” သတိပြုဖွယ် (၈) သွယ် “

ခင္ခJuly 29, 20141min19110

” သတိပြုဖွယ် (၈) သွယ် “

 

သုတေသီဆရာဝန်တွေရဲ့ အသက်ရှည်စေရာ အကြောင်းတရား (၈) ချက်ကိုရေးပြမလို့ပါ။

ပထမဆုံးအချက်

ငါး နှင့် ဟင်းရွက် များများစားပေးပါ။ ရေနေငါးတွင်ပါဝင်သော အဆီသည် လူခန္ဓာကိုယ်ကို အကျိုးပြုစေပြီး ကုန်းနေတိရစ္ဆာန်မှာပါတဲ့ အဆီကတော့ ဒုက္ခပေးတာမို့ ငါး များများ စားသင့်ပါတယ်။ စစ်တမ်းအရလည်း မြေထဲပင်လယ် ဝန်းကျင်မှာနေတဲ့သူတွေက ငါး ကိုပိုအဓိက စားသုံးကြ တာမို့ သူတို့တွေဟာ အသက်ပို ရှည်ကြကြောင်း သုတေသီတွေကဆိုပါတယ်၊ ပြီးတော့ ဟင်းသီးဟင်းရွက် စားပေးပါ ဟင်းသီးဟင်းရွက် စားခြင်းဟာ ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီများဖြစ်ပေါ် ဝိတ်တက်မှုကို ထိန်းသိမ်းသလို သူတို့မှာပါတဲ့ သဘာဝဓာတ်တွေကလည်း ကျန်းမာရေးကို အထောက်အပံဖြစ်စေပါတယ်၊ ဒါပေမယ့် ဟင်းရွက်ကို အလွန် နွမ်းသွားအောင် ကြော်လှော်ချက်ပြုတ်စားခြင်းဟာ အရွက်၏မူလဓာတ် ပျက်ပြယ်စေ နိုင်တယ်လို့ဆိုပါတယ်။

 

ဒုတိယအချက်

မိမိကိုယ်တွင်းမှာ လိုအပ်သော ရေအင်အားပြည့်နေစေဖို့ဖြစ်ပါတယ်၊ ရေသောက်မပျင်းကြပါနဲ့လို့ဆိုချင်ပါတယ် အဲဒီမှာ တစ်ချို့ဓလေ့က ဝိုင်ယမကာကို ကျန်းမာရေးအတွက် နေ့စဉ်သောက်တတ်ကြပါတယ်၊ ဒီလို ဝိုင်ယမကာကို သောက်သုံးပေးခြင်းဖြင့် နှလုံးဆိုင်တဲ့ ရောဂါကို ဟန့်တားစေနိုင်တယ်လို့လည်း ဆိုပါတယ်၊ ဒါပေမယ့် သင့်တင့်ရုံသောက်ပေးဖို့တော့လိုပါတယ်၊ ရေနွေးကြမ်းကိုတော့ တစ်နေ့ ၄ ပုဂံလုံးစာထက်မနည်း သောက်သင့်ပြီး ကော်ဖီလဘက်ရည်သောက်သူများ သကြား၊ နို့မကဲဘဲ သောက်သုံးသင့်ပါတယ်။ ရေကိုတော့ မကြာခဏသောက်သင့်တယ်လို့ ဆိုပါတယ်။

 

တတိယအချက်

ခါးတုတ်မလာဖို့ သတိထားပါလို့ ဆိုပါတယ်၊ ခါးမှာ အဆီတက်လာခြင်းဟာ ဆီးချို၊ သွေးတိုး၊ နှလုံး နဲ့ ကိုယ်တွင်းအင်္ဂ ါတွေမှာ ဖြစ်တတ်တဲ့ ရောဂါ တွေကို ဖိတ်ခေါ်သလိုဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်၊ ဒီလို ခါးတုတ်အဆီမတက်အောင် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်သင့်ပြီး ကိုယ်လက်လှုပ်ရှားမှု့ လေ့ကျင်ခန်း လုပ်ဖို့ အဆင်မပြေရင်တောင် လမ်းများများလျှောက်ပေးသင့်ပါတယ်။

 

စတုတ္ထအချက်

လူပျိုကြီး အပျိုကြီး အဖြစ် အရိုးထုတ်ကာနေသူထက် အိမ်ထောင်ရှင်တွေက ပုံမှန်အားဖြင့် ပိုပြီးအသက်ရှည်ကြ တာကိုလေ့လာတွေ့ရတဲ့ ယေဘုယျအချက်ဖြစ်ပါတယ်၊ အသက်ကြီးမှ အိမ်ထောင်ပြုတဲ့ အမျိုးသားထက် အသက်အရွယ်ငယ်ချိန် အိမ်ထောင်ပြုတဲ့ အမျိုးသားက ပိုအသက်ရှည်တယ်လို့ သုတေသီဆရာဝန်တွေက ဆိုပါတယ်၊

 

ပဉ္စမအချက်

သားသမီးနည်းတဲ့ အိမ်ထောင်ရှင်များထက် သားသမီးပွားစီးသူ အိမ်ထောင်ရှင်များက သက်တမ်းပိုရှည်တတ်ကြ တယ်လို့ဆိုပြီး ဖြစ်နိုင်ရင် အမြွာမွေးပါလို့ ပညာပေးစကားဆိုပါတယ်။

 

ဆဌမအချက်

သတင်းစာ၊ သတင်းဂျာနယ်များကို ပုံမှန်ဖတ်ပေးဖို့ တိုက်တွန်းထားပါတယ်၊ လောလောဆယ်ဖြစ်ပျက်နေတဲ့ သတင်းတွေဖတ်ခြင်းဖြင့် မိမိစိတ်ခံစားမှုကို အမျိုးမျိုးဖြစ်စေခြင်းဟာလည်း သတင်းငတ်သူတို့ထက် အသက် ပိုရှည်စေပါတယ်၊ သတင်းတွေဟာ ဦးနှောက်ကိုအလုပ်ပေးစေတယ် ဉာဏ်ရွှင်စေတဲ့ အချက်ကြောင့်ဖြစ် ပါတယ်။

 

သတ္တမအချက်

ဘာသာရေးကိုင်းရှိုင်းသူတွေဟာ အသက်ပိုရှည်တတ်ပါတယ်၊ ပုတီးစိတ် ကျောင်းကန်သွားခြင်း ဘုရားကျောင်း တက်ခြင်းတွေက စိတ်ကိုကြည်နူးမှုဖြစ်စေခြင်း စိတ်သက်သာရာရရှိခြင်း စိတ်တည်ငြိမ်ခြင်းတို့ကြောင့် နှလုံး စိတ်ဝမ်း အေးချမ်းစေပါတယ်။

 

အဋ္ဌမအချက်

အိုမင်းလာတဲ့အခါ အသက်အရွယ်ကြီးအလုပ်ပင်စင်ယူတဲ့အခါမှာ ကိုယ့်ဝင်း ကိုယ့်မြေခြံလေးနဲ့ နေနိုင်အောင် စီစဉ်ထားသင့်ပါတယ်လို့ဆိုပါတယ်၊ မိမိဝင်းတွင်းလွတ်လပ်စွာနေထိုင်ရမှုသည် အခန်းတွင်းလှောင်ပိတ်နေ ခြင်းထက် ခန္ဓာကိုယ်၏ဇီဝပြောင်းလဲအရွယ်ကျဆင်းမှု သက်တမ်းပိုစေပါတယ်၊ သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း ကလည်းစိတ်ကို ကြည်နူးစေသလို စိတ်ပျိုကိုယ်နုစေတဲ့သဘောဆောင်ပါတယ်၊ ဖြစ်နိုင်ရင် မြို့လယ်ခေါင်ထက် ဆင်ခြေဖုံးဒေသတွေမှာ ဝင်းမြေနဲ့ နေခြင်းက ပိုပြီးသင့်လျော်ပါတယ်လို့ဆိုပါတယ်။

 

ဖတ်ဖူးသောတိုလီမိုလီစာပေများထဲမှစုစည်းမျှဝေခြင်းဖြစ်ပါတယ်၊

 

ခင်ခ။

 

 

10 comments

  • Paing Lay

    July 29, 2014 at 10:37 am

    လေးခင်ခရေ အောက်ဆုံးက အချက်ကိုမြင်မှ ကိုအငဲရဲ့ “အိမ်”သီချင်းကို ပြေးမြင်ယောင်မိတယ်ဗျို့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါရက်နဲ့ သေခါနီးအထိတောင် ခြံနဲ့ဝင်းနဲ့ မနေခဲ့ရတဲ့ ဝန်ထမ်းတွေ တစ်ပုံကြီးမို့ပါဗျာ။

    • ခင် ခ

      July 29, 2014 at 1:57 pm

      ဒီနိုင်ငံရဲ့ဝန်ထမ်းကတော့ ပင်စင်ယူပြီးနောက်ပိုင်း ဘဝအာမခံရှိဖို့ ကိုယ်ဖာသာလုပ်ခဲ့ရတာမျိုး အစိုးရကတော့ အားကိုးလောက်တဲ့ထဲမပါဘူးလေ၊

  • ခင်ဇော်

    July 29, 2014 at 10:56 am

    Thank you and let me share..
    :s:

  • manawphyulay

    July 29, 2014 at 12:37 pm

    နောက်ဆုံးအချက်ကတော့ ရန်ကုန်မှာတော့ သိပ်မလွယ်တော့ဘူး။ မြေပိုင်တွေ ခြံနဲ့ ဝင်းနေဖို့ဆိုတာ သိပ်မဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ကန်ထရိုက်တာတွေ ပိုင်စိုးနေကြပြီလေ…

  • ဦးကျောက်ခဲ

    July 29, 2014 at 12:52 pm

    ပထမဆုံးအချက် နဲ့ ဒုတိယအချက်ကတော့ ရှော့မရှိပါဘူး …
    ငါးနဲ့ အသီးအရွက်ကြိုက်တယ် ၊ ရေများများသောက်တတ်တယ်…
    တတိယအချက်ကတော့ စိတ်ပိန်တယ်…
    တနေ့ တစ်နာရီအနည်းဆုံးလမ်းလျှောက်တာတောင် ခါးတုတ် ဗိုက်ရွှဲတုန်း…
    စတုတ္ထအချက်… တော်ပါသေးရဲ့ နောက်ကျပေမယ့် အိမ်ထောင်ပြုပြီး
    ပဉ္စမအချက်… ကြိုး စား နေ ပါ ဒယ်
    ဆဌမအချက်… သတင်းတင်မဟုတ် ၊ ဖွဘုတ် ဂွဇက် တနေ့လုံး…
    သတ္တမအချက်… အမ်ဟမ်ဟမ်…
    ဘုရားကျောင်းကန်ဆိုတာ ကျောက်စ်အတွက် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ အရပ်…
    အဋ္ဌမအချက်… အဲဂလိုလေး နေချင်တာပေါ့ ၊ ဒီမှာက ကွန်ကရစ်တောထဲမှာမွန်းကြပ်…
    ရွာမှာလည်း ရှိသမျှမြေ… ခရိုနီတွေသိမ်းလို့ ပန်းအိုးထဲကမြေတောင် စိတ်ပူနေရတဲ့ ဘဝ..

    • ခင် ခ

      July 29, 2014 at 2:35 pm

      လုပ်နိုင်တာက များပါတယ် အားမငယ်နဲ့ဗျ ခါးတုတ်တာတော့ ဖေဖေကြီးဖြစ် ညဘက်နို့ဘူးထဖျော် နေ့ဘက် ကလေးနဲ့ဆော့ရင်း လျှော့သွားနိုင်ဖွယ် ဆြာကျောက်ရေ။

    • အရီးခင်

      July 29, 2014 at 11:58 pm

      အမွှာ လိုချင်ရင်တော့ IVF လုပ်ယူပေတော့။ :-))))

  • alinsett (gazette)

    July 29, 2014 at 3:13 pm

    ဖတ်သွားတယ်နော်.. ။
    ပြီးတော့… ကော်ပီလေး..ယူပြီး..သိမ်းထားတယ်.. ။
    အဲဒါ..လာပြောတာ… ။

  • kyeemite

    July 29, 2014 at 3:52 pm

    ၁။ နဲ့ ၂။ ကိုတော့ကြိုက်လည်းကြိုက် လိုက်လည်းလုပ်နေပြီး
    ၃။ ခါးနဲနဲတော့ တုတ်နေပီ :mrgreenn:
    ၄။ အိုကေ
    ၅။ အမွှာမွေးအောင်လုပ်နည်းလေးသိချင်မိ..ခိခိ :mrgreenn:
    ၆။ အိုကေ
    ၇။ သိပ်မလုပ်ဖြစ်သေး.. (အာတီဒုံတို့အသက်ရှည်အုံးမည်) :mrgreenn:
    ၈။ဟူး…မလွယ်တော့ပါ 😥
    ရှယ်တာလေးအတွက် ရှဲရှဲနီ ပါ ကိုခရေ

  • ရွှေတိုက်စိုး

    July 29, 2014 at 4:35 pm

    ဟေဟေ့ အမွှာမွေးရင် ပိုအသက်ရှည်တယ်ဆိုပဲ.. အမွှားပူးမွေးရင် အသက်ရှည်တယ် ပိုအသက်ရှည်အောင် လေးမွှာပူးမွေးမယ်…… ဖိုက်တင်းးးးးး….
    ရေကတော့သောက်သလားမမေးနဲ….. အားတိုင်းသောက်တာ…
    လေးခ ၈သွယ်ကို မှတ်သွားတယ်နော်… ကျေးကျေး..

Leave a Reply