” ပန်းက ပန်းပါဘဲ “

ခင္ခJuly 31, 20141min14910

” ပန်းက ပန်းပါဘဲ “

 

ပင်မြင့်စံပန်း

အမည်လွှမ်းလို့

မွှေးရနံကယ်စူး

ပွဲတက်ပန်တယ်

သူ့အလှက ဝင့်ကြွားထည်။

 

ရှေးအခါပြောစကား

ပုံပြင်လားမသိ

မသာပန်စင်

ခေါင်းရမ်းခေါ်တွင်

ထိုထိုပန်းကို

ပွဲတက်မပန်

နှိမ်ထားကြပြန်

အပင်မှာပွင့် လှနိုင်တင့်။

 

ပန်းချင်းတူသော်

အခြေအနေမတူ

သတ်မှတ်မူကြောင့်

ကွဲပြားအဆင့်

ဖြစ်လှအင့်လည်း

ပန်းက ပန်းပါဘဲ။

 

ခင်ခ။

10 comments

  • weiwei

    July 31, 2014 at 11:14 am

    ခွေးသေးပန်းနဲ့ သဇင်ပန်းနဲ့ မတူနိုင်ပါ ..
    ပန်းချင်းတူသော်လည်း တန်ဖိုးချင်းတော့ ကွာတာပေါ့နော် ..

    ဘာပဲပြောပြော ပန်းထဲမှာတော့ ဂေါ်ဖီပန်းက တန်ဖိုးအရှိဆုံးပဲ (စားလို့ရလို့ … 🙂 )

    • ခင် ခ

      July 31, 2014 at 12:32 pm

      တန်းဖိုးမတူ မှန်းသိပေမယ့် ပင်နိမ့်စံပန်းအတွက် ခံစားချက်ပါ မဝေရေ။ စကားမစပ် ခွေးသေးပန်းက ဆေးဘက်ဆိုင်ရာမှာတော့ သဇင်ပန်းထက် ပိုအသုံးတည့်သည် တန်ကြေးရှိပါတယ်။
      ပန်းနဲ့ပေါက်တာ နာစရာမဟုတ်ပေမယ့် အဲဒီ ဂေါ်ဖီပန်းနဲ့ ပေါက်ရင်တော့ နာမလားမသိဘူးနော်။
      လာရောက်မန့်ခြင်းအတွက် ကျေးဇူးပါ။

  • alinsett (gazette)

    July 31, 2014 at 1:42 pm

    အနုပညာရပ် အမျိုးမျိုးကို…ပန်းလေးတွေနဲ ့…ပုံပမာ ထားပြဖူးတယ်.. ။
    သူ ့အပင်မှာပွင့်တဲ့ပန်း…
    ကိုယ့်အပင်မှာ ပွင့်တဲ့ပန်း…
    စံပယ်ပန်း..ခရေပန်း..နှင်းဆီပန်း..သဇင်ပန်း..
    နေကြာပန်း…ဇီဇဝါပန်း…
    လမ်းဘေးနားက…အလေ့ကျပန်း…
    ဘယ်လိုအနေအထားနဲ ့.. ပွင့်ပွင့်…
    ဘယ်လိုနေရာမှာပွင့်ပွင့်..
    ဘယ်ရာသီ ဘယ်မြေ ဘယ်ဥယျာဉ်မှာပွင့်ပွင့်… …
    ပန်းဆိုတဲ့..သဘောတရားလေးက..အတူတူပဲ..လို ့… .
    ကိုယ့်အကြိုက်နဲ ့လိုက်ပြီး..ဘယ်ပန်းကတော့..မကောင်းဘူး.. (ကိုယ့်မကြိုက်တဲ့ဖန်တီးမှုကို..မကောင်းဘူး)လို ့..ဘယ်သူတွေ ဘာပြောပြော..
    ပန်းကတော့..ပွင့်နေမြဲ…
    သဘာဝအလှအတွက်… ပန်းကတော့..ပွင့်နေမြဲ….
    ဒီလိုပါပဲ…
    အနုပညာကတော့… အနုပညာဆန်နေမြဲ….

    အင်း…
    ဒီကဗျာလေးကလည်း..ပန်းကလေးတစ်ပွင့်…ပါ…
    ကျနော်ချစ်တဲ့…အနုပညာဥယျာဉ်ခြံမြေထဲက…
    ချစ်စရာကောင်းသော… ပန်းကလေးတစ်ပွင့်ပါပဲ..လေ….

    • ခင် ခ

      July 31, 2014 at 2:05 pm

      ကိုအလင်းဆက်ရဲ့ ခံစားဖော်ညွှန်းချက်လေးကို ကြိုက်လို့ဗျာ။

      • alinsett (gazette)

        July 31, 2014 at 2:16 pm

        ဇူးဇူးပါ..လေးခ…
        😆
        —————–

        နောက်ဆုံးပိုဒ်ဖြစ်တဲ့…

        ပန်းချင်းတူသော်
        အခြေအနေမတူ
        သတ်မှတ်မူကြောင့်
        ကွဲပြားအဆင့်
        ဖြစ်လှအင့်လည်း
        ပန်းက ပန်းပါဘဲ။

        ဆိုတာလေးကို… ဖတ်ပြီး.တော်တော်သဘောကျသွားတယ်.. ။
        ချစ်စရာကောင်းတဲ့.. ကဗျာလေးဆိုတော့လည်း.. ကဗျာဆန်ဆန်လေး…မန့်ကြည့်လိုက်တာ..

  • ဇီဇီ ခင်ဇော်

    July 31, 2014 at 3:17 pm

    ပန်းချင်းက တူတူပါပဲဗျာ။
    လူတွေက ခွဲခြားနေလို့ပါ။

    :i:

    • ခင် ခ

      July 31, 2014 at 3:28 pm

      တစ်ခါတလေ ပညတ်ထားမှုတွေကလည်း ခွဲခြားမှုကို ဖြစ်စေတာပေါ့ဗျာ။

  • အရီးခင်

    July 31, 2014 at 10:35 pm

    ငယ်တုန်းက အဲဒီ ခေါင်ရမ်းပန်းကတော့ ဖေးဘရိတ်ပါ။
    အဲဒီ ပွင့်ဖတ်တွေ ကို ချေပြီး ဆီချက် လို လုပ် ကစားလို့ ရတာလေ။
    :-))

    • ခင် ခ

      August 1, 2014 at 10:26 am

      အရီးရေ တစ်ချို့ပန်းတွေရဲ့အခေါ်အဝေါ်ကို ကျွန်တော်မသိပေမယ့် ခေါင်ရမ်းပန်းတော့ သိတယ်ဗျ။
      အရီးပြောသလို ငယ်တုန်းကဆော့ကြတဲ့ ပန်းမို့လေ။

  • Mr. MarGa

    August 1, 2014 at 12:46 pm

    ဆယ်တန်းကတည်းက စွဲနေမိတဲ့ ပန်း
    တခြားဟာတွေသာ မေ့တေ့တေ့ဖြစ်တာ ခေါင်ရမ်းကိုတော့ နာမည်နဲ့တကွ မှတ်မိနေဆဲ…..

Leave a Reply