ဖေ့စ်ဘွတ်ခ်ကို စွန့်ခွာကြသူများ (ညီမလေးဖတ်ဖို့)

htet wayJuly 30, 20141min21013

ညီမလေးရေဖေ့စ်ဘွတ်ခ်(FaceBook)ဆိုတာလူသုံးများတဲ့ခေတ်စားနေတဲ့အရာတစ်ခုမဟုတ်လား။
ကျောင်းဆရာမလေးတစ်ယောက်ကတော့`ကျမဖေ့စ်ဘွတ်ခ်မသုံးးချင်တော့ဘူးစိတ်ပျက်လာတယ်
`ကျမအကောင့်ကိုဟတ်ပြီးပေါက်တတ်ကရပုံတွေတင်ထားမှာလည်းစိုးမိတယ်´..တဲ။့
နောက်တစ်ယောက်ကတော့လူမူရေးအသင်းအဖွဲ့တစ်ခုကခေါင်းဆောင်တစ်ယောက်ပါဖုန်းဆက်ပြီးပြောပြန်တယ်ညီမလေးရယ်
ဖေ့စ်ဘွတ်ခ်ကိုဖွင့်လိုက်ရင်ဖန်တီးချက်တွေ၊အတင်းအဖျင်းတွေ၊အမုန်းတွေနောက်မပေါ့်တပေါ်ပုံတွေစိတ်ပျက်တယ်ဗျာ.
ဒါကြောင့်ပိတ်လိုက်ပြီ..တဲ့။
နောက်တစ်ဦးကတော့ဖေ့စ်ဘွတ်ခ်ကိုစွဲလမ်းနေသူပါသူကတောအချိန်ပြည့်အွန်လိုင်းသုံးတယ်။
သူ့အကောင့်ကိုတစ်ယောက်ကဟတ်လိုက်ပြီး`ဒီကောင်မလေးဟာသူ့ချစ်သူပါလို့ရေးပြဓါတ်ပုံတွေမှာနည်းပညာနဲ
့နှစ်ယောက်ယှဉ်တွဲထားတဲ့ပုံကိုတင်လိုက်တော့သူအကြီးအကယ်တုန်လှုပ်တော့တာပဲညီမလေးရယ်။
သူလည်းဖေ့ဘုတ်အကောင့်ကိုပိတ်လို့စွန့်ခွာခဲ့ပါတယ်။ဒီတော့ညီမလေးရယ်ဖေ့စ်ဘွတ်ခ်မှာဗဟုသုတတွေရတယ်
၊ဖေ့ဘုတ်မှာကိုယ့်ခံစားချက်လေးတွေတင်ကြတယ်အကိုဆိုကဗျာလေးတွေတင်လို့၊သတင်းကောင်းလေးတွေရှယ်လို့ပေါ့။
အားလပ်ချိန်လေးမှာအွန်လိုင်းမှာ ရှာဖွေစရာလေးတွေရှာဖွေပေါ့။ သိပ်ပျော်စရာကောင်းတာပဲကွယ်။
အခုလိုဖေ့ဘုတ်ကိုနာကြည်းနေသူတွေရဲ့စကားကိုကြားရတော့အကိုအံ့ဩမိပါတယ်။ညီမလေးရေ
တစ်ချို့က ဖေ့စ်ဘွတ်ခ်ကိုလက်နက်တစ်ခုလိုတိုက်ဖို့ခိုက်ဖို့သုံးတတ်ကြတယ်။
တစ်ချို့ကလည်းမိမိစိတ်ခံစားချက်သက်သက်ဖေါ်ပြဖို့သုံးတတ်ကြတယ်။အဲ့ဒီမှာထူးဆန်းတာက
အွန်လိုင်းကြူ(Q)နည်းများဆိုပြီးတော့တောင်တစ်ဖက်သားကိုလွှမ်းမိုးဖို့စာတွေရေးထားတာဖတ်ရပြန်ပါတယ်။
အွန်လိုင်းကနေချစ်သူတွေဖြစ်ကြဖို့နည်းပေးလမ်းပြစာသားတွေလည်းတွေ့ရပါတယ်။
အွန်လိုင်းကနေချစ်သူတွေဖြစ်စရာလားလို့ညီမလေးက
ပြောအုံးမယ်။ တက္ကသိုလ်ကျောင်းသူတွေတောင်အွန်လိုင်းကနေလှည့်စားခံကြရတာတွေရှိနေပါတယ်။
တခါကပေါ့ဖေ့ဘုတ်သုံးရင်းစကားလုံးပရိယာယ်လွှမ်းမိုးခံရတဲ့ကလေးမလေးတစ်ယောက်ရဲ့ရင်နင့်ဖွယ်ရာ
အဖြစ်ကလေးတစ်ခုအကိုပြောပြမယ်။ကာင်မလေးကအသက်(၂၀)ပဲရှိပါသေးတယ်တက္ကသိုလ်ဒုတိယနှစ်ပေါ့။
အွန်လိုင်းမှာအပျော်သဘောမျိုးစကားပြောရာကနေသံယောဇဉ်ဖြစ်ခဲ့ကြတယ်။
ကောင်လေးကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို့သိထားတယ်အသက်က(၃၀)ပေါ့။ကောင်လေးက
စကားအေြ့ပာအဆိုကောင်းတဲ့အပြင်အရပ်စကားနဲ့ပြောရရင်မိန်းမကျမ်းကြေတယ်လို့ဆိုရမယ်။
ဂရုစိုက်တာတွေအလေးအနက်ထားတာတွေ၊နောက်ကောင်မလေးနဲ့တယ်လီဖုန်းချင်းဆက်သွယ်ပြီး
စကားတွေပြောကြတယ်။ကောင်မလေးရဲ့ဖုန်းဘီလ်ကုန်တဲ့အခါ၊အခါမလင့်ထည့်ပေးလို့၊ချစ်သူတွေဆိုတာချစ်ကြပြီ
ဆိုရင်တွေ့ချင်မြင်ချင်တာသဘာဝပဲမဟုတ်လားညီမလေးရယ်။ကောင်မလေးကသူနေတဲ့မြို့ကိုလာတွေ့ပါလို့တောင်း
ဆိုပေမယ့်ကောင်လေးကမအားလို့ပါ၊
လုပ်ငန်းတွေကြပ်နေလို့ပါ ဆိုပြီးအချိန်တွေရွှေ့တယ်ဓါတ်ပုံတောင်းတော့လည်းမထင်မရှားတစ်ပိုင်းပုံလေးကိုပေးထားတယ်ကွယ်။
ဒီလိုနဲ့နှစ်တွေကြာလာတော့ကောင်မလေးကလက်ထပ်ဖို့တောင်းဆိုခဲ့တယ်ညီမလေးရယ်။
ဒီတော့မှဖုန်းလည်းဆက်မရတော့ဘူး၊ဖေ့စ်ဘွတ်ခ်လည်းမသုံးတော့ဘူး၊လုံးဝကိုကွယ်ပျောက်သွားတဲ့အခါ
တစ်ဖက်ကတအားခံစားရရှာတာပေါ့။သူပေးထားတဲ့လိပ်စာအတိုင်းလိုက်တော့လည်းဒီနာမည်ကမရှိ၊
ဒီလူကိုမသိကြတော့ကောင်မလေးခမျာဒီစိတ်နဲ့ဘုံးဘုံးလဲပြီးနဂိုအခံနှလုံးရောဂါကလည်းရှိတော
့နောက်ဆုံးကွယ်လွန်ခဲ့ရရှာတယ်ညီမလေးရယ်။ဘာကြောင့်အတွေ့မခံရတာလဲ၊
ဘာကြောင့်စိတ်ဒုက္ခပေးရတာလဲ၊ဘာကြောင့်ညာရတာလဲဆိုတဲ့စာသားလေးသုံးခုကိုကောင်မလေးကလက်ဖျံမှာဆေးမင်ကြောင်
ထိုးသလိုဆေးနဲ့ရေးထားတယ်ဆိုတာကိုပါ အကိုသိလိုက်တော့ရင်ထဲကြေကွဲမိပါတယ် ညီမလေးရယ်။
တစ်ဖက်သားအပေါ်ညာတာဟာကိုယ်ချင်းမစားခြင်းပါပဲ၊ကိုယ့်လုပ်ရပ်တွေပေါ်မှာလိပ်ပြာမသန့်ရင်
သိက္ခာလည်းမသန်နိုင်ဘူးမဟုတ်လား။အကျိုးမပြုအချိန်ကုန်ခံပြီးစိတ်အနာတရဖြစ်အောင်လှည့်စားတာမျိုးတွေ
ညီမလေးမလုပ်မိပါစေနဲ့နော်။
နောက်တစ်ယောက်ကတော့ သူတင်လိုက်တဲ့စတေးတပ်(Status)ကိုဘယ်သူတွေကဝေဖန်ကွန်မန့်
ဘယ်လောက်တက်သလဲ ၊ဘယ်သူတွေကLikeလုပ်ကြသလဲစိတ်မဖြောင့်ရှာဘူးတဲ့ ညီမလေးရယ် ။
စားလည်းဒီစိတ်၊သွားလည်းဒီစိတ်နဲ့ Like(ကြိုက်သူတွေ)မှများများရနိုင်ပါ့မလားဆိုပြီးတွေးပူရတာလည်းဝေဒနာဖြစ်လို့နောက်ဆုံးစိတ္တဇဖြစ်မှာစိုးလို့
ဆေးလိပ်ဖြတ်သလိုဖေ့စ်ဘွတ်ခ် ကိုကြိုးစားဖြတ်လို့စွန့်ခွာခဲ့တယ် ..တဲ့။
ညီမလေးရေလူတိုင်းဟာအစွဲအလမ်းကြီးကြပါတယ်။ဖေ့ဘုတ်သုံးသူတွေဟာအချိန်မှန်ဖွင့်တတ်ကြတယ်
မအားရင်တောင်ဒီစိတ်ရောက်တာပါပဲ။အခုလည်းသူ့ရဲ့စွဲလမ်းစိတ်ကိုပညာရှိပေါက်တူးသမားလိုပေါက်တူးကို
မြစ်လယ်လွှင့်ပစ်လို့အောင်ပြီလို့ကြွေးကြော်ခဲ့တယ်ပဲဆိုရမယ်။ဖေ့စ်ဘွတ်ခ်တီထွင်သူအမေရိကန်နိုင်ငံသား
မတ်ဇူကာဘတ်တော့စိတ်ပျက်ဖွယ်ပါပဲ။
ညီမလေးရေ ဖေ့စ်ဘွတ်ခ်ကိုစွဲစွဲလမ်းလမ်းသုံးရင်း အကောင့်တွေအပ်တာလက်ခံလိုက်တော့ညစ်ညမ်းပုံတွေသူ့အကောင့်မှာတင်လို့ဒေါသထွက်တဲ့ကောင်မလေးတစ်ယောက်ရဲ့
ရင်ဖွင့်ပြောပြတာက
`ဆရာရယ် ကျမတို့ကမိန်းမသားဆိုတော့ အလှအပကြိုက်တယ်၊ပုံတွေတင်ပါတယ်ဒီမှာလာအပ်တော့လည်းလက်ခံလိုက်တာပါပဲ၊ဒီမှာတင်ချက်ဘောက်
(chatbox)ကနေရီးစားစကားပြောပြန်တယ် မပြောတော့ဆဲဆိုကြိမ်းမောင်းတော့တာပဲ ဒါကိုဘလော့(block)လိုက်တော့
နောက်အကောင့်တစ်ခုနဲ့လာအပ်တယ်။မသိတော့လည်းလက်ခံလိုက်မိတာပေါ့၊ထိကပါးရိကပါးရေးလိုက်၊
အမျိုးမျိုးနှောက်ယှက်လိုက်စိတ်ပျက်တယ်၊ဖေ့စ်ဘွတ်ခ်မသုံးချင်တော့ဘူး..တဲ့´ ဒါပေမယ့်ညီမလေးရယ်ဒီကလေးမလေးကတော့ဖေ့စ်ဘွတ်ခ် ကို မစွန့်နိုင်သေးပါဘူး။
ညီမလေးရေ လူတိုင်းလူတိုင်းဟာ ကျင့်ဝတ်ရှိကြပါတယ်၊ရဲတပ်ဖွဲ့၊ဆရာဝန်ကျင့်ဝတ်တွေရှိပါတယ်။မီဒီယာသမားတွေလည်းကျင့်ဝတ်ရှိပါတယ်။
ကျင့်ဝတ်ဆိုတာကိုယ်ရဲ့စိတ်နဲ့ကိုယ်ကထိန်းရတာပါပဲ။ကိုယ့်ကိုထိခိုက်ပြီးရေးသားလာရင်ဥပဒေအရအရေးယူလို့ရပါတယ်၊

သို့သော်စစ်တမ်းများအရရဲတပ်ဖွဲ့ကိုတိုင်တန်းတာအင်မတန်မှနည်းတယ်လို့သိရပါတယ်ကွယ်။
တခါကတော့ဥတ္တရသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအားဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့်
လယ်ဝေးမြို့နယ်ရဲစခန်းကအမှုဖွင့်။ဖေ့ဘုတ်မှာရေးသားထားမှုကိုမကျေနပ်၍တရားစွဲဆိုတဲ့သတင်းလေး
ဧပြီလ(၁၂)ရက်နေ ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် -အတွဲ ၃ အမှတ်၅မှာအကိုဖတ်ရဖူးပါတယ်။
အကို့သူငယ်ချင်းတစ်ယောက်ကတော့ဖေ့စ်ဘွတ်ခ်ကိုဘယ်လိုပိတ်ရမလဲနည်းလမ်းတွေ
လိုက်မေးနေတယ်ညီမလေးရယ်သူ့ကိုဘာကြောင့်ဖေ့စ်ဘွတ်ခ်မသုံးချင်တော့တာလဲဆိုတော့
` ဟာဗျာအီးမေးတွေထဲ ဖေ့စ်ဘွတ်ခ်ဟာ မက်ဆေ့တွေချည်းပဲနောက်တစ်ခုကအိမ်သာနံရံလိုရေးချင်ရာရေးတဲ့ပေါက်ပန်းဈေးလူတစ်ချို့ရဲ့စာတွေကို
မကြည့်ချင်တော့တာပါ..တဲ့ ။ သူကတော့ဒေါသနဲ့ဖေ့စ်ဘွတ်ခ်ကိုစွန့်ခွာသူပါပဲညီမလေးရယ်။
ညီမလေးရေ ကိုယ့်ဖေ့စ်ဘွတ်ခ်ကိုကိုယ်တန်ဖိုးထားပါကွယ်။ရေးချင်တာရေးလို့ရတယ်
ဆိုပေမယ့်ဒီစာဟာတစ်ပါးသူရဲ့သိက္ခာကိုထိခိုက်လေမလား၊ကိုယ့်တင်ပြချက်ကလူ့အခွင့်အရေးချိုးဖေါက်မူတွေဖြစ်နေမလား၊
လူ့ဝန်းကျင်မှာလူတွေကိုအသိပေးချင်တဲ့အကြောင်းအရာရောဖြစ်ရဲ့လားဆိုတာတွေးပါကွယ်
။နောက်တစ်ခုကကိုယ်ရေးလိုက်တဲ့သူများအကြောင်းဟာကိုယ့်ကိုသူများရေးရင်ဘယ်လိုခံစားမိမလဲဆိုတဲ့
ကိုယ်ချင်းစာစိတ်ကလေးထားပြီးစိတ်အလှကိုထိန်းသိမ်းပါလို့အကိုဆိုချင်ပါတယ်။
နောက်မိတ်ဆွေတစ်ဦးကတော့ သူ့ကို လာအပ်ရင်ဖေ့စ်ဘွတ်ခ်သုံးသူရဲ့
အမည်ပါလား၊ဆက်သွယ်ရန် လိပ်စာပါသလား၊နောက်မည်သူမည်ဝါ၊မည်သည့်ရာထူးဆိုတာ
ပါသလားဆိုတာကြည့်ပြီးမှ လက်ခံပါတယ် ။
`ဂျာနယ်လစ်တစ်ယောက်က အင်တာဗျူးတော့မယ်ဆိုရင်
ကျနော့်အမည်ဘယ်သူ ၊ဘယ်ဂျာနယ်ကပါဆိုတာ အရင်စပြောရတယ်
ဒါကြောင့်ဖေ့စ်ဘွတ်ခ်ကိုသူငယ်ချင်းအဖြစ် လက်ခံတော့မယ် ဆိုရင်
ဒီလူဟာဘယ်လိုလူစားလဲဆိုတာ အရင်လေ့လာနိုင်အောင်တိကျတဲ့အမည်၊နေရပ်အထောက်အထားတွေပါတဲ့
လူကိုပဲလက်ခံပါတယ် ´လို့အကို့ကိုပြောပြပါတယ်

ဘယ်လောက်ကောင်းလိုက်သလဲညီမလေးရယ်။အမည်မဲ့တွေဟာ အမှောင်ထဲက
လူတွေလိုပါပဲစာနယ်ဇင်းကျင့်ဝတ်နဲ့လည်းမညီညွတ်ပါဘူး။တကယ်တော့ဖေ့စ်ဘွတ်ခ်ဆိုတာလည်း
အွန်လိုင်းသတင်းသမားတွေပါပဲ။ ညီမလေးလည်းတာဝန်ယူနိုင်တဲ့စာမျိုး၊သတင်းမျိုးရေးပါနော် ။မိမိအမည် နဲ့
နေရပ်ကိုဖေါ်ပြရဲနိုင်ပါစေ။သူငယ်ချင်းလက်ခံတာလည်း ခွဲခြားရွေးချယ်တတ်ပါစေကွယ်။
ညီမလေးရေ
ဖေ့စ်ဘွတ်ခ်ကြောင့်နာမည်ရသွားတဲ့တက်သစ်စအနုပညာသမားတွေ၊တိမ်မြုပ်နေတဲ့လူထုအကျိုးပြုလူသားတွေ၊၊
စာပေသမားတွေလည်းရှိပါတယ်။လူမူကွန်ယက်ထဲမှာအကျိုးရှိတဲ့ စာတွေ၊သတင်းတွေ ၊
ကိုယ့်ခံစားချက်လေးတွေ၊ အလုပ်အကိုင်ကိစ္စတွေကို
ဆက်သွယ်ရင်းအဆင့်အတန်းရှိရှိ၊အကျိုးရှိရှိသုံးတတ်ကြရင်သိပ်လှတဲ့အွန်လိုင်းဆက်သွယ်မူလေးပါ။
ကိုယ့်အကျိုး၊ကိုယ့်ဝါဒ၊အုပ်စုဖွဲ့တာတွေကို
ညီမလေးရှောင်ပါနော်၊ဖေ့စ်ဘွတ်ခ်ကြောင့်စိတ်ဖိစီးသူတွေ၊ဖေ့စ်ဘွတ်ခ်ကြောင့်အရှက်ရကြတဲ့သူတွေ၊
မိသားစုပြိုကွဲကြသူတွေ၊ဘဝပျက်သွားရတဲ့သူတွေဟာအခုတော့သူတို့ဟာဖေ့စ်ဘွတ်ခ်ကိုအမုန်းကြီးမုန်းခဲ့ကြပါပြီ။
စိတ်ပျက်စရာတွေကိုတွေ့ရဖန်များလာတော့စိတ်နေမြင့်သူတွေဟာလည်းဖေ့စ်ဘွတ်ခ်ကိုစွန့်ခွာခဲ့လို့
လှည့်မကြည့်ချင်လောက်အောင်ဖြစ်ခဲ့ကြပါတယ်ကွယ်။

ဒါတွေဟာဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အဖြေကိုညီမလေးလည်းသိမြင်လောက်ပါပြီ။
ဒါကြောင့်ဖေ့စ်ဘွတ်ခ်သုံးတဲ့အခါကိုယ့်ကျင့်ဝတ်နဲ့ကိုယ်ချင်းစာစိတ်ကလေးနဲ့စိတ်နေမြင့်သူတစ်ယောက်အဖြစ်
ညီမလေးလည်းနေထိုင်ပြုမူပါလို့အကိုဆိုချင်ပါတယ်ကွယ်

13 comments

  • manawphyulay

    July 30, 2014 at 12:25 pm

    အဲဒီလို မဖြစ်စေရပါဘူး။ ညီမလေးက အပြင်မှာ ခင်မင်သူသာ ဖေဘွတ်မှာ လက်ခံထားပါတယ်ရှင်။
    စိတ်သာချပါ။ ညီမလေး ဖတ်ပြီး အမြဲနားထောင်နေပါတယ်။ အဟိ

    ဘယ်တွေပျောက်နေတာလဲ။ ကြေးမုံမှာ ပါတာတွေကော လာမထုတ်သေးဘူးလား။ လာထုတ်ရင် မုန့်ဝယ်ကျွေးဦးနော်။

  • ခင်ဇော်

    July 30, 2014 at 12:31 pm

    ကိုယ့် အတွက် ပျော်ရွှင်စရာနေရာလေးးးးး
    ကျပ်မပြည့်တဲ့ သူတွေကြောင့် မပျော်ရွှင်ရတော့ရင် ဘာကို ရွေးချယ်ရမလဲ မသိ။ 🙄

  • ခင် ခ

    July 30, 2014 at 1:37 pm

    ဘယ်ကြည့် ညာကြည့် တန်းညှိ စစ်ရေးပြမှာသင်ရသလို
    ဖေ့စ်ဘွတ်ခ်မှာလည်း တန်းညှိတတ်ရင် အဆင်ပြေပါလိမ့်မယ်လို့ ထင်ပါတယ်။

  • အရီးခင်

    July 30, 2014 at 1:55 pm

    အမှန်တော့ Facebook ဆိုတာ လက်ရှိ ပြင်ပမှာ သိသူ၊ မိတ်ဆွေ ဖြစ်ပြီးသူတွေ နဲ့ ဆက်သွယ်မှု အမြဲ ရှိနေရအောင် လုပ်ပေးထားတာလို့ မြင်ပါတယ်။
    အဲဒါ ကို ပြင်ပမှာ ကိုယ်နဲ့ မသိ တဲ့ မမြင်ဘူး တဲ့ သူတွေ ကို လက်ခံ အသိဖွဲ့ ပြီး ယုံကြည်မိတာက အသိပညာ အားနည်းမှု ပါပါတယ်။
    ဒါကြောင့် အနောက်တိုင်း ရဲ့ ကျောင်း တွေ မှာ ကလေးတွေ ကို Social Network တွေထဲ မသိသူတွေ ကို မိတ်မဖွဲ့ဖို့ နဲ့ ဖြစ်လာမဲ့ မကောင်းကျိုး တွေ ကို မပြတ် ပညာပေးတွေ လုပ်နေရပါတယ်။

    Facebook Mission
    Founded in 2004, Facebook’s mission is to give people the power to share and make the world more open and connected. People use Facebook to stay connected with friends and family, to discover what’s going on in the world, and to share and express what matters to them.

  • ခင်ဇော်

    July 30, 2014 at 2:01 pm

    မျက်လုံးလေးစောင်းစောင်းနဲ့………
    နောက်လာမစောင်းနဲ့ အချစ်ကပြောတယ် ……

    စောင်းနိုင်ပါတယ် …စောင်းတတ်သူရယ် ……
    ကို့ကိုအမြဲပဲ မင်းစောင်းနိုင်ပါတယ်
    အာဟိအာဟ်ိ
    မှတ်ချက် – မျက်လုံးစောင်းသောသူများသည် လူတိုင်းလူတိုင်းမှ ၎င်းအားစောင်းကြည့်နေသည်ဟုထင်မြင်တတ်ပါသည်
    အာဟိအာဟိ

    ~~~~~~~~~~~~~~~

    သများပြောတာဟုတ်ဘူးးး
    ကိုရင် ရာမည ပြောတာလေး လာပြောပြတာ။

    အဲလို လူတွေ ဖွဘုတ်မှာ အများဂျီးးးး
    ငေးးးး ငေးးးး ငေးးးးးးးးး
    :mrgreen:

  • အာဂ

    July 30, 2014 at 4:29 pm

    င်းစာထဲမှာ ဖတ်ဖူးတယ် တစ်ခါ

  • အာဂ

    July 30, 2014 at 4:30 pm

    သတင်းစာထဲမှာ ဖတ်ဖူးတယ် တစ်ခါ

  • အရီးခင်

    July 31, 2014 at 2:04 am

    မနက်က အပြေးဖတ်ခဲ့ပြီး အစာမကျေခဲ့လို့ ပြန်လာတာ။ ဟိ။
    ကဆာမိ ပြောသလို တဇီဇိ နဲ့ အတော်ရစ်တဲ့ အရီးပေါ့။ :-))

    {ဖေ့စ်ဘွတ်ခ်တီထွင်သူအမေရိကန်နိုင်ငံသား မတ်ဇူကာဘတ်တော့စိတ်ပျက်ဖွယ်ပါပဲ။} တဲ့။
    ဒီလို စာသားမျိုး ကို ဟိုနေ့ က ကိုပြောင့် Post ထဲမှာလဲ တွေ့လိုက်သေးတယ်။
    {တီထွင်ခဲ့တဲ့ Mark ခမျာ ..“ ဒီလိုမှန်းသိ “ ဆိုတဲ့ နောင်တလာလိမ့်မယ် မထင်ပါဘူး .} တဲ့။

    Mark Zuckerberg က စီးပွါးရေးသမားကြီးပါရှင်။
    လူမှုအကျိုးပြုသမား စစ်စစ်ကြီး မဟုတ်ပါဘူး ဆိုတာပါဘဲ။
    စီးပွါးရေးသမားမှာ အတ္ထ၊ ပရ တွဲရှိပါတယ်။
    သူစိတ်ပျက် သွားမယ်တွေ၊ အားနာစရာ တွေ တွေးစရာမလိုပါ့။
    Facebook ကြီး တီထွင် လို့ ဒါမျိုး တွေ ဖြစ်လေခြင်း လို့တော့ အပြစ်တော့ မမြင်ကြပါလား။ ;-)))

    Facebook ထဲ မှာ လောကကြီး ကို ချဲ့ချင်ရင် ချဲ့လို့ ရသလို ပိတ်ချင် ပိတ်လို့ ရတဲ့ Setting တွေ ပါပြီးသားပါ။
    အားလုံးကို Open ဖွင့် ရဲ ရင် မကောင်းတာတွေ ပါ ပါလာမယ် ဆိုတာ သိထားသင့်ပါတယ်။
    ဒါကို ဒီ Facebook တီထောင်သူ လဲ သိပါတယ်။
    သူ့ က ဒီ လို Open setting ထည့်လိုက်တော့ ပိုပြီး ဈေးကွက် ကျယ် သွားပြီး ဟိုနေ့က သူကြီးမင်း ပြောသလို သူ့ Facebook ရဲ့ ရှယ်ယာ တွေ တဖြေးဖြေးတက် လာတာပေါ့။
    ဒါကြောင့် သူ့ ကို သွားပြီး အားနာ၊ သနား နေစရာ မလို ကြောင်းလေး ဝင်ပြောတာပါ။
    အဲဒီ Setting တွေ ကို လိုရင် လိုသလို သုံးနိုင်ဖို့ User တွေ က သိထားရမှာ။

    ဥမပါ – ရွာထဲ မှာ ကြည့်ပါလား။
    ရွာ ဆူလို့ သူကြီးမင်း ကိုရော “သူ့ခမျာ စိတ်ပျက်ရှာမယ် လို့ အားနာ သူများ ရှိနေကြလား မသိ။ ???
    တကယ်တော့
    ရွာများဆူရင် သူကြီးမင်း ပြုံးနေတာ မြင်မိကြရဲ့လား။
    ငြိမ်များသွားရင် သူ့ခမျာ အိပ်မရ ပြောတာဘဲ။
    သူ့ အိမ်မက်ထဲ ဂဇက် ရွာ ရဲ့ ရှယ်ယာ တွေ မိုး ထဲ ပျံ နေတာ တဲ့။
    ဒါကြောင့် ရွာ ဆူရင် စိတ်မညစ်ကြ နဲ့။ ရှယ်ယာ တွေ ဈေးတက်တဲ့ သဘော။
    နောက်တာ၊ အတည်။ :-))))

  • kyeemite

    July 31, 2014 at 2:42 pm

    ကောင်းပါလေ့ဗျာ…ကိုထွက်ပြေး…အဲ..ယောင်လို့ ကိုထက်ဝေးရေ :mrgreen:

  • htet way

    July 31, 2014 at 10:42 pm

    အမှန်တော့ Facebook ဆိုတာ လက်ရှိ ပြင်ပမှာ သိသူ၊ မိတ်ဆွေ ဖြစ်ပြီးသူတွေ နဲ့ ဆက်သွယ်မှု အမြဲ ရှိနေရအောင် လုပ်ပေးထားတာလို့ မြင်ပါတယ်။
    အဲဒါ ကို ပြင်ပမှာ ကိုယ်နဲ့ မသိ တဲ့ မမြင်ဘူး တဲ့ သူတွေ ကို လက်ခံ အသိဖွဲ့ ပြီး ယုံကြည်မိတာက အသိပညာ အားနည်းမှု ပါပါတယ်။
    ဒါကြောင့် အနောက်တိုင်း ရဲ့ ကျောင်း တွေ မှာ ကလေးတွေ ကို Social Network တွေထဲ မသိသူတွေ ကို မိတ်မဖွဲ့ဖို့ နဲ့ ဖြစ်လာမဲ့ မကောင်းကျိုး တွေ ကို မပြတ် ပညာပေးတွေ လုပ်နေရပါတယ်။
    အရီးရဲ့ စကားကိုမှတ်သားပြီး အတွေးဆင့်ပွားမိပါတယ် ။ကျနော့်အတွက် ဆောင်းပါး နောက်တစ်ခုရစေပါတယ် ကျေးဇူးတင်ပါတယ် အရီး။

    • အရီးခင်

      July 31, 2014 at 11:26 pm

      ဆရာထက်
      ဆရာလုပ်တယ် မထင်ဘဲ အရေးတယူ ကျေးဇူးစကား ပြောတာ ကျေးဇူးပါနော်။

      ဆရာထက် တို့လို လူတွေ ကတစ်ဆင့် ဒီလို အသိပညာတွေ ဖြန့်ဝေ ပေးနေနိုင်တာ သိရလို့လဲ ဝမ်းသာပါတယ်။
      တိုးတက်ပြီး နိုင်ငံ တွေ မှာတော့ ဒီလို အသိပညာ တွေ ကို ကျောင်းတွေ က တစ်ဆင့် ကလေး တွေ ကိုသာမက မိဘ များ ကိုပါ ဖြန့်ဝေပါတယ်။
      မြန်မာပြည် မှာလဲ ကျောင်း တွေ မှာ ဒီလို ပညာတွေ ဖြန့်ပို့ ကောင်းပါတယ်။
      တကယ်တော့ လုပ်ချင်စိတ်ရှိရင် ဒါဟာ အထူးတလည် ခက်ခဲ တဲ့ အကြောင်းမှမဟုတ်တာ။
      ဒါပေမဲ့ လူတိုင်း က စားဝတ် နေရေး ကိုဘဲ လောက်ငှရလေအောင် လုံးပန်း နေရတော့ လူကျင့်ဝတ် တွေ နဲ့ လောကကြီး အကြောင်း ကလေးတွေ ကို မှန်ကန်တဲ့ ပုံစံ နဲ့ အသိပေးဖို့ ဝေးနေကြတာပါဘဲ။

  • htet way

    August 2, 2014 at 1:28 pm

    ကျနော်တို့ဆီမှာလည်းအရီးပြောသလို အွန်လိုင်းပညာပေးတို့ ဖေ့စ်ဘွတ်(ခ်)သုံးစွဲ
    တဲ့အခါ လိုက်နာရန်ကျင့်ဝတ်တို့ ဟောပြောဆွေးနွေးပွဲတွေ၊ သိတဲ့လူကြီးမိဘတွေက
    ပြောဆိုဆုံးမတာတွေရှိနေသင့်ပါတယ် ။IMSက ငွေကုန်ခံပြီး ပဋိပက္ခဂရုပြု
    သတင်းရေးသားနည်းတို့၊ အခြေခံသတင်းစာပညာတို့ ဒီမှာလာဖွင့်ပါတယ် ။သတင်းစာ
    ဆရာများနဲ့ပူးပေါင်းပါတယ် ။
    ဒီလိုမျိုး အွန်လိုင်းပညာပေးတို့ ဖေ့စ်ဘွတ်(ခ်)သုံးစွဲနည်းတို့၊သင်တန်းပေးစေချင်မိတာပါပဲ။
    တခါက မြန်မာစာမြှင့်တင်ပွဲဟောပြောပွဲတစ်ခုမှာ ကျနော် က “ကဗျာထဲကဘဝ”ဆိုတာဟောပြော
    ရင်း အွန်လိုင်းအကြောင်းေြ့ပာမိပါတယ် ။ပရိသတ်တွေကစိတ်ဝင်စားပုံမပြပါဘူး။
    သေချာလေ့လာကြည့်တော့ သူတို့ထဲက အများစုက ဖေ့စ်ဘွတ်စ်ဆိုတာ မသိကြလို့ပါ..တဲ့
    နယ်မြို့တွေမှာ ဖြစ်တတ်ပါတယ် ခင်ဗျား။
    တစ်ချို့နယ်မြို့တွေကတော့ အုပ်စုဖွဲ့ပြီး အတင်းရေးရတာကိုက အရသာလိုဆိုတော့
    အွန်လိုင်းပညာပေးတို့ ဖေ့စ်ဘွတ်(ခ်)သုံးစွဲသူများကျင့်ဝတ်ဆိုတာ ရေးချင်မိပြန်လာပါတယ် ။
    အရီးေြ့ပာတဲ့စကားက ကျနော် မတွေးမိသေးတဲ့ စကားမို့ တကယ်ကျေးဇူးတင်မိပါတယ် ။

  • padonmar

    August 6, 2014 at 9:19 pm

    Democracy Today သတင်းစာထဲမှာ ဒီစာလေးတွေ့တော့ တနေရာမှာ ဒီလက်ရာမျိုးဖတ်ဖူးသလိုပဲလို့ တွေးမိ။
    ဆရာထက် ဖွဘုတ်မှာ သတင်းစာထဲပါတယ်လို့ စတေးတပ်စ်တွေ့မှ ပြန်ဖတ်ပြီး ဓာတ်ပုံလေးရိုက်ထားပေးသေးတယ်။
    ပုံတင်ပေးမယ်စိတ်ကူးထားပြီး မအားတာနဲ့…
    ခုလို ဆရာထက်ပြန်လာတာ ဝမ်းသာပါတယ်။
    နောင်လည်း ရွာကို ပစ်မထားပါနဲ့နော။

Leave a Reply