မောင်လေးရေ
ပြီးခဲ့တဲ့ စနေနေ့က မောင်လေးရေးတဲ့ မမမျိုးတမ်းချင်း ဘားအံခရီးစဉ်ကို ဖတ်ရတော့ မောင်လေးရဲ့  မေတ္တာတွေကို မမ ပိုပြီး သိလိုက်ရပါတယ် ၊

မောင်လေးရယ်  မမလည်း မောင်လေးလက်ကိုတွဲပြီး ကမ္ဘာအနှံ့သွားပစ်လိုက်ချင်တာပေါ့ကွယ် ၊

ဒါပေမယ့် မမတို့ လူသားတွေက ကံဇာတ်ဆရာ အလိုကျ နေ နေရသမို့ စိတ်သွားတိုင်း ကိုယ်မပါတာ မောင်လေးသိပါတယ်လေ ၊

အဲဒီ ကံဇာတ်ဆရာက ဘယ်လောက်တောင်ကျီစယ်သလဲဆိုရင်

မောင်လေးရဲ့  ဘားအံပို့စ်ကို ဖတ်ရတဲ့ အဲဒီ စနေနေ့ ညမှာပဲ မမလည်း ဘားအံကို ခရီးထွက်ဖြစ်ပါပကောလား ၊

ရပ်ကွက်ထဲက မမမျိုးဘော်ဒါက သူ့သမီး ဘားအံမှာ ကလေးမွေးတယ် ၊

ကလေးမီးထွက် အလှူလုပ်မလို့ လိုက်မလား ၊ တနင်္ဂနွေည ပြန်ရောက်မယ် တဲ့ ၊

ဘာပြောကောင်းမလဲ အိမ်ပေါ်တက် ဂျာကင်ကောက်စွပ်ပြီး တန်းကနဲ လိုက်တာပါပဲကွယ် ၊

အဲဒီဘက်ဆို ကျိုက်ထိုအထိပဲ ရောက်ဖူးလို့ သိပ်သွားချင်နေတာ ၊

ပြည်ရိပ်မွန်ကထွက်တော့ ည ၉ နာရီကျော်ပြီ ၊

ကားပေါ်မှာက ၃ ယောက်တည်း ၊

ကားကို တစ်ယောက်တစ်လှည့် မောင်းကြမယ်ပေါ့  ၊

ဝါယာလက် ၅၁ ဂိတ်နားမှာ ခဏ ဝင်မော့ကြသေးတယ် ၊

မိုးကလည်း ကောင်းသလား မမေးနဲ့ကွယ် ၊

ကျိုက်ထိုရောက်တော့ လူကော ကားကော ခဏနားကြတယ် ၊

ဘားအံက တည်းမယ့်အိမ်ရောက်တော့ မနက် လေးနာရီခွဲပြီ ၊

ကဲ မောင်လေးရေ ဓါတ်ပုံတွေ ကြည့်လိုက်ဦးနော် ၊

 

၁ – ဒီကားနဲ့ သွားတာ ၊

DSC_0030 (2)

၂ – ကျိုက်ထိုမှာ ခဏနားကြတယ် ၊

DSC_0006 (2)

၂ – ကျိုက်ထိုမှာ ခဏနားကြတယ် ၊

DSC_0008 (2)

၂ – ကျိုက်ထိုမှာ ခဏနားကြတယ် ၊

DSC_0009 (2)

၂ – ကျိုက်ထိုမှာ ခဏနားကြတယ် ၊

DSC_0010 (2)

၃ – ဘားအံမြို့လည်က အဝိုင်း

DSC_0011 (2)

 

၎ – ဘားအံ အဝေးပြေးဂိတ်သစ်

 

DSC_0014

၆ – အလင်းဆက် ပြောတဲ့ ရွှေယဉ်မျှော်ဘုရားပေါ်

DSC_0016 (2)

၆ – အလင်းဆက် ပြောတဲ့ ရွှေယဉ်မျှော်ဘုရားပေါ်

DSC_0018 (2)

၇ – သံလွင်ကတော့ စီးမြဲပင်

DSC_0015 (2)

၇ – သံလွင်ကတော့ စီးမြဲပင်

DSC_0017 (2)

၈ – ဘားအံက ပြန်ပြီ

DSC_0020 (2)

၉ – ဘားအံအထွက် ချောစုဆီဆိုင်

DSC_0024

၁၀ – မြူ ဖုံးနေတဲ့ ဇွဲကပင်

DSC_0022 (2)

၁၀ – မြူ ဖုံးနေတဲ့ ဇွဲကပင်

DSC_0023 (2)

၁၁ – သံလွင်တံတား

DSC_0025 (2)

၁၁ – သံလွင်တံတား

DSC_0026 (2)

၁၁ – သံလွင်တံတား

DSC_0027 (2)

၁၁ – သံလွင်တံတား

DSC_0029 (2)

၁၂ – သထုံကျော်လာပြီ

DSC_0033 (2)

၁၃ ၊ ကျိုက်ထိုက အဲဒီဆိုင်မှာ ကတွတ်ယိုဝယ်တယ် ၊

DSC_0034 (2)

၁၄ – စစ်တောင်းတံတားကြီး လွမ်းကာ ကြည့်ကာ ငို ( ဗညားဟန် )

DSC_0035 (2)

၁၄ – စစ်တောင်းတံတားကြီး လွမ်းကာ ကြည့်ကာ ငို ( ဗညားဟန် )

DSC_0036 (2)

၁၄ – စစ်တောင်းတံတားကြီး လွမ်းကာ ကြည့်ကာ ငို ( ဗညားဟန် )

DSC_0037

၁၄ – စစ်တောင်းတံတားကြီး လွမ်းကာ ကြည့်ကာ ငို ( ဗညားဟန် )

DSC_0038 (2)

၁၅ – ဘုရားကြီး တိုးလ်ဂိတ်

DSC_0039 (2)

၁၆ – ဘုရားကြီးလမ်းခွဲအကျော်မှာ ခဏနား

DSC_0042 (2)

၁၆ – ဘုရားကြီးလမ်းခွဲအကျော်မှာ ခဏနား

DSC_0043 (2)

၁၇ – လှည်းကူးရောက်တော့မယ် ၊

DSC_0044 (2)

၁၈ – ရန်ကုန်အဝင်

DSC_0049 (2)

( အလင်းဆက်ရေ   မမမျိုး မမမျိုးလို့ ရေးရင်း ရေးရင်း ရင်တွေပန်းတွေ တုန်လှပါလားကွယ် ၊ တော်ပြီ ကိုကိုမျိုးပဲ လုပ်တော့မယ် )

:)   :)  :)

 

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..