ဇီဇီ,ဆာဆာ ပလီပလာ မဟုတ် – အပိုင်း (၁)
နိဒါန်းတွေ ချီမနေတော့ဘူးးး

မေးသူ – ဇီဇီ and ဖြေသူ – ဆာဆာ
မေးသူ – ဇီဇီ
ဖြေသူ – ဆာဆာ
~~~~~~~~~~~~~
ကဲ၊ ဆာဆာ၊ ရွာထဲက သူတွေ အကြောင်း စကားစမြည်ပြောပါရစေ။
ပြောပါဗျာ။၊
ကော်မန့် အပေးမှာ ကျနော်ချစ်တဲ့ ရွာလူဂျီး ၂ ယောက်ရှိတယ်ဗျ။ အမျိုးသား တစ်ယောက်။ အမျိုးသမီးတစ်ယောက်။ အမျိုးသမီးကတော့ အရီးလတ်ပေါ့။ သူ က စပြောကြမယ်ဗျာ။
အရီးလတ် အကြောင်း ပြောရမယ် ဆိုရင်………………..
အရီးလို့ဘဲခေါ်ခေါ် ၊ အရီးလတ်လို့ဘဲခေါ်ခေါ် အတော်လေးလဲခင်ဖို့ကောင်း နဲနဲလောက်လဲ လန့်စရာကောင်းတဲ့ဘွားတော်ကြီးပါ ။
ခင်ဖို့ကောင်းတာကတော့ ဟောင်းသစ်မရွေး မန့်တဲ့နေရာမှာတော့ အားသွန်ခွန်စိုက်ဘဲဗျ ။ သူမသိတာလည်း အလွန်နဲပါပေတယ် အဲ အဲ လန့်ဖို့ကောင်းတာကတော့ ထော်လော်ကန့်လန့်မြင်ရင် ပညာသားပါပါနဲ့ ဇိဇိမြည်အောင်ကို ပွားတော့တာဗျို့ ။
စာရေးတော့လား ? အနှစ်တွေချည့်ရေးတာ … ပို့စ်နဲပေမယ့် တကယ့် ကို သိမ်းထားရမယ့်ပို့စ်တွေချည့်ပါ။
ဆိုတော့ ……… အရီးရေ …..
ရောက်ရာအရပ်ကနေ ရွာထဲမကြာမကြာလာပါ …… လို့ ။
ပြန်လာရင် ဖိုးချိုသီချင်းလည်း ဆိုပြပါ့မယ် … လို့
~~~~~~~~~~~~~~
နောက် တန်ဖိုးရှိ ပို့(စ) တွေ ရေးတတ်တဲ့ ကျုပ်ရဲ့ အာတီဒုံ အကြောင်းရော ပြောပြပါဦးးး။
အာတီဒုံ (သို့) တပင်တိုင်မင်းသမီး ကြီးလား?
တစ်ခုခုဆို အကောင်းဘက်ကပြုပြင်ဖို့အမြဲတွေးတတ်တဲ့ အစ်မတော်ကြီး ဗျ ။
မတွေ့ဖူးမသိဖူးခင်ကတော့ ကိုယ့်ထက်တောင်ငယ်မယ်ထင်တာ ဟဲဟဲ …။
ပုံပမာတွေပြပြပြီး သြဝါဒခြွေ ၊ အပြုသဘောတွေရေးလွန်းလို့ ကျုပ်လို ကချော်ကချွတ် မန့်တတ်တဲ့သူက သူ့ပို့စ်တွေဆို အရင်က သိပ်မမန့်ရဲဘူး ။
ရွာအရေးဆို အလွန်တက်ကြွခဲ့တာကလား……
ဟိုးးးးးး ပထမအစ အလှူကတည်းက ရှေ့ကနေပါခဲ့တာလေ ။
ကူညီစရာပေါ်ပေါက်လာရင်လဲ ရွာထဲကဆို လာထားဘဲဗျ ။ ( ကဲ ကဲ ပိုက်ပိုက် သွားချေးကြစို့ )
အမြင်မတော် ပြုပြင်စရာလေးတွေ သံခမောက်ဆောင်းပြီးရေးတတ်တဲ့ အာတီဒုံရေ ………
မကြာ မကြာ စာလေးဘာလေး ရေးပါဦးနော ……
အဘိဓမ္မာလည်း အဘိဓမ္မာပေါ့ ၊ ရွာလည်း ပစ်မထားလေနဲ့ဦး။
ကိုယ်ပိုင်အတွေး ပုံပမာလေးတွေ မျှော်နေဦးမယ်ဗျို့
~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်။ တပင်တိုင်မင်းသမီးရဲ့ အမွှာညီမ ချစ်မမ။ ကျနော် ချီးကျူးရတဲ့ မှတ်ဉာဏ်ပိုင်ရှင်ပါဗျာ။ ဘယ်သူ ဘယ်လို ကော်မန့်ပေးဖူးတယ်ဆိုတာ ကွက်တိ သိတတ်လွန်းလို့ ချစ်ခဲ့ရတာပါ။
မမ = မြန်မာ့မီးရထား လို့တော့ မထင်လိုက်ပါနဲ့ဗျို့ ။
အဲဒီအစ်မတော်ကိုလည်း ရွာထဲစာမရေးတာကြာလို့ သတိယမိသား ။
တစ်ချိန်တစ်ခါက ရွာထဲမှာ ဦးကို ဒေါ်လုပ်ပြီးခေါ် ၊ မ ကို မောင် လုပ်ပြီးပြောကြတုန်းက အန်တီမမ ကို ပြောင်းပြန်ခေါ်မရခဲ့ဘူးဗျ ။
အဲ ကျုပ်ကတော့ ပို့စ်တစ်ပုဒ်ကကွန်မန့်မှာ
ဦးဘားမားရထား လို့အတင်းမရ ရအောင်ခေါ်ခဲ့သေးတာပေါ့ ။
အဲဒီ အစ်မတော်က ကျုပ်ကိုခေါ်ပုံလည်း ကြည့်ပါဦးလေ …… ” ဒေါ်ရွှေမိ”” တဲ့ဗျားးး
ဘာပဲဖြစ်ဖြစ် ဒီလိုလေးလေးနက်နက် ပေါ့ပေါ့ပါးပါး ကွန်မန့်လေးတွေ နဲ့ရွာကိုပျော်မွေ့နေတဲ့ အစ်မတော်တစ်ယောက် စိတ်သောကများကင်းပြီး ရွာထဲအမြန်ပြန်လာနိုင်ပါစေ …… လို့…..
~~~~~~~~~~~~~~
ဟဲဟဲဟဲ။
ရီသံကြားတာနဲ့ ဘယ်သူ့ အကြောင်း မေးမယ် ဆိုတာ သိတယ်ဟုတ်?
အရေထူတဲ့ နေရာ မနာတတ်တဲ့နေရာမှာ တဂျီးနဲ့ တန်းတူထားပြီး အံ့ဩချီးကျူးရတဲ့ လူဂျီးး အကြောင်းပေါ့။အဘဖောလို့ ခေါ်တယ်။ သူ့ကိုသူ အဘလို့ပြောနေလို့သာ ချောချက်က ကိုစိုးသူ နေခဲ့တော့ဗျာ။
သူပေါ့ဗျာ။ ရွာထဲမှာစတွေ့ဖူးတာကတော့ ကျနော့်ကွန်မန့်တစ်ခုအောက်ကနေ Agree with Surmi တဲ့ သူရေးသွားတာ ။
အံမယ် !! တယ်ဟုတ်တဲ့ ငါ ပါလားပေါ့ ။ မြန်မာစာဖတ်တတ်သော နိုင်ငံခြားသား အဖိုးဂျီးက အဂရီး တွေဘာတွေလုပ်တယ်ပေါ့ ။
ပြီးတော့ အဲ့ဒီဘိုးတော်က ကွန်မန့်ကို ဘိုလိုတော့ တာလေ ။ (အမှန်တော့ မြန်မာလိုပြောချင်တာစက်စက်ယို ၊ လက်ကွက်မရိုက်တတ်လို့ )
သူရေးတဲ့ပို့စ်တွေကလည်း အစပိုင်းက အီးလိုတစ်ဝက် မြန်မာလိုဖြတ်ညှပ်ဆက်တစ်ဝက် ၊ ပြောလိုက်တဲ့ သြဇီ … သြဇာသီးစားပြီးပြောနေသလားထင်ရတယ် ။
ဒီတော့ ကျုပ်ကလည်း သူ့ကို သြဇီနိုင်ငံသား ဆံဖြူခါးကိုင်း တုန်ချိချိ မျက်စိမှုန်မှုန် အဖိုးကြီးလို့ထင်တာဆန်းသလားဗျာ ဟဲ ဟဲ … ။
တစ်ခါမှာတော့ သူ့ချေထောက်ကိုသူ ဓတ်ပုံရိုက်တင်မိသလားမသိ ။ ကိုပေ က ဝနေတယ်လို့ မန့်တာတော့တွေ့မိသေးတယ် ။
ဒီဘိုးတော်ရဲ့ စဉ်းစားကြစေလိုပါတယ် တွေကတော့ တကယ့်ကို သြချလောက်ပါပေတယ် ။ တခါတလေ ပြဿနာတဆုံးကိုနှိုက်ချက်က အိုဂျီတောင်မှ
လက်မြှောက်သွားလောက်ပါရဲ့ ။
အခုလည်း သတိယလိုပြောဦးမယ်။
မစဉ်းစားရတာကြာပြီ ။ မကြာမကြာ လာပြီးစဉ်းစားခိုင်းဦး … သံခမောက်လေးလည်းမမေ့နဲ့နော်
~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ ရွာရဲ့ သက်တော်ရှည် ရွာသား တစ်ယောက်ပါ။ ကဗျာ၊ ရသ၊ ဓာတ်ပုံ ဘက်စုံရတာမို့ လေးစားအားကျရတဲ့ စီနီယာကြီးပေါ့။ ဘယ်သူတုန်းသိလားး
ဘယ်သူရှိရဦးမတုန်းးး၊ ကိုပေါက် (မန္တလေး) ပေါ့ဗျာ။
မင်္ဂလာပါအစ်ကိုကြီး ရေ… ပလက်ဖေါင်းတွေ တံတားတွေ အုပ်မြစ်တွေ နဲ့ ဓါတ်ပုံ လှလှလေးတွေနဲ့ အားဖြည့်ပေးနေတာ အားကျလှသဗျာ ။ ကိုပေါက် လို့ ဆိုလိုက်ရင် ခေါင်းစဉ်ပေါင်းများစွာကို ပိုင်စိုးသမို့ ဖွဘုတ်တခွင်လည်း ဟိုးဟိုးကျော်နေတာလူတိုင်းသိသပေါ့ ။ ကိုပေါက်ရဲ့ စာပေရေးသားခြင်းအပေါ်ထားတဲ့ စေတနာ ၊ဝါသနာ နဲ့ အားထုတ်မှုကိုတော့ ဒီတသက်လိုက်မမှီဘူးဗျို့ ။ ကိုပေါက်နဲ့ ဂဇက် … ဂဇက်နဲ့ကိုပေါက် ဘယ်လိုမှခွဲမရတာဆိုတော့ ရွာထဲရောက်လို့မှကိုပေါက်စာတွေမဖတ်ဖူးဘူးဆိုရင် ရွာကိုရောက်ခဲ့တယ်လို့ပြောမရသေးဘူးဗျ ။ ကျနော်ကတော့ မဝင်ခင်ကတဲက ဖတ်ဖူးနေလို့ ဆိုလိုချင်တဲ့သဘောရောက်အောင်ဘယ်လိုရေးရတယ်ဆိုတာ ကိုပေါက်ဆီက နည်းနာယူခဲ့ရတာဗျို့ တကယ်တော့ ကျနော်စာလေးတွေ ပေါက်တတ်ကရရေးဖြစ်နေတာလည်း သူတို့တွေအားပေးအားမြှောက်ပြုလို့လေ ။ ပြောရရင် ပရိုပီသစွာပဲ ဓတ်ပုံ ၊ ကဗျာ ၊ ဆောင်းပါး ၊ ဝတ္ထု ၊ ဟာသသရော်စာ အဲဒီလိုမျိုးအစုံ ဖန်တီးနိုင်တဲ့ အစ်ကိုကြီးပေါက်တစ်ယောက် ဒီထက်မက ရေးနိုင်ပါစေ…… လို့ ။ မျှော်လင့်နေပါတယ်ဗျို့ ။
~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ဗျာ။ စိတ်ဆိုးရအခက်၊ ရီရအခက်၊ လေးစားရအခက်၊ အညင်ကတ်ရအခက် ကော်မန့်တွေ ပို့(စ) တွေ ရေးနိုင်သူကြီး အဲလေ အကောင်ကြီးပေါ့ဗျာ။
ဒီရွာရဲ့ ကြီး (၄) ကြီးထဲ ပါသပေါ့။ တဂျီးရဲ့ သမောဒီးနဲ့ တကွ ရွာရဲ့ သမီးလေးတွေကို အချိန်ရှိတိုင်း လိုက်စ နေသူကြီးပေါ့။ ကျနော့ ကို စာသင်ဖူးတာမို့ ဆရာတစ်ပါးပါ။
ဟမ်မလေးး၊ သိလွန်းလို့ပါ့ဗျာ သီချင်းလေး ဆိုပြလိုက်ချင်သေးး။
သို့ … ကြောင်ကြောင် ~~~ စာရေးလိုက်ပါရဲ့ ~~ စားတဲ့ပေါင်မုန့်တွေ ~~ ငပိ နဲ့လာပြန် လဲ …… အဲ အဲ ဇော်ဝင်းရှိန်သီချင်းနဲ့မှားသွားလို့
အတော်ဆိုးတဲ့ကြောင်ဗျာ … ညနက်ပြီဆို ချက်ဘောက်ကနေ ပွါးပြီ ။ သူကအိပ်ရေးဝပြီး နေ့လည် ၊ ကိုယ်ကတော့ သန်းကောင်ယံ ။ ကိုယ်လည်းအားကျမခံသူ့ကို နေ့လည်ပိုင်းမှာပွါးတော့  လိုင်းပေါ်ကဆင်းပြေးပါရောလား မနက်မနက် ဆိုလည်း …… နံနက်ချိန်ခါ တေးသံသာ တွေနဲ့ လာပြီးညှီသဗျ ။ အဲဒီ ကြောင်ဇိုးကြီးနဲ့ကတော့ဗျာ ပြောမဆုံးအောင်တောသုံးတောင်ပါဘဲ ။ တခါတခါ တရားသဘောတွေ ဆွေးနွေးပြန်တော့လည်း ဘုန်းကြီးလူထွက်လားထင်ရတယ် ။ ကျုပ်ကပြောပါတယ် သူ့ကို … ခင်ဗျား တရားအကြောင်းလေးဘာလေးရေးစမ်းပါဆိုတော့ … သိတယ်မဟုတ်လား ကြောင်ဇိုးကြီးက ရူးချင်ယောင်ဆောင်နေပါရော ။ သူတကယ်ရေးထားတဲ့ ပို့စ်တွေရှိပါတယ်။ တကယ်စိတ်လိုလက်ရ မန့်ထားတာတွေလည်း ပညာရသဗျ ။ ချစ်စရာကောင်းတဲ့အချက်ကတော့ ရွာသူားသစ်တိုင်းကို မလွတ်တမ်းမန့်ပေးပြီး အားပေးတာပါဘဲ ။ ကျုပ်ဝင်ကာစတုန်းကလည်း ဆက်ရေးဖြစ်အောင် တွန်းအားပေးတဲ့ထဲ သူလဲပါတာပေါ့ဗျာ ။ အခုတလော ရွာအဝင်ကျဲနေပုံရတယ် ။ အပြင်မှာများ အသစ်တွေ့နေတယ်မသိ ..
~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ ခုမှ ခင်ရသလောက် ရင်ဘတ်ချင်းနီးလို့ အတော်ချစ်ခင်ရတဲ့ အကိုကြီးဗျ။ သူက ပို့(စ) ရေးအားနိုင်သလောက် ဘယ်သူ ဘယ်လောက် ဖွဲ့နွဲ့နိုင်တယ် ဆိုတာ ခံစားတတ်လွန်းလို့ ကျနော်လက်ဖျားခါရတဲ့ လူဂျီးပါ။
သီချင်းပိုင်းမှာ သူမသိတာမရှိ၊ တေးရေးကို အယ်လဘမ်နဲ့ တကွ ပြောနိုင်စွမ်းရှိတဲ့ သူကြီးပါ။
ဘယ်သူပါလိမ့်ဗျာ။ နေပါဦးးး ကိုဘလက်ချောမဟုတ်လားဗျို့။ ဗျို့ ကျောင်းဒကာ …… ကျနော်တို့ လက်ဖက်ရည်နှစ်ခွက်စီ ဆင့်သောက်တဲ့ ဆိုင်နာမည်က ဘာလဲဗျ ။ အေးဗျာ …… မိုးကသည်းသည်း စကားတွေဖောင်ဖွဲ့ပြီး ထွေရာလေးပါးပြောခဲ့ကြတာသတိယတယ်ဗျို့ ။ ဒါနဲ့ … ကိုယ့်ဆြာလည်း မအားတဲ့ကြားက ရေးနေတာလည်းသိပါ့ဗျာ ။ လောဘတိုက်ပြီးပြောရရင် အရင်လို တစ်ပတ်ငါးပုဒ်လောက်တင်စေချင်တာပါဘဲ။ ချိုပေါ့ကျ ၊ နားစွန်နဖျား ၊ ရွာထဲကအသံ ၊ ဒါဖတ်ပြီးမှ ရွာထဲဝင်ပါ ၊ သတင်းရောင်းသတင်းဝယ် ၊ ဒီတစ်ပတ်ဘလက်ချောအကြိုက် စသည်စသည်လေးတွေပေါ့ဗျာ ။ မျှော်နေမယ်နော …… ဟဲ ဟဲ
~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ ကျနော် ရွာထဲ ဝင်ခါစက အဲဒီလူဂျီး ကော်မန့်တွေကို လန့်ဖူးတယ်ဗျ။ မန့်ရင်လည်း အိုင်ကွန်လေးတွေ မပါတော့ နောက်တာလား အတည်လားကို မသိတာ။ ပြီးမှ ခင်မင်ဖို့ ကောင်းတဲ့ အကိုကြီးမှန်းသိရတာဗျားးး။ ဘယ်သူလဲ?
ကိုချိုကြီး လို့ ခေါ်တဲ့ ကိုပီချိုကြီးပေါ့ဗျာ။ ကဲ!! ကိုချိုရေ …… စာမရေးတတ်ဘူး လို့တော့ မရှော်ကြေးဗျာ ။ ဆြာသမား ရေးခဲ့တာတွေ ဘယ်လိုညက်တယ်ဆိုတာ မြင်ခဲ့ဖူးသနော အရင်လိုဘဲ ဂွတီး ဂွကျ ကွန်မန့်လေးတွေ လုပ်ပါဦးဗျ ။ ကျနော်လည်း ပြီးခဲ့တဲ့နွေက ပုဂံသွားမယ်လုပ်တော့ ကိုယ့်ဆရာ ရဲ့ပုဂံပို့စ်ကိုပြန်ရှာရသေးဗျာ ။ ဒီရွာထဲ နေရတာတစ်ခုတော့ကောင်းသဗျ ။ လိုအပ်တာလေးတွေရှိရင် ဟိုမွှေဒီမွှေ လုပ်လိုက်ရုံဘဲ ။ မအားတာတွေအားတာတွေ မပြောနဲ့ဦးဗျာ ။ အားရင်တော့ ရွာထဲဝင်ပြီး ပြန်မွှေဦး ။ ဒါဗြဲ
~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်က တော့ ကိုရီးယားမင်းသမီး ယွန်နာလေးရဲ့ ချစ်သူပေါ့ဗျာ။ မိုး မိုး လို့လည်း အမြဲတ တတ်တယ်လေ။ အဲဒီ အကိုကြီးကို ရော ဘာပြောချင်သေးလဲ။
ဟဲလို … ကိုမျိုးသန့်
ဘောလုံးရာသီရောက်ပြီဆိုတော့ ကိုရီးယားမလေးတွေကိုခဏခေါက်ပြီပေါ့နော။
အေးဗျာ … ခံစားတတ်သူကြီးရဲ့ ရင်ဖွင့်လွှာတွေလည်း မဖတ်ရတာကြပြီဗျ ။
စာပေကိုအသွေးထဲ အသားထဲကပါလာသူကြီးဆိုတော့ သမီးရဲ့ဦးဇတ်လမ်းလေးတွေရေးတာလဲကောင်းးးးး ၊ မ ရဲ့မောင်လေး ဆိုပြီး နွဲ့တာလည်း ကောင်းးးး
ကဲ …… ဒီရာသီ ဘယ်လိုလွမ်းပြမလဲ လုပ်ဗျာ …
~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ နာမည်နဲ့ လူနဲ့ တခြားစီပါဗျာ။ ကျနော်တို့ သည်းမခံနိုင်တဲ့ အချိန်တွေမှာတောင် တော်တော်သည်းခံနိုင်စွမ်းရှိလို့ ကျိတ်ချီးကျူးရတဲ့ ငှက်ကဥကြီးပေါ့။ ကျနော်မလာအားလို့ ရွာထဲမလာနိုင်ရင်တောင် လိုက်ခေါ်တတ်တဲ့ ကျနော် ချစ်ခင်ရတဲ့ လူဂျီးပါ။
ဘယ်သူရှိရမတုန်းဗျ။ ကိုကြီးမိုက်တဲ့။ တွေ့စကတော့နာမည်ကြည့်ပြီး နဲနဲလန့်သဗျ ။
တကယ်ဘဲ မိုက်နေသလားပေါ့ ..ဟဲ ဟဲ …။
နာမည်ကသာ ပေါက်ကရပေးထားတာစာရေးတော့အမှန်အကန်တွေချည့်ဘဲ။
ကျုပ်တို့ကသာ ပေါက်ပန်းလေးဆယ်ရေးနေတာ ။
တစ်ခုပဲ … မန်ဘာသက်တမ်း သုံးနှစ်ကျော်မှာ ရေးထားတဲ့ပို့စ်တွေ နည်းနေသေးတာဘဲ ။
ကဲ …… အဲဒီတော့ ဦးမိုက်ရေ ဒီနေရာကဘဲပြောမယ်နော် ……
စာတွေများများရေးပေးပါ ။
စာရေးရမှာ ကပ်စီးမနဲပါနဲ့
ထောင်ထွက် ကြီးမိုက်တို့ ၊ ကြီးမိုက်ကြီး အိုသွားသောအခါ တို့လိုပို့စ်တွေလုပ်ပါဦးနော ။
ရွာ့အရေးဆိုတက်တက်ကြွကြွနဲ့ ဦးစီးတတ်တဲ့ ကျုပ်တို့ရဲ့ နော်တော်ကြီးရဲ့အရေး အတွေးတွေကို စောင့်မျှော်နေပါကြောင်းးးးးးးးးး
~~~~~~~~~~~~~~~~~~~~~
ဟဟ။ ခုတစ်ယောက်ကတော့ ရွာထဲက ချစ်ခင်သူ အများဆုံးလို့ ဆိုရမဲ့ ၂ ယောက်ပါဗျာ။ ရွာရဲ့ စံပြစုံတွဲကိုးဗျ။ မီးဖိုချောင်မှာ ဆို သိပ်တက်ညီလက်ညီရှိတဲ့ ၂ ယောက်။ ဟင်းချက်ကြတာလေ။
ဦးကျောက်ခဲနဲ့ နှင်းပေါ့ဗျာ။
ဒီလူကြီးနဲ့ပတ်သက်တာမှန်သမျှပြောရ ရင် ဒီတစ်နေကုန်ပြီးမှာမဟုတ်ဘူး ။
သူ့စာတွေစဖတ်မိကတည်းက အတော်လေးပျော်တတ်ပြီး အာဝဇ္ဇန်း ကောင်းမယ်ဆိုတာ ထင်မိသား ။
ကျုပ်ကလည်း အလွန် လေဖေါတဲ့သူဆိုတော့ ကျုပ်တို့နှစ်ယောက်တည်း လေထိုင်ဖေါလိုက်တာ ၃ နာရီကြာတာတောင် ခဏလေးလိုဘဲ ။
ဒါပေမယ့် သူလည်း စကားသာ မမောတန်းပြောနိုင်တယ် စာကျတော့ အရေးနဲသဗျ ။
ရေးထားသမျှကတော့ သိတဲ့အတိုင်း တကယ့်ရှယ်တွေလေဗျာ ။
ခင်ဗျားတို့သတိထားမိလား ဒီလူကြီးစာရေးပုံက သုတတွေပေးတာတောင် အရသာရှိရှိ ပေးသွားတာ။
စာဖတ်ပြီး အသိတွေတိုးသွားပေမယ့် တကယ့်ကိုပေါ့ပေါ့ပါးပါးလေး ပေးလိုက်တာ ။
ကဲ ကဲ ဆြာကျောက်ရေ ……
ဟိမဝန္တာချီးမွန်းခန်းဖြစ်နေရော့မယ် ။ စာလေးသာ များများရေးပါဗျို့ ………။
ဒီမှာဒေါ်နှင်းနှင်း …
ခင်ဗျားကို ဦးကျောက်ခဲက စားမရေးရဘူးလို့ကန့်သတ်ထားလေသလားဗျ ။
ဒါဆို သဂျီးနဲ့တိုင်ဗျာ
နောက်တာပါ …… တပယ်တော့
ယောင် နောက်ဆံထုံးပါပြီးကတည်းက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင် ကွန်မန့်လေးတွေမတွေ့ရတော့လို့ပါ ။
အိမ်ထောင်ရက်သားကျပြီဆိုတာနဲ့ သမိုင်းပေးတာဝန်တွေကြား မအားလပ်နိုင်ကြတာ ကိုယ်ချင်းစာပါတယ်ဗျို့ ။
(ဒါတောင်မှ သဂျီးက အတွဲတွေနဲသလေးဘာလေး လုပ်နေသေးတယ် … အတွဲတွေ အကုန်ဖြစ်ကုန်ရင် သူ့ရွာမှာ တစ်ယောက်မှရှိမှာမဟုတ်တော့ဘူး )
ဘာပဲဖြစ်ဖြစ် တခါတလေ လာလည်နိုင်ရင် လာလည်ခွင့်ရှိရင်ပေါ့လေ
လာပါဦးးးးးးးးးးးးးးး လို့ ……… ။
~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ ရွာထဲ အတင်းခေါ်မှပဲ မျက်နှာလာလာပြပြီး ပျောက်သွားတတ်သူ၊ စကားနည်းပေမဲ့ ဘယ်ပို့(စ) ဘယ်သူရေးတာ ဘယ်လိုဆိုတာ မှန်မှန်ကန်ကန်သိတဲ့သူဗျ။ ကျနော့ထက် စာလုံးစေ့ဖတ်နိုင်လို့ အတုယူရတဲ့သူပေါ့ဗျာ။
အမတ်မင်း ပေါ့လေ။
လွှတ်တော်မတက်တဲ့ အမတ်ရယ်လို့နာမည်တွင်တဲ့သူ ။
သူလည်း ရွာကိုအပြင်ကဘဲပတ်နေတယ် ထင့်
စာရေးကျဲ ၊ ကွန်မန့်နဲပေမယ့် ကျုပ်တို့အမတ်ကြီးက ရွာအရေးကိစ္စတွေမှာ ဘယ်လိုအားကိုးရတယ်ဆိုတာ အားလုံးလဲသိပြီးသားပါ ။
စကားနဲပြီးဘအလုပ် များများလုပ်ပြတဲ့ကျုပ်တို့ ရောင်းရင်းကြီးကိုသတိယတယ်ဗျာ ။
ရွာကိုလမ်းကြုံရင်တော့ ဝင်ခဲ့စေချင်တယ် ။
အပြင်မှာ မကြာခဏတွေ့နေရပေမယ့် ရွာသူားစိတ်ဓာတ်အရ ရွာထဲလည်းဆုံချင်သေးတယ် ဗျို့ ………
~~~~~~~~~~~~~~~~~~~~~~~~~
အဟိ။ နောက်တစ်ယောက်က ကျနော်ရွာထဲ ဝင်စ တီချယ်ကြီး ပို့(စ) မှာ ကျနော့ကို ပထမဆုံးကြိုဆို နှုတ်ဆက်ခဲ့တဲ့ လူဂျီးးးး၊ အပြင်မှာ အနေအေးတယ်ကြားသလောက် ကော်မန့်မှာ နောက်တောက်တောက်လာလာပြောတတ်တာ သတိထားမိတယ်။ ခုတော့ ကျနော့ အွန်လိုင်း အကိုဂျီး စာရင်းထဲမှာ ပါတဲ့ လူဂျီးပေါ့ဗျာ။ ကိုဘလက်ချော ပို့(စ) တိုင်းမှာ ပါတဲ့ လူဂျီးပေါ့။
ဂဇက်ရွာမှာ ကြီး ၃ ကြီး ရှိသလို …
ကျနော် သတ်မှတ်ချက် အရတော့ ကြီး လေး ကြီး ပဲဗျ။
မိ ၃ မိ လည်းရှိနေပါတယ် ဟဲ ဟဲ …
ကြီး သုံး ကြီးကိုတော့ သိကြမှာပါ ။ အဲ အဲ မိ သုံးမိကတော့ ……
နိုဇိုမိ ၊ နိဂိမိ နဲ့ ဟောဒီက မောင်ဆာမိ ပါပဲဗျို့
မိကြီး မိလတ် မိလေး လို့ ဝါစဉ်အတိုင်းစဉ်ရရင်ဖြင့် ကိုနိုဇိုမိဟာ မိလတ်များဖြစ်နေမလားပေါ့နော်
ဘာပဲဖြစ်ဖြစ် လမ်းပြပို့စ်တွေ သုတပို့စ်တွေနဲ့လမ်းဖွင့်ပေးတဲ့ကျုပ်တို့ရဲ့နောက်တော်ကြီးပါ။
မတွေ့တာကြာဆို အင်တာနက်ကို တနင်္ဂနွေပဲ သုံးမယ်ဆိုပြီးအဓိဋ္ဌာန်ဝင်နေလိုက်တာ
ရှိမ်းဆာယာဖိုမောက်ပြီး ကိုယ်ပျောက်သွားပါရောလား ကွယ်တို့ ……။
ဒီမှာ ကိုနိုဇို ……
မနက်မနက် ချက်ဘောက်မှာပြောတဲ့အချိန်တွေထဲက နဲနဲလောက်ပေးပါ ။
ရွာကလူတွေ မျှော်နေတယ်နော် ။
~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ ကျနော့ ကျေးဇူးရှင် ဆရာမ၊ ကျနော့ကို ဒီရွာ အရောက်ပို့ခဲ့ပြီး ပစ်ထားတဲ့ တီချယ်ကြီးပေါ့။ အဟင့်။။
တီတီနုပေါ့ဗျာ … တကယ်ကိုနုတဲ့ကျုပ်တို့ ဆရာမကြီး ။
အင်္ဂလိပ်စာတွေ မျှဝေပေးတဲ့ ကျုပ်တို့ဆရာမကြီး ။
ဂဇက်ရွာကို မလာအားပေမယ့် ကိုယ်စားလှယ် ရှာပေးခဲ့တဲ့ ကျုပ်တို့ဆရာမကြီး ။
ဒီတော့ …… ဟို ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ကဗျာကို
မှီငြမ်း စကားလုံးပြောင်းပြီး ဆရာမကြီးကိုဂုဏ်ပြုပါရစေနော်
တီတီနု
တီချယ် ဘာမှလုပ်စရာမလိုတော့ဘူး
ဇီဇီခင်ဇော်ကို ရွာကိုပို့လိုက်ကတည်းက
ဆယ်သက်စာ တာဝန်ကျေသွားပြီ
ဒါပေမယ့် တီချယ်
သူ့ထမင်းဆိုင်မှာ အားပေးကြပေမယ့်
တီတီနုကိုလည်းလွမ်းနေကြသေးတယ် အရင်လိုရွာထဲမှာ မျှဝေပါဦး
ဘာသာပြန်ဝတ္ထုလေးတွေနဲ့ရသတွေပေးပါဦး
တီချယ့်တပည့်ကို လွှတ်မထားပါနဲ့
ကျနော်တို့ကို ညာညာခိုင်းလွန်းလို့ (ငင်)
တီချယ် အမြန်ပြန်လာပါ
ဂဇက်ရွာ တံခါးနားက
ကျနော်တို့ ကြိုနေမယ်နော် …
~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ ဆရာတူ တပည့် လို့ ပြောရမဲ့ မယ်ပုလေးပါ။ ကျနော်ကတော့ အပုလေးလို့ ခေါ်တယ်။ ရွာသက် ဒီလောက်ရှည်ကြာပြီးတဲ့နောက်မှာ သူပြောခဲ့ သတိပေးခဲ့တဲ့ စကားတွေဟာ တန်ဖိုးရှိတယ်လို့ ခံစားရလို့ ကျေးဇူးတင်ရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။ အပြင်မှာလည်း စကားတွေ အပိုမပြောတတ်သလို စိတ်ထဲရှိတဲ့ အတိုင်းရှင်းရှင်းပြောတတ်တဲ့ အမျိုးသမီးငယ်။
နန်းမတော်နု လို့ဆိုလိုက်တာနဲ့ မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သလို ……
နန်းမတော်မယ်ပု လို့ ဆိုပြန်ရင်လည်း ဂဇက်ရွာတစ်ကြော လျှမ်းလျှမ်း တောက်ခဲ့သူပါဘဲ ။
ပို့စ်တွေ အလွန်နဲပေမယ့် တစ်ပုဒ်ဆိုတစ်ပုဒ် ဟတ်ထိ အောင်ရေးခဲ့သူပါ ။
ထိမိတဲ့ကွန်မန့်တွေနဲ့ ရဲရဲတင်းတင်း ကိုယ့်အမြင်ကိုယ့်အတွေးကိုချပြနိုင်သူအဖြစ် လေးစားရပါတယ် ။
သူ့ကိုတော့ ကျနော်က ဒေါ်ပုခ်ျ လို့ခေါ်လေ့ရှိတယ် ။
ဟို ရွာသဂျီး လူ့ကန့်လန့် ကို ဆန့်ကျင်နေကျ ကျနော်တို့ဘက်တော်သားပါ ဟဲဟဲ …
နောက်တာပါဗျာ ……
တကယ်ဆိုရင် ကျနော်ဝင်ကာစ ကတည်းက အားကျလေးစားခဲ့ရသူတစ်ဦးပါ ။
သူ့ရဲ့ကွန်မန့်တွေကိုပြန်တွေ့ချင်မိပါသေးတယ် ။
ဒေါ်ပုခ်ျရေ …… သဂျီးကို တစ်ခါလောက် ဆော်ပလော်တီးရအောင် အင်အားဖြည့်ပေးဦးဗျာ
~~~~~~~~~~~~~~~~~~~~
နောက် ဇာတိ တူ မောင်ငယ်လေးတစ်ယောက်ရှိသေးတယ်။ စသိတော့ သူ့ရဲ့ လေသွားလေလာအရကိုယ့်ထက် အသက်အတော်ကြီးမယ် အောက်မေ့နေတာ။ နောက်တော့ မေးရင်းပြောရင်း ကျနော့ကို အသက်မှန်ဖော်လိုက်ရတယ်လေ။
အဲဒီတော့မှ ကျနော့ထက် အသက်အတော်ငယ်တဲ့ ကလေးမှန်းသိတာပါ။ ကျနော် အဲဒီအသက်အရွယ်တုန်းကထက်ကို အများကြီး လိမ္မာရင့်ကျက်တဲ့ ကလေးပေါ့။
ဦးမာဃကို ပြောသလားဗျာ။ ဒီသဂျားက ပြောတော့လေကြီးမိုးကြီး ။
နတ်သမီးများတစ်ဖက်ငါးရာထားဦးမယ် တဲ့ ။
အခု အဂ္ဂမဟေသီ ထိတ်ဆု မိဖုရားလည်းရရော ……
ရွာဝင်ခွင့် ဗီဇာအပိတ်ခံနေရပါရောလား အရပ်ကတို့ …………
တာဝတိံသာက အက်ဆေးလေးတွေ လုပ်စမ်းပါဦးကွာ …
လူကလေး ငယ်သလောက် တော်ကီကြီးကြီးလွှတ်တတ်တဲ့ မောင်ရင့် လက်ရာလေးတွေများ မြင်ချင်သေးရဲ့ ……
~~~~~~~~~~~~~~~~~~~~~~~~~
ဒီ အပိုင်း (၁) အမေးအဖြေ မှာ ဒီနေ့အတွက်တော့ ဒီလောက်ပဲ မေးလို့ ရခဲ့ပါတယ်။
ဆာဆာ အလုပ်များနေတာမို့ နောက် မန်ဘာများ အတွက် နောက်တစ်ပတ်ကို ဆက်လက် မေးမြန်းသွားမှာ ဖြစ်ပါတယ်။
ရွာထဲက မန်ဘာစုံအောင် ကြိုးစား မေးမြန်း တင်ဆက်သွားမှာမို့ စောင့်မျှော် အားပေးကြပါဦးး..
( စာပေကိုအသွေးထဲ အသားထဲကပါလာသူကြီးဆိုတော့ သမီးရဲ့ဦးဇတ်လမ်းလေးတွေရေးတာလဲကောင်းးးးး ၊ မ ရဲ့မောင်လေး ဆိုပြီး နွဲ့တာလည်း ကောင်းးးး
ကဲ …… ဒီရာသီ ဘယ်လိုလွမ်းပြမလဲ လုပ်ဗျာ … )
မကြာမီ လာမည် မျှော်
Was this answer helpful?
LikeDislikeရေးပါဗျာ။
အကိုမျိုးသန့်ကြီး ရဲ့ အိပ်မက်နတ်သမီး စာစုတွေ မျှော်နေတာဗျ။
ပုံ/
အအိပ်မက် နတ်သမီးး
Was this answer helpful?
LikeDislikeတော်တော်ကောင်းတဲ့ အကြံအစည်/ တင်ပြပုံပါလားဗျ
ရွာထဲ လူစုံကို သူတို့ရဲ့ ထူးခြားမှုသင်္ကေတလေးတွေနဲ့ မှတ်မှတ်ရရ
ရေးပြပေးလိုက်တော့
တစ်ယောက်ချင်းစီကို အသိအမှတ်ပြုရာလည်း ရောက်တယ်
ရွာနဲ့ အနေဝေးသွားပြီး အလာအရောက် နည်းသွားသူတွေ ဖတ်မိရင်
ရွာဘက် ပြန်လှည့်ချင်စိတ် ကျိန်းသေ ပေါက်မှာဗျ
နောက်ထပ် ရွာသူရွာသားတွေကို ဖော်ထုတ်အသိအမှတ်ပြုမယ့် ပိုစ့်တွေ ဆက်တိုက်တင်ပါခင်ဗျ
ကိုယ့်အလှည့်ကျ ဘယ်လို မေးကြ ဖြေကြမယ်ဆိုတာလည်း မျှော်လင့်ရင်ခုန်နေရင်းးးးး
Was this answer helpful?
LikeDislikeသများ တင်ပြပုံ ကောင်းတယ် မို့လားဟမ်?
ခိ။
ဆက်တိုက်တော့ မတင်နိုင်သေးဘူးးး မင်းသားမအားသေးလို့။ ခိ
ခုတောင် အကုန် ဆို ပို့(စ) အရမ်းရှည်သွားမှာစိုးလို့ ကြိုတင်လိုက်တာ။
အားပေးဦးနော်။
:s:
Was this answer helpful?
LikeDislikeမအိပ်ခင်လေး.. ၀င်ပြောလိုက်ဦးမယ်..
ဒိုင်လျှိုလေးနဲ့.. ကိုသစ်ပြန်ဝင်ရေးနေသဗျ…။ ပုရှ်မမပို့စ်ထဲမှာ..။
သူ့လည်း.. ဗျူးလိုက်ပါဦး…
Was this answer helpful?
LikeDislikeတွေ့ပါသဗျာ။
လာမှာပါ။ ရွာ့ စပြစ်သီးတွေ မမေ့ပါဘူးးး
ကိုသစ် ကော်မန့်လေးတောင် ပို့(စ) အရှည်အဖြစ်မြင်လိုက်ချင်သေးဗျ။
:s:
.
.
.
.
.
.
.
ငင်?? ဒီ တဂျီးးး သူမအိပ်ခင် နာ့ ကို ခိုင်းသွားတာပါလားးး

Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ကောင်းလိုက်တဲ့ပို့စ်လေး.. မေတ္တာတွေမြင်ရတဲ့ပို့စ်ပေါ့..
အနော့်ကို ဘိုပြောမဲ… ရင်ခုန်လိုက်ထှာ.. ဟိဟိ
Was this answer helpful?
LikeDislikeဟုတ်တယ်၊

မေတ္တာထားတတ်တဲ့ သူတွေသာ အဲဒီ မေတ္တာကို မြင်နိုင်တယ်။
ပို့(စ) ရဲ့ အခြေခံ ရည်ရွယ်ချက်ကို မြင်နိုင်လို့ စိမ်းလိုက်ပါတယ် ကွယ်။
Was this answer helpful?
LikeDislikeဟယ် ဦးဆာကိုပေးထားတဲ့အိမ်စာက အကြီးကြီးပါလား။ စဉ်းလဲစဉ်းစားတတ်တဲ့ ခင်ဇော် လက်ဖျားခါတယ်။ တော်လိုက်တာ။ စိတ်ဝင်စားစရာကောင်းလွန်းလို့ တလုံးမှမလွတ်အောင်ဖတ်ရတယ်။ တိုတိုနဲ့ထိထိမိမိ တယောက်ချင်းပုံဖော်နိုင်တဲ့ ယောာက်ခမနဲ့ချွေးမွကို အံ့သြတယ်။
Was this answer helpful?
LikeDislikeအာ့ ပြောတာပေါ့ ယောက်ခမွသဲ ရဲ့။

မအားပါဘူးဆို။
ခိခိ။
အဲတော့ တည့်တည့်ပဲ နေနိုင်တယ်။ တည့်တည့်ပဲ ရေးနိုင်တယ်။
သဲသဲရော မအားသေးလို့ အိမ်စာမပေးနိုင်သေးဝူးးး
ခိခိ
Was this answer helpful?
LikeDislikeအောင်မယ်လေး အိမ်စာပေးပါနဲ့အူး
Was this answer helpful?
LikeDislikeအနောိတို့ကျမပါလို့ ပိုက်ပိုက်ကုန်ခံဝင်ဖတ်ရကျိုးမနပ်ထာ


အလကားပြောတာပါ။ဦးဆာရေးတတ်ပုံကချစ်စရာကောင်းပါပေ့ ဆက်မျှော်နေမယ်။
Was this answer helpful?
LikeDislikeလာမှာပေါ့ကွယ်။
ဒီလောက် ချစ်စာကောင်းတဲ့သူတွေ ဘယ်ချန်ခဲ့ပါ့မလဲ။ ဟိ။
ဒီလိုရေးတတ်တဲ့ ဆာဆာမို့ သူ့ကို ချဉ်းကပ်တာပေါ့။
ဒါမျိုး ရေးလက်က ၃ ယောက်မြင်တယ်။
ကျောက် က မအားဘူးးး
ကိုဘက်က တခြား အိမ်စာတွေရှိတယ်။
အဲဒီတော့ ဆာဆာကိုပဲ အိမ်စာပေးဖြစ်တယ်။
ညတွင်းချင်းပို့ပေးတဲ့ ဓာတ်ပုံအတွက်လည်း ကျေးဇူး အများကြီးတင်ပါတယ် သော်လေးရေ။

Was this answer helpful?
LikeDislikeမြတ်စွာဘုရားး

ဘယ်ကနေ ဘယ်လိုလုပ်ပြီး ကျနော်က အပိုင်းတစ် မှာ ပါလာရတာတုန်း
အလုပ်ပိနေလို့ပါဗျာ ရွာကိုတောင် ရက်ဆက် မဝင်နိုင်တာသာကြည့်တော့
အခုလဲ ရွာပြင်ကချောင်းနေတာ ခုတော့ ဆွဲဆောင်မှု ကောင်းလွန်းလို့ ဝင် မန့်ရပြီ
Was this answer helpful?
LikeDislikeဆာဆာ ပေးနိုင်သလောက် ထဲက ပိုင်းရေးရလို့ ပါလာတာပါ။
ဘယ်လိုမျိုး အကြောင်းနဲ့မှ အပိုင်းခွဲတာမဟုတ်ပါဘူးးး
ကျန်တဲ့သူကြားရင် အထင်လွဲနေပါ့မယ် ကွိ။ အထင်တွေက ဇွတ်ကို လွဲချင်နေကြတယ်။
ကြောက်နေရတာဗျဲ။
Was this answer helpful?
LikeDislikeဟယ်အာ့ဆိုလွဲပလိုက်ရမား
Was this answer helpful?
LikeDislikeအစောင်းခံ၊ အမြောင်းခံ၊ အလွဲခံ ဘွပါလေ။
ဂစ်ဂစ်ဂစ်။
Was this answer helpful?
LikeDislikeစီကနဲဆို ဇီဇီခင်ဇော်ပဲကွ…
ဇီဇီခင်ဇော် ပြီးဂင် စီစီခင်ဇော်ပြောင်း… :)) သေချာမဖတ်ရသေး မယ်သော့အညွန်း ဘရောက်စာနဲ့ဖတ်တာ အမဲစာရွက်ပေါ် အပြာ… အနီစာတွေဖတ်နေရတယ်… :'(
Was this answer helpful?
LikeDislikeစီကနဲ့ ဆို သများကို သာ ထိပ်တုံး ခတ်ထားလိုက်ပါတော့။
အဲလေ။

ဟုတ်ပေါင်။
ခွစ်ပေးတဲ့ နာမယ်လေးကြိုက်တယ်။ မွေးမေလေ့ ပေးတဲ့ နာမည်နဲ့ ဆင်အောင် လူစီ ခင်ဇော်လို့ ပေးမယ်။
နောက်ခါ ဆိုရင်။
ပြန်လာဦးနော်။
:s:
Was this answer helpful?
LikeDislikeအသာလုပ်ပါ ဘယ့်နှယ့်သျှမ်းသျှမ်းတောက်လဲ
ခုတော့ သမုဒ္ဒရာဝမ်းတထွာမို့ ဘ၀ပင်လယ်ထဲ လက်ပစ်ကူးနေရလို့ အရင်လို လမ်းမသလားနိုင်တော့တာပါ
သတိရတိုင်း အချိန်ရရင်ရသလို ရွာဝင်လည်ပါတယ်
Was this answer helpful?
LikeDislikeတကယ်ကို ရေးတတ်တဲ့ တော်တဲ့သူမို့ ခုထိ နှမြောပြီး ပြောနေကြရတုန်း ပါ အပုလေးရယ်။
ပုံမှန်ပြန်လာပြီး စာရေးပါဦးးး
ပို့(စ) တစ်ပုဒ် တစ်ပုဒ် ဆိုသလောက် ပို့(စ) မျိုးတွေ လိုအပ် နေလို့ပါ။
:s:
Was this answer helpful?
LikeDislikeခွင့်ယူပါတယ် ဗျို့ ။
ဗရာဗို ။
Was this answer helpful?
LikeDislikeဟမ်မလေးးး
ခင်ညား ခွင့်ယူတော့ ဒီ လ ကျုပ် ရွာလည်ပြီပေါ့။
Was this answer helpful?
LikeDislikeပထမဆုံးပြောချင်တာ အရေးအသားရော အတွေးရော တင်ပြပုံပါ ကောင်းလွန်းတယ်လို့ ချီးကျူးပါတယ်
ကျွန်တော်ရေးချင်ပါတယ် တွေးထားလိုက် အလုပ်ထဲစိတ်မျှော မေ့သွားလိုက်ဖြစ်နေလို့ပါ
ကေဇီမင်းသမီးတင်တဲ့ပို့စ်ရေးမှာပါ လောလောဆယ် ၆ လစာ အစီရင်ခံစာကို သုံးသပ်ချက်ရေးနေရလို့ပါ
နောက်တစ်ခုက ကိုချိုကြီးဆိုပြီး အသက်ကြီးပြီထင်နေလား အစ်ကိုကြီးလို့မခေါ်နဲ့ စိတ်ဆိုးတယ်
ကျော်က အခုခုမှငယ်ငယ်လေးရှိသေးတာ ဒါကြောင့် ဒါဇင်ပလပ်က ကလေးတွေနဲ့ပေါင်းနေတာ
Was this answer helpful?
LikeDislikeအကိုချိုကြီး (အဲလေ) အကိုချိုလေး ဒါမှမဟုတ် မောင်လေး ခေါ်ရမား?

ပို့(စ) ကို မျှော်ရလွန်းလို့ လည်ပင်းသစ်ကလအုပ်ဖြစ်ပါပေါ့။
(အမှန်က နောက် သွားတယ် မှတ်လို့) ဟိဟိ
Was this answer helpful?
LikeDislikeဤရွာကို တိုင်းခန်းလှည့် လေသော်အခါ မြင်ကွင်းပဒေ ဆိုသလို စုံ ပ လုံ စီ လို့
Was this answer helpful?
LikeDislikeကိုဂျီး ခတို့ အင်တာဗျူးလည်း လာမှာနော်။

Was this answer helpful?
LikeDislikeသန်းထီပေါက်လို့ ပြည်တော်ပြန်ပြီး ကမ်ပနီ ဖွင့် နိုင်ရင် ခေါ်ချင်တဲ့ မိန်းကလေး တွေ ရွာထဲ က အများကြီးဘဲ။
(ဘာလုပ်မှာလဲ ဆိုတော့ ထီပေါက်ချိန် ပြောမယ်) lol:-))
ဟောဒီမှာ ကြည့်။ တွဲပြီး အလုပ်လုပ်ချင်တဲ့ တစ်ယောက်။
လက်တွေ့ကို တွေ့ရပါတယ်။
ဒီ မိန်းကလေး ရဲ့ Interpersonal Intelligence လူအများ ပါ ဝင်လာအောင် လုပ်တတ်၊ ဆောင်ရွက်တတ် တဲ့ idea အသစ်အဆန်း နဲ့ အကြောင်းလေး တွေကို။
တူရို့ ကတော့ ဒီ အူကြောင်ကြား ဦးပေါင်းကျား နဲ့ မြင်းကြားရှင် (ခွက်ဒစ် – မောင်ကမ်း the ကဗျာဆရာ) ကြီး နဲ့ တွဲ လုပ်ချင်မချင် မသိ။
အင်တာဗျူး လုပ်နေပုံ လေး ကို အတော်လေး သဘောကျတယ်။
ဘိုလို လုပ်လဲ။ လက် ဆွဲ လား၊ စက်ဆွဲလား။
အင်တာဗျူး သမား ဇီဇီခင်ဇော် ရဲ့ ပုံက တကယ်တူတယ်။
ကဆာ ကိုတော့ မမြင်ဘူးလို့ မမှန်းတတ်။
တူမယ် ထင်ရဲ့။
နည်းလေး မျှပါ။
ကဆာ
သူများ ရဲ့ လန့်စရာ အကြောင်းကို အသိအမှတ်ပြု ခဲ့လို့ ကျေးဇူးကြီးပါရှင့်။
အဲလိုမှ လန့်ကြပါ့မလားလို့။ အဟိ။
သီချင်းရော ဟင်းရော အစုံနှော ပြီး အရသာရှိလိုက်မဲ့ဖြစ်ခြင်း။
ပြောရရင်
ဒီလို အသံလေးတွေကြောင့် ကိုယ့် အချိန်တွေ မရှုမလှ ကျဆုံးနေတာ မြင်နေလဲ ရဲရဲကြီး ချီတက်နေဆဲ။
:-)))
Was this answer helpful?
LikeDislikeဟမ်မငေးးးး

အရီးရယ်။ အနော့ကိုဖြင့် ပေါက်ကရရေးပြီး ကော်မန့်ယူတယ် အပြောခံရပါပကော။
ဒါမဲ့လည်း ဆက်ရေးအူးမှာပဲ။ ခိခိ။
အရီး ကမ်ပနီ ဆိုရင် သများကို ထမင်းနပ်မှန်အောင်သာ ကျွေးပါ။ လာခဲ့ပါ့မယ်။
အဲဒီ အင်တာဗျူးပုံက အရင်တစ်ပတ်က ဆာဆာနဲ့ တိုင်ပင်ပြီး နောက်ပိုင်း ဓာတ်ပုံထည့်ချင်တာနဲ့ သော်သော် (နန်းတော်ရာသူ) ကို သွားပြောတာ။

အဲဒါက ကာတွန်းပုံထဲ ကိုယ့်မျက်နှာလေးပဲ ထည့်ရတာလေ။
ကျနော် ပုံက ရပြီး ဆာဆာက သူ့ဓာတ်ပုံတွေကျဖွက်ထားတယ် အရီးရယ်။ ရှာမရဘူးးး
အစက သားမျက်မှန်လေးပုံ ထည့်ဦးမို့။ နောက်တော့ မကောင်းပါဘူးလေ ဆိုပြီးးး
ဒါနဲ့ ဆာဆာနဲ့ အနီးစပ်ဆုံး တူတဲ့မင်းသား ရှာလိုက်တော့ ရန်အောင် ကို သွားတွေ့တယ်။
အဲဒီမျက်မှန်ကလည်း ချွတ်စွတ်။ သော် ကို ရန်အောင်ပုံပဲ ထည့်လိုက်လို့ ပြောလိုက်တယ်။ ခိခိ။
သော်သော်တို့ ချစ်ဖို့ကောင်းချက် ညတွင်းချင်း ဒီ ပုံပို့လာပါရော။ စာတွေတောင် မရေးရသေးဘူးးး
ကျနော် ယောက်ကမွ ဆာ က ရန်အောင်
မဒမ် ဆာ က မေသဉ္စာဦး
သား မျက်မှန်လေး ဘယ်လောက် ချောမတုန်း စဉ်းစားကြည့်။
Was this answer helpful?
LikeDislikeမမေး လဲ နေပေါ့။
အင်တာဗျူး တိုင်း နောက် က ကွကိုယ် တစ်တွတ်တွတ် နဲ့ လျှောက် လိုက် နေမှာဘဲ။
တား နဲ့။
ရဘူး။ ;-)))
(၁) ဘွားတော်ကြီး တဲ့ ။ တောက်စ် (ခွက် – ဂဂ)
(၂) ဒုံ တို့ က သံသရာ ကို သာဖြတ်မယ်၊ ရွာ ကို ဖြတ်ပါဘူး တဲ့။
(၃) မမ က သည်းခံခြင်းမှာလဲ ဘုရင်မ ဆိုတာ ရွာ မဝင်ခင်ထဲ က သိနေပြီးတာ။
(၄) ကိုဖော တို့ က နှိုက် အား တင်မဟုတ် ဆွဲအားပါ ကောင်းသပေါ့။ (စိုးသူ နေခဲ့ရမပေါ့ တကယ်တော့ ငယ်တုန်းက သူ့ကို ဟင်နီရီဆာနားဒါး နဲ့ မှားတွားတာ)
(၅) ကပေါက်ကြီး ကို တစ်ခါတစ်ခါ တစ်အားနောက်ချင်တာ။ ကောက်ပို လို့။ ချိတ်ချိုး မစိုးလို့။
အမှန်က နောက်တာ ခင်လွန်းလို့ ပါနော။ ချစ်ချာကြီး ။ အစ်မပေါက် ကို မေးကြည့်လေ။
(၆) ကြောင်ကြီး က စာသင်တယ်။ အဟတ် အဟတ်။ ဒါကြောင့် လျှာ ထွက် နေပြီး လျှာ ကို ရိုးမယ်ဖွဲ့နေတာ။
(၇) ကျုပ် မောင်လေး ညိုချော ကြီး (TDH – Tall, Dark & Handsome ) က စာရေးကောင်းရုံမက သဘောကောင်း အပြောကောင်း တာ လက်တွေ့ပါတော်။ လူချင်း တွေ့အောင် ကို ဆွဲဆောင်နိုင်ပါတယ်။
(၈) ကိုချိုကြီး – သူ့ကြည့်ရတာ အတော်အေးပုံရပြီး စကားနဲ မယ် ထင်ရဲ့။ ဒါပေသည့် သူ့ နဂါးရုပ် ကို ကြည့်ပြီး ခေသူမဟုတ် ဆိုတာ သိပါ့တော်။
(၉) ကိုမျိုး ကတော့ နာမည် ထဲ မျိုး ပါတာမက သန့် တောင် သန့်တော့ နဲ့ အတော်ကို စွံ မယ်မှန်းပါတယ်။ အပြင်မလဲ ခင်ဖို့ ကောင်းမှန်း ခန့်မှန်း လို့ ရပါတယ်။
(၁၀) မိုက်မိုက် ကတော့ ကိုယ့်ရဲ့ ရွှေမင်းသမီးလေး ပေါ့။ ရွှေဖိနပ်လေး ချ ပြီး ထွက်ပြေးသွားသူကြီး။
(၁၁) ကျောက်စ် နဲ့ နှင်း မှာ နှင်း ကို အရင်ခင်တာပါ။ မှတ်ချက် အင်မတန် အပေးကောင်း၊ အတွေးကောင်း တဲ့ မိန်းကလေး မို့ ကို သတိထားမိတာ။ အမှန်တော့ ဒီ ကျောက်စ် ကြောင့် နှင်းပျောက်တဲ့ ရွာ ဖြစ်ခဲ့တာပါတော်။ ကျောက်စ် နဲ့ အတူ ပြန်လာပါ နှင်း ရယ်။
(၁၂) မောင်မတ် တို့ က “စာလုံးစေ့ဖတ်နိုင်” သတဲ့လား။ ပါဝါ တော့တက်ပြီးရင်း တက်တော့မယ်။ ပုံတွေ့တော့ ယောက်ခမ ကြိုက် ရုပ် လေးလို့ တွေးမိခဲ့သေး။
(၁၃) ကိုနို၊ ကိုနို – ဟို နိဟွန်းမင်းသား နဲ့ တူ ကိုတူ ရမယ် လို့ စိတ်ထဲ မှတ်ထားပြီးသား။ စကား သိပ်မပြောပေမဲ့ ပြောတဲ့ စကား က တစ်ရင်းတစ်နှီး မို့ တကယ်ဘဲ ခင်မင် စရာပါ။
(၁၄) တီချယ်ကြီး ကတော့ ရွာ့ မိခင်ကြီး လို့ ကို တင်စားချင်ပါတယ်။ ပျောက်သွားတာ စိတ်မကောင်းဘူး။ ဘာဝနာ ဘက် ကို အတော်လေး အားထုတ်နေပြီ ထင်ရဲ့။ လွမ်း နေကြောင်း စကားပါးပါတယ် ရှင့်။
(၁၅) မယ်ပု ကတော့ အင်မတန် ထက် တဲ့ မိန်းကလေး လို့ အပြောသာမဟုတ် အလုပ် နဲ့ လက်တွေ့ပြလိုက်ပြီး။ Expensive ဆိုတဲ့ စာလုံး ကို သူ့ဆီမှာ တွေ့ နိုင်သပေါ့။ ရွာထဲက အင်မတန် ချစ်ဖို့ကောင်း တဲ့ မိန်းကလေး တွေ ပြန်လာစေချင်တယ်။
(၁၆) ဖိုးသိကြား ကတော့ စပ် ရင် အမျိုးတောင် တော်လို့ ရနိုင်သလားဘဲ။ အပြင်မလဲ တကယ်ဘဲ ချို မဲ့ ဖိုးပြုံးချို ဖြစ်နိုင်ရဲ့။ မဟေသီ ရသွားပြီလား။
ဒီ အင်တာဗျူး ပြီး တာနဲ့ ရွာ့ သန်းခေါင်စာရင်း ကောက်ပြီး သား ဖြစ်ရော။
တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်။
ဒီလို နဲ့ ညစာ ကို ဖြစ်သလို ချက်ရပေါင်း များပြီ။
lol:-)))))
Was this answer helpful?
LikeDislikeကကြောင် က တကယ် စာရှင်းပြဖူးတယ် အရီး ရဲ့။

မနှစ်က ဒီလို အချိန် ကျနော် စာမေးပွဲဖြေနေတာ။
အဲလာ စာကျက်ရမှာ ပျင်းလို့ ဂရုချက်မှာ ဟိုပြောဒီပြောနဲ့။ ကကြောင် ကို
Building Law နဲ့ ပတ်သက်ပြီး မေးမိတာ၊ အသေအချာကို ရှင်းပြတာဗျ။
ကျောက်(စ) လဲ သိတယ်။
ဘက်စုံသိပြီး ဘာလို့ ကြောင် ဘူး ကြီးဖြစ်နေမှန်းမသိပါဘူးဗျာ။
ခိခိခိ
Was this answer helpful?
LikeDislikeဟုတ်ပါတယ် အရီးရယ်..ကျောက်စ်ကြောင့် နှင်းပျောက်နေရတာပါ..အခုလည်း ကျောက်စ်ပြောလို့ လာကြည့်တာပါ..ကြိုစားလာပါ့မယ် နော်..အရီး
Was this answer helpful?
LikeDislikeဂွတ်(ထ)
ရေးတတ် လိုက်ကြတာ ဗျာ
Was this answer helpful?
LikeDislikeဆာဆာတို့ကို ဒီလိုရေးလက်မျိုးမှာ စိတ်ကိုချပြီးသားးး
Was this answer helpful?
LikeDislikeNoZo Mi
အရမ်းကောင်းတယ် ရွာထဲ တစ်ခါတည်း ပြေးဝင်လိုက် ချင်တယ် အခုချိန်က သင်တန်းရဲ့ အခက်ခဲဆုံး အချိန် အားတင်းဖြတ်နေရတာရယ် အချိန်မရှိတာရယ် ဖုံးပဲပါလာတာမို့ မဝင် မမန့် မပြန်နိုင်တာတွေ အတွက် ခွင့်လွှတ်ကျပါလေ
(Message from Ko Nozomi)
Was this answer helpful?
LikeDislikeကျောက်စ်…း နှင်းနှင်းရေ ဂိမ်းချည်း ဆော့မနေနဲ့ ဂွဇက်ထဲလည်း ဝင်ကြည့်ပါဦးကွ ။ အရီးတို့ ကိုရင်ဆာတို့ မိဇာဂျီးတို့က နှင်း ဂွဇက်ထဲမဝင်တာ ကို့ကိုပဲ အပြစ်ပြောနေကြတယ်…

.
.
နှင်းနှင်း…း နေပါဦး ဒီမှာလယ်ဗယ်တက်ဖို့ အများကြီးလိုသေးတယ် ။ မမဝေတို့ အိတုန်တို့က Candy Crush Game ထိပ်ဆုံးမှာ ကို ရဲ့ …
.
.
ကျောက်စ်…း အင်း… မပြောတော့ပါဘူး…။ ဂိမ်းထဲက ပွိုင့်တွေသာ တကယ့်ပိုက်ဆံဆိုရင် တို့လင်မယားတော့ အတော်ချမ်းသာနေပြီ ။ ထားပါလေ… ကိုရင်ဆာမိနဲ့ မိဇာဂျီးက ဂွဇက်ထဲမှာ အင်တာဗျူးစတိုင် ပရိုမိုးရှင်းပို့စ် တင်ထားတယ်ကွ…
.
.
နှင်းနှင်း…း ဟုတ်လား… ခဏနေရင် ဖတ်ကြည့်လိုက်မယ် ။ ကိုဆာမိက အတော်ရယ်ရတယ်နော်… နာမည်နဲ့ လူနဲ့က ပြောင်းပြန် ။ လူ ကလည်း အရယ်သန်ပါ့ ။ ကိုတို့ ၂ယောက် တွေ့လိုက်ရင် ပြောလိုက်တဲ့ စကား ၊ ထမင်းမေ့ဟင်းမေ့ ဘေးနားက နှင်းနှင်းကိုတောင် မေ့ထားတယ် ။ ကိုဆွေပါရင် ပိုဆိုးသေးတယ်…။
.
.
ကျောက်စ်…း ဟုတ်ပါဘူးကွာ…. ကိုတို့တွေက အသက်အရွယ်ချင်း မတိမ်းမယိမ်းဆိုတော့ ပြောစရာ အကြောင်းအရာတွေက အတူတူဖြစ်နေလို့ ။ နောက်ပြီး ကိုရင်ဆာက စာအရေးကောင်း ၊ ကဗျာအရေးကောင်းဆိုတော့ သူ့ဆီက နည်းနာခံရတယ် … သူက ဝါ ကြီးတယ်လေ ဟီ ဟိ…။ နောက်ပြီး သူ့ရဲ့ တခါကဇာတ်လမ်းတွေက နိပ်သကွ ။ မဒမ်ဆာ ကွိုင်ရှာမှာစိုးလို့ ဇာတ်လမ်းထဲမှာ မပေါင်းပေးပေမယ့် အပြင်မှာ ဘယ်လိုဇာတ်သိမ်းလဲ တိုးတိုးတိတ်တိတ် စပ်စုကြည့်တာပါ… ခိ ခိ
.
.
နှင်းနှင်း…း ဟင်းနော်… ကိုကျောက်ခဲ ၊ ရှင့် ဂဇက်နှမ ဇီဇီလေးနဲ့ တိုင်ပြောလိုက်ရမလား
.
.
ကျောက်စ်…း ဟမ်မယေး မိနှင်းနှင်းရယ်… အသာလုပ်ပါ ။ မိဇာဂျီးက သဂျီးဂွဇက်ကို ပရိုမိုးရှင်းနေရလို့ မအားဘူးကွဲ့ ။ နောက်ပြီး သူက ငါးရိုးပြုတ်စားတာသာ ပို့စ်တင်တာ ၊ ဖွယ်ဖွယ်မယ်မယ် ချက်စားတာကြ ပို့စ်မတင်ပဲ ကို ချက်ထားတာတွေကို အေးဓမြတိုက်ပြီး ဂဇက်လိခ် လုပ်သေးတယ် ။ နှင်းနှင်း ယောင်းမ ကိုယ့်ညီမအရင်းနဲ့ သက်တူရွယ်တူ ကို့ကို အနိုင်ကျင့်တာလည်းတူသကွ ။ အကောင်းကလည်း ကြိုက်သလားမမေးနဲ့ ဘရန်းဆို သူမသိတာမရှိ ၊ ထမင်းစားတဲ့ ပန်းကန်ပြားတောင် မြင်တာနဲ့ ဘရန်းကို တန်းပြောတာကွဲ့ ။ တော်သေးတာပေါ့ နှင်းသာ သူ ပို့စ်ရေးရေးနေတဲ့ ဘရန်းတွေကို စိတ်ဝင်စားရင် ကို တော့ မွဲရချည်ရဲ့ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး…။ အိမ်စာပေးတာလည်း ကျွမ်းကျင်ပါ့ … အခုလည်း ကြည့်ပါလား ဒက်တွေ ၊ ယောက္ခမတွေ လို့ ခေါ်ပြီး စည်းရုံးလိုက်တာ ပို့စ်တွေ ဟောတစ်ပုဒ် ဟောတစ်ပုဒ် ဖြစ်ကုန်ရော ။ ဆွပေးနှိုက်ယူ သဂျီးနဲ့ Assignment မိဇာဂျီး… ကိုက်လည်းကိုက်ပါပေ့…။
အယ်… ဘာတွေပြောမိတယ်မသိ ၊ တော်ပြီကွ… ကြားသွားလို့ ကွိုင်လာရှာနေဦးမယ်… အားဟိ
Was this answer helpful?
LikeDislikeဟိုက်။

ဆာဆာနဲ့တိုင်ပင်ပြီး ကိုယ်တို့ ၂ ယောက် အကြောင်းတော့ မဖော်ကြေးဆိုပြီး သူများ အကြောင်းတွေချည်း ပြောကာမှ လာဖော်နေတယ်။
ခိ။
ပြောပါတယ်။
ဒီလို ရေးလက်မျိုးက ကျောက် ရော ရတာပါလို့။
ဒါနဲ့ အဆိုင်းမန့်လေး မယူချင်ဘူးလားဟမ်??
အဟီးဟီးးး
ကျုပ် ငါးရိုးတည်တာချည်းကို ပဲ သတိတရပြောနေတယ်၊ အဟိ။
အဲ့တုန်းက ဂျာပွန်က မောင်လေး နေမကောင်းဝူး ဆိုလို့ ဆယ်လမွန်ငါးလေး တည်မိတာပါ။
:s:
Was this answer helpful?
LikeDislikeအမ်..ဂိမ်းဆော့ရတာ မကြာသေး..ဂဇက် ထဲတောင် ရောက်လာပါပေါ့..သများ ပြောဘူးနော်..အာ့တွေ..ဒါမယ့် ဆွိ နဲ့ဆာအကြောင်းတော့ သိသွားပြီ
Was this answer helpful?
LikeDislikeဟိုက်…ရှာလဘတ်ရည်…. တယ်လည်းကြိုးပမ်းနိုင်ကြပေသကိုး
အခုပထမပိုင်းဗျူးထားတဲ့လူတွေထဲ ကျုပ်နဲ့မဆုံဖူးသေးတာဆိုလို့….
)

တစ်ဦးချင်းကို မွှေထားလိုက်တာ…ကိုယ်ကိုယ်တိုင်တောင် ကိုယ့်အကြောင်းအဲ့လောက်မသိဘူး…ခစ်
ဘွားဒေါ်ဂျီးဆိုသူရယ်
ကြောင်ဂျီး ဆိုသူရယ်
ဆရာမကြီး TTNU ရယ်
ဘွားဒေါ်ငယ်လေး ပုခ်ျ ရယ်ပဲပါတယ်….(အော်မေ့လို့…အင်သာပြူးလုပ်တဲ့တစ်ယောက်ကိုလည်း ဆုံဖူးသေးဝူး
အားလုံးကို ၄ စားပါတယ်
စာဒွေလည်းရေးချင်ပါရဲ့..ဘာရေးရမှန်းမသိသေးလို့
နောက်လာမဲ့ ရွာသူားတေါအကြောင်းလည်းစောင့်ဖတ်ပါ့မယ်ဗျ….
ပုံ/
ကြီးမှ မိုက်နေသူကြီး
Was this answer helpful?
LikeDislikeပြောသားပဲ။

ကိုယ်တိုင် မသိတဲ့ ကိုယ့် အကြောင်းတွေ ကိုယ့်သတင်းတွေကို
စနိုဒန် ဇီ နဲ့ ဆားပုလင်း ဆာ ဖော်ဦးးးးမှာ။
မိုက်တယ် မိုက်တယ် ပြောပြောပြီး စိတ်ထဲက စကားတွေ ပြောမထွက်သူကြီးးးေ

နာက် ဆိုများများပြော။
မိုက်မိုက်နောက်မှာ သများရှိတယ်။
ဘုရားစာရွတ်ပေးဖို့။ (ခွက်ဒစ်တူ ဘလက်)
Was this answer helpful?
LikeDislikelog in ၀င်ရခက်နေလို့ နောက်ကျသွားတယ် …
အန်တီဒုံကို အားကျလို့ အဘိဓမ္မာဘက် လှည့်လိုက်ရင် ကောင်းမလားလို့လဲ စိတ်ကူးနေတယ် ..
ဂိမ်းကိုလဲ မဖြတ်နိုင် .. ရွာကိုလဲ မဖြတ်နိုင် ..
ဒီရွာမှာနေဖြစ်တဲ့ ကောင်းကျိုးတွေကတော့ မိတ်ဆွေကောင်းတွေအများကြီးရတာပဲ … အတုယူစရာ အမူအကျင့်တွေ၊ အရေးအသား၊ စိတ်ဓါတ်၊ ပညာ၊ အစုံပဲ .. ကောင်းတာတွေ ရှာယူလို့ရတယ် ..
မိတ်ဆွေကောင်းတွေရှိတဲ့အရပ်ကို စွန့်သွားဖို့စိတ်ကူး ဘယ်တော့မှ မရှိဘူး …
Was this answer helpful?
LikeDislikeဟုတ်တယ်။
ဝေပြောတာ အမှန်ပဲ။။
တစ်ယောက်ချင်းစီရဲ့ Personility ကနေပြီး ကိုယ် ကြိုက်တာလေးတွေ ယူလို့ရတယ်။
:s:
အကုန်လုံး တစ်ယောက်တစ်မျိုးစီ ချစ်ဖို့ကောင်းတယ်။

Was this answer helpful?
LikeDislikeပထမဆုံးပြောချင်တာက တကယ့်ကိုအရေးကောင်းအတွေးကောင်းပါဗျာ…..
လူတစ်ဦးချင်းရဲ့သဏ္ဍာန်ရုပ်ကိုထင်းထင်းလင်းလင်းမြင်ရသလောက်ပဲ..
အရီးခင်ရဲ့ အားဖြည့်မှုကပိုပြီးရုပ်လုံးကြွသွားတယ်..
ွှအဲ ဟိုလူကြီး(ဆကျောက်စ်)ကတော့…ဟီဟိ..ကို ရယ် နှင်း ရယ်ပန်းပိတောက်ရယ်လုပ်နေတယ်..
ကျော်တို့ လူပျိုကြီးတွေအားနာပါအုံးလို့ …
Was this answer helpful?
LikeDislikeဟုတ်ပါ့ လူပျိုကြီးရယ်။
ဒါကြောင့် အရီး ရဲ့ ကော်မန့်တွေကို ချစ်ရတာပါဆို။
လူပျိုကြီး အကြောင်းလည်း လာမယ်နော်။
မကြာဘူးးး
ကောင်းကောင်းရေးစေချင်ရင် လက်ဖက်ရည်တိုက် (၂ ခွက်)
Was this answer helpful?
LikeDislikeအသာလုပ်ပါဇီဇီခင်ဇော်ရယ်….လက်ဖက်ရည် ၂ ခွက်လောက်များ (တော်သေးတာပေါ့)..
Was this answer helpful?
LikeDislikeလစာပေးရက် မအားတဲ့ကြားက ဒီပိုစ့်လေးကို အပြေးအလွှား ၀င်မန့်ခဲ့ပါတယ်….။ မနေ့က ဖုန်းန

ရွာသူားတစ်ယောက်ချင်းစီရဲ့ သွင်ပြင်နဲ့ ချစ်ဖို့ကောင်းတဲ့ အမူအကျင့်တွေကို ဖော်ပြထားတဲ့ ပိုစ့်လေးပါ….။ (ရွာထဲက လူကုန်ဆိုရင်တော့ အတော်အချိန်ယူရမယ်ထင့်…)
သိမ်းထားသင့်တဲ့ ပိုစ့်လေးပါ….
မဇီဇီရဲ့ ခုလို Idea ကိုလဲ အရမ်းအရမ်းသဘောကျပါတယ်..။ ဒီပိုစ့်အတွက် အချိန်ယူထားမှန်း…ရွာသူားတွေကို ချစ်ထားမှန်း သိသာပါတယ်လို့…….
Was this answer helpful?
LikeDislikeဟုတ်တယ်။
ရွာထဲ သိသလောက် လူကုန် ဆိုရင် အရမ်းများပြီး အရမ်းကြာမှာမို့ ပြီးသလောက် တင်တင်သွားဖို့ ရည်ရွယ်တာပါ ညလေးရေ။
အမကို မညည်းမညူ ကူညီတဲ့ ဆာဆာကို ကျေးဇူးတင်ရမှာပါ။
ချစ်စိတ်နဲ့ ရေးရတဲ့ ပို့(စ) မျိုးမို့ နားလည်မှုရှိတဲ့ ညီမလေးကို လည်း ချစ်ခြင်းနဲ့ပဲ ရေးသွားမှာ ဖြစ်ပါကြောင်းးး
:s:
Was this answer helpful?
LikeDislikeဇီဇီ, ဆာဆာ ပလီပလာ မဟုတ် …

အတည်တစ်ကယ်သာ မေးခွန်းထုတ် အဖြေလုပ် သွားတာဖြင့်…
ရွာသူားaတွ မှာလေ ပီတိဖြာသဘောကျ ပါကြောင်း
တီတီတာတာ လေးတွေ ထပ်ဆင့်လောင်းရှင့်….
Was this answer helpful?
LikeDislikeမွအိ ရဲ့ သစ္စာရှိ ကြင်နာတတ်တဲ့ နှလုံးသားကိုလည်း မြင်ပါ့ဗျားး
Was this answer helpful?
LikeDislikeကျန်းးးး !!
ဂလိုဒွေ ရေးပီးချုပ်တတ်ကြလွန်းလို့လည်း
တဇီဇီ တဆာဆာဖြစ်နေရတာကိုးး ။
တယောက်စီလိုက်ဖတ်ပီး ကိုယ်စီတိုင်းရဲ့
ရွာထဲက ပုံရိပ်ဒွေ တွေးပုံ ရေးလက်ဒွေ ပေါ်လွန်းလို့
တကယ်ကြီးကို ချစ်ဖို့ကောင်းတဲ့ ပို့စ်ဗျာ ။
ဂလောက်လူချင်းဒွေပိုရင်းလာပီး
ရွာထဲမှာစာတပုဒ်တောင်သေချာမရေးဖြစ်ပြန်လို့လည်း ကွကိုယ်ညစ်ပါရဲ့ ။
ဒီလိုတွေ ရေးတတ်အောင် သင်ပေးဘာလား ဟင်င်
ဘာဂိုဏ်းဆိုလား ဝင်ဆိုဝင်ဘာ့မယ် ဗျာ ။
Was this answer helpful?
LikeDislikeယမ်မယေး..မမရယ်…ကိုကြီးဇေယျာရယ်….ကြွေပါ့ဗျာ..လူများကိုရေးထားတာဖတ်ရတာနဲ့တင်…ပီတိဖြစ်ရပါ့…ကွကိုယ်အရေးခံရရင် အရည်ပျော်သွားမလားမသိ….
Was this answer helpful?
LikeDislikeနုထွားးးကြီးကို အရည်ဖျော်အူးးးးးးးးမှာ!!!!
Was this answer helpful?
LikeDislikeအဲဒီ ဂိုဏ်းက တော်ရုံ အရည်အချင်း နဲ့ မရဘူးးး

ဟိ။
ချုပ်တာမဟုတ်ပါဘူးအေဟဲ့။
ချစ်တဲ့ မက်စိနဲ့ ရေးရတာပါ။ နောက်ကျောမှာတော့ ဒါး ဒဏ်ရာ တစ်ချို့ရှိသပေါ့။
Was this answer helpful?
LikeDislikeချုပ် တတ်တဲ့သူဒွေ မဟုတ်မှန်းသိဘာဒယ်ဗျာ
နောက်ချင်ပီး ပေါ်မဲ့ဇဂါးမို့ ရွေးသုံးထှာ ။
ချစ်လို့ ပြောသွားဒယ် မှတ်
ဒါနဲ့ ဒဏ်ရာကျက်ရင်ပြော
နောက်တပွဲကျရင် ကျော် ပွဲသွင်းသူ လုပ်မို့ ။
Was this answer helpful?
LikeDislikeရွာထဲကို မျက်စိလည်ပြီး ပြန်ရောက်လာတဲ့အခါ အရင်က မှတ်မိထားတဲ့ လူတွေရဲ့အမည်တွေက ပြောင်းနေတော့ ဘယ်သူတွေက ဘယ်သူဆိုတာ ဟီး အမှန်ပြောရရင်
မသိတော့ဘူးဖြစ်နေတယ်။
Was this answer helpful?
LikeDislikeဘယ်သူ့ကို မသိတာတုန်းးး

ဟီးဟီးးး
ပြောပြမယ်လေ။
Was this answer helpful?
LikeDislikeကောင်းလော့တေး
ကောင်းလော့တေး
နောက်မှ ပြန်လာမယ်
ပြန်လာချင်မှ ပြန်လာမယ်
Was this answer helpful?
LikeDislikeလာချင်မှပြန်လာ
မလာချင်ပြန်မလာနဲ့
Was this answer helpful?
LikeDislikeအားလုံး အားလုံးကျေးဇူးပါဗျာ
တကယ်တော့ ကျနော့ကို အလုပ်လာအပ်ထားတာ တစ်လလောက်ရှိပါပြီ ။ကျနော်ကိုက အရေးမသွက်လို့ပါ ။
ကျနော်ငယ်စဉ်က ဖတ်ဖူးတဲ့ ဝင်းဦးရဲ့ မိန်းမလှအမုန် ထဲက ဒို့နှစ်ယောက်စာတန်းလေးတွေကို သဘောကျမိခဲ့ပါတယ် ။
တနေ့ကျရင်ရွာသူားတွေနဲ့ ဒို့နှစ်ယောက်စာတန်းလေးတွေ အဖြစ် တစ်ယောက်ချင်းစီပတ်သက်ခင်မင်ခဲ့ရပုံတွေကို
ရေးမယ်စိတ်ကူးဖူးပါတယ် ။
အကြောင်းကြောင်းကြောင့်မဖြစ်ခဲ့ပါဘူး ။
အခုတော့ မခိုင်ဇာ ဂိုက်လိုင်းပေးလို့ အမှတ်တမဲ့များမှသည် အမှတ်တရဆီသို့ အနည်းငယ်ချဉ်းကပ်မိခဲ့ပါတယ် ။
တစ်ယောက်ချင်းစီအတွက် မပြည့်စုံနိုင်ခဲ့ပေမယ့် စာမျက်နှာအခက်အခဲကြောင့် အများကြီး မရေးနိုင်ခဲ့ပါဘူး ။
ခန့်မှန်းရသလောက် မန်ဘာ ၁၀၀ ကျော်မယ်ထင်ပါတယ် ။
နောက်ပို့စ်တွေမှာ ဆက်ပြီး လွမ်းသွားပါဦးမယ်ဆိုတဲ့အကြောင်းးးးးးး
အိမ်စာများ ပိနေပါသဖြင့် ကွန်မန့်များကို ရီပလိုင်းမလုပ်နိုင်ခဲ့သည်များကိုလည်း
နားလည်ခွင့်လွှတ်ပေးစေလိုပါကြောင်းးးးးးး
လေးစားလျှက်
Was this answer helpful?
LikeDislikeချစ်စရာအတွေးနဲ့အရေးကို တစ်ယောက်မကျန် ပြုံးပြုံးလေး ဖတ်သွားပါတယ်လို့..နှင်းနှင်း ပျောက်နေတာ ကျောက်စ်ကို အလိုလို ရှိန်နေလို့ပါ အစ်ကိုဆာရယ်..
Was this answer helpful?
LikeDislikeမနန်း သရုပ်ဖော် ပုံလေး က အရမ်း ကို သေသပ်ပြီး အဆင့်မြင့်တယ်။
တော်လယ်။ တကယ်ဘဲ။ :-))
Was this answer helpful?
LikeDislikeလိုက်လည်းလိုက်တဲ့ ယောက္ခမနဲ့ ချွေးမပါပဲ။
ပျောက်နေတဲ့လူတွေ ပြန်လာအောင် ခေါ်တတ်ပါပေ့။
Was this answer helpful?
LikeDislikeတစ်ဖြေးဖြေးချင်း လူစုံအောင် ကြိုးစားပြီး ခေါ်သွားပါ့မယ် အာတီဒုံရေ။
:s:
Was this answer helpful?
LikeDislike” တဆုံးကိုနှိုက်ချက်က အိုဂျီတောင်မှ လက်မြှောက်သွားလောက်ပါရဲ့ ”
အင်းးးး ။ သူပြောမှဘဲ ၊ အဘ ဘဝ တစ်သက်တာမှာ ၊
တစ်ခါမှ အိုဂျီ လို နှိုက်မကြည့်ဖူးသေးဘူး ဆိုတာ ၊ သတိပြုမိတော့တယ် ။
အင်းးးး ။ ဒီ အရွယ်ကြီးရောက်မှတော့ ၊ စမ်း မကြည့်တော့ပါဘူးလေ ။
တော်ကြာ ကျော်မကောင်း ၊ ကြားမကောင်း ။ ဟီ ဟိ ။
Was this answer helpful?
LikeDislikeဟမ်မငေးးး

မြှောက်ပေးတဲ့ထဲ အနော်မပါပါဘူးးး အရပ်ကတို့။
Was this answer helpful?
LikeDislikeပြောထားပါရဲ့နော …… ပြဿနာကို တဆုံးးးးး ဆိုတာ
တလွဲတွေတော့ မလုပ်လိုက်ပါနဲ့ အဘရယ်
အဘဖေါပြောသောပုံပြင် (ဟွန်းသုံးချက်တီး) ကိုလည်းတစ်နေ့ရေးချင်ပါသေးတယ် ဟေးဟေး
Was this answer helpful?
LikeDislikeနင်တို့အားလုံးဂို လဗြွန်ထစ်သယ်..
Was this answer helpful?
LikeDislikeဟဲ့ ကြောင် မူး နေရင် ကိုယ့် အမြီး ကိုယ် ပြန်ကိုက် ထား။
ဒီမှာ လာ စွာ မနေနဲ့။
Was this answer helpful?
LikeDislikeအို ….
မေးသူက မေး၊ ဖြေသူက ဖြေနဲ့ …
တစ်ဝကြီး ဖတ်ခွင့်ရလိုက်သဗျာ …
ကျေးကျေး အကုန်လုံး …
Was this answer helpful?
LikeDislikeသန်းကောင်စာရင်း တစ်ခုအတွက်လည်း ကျေးကျေးးး\
Was this answer helpful?
LikeDislikeကိုလတ်ကြီး
ကောက်ပို လို့ ခေါ်လို့ မရ တော့ ဘူး။
ကျနော်ညီမ တစ်ယောက် က အပိုင်ယူ သွားပြီ။
ဟိုနေ့ ကတင် တဲ့ ဓါတ်ပုံ က ရွှေ ဂုံတိုင် နားက 12ထပ်တိုက် သူ နေတဲ့အိမ်က တက်ရိုက်ထားတာလေ။
ကိုပေါက် က စိတ်မကောက်တတ်ပါ စိတ် လဲ မဆိုးတတ်ပါ
မထင်လျင် အဆင်ခြင်မဲ့ စွာ ပြော တတ် တာ လေး ဘဲ ဆိုး ပါ တယ် လို့ ပြောချင်ပါတယ်။
ကိုယ့် ကို ကိုယ် မညှာ တမ်း ဝေ ဖန် ရ ရင်တော့
အထက်မရောက် အောက်မရောက် ဖြစ်နေတဲံ
အနုပညာကို ခုံမင်သူ ၀ါ သ နာ ရှင် တစ်ယောက် အစစ် ဘဲ ဖြစ်ပါတယ်။
သတိတရ ဖော် ပြ ပေး တဲ့ ဇီဇီ ဆာဆာကို ကျေး ဇူး ပါ။
ရွာနဲ့ပါတ်သက်လို့ပြောရင်တော့ 2010 အေပရယ်လ က စပြီးအ ခု ထိ
အား အား မအား အား
ပို့စ်တွေ ဓါတ်ပုံ တွေ တင် နေ ဖြစ် ပါတယ်။
စိတ် ပါ လို့ ပါ။
Was this answer helpful?
LikeDislike၄စားပါဒယ်။။။။။
Was this answer helpful?
LikeDislikeခုမှ မန့်ဖြစ်မယ်။ မကျိက အတော်စုံသကိုး။ ကျတော်မသိတဲ့ သတိမထားမိတဲ့သူတွေပါတယ်။
Was this answer helpful?
LikeDislike