ရယ်ရယုံ (၃၃)

etoneAugust 14, 20101min440

ဖြစ်နိုင်မယ်ဆိုရင်
-ဘူတာသွားချင်လို့ ကားခ ဘယ်လောက်ပေးရမလဲ။
-သုံးရာပါခင်ဗျာ။ အိပ်အတွက်က မယူပါဘူး။
– ဒါဖြင့် အိတ်ကိုပဲ ဘူတာပို့ပေးပါကွာ ငါလမ်းလျှောက် လိုက်ခံမယ်။

သွားရမယ့် လမ်း

ခရီးသည်က သင်္ဘောကပ္ပတိန်ကို
– ကျွန်တော်တို့ ဘယ်လောက်သွားရင် မြေပြင်ကိုတွေ့နိုင်မလဲ။
– သုံးမိုင်လောက်ပါပဲ။
– ဘယ်လမ်းက သွားရမှာလဲ။
– အောက်တည့်တည့် ဆင်းသွားရမှာ။

ရှိသေးရင်နဲနဲပေးပါ။

ရှက်တတ်ဟန်ရှိသော မိန်းမပျိုလေးအား သကြားလုံး ထုတ်လုပ်သူတစ်ဦးက သူ့စက်ရုံတွင် သကြားလုံးကလေးများကို ကြော်ငြာသည့် အနေ ဖြင့် လမ်းသွားလမ်းလာ များအား လိုက်လံ ဝေငှ
ပေးရန် ငှားရမ်းထားသည်။ ပထမဆုံး အလုပ်စ လုပ်သည့်နေ့ အလုပ်သိမ်းချိန်မှာ ထိုမိန်းမပျိုလေး သည် သူ့သူငယ်ချင်း တစ်ယောက်နှင့် အမှတ်မထင် တွေ့ဆုံ လိုက်ရ၏။

ဟဲ့ နင်မကြာ ခင်လက်ထပ် တော့မလို့ ဆို…….

ဟုတ်တယ်ဟ…… ရှေ့လထဲမှာ လက်ထပ်မယ်..

ဝမ်းသာစရာပဲဟာ။ ဒါထက် ခုလောလော ဆယ် နင်ဘာလုပ်နေလဲ

နမူနာတွေ လိုက်ပေးနေတယ်လေ…..

သားမက်တို့ အချိုး

ကောလိပ်ကျောင်းသူတစ်ဦးက သူ့ချစ်သူအား မှာနေ၏။
ကနေ့ညကတော့ မောင်လာလို့ မဖြစ်ဘူးနော်၊ ဖေဖေ သိပ်စိတ်ဆိုးနေတယ်သိလား။ မနေ့ညက သူ့ကား ယူပြီး မ တို့ လျှောက်မောင်းကြတာကို သိသွားတယ်လေ။

ဟာ…….. ဘယ်လိုလုပ်သိသွားတာလဲ၊ ဒုက္ခပါပဲကွာ…..

ဟောတော့… မောင်မေ့သွားပြီလား၊ မတို့ ဖေဖေ့ ကို ဝင်တိုက်မိကြတယ် လေ။
မစစ်ရဘဲ ပေါ်

လူငယ် – ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို လက်ထပ်ချင်ပါတယ်။

ဖခင် – မင်းအရက်သောက်တတ်လား

လူငယ် – ဟာ……. ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး၊ ပြီးမှ သောက်ကြတာပေါ့

ဘာကွ

ကောင်လေး – ကျွန်တော် ဦးသမီးကို လက်ထပ်ချင်ပါတယ်

မိန်းကလေးဖခင် – မင်း၊ ငါ့မိန်းမ နဲ့ တွေ့ပြီး ပြီလား

ကောင်လေး – ဟုတ်ကဲ့၊ တွေ့ပြီး ပါပြီ။ ဒါပေမယ့် ဦးသမီးကိုပဲ ကျွန်တော် ပိုကြိုက်ပါတယ်။

ကျွန်တော် က ရေခဲသေတ္တာထဲမှာပါ..

ငရဲပြည်ကို လူသုံးယောက် သေဆုံးပြီးရောက်လာပါတယ်…..

ငရဲမင်းကြီး က သေလူသုံးယောက်အားသေဆုံးခြင်းအေြ

ကာင်းအရာတွေကို မေးမြန်းနေပါတယ်…

ငရဲမင်းကြီး၊ မင်းကဘာလို့သေလာတာလဲ
ပထမလူ။ ကျွန်တော့် မိန်းမဖောက်ပြန်တာကိုအလုပ်ကအပြန်မှာတွေပြီး မိန်းမနဲ့ဖောက်ပြန်တဲ့ သူကို ရေခဲသေတ္တာ နဲ့ ပစ်ပေါက်ပြီး ကျွန်တော် ကိုယ်ဘာသာ သတ်သေလာတာပါ…

ငရဲမင်းကြီး။ ဒါဆိုခဏနေအုံး….

ငရဲမင်းကြီး က ဒုတိယလူဘက်သိုလှည့်မေးပါတယ်…

ငရဲမင်းကြီး။ မင်းကရော ဘာလို့သေတာလဲ
ဒုတိယလူ။ ကျွန်တော် က ကျွန်တော့် အိမ်ရှေ့ ဝရန်တာမှာ အရမ်း အိုက်လို့ အကျီင်္တွေ ချွတ်ပြီး အအေးခဲနေတုံး အပေါ်က ရေခဲသေတ္တာပြုတ်ကျတာ ပိပြီး သေလာတာပါ….

ငရဲမင်းကြီး။ မင်းလဲခဏနေအုံး…

တတိယလူဘက်လှည့်ပြီးမေးပါတယ်

ငရဲမင်းကြီး။ မင်းကရော
တတိယလူ။ ကျွန်တော် က ရေခဲသေတ္တာထဲ က လူပါဗျာ……

တခါသောလူတစ်ဦးသည် သတ်မှတ်မြန်နှုန်းထက်ကျော်လွန်စွာမောင်းသဖြင့် ရဲသားတစ်ဦးမှဖမ်းလေ၏..

ရဲသား – ” ခင်ဗျားရဲ့လိုင်စင်ခဏပြပါ..”

ယာဉ်မောင်း – “ခင်ဗျားကျွန်တော်အနားမကပ်နဲ့.. ကျုပ်အခုမှလူသတ်ပြီးလာတာ..ကျုပ်ဆီမှာသေနတ်ရှိတယ်.. ကားနောက်ခန်းထဲမှာလူသတ်ပြီးထည့်လာတာ..ဟားဟား”

ရဲသားလည်းစခန်းသို့အကြောင်းကြားရာ ရဲအရာရှိအပါအဝင် တပ်ဖွဲ့များရောက်ရှိလာလေသည်… ကားကိုအတန်ကြာစစ်ဆေးသော်လည်းမည့်သည့်လက်နက်၊ အလောင်းမျှမတွေ့ရသောအခါ..

ရဲအရာရှိ – “ရဲအရာရှိ.. တောင်းပန်ပါတယ်ဗျာ… ကျွန်တော့်တပ်သားကမှားသွားတာပါ.. ”

ယာဉ်မောင်း – “ဟာ.. ဒီကောင်လား.. ကျွန်တော်ကိုလည်း Speeding ဆိုပြီးတားထားသေးတယ်”

ရယ်စရာ ဟာသများ
ဆရာ – တစ်ခါတစ်လေ အရူးတစ်ယောက်မေးတဲ့မေးခွန်းကို လူကောင်းတွေမဖြေနိုင်တာမျိုးရှိ

တယ်ကွ
ကျောင်းသား – အင်းဒါကြောင့် ဒီလကျနော် စာမေးပွဲကျတာကိုး။ သိပြီ သိပြီ

လူနှစ်ယောက်သေလွန်ပြီးနောက် တမလွန်သို့ရောက်လာကြသည်။ တစ်ယောက်ကစမေးသည်။
“မင်းဘာလို့သေသွားတာလဲ။” နောက်တစ်ယောက်က ” အအေးလွန်လို့ သွေးခဲသေတာကွ”
“မင်းကရော”
ပထမလူက “ဒီလိုကွ။ ငါရုံးကပြန်လာတယ်ကွာ။ ငါ့တိုက်ခန်းရှေ့ရောက်တော့ အထဲမှာ ငါ့မိန်းမနဲ့
တခြားလူတစ်ယောက် စကားပြောသံကြားရတယ်။ အဲဒါနဲ့ငါလဲ တံခါးကို တအားခေါက်တယ်။ တော်
တော်နဲ့မပွင့်ဘူးကွ။ တော်တော်ကြာမှ ငါ့မိန်းမတံခါးလာဖွင့်တယ်။ ဒါနဲ့ အခန်းထဲကြည့်လိုက်တော့
သူတစ်ယောက်ထဲကွ။ ငါလဲတစ်ခန်းလုံးမွှေ့ပတ်ရှာတယ်။ မတွေ့ဘူးဟေ့ကောင်ရေ။ ငါ့တိုက်ခန်းကလဲ ငါးထပ်မှာကွ။ ဘယ်လိုမှ အောက်ကိုခုန်ချလို့လဲမရဘူး။ ခုန်ချရင်သေမှာပဲ။ မတွေ့တဲ့ အဆုံး ငါလဲ အံ့ဩလွန်ပြီး နှလုံးသွေးရပ်ပြီးသေတာပါပဲကွာ။ ”
ထိုအခါ နောက်တစ်ယောက်က ” တောက်..မင်းတော်တော်ညံ့တဲ့ကောင်ပဲကွာ။ ဘာလို့ရေခဲသေတ္တာ
ကိုဖွင့်မကြည့်ရတာတုန်း။ ဖွင့်သာကြည့်ရင် ငါတို့နှစ်ယောက်လုံး အသက်ရှင်မှာ။ ခုတော့ကွာ အသေစောလို့ နှမျောလှချည်ရဲ့” ။

ရယ်စရာ ဟာသများ
အရက်ဘားအတွင်းသို့ဘုန်းတော်ကြီးတစ်ပါးဝင်ရောက်လာပြီးလူတစ်ယောက်အား

ဘုန်းတော်ကြီး ။ ။ မင်းနတ်ပြည်သွားချင်သလား..

ပထမလူ ။ ။ သွားချင်ပါတယ်…

ဘုန်းတော်ကြီး ။ ။ဒါဆို ဒီဘက်မှာလာရပ်ချေ..

နောက်တယောက်အားလည်း

ဘုန်းတော်ကြီး ။ ။ မင်းရောနတ်ပြည်သွားမလား…

ဒုတိယလူ ။ ။ သွားချင်ပါတယ်. ဖာသာ..

ဘုန်းတော်ကြီး ။ ။ ဒါဆိုမင်းလည်းဒီဘက်လာရပ်…

ဘုန်းတော်ကြီးလည်းနောက်ဆုံးတစ်ဦးအား

ဘုန်းတော်ကြီး ။ ။ မင်းရော နတ်ပြည်လိုက်မယ်မလား….

တတိယလူ ။ ။ ဟင့်အင်း..

ဘုန်းတော်ကြီး ။ ။ ဘာဖြစ်လို့တုန်း… မင်းသေရင်နတ်ပြည်မရောက်ချင်ဘူးလားကွ…

တတိယလူ ။ ။ အော်သေမှလား ကျွန်တော်ကအခုချက်ချင်းသွားဖို့လူစုနေတာမှတ်လို့..ဟီး

ဒီလောက်တော့ရှိပြီပေါ့

ပြီးခဲတဲ့အားလပ်ရပ်မှာကျွန်တော်လည်း ပြတိုက်သို့သွားလေ့လာဖြစ်ခဲ့သည်။ ဒိုင်နိုဆောအရိုးစုများပြသသောနေရာအရောက်တွင် Tyrannosaurus (T Rex) အရိုးစုတစ်ခုအားကြည့်ရင်း နဘေးမှ ပြတိုက်ဝန်ထမ်းအားမေးလိုက်မိသည်။

ကျွန်ပ် ။ ။ ဒီအကောင်ကြီးတွေ ရဲ့သက်တမ်းဘယ်လောက်များရှိသွားပလဲဗျ

ဝန်ထမ်း ။ ။ နှစ်ပေါင်း ၆၅သန်း၊ နှစ်နှစ်၊ လေးလ နဲ့ ၂၈ရက်ရှိပြီဗျ…

ကျွန်တော်လဲအံ့အားသင့်သွားပြီး

ကျွန်ပ် ။ ။ ဘာလို့ဒီလောက်တောင်အတိအကျပြောနိုင်ရတာလဲ

ဝန်ထမ်း ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်နဲ့လေးလ ကျော်က ကျွန်တော်အလုပ်ဝင်တုန်းက ဒီကောင်ကြီးတွေ သက်တမ်းက ၆၅သန်းလေ… ဒီလောက်တော့အသာလေးရှိပြီပေါ့ဗျာ….တဲ့

ချစ်စရာကောင်းသော ချစ်သူ

ချစ်သူနှစ်ယောက် အလွန်သာယာသော လယ်ကွင်းပြင်သို့ လက်တွဲ၍ လမ်းလျှောက်လာကြသည်။
လမ်းတွင် နွားမကြီးက နွားကလေးလေးအား နမ်းနေသည်ကို တွေ့ကြသောအခါ ကောင်လေးက ကောင်မလေးအား ပြောလိုက်သည်
“အချစ်ရယ် ကြည့်စမ်း ဟိုမှာ နွားမကြီးက နွားကလေးကို နမ်းနေတာ ဘယ်လောက် အားကျစရာကောင်းလဲ ကိုယ်လဲ အဲ့လိုနမ်းချင်လိုက်တာ”
ကောင်မလေးပြန်ပြောလိုက်သည်မှာ “မောင် နမ်းချင် သွားနမ်းလေ ချစ် ဒီကစောင့်နေမယ်” ဟုသတည်း။

လက်မရွံလူသတ်သမား

စီအိုင်အေသည် လက်မရွံလူသတ်သမား အတွက်လူရွေးချယ်လျှက်ရှိသည်။ နောက်ခံကိုယ်ရေးရာဇဝင်များ၊ အင်တာဗျူးများနှင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇကာတင်အဖြစ်သုံးယောက်ထွက်ပေါ်လာသည်။ အမျိုးသားနှစ်ဦးနှင့် အမျိူးသမီးတစ်ဦးဖြစ်သည်။

နောက်ဆုံးစစ်ဆေးမှုအနေဖြင့် တစ်ဦးချင်းကို သထ္တုုခန်းမကျယ်တစ်ခုဆီသို့ခေါ်ဆောင်သွားပြီး သေနတ်တစ်လက်ပေးလေ၏။

အရာရှိ ။ ။” မင်းတို့ဘယ်လိုအခြေအနေနဲ့ပဲကြုံကြုံအားလုံးအမိန့်ကိုလိုက်နာရမယ်ဆိုတာသိတယ်မဟုတ်လား, ဒီအခန်းထဲမှာမင်းရဲ့မိန်းမ ထိုင်ခုံတလုံးပေါ်မှာထိုင်နေလိမ့်မယ် သူ့ကိုပစ်သတ်လိုက် ”

ပထမယောင်္ကျား ။ ။ ” ခင်ဗျားဘာတွေလာပြောနေတာလဲ. ကျုပ်မိန်းမကိုတော့မသတ်နိုင်ဘူး။ ”

အရာရှိ ။ ။ “ဒါဆိုမင်းမဖြစ်နိုင်ဘူး။”

ဒုတိယောက်ျားအလှည့်တွင်လည်းအလားတူအမိန့်ပေးလေသည်။ ဒုတိယလူလည်း သေနတ်ယူကာအခန်းတွင်းသို့ဝင်လေသည်။ ငါးမိနစ်ခန့်ငြိမ်သက်သွားပြီးနောက်… မျက်ရည်တွဲလဲဖြင့်ပြန်ထွက်လာလေသည်။

ဒုတိယယောက်ျား ။ ။ “ကျွန်တော်ကြိုးစားပြီးပြီဗျာ… ဒါပေမဲ့ကျွန်တော်မိန်းမကိုတော့မသတ်ရက်ဘူး”

အရာရှိ ။ ။ “ဒါဆိုမင်းမှာလဲလိုအပ်တဲ့အရည်အချင်းမရှိဘူး.. မင်းမိန်းမကိုခေါ်ပြီးပြန်တော့”

နောက်ဆုံးအမျိုးသမီးအလှည့်တွင်လည်း၎င်း၏လင်ယောက်ျားဖြစ်သူကိုသတ်ရန်အမိန့်ပေးပြန်၏။
အမျိုးသမီးလည်း သေနတ်ယူကာအခန်းတွင်းသို့ဝင်လေသည်။ ထိုနောက် သေနတ်ပစ်ခတ်သံများတချက်ပြီးတချက်ကြားရလေသည်။ ၎င်းနောက် အော်ဟစ်သံများ၊ ကွဲရှသံများနှင့် နံရံကိုထုနှက်သံများကိုကြားရလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်တိတ်ဆိတ်သွားပြီး တံခါးကိုဖြေးညှင်းစွာပွင့်သွားပြီးအမျိုးသမီးထွက်လာလေသည်။

နဖူးပေါ်မှချွေးများကိုသုတ်လိုက်ပြီးနောက် ပြောလိုက်ပုံက

“ရှင်တို့ကကျည်တွေကို ဗလာတွေထည့်ထားတာကိုး
ကျွန်မမှာသူ့ကိုခုံနဲ့မနည်းရိုက်သတ်လိုက်ရတယ်”

မလောက်လို့
ခါးပိုက်နှိုက်တစ်ဦးသည်တရားရုံးတွင် အပြစ်ရှိကြောင်းထင်ရှား၍ ထောင်ဒဏ် ၈လ (သို့) ဒေါ်လာ ၂၀ဝဒဏ်ဆောင်ရန်တရားသူကြီးမှအမိန့်ချလေသည်။ တရားခံရှေ့နေသည် ၎င်း၏အမှုသည်မှာ ဒဏ်ငွေမပေးနိုင်မှန်းသိသဖြင့်အောက်ပါအတိုင်းလျှောက်ထားလေသည်။

“တရားသူကြီးခင်ဗျား… ကျွန်တော်၏အမှုသည်မှာ ဒဏ်ငွေ ဒေါ်လာ ၅ဝသာဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သူကို့လူတွေကြားမှာမိနစ်အနည်းငယ်နေခွင့်ပြုရင်တော့ ဒေါ်လာ ၂၀ဝ တတ်နိုင်ပါလိမ့်မယ်….”

နောက်ကျ

ဆရာ ။ ။ မင်းကဘာလို့ကျောင်းအမြဲနောက်ကျရတာလဲ

ကျောင်းသား ။ ။ ဆရာကကျွန်တော်မရောက်ခင်ခေါင်းလောင်းအမြဲတမ်းတီးတာကိုး

ယုံပါ

လူတစ်ယောက်က သူ ့သူငယ်ချင်းကိုဆေးခန်းလိုက်ပို ့ပြီး ဆေးခန်းမှဆရာဝန်ကို…

“ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ်
ဆရာ”

“ဟုတ်လား ဘာတွေလုပ်သလဲ”

“သူ ့ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ”

“ဘာဖြစ်သွားသေးလဲ”

“မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ”

ကိုယ်လိုလူပဲမို့ Good
ပယမလူ၊            ၊ ဟေ့ မင်း မိန်းမ မယူသေးဘူးလာ himn himn
ဒုတိယလူ၊       ။ မစဉ်းစားရဲသေးပါဘူးကွာ၊ don't don't
ပထမလူ၊         ။ဟာ…ဘာဖြစ်လို့လိုလဲ၊
ဒုတိယလူ၊        ။နေစရာအိမ်မှ မဝယ်နိုင်သေးတာ၊
ပထမလူ၊           ။ဟာ……ဒါများဘာခက်တာမှတ်လို့၊ ယူပြီးယောက္ခမအိမ်ပေါ် တက်နေလိုက်၊ နောက်မှ စုဆောင်းပြိးကိယ့်ဟာကိုယ် အိမ်ခွဲဆင်းကြပေါ့၊
ဒုတိယလူ၊          ။ အဲဒါ ခက်တာပေါ့၊ ငါတက်နေမယ့် ယောက္ခမတွေတောင် သူတို့ရဲ့ယောက္ခအိမ်မှခုထိကပ်နေကြတုန်းကွ

ပိုင်ရှင်
ကိုမြ။                  ။ ဟာ…..ကိုလှပါလား၊ အတော်ပဲဗျို့၊ ခင်ဗျားဟိုတစ်နေ့က ကျုပ်ဆီက ငှားသွားတဲ့ ဖောင်တိန်လေးပြန်လိုချင်လို့၊
ကိုလှ၊                 ။ အယ်……ဒုက္ခပဲ၊ အဲဒီဖောင်တိန်ကို ကျနော် သူငယ်ချင်းတစ်ယောက်က ခဏဆိုပြီး ထပ်ငှားသွားတယ်ဗျ၊ ခင်ဗျားကအခုချက်ချင်းပြန်ယူချင်လို့လား၊
ကိုမြ၊           ။ ကျနော် က ပြန်မယူချင်ပါဘူး၊ ခုအဲဒီဖောင်တိန်ပိုင်ရှင်က ကျနော်ကို လာတောင်းနေလို့ပါ၊