စပ်မိစပ်ရာဘာဘာညာညာ

ဘာရယ်မဟုတ်ပါဘူး။ နေ့စဉ်ဖြတ်သန်းလာခဲ့
တဲ့ ဘဝတစိတ်တပိုင်းမှာ ဟိုစပ်စပ် သည်စပ်စပ်
လုပ်မိတာလေးတွေထဲက တခုကိုပြောပြချင်လို့
ပါ။
(ဒီပိုစ့်ကိုတင်နိုင်အောင်အဓိကကူညီပံ့ပိုးပေးဒါက
တော့ ဆရာအံစာတုံးပဲဖြစ်ပါတယ်။ မိုဇီလာနဲ့
ခါတိုင်းအဆင်ပြေပေမဲ့အက်ဒိတ်အော်တိုတက်
တက်လာပြီး ဗားရှင်း သုံးဆယ့်တစ်မှာမြန်မာလို
ဘာမှမမြင်နိုင်ဖြစ်သွားပြီး မူရင်းဖုန်းဘရောက်ဆာကနှေး
ဂူဂယ်ရဲ့ဘရောက်ဆာဖြစ်တဲ့ခရုန်း က မှားရင်
ပြန်ဖျက်မရ ပိုစ့်ရေးဖို့ဒုက္ခတွေ့နေတုံး ဆရာအံရဲ့
ဝေါပရက်ဆိုလားဘာလားနဲ့ဝင်ရေးတော့မှ
အဆင်ပြေသွားလို့ ဒီနေရာမှ ကျေးဇူးတင်ရှိပါ
ကြောင်း ပြောကြားလိုပါတယ်။)
ဒီတော့ကျတော်ခေါင်းစဉ်နဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေဆီ
ပြန်သွားကြပါစို့။
ကျတော်တို့ငယ်ငယ်ကလေးဘဝတုန်းက
ဆော့ပါတယ်။ကစားတယ်ပေါ့ဗျာ။ကျတော်တို့
ကစားနေရင် တောထဲကမိဘမဲ့ဖြစ်နေလို့
အဖေကသနားပြီးခေါ်မွေးထားတဲ့ မောင်ညို
ဆိုတဲ့ မျောက်ထီးလေးက ထိုင်ကြည့်နေရပါတယ်။
ကျတော်တို့ဆော့ရင်သူက မဆော့ရဲ ပဲငြိမ်ငြိမ်လေးပဲ
ထိုင်နေရရှာတယ်ခင်ဗျ။
တခါတလေကျတော်တို့ဆော့တာထိုင်ကြည့်ရင်
မူးပြီးအိမ်ပေါ်ထုတ်တန်းပေါ်ကကျကျတတ်ပါ
တယ်။
အဲသလိုလူကလေးတွေနဲ့ဆော့ပြီး အားမရရင်
ဒါမှမဟုတ် လူကလေးတွေမရှိတော့ရင်
အနားမှာရှိတဲ့သစ်ပင်တွေနဲ့အဖော်လုပ်ပြီးဆော့
ပါတယ်။အပင်တွေနဲ့ငြီးငွေ့လာရင် အနားမှာ
တွေ့တဲ့ သတ္တာဝါတွေနဲ့ဆော့ပါတယ်။ ဖားကို
နောက်ခြေထောက်မှာ ကြိုးချည်ပြီးရှေ့ကနေပြေး
ခိုင်း ခုန်ခိုင်ပါတယ်။အနားက ရေအိုငိတွေထဲက
ဂဏ္ဍာန်းကိုဖမ်းပြီး လက်မ အောက်ကညှပ် တခုကိုချိုးပြီး တည့်တည့်မရ ရအောင်သွားခိုင်း
ပါတယ်။
နောက်ခရုတွေကို အတင်းလိုက်ပြီးဖမ်းပါတယ်။
မိရင် နှစ်ကောင်ပူးတတွဲ တထွာလောက်အကွာ
ထားပြီးကြိုချည်ပြီးရေထဲပြန်လွတ်ပါတယ်။
ဆော့နည်းအစုံဆိုတော့အကုန်တော့မမှတ်မိ
တော့ဘူးပေါ့။
သည်လိုနဲ့တနေ့ငါးမျိုးလောက်မရိုးအောင်ဆော့
လာရာကနေ နွေရာသီကျောင်းပိတ်ရက်ရှည်
တခုကိုရောက်လာပါတော့တယ်။
နေကပူပူ လေကမတိုက် အဖော်ကမရှိတယောက်တည်း
အဆော့ဌာနချုပ်ဖြစ်တဲ့ ကုက္ကိုပင်ကြီးအောက်မှာ
ထိုင်နေတုံး ကျတော်ထိုင်နေရာဘက်တည့်တည့်
ကို သတ္တဝါလေးနှစ်ကောင်က ဧရာမ အလုံးကြီး
နှစ်လုံးကို လှိမ့်လာပါတယ်။ တော်တော်စိတ်ဝင်
စားဖို့ကောင်းပါတယ်။ လှိမ့်လာတဲ့အလုံးက
တော်တော်ကိုလုံးနေပြီး လှိမ့်နေတဲ့သတ္တဝါ နှစ်
ကောင်ကလည်း အလုံးကိုမပျက်မယွင်းစေပဲ
လှိမ့်နေတာမို့ အတော်ကြာအောင် ကျတော်ကြည့်မိ
ငေးမိနေတာပေါ့ဗျာ။
လောက်စာလုံးလောက်အရွယ်ပေါ့ဗျာ။
အမယ်ငါတို့ပဲဆော့တတ်တာမှတ်နေတာသူတို့
လဲငါတို့လိုကြံဖန်ဆော့တတ်သား လို့တွေးမိ
ပြီး မနေနိုင်မထိုင်နိုင် အဲသည်အလုံးကို
မျက်စေ့ကမခွါစိတ်ဝင်စားလာပါတယ်။
ဘာကို ဘယ်လိုလုံးပြီး ဘယ်ကို သယ်နေသလဲ
ပေါ့။
စပ်စပ်စုစု စိတ်ကို ကျတော့်လက်က အကောင်
အထည်ဖော်ပေးရှာပါတယ်။ ဇာက်ကနဲ့အဲ့သည့်
အလုံးကိုကျတော်လုယူလိုက်တယ်။
အောက်ကနှစ်ကောင်ကဒေါပွကျန်နေလေရဲ့။
အမယ်လက်ထဲပါလာတာပျော့စိစိအလုံးပါလား။
ဒီအနီးအနားရေအိုင်တွေလဲခမ်းကုန်ပါပြီ။ဘယ်
ကရွှံ့များသွားယူပါလိမ့်။ အတော်လာတဲ့
အကောင်တွေပါလား။အဲသလိုတွေးရင်း
အလုံးလေးကိုလက်မနဲ့လက်ညိုးကြားခပ်ဖွဖွ
ဖိညှပ်ရင်းလိမ့်နေရင်းတွေးနေတုံးးး
အဲသည်အလုံးလေးကို ဇိကနဲ့တချက် မသိစိတ်ကအဖိခိုင်လိုက်ပုံရပါတယ်။
အလုံးလေးက ပြားသွားရှာပါတယ်။
အိုးးးး
ဘွာတေးးး
ဘွာတေးးး ဆိုပြီး နဂိုမူလအတိုင်းပြန်လုံးပေး
ဖို့ကျတော်ကြိုးစားပါတယ်။
ဒီအချိန်တောင်လေပူတချက်ဝှေ့တိုက်ပါတယ်။
လက်ထဲကအလုံးလေးကလဲ
နင်ကဘာလဲ?
ငါကဘာလဲ?
နဂါးမှန်းသိအောင်အမောက်ထောင်ပြပါတယ်။
စိတ်ထဲကမသိုးမသန့်ဖြစ်လာပြီး
အဲသည်အလုံးကိုလက်ထဲခြေပြီးအနံ့ရှုကြည့်
လိုက်တော့မှ
အမလေးးး ချီး လုံးကြီးပါလားး
အမလေးနံလိုက်တာ
ဟင်းးးး ဒီ   ဒီ  အနံ့က လူ လူ လူချီးအနံ့
ပါလားးး
သေပြီဆရာရေ
ဒါဆိုရင် ဒင်းတို့က ချေးပိုးထိုး ကောင်တွေပေါ့။
အမလေးငါနှယ့်နော် စပ်စပ်စုစု ချီးလုံးကို
ဒေါပွပွဖြင့် ဟိုသတ္တဝါနှစ်ကောင်ကိုပြန်ရှာသည်။
မတွေ့။
အနီးအနားနေရာအနှံ့လိုက်ရှာသည်။
မတွေ့သည့်အဆုံးလက်ကိုဆပ်ပြာနဲ့ပြောင်
အောင်ဆေးပစ်လိုက်သည်။
နောက်များ ချေးပိုးထိုးကောင်ကိုတွေ့တိုင် ခြေ
ထောက်ဖြင့်နင်းဖိပစ်လေ့ရှိလာသည်မှာ
သုတေသနတွေ့ရှိချက်များ တစတစတွေ့ရှိလာ
ဖတ်ရှု့သိမြင်လာသည်အထိ။
ကလေးအရွယ်က စိတ်နာခဲ့ရသောဤချေးပိုးထိုး
ကောင်လေများအကြောင်းမှာ များများစားစား
မရှိသော်လည်း ရှားရှားပါးပါးတွေ့ရှိချက်များက
စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။

** ချေးပိုးထိုးကောင်လေးများအတွက် မစင်ပုံသည် ဘက်စုံသုံးဖြစ်သည်။ စားသောက်
ရန်။နေထိုင်ရန်။မိတ်ဖက်များအတွက် မစင်ကို
လုံးပြီး ချစ်သက်လက်ဆောင်ပေးရာတွင်သုံး
သည်။ မစင်ပုံထဲတွင်ပင်မျိုးဥများမျိုးပွားကြ
သည်။

** ချေးပိုးထိုးကောင်လေးများကြောင့် ယင်
ကောင်များပေါက်ပွားမူ့နုံန်းကို ထိန်းချုပ်ပေး
နိုင်သည်။

** သုတေသီတွေဟာ ဧရာမ ဆင်ချေးပုံကြီးကို
ချေးပိုးထိုးအကောင် ၁၆၀၀ဝ လောက်က ၂ နာ
ရီအတွင်း အပြောင်ရှင်းပစ်လိုက်တာကိုတွေ့ရှိ
ခဲ့တယ်။

** ယာမြေတွေ သစ်တောတွေမှာ ချေးပိုးထိုး
ကောင်တွေဟာ နေထိုင်ရင်း သဘာဝအလျောက်
မြေကြီးကို ထိုဆွပေးရင်း အလိုအလျောက် သစ်
စေ့တွေကို နေရာအနှံ့ပြန့်နှံစေနိုင်တယ်။

** အထူးခြားဆုံးတွေ့ရှိချက်အနေနဲ့
ချေးပိုးထိုးကောင်တွေဟာ မစင်ကိုလုံးပြီး လှိမ့်
သယ်ရာမှာ နေ့ညမဟူ သယ်ယူရာလမ်းကြောင်း
ကိုတဖြောင့်တည်းသယ်ယူ
နိုင်စွမ်းရှိကြပါတယ်။ ညဘက်မှာသယ်ယူ
တဲ့အခါမှာ သူတို့ရဲ့လမ်းကြောင်းကို နဂါးငွေ့တန်း
ဂလက်ဆီတွေက အလင်းတန်းတွေကိုအသုံး
ပြုကြတာဟာ သက်ရှိလောကမှာ ပထမဆုံး
လို့ သုတေသီတွေက ( Current  Biology )
ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

ဒါကျတော်ငယ်ငယ်က စပ်စပ်စုစုပြုလုပ်ရာက
သတိပြုမိပြီးလေ့လာခဲ့တာလေးဖြစ်ပါတယ်။

အခုချိန်မှာသုတေသနလုပ်ချင်တာလေးတခုထပ်
ပြီးမြင်လာတယ်ခဗျ။ အဲဒါဘာလဲဆိုတော့
ရလဒ်ထွက်လာပြီးမှပဲပြောပါရစေ။
လူသားမျိုးနွယ်တွေ ဆက်လက်ရှင်သန်နိုင်ရေးနဲ့
အထူးပါတ်သတ်နေတာလေးပါ။
နောက်များမှပေါ့။

14 comments

  • kai

    July 29, 2014 at 2:24 pm

    မြန်မာ့ယဉ်ကျေးမှုထဲ.. ဘာသာရေးနွယ်ပြီး.. အဲဒီနောက်ချေးပိုးကောင်နဲ့ဇတ်လမ်းရှိသဗျ..
    မိဘုရားသေလို့.. တငိုရီရီဖြစ်နေတဲ့.. ဘုရင်ကြီးဇတ်လမ်းလေ..
    အဲဒါ.. ရသေ့က.. ဥုံဖွဆိုပြီး.. သေပြီးရောက်နေတဲ့ဘဝပြလိုက်တာ.. နောက်ချေးပိုးဖြစ်နေတယ်ဆိုပဲ..

    အဲဒါ..ရသေ့က.. နောက်ချေးပိုးမကို.. Qတွေဘာတွေထုတ်.. ဘဝဟောင်းနဲ့ဘဝသစ်ကို.. ဘယ်ဟာပိုခင်တွယ်သလည်းပြရင်.. ဘုရင်ကိုချွတ်တဲ့ဇတ်လမ်းပေါ့..

    ဘုရားနဲ့ကိုင်ပေါက်ထားတဲ့ဇတ်လမ်းဖြစ်သမို့.. မြန်မာတွေ.. အလွန်ယုံသပေါ့..
    ထူးဆန်းတာက.. ခုခေတ်ကျ.. အဲလို.. အကောင်ဘလောင်နဲ့စကားပြောတတ်တဲ့ သူများ.. လုံးဝကိုပေါ်မလာတော့တာပါ…
    အင်း..
    ဘီလီယန်ဘစ်ဇနက်.. :k:

    • ခင်ဇော်

      July 29, 2014 at 2:39 pm

      ကတောက်။
      တဂျီးးး
      ကျနော် အဲဒီ အိုင်ကွန်လေး လုပ်မရတာ ၃ ရက်ရှိပြီ။
      မော့ မော့တွေ ပြုစားထားတယ် ထင်တယ်။

      အဟွတ်။

      :kwi:

    • မင်း ခန့် ကျော်

      July 29, 2014 at 2:57 pm

      ယုံကြပုံများကတော့သူကြီးရေ
      ဗမာ့သမိုင်းမှာတောင် သူရဲကောင်းတယောက်တည်းက
      နှစ်ပေါင်းများစွာခြားပြီး တရုတ်ကိုအနိုင်တိုက်ခဲ့သတဲ့။
      နိုင်ရင်ကိုးးး ယုံကြတာ :mrgreen:

      • ခင်ဇော်

        July 29, 2014 at 3:01 pm

        အဲလာ၊မပြောပါနဲ့။
        သများ ငယ်တုန်းက ဆို
        တရုတ်ပြေးမင်းတို့
        ကုလားကျမင်းတို့ ဆိုတာ ကိုယ်က တိုက်လို့ သူများ က ပြေးတယ် ကျတယ် မှတ်တာ။
        ဘယ်ဟုတ်မတုန်းးး

        ဖတ်ဖူးမှ ကွကိုယ် ရှက်ထာ။
        မက်နှာ ဘယ်နားထားရမှန်းမသိလို့ သွား ပေါင်းတင်လိုက်တယ်။

        :mrgreen:

  • ခင်ဇော်

    July 29, 2014 at 2:36 pm

    ဟုတ်တယ်။
    လူတွေကပဲ တလိတ်ဆန် ဇဂါးတွေ ပြောကြတော့တာ။ ဟိ။

    😀

    ဆင်ချီးပိုးတော့ လူတွေ စားကြတယ် ဆိုလားပဲ ကိုရင်ခန့်ရဲ့။
    မုံရွာ တွင်းပိုးလေးတွေတောင် သတိရလာပြီ။
    :mrgreenn:

    ဟိုလေ နွားနို့နဲ့ စိမ်ထားတာ ဘာတဲ့။
    သင်ပေါင်းပိုးးးး

    :mrgreen:

    • မင်း ခန့် ကျော်

      July 29, 2014 at 3:03 pm

      ကဘာ့ကုလ စားနပ် ကတောင်
      လူတွေအဟာရ ရှိအောင်အင်းဆတ်ပိုးတွေကို
      စားဖို့အကြံပြုထားပါသတဲ့။
      အသားအစားထိုးပေါ့။
      ကြိုက်တတ်သူတွေအတွက်အားရဖွယ်ပေါ့ :mrgreen:

      • အရီးခင်

        July 29, 2014 at 11:55 pm

        ဟောလိဝုဒ် ကလူတွေ ချီးစည် ဆိုလားခေါ်တာ။ စားကြသတဲ့။
        အဲဒါတွေ ကို အဆီထုတ် ပြီး ထားတာ အတော် ဈေးကြီး ဆိုဘဲ။
        ဝုတ်မဝုတ်တော့ မသိ။
        လွန်ခဲ့တဲ့ နှစ် အစိတ်လောက်က ကြားဖူးတာ။
        ဂူးဂဲလ် မပေါ်သေးတော့ ခက်ရော။
        lol:-)))

        • မင်း ခန့် ကျော်

          July 31, 2014 at 2:27 pm

          ဘန်ကောက်- ထိုင်းနိုင်ငံ၏ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်သော Anantara ဟိုတယ်တွင်
          ဆင်၏ချေးမှရရှိသော ကော်ဖီကို ရောင်းချလျက်ရှိသည်ဟု သိရသည်။

          ၎င်းကော်ဖီကို The Black Ivory ဟု အမှတ်တံဆိပ်ပေးထားပြီး ၎င်းမှာ ဆင်ကို ကော်ဖီသီး
          များကျွေး၍ အစာခြေစေသည်။

          ထို့နောက် အစာ ဟောင်းအဖြစ် စွန့်လိုက်သော ဆင်၏ မစင်မှ ကော်ဖီစေ့များကို ပြန်လည်
          ကောက်ယူ အခြောက်လှန်းပြီး အမှုန့် ကြိတ်၍ ကော်ဖီမှုန့်အဖြစ် ထုတ်လုပ် ခြင်းဖြစ်သည်ဟု
          သိရသည်။

          ယင်းကော်ဖီမှုန့်ဖြင့် ဖျော်သည့် ကော်ဖီကို တစ်ကီလိုဂရမ်လျှင် အမေရိ ကန်ဒေါ်လာ ၁,၁၀၀
          ဖြင့် ရောင်းချ သည်ဟုဆိုသည်။

          သုတေသနပြု လေ့လာချက်များအရ အစာခြေနေစဉ် တွင် ဆင်၏ခန္ဓာကိုယ်မှ အင်ဇိုင်းဓာတ်
          များသည် ကော်ဖီ၏ ပရိုတင်းဓာတ်ကို ချေဖျက်ပစ်လိုက်သည်ဟု သိရသည်။

          ကော်ဖီ၏ ခါးသက်သော အရသာမှာ ယင်းပရိုတင်းဓာတ်ကြောင့် အဓိက ဖြစ်၍ ပရိုတင်းဓာတ်
          နည်းပါးသွားလျှင် အခါးအရသာ မရှိသလောက်ဖြစ်သွား သည်ဟု ဆိုသည်။

          ထိုင်းအခြေစိုက် Anantara ဟိုတယ်လုပ်ငန်းတစ်ခုက ၎င်းတို့၏ ဆင်ကယ်ဆယ်ရေးစခန်း
          တွင် ဆင်ထိန်းများနှင့်အတူ ဆင်အကောင် ရေ ၃ဝ ခန့် ထားရှိသည်ဟု သိရသည်။

          ထိုင်းဟိုတယ်၏ ဆင်ချေး ကော်ဖီမှာ နှစ်ခွက်လျှင် အမေရိကန် ဒေါ်လာ ၅ဝ ရောင်းချပြီး
          ကြောင်ကတိုး ကော်ဖီမှာ တစ်ကီလိုဂရမ်လျှင် ၇၄၈ ဒေါ်လာကုန်ကျသည်ဟု သိရသည်။

          (အေအက်ဖ်ပီ)

          ဆိုတော့ အရီးရေ
          ဘယ်လိုပြောရမလဲပေါ့။
          လူတွေ လူတွေ
          ဟိုဟာရှာသည်ဟာရှာနဲ့
          နောက်
          ဌက်သိုက် အားတိုးဆေးကလည်းရှိသေးတယ်။
          အန်ဖက်ကနေထုတ်ထားတာ။
          ချေးမရှောင်
          အန်ဖက်မရှောင် :mrgreen:

      • kai

        July 30, 2014 at 5:00 am

        စားလို့ရတာအကုန်စား..
        သောက်လို့ရတာအကုန်သောက်..
        လူ့ဘဝ.. ခဏလောက်.. :k:

        U.N. agency urges eating insects to fight world hunger …
        http://www.cbsnews.com/…/un-agency-urges-eating-insects-to-fight-...
        CBS News
        May 13, 2013 – Most commonly eaten insect groups include beetles, caterpillars, bees, … ROMEThe United Nations says eating insects may combat global …
        The United Nations says eating insects may combat global hunger and boost health worldwide by reducing malnutrition and even air pollution.

  • alinsett (gazette)

    July 29, 2014 at 3:11 pm

    ရလဒ် ထွက်လာပြီးရင်..ပြောဖို ့မမေ့နဲ ့ဗျာ.. ။
    စောင့်နေတယ်.. ။

    • မင်း ခန့် ကျော်

      July 31, 2014 at 1:38 pm

      စပ်မိစပ်ရာဘာဘာညာညာ တော့
      လုပ်နေတာ ပြီးလုနီးပါးဖြစ်နေပါပြီ။
      မကြာမှီလာမည်ပေါ့ဗျာ။

  • weiwei

    July 30, 2014 at 10:15 am

    မသိမှုကြောင့် မစင်တွင်းကို နတ်ဘုံလိုမှတ်ပြီး နေကြတဲ့ သတ္တဝါတွေရှိတယ်ဆိုတာ လက်တွေ့ပေါ့ ..

    သူ့အရပ်နဲ့သူ့ဇာတ်ဆိုတာလဲ အဲလိုမျိုးပဲဖြစ်ပါလိမ့်မယ် …
    မသိမှုရှိနေသရွေ့ မစင်တွင်းထဲနေရတဲ့ ဘဝတွေနဲ့ ဘယ်လောက်များ ကျင်လည်ခဲ့ကြတယ်မသိဘူးနော် ..

  • ခင် ခ

    August 7, 2014 at 10:44 pm

    (အမှတ်တံဆိပ်ပေးထားပြီး ၎င်းမှာ ဆင်ကို ကော်ဖီသီး
    များကျွေး၍ အစာခြေစေသည်။
    ထို့နောက် အစာ ဟောင်းအဖြစ် စွန့်လိုက်သော ဆင်၏ မစင်မှ ကော်ဖီစေ့များကို ပြန်လည်
    ကောက်ယူ အခြောက်လှန်းပြီး အမှုန့် ကြိတ်၍ ကော်ဖီမှုန့်အဖြစ် ထုတ်လုပ် ခြင်းဖြစ်သည်ဟု)
    ဆိုတော့ကာ ဆင်၏ အစာချေမှုစွမ်းအင်က ကော်ဖီစေ့ကို မချေနိုင်တဲ့ သဘောရှိတာပေါ့

  • မင်း ခန့် ကျော်

    August 8, 2014 at 9:33 am

    ဟုတ်ပါတယ်။လေးလေးခင်ရေ။
    အရွက်သီးသန့်စားတဲ့သတ္တာဝါတွေရဲ့
    အစာချေရည်က ပျော့ပါတယ်။
    ဒါကြောင့် စားသမျှအကုန်မချေဖျက်နိုင်ပါဘူး။
    အသားစားသတ္တဝါတွေကြတော့ အစာချေစနစ်က
    အကုန်ပြင်းပါတယ်။
    မြွေလိုအကောင်ပျော့ပျော့တောင်အရိုးပါမကျန်ချေဖျက်နိုင်စွမ်း
    ရှိပါတယ်။
    ဌက်မျိုးစိတ်တချို့ဆိုရင်အစာချေစနစ်အတွက်
    ကျောက်ခဲကိုတောင်အစာအိမ်ထဲမျိုချပေးထားရပါတယ်။
    မျိုလိုက်တဲ့သစ်စေ့တွေကိုချေဖျက်နိုင်အောင်ပေါ့ဗျာ။
    ဥပမာ -ခို ချို ဇရက် တို့လို ဌက်မျိုးပေါ့ဗျာ
    ဇီးကွက်လို သိန်းဌက် လို အသားစားဌက်တွေကြတော့
    ပြောင်းပြန် အစာချေရည်နဲ့ကိုယ်တွင်းအပူက မြင့်တော့
    အကောင်လိုက်မျိုလဲအေးအေးဆေးဆေးပဲ။
    မတူတာတွေတော့အများသား။

Leave a Reply