” ဓာတ်စာ -၂ “

ခင္ခJuly 28, 20141min27816

 

” ဓာတ်စာ -၂ “

တစ်ခါတလေကြားဖူးကြမယ် ထင်ပါတယ် တိုင်းရင်းဆေးကုထုံးမှာ ” ဓာတ်စာ ” ဆိုတဲ့ စကားရပ်ကိုပါ။ ဆေးမသောက်လိုသူတွေအတွက် အစာနဲ့ ဝေဒနာသက်သာအောင် ကုသတာကို ဓာတ်စာလို့ ခေါ်ပါတယ်။ ွ အဲဒီ ဓာတ်စာ တွေကို ဖတ်ဖူးမှတ်ဖူးတဲ့ တိုလီမိုလီစာပေစုတွေထဲကနေ ပြန်စုစည်းပြီးရေးခဲ့တာရဲ့ နောက်ဆက် တွဲအနေနဲ့ ထပ်မံပြီးဆက်ရေးပါရစေ။

( ” ဓာတ်စာ-၁ ” – https://myanmargazette.net/201430 )

 

၃၆။ ဆီးပူ ဆီးနည်း ဆီနီ

မြင်းခွာရွက်သုပ်စားပါ၊ မြင်းခွာရွက်ဟင်းချို ဟင်းခါးသောက်ပါ၊ မြင်းခွာရွက်ပြုတ်ရည်ကို သကြားအနည်းငယ် နှင့်သောက်ပါ။ သို့တည်းမဟုတ် ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။ သို့တည်းမဟုတ် ဘူးသီးပြုတ် နိုင်နိုင်စားပါ။

၃၇။ လေးဖက်နာ

မြင်းခွာရွက်ကို နေ့တိုင်း အတို့အမြုပ်လုပ်ကာ စားပေးပါ၊ သုပ်စားပါ။

၃၈။ အဖျားကြီးပြီး ချွေးထွက်လွန်

အုန်းစိမ်းရည် သောက်ပေးပါ

၃၉။ မီးလောင်ဒဏ်ရာရာသူများ

အုန်းရည်သောက်ပေးပါ။

၄၀။ အရက်ချိုးချ

ကြက်သားနှင့်ခွေးတောက်ရွက်ကို ချက်စားပါ။

၄၁။ လေထိုးလေအောင့်

ခွေးတောက်ရွက်ဟင်းခါး ချက်သောက်ပါ။

၄၂။ သည်းခြေနာ

ဇီးယိုကို စားပေးပါ။

၄၃။ ကလေးသူငယ်နာကင်းရန်

သူငယ်စာဌက်ပျောသီး မီးဖုတ်လို့ကျွေးပါ။

၄၄။ ကလေးနို့မျက်

ဖီးကြမ်းဌက်ပျော(သို့မဟုတ်)သူငယ်စာဌက်ပျောကို အခွံပါမီးဖုတ်လို့ အသားကိုကျွေးပါ။

၄၅။ ဝပြီးကျန်းမာလိုလျှင်

ထမင်းစားပြီးတိုင်း ဖီးကြမ်းဌက်ပျောသီးပျော်ပျော်ကို ပုံမှန်စားပေးပါ။

၄၆။ အစာအိမ်ရောဂါ

ဌက်ပျောသီးစိမ်းကို အခွံနွာပြီး နေပူတွင် ခြောက်အောင်ပြုပါ၊ ပြီးလျှင် ဆီနှင့်ကြော်လို့ နေ့စဉ်စားပေးပါ။

၄၇။ ချောင်းခြောက်ဆိုး

ဖီးကြမ်းဌက်ပျောသီးပျော်ပျော်ကို သကြားထည့်လို့ ထမင်းလွတ်အဝစားပေးပါ။

၄၈။ ဆီးချုပ်၊ ဝမ်းချုပ်၊ ခံတွင်းပျက်

ဌက်ပျောသီးမှည့်ကို ထန်းလျက်နှင့် စားပါ။

၄၉။ လေဖြန်း၊ ကိုယ်လက်ရောင်ရမ်း

ဒန့်သလွန်သီးကို ငါးကြင်းသားနှင့် ချက်စားပါ။

၅၀။ သွေးသားစိုပြေ

ကန်စွန်းအရိုးကို ထန်းလျက်နှင့်ပြုတ်ပြီး သုပ်စားပါ၊ တို့စားလည်းရသလို ချဉ်ရည်ချက်လို့လည်း စားနိုင်ပါတယ်။

၅၁။ သွေးအန်သော်

ကြံအရင့်ကို ညှစ်သောက်ပါ

၅၂။ သွေးဒူလာ

မီးကွင်းဂမုန်း ပြုတ်ပြီးသုပ်စားပါ။

၅၃။ ရာသီလွန်သွေးလွန်

ဇီးသီးနှင့် ထန်းလျက်၊ သီးသီးနှင့်ထန်းလျက် ဖျော်သောက်ပါ

၅၄။ လေရောဂါ

ဇီးသီးကို လေးခွက်တစ်ခွက်တင် ကျိုသောက်ပါ။

၅၅။ သတိမေ့လျော့ရောဂါ

ကြိတ်မှန်ရွက်ပြုပ်ပြီး သုပ်စားပါ။

၅၆။ သွေးဟောင်းသွေးပုပ်ကျစေရန်

ခရာပင်ပေါက်နုနုလေးကို ပြုတ်ပြီး တို့စားပါ။

၅၇။ ချွေးထုတ်ဆေး

ကသစ်ပွင့်နှင့် တရုတ်စကားပွင့်ကို လက်သုပ်လုပ်စားပါ။

၅၈။ ဆီးချုပ်

အုန်းရည်နှင့် သကြားသောက်ပေးပါ။ သို့တည်းမဟုတ် ဖရဲသီးနှင့် သကြားသောက်ပေးပါ။ သို့တည်းမဟုတ် သခွားသီးနှင့် သကြားစားပေးပါ။

၅၉။ ရေငတ်ဝမ်းကျ

မန်းကျည်းဖျော်ရည် သောက်ပေးပါ

၆၀။ ရင်ပြည့်

ကြံရည် သောက်ပေးပါ။

၆၁။ ခရုသင်းရောဂါ

ကျည်းသီးဆန်နှင့် ဆန်ဆေးရည်တွဲလို့ ရက်ပေါင်းများစွာ စားပေးပါ။

၆၂။ ဝမ်းသွားလိုလျှင်

ကျည်းမြစ်ကို ကျိုလို့ သောက်ပါ။

၆၃။ လေလုံး

ကျည်းသီးဆန်ကို ကြိတ်မှန်ရွက် သတ္တုရည်နှင့်သောက်ပါ။

၆၄။ သန်ကျလိုလျှင်

ကျောက်ဖရုံအစေ့အတွင်းမှ အဆန်ကိုစားပါ။

၆၅။ ဆီးကျောက်တည် ဆီးအောင့်

ကျောက်ဖရုံသီး(၃)ကျပ်သားနှင့် ဂျုံ ပြာ ဆား အနည်းငယ်ရောပြီး သောက်ပေးပါ။

၆၆။ ပန်းသေပန်းညှိုးဖြစ်လျှင်

ကြက်မောက်ရွက်ကို ငါးခူနှင့်ကြော်စားပါ။ သို့တည်းမဟုတ် ကန်စွန်းရွက်ကို ထောပတ်နဲ့ကြော်စားပါ။

၆၇။ အညောင်းလွန်လျှင်

သံပရာသီး စားပေးပါ။

၆၈။ လေနာလျှင်

ကြက်ဥတစ်လုံး ပျားရည်စစ်စစ်တစ်ဇွန်း သမအောင်ရောမွှေပေးပြီး သောက်ပါ။

၆၉။ အသံဝင် အသံနာ

ကြက်သွန်နီဥကြီးကို ဆားဖြင့်တို့ပြီး (၃)ရက်ဆက်စားပါ သို့တည်းမဟုတ် ကြက်ဥ အကာရည် သောက်ပါ။

၇၀။ ပင်လယ်အူနာ

ရခိုင်ဌက်ပျောသီးကို ဆားနှင့်တို့စားပါ။ အုန်ရည်သောက်ပေးပါ။

၇၁။ ဆီးပူဆီးနောက်

ဓနိရည် သောက်ပါ။

၇၂။ ထိုင်းမှိုင်း၍အိပ်ချင်လျှင်

ကကတစ်ငါးကို ဇီးသီးနှင့်ချက်စားပါ။

၇၃။ ပါးစပ်နံလျှင်

ဆန်ကို ဝါးစားပါ

၇၄။ နှာစေးလျှင်

မရမ်းသီးကို ထန်းလျက်နှင့် စားပါ။ သို့တည်းမဟုတ် မန်ကျည်းသီးမှည့်ကို ပျားရည်နှင့်စားပါ။ သို့တည်းမဟုတ် စောင်းလျားသီးကို သကြားနှင့်စားပါ။

၇၅။ အစာအိမ်အချဉ်ပေါက်

အာလူးအစိမ်းကို ဖျော်ရည်ပြုပြီး တစ်နေ့(၃)ခွက် သောက်ပေးပါ။

၇၆။ ချောင်းဆို

စပျစ်သီးခြောက်ကို နည်းနည်းချင်းစားပြီး မြုံထားပါ။

၇၇။ ဝမ်းကိုက်

ဘဲဥများများနှင့် မုန့်ဟင်းခါး အဝစားပါ။

၇၈။ ဆီးတစ်စက်စက်ကျ

ကြက်သွန်နီ ပြုတ်လို့ သောက်ပါ။

၇၉။ ဆီးချိုတက်

ကင်ပုံသီး ကင်ပုံရွက် ကြော်စားပါ၊ ကြက်ဟင်းခါးသီးဘေကာ်ချက်စားပါ။

၈၀။ ဝမ်းသွားလွန်းလျှင်

သံပရာသီးတစ်လုံး ပျားရည်တစ်ဇွန်း ရေနွေးတွင်ဖျော်လို့သောက်ပါ။ သို့တည်းမဟုတ် ချင်းစိမ်းနှင့် ထန်းလျက်ကိုပြုတ်ပြီး သံပရာအနည်းငယ်ညှစ်ပြီး သောက်ပါ။

 

 

ခင်ခ။

16 comments

  • alinsett (gazette)

    July 28, 2014 at 12:22 pm

    မြင်းခွါရွက် ကြိုက်တယ်.. ။ ဆေးဘက်ဝင်လို ့ဆိုတာထက်… သူ ့အရသာကို..ကြိုက်တာ.. ။
    သုပ်စားဖြစ်တယ်…ခဏခဏ…

    • ခင် ခ

      July 28, 2014 at 1:31 pm

      တိုင်းရင်းဆေးအလိုမှာတော့
      အသက်ကြီးရင် ဆင် စီးပါဆိုတာ – အသက်အရွယ်ရလာရင် ဆင်တုန်းမနွယ်နဲ့ဆေးဖော်လို့ စားစေချင်တာပါ။ ဒါကတော့ အတော်များများကြားဖူးနေကြ ဆိုရေးစကားပေါ့။
      နောက်တစ်ခုရှိသေးတယ်
      အလင်းအားကောင်းတုန်း မြင်း ကိုသုံး တဲ့။
      ဆိုလိုတာက မျက်စိအလင်းအား ကောင်းတုန်း ငယ်တုန်းအရွယ်ကထဲက မြင်းခွါရွက်ကို စားသုံးခဲ့ရင် အရွယ်ရောက်သော်လည်း မျက်စိမှုန်ခြင်းကင်းစေတာကို ဆိုလိုတာ ကိုအလင်းဆက်ရေ။

  • ဦးကျောက်ခဲ

    July 28, 2014 at 2:23 pm

    မြန်မာဓာတ်စာက မြန်မာနိုင်ငံမှာပေါက်တဲ့ အသီးအရွက်တွေဆိုတော့…
    ဒီမှာတော့ ဘယ်လိုမှရှာမရ… မြင်းခွါရွက် လက်သန်းလောက်တစ်စည်းကို ၅ဒေါ်လာ…
    ကျောက်စ် မယ်တော်ကြီးအတွက် ကူးသွားတယ် ဆြာခရေ…

    • ခင် ခ

      July 28, 2014 at 3:36 pm

      မြန်မာဆိုတော့ မြန်မာလဘက်ရည်ကြိုက်တာပေါ့ …………. ဆိုသလိုဖြစ်နေပြီ ဆြာကျောက်ရေ။
      တရုတ်ပြည်မှာလည်း သူ့ဒေသထွက်ကိုအမှီပြုပြီး တရုတ်တိုင်းရင်းဆေးရှိသလို ဆြာကျောက်တို့ အခုနေတဲ့ ဆီမှာလည်း အဲလိုရှိဘူးလားဗျ၊ မရှိလို့ရှားရင်တော့ အင်္ဂလိပ်ခေါ် အနောက်တိုင်းဆေးနည်း မှီဝဲပေးလို့ ဘဲပြောရမယ်နော်။
      ဥပမာ – ကိုက်တာခဲတာ ဖျားနာရင် ပါရာစီတမော့သောက်ပါ ဆိုသလိုပေါ့။
      ပြည်ပနိုင်ငံတွေ အသုံးမဝင်မှုရှိခြင်းအတွက် စိတ်မကောင်းယုံမှတပါး အခြားမရှိပေါ့ ဆြာရယ်။

  • Ma Ei

    July 28, 2014 at 2:29 pm

    အသီး အရွက်တွေ ကြိုက်တတ်တော့
    အစာလည်းဆေး ဖြစ်တာပေါ့ နော်
    လိုအပ်တဲ့ခါ သုံးနိုင်ဘို့ မှတ်ထားပါမယ် …
    ကိုခရေ…ကျေးဇူးပါ..

  • ခင်ဇော်

    July 28, 2014 at 4:46 pm

    ကျနော်က ဓာတ်စာကို ယုံတယ်။
    အနောက်တိုင်းမှာက ဓာတ်စာ အယူအဆ မရှိဘူးထင်တယ်။
    ဖျားတာတောင်ဘာ စားစားရတယ်ပဲ ပြောတယ်။
    တရုတ်မှာတော့ ရှိတယ်။

    Thank you so much for the post.

    :s:

    • အရီးခင်

      July 29, 2014 at 3:48 am

      အနောက်တိုင်းမတော့ သူတို့ အစာတွေထဲ တက်စာ ချက်စာ တော်ရုံမှမပါတာ။
      ငပိ၊ ငံပြာရည်၊ အုန်းနို့၊ မျှစ်.။မှို (သူတို့ စားတဲ့ မှို က မြန်မာပြည်က မှို နဲ့မတူ)၊ ဆီ၊ အစပ်၊ အချဉ်၊ အငံ၊ အချိုကဲ လွန်လွန်ကျူးးကျူးး စား တာ မရှိ။
      အသီး အရွက် မပေါပေနဲ့ အခုနောက်ပိုင်း အတော်လေး စားလာကြတယ်။
      ပန်းသီးဒက်ဒီ Steve Jobs ကတော့ ဥနီ ဓာတ်စာ ယူလိုက်တာ ပိုပြီး ဆိုးသွားရှာတယ်။
      ဘာမှ မစားဘဲ Carrot တွေချည်း စားတော့ တာကိုး။

  • lu lu

    July 29, 2014 at 8:08 am

    သိပ်ကောင်းတဲ့ဆေးနည်းတွေမို့
    ဖတ်မှန်သွားပါတယ် ကျေးဇူးတင်ပါတယ် ဦးခ
    🙂

  • manawphyulay

    July 29, 2014 at 8:29 am

    ဟုတ်တယ်နော်။ မြန်မာတိုင်းရင်းဆေးသမားတော်တွေ ပြရင် ဆေးပေးတာထက် အဓိက ဓာတ်စာကို ပိုပြီး သူတို့က ညွှန်းကြားပါတယ်။ ခက်တာက တစ်ခါတလေ လွယ်တဲ့ အနီးအနားမှာ အဆင့်သင့်တာပဲ လုပ်ဖြစ်တယ်။ ဥပမာ မြင်းခွာရွက်တို့ ခွေးတောက်ရွက်တို့ ရှာရလွယ်ကူတာပဲ လုပ်ဖြစ်တယ်။ တချို့ဆေးစာထဲက ဓာတ်စာတွေက ရှာရမလွယ်ဘူးဆိုရင် အသုံးမပြုတော့ဘူး။ ဓာတ်စာအတိုင်းသာ အသုံးပြုကြမယ်ဆိုရင် ရောဂါသိပ်ဖြစ်ကြမှာမဟုတ်ဘူးနော်။ မနောတော့ မြင်းခွာရွက်သုတ်စားတာတို့လောက်ပဲ လုပ်ဖြစ်တယ်။ ကျန်တာ သိပ်မလုပ်ဖြစ်တော့ ရောဂါဘယ ထူပြောနေတယ် လေးလေးခရေ….

  • ဦးဦးပါလေရာ

    July 29, 2014 at 10:03 am

    ဒါကတော့ ကူးပြီးကိုသိမ်းထားရမယ့် ပိုစ့်ပါပဲ…

    စကားမစပ်-
    ပင်လယ်အူနာ ဆိုတာ ဘယ်လိုရောဂါမျိုးပါလိမ့် ကိုခင်ခ ရေ..

    • ခင်ဇော်

      July 29, 2014 at 11:22 am

      အညာကုန်းတွင်းပိုင်းကလူတွေ ကမ်းခြေသွားလည်ပြီး ပင်လယ်စာ မကျက်တကျက် အစိမ်းစားမိရင် ဖြစ်တာမျိုးး နေမှာ။
      ဟီးဟီး
      အနော် ဒီရောက်စ အဲလိုစားပြီး အဲလိုဖြစ်တော့ အဲဒီ ဆရာဝန်က အဲဒီ ရောဂါလို့ ပြောတာပဲ။

      :mrgreenn:

    • ခင် ခ

      July 29, 2014 at 12:04 pm

      ပင်လယ် သဘောသည် လှိုင်းလုံးများတလိမ့်လိမ့်တက်သည့် သဏ္ဍန်ရှိပါသည်။
      အဲဒီလိုဘဲ ဝမ်းဗိုက်ထဲ အူနာခြင်း(ဗိုက်နာခြင်းသည်) တလိမ့်လိမ့်နှင့်နာသလိုမျိုး ဖြစ်နေပြီး ဝမ်းကိုက်ဝမ်းနာတတ်တာကို ပင်လယ်အူနာလို့ ခေါ်လိုက်တာပါ ဦးပါရေ။

    • ဦးကျောက်ခဲ

      July 29, 2014 at 12:27 pm

      ကျောက်စ်တို့ အရပ် ဧရာဝတီတိုင်းမှာတော့ ပင်လယ်အူနာဖြစ်ရင်..
      ဖီးကြမ်းဌက်ပျောသီးကို အခွံကြွမ်းအောင် မီးကင်ပြီး စားကြတယ်…

  • kyeemite

    July 29, 2014 at 10:25 am

    ဆောရီးပါ ကိုခရေ…ခုတလော ရုံးက ကွန်နက်ရှင်မကောင်းလွန်းလို့ နောက်ကျသွားတယ်…
    ကိုခစုစည်းပေးတဲ့ ဓါတ်စာတွေ ၁ ရော ၂ ရော ကူးထားလိုက်တယ်ဗျို့…
    မြင်းခွါရွက် နဲ့ ကင်းပုံသီး ကတော့ ကျုပ်အကြိုက်ဆုံးပါပဲ…အမြဲလိုလိုစားဖြစ်တယ်

  • ဦးကျောက်ခဲ

    July 29, 2014 at 12:35 pm

    ဒီအရပ်မှာတော့ တရုတ်တိုင်းရင်းဆေးဆိုင်တွေ ပေါမှပေါ…
    ဆေးခါးကြီးလို တရုတ်တိုင်းရင်းဆေးမြစ်တွေပြုတ်ရောင်းနေတာ နေရာတိုင်းပဲ ။ နောက်ပြီး “တောက်” ဆိုလားဘာလား… လက်ကောက်ဝတ်ကိုစမ်းပြီး စားရမည့် ဓာတ်စာရေးပေးတဲ့ ဆေးတိုက်တွေလည်း တပုံတပင် ။ ခက်နေတာက… ကျောက်စ်ကလည်း တရုတ်လိုမတတ် ၊ ဆေးဆရာကလည်း အီးလိုမတတ်နဲ့ အလုပ်ကိုမဖြစ်ဘူး ဆြာခရဲ့ ။
    တခါသား ဖြစ်ချင်ရာဖြစ် ဆေးခါးကြီးပဲ စွယ်စုံရတယ်ဆိုပြီး လက်ညိုးထိုး ဝယ်သောက်လိုက်တာ ၊ အမျိုးသမီးတွေ သောက်တာဖြစ်နေလို့……။
    အဟီး… ပူသလားတော့ မမေးနဲ့… :mrgreen:

Leave a Reply