ကင်ဆာအတွက် လွယ်ကူတဲ့ဆေးနည်းတခွက်

kyawmonkhantAugust 14, 20101min865

မေးလ်ထဲရောက်လာလို့ တဆင့် မျှဝေခြင်းဖြစ်ပါသည်။

ကင်ဆာရောဂါအတွက် “ထူးတဲ့အာလူး“
>
> ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
> စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော် ဩခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီး
> အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည် ကတော့
> “အာလူးစိမ်း“ ဖျော်ရည်ပဲဖြစ်ပါတယ် ။
>
> ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့
> လူနာတွေ ၊ လူနာရှင်တွေဆီက ကျေးဇူး တင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ
> အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။
> ဆရာတော်က “ ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို
> မှီဝဲခဲ့ကြပြီး ပမာဏတော်တော်များများ ဟာ သိသိသာသာသက်သာသွားပြီး
> သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်“ ။
>
> အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး
ထုထောင်းပါမယ်
> ။
> ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည်
> ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင်
> အသည်းရောဂါ ၊ဆီးချိုရောဂါ ၊အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊နှလုံးရောဂါ
> ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ၊ကျီးပေါင်း နာရောဂါတွေ
> ပျောက်ကင်းစေတယ်လို့ဆိုပါတယ် ။ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာ
> များရရှိထား တယ်လို့ဆိုပါတယ် ။
>
> သာဓကတစ်ခုအနေနဲ့ကတော့ ……
> မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး
> ကင်ဆာ ကျိတ်ဖြစ်နေပြီး ခွဲစိတ်ကု သပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ
> ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။
> သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့မရနိုင်
> တော့ဘူး လို့ ဆိုပါတယ် ။
> အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက်
အရှုံးမရှိဘူးဆိုပြီး
> သောက်ကြည့်တယ် ။
> အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင်
> ကင်ဆာကလပ်စည်းတွေ လျှော့ကျ သွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက်
ကျန်းမာရေးနဲ့
> ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီး
လုပ်ကိုင်နိုင်ပါပြီ
> ။
> သုတေသီ တိုမီဇသက သူ့ရဲ့ “ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း
> နည်းလမ်းကောင်း “(The way to healthy life ; Cancer not to be feared)
ဆိုတဲ့
> စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အော
င် လူနာရဲ့
> အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။
> သူဟာ ကင်ဆာဆေးအဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့
> သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့
> ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိူးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။
> အကျိူးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင်
> ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့်
> ဘေးထွက် ဆိုးကျိူးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား
> အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က
> အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိူးမယုတ်ပါဘူး ။ သူ့ကို
> မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်း တွေကို ဟန့်ထားစေပါတယ် ။“
> လို့ဖော်ပြထာားပါတယ် ။
>
> အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး
> ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
> ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။

> ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့ နာကျင် ကိုက်ခဲမှုဝေဒနာတွေ
> တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။
> အသားအရေပြန်ပြီးကောင်းလာမယ် ။
> အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ
> ကိုင်နိုရှိတ ဖြစ်ပါတယ် ။
> သူ့အဆိုတွေက “အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထဝီမြေကြီးရဲ့
> ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။
> အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့
> ထုံးဓါတ်တို့ အများဆုံးပါဝင်ပါတယ် ။
> ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို
> ..အစာအိမ်အနာပေါက်ခြင်း ၊ ဝမ်းချုပ်ခြင်းတွေ အတွက်ပေး ရကြောင်း
ဖော်ပြထားပါတယ်
> ။
> ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ်
> ဆေးသုတေသန ဌာနက ပါမောက္ခ ကာ ဂါမိ ကပြောကြားရာမှာ “ ကင်ဆာကလပ်စည်းကို
> ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ် ။
> အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ
> အလားအလာကောင်းမွန်ကြောင်းတွေ့ရပါတယ် ။
> သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က
> ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ
> ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ် ။
>
> နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
> အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
> အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။
> ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက
> အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်း ပါးစဖြင့် ထုပ်ပြီး
> (အုန်းနို့ညှစ်သကဲ့သို့)အရည်ညှစ်ယူပါ ၊အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး
> အရသာကောင်းအောင် ပျားရည် နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို
> နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။
>
> ဖြန့်ဝေသူ၏ အမှာစကား
> ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ
> များသောရောဂါဖြစ်ပါသည် ။
> ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး
> အမြောက်အများပေါ်ထွက်လျှက်ရှိပါသည်။
> ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။မိမိပြုသော ကုသိုလ် ၊
အကုသိုလ်
> အစုစုတို့သည် သံသရာ ပြန်၍ တစ် ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့်
> စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ

> နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည် ။
> မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊
> ဆရာသမားများ (အနာနှင့်ဆေးတည့်သော်) တွေ့ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း
> ပျောက်ကင်းချမ်းသာနိုင်ပါသည် ။
> သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည်
ကုန်ကျစရိတ်နည်းပါးသည့်
> အပြင် ပြုလုပ်ရန်နည်းလမ်း သည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော
သဘာဝ
> သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက် ဆိုး ကျိူးမရှိပါ ။ ထို့ကြောင့်
> ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိူးငှာ ဤ ဆေးနည်းအား
တဆင့်ပြန်လည်
> ဝေငှပေးခြင်းဖြစ်ပါသည်။
သူငယ်ချင်းမိတ်ဆွေများလဲ ထပ်မံ လက်ဆင့်ကမ်းပြောကြားပေးကြပါခင်ဗျား။
ကျေးဇူးတင်ပါသည်။
မျိုးဝင်းသန်း

> www.sbsangi.blogspot.com မှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

5 comments

  • Zaw Min Kha

    August 14, 2010 at 4:22 am

    အလွန်တန်ဘိုးရှိတဲ့ လွယ်ကူသက်သာသော ဆေးနည်းပါပဲဗျာ

  • UMT

    August 14, 2010 at 7:49 am

    ဒါပေမဲ့ အချိုးအဆပါ မတော့ ဘယ်လို လုပ်ဆောင်ရမှာလဲ ဖန်ခွက်တခွက်လား၊? သေချာစွာပြန်ကြားပေးပါ။

  • kyawmonkhant

    August 14, 2010 at 8:35 am

    မိတ်ဆွေ UMT ခင်ဗျား ကျနော်လဲ ကျနော့မေးလ်ထဲ ဝင်လာသည်ကို အများအကျိုးရှိမယ်ထင်လို့ မျှဝေခြင်း ဖြစ်ပါသည်ခင်ဗျား။ အချိုးအဆကတော့ အဲဒီထဲမှာပါတဲ့အတိုင်း (အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။
    > အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။
    > ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက
    > အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်း ပါးစဖြင့် ထုပ်ပြီး
    > (အုန်းနို့ညှစ်သကဲ့သို့)အရည်ညှစ်ယူပါ ၊အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး
    > အရသာကောင်းအောင် ပျားရည် နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို
    > နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။) လို့ဘဲ ထင်ပါသည်ခင်ဗျား။ ကျေးဇူးတင်ပါသည်။

  • Pyaung Gye

    August 14, 2010 at 9:03 am

    ခုလို အကျိုးရှိမဲ့ အကြောင်းအရာလေးတွေ မျှဝေပေးတတ်တဲ့
    မြန်မာရိုးရာ ဓလေ့တွေက ကောင်းမွန်ပါတယ်

  • kai

    August 14, 2010 at 9:09 am

    In English..
    Raw Potato Juice Can Control Spread Of Cancer Cells*
    http://www.nutrimaxorganic.com/health_topics/raw_potato_juice.html

    Every morning, I drank about one cupful (about 200cc). in my case, I added 1/3 of an apple and some honey in the juice to make it easier to drink. လို့ဆိုထားတာမို ့… တမနက်မှာ ၂၀ဝစီစီ တခွက်သောက်ဖို့ဖြစ်ပါတယ်။

Leave a Reply