ပုဇွန်ဆီဟင်းလေး ချက်စားကြမယ်…

ကုိ ထြဋ္July 29, 20142min24816

အခုလို မိုးရာသီလေးမှာဆို.. ပုဇွန်တို့.. ကဏန်းတို့က… ပေါမှပေါရယ်…

ချက်ရလွယ် စားလို့ကောင်း… ဈေးလည်းနည်းပါတယ်… နည်းနည်းဆိုပေမဲ့.. ထမင်းလေးနဲ့ မြုပ်စားတာလေ…

မိန်းမလဲ ကြိုက်တယ်.. ကျွန်တော်လဲ ကြိုက်တယ် ပုဇွန်ဆီဟင်း… ဆိမ့်တယ်ဗျ… နောက်များမှ မြိတ်ကော်ပြန့်လုပ်စားရင် ပုဇွန်ဆီသုံးနည်း ထပ်ပြပေးမယ်…

ဒီအစီအစဉ်လေးက ဘယ်လို ရှိမယ်တော့ မသိတော့ဘူး.. ဇီဇီတို့နဲ့ ထမင်းဆိုင်ဖွင့်ဖို့ ပြောထားတော့… အဲအတွက် လုံးပန်းရဦးမယ်… ဟဲ.. ကြားဖြတ်အနေနဲ့တော့ လာချင်လာဦးမှာပါ…

ဒါလေးက စကားချီးပေါ့…

စချက်မယ် ဆိုတော့ လိုတာလေးတွေ ပြောရမယ်…

ပုဇွန်ဆီက     ၂ဝ သားလောက်ဆို ရပြီ… ၁၅၀ဝ လောက်ပဲ ကျတယ်…

ကြက်သွန်ဖြူက     အမွှာကြီး ၃ မွှာလောက်….

ကြက်သွန်နီ         အလုံးကြီး ၃ လုံး… အောက်က ပုံမှာ ပြထားသလိုလေး အကွင်းလိုက်လေး လှီး…

ဆီ                   တော်ရုံသင့်ရုံ.. တအားမများလဲ ရတယ်… ပုဇွန်ဆီက ဆီပြန်ထွက်တယ်လေ…

အရောင်တင်မှုန့်    သင့်ရုံပဲ နည်းနည်းပေါ့… အရောင်လှရုံလေး…

အချိုမှုန့်                 နည်းနည်းပဲ ထည့်ပါ… ဆားတောင် နည်းနည်းလောက်ပဲ ထည့်  သူ့ဘာသာ အရသာရှိပြီးသားကိုး…

 

ချက်ပြီဆိုတော့…

ဆီထည့်ပါမယ်… ပြောထားသလိုလေး… အိုးလေးမှာ စွတ်ရုံလေး.. မကပ်အောင်… ထည့်ပါမယ်….

P1270825

ပုံမှာ မြင်တဲ့အတိုင်းလေး ဆီပါးပါးလေးထည့်… ဆီကျက်ပြီဆို ကြက်သွန်ဖြူ  မညက်တညက် ထောင်းချင်ထောင်း .. ဓားပြားပဲ ရိုက်ချင်ရိုက်ထားတာ ထည့်ပါ….

P1270826

ပြီးရင် အရောင်တင်မှုန့်နည်းနည်းထည့်…

P1270824

ကြက်သွန်နီကိုလဲ အခုလို အကွင်းလိုက်လေးတွေ လှီးထားပါ…

P1270827

အရောင်တင်မှုန့်လေး ထည့်မွှေ… နှံ့ပြီဆိုရင်.. ကြက်သွန်နီလေးတွေထည့်ပါ… အချိုမှုန့်ကိုလဲ တော်ရုံ.. နည်းနည်းပေါ့.. ထည့်ပါ…

P1270823

ပြီးရင် ကျန်သွားတယ်.. ဆနွင်းလေးနဲ့ လုံးထားတဲ့ ပုဇွန်ဆီလေးကို ထည့်ပါ… ဆနွင်းကလဲ ကျန်းမာရေးအရပါပဲ…

P1270828

ပြီးရင် ရေလေးနည်းနည်းလေးထည့်ပြီး.. ကြက်သွန်နီနွမ်းအောင်စောင့်ပါ… မမွှေဖို့တော့ သတိထားပါ.. မဟုတ်ရင် ကြေပြီး မလှတော့ပါဘူး..

ဒါဆို ဘယ်လိုလုပ်မလဲ မေးရင် ကျွန်တော့်လို လက်ကိုင်နဲ့ အိုးဆိုရင်.. ဖြည်းဖြည်း လက်ကိုင်ကနေ လှုပ်ပေးပါ.. အိုးမကပ်အောင်ပေါ့…

နောက်ဆုံး ကြက်သွန်နွမ်း… ရေလေးလဲ ခမ်းပြီး.. အရသာလေးအိုကေ…  အောက်ကပုံလေးအတိုင်းဆိုရင်… ချလိုက်တော့…

P1270831

ဒါလေးက Finishing အလှပုံလေးပါ..

P1270836

စားချင်စဖွယ်ပုံလေးနော်… ဟီး….

ဒီတပတ်တော့ ဒီလောက်နဲ့ ကျေနပ်ကြလိမ့်မယ်… ထင်ပါတယ်….

အားပေးမှုကို ကျေးဇူးတင်ပါတယ်… 🙂

 

 

16 comments

  • ခင်ဇော်

    July 29, 2014 at 10:59 am

    တဂျီးးး ကို အဝ ကျွေးးးမယ် လို့ ပြော ကြည့်

    :mrgreen:

  • Yae Myae Tha Ninn

    July 29, 2014 at 11:53 am

    ကျွေးပါတယ်ဗျာ.. စားချင်ရင် ရန်ကုန်လာမှပဲ ရမယ်.. ပုံကတော့ ပို့ပေးလို့ရပါတယ်… 🙂

  • Ma Ei

    July 29, 2014 at 12:01 pm

    ချက်နည်းတော့ တူတူဘဲ ..
    ငရုတ်စိမ်းမှုန့် နဲ့ ရေ မထည့်ဘူးသူ့ရေလေးနဲ့ဘဲ ချက်တာ..
    တစ်ဖက်ကရွှေညိုလေးသမ်းလာရင် ဇွန်းပြားလေးနဲ့ကော် တစ်ဖက်လှည့်ပေးလိုက် မာမာလေး ရတယ်
    ခရမ်းချဉ်သီး ကွင်းလေးတွေ၊ ငရုတ်စိမ်းပွ ရယ်ပါထည့် နံနံပင်လေးအုပ် စားကောင်းတယ်…
    🙂

  • manawphyulay

    July 29, 2014 at 12:11 pm

    ကြည့်ရင်းနဲ့ အနံ့လေးမွှေးနေတာပဲ။
    စားချင်စရာပဲနော်။
    ရန်ကုန်မှာရှိသူကျတော့ တကယ်ကျွေးမှာလား…

  • Yae Myae Tha Ninn

    July 29, 2014 at 1:19 pm

    ငရုတ်ပွတော့ ထည့်ချင်ဘူး.. မအိ.. သူ့အနံ့က ပုဇွန်ဆီ အနံ့ကို အုပ်သွားမှာ.. အဲလိုဆို ကြိုက်တော့ဘူး.. ခရမ်းချဉ်သီးကလဲ အဲလိုပဲ သူ့အရသာပဲ ရတော့ ပုဇွန်ဆီ ဆိမ့်ဆိမ့်လေးက နိုးပါ… အနံ့ပြင်းတဲ့ အသားတွေမှသာ အဲလိုတွေ ထည့်ဖြစ်တယ်… တကျောင်း တဂါထာပေါ့… 🙂
    အနံ့ ထွက်နေတဲ့ ပုံလဲ ရှိတယ်… ရန်ကုန်မှာ စားချင်ရင် ပြောလေ.. အိမ်လည်လာပေါ့.. မိန်းမနဲ့ ပေါင်းပြီး ချက်ကျွေးမယ်…

  • alinsett (gazette)

    July 29, 2014 at 3:09 pm

    စားချင့်စဖွယ်ပုံလေးကို…ကြွေပန်းကန်ဖြူဖြူလေးနဲ့…လှလှပပ မပြပဲ.. ဒယ်အိုးမည်းမည်းလေးထဲကနေပဲ..ပြတယ်..
    အဲဒါကိုက… သဘာဝကျပြိး..စားချင့်စဖွယ် ဖြစ်သွားတာ… ။
    အခု.နေ့လည်စာ မစားရသေးဘူး.. ။
    ကိုယ်ကြိုက်တဲ့ဟင်းကိုလည်း..တွေ ့နေပြီဆိုတော့… ဗိုက်ဆာလာပြိီ… ။
    ဖွေးဖွေးရယ်….နင်လေး..ငါ့ကို ဘယ်တော့ချက်ကျွေးမလဲ…

    :mrgreen:

  • kyeemite

    July 29, 2014 at 3:52 pm

    တကယ့်စားချင်စဖွယ်ပါပဲဗျာ…ဂိုးအဟက် :mrgreen:

  • Yae Myae Tha Ninn

    July 29, 2014 at 4:11 pm

    ဆောရီးဗျာ.. အိုးထဲက တကယ် အရှိချက်ထားတဲ့ အတိုင်းကို ပြလိုက်မိတာ.. နောက်များဆို ပြမယ်ဗျာ.. ဇီဇီတို့လဲ ဒီတိုင်းဆို ခက်မှာ ဟီး… 🙂

  • Crystalline

    July 29, 2014 at 4:29 pm

    ပုဇွန်ဆီကိုမကြာခနစားဖြစ်တယ်.. ဒီဖက်မှာဈေးကြီးတယ်.. တဆယ်သား ၁ထောင်ကျော်တယ်..

  • Yae Myae Tha Ninn

    July 29, 2014 at 4:52 pm

    ဘယ်မှာတုန်း.. ကြည့်မြင်တိုင် ညဈေးမှာဆို.. ဈေးပေါမှ ပေါ… ဟုတ်လောက်တယ်.. သူများရပ်ကွက်တွေမှာ.. ၁၀၀ဝ ဖိုးဆို တော်တော်များတယ်.. ဒီမှာက.. လာစားကြလေ.. အိမ်မှာ.. ကြိုပြော ချိန်းလာ ချက်ကျွေးမယ်… ကြက်သား ငါးပိချက်နဲ့… ၁၂ မျိုးဟင်းချိုနဲ့… ငါးပိသုပ်.. ဒညင်းသီးနဲ့… 🙂

    • အရီးခင်

      July 29, 2014 at 11:38 pm

      ကိုခ ဆီက ဆေး တောင်းပြီး မှ စားသင့်ကြသလားဘဲ။
      အားလုံး တက်စာတွေချည်း။
      အတော်တော့ ထမင်းမြိန် မဲ့ပုံရှိတယ်။ :-)))

  • Choo

    July 29, 2014 at 4:55 pm

    100/100 mark
    ပုဇွန်ဆို အရမ်းကြိုက်လို့ 😀

  • kai

    July 29, 2014 at 5:06 pm

    ယူအက်စ်မှာတော့.. လူကိုသေကြောင်းကြံမှုနဲ့.. ပြောခံရမယ့်အစာဖြစ်မယ့်ပုံ…
    ပုဇွန်ဆီလေ..ပုဇွန်ဆီ…
    ကိုလက်စရောအတုံးအခဲ…တဲ့..။
    ဆေးတောင်မနိုင်… :k:

  • Yae Myae Tha Ninn

    July 29, 2014 at 5:13 pm

    ဟီး.. ကျေးကျေး.. ချို…
    တဂျီးကတော့ ဆောရီး..ရန်ကုန်ရောက်တောင် မကျွေးဘူး.. 🙁

  • ခင် ခ

    July 30, 2014 at 10:24 pm

    ကျုပ်တို့ငယ်တုန်းကတော့ အမေကပုဇွန်ချက်မယ်ဆို ငရုတ်သီးပွကိုရေစိမ်ပြီး ခဏနေ ငရုတ်ဆုံနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီထဲ့ပြီး ငရုတ်ဆုံထောင်းခိုင်တာဘဲဗျာ အဲလိုမှအနှစ်က ပိုစားကောင်းတယ်ဆိုပြီလေ

  • Yae Myae Tha Ninn

    July 31, 2014 at 10:27 am

    အင်း.. တကျောင်းတဂါထာ…ပေါ့… 🙂

Leave a Reply