ကဲ..ကဲ… ငြင်းကြမယ်.. ခုန်ကြမယ်ပေါ့… ဟီး.. ထပ်တင်ပြီနော်…

 

Experience Is The Best Teacher…

အတွေ့အကြုံသည် အကောင်းဆုံး ဆရာဖြစ်သည်… ( Life Is As U Take It… )

 

experience-is-the-best-teacher

When Fortune Smiles, Embrace Her…

အခွင့်ကောင်းပေါ်လာရင် ဖက်ထားပါ… မလွတ်စေနှင့်…

 

The Longer The Belt, The Shorter The Life…

ခါးပတ်ရှည်လာလေလေ ( ပိုဝ လာလေလေ) အသက်ပို တိုလေလေ…

 

The Sweetest Grapes Hang The Highest…

အချိုဆုံး စပျစ်သီးသည် အမြင့်ဆုံးနေရာတွင် သီးတတ်သည်… ( အပင်မြင့်လေ လေတိုက်လေ… )

 

A Man Who Fears Suffering Is Already Suffering From What He Fears…

ဝေဒနာ ခံစားရခြင်းကို ကြောက်သောသူသည် သူ၏ကြောက်ရွံ့ခြင်းကြောင့် ယခုပင်ထိုဝေဒနာကို ခံစားနေရသည်… ( ကြောက်တတ်လျှင် ၂ ခါသေ… )

 

Clear- Writing Comes From Clear-Thinking…

ရှင်းရှင်းရေးသားခြင်းသည် ရှင်းရှင်းတွေးတောခြင်းမှ လာသည်…

 

Nothing Is Easier Than Fault-Finding…

အပြစ်ရှာခြင်းထက်ပိုပြီး လွယ်ကူသောအရာ ဘာမျှမရှိ…

 

Marriage Halves Our Griefs, Doubles Our Joys And Quadruples Our Expenses…

အိမ်ထောင်ပြုခြင်းသည် သောကတ၀က်လျော့နည်းစေပြီး ပျော်ရွှင်မှုကို နှစ်ဆတိုးကာ ကုန်ကျစရိတ်ကို လေးဆတိုးစေ၏…

 

When Wine Sinks, Word Swim…

ဗိုက်ထဲ အရက်ဝင်တော့ အာချောင်တယ်…

 

Eat To Live, Do Not Live To Eat…

အသက်ရှင်ဖို့စားပါ.. စားဖို့ အသက်မရှင်ပါနဲ့…

 

ကျေးဇူးတင်ပါတယ်.. :)

 

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...