နိဒါန်းတွေ ချီမနေတော့ဘူးးး

IMG_0903

မေးသူ – ဇီဇီ and ဖြေသူ – ဆာဆာ

မေးသူဇီဇီ
ဖြေသူ – ဆာဆာ

~~~~~~~~~~~~~

ကဲ၊ ဆာဆာ၊ ရွာထဲက သူတွေ အကြောင်း စကားစမြည်ပြောပါရစေ။
ပြောပါဗျာ။၊
ကော်မန့် အပေးမှာ ကျနော်ချစ်တဲ့ ရွာလူဂျီး ၂ ယောက်ရှိတယ်ဗျ။ အမျိုးသား တစ်ယောက်။ အမျိုးသမီးတစ်ယောက်။ အမျိုးသမီးကတော့ အရီးလတ်ပေါ့။ သူ က စပြောကြမယ်ဗျာ။
အရီးလတ် အကြောင်း ပြောရမယ် ဆိုရင်………………..
အရီးလို့ဘဲခေါ်ခေါ် ၊ အရီးလတ်လို့ဘဲခေါ်ခေါ် အတော်လေးလဲခင်ဖို့ကောင်း နဲနဲလောက်လဲ လန့်စရာကောင်းတဲ့ဘွားတော်ကြီးပါ ။
ခင်ဖို့ကောင်းတာကတော့ ဟောင်းသစ်မရွေး မန့်တဲ့နေရာမှာတော့ အားသွန်ခွန်စိုက်ဘဲဗျ ။ သူမသိတာလည်း အလွန်နဲပါပေတယ် အဲ အဲ လန့်ဖို့ကောင်းတာကတော့ ထော်လော်ကန့်လန့်မြင်ရင် ပညာသားပါပါနဲ့ ဇိဇိမြည်အောင်ကို ပွားတော့တာဗျို့ ။
စာရေးတော့လား ? အနှစ်တွေချည့်ရေးတာ … ပို့စ်နဲပေမယ့် တကယ့် ကို သိမ်းထားရမယ့်ပို့စ်တွေချည့်ပါ။
ဆိုတော့ ……… အရီးရေ …..
ရောက်ရာအရပ်ကနေ ရွာထဲမကြာမကြာလာပါ …… လို့ ။
 ပြန်လာရင် ဖိုးချိုသီချင်းလည်း ဆိုပြပါ့မယ် … လို့   :mrgreenn:

~~~~~~~~~~~~~~

နောက် တန်ဖိုးရှိ ပို့(စ) တွေ ရေးတတ်တဲ့ ကျုပ်ရဲ့ အာတီဒုံ အကြောင်းရော ပြောပြပါဦးးး။
အာတီဒုံ (သို့) တပင်တိုင်မင်းသမီး ကြီးလား?
တစ်ခုခုဆို အကောင်းဘက်ကပြုပြင်ဖို့အမြဲတွေးတတ်တဲ့ အစ်မတော်ကြီး ဗျ ။
မတွေ့ဖူးမသိဖူးခင်ကတော့ ကိုယ့်ထက်တောင်ငယ်မယ်ထင်တာ ဟဲဟဲ …။
ပုံပမာတွေပြပြပြီး ဩဝါဒခြွေ ၊ အပြုသဘောတွေရေးလွန်းလို့ ကျုပ်လို ကချော်ကချွတ် မန့်တတ်တဲ့သူက သူ့ပို့စ်တွေဆို အရင်က သိပ်မမန့်ရဲဘူး ။
ရွာအရေးဆို အလွန်တက်ကြွခဲ့တာကလား……
ဟိုးးးးးး ပထမအစ အလှူကတည်းက ရှေ့ကနေပါခဲ့တာလေ ။
ကူညီစရာပေါ်ပေါက်လာရင်လဲ ရွာထဲကဆို လာထားဘဲဗျ ။ ( ကဲ ကဲ ပိုက်ပိုက် သွားချေးကြစို့ :mrgreenn: )
အမြင်မတော် ပြုပြင်စရာလေးတွေ သံခမောက်ဆောင်းပြီးရေးတတ်တဲ့ အာတီဒုံရေ ………
မကြာ မကြာ စာလေးဘာလေး ရေးပါဦးနော ……
အဘိ်ဓမ္မာလည်း အဘိဓမ္မာပေါ့ ၊ ရွာလည်း ပစ်မထားလေနဲ့ဦး။
ကိုယ်ပိုင်အတွေး ပုံပမာလေးတွေ မျှော်နေဦးမယ်ဗျို့

~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်။ တပင်တိုင်မင်းသမီးရဲ့ အမွှာညီမ ချစ်မမ။ ကျနော် ချီးကျူးရတဲ့ မှတ်ဉာဏ်ပိုင်ရှင်ပါဗျာ။ ဘယ်သူ ဘယ်လို ကော်မန့်ပေးဖူးတယ်ဆိုတာ ကွက်တိ သိတတ်လွန်းလို့ ချစ်ခဲ့ရတာပါ။
မမ = မြန်မာ့မီးရထား လို့တော့ မထင်လိုက်ပါနဲ့ဗျို့ ။
အဲဒီအစ်မတော်ကိုလည်း ရွာထဲစာမရေးတာကြာလို့ သတိယမိသား ။
 တစ်ချိန်တစ်ခါက ရွာထဲမှာ ဦးကို ဒေါ်လုပ်ပြီးခေါ် ၊ မ ကို မောင် လုပ်ပြီးပြောကြတုန်းက အန်တီမမ ကို ပြောင်းပြန်ခေါ်မရခဲ့ဘူးဗျ ။
အဲ ကျုပ်ကတော့ ပို့စ်တစ်ပုဒ်ကကွန်မန့်မှာ
ဦးဘားမားရထား လို့အတင်းမရ ရအောင်ခေါ်ခဲ့သေးတာပေါ့ ။
အဲဒီ အစ်မတော်က ကျုပ်ကိုခေါ်ပုံလည်း ကြည့်ပါဦးလေ …… ” ဒေါ်ရွှေမိ”” တဲ့ဗျားးး
ဘာပဲဖြစ်ဖြစ် ဒီလိုလေးလေးနက်နက် ပေါ့ပေါ့ပါးပါး ကွန်မန့်လေးတွေ နဲ့ရွာကိုပျော်မွေ့နေတဲ့ အစ်မတော်တစ်ယောက် စိတ်သောကများကင်းပြီး ရွာထဲအမြန်ပြန်လာန်ိုင်ပါစေ …… လို့…..

~~~~~~~~~~~~~~

ဟဲဟဲဟဲ။
ရီသံကြားတာနဲ့ ဘယ်သူ့ အကြောင်း မေးမယ် ဆိုတာ သိတယ်ဟုတ်?
အရေထူတဲ့ နေရာ မနာတတ်တဲ့နေရာမှာ တဂျီးနဲ့ တန်းတူထားပြီး အံ့ဩချီးကျူးရတဲ့ လူဂျီးး အကြောင်းပေါ့။အဘဖောလို့ ခေါ်တယ်။ သူ့ကိုသူ အဘလို့ပြောနေလို့သာ ချောချက်က ကိုစိုးသူ နေခဲ့တော့ဗျာ။  

သူပေါ့ဗျာ။ ရွာထဲမှာစတွေ့ဖူးတာကတော့ ကျနော့်ကွန်မန့်တစ်ခုအောက်ကနေ Agree with Surmi တဲ့ သူရေးသွားတာ ။
အံမယ် !! တယ်ဟုတ်တဲ့ ငါ ပါလားပေါ့ ။ မြန်မာစာဖတ်တတ်သော နိုင်ငံခြားသား အဖိုးဂျီးက အဂရီး တွေဘာတွေလုပ်တယ်ပေါ့ ။
 ပြီးတော့ အဲ့ဒီဘိုးတော်က ကွန်မန့်ကို ဘိုလိုတော့ တာလေ ။ (အမှန်တော့ မြန်မာလိုပြောချင်တာစက်စက်ယို ၊ လက်ကွက်မရိုက်တတ်လို့ :mrgreen: )
သူရေးတဲ့ပို့စ်တွေကလည်း အစပိုင်းက အီးလိုတစ်ဝက် မြန်မာလိုဖြတ်ညှပ်ဆက်တစ်ဝက် ၊ ပြောလိုက်တဲ့ ဩဇီ … ဩဇာသီးစားပြီးပြောနေသလားထင်ရတယ် ။
ဒီတော့ ကျုပ်ကလည်း သူ့ကို ဩဇီနိုင်ငံသား ဆံဖြူခါးကိုင်း တုန်ချိချိ မျက်စိမှုန်မှုန် အဖိုးကြီးလို့ထင်တာဆန်းသလားဗျာ ဟဲ ဟဲ … ။
တစ်ခါမှာတော့ သူ့ချေထောက်ကိုသူ ဓတ်ပုံရိုက်တင်မိသလားမသ်ိ ။ ကိုပေ က ဝနေတယ်လို့ မန့်တာတော့တွေ့မိသေးတယ် ။
ဒီဘိုးတော်ရဲ့ စဉ်းစားကြစေလိုပါတယ် တွေကတော့ တကယ့်ကို ဩချလောက်ပါပေတယ် ။ တခါတလေ ပြဿနာတဆုံးကိုနှိုက်ချက်က အိုဂျီတောင်မှ
လက်မြှောက်သွားလောက်ပါရဲ့ ။
အခုလည်း သတိယလိုပြောဦးမယ်။
မစဉ်းစားရတာကြာပြီ ။ မကြာမကြာ လာပြီးစဉ်းစားခိုင်းဦး … သံခမောက်လေးလည်းမမေ့နဲ့နော် :mrgreen:

~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ရွာရဲ့ သက်တော်ရှည် ရွာသား တစ်ယောက်ပါ။ ကဗျာ၊ ရသ၊ ဓာတ်ပုံ ဘက်စုံရတာမို့ လေးစားအားကျရတဲ့ စီနီယာကြီးပေါ့။ ဘယ်သူတုန်းသိလားး
ဘယ်သူရှိရဦးမတုန်းးး၊ ကိုပေါက် (မန္တလေး) ပေါ့ဗျာ။
မင်္ဂလာပါအစ်ကိုကြီး ရေ… ပလက်ဖေါင်းတွေ တံတားတွေ အုပ်မြစ်တွေ နဲ့ ဓါတ်ပုံ လှလှလေးတွေနဲ့ အားဖြည့်ပေးနေတာ အားကျလှသဗျာ ။ ကိုပေါက် လို့ ဆိုလိုက်ရင် ခေါင်းစဉ်ပေါင်းများစွာကို ပိုင်စိုးသမို့ ဖွဘုတ်တခွင်လည်း ဟိုးဟိုးကျော်နေတာလူတိုင်းသိသပေါ့ ။ ကိုပေါက်ရဲ့ စာပေရေးသားခြင်းအပေါ်ထားတဲ့ စေတနာ ၊ဝါသနာ နဲ့ အားထုတ်မှုကိုတော့ ဒီတသက်လိုက်မမှီဘူးဗျို့ ။ ကိုပေါက်နဲ့ ဂဇက် … ဂဇက်နဲ့ကိုပေါက် ဘယ်လိုမှခွဲမရတာဆိုတော့ ရွာထဲရောက်လို့မှကိုပေါက်စာတွေမဖတ်ဖူးဘူးဆိုရင် ရွာကိုရောက်ခဲ့တယ်လို့ပြောမရသေးဘူးဗျ ။ ကျနော်ကတော့ မဝင်ခင်ကတဲက ဖတ်ဖူးနေလို့ ဆိုလိုချင်တဲ့သဘောရောက်အောင်ဘယ်လိုရေးရတယ်ဆိုတာ ကိုပေါက်ဆီက နည်းနာယူခဲ့ရတာဗျို့  တကယ်တော့ ကျနော်စာလေးတွေ ပေါက်တတ်ကရရေးဖြစ်နေတာလည်း သူတို့တွေအားပေးအားမြှောက်ပြုလို့လေ ။ ပြောရရင် ပရိုပီသစွာပဲ ဓတ်ပုံ ၊ ကဗျာ ၊ ဆောင်းပါး ၊ ဝတ္ထု ၊ ဟာသသရော်စာ အဲဒီလိုမျိုးအစုံ ဖန်တီးနိုင်တဲ့ အစ်ကိုကြီးပေါက်တစ်ယောက် ဒီထက်မက ရေးနိုင်ပါစေ…… လို့ ။ မျှော်လင့်နေပါတယ်ဗျို့ ။

~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ဗျာ။ စိတ်ဆိုးရအခက်၊ ရီရအခက်၊ လေးစားရအခက်၊ အညင်ကတ်ရအခက် ကော်မန့်တွေ ပို့(စ) တွေ ရေးနိုင်သူကြီး အဲလေ အကောင်ကြီးပေါ့ဗျာ။
ဒီရွာရဲ့ ကြီး (၄) ကြီးထဲ ပါသပေါ့။ တဂျီးရဲ့ သမောဒီးနဲ့ တကွ ရွာရဲ့ သမီးလေးတွေကို အချိန်ရှိတိုင်း လိုက်စ နေသူကြီးပေါ့။ ကျနော့ ကို စာသင်ဖူးတာမို့ ဆရာတစ်ပါးပါ။

ဟမ်မလေးး၊ သိလွန်းလို့ပါ့ဗျာ သီချင်းလေး ဆိုပြလိုက်ချင်သေးး။
သို့ … ကြောင်ကြောင် ~~~ စာရေးလိုက်ပါရဲ့ ~~ စားတဲ့ပေါင်မုန့်တွေ ~~ ငပိ နဲ့လာပြန် လဲ ……   :mrgreenn: အဲ အဲ ဇော်ဝင်းရှိန်သီချင်းနဲ့မှားသွားလို့   :mrgreenn:
အတော်ဆိုးတဲ့ကြောင်ဗျာ … ညနက်ပြီဆို ချက်ဘောက်ကနေ ပွါးပြီ ။ သူကအိပ်ရေးဝပြီး နေ့လည် ၊ ကိုယ်ကတော့ သန်းကောင်ယံ ။ ကိုယ်လည်းအားကျမခံသူ့ကို နေ့လည်ပိုင်းမှာပွါးတော ့ လိုင်းပေါ်ကဆင်းပြေးပါရောလား  မနက်မနက် ဆိုလည်း …… နံနက်ချိန်ခါ တေးသံသာ တွေနဲ့ လာပြီးညှီသဗျ ။ အဲဒီ ကြောင်ဇိုးကြီးနဲ့ကတော့ဗျာ ပြောမဆုံးအောင်တောသုံးတောင်ပါဘဲ ။ တခါတခါ တရားသဘောတွေ ဆွေးနွေးပြန်တော့လည်း ဘုန်းကြီးလူထွက်လားထင်ရတယ် ။ ကျုပ်ကပြောပါတယ် သူ့ကို … ခင်ဗျား တရားအကြောင်းလေးဘာလေးရေးစမ်းပါဆိုတော့ … သိတယ်မဟုတ်လား ကြောင်ဇိုးကြီးက ရူးချင်ယောင်ဆောင်နေပါရော ။ သူတကယ်ရေးထားတဲ့ ပို့စ်တွေရှိပါတယ်။ တကယ်စိတ်လိုလက်ရ မန့်ထားတာတွေလည်း ပညာရသဗျ ။ ချစ်စရာကောင်းတဲ့အချက်ကတော့ ရွာသူားသစ်တိုင်းကို မလွတ်တမ်းမန့်ပေးပြီး အားပေးတာပါဘဲ ။ ကျုပ်ဝင်ကာစတုန်းကလည်း ဆက်ရေးဖြစ်အောင် တွန်းအားပေးတဲ့ထဲ သူလဲပါတာပေါ့ဗျာ ။ အခုတလော ရွာအဝင်ကျဲနေပုံရတယ် ။ အပြင်မှာများ အသစ်တွေ့နေတယ်မသိ ..

:kwi:

~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ခုမှ ခင်ရသလောက် ရင်ဘတ်ချင်းနီးလို့ အတော်ချစ်ခင်ရတဲ့ အကိုကြီးဗျ။ သူက ပို့(စ) ရေးအားနိုင်သလောက် ဘယ်သူ ဘယ်လောက် ဖွဲ့နွဲ့နိုင်တယ် ဆိုတာ ခံစားတတ်လွန်းလို့ ကျနော်လက်ဖျားခါရတဲ့ လူဂျီးပါ။ 

သီချင်းပိုင်းမှာ သူမသိတာမရှိ၊ တေးရေးကို အယ်လဘမ်နဲ့ တကွ ပြောနိုင်စွမ်းရှိတဲ့ သူကြီးပါ။
ဘယ်သူပါလိမ့်ဗျာ။ နေပါဦးးး ကိုဘလက်ချောမဟုတ်လားဗျို့။ ဗျို့ ကျောင်းဒကာ …… ကျနော်တို့ လက်ဖက်ရည်နှစ်ခွက်စီ ဆင့်သောက်တဲ့ ဆိုင်နာမည်က ဘာလဲဗျ ။ အေးဗျာ …… မိုးကသည်းသည်း စကားတွေဖောင်ဖွဲ့ပြီး ထွေရာလေးပါးပြောခဲ့ကြတာသတိယတယ်ဗျို့ ။ ဒါနဲ့ … ကိုယ့်ဆြာလည်း မအားတဲ့ကြားက ရေးနေတာလည်းသိပါ့ဗျာ ။ လောဘတိုက်ပြီးပြောရရင် အရင်လို တစ်ပတ်ငါးပုဒ်လောက်တင်စေချင်တာပါဘဲ။ ချိုပေါ့ကျ ၊ နားစွန်နဖျား ၊ ရွာထဲကအသံ ၊ ဒါဖတ်ပြီးမှ ရွာထဲဝင်ပါ ၊ သတင်းရောင်းသတင်းဝယ် ၊ ဒီတစ်ပတ်ဘလက်ချောအကြိုက် စသည်စသည်လေးတွေပေါ့ဗျာ ။ မျှော်နေမယ်နော …… ဟဲ ဟဲ

~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ကျနော် ရွာထဲ ဝင်ခါစက အဲဒီလူဂျီး ကော်မန့်တွေကို လန့်ဖူးတယ်ဗျ။ မန့်ရင်လည်း အိုင်ကွန်လေးတွေ မပါတော့ နောက်တာလား အတည်လားကို မသိတာ။ ပြီးမှ ခင်မင်ဖို့ ကောင်းတဲ့ အကိုကြီးမှန်းသိရတာဗျားးး။ ဘယ်သူလဲ?
ကိုချိုကြီး လို့ ခေါ်တဲ့ ကိုပီချိုကြီးပေါ့ဗျာ။ ကဲ!! ကိုချိုရေ …… စာမရေးတတ်ဘူး လို့တော့ မရှော်ကြေးဗျာ ။ ဆြာသမား ရေးခဲ့တာတွေ ဘယ်လိုညက်တယ်ဆိုတာ မြင်ခဲ့ဖူးသနော  အရင်လိုဘဲ ဂွတီး ဂွကျ ကွန်မန့်လေးတွေ လုပ်ပါဦးဗျ ။ ကျနော်လည်း ပြီးခဲ့တဲ့နွေက ပုဂံသွားမယ်လုပ်တော့ ကိုယ့်ဆရာ ရဲ့ပုဂံပို့စ်ကိုပြန်ရှာရသေးဗျာ ။ ဒီရွာထဲ နေရတာတစ်ခုတော့ကောင်းသဗျ ။ လိုအပ်တာလေးတွေရှိရင် ဟိုမွှေဒီမွှေ လုပ်လိုက်ရုံဘဲ ။ မအားတာတွေအားတာတွေ မပြောနဲ့ဦးဗျာ ။ အားရင်တော့ ရွာထဲဝင်ပြီး ပြန်မွှေဦး ။ ဒါဗြဲ  :mrgreenn:

~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်က တော့ ကိုရီးယားမင်းသမီး ယွန်နာလေးရဲ့ ချစ်သူပေါ့ဗျာ။ မိုး မိုး လို့လည်း အမြဲတ တတ်တယ်လေ။ အဲဒီ အကိုကြီးကို ရော ဘာပြောချင်သေးလဲ။
ဟဲလို … ကိုမျိုးသန့်
ဘောလုံးရာသီရောက်ပြီဆိုတော့ ကိုရီးယားမလေးတွေကိုခဏခေါက်ပြီပေါ့နော။
 အေးဗျာ … ခံစားတတ်သူကြီးရဲ့ ရင်ဖွင့်လွှာတွေလည်း မဖတ်ရတာကြပြီဗျ ။
စာပေကိုအသွေးထဲ အသားထဲကပါလာသူကြီးဆိုတော့ သမီးရဲ့ဦးဇတ်လမ်းလေးတွေရေးတာလဲကောင်းးးးး ၊ မ ရဲ့မောင်လေး ဆိုပြီး နွဲ့တာလည်း ကောင်းးးး :mrgreen:
ကဲ …… ဒီရာသီ ဘယ်လိုလွမ်းပြမလဲ လုပ်ဗျာ …

~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ နာမည်နဲ့ လူနဲ့ တခြားစီပါဗျာ။ ကျနော်တို့ သည်းမခံနိုင်တဲ့ အချိန်တွေမှာတောင် တော်တော်သည်းခံနိုင်စွမ်းရှိလို့ ကျိတ်ချီးကျူးရတဲ့ ငှက်ကဥကြီးပေါ့။ ကျနော်မလာအားလို့ ရွာထဲမလာနိုင်ရင်တောင် လိုက်ခေါ်တတ်တဲ့ ကျနော် ချစ်ခင်ရတဲ့ လူဂျီးပါ။
ဘယ်သူရှိရမတုန်းဗျ။ ကိုကြီးမိုက်တဲ့။ တွေ့စကတော့နာမည်ကြည့်ပြီး နဲနဲလန့်သဗျ ။
တကယ်ဘဲ မိုက်နေသလားပေါ့ ..ဟဲ ဟဲ …။
 နာမည်ကသာ ပေါက်ကရပေးထားတာစာရေးတော့အမှန်အကန်တွေချည့်ဘဲ။
ကျုပ်တို့ကသာ ပေါက်ပန်းလေးဆယ်ရေးနေတာ ။
တစ်ခုပဲ … မန်ဘာသက်တမ်း သုံးနှစ်ကျော်မှာ ရေးထားတဲ့ပို့စ်တွေ နည်းနေသေးတာဘဲ ။
 ကဲ …… အဲဒီတော့ ဦးမိုက်ရေ ဒီနေရာကဘဲပြောမယ်နော် ……
စာတွေများများရေးပေးပါ ။
စာရေးရမှာ ကပ်စီးမနဲပါနဲ့ :kwi:
ထောင်ထွက် ကြီးမိုက်တို့ ၊ ကြီးမိုက်ကြီး အိုသွားသောအခါ တို့လိုပို့စ်တွေလုပ်ပါဦးနော ။
 ရွာ့အရေးဆိုတက်တက်ကြွကြွနဲ့ ဦးစီးတတ်တဲ့ ကျုပ်တို့ရဲ့ နော်တော်ကြီးရဲ့အရေး အတွေးတွေကို စောင့်မျှော်နေပါကြောင်းးးးးးးးးး

~~~~~~~~~~~~~~~~~~~~~

ဟဟ။ ခုတစ်ယောက်ကတော့ ရွာထဲက ချစ်ခင်သူ အများဆုံးလို့ ဆိုရမဲ့ ၂ ယောက်ပါဗျာ။ ရွာရဲ့ စံပြစုံတွဲကိုးဗျ။ မီးဖိုချောင်မှာ ဆို သိပ်တက်ညီလက်ညီရှိတဲ့ ၂ ယောက်။ ဟင်းချက်ကြတာလေ။
ဦးကျောက်ခဲနဲ့ နှင်းပေါ့ဗျာ။
ဒီလူကြီးနဲ့ပတ်သက်တာမှန်သမျှပြောရ ရင် ဒီတစ်နေကုန်ပြီးမှာမဟုတ်ဘူး ။
သူ့စာတွေစဖတ်မိကတည်းက အတော်လေးပျော်တတ်ပြီး အာဝဇ္ဇန်း ကောင်းမယ်ဆိုတာ ထင်မိသား ။
 ကျုပ်ကလည်း အလွန် လေဖေါတဲ့သူဆိုတော့ ကျုပ်တို့နှစ်ယောက်တည်း လေထိုင်ဖေါလိုက်တာ ၃ နာရီကြာတာတောင် ခဏလေးလိုဘဲ ။
ဒါပေမယ့် သူလည်း စကားသာ မမောတန်းပြောနိုင်တယ် စာကျတော့ အရေးနဲသဗျ ။
 ရေးထားသမျှကတော့ သိတဲ့အတိုင်း တကယ့်ရှယ်တွေလေဗျာ ။
ခင်ဗျားတို့သတိထားမိလား ဒီလူကြီးစာရေးပုံက သုတတွေပေးတာတောင် အရသာရှိရှိ ပေးသွားတာ။
 စာဖတ်ပြီး အသိတွေတိုးသွားပေမယ့် တကယ့်ကိုပေါ့ပေါ့ပါးပါးလေး ပေးလိုက်တာ ။
ကဲ ကဲ ဆြာကျောက်ရေ ……
ဟိမဝန္တာချီးမွန်းခန်းဖြစ်နေရော့မယ် ။ စာလေးသာ များများရေးပါဗျို့ ………။

ဒီမှာဒေါ်နှင်းနှင်း …
ခင်ဗျားကို ဦးကျောက်ခဲက စားမရေးရဘူးလို့ကန့်သတ်ထားလေသလားဗျ ။
ဒါဆို သဂျီးနဲ့တိုင်ဗျာ 
နောက်တာပါ …… တပယ်တော့
ယောင် နောက်ဆံထုံးပါပြီးကတည်းက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင် ကွန်မန့်လေးတွေမတွေ့ရတော့လို့ပါ ။
အိမ်ထောင်ရက်သားကျပြီဆိုတာနဲ့ သမိုင်းပေးတာဝန်တွေကြား မအားလပ်နိုင်ကြတာ ကိုယ်ချင်းစာပါတယ်ဗျို့ ။
(ဒါတောင်မှ သဂျီးက အတွဲတွေနဲသလေးဘာလေး လုပ်နေသေးတယ် … အတွဲတွေ အကုန်ဖြစ်ကုန်ရင် သူ့ရွာမှာ တစ်ယောက်မှရှိမှာမဟုတ်တော့ဘူး :mrgreen: )
ဘာပဲဖြစ်ဖြစ် တခါတလေ လာလည်နိုင်ရင် လာလည်ခွင့်ရှိရင်ပေါ့လေ :kwi:
လာပါဦးးးးးးးးးးးးးးး လို့ ……… ။

~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ရွာထဲ အတင်းခေါ်မှပဲ မျက်နှာလာလာပြပြီး ပျောက်သွားတတ်သူ၊ စကားနည်းပေမဲ့ ဘယ်ပို့(စ) ဘယ်သူရေးတာ ဘယ်လိုဆိုတာ မှန်မှန်ကန်ကန်သိတဲ့သူဗျ။ ကျနော့ထက် စာလုံးစေ့ဖတ်နိုင်လို့ အတုယူရတဲ့သူပေါ့ဗျာ။
အမတ်မင်း ပေါ့လေ။
လွှတ်တော်မတက်တဲ့ အမတ်ရယ်လို့နာမည်တွင်တဲ့သူ ။
သူလည်း ရွာကိုအပြင်ကဘဲပတ်နေတယ် ထင့်
စာရေးကျဲ ၊ ကွန်မန့်နဲပေမယ့် ကျုပ်တို့အမတ်ကြီးက ရွာအရေးကိစ္စတွေမှာ ဘယ်လိုအားကိုးရတယ်ဆိုတာ အားလုံးလဲသိပြီးသားပါ ။
စကားနဲပြီးဘအလုပ် များများလုပ်ပြတဲ့ကျုပ်တို့ ရောင်းရင်းကြီးကိုသတိယတယ်ဗျာ ။
ရွာကိုလမ်းကြုံရင်တော့ ဝင်ခဲ့စေချင်တယ် ။
အပြင်မှာ မကြာခဏတွေ့နေရပေမယ့် ရွာသူားစိတ်ဓာတ်အရ ရွာထဲလည်းဆုံချင်သေးတယ် ဗျို့ ………

~~~~~~~~~~~~~~~~~~~~~~~~~

အဟိ။ နောက်တစ်ယောက်က ကျနော်ရွာထဲ ဝင်စ တီချယ်ကြီး ပို့(စ) မှာ ကျနော့ကို ပထမဆုံးကြိုဆို နှုတ်ဆက်ခဲ့တဲ့ လူဂျီးးးး၊ အပြင်မှာ အနေအေးတယ်ကြားသလောက် ကော်မန့်မှာ နောက်တောက်တောက်လာလာပြောတတ်တာ သတိထားမိတယ်။ ခုတော့ ကျနော့ အွန်လိုင်း အကိုဂျီး စာရင်းထဲမှာ ပါတဲ့ လူဂျီးပေါ့ဗျာ။ ကိုဘလက်ချော ပို့(စ) တိုင်းမှာ ပါတဲ့ လူဂျီးပေါ့။
ဂဇက်ရွာမှာ ကြီး ၃ ကြီး ရှိသလို …
ကျနော် သတ်မှတ်ချက် အရတော့ ကြီး လေး ကြီး ပဲဗျ။
မိ ၃ မိ လည်းရှိနေပါတယ် ဟဲ ဟဲ …
ကြီး သုံး ကြီးကိုတော့ သိကြမှာပါ ။ အဲ အဲ မိ သုံးမိကတော့ ……
နိုဇိုမိ ၊ နိဂိမိ နဲ့ ဟောဒီက မောင်ဆာမိ ပါပဲဗျို့ :mrgreen:
မိကြီး မိလတ် မိလေး လို့ ဝါစဉ်အတိုင်းစဉ်ရရင်ဖြင့် ကိုနိုဇိုမိဟာ မိလတ်များဖြစ်နေမလားပေါ့နော် :kwi:
ဘာပဲဖြစ်ဖြစ် လမ်းပြပို့စ်တွေ သုတပို့စ်တွေနဲ့လမ်းဖွင့်ပေးတဲ့ကျုပ်တို့ရဲ့နောက်တော်ကြီးပါ။
 မတွေ့တာကြာဆို အင်တာနက်ကို တနင်္ဂနွေပဲ သုံးမယ်ဆိုပြီးအဓိဋ္ဌာန်ဝင်နေလိုက်တာ
ရှိမ်းဆာယာဖိုမောက်ပြီး ကိုယ်ပျောက်သွားပါရောလား ကွယ်တို့ ……။
ဒီမှာ ကိုနိုဇို ……
မနက်မနက် ချက်ဘောက်မှာပြောတဲ့အချိန်တွေထဲက နဲနဲလောက်ပေးပါ ။
ရွာကလူတွေ မျှော်နေတယ်နော် ။
:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ကျနော့ ကျေးဇူးရှင် ဆရာမ၊ ကျနော့ကို ဒီရွာ အရောက်ပို့ခဲ့ပြီး ပစ်ထားတဲ့ တီချယ်ကြီးပေါ့။ အဟင့်။။

တီတီနုပေါ့ဗျာ … တကယ်ကိုနုတဲ့ကျုပ်တို့ ဆရာမကြီး ။
အင်္ဂလိပ်စာတွေ မျှဝေပေးတဲ့ ကျုပ်တို့ဆရာမကြီး ။
ဂဇက်ရွာကို မလာအားပေမယ့် ကိုယ်စားလှယ် ရှာပေးခဲ့တဲ့ ကျုပ်တို့ဆရာမကြီး ။
ဒီတော့ …… ဟို ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ကဗျာကို
မှီငြမ်း စကားလုံးပြောင်းပြီး ဆရာမကြီးကိုဂုဏ်ပြုပါရစေနော် 

တီတီနု
တီချယ် ဘာမှလုပ်စရာမလိုတော့ဘူး
ဇီဇီခင်ဇော်ကို ရွာကိုပို့လိုက်ကတည်းက
ဆယ်သက်စာ တာဝန်ကျေသွားပြီ
ဒါပေမယ့် တီချယ်
သူ့ထမင်းဆိုင်မှာ အားပေးကြပေမယ့်
တီတီနုကိုလည်းလွမ်းနေကြသေးတယ် အရင်လိုရွာထဲမှာ မျှဝေပါဦး
ဘာသာပြန်ဝတ္ထုလေးတွေနဲ့ရသတွေပေးပါဦး
တီချယ့်တပည့်ကို လွှတ်မထားပါနဲ့
ကျနော်တို့ကို ညာညာခိုင်းလွန်းလို့  (ငင်)
တီချယ် အမြန်ပြန်လာပါ
ဂဇက်ရွာ တံခါးနားက
ကျနော်တို့ ကြိုနေမယ်နော် …

:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ဆရာတူ တပည့် လို့ ပြောရမဲ့ မယ်ပုလေးပါ။ ကျနော်ကတော့ အပုလေးလို့ ခေါ်တယ်။ ရွာသက် ဒီလောက်ရှည်ကြာပြီးတဲ့နောက်မှာ သူပြောခဲ့ သတိပေးခဲ့တဲ့ စကားတွေဟာ တန်ဖိုးရှိတယ်လို့ ခံစားရလို့ ကျေးဇူးတင်ရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ အပြင်မှာလည်း စကားတွေ အပိုမပြောတတ်သလို စိတ်ထဲရှိတဲ့ အတိုင်းရှင်းရှင်းပြောတတ်တဲ့ အမျိုးသမီးငယ်။
နန်းမတော်နု လို့ဆိုလိုက်တာနဲ့ မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သလို ……
နန်းမတော်မယ်ပု လို့ ဆိုပြန်ရင်လည်း ဂဇက်ရွာတစ်ကြော လျှမ်းလျှမ်း တောက်ခဲ့သူပါဘဲ ။
ပို့စ်တွေ အလွန်နဲပေမယ့် တစ်ပုဒ်ဆိုတစ်ပုဒ် ဟတ်ထိ အောင်ရေးခဲ့သူပါ ။
ထိမိတဲ့ကွန်မန့်တွေနဲ့ ရဲရဲတင်းတင်း ကိုယ့်အမြင်ကိုယ့်အတွေးကိုချပြနိုင်သူအဖြစ် လေးစားရပါတယ် ။
သူ့ကိုတော့ ကျနော်က ဒေါ်ပုချ် လို့ခေါ်လေ့ရှိတယ် ။
ဟို ရွာသဂျီး လူ့ကန့်လန့် ကို ဆန့်ကျင်နေကျ ကျနော်တို့ဘက်တော်သားပါ ဟဲဟဲ …
နောက်တာပါဗျာ ……
တကယ်ဆိုရင် ကျနော်ဝင်ကာစ ကတည်းက အားကျလေးစားခဲ့ရသူတစ်ဦးပါ ။
သူ့ရဲ့ကွန်မန့်တွေကိုပြန်တွေ့ချင်မိပါသေးတယ် ။
ဒေါ်ပုချ်ရေ …… သဂျီးကို တစ်ခါလောက် ဆော်ပလော်တီးရအောင် အင်အားဖြည့်ပေးဦးဗျာ  :mrgreen:

~~~~~~~~~~~~~~~~~~~~

နောက် ဇာတိ တူ မောင်ငယ်လေးတစ်ယောက်ရှိသေးတယ်။ စသိတော့ သူ့ရဲ့ လေသွားလေလာအရကိုယ့်ထက် အသက်အတော်ကြီးမယ် အောက်မေ့နေတာ။ နောက်တော့ မေးရင်းပြောရင်း ကျနော့ကို အသက်မှန်ဖော်လိုက်ရတယ်လေ။
အဲဒီတော့မှ ကျနော့ထက် အသက်အတော်ငယ်တဲ့ ကလေးမှန်းသိတာပါ။ ကျနော် အဲဒီအသက်အရွယ်တုန်းကထက်ကို အများကြီး လိမ္မာရင့်ကျက်တဲ့ ကလေးပေါ့။
ဦးမာဃကို ပြောသလားဗျာ။ ဒီသဂျားက ပြောတော့လေကြီးမိုးကြီး ။
နတ်သမီးများတစ်ဖက်ငါးရာထားဦးမယ် တဲ့ ။
အခု အဂ္ဂမဟေသီ ထိတ်ဆု မိဖုရားလည်းရရော ……
ရွာဝင်ခွင့် ဗီဇာအပိတ်ခံနေရပါရောလား အရပ်ကတို့ …………
တာဝတိ ံသာက အက်ဆေးလေးတွေ လုပ်စမ်းပါဦးကွာ …
လူကလေး ငယ်သလောက် တော်ကီကြီးကြီးလွှတ်တတ်တဲ့ မောင်ရင့် လက်ရာလေးတွေများ မြင်ချင်သေးရဲ့ ……  :kwi:

~~~~~~~~~~~~~~~~~~~~~~~~~

ဒီ အပိုင်း (၁) အမေးအဖြေ မှာ ဒီနေ့အတွက်တော့ ဒီလောက်ပဲ မေးလို့ ရခဲ့ပါတယ်။
ဆာဆာ အလုပ်များနေတာမို့ နောက် မန်ဘာများ အတွက် နောက်တစ်ပတ်ကို ဆက်လက် မေးမြန်းသွားမှာ ဖြစ်ပါတယ်။

ရွာထဲက မန်ဘာစုံအောင် ကြိုးစား မေးမြန်း တင်ဆက်သွားမှာမို့ စောင့်မျှော် အားပေးကြပါဦးး..

 

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120