရာရကြပါတယ်။
စတိတ်ရှိုးပွဲဆိုလဲရှေု့ဆုံးတန်းက VIP အတွက်
ဘောလုံးပွဲ ဆိုပြန်ရင်လဲရှေ့ဆုံးတန်းက VIP အတွက်
မင်္ဂလာဆောင်ဆိုပြန်ရင်လဲ ရှေ့ဆုံးတန်းက VIPအတွက်
အဲလို အခွင့် အရေးရ ခဲ့ကြ တာပါ။

ဒီလိုနဲ့အင်တာဗျုးဖြေပြီးလို့ (၃)ရက်မြောက်တဲ့နေ့ မှာတော့
အလုပ်စဆင်းရပါတယ်။
မှတ်မှတ်ရရ ၈-၇-၁၉၇ရ နေ့ မှာ အစိုးရ အလုပ်ကို စ ဝင်ရတယ်ဆိုတော့
“ပလက်ဖောင်း အမှတ် ၁၉” ရဲ့ ဘဝ တစ် ဆစ်ချိုး တဲ့ နေ့ လို့ ပြောရင်ရပါတယ်။
တစ်လ ကို ၁၃၅ကျပ် တိတိ ခံ စားခွင့် ရတဲ့ အောက်တန်း စာရေး ရာ ထူး
(၁၃၅-၁၀-၁၈၅)ကို
စ တင် ရှိတဲ့ နေ့ လဲဖြစ်ပါတယ်။
အသက်ငယ်ငယ်နဲ့ စာရေးဖြစ်နေတော့ အားလုံးက ကျနော် ကို
“စာရေးလေး” လို့ဘဲခေါ် ကြပါတယ်။
ဒါပေမယ့် လည်း တကယ်တော့ စက်ရုံ အလုပ် ရုံ ထဲမှာ နေ့တဓူဝ
ကျင်လည်နေရာတော့ အောက်ခြေလူတန်းစားများ ဘဝ အကြောင်းကို
သီခွင့်ရလာပြန်ပါတယ်။

ဆက် လက် ဖော် ပြ ပါ မည်

ကို ပေါက် လက် ဆောင် အ တွေး ပါး ပါးလေး
15-7-2014

14 comments

  • ခင်ဇော်

    July 28, 2014 at 9:00 am


    အထူးသဖြင့် နိုင်ငံခြားသားဆို ရင် ပို ဆိုး ပါ တယ်။
    ကိုယ် တိုင် က မြန် မာ ပြည် မှ မွေး တာ မှန် ပေ မယ့်
    အဖေအမေ က တိုင်းတပါးသားဖြစ်နေ တော့ FRC လို့ အသတ်မှတ်ခံ ရပ ါတယ်။
    သူတ ို့ မှာ
    အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ကိုတ က်ခွင့် မရှိ။
    မသိလို့ လက်ခံ ပြီး တက် ခွင့်ပြု ခဲ့ ပေမယ့်လဲ သိ သွားရင် အထွက်ခိုင်းပါတယ်။
    အစိုးရဌာ နေ တွ မှာ ရာ ထူး ကြီးကြီး နေရာ မပေး၊
    ကိုယ့် နာ မယ် နဲ့ ကိုယ် မြေ ဝယ် ခွင် ့ မရှိ
    စီးပွားရေးလုပ်ငန်းထူ ထောင်ခွင့် မရှိ၊
    ဒီတော့ လဲ နိုင်ငံခြား သား အတော်များများက ပြည်တော် ပြန် ကြ ပါတယ်။

    လေးပေါက် တို့တုန်း က အဲဒီလိုရှိသေးတယ်နော်။
    ကျနော်တို့ ကျောင်းတက်တဲ့ အချိန်တွေမှာတော့ သူတို့ သားသမီး မြေးတွေက မှတ်ပုံတင်တွေနဲ့ ဆေး/သွားဘက်ဆိုင်ရာတွေမှာ တော်တော်များနေခဲ့ပြီ။
    မြို့လည်ခေါင်နေတဲ့ သူ တစ်ချို့ မြန်မာစကားကိုတောင်လည်လည်ဝယ်ဝယ်မတတ်ဘူးးး

    • ခေတ်ကွာခြား သွားလို့ပါ

      ဆို ရှယ် ခေတ် ကာ လ က နိုင်ငံ ခြား မုန်း တီးရေး တံ ခါး ပိတ် ဝါ ဒ ကျင့် သုံး ခဲ့ လို့ ပါ။

      တစ်ခု တော့ ရှိ ပါ တယ်

      ဘယ်နိုင်ငံ မှာ ဘဲ ဖြစ် ဖြစ် နိုင်ငံ ခြား သား ဧည့် သည် နဲ့ နိုင်ငံ သားအ စစ် အခွင့် အရေး ကွာ ခြား တာ သဘာ ဝ ကျ ပါ တယ်။

      နိုင်ငံ ခြား မှာ သွား နေ သူ တွေ က ဒါ ကို ကျနော် ထက် ပို သိ မှာပါ။

  • weiwei

    July 28, 2014 at 11:25 am

    ကိုပေါက် အလုပ်စဝင်တဲ့အချိန်မှာ သူငယ်တန်းစတက်တဲ့အချိန်ဆိုတော့ အခုရေးပြတဲ့ခေတ်တစ်ခုနဲ့ ရင်းနှီးကျွမ်းကျင်မှုရှိနေတယ်။ ပါတီ ကောင်စီ ဆိုတဲ့ စကားလုံးတွေကို အမြဲမပြတ်ကြားခဲ့ရတယ်။ အရမ်းရင်းနှီးတဲ့အဖေ့မိတ်ဆွေတစ်ဦးက ပါတီဥက္ကဌဖြစ်နေလို့ ဆင်ဖြူတော်မှီပြီးကြံစုတ်ရတဲ့အခြေအနေမျိုးလေးတွေလဲ ရှိခဲ့ဖူးတယ်။ မိဘတွေက အရောင်းအဝယ်ပဲလုပ်ခဲ့တာမို့လို့ ဆိုရှယ်လစ်ခေတ်ထဲမှာ စီးပွားရေးကြပ်တည်းပြီး ခက်ခဲဆင်းရဲတာမျိုးတော့ မကြုုံခဲ့ရဘူး။ ကလေးမို့လို့ အပူအပင်ကင်းပြီး ဘာမှနားမလည်ခဲ့တာလဲဖြစ်နိုင်ပါတယ်။
    ခောတ်အပြောင်းအလဲတွေကို ရသမြောက်အောင် ရေးသားထားလို့ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုုတလဲရပါတယ်။
    နောက်ထပ် ပလက်ဖောင်းတွေဆိုရင်တော့ ပိုပြီး နားလည်လာတော့မှာမို့လို့ စောင့်ဖတ်နေပါတယ်။

  • အဲ ဒီ ခေတ် ကာ လ ကလည်း ဆင်ဖြူ တော် မှီ ပြီး ကြံ စုပ် တာ တွေ ရှိ တာ အမှန် ပါ ဘဲ။

    ဒါပေမယ့် အခု ခေတ် ကာ လ ကေ တာ့ ဆင် ဖြူ တော် ကို ကြံ ကျွေး ပြီး ခိုင်းတဲ့ ခေတ် လို့ ပြောရင် ရ ပါ တယ်

  • ခင် ခ

    July 28, 2014 at 2:21 pm

    ဗဟိုဦးစီးစနစ် အများဆုံးသော မြန်မာနည်းမြန်မာဟန် ဆိုရှယ်လစ်လို့ ပြောလို့ရမယ်နော်။

    • ဟုတ်တ ယ် ကို ခ ထိပ် က နေ အကုန်လုံး စု ချုပ် ထားလိုက်တာပါ။

      ပြော သာ ပြော တယ် အခု ချိန် ထိ ဒီ စံ နစ် က မြန် မာ ပြည်မှာ ရှင်သန်နေဆဲ့ ပါဘဲ

  • အရီးခင်

    July 29, 2014 at 3:43 am

    ရှေးတုန်းက နှစ်ဖက် အဖိုး အဖွား များ က ကုန်သည် စီးပွါးရေးသမား တွေမို့ သူတို့ သား တွေ ကို အစိုးရ ဝန်ထမ်း သိပ်ဖြစ်စေချင်ခဲ့ ကြတာ ကပေါက်ကြီးရဲ့။
    မြို့ပိုင်၊ ဝန်ထောက် မပြော နဲ့ စာရေးလေး စာရေးကြီး ဆိုရင်တောင် ဂုဏ်ရှိလွန်းတယ် ထင်တာကိုး။
    နောက်ပိုင်း သူတို့ ကချည်း ပြန်ထောက်ပံ့ နေရတော့ မှ မဟန်မှန်း သိသွားတာ။ lol:-)))

  • စာရေး စာ ချီ ကို အထင် ကြီး စိတ် က ကို လို နီ ခေတ် က တည်း က အရိုး စွဲ လာ ခဲ့ တဲ့ စိတ် ပါ ကိုလတ်ကြီးရေ

  • ဦးဦးပါလေရာ

    July 29, 2014 at 10:32 am

    ကိုပေါက်ပြောတဲ့ အင်တာဗျူးမျိုး ကျနော်ကိုယ်တိုင် ဖြေဘူးတယ်ဗျ…
    တနေ့ကတောင် မိတ်ဆွေတစ်ယောက်နဲ့ ပြောဖြစ်သေးတယ်….
    သူ့ဟာသူ seated လုပ်ထားပြီးသားကို ဘောင်ဝင်အောင် လူမြင်ကောင်းအောင် တကယ့်အင်တာဗျူးကြီးလုပ်ပြတယ်…
    ကြိုးကြိုးစားစားပြင်ဆင်ပြီး မျှော်လင့်တစ်ကြီး သွားဖြေတဲ့ ကျနော်တို့က အရူးဖြစ်တာပေါ့….

  • kyeemite

    July 29, 2014 at 11:45 am

    မဆလခေတ် အလုပ်ရှားပါးတာတော့ကိုယ်တွေ့ဗျို့…ကျောင်းပီး ကတည်းက အလုပ်စာမေးပွဲတွေဖြေလိုက်တာ
    ဘယ်နှစ်ကြိမ်မှန်းတောင်မမှတ်မိတော့ပါဘူး..၂.နှစ်ကျော်ကြာမှ အစိုးရအလုပ်တစ်ခုချိတ်မိတယ်…
    ဒါတောင် သရီးတွမ်တီးစကေးကစရတယ်ဗျ…၈လေးလုံးမဖြစ်ခင်တစ်နှစ်ကပေါ့…
    အင်တာဗျူ းဖြေဖို့ ကိုယ့်မေဂျာနဲ့ဆိုင်တဲ့စာတွေ မကြည့်ရပဲ…အဲ့ခေတ်ကထုတ်ဝေတဲ့ နိုင်ငံတကာရေးရာ
    ဂျာနယ်တွေကို စာကျက်သလိုကျက်ခဲ့ရတာ မှတ်မိပါသေးဗျာ…အင်း..ခုဆို အလုပ်ဝင်ခဲ့တာ ၂ရနှစ်ရှိပီပေါ့…

    • အဲ့ ခေတ် က အစိုး ရ အလုပ် ရဘို့ဆို တာ တကယ် ကို ရှားရှား ပါးပါး

      ရေးဖြေ အောင် ပြန် ရင် လူ တွေ့ မှာ ပြုတ်တာဘဲ။

      ပြုတ်မှာပေါ့ ခန့် ပြီး သား ကိုး ဗျ

  • Mr. MarGa

    July 30, 2014 at 6:21 pm

    ဆိုရှယ်လစ်… ခေတ်ထစဉ် ပေါ့ဗျာ
    အင်း…
    တွေးစရာ တစ်ပုံကြီး ကျန်ခဲ့ပါကြောင်း

  • padonmar

    August 2, 2014 at 12:28 am

    စိတ်နာရတဲ့ အပိုင်းတွေရောက်လာပေါ့။
    1FRC နဲ့ လိုချင်တဲ့ အသက်မွေးဝမ်းကြောင်းလိုင်းမတက်ရတဲ့ ၊တက်ပြီးမှ ထွက်လိုက်ရတဲ့ အမျိုးတွေ၊သူငယ်ချင်းတွေ ရဲ့ မျက်ရည်တွေ သတိရမိတယ်။
    နာရီဝက်လောက် အသည်းအသန်ဖြေပြီးကာမှ သမီးအသက်ငယ်ပါသေးတယ် အပြောခံလိုက်ရတဲ့ အိမ်သာဗျူးလည်း ကြုံခဲ့ရတယ်။
    ပြန်ပြောရတိုင်း ရင်နာမိပါတယ်။

Leave a Reply