ပုရွတ်ဆိတ်နဲ့ လူ အတူတူပါပဲ

ငါ … ကွ …

 

ဟောဗျာ ….။
ဘယ့်နှယ်ဟာကြီးတုန်း ….။
ပုရွက်ဆိတ် ဆိုတာ ပုစိညှောင့်တောင့်လေး ….။
လူဆိုတာက ပုရွက်ဆိတ်နဲ့ ယှဉ်ရင် ဂေါ်ဇီလာ နဲ့ ခြင်နဲ့လောက် ကွာလိမ့်မယ် ထင်တယ်။
ဒါကိုပဲ ပုရွက်ဆိတ်နဲ့ လူ … အတူတူ ဆိုတော့ကာ ???

ဟုတ်ခဲ့ ….
ပုရွက်ဆိတ် အကောင်ရေ တစ်သန်းဟာ ဆိုရင် လူတစ်ယောက်နဲ့ ညီမျှပါသတဲ့။
မယုံရင် ပုရွက်ဆိတ်တွေ စုပြီး တိုင်းကြည့်ပေါ့။

ဒီထက် ဆန်းတာကို ပြောရရင်တော့ …

ဟောဒီကမ္ဘာကြီးပေါ်မှာ ရှိရှိသမျှ လူသားတွေရဲ့ အလေးချိန်နဲ့ ရှိရှိသမျှ ပုရွက်ဆိတ်တို့ရဲ့ အလေးချိန်ဟာ တူညီပါသတဲ့။
ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။
ပုရွက်ဆိတ်တွင်း တစ်တွင်း ဆိုရင်တောင် အကောင်တွေက နည်းတာ မဟုတ်ဘူး။

အဲ့ဒါကြောင့်မို့ … ကျုပ်က ပုရွတ်ဆိတ်နဲ့ လူ အတူတူပါပဲလို့ ပြောတာ ….။

ဟုတ်လားတော့ မသိဘူး ….

ကျုပ်လည်း အောက်က နေရာက တွေ့လို့ တင်လိုက်တာ …

http://www.omgfacts.com/Animals/The-total-weight-of-all-the-ants-on-Eart/3654

 

ပုံ/

ပလော်ဖက်ဆာ ဒေါက်တာ ရမ်းတုတ်

16 comments

  • အရီးခင်

    July 29, 2014 at 3:54 am

    တူပါဘူးတော်။
    အရည်အချင်း နဲ့ အရေအတွက် ???? ကွာပါ့။
    ပွက်စိတ်လေးတွေ အရည်အချင်းပိုသာတာ ကို ပြောတာ။
    စည်းလုံးကြလွန်းလို့။
    တစ်ခုခု ဝိုင်းမ ပြီး ရွှေ့တာ ကြည့်ပါလား။
    ပြိုင်တူဘဲ။
    အတုယူကြစမ်းပါကွယ်တို့။ :-))))

  • ခင်ဇော်

    July 29, 2014 at 7:35 am

    ဟုတ်တယ်။ ဟုတ်တယ်။
    နာ နဲ့ ပွက်ဆိတ်တွေနဲ့ တူတာတွေရှိသေးတယ်။
    ၁) အချိုကြိုက်တယ်။ :mrgreenn:
    ၂) တစ်ကောင်တည်းလည်း သတ္တိရှိတယ်။ တစ်ချို့က နောက်လိုက်နဲ့မှ အာရဲတာ။ ခိခိ။ :mrgreenn:

    ဇွတ် ဆွဲစိသွားသည်။
    :mrgreen:

  • lu lu

    July 29, 2014 at 7:56 am

    စာထဲမှာဖတ်ဖူးတယ်
    ပုရွက်ဆိတ်တွေကလူတွေထက် အားကြီးတယ်တဲ့
    သူတို ့ရဲ ့ကိုယ်အလေးချိန်ရဲ ့အဆ ငါးရာလောက်လေး တာကို
    တောင်သယ်နိုင် လို ့တဲ့
    အကောင်သေးတယ်ဆိုပြီးအထင်မသေး လေနဲ ့ကွိသွားမယ်
    :mrgreen:

  • manawphyulay

    July 29, 2014 at 8:19 am

    တူတော့ တူတယ် ဒါပေမယ့် မတူဘူး။
    ဘာလို့လဲဆိုတော့ ပုရွက်ဆိတ်တွေက စည်းလုံးမှုပိုရှိတယ်။
    နောက် ဝီရီယရှိတယ်။ ရှေးရေးအတွက် ကြိုတင် ကြံစည်မှုတွေလုပ်တယ်။
    နောက် ဘယ်နေရာမှာ ဘာဆိုတာ မြင်တတ်တယ်။
    လူတွေက ဝီရီယအားနည်းတယ်။ နောက် အစာတောင် ဗိုက်ဆာမှ ထရှာစားတတ်တဲ့ အကျင့်တွေနဲ့ ့ပြည့်စုံတယ်။

    ခြင်
    ဆင်ခြင်ဉာဏ်ကင်း
    ညံ့ဖျင်းတဲ့လုံ့လနဲ့
    ဝမ်းဝရုံရှာစား
    ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တဝါ
    ပုရွက်ဆိတ်
    ထူးခြားသွက်လက်
    ထက်မြက်တဲ့ဆင်ခြင်ဉာဏ်
    ရင့်သန်တဲ့လုံ့လနဲ့
    မနိုင်ဝန်အားမာန်နဲ့ထမ်း
    ဘဝအတွက် စုဆောင်း
    နောင်ရေးအတွက် မျှော်ကြည့်
    အနာဂတ်ကို သိတဲ့သတ္တဝါ
    လူ
    ဘဝထဲကလူ
    အူကြောင်ကြားနဲ့ လမ်းသွား
    သွေးပျက်နေတဲ့ အယူအဆများနဲ့
    ကမ္ဘာလောကကြီးထဲ လျှောက်သွား
    အတ္တတရားကို ရှေ့တန်းတင်
    ခြင်သတ္တဝါကို အားကျ
    တစ်ဘဝစာနဲ့ ကျေနပ်မှာလား….
    ဒါမှမဟုတ်
    ပုရွက်ဆိတ်ကို နည်းယူ
    ကြည်ဖြူတဲ့စိတ်ထား
    မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
    ကုသိုလ်တံတားတွေ တည်ဆောက်
    သံသရာလမ်းကို လျှောက်မှာလား…
    အဲဒါကို
    သင် စဉ်းစား…..

    ခင်မင်လျှက်
    မနော

  • pooch

    July 29, 2014 at 10:13 am

    မှန်မှန်ပြော Minuscule ကြည့်ပြီး အားကျနေတာမလား 😀

  • ဦးဦးပါလေရာ

    July 29, 2014 at 10:40 am

    တူမလား………….. ဟဲ့ ……

    ပုရွက်ဆိတ်က ကိုယ့်အလုပ်ကိုယ်လုပ်တယ်……..

  • kyeemite

    July 29, 2014 at 11:03 am

    ပွက်ဆိတ်နဲ့လူ တူတယ်ဆို…ပွက်ဆိတ်ဖက်ကနာတယ်ကွ 😀

  • ရွှေတိုက်စိုး

    July 29, 2014 at 4:02 pm

    တူစရာလား မောင်မောင်အံရယ်… နင်မလဲ မျက်နှာခြောက်ခုနဲ. ထောင့်ကို မကျိုးဘူးအေ…
    ဘယ်နှယ့်တူရမတုန်း..
    လူက အရက်သောက်တယ်… ပုရွက်ဆိတ်က အရက်သောက်ဘူး…. ကဲဘယ်မှာတူဒုံးအေ… အံ့ဩဘ..
    မယုံရင် ညနေ… နာဂို ဘလက်တစ်လုံးနဲ. ပုရွက်ဆိတ်အုံနား ထားပြီး ယှဉ်တိုက်ကြည့်ပါလား… ဟေ့ဟေ့..

  • kai

    July 30, 2014 at 5:08 am

    “ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးကို ဖြိုမယ့်ကြံ-ခါးကမသန်”

    တဲ့..။
    သူ့ခန္ဓာအလေးချိန်ထက်.. အဆ၅၀၀ဝ မကလေးတာမနိုင်တဲ့… အကောင်ကိုများ.. လူတွေက(စကားတတ်တိုင်း) နှိမ်လိုက်သေး..
    တကယ်တော့.. ပုရွတ်ဆိတ်ကိုက်ရင်..သေတတ်တယ်တဲ့ဗျ…။

    Fire Ant Bites Kill Florida Man – English pravda.ru
    english.pravda.ru › Society › Anomalous phenomena
    Pravda
    Sep 1, 2008 – Death by fire ants may seem difficult to believe, but the tiny insects killed the man in Chuluota, Florida as he walked his dog outside his home .
    =
    Ants Can Support 5,000 Times Their Body Weight Before …
    http://www.natureworldnews.com/…/ants-support-5-000-times-body-weight-be...
    Feb 10, 2014 – The ability of worker ants to carry many times their own body weight is well documented, but new research on heavy-lifting ants reveals that the …

  • Choo

    July 30, 2014 at 9:43 am

    လူလဲသေအောင်ကိုက်တတ်ရင် သေပါဒယ် သဂျီးမင်းရယ် ….. 😛

  • အာဂ

    July 30, 2014 at 5:07 pm

    အံဇား အလေးချိန်လောက်ဆိုရင် ပုရွက်ဆိတ် ဘယ်နှကောင်လောက်ရှိမလဲငင်။

  • ခင် ခ

    July 30, 2014 at 11:00 pm

    အားအင်ကြီးမားတဲ့ဆင်က ပုရွက်ဆိတ်အသေးလေး ကိုကြောက်တယ်ဆိုတော့ ဆင်ထက် ပုရွက်ဆိတ်က အားကြီးလို့ပေါ့နော်။

  • မဟာရာဇာ အံစာတုံး

    August 3, 2014 at 1:46 am

    အရီး

    ဟုတ်ဒယ် .. ဟုတ်ဒယ် ..
    ဒို့အရီး ပြောတာ ဟုတ်ဒယ် ..
    ကိုယ့်အရီးမို့ လွှတ်ပီး ထောက်ခံလိုက်တယ် .. ကွီကွိ

    ====
    အောင်မဲလင်း

    အေး … အဲ့ဒီလိုပဲ …

    ====
    ချစ်မဂျီး

    အော် …
    အချိုကြိုက်တာချင်း တူသတဲ့ …
    ဒါမယ့် .. ပွတ်ဆိတ်တွေက အစပ်တော့ ကြိုက်ဘူးနော် …

    ====
    လုလု မရမကလု

    အွန် …
    အဲ့လောက် ဗလ ကောင်းသလား …
    အဲ့ဒါ .. သိဘူးတော့ ..

    ====

    မနောဖြူလေး

    သန်းခရု …
    ရှဲရှဲပါဗျို့ …

    ====
    ဂျီးဒေါ်ပု

    အိုက်ကားလေး မိုက်ဒလယ် …
    ချယ်ဘဲ …

    ====
    ဥပါ

    ဒါဖြင့် …
    လူတွေက ကိုယ့်အလုပ် ကိုယ်လုပ်ဘူးလို့ ပြောချင်ဒါပေါ့နော် …
    ခညားဒို့တွေက အတက်ဂျီးပီဆိုပီး
    လူဒွေ မကောင်းဂျောင်း ပြောနေဒါပေါ့လေ …
    ဟရုမန်း ရိုက်စ်နဲ့ တိုင်ပလိုက်မှာ …

    ====
    အုတ်ကထဂျီး

    ဘာပြုလို့ နာရပြန်ဒါဒုံး …
    ပွတ်ဆိတ် ကိုက်ရင် နာတယ် ပြောတာလား …

    ====
    ဒက်ဒီတိုက်

    အော် … အော် .. အော် ..
    သူ အရက်သောက်ချင်တာကိုများ …
    မာယာပရိယာယ်တွေနဲ့ ပြောနေလိုက်သေးတယ် …
    မတူဘူး ဆို၊ မတူဘူး တစ်ခွန်းတည်း ပြောလိုက် ပီးတဲ့ ကိစ္စကို …
    အရက် တိုက်ပြီး စမ်းခိုင်းလိုက်သေးတယ် …
    ဒီဒက်ဒီတော့ သူ့သမီးကို အမြန်းသိမ်းလိုက်မှပဲ ….

    ====
    သဂျီး

    ပွတ်ဆိတ် ကိုက်ရင် သေတတ်သတဲ့ ….
    သေ၊ မသေ တော့ မသိဘူး …
    အတော်တော့ အဆိပ်ပြင်းတဲ့ ကောင်တွေ …
    ဒါနဲ့ … ခါချဉ်နဲ့ ပွတ်ဆိတ်နဲ့က တူတူပဲလား သဂျီးရ …

    ====
    ချာချာ

    ပြောလိုက် … ပြောလိုက် …
    ဟီဟိ …

    ====
    ဂဂ

    အောင်မာ …
    လူကို ပိန်ဒယ်ဆိုပီး လျှော့မတွက်နဲ့နော် …
    ပိန်ပေမယ့် အလေးချိန် စီးသဗျ … ဟာဟ

    ====
    ဥခင်ခ

    ဝုတ်လောက်ဒယ် .. ဝုတ်လောက်ဒယ် …
    ပွတ်ဆိတ်တွေက အကောင်သေးပေမယ့် ကြောက်ဖို့ ကောင်းသဗျ ..
    ဟိုတစ်ခါ ..
    အိပ်နေတုန်း နားထဲကို ပွတ်ဆိတ် ဝင်သွားတယ် …
    လူတောင် အတော် ပြာယာခတ်သွားတယ် …
    တော်သေးတယ် .. အုန်းဆီ ကယ်ပေလို့ …

    ====
    အားပေးသွားသူ အပေါင်းကို သန်းခရု ရှဲရှဲ ….

    • black chaw

      August 3, 2014 at 2:08 am

      အံစာကြီး
      ဦးဘလက်လည်း အားပေးသွားတယ်
      ဟေးဟေး။

  • ဦးကြောင်ကြီး

    August 3, 2014 at 1:57 am

    ပွက်ဆိတ်မှာ လျှာရှိဗမလား..

Leave a Reply