” လက်ဆွဲမနုတ်ဆက်ဘဲ လက်သီးချင်းထိုးရတော့မလို “

ခင္ခJuly 31, 20141min20917

” လက်ဆွဲမနုတ်ဆက်ဘဲ လက်သီးချင်းထိုးရတော့မလို “

 

လက်သည် ပြင်ပအရာဝတ္ထုများနှင့် အစဉ်ထိတွေ့နေသည့်အတွက် ဗက်တီးရီးယားမျိုးစုံဖြင့် ပြည့်နက်နေ သည်ကိုအကြောင်းပြု၍ နိုင်ငံတကာတွင် လက်ဆွဲနှုတ်ဆက်ခြင်းထက် လက်သီးချင်းဖွဖွထိုး၍ နှုတ်ဆက်ခြင်း ကိုရွေးချယ်ကျင့်သုံးလာကြကြောင်းသိရပါသည်။

တံခါးလက်ကိုင်ဘုကို ကိုင်သောအခါ၊ ဖုန်းအသုံးပြုသောအခါ ဘတ်စ်ကားပေါ်တက်သည့်အခါ အစရှိသဖြင့် မလွဲမရှောင်သာသော အခြေအနေများတွင် လက်ဖြင့်အရာဝတ္ထုမျိုးစုံကို ကိုင်မိကြသည့်အခါ ဗက်တီးရီးယား ပိုးမွှားများစွာ လက်ပေါ်သို့ကူးလာနိုင်ပါသည်။

ထိုအခါ လက်ကို ချက်ခြင်းဆေးရန် အမြဲအဆင်မပြေနိုင်သဖြင့် ထိုလက်ဖြင့် ကိုင်တွယ်ပွတ်သပ်မိသော ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် အခြားအရာဝတ္ထုများတွင် ထိုပိုမွှားများ ထပ်ဆင့်ကူးသွားသည့်အတွက် ပတ်ဝန်း ကျင်တွင် ပိုးမွှားတွေနဲ့ပြည့်နိုင်ပြီး လက်တွင်လည်းရှိနိုင်သည်ဟုဆိုပါသည်။

ထိုသို့ လက်မှတဆင့် ပိုးမွှားကူးစက်မှုကို ကာကွယ်နိုင်ရန် လူအများက လက်သီးချင်းထိတွေ့ နှုတ်ဆက်ခြင်းကို ဦးစားပေးလာကြခြင်းဖြစ်ပြီး သိပ္ပံပညာရှင်များကလည်း လက်ဆွဲနှုတ်ဆက်ခြင်း လက်သီးထိုးနှုတ်ဆက်ခြင်း ကြောင့်ကူးစက်နိုင်သည့် ဗက်တီးရီးယားပိုးမွှား ပမာဏကိုသုတေသနပြု ခုလိုဖော်ပြထားပါတယ်၊ လူနှစ်ဦး နှုတ်ဆက်ရာတွင် တစ်ဦး၏လက်ကို ပိုးမွှားကင်းစင်အောင်ပိုးသတ်ထားပြီး ကျန်တစ်ဦးကို ရှိရင်းစွဲအခြေအနေ အတိုင်းထားကာ ထိုသူနှစ်ဦးကို လက်ဆွဲနှုတ်ဆက်စေခြင်း လက်သီးချင်းထိုးနှုတ်ဆက်စေခြင်းတို့တွင် ပိုးကူး ဆက်မှုသည် လက်ဆွဲနှုတ်ဆက်ခြင်းကြောင့် ပိုးကူးဆက်မှုထက် လက်သီးချင်းထိုးနှုတ်ဆက်ခြင်းက ၉၀% လျော့နည်းမှုရှိပြီး လက်ဝါးချင်းရိုက်နှုတ်ဆက်ခြင်းက ၅၀%လျော့နည်းသည်ကို တွေ့ရှိရသည်ဟုဆိုပါသည်။

လက်ဆွဲနှုတ်ဆက်ခြင်းသည် လက်အရေပြားအသားချင်း ထိတွေ့နိုင်သည့် အကျယ်အဝန်းပိုသည့်အတွက် ပိုးမွှားကူးဆက်မှုလည်း ပိုခြင်းဖြစ်ပြီး လက်သီးချင်းထိတွေ့ခြင်းက အရေပြားထိတွေ့မှု အနည်းဆုံးဖြစ်သည့် အတွက် ပိုးကူးဆက်မှုလည်းနည်းပါးခြင်းဖြစ်သည်ဟု ဆိုပါသည်။

ထိုကြောင့် နိုင်ငံတကာတွင် သမားရိုးကျလက်ဆွဲနှုတ်ဆက်ခြင်းကို ရှောင်လွှဲနိုင်သည့်အခြေအနေတိုင်းတွင် ရှောင်လွဲနေကြပြီး လက်သီးချင်းဖွဖွထိုးကာနှုတ်ဆက်သည့် အလေ့အထ တဖြည်းဖြည်း ရေပန်းစားလာနေပြီ ဖြစ်ကြောင်းသိရပါသည်။ ( Credit to TMK )

အင်းးးးးးးးးးးးးး ဗက်တီးရီးယားပိုးမွှားတွေကတော့ ပတ်ဝန်းကျင်မှာရှိနေ ပျံလွင့်နေတတ်ပါတယ် တိုင်းရင်းအဆို ပထဝီ တေဇော အာပေါ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး ညီညွှတ် မျှတပြီး မိမိ ကိုယ်ခံစွမ်းအား ကောင်းမွန် နေမယ်ဆိုရင်တော့ တော်ရုံဗက်တီးရီးယားပိုးမွှားကူးဆက်မှုကို တွန်းလှန်ခံနိုင်မှုရှိကြပေမယ့် မိမိကိုယ်က သက်လုံကောင်းမှုအားနည်းနေတဲ့အချိန်ဆိုရင်တော့ သတိထားသင့်တဲ့ ကျန်းမာရေးပညာပေးလေးမို့ မျှဝေရေးဖြစ်လိုက်တာပါ။

 

ခင်ခ။

 

17 comments

  • kyeemite

    July 31, 2014 at 2:14 pm

    ဒါဖြင့်ရင်…လက်သီးချင်းပဲထိုးကြတာပေါ့ဗျာ…. :i:

    • ခင် ခ

      July 31, 2014 at 3:07 pm

      ဖွဖွလေးမထိုးဘဲ အားပါသွားမှ ဟုတ်ပေ့ဖြစ်နေအုံးမှာလဲ စိုးရသေးတယ် ဆြာမိုက်ရေ

  • alinsett (gazette)

    July 31, 2014 at 2:27 pm

    အမငီး…
    လက် အသားနာမှာထက် စာရင်…
    ဟိုလေ…
    လက်အိတ်လေးတွေ ကိုယ်စီ စွပ်ထားပြီးပဲ… လက်ဆွဲနှုတ်ဆက်ကြပါစို ့လား..

    တစ်ခါသုံးလက်အိတ်တွေနဲ ့ဆို..ပိုကောင်းမှာပေါ့.. ။

    မြန်မာပြည်မှာတော့..အ ားလုံး လက်အိတ်စွပ်ပြီး.. လက်ဆွဲနှုတ်ကြမယ်ဟေ့..ဆိုမှ… လုပ်တာကောင်းမယ်..။
    ဘာလို ့ဆို.. ..
    ကိုယ်က… လက်အိတ်ကြီးစွပ်ပြီး… လက်အိပ်မစွတ်ထားတဲ့လူကို… သွား ဆွဲနှုတ်ဆက်မိရင်..
    ဟိုက… ငါ့များ..နူနေတဲ့အကောင် ထင်သလား…ဘာလား..ညာလားဆိုပြီး…
    တကယ့် လက်သီးထိုးပွဲ ဖြစ်သွားနိုင်တယ်..နော့..

    အဟိ.. ။
    ထင်တာတွေ..စွပ်ပြောသွားတယ်.. ။

    :mrgreen:

    • ခင် ခ

      July 31, 2014 at 3:12 pm

      လက်အိတ်က ဝတ်လိုက် ချွတ်လိုက်နဲ့ အလုပ်ရှုပ်နေမလားဘဲ
      ပြီးတော့ ကိုယ်ကဘဲ လက်အိတ်စွပ်ထားပြန်ရင်လည်း ကိုအလင်းဆက်ပြောသလို အထင်ခံရမှာရယ် ဇီစာကြောင်လှကြီးလား မတူသလိုမတန်သလိုနဲ့ ပြောခံရမှာလဲ တွေးမိသေးဗျ

  • ဇီဇီ ခင်ဇော်

    July 31, 2014 at 3:00 pm

    ဂလိုမှန်းသိ ဟိုတခါ တွေ့တုန်းက လက်သီးချင်းထိုးပြီး နှုတ်ဆက်ပါတယ်။

    :mrgreen:

    • ခင် ခ

      July 31, 2014 at 3:17 pm

      အဲဒီတုန်းက ကျွန်တော် ဒီစာဖတ်ရသေးဘူးဗျ၊ ဖတ်ပြီးခဲ့လည်း လက်သီးချင်းတော့ မထိုးဝံပါဘူးဗျာ။

  • kai

    July 31, 2014 at 3:41 pm

    တချို့..ရင်ချင်းအပ်.. ဖက်ပြီးနှုတ်ဆက်ကြသဗျ..။
    တချို့ကတော့.. လက်တောင်မှ.. ထိုးလိုက်.. ဆုပ်လိုက်.. ခွာလိုက်..လှည့်လိုက်နဲ့.. လမ်းသရဲနှုတ်ဆက်နည်းခေါ်ရမလားပဲ..

    မျက်နှာသေသေချာချာကြည့်ပြီး.. လက်ဆွဲနှုတ်ဆက်တာကတော့.. လုပ်ဖြစ်နေတာပါပဲ..
    ပြီးခါမှ.. ပိုးသတ်ဆေးကလေး..လက်ကိုလူးပြီး.. ပိုးသတ်ပေါ့လေ…
    အနေက်တိုင်းဝတ်စုံလေးဟန်ကျပန်ကျဝတ်ထားပြီးမှ.. လက်သီးချင်းထိုးနေရင်တော့.. သိပ်တော့မဟန်.. သေး.. :k:

    • ခင် ခ

      July 31, 2014 at 4:06 pm

      အကိုကြီး ညီလေး ဆိုပြီး ရင်ချင်းအပ်နှုတ်ဆက်တာ ကိစ္စမရှိသော်လည်း အကိုကြီး ညီမလေး ဆိုပြီး ဒီမှာတော့ အဲလိုနှုတ်ဆက်ရင် မိန်းကလေးဖြစ်သူက လက်သီးကျွေးနုတ်ဆက်လောက်မယ်ဗျ သဂျီးရေ။
      ဟုတ်ပ အနောက်တိုင်းဝတ်စုံလေးဟန်ကျပန်ကျဝတ်ပြီး လက်သီးချင်းထိုးတာတော့ သဂျီးပြောသလို ဟန်ပုံမပေါ်ဘူး၊

      ယိုးဒယားလို လက်အုပ်လေးချီ ဆာဝါဒီခပ် လိုမျိုး မင်္ဂလာပါဆိုရင်တော့ အဆင်ပြေလောက်မယ်ထင်။

  • manawphyulay

    July 31, 2014 at 4:44 pm

    ဒါဆို ဂျပန်လို နှုတ်ဆက်နည်းလည်း မဆိုးဘူးနော်။ လက်သီးဆုပ်နည်းကတော့ မိန်းကလေးတွေအတွက် သိပ်အဆင်မပြေဘူးဖြစ်နေတယ်။ မနောကတော့ ပြုံးပြလိုက်တာပါပဲ။

  • ဦးကျောက်ခဲ

    July 31, 2014 at 5:49 pm

    ဟမ်… ဒီသတင်းက ကျောက်စ်အတွက်တော့မကောင်းဘူး…
    အလုပ်လုပ်နေရတာက ပြင်သစ်ကုမ္ပဏီဆိုတော့ လုပ်ဖော်ကိုင်ဖက် ပြင်သစ်မမများကို…
    ပါးချင်းကပ် ရင်ချင်းအပ်ပြီး အာဘွားရွှတ်ရှလူး နှုတ်ဆက်ရတယ်ခင်ဗျ…
    ဒါတင်မက တင်ပါးကိုတောင် ဖျစ် သွားသေးတယ်…
    ဗက်တီးရီးယားတွေတော့ ကူးကုန်ပါပြီ ဆရာခရယ်…
    :i:

  • TNA

    July 31, 2014 at 6:09 pm

    အာ့ဆိုဘယ်သူ့ကိုမှ လက်ဆွဲနှုတ်မဆက်တော့ဘူး :mrgreen:

  • အရီးခင်

    July 31, 2014 at 10:28 pm

    နယူးဇီလန် ဘက်က လူရိုင်းတွေဆီမှာ နှာခေါင်း ချင်း တေ့ နှုတ်ဆက် ကြတာ ဝီလျှံ နဲ့ ကိတ် သွားတုန်း က သတင်းထဲ တွေ့လိုက်တာ။
    လက်သီးဆုပ်ချင်း တေ့ ထိုး တာက လူရင်း တွေ ၊ လူငယ် တွေ လုပ်တာ များများ တွေ့ဘူးတယ်။
    စပြီး မိတ်ဆက် ပေးတာ ဆိုရင်တော့ လက်ဆွဲနှုတ်ဆက် ကြတုန်းပါဘဲ။
    ကျောက်စ် ပြောသလို နှုတ်ဆက်တာ ကတော့ ဒီမှာ မိန်းကလေးအများစု လုပ်ကြတာ ထုံးစံ ဖြစ်နေပေါ့။
    :-)))

  • ဦးဦးပါလေရာ

    August 1, 2014 at 12:54 am

    .ကျုပ်စိတ်ထဲမတော့-
    .ဟိန္ဒူ ကုလားလို / ထိုင်းလို
    .ခေါင်းမော့ပြီး လက်အုပ်လေးချီ နှုတ်ဆက်တဲ့ စတိုင် အကြိုက်ဆုံးပဲ…
    .အဲဒီ အမူအယာမှာ
    .တဖက်သားကို အလေးထားမှု့ ၊ တဖက်သားကို လေးစားမှု့ ၊
    .တဖက်သားကို အသာစီးမယူမှု့ ၊ လှိုက်လှဲပျူ ငှာမှု့ ဆိုတဲ့ အချင်းအရာတွေ အကုန်လုံးပါတယ်…။

    .ခက်တာက..
    .လက်အုပ်ချီတာက ကျုပ်တို့လူမျိုးအတွက် ကန်တော့ တာ ဖြစ်နေတယ်..။

    .အကြံရပြီ…
    .တရုတ်သိုင်းသမားတွေ နှုတ်ဆက်ကြသလို
    .ဘယ်ဘက်လက်ဖဝါးထဲ ညာဖက်လက်သီးလေးထိပြီး နှုတ်ဆက်ကြရင်ကောင်းမလားပဲ…
    😀

    • ခင် ခ

      August 1, 2014 at 9:58 am

      ဦးပါ အကြံပေးချက်ကတော့ မဆိုးဘူး တရုတ်သိုင်းရုပ်ရှင်ကားတွေကလည်း တစ်ကမ္ဘာလုံး ကလေးလူကြီးကြည့်ကြတော့ အဲဒီနုတ်ဆက်ပုံက တွေ့မြင်နေကျ မျက်စိမစိမ်းဘူး ဆိုတော့ ဝေါ်မီတော်ဖီ ကော်ဖီဖျော်မည် ပေါ့ဗျာ။

  • Crystalline

    August 1, 2014 at 2:28 pm

    Hand Gel ဗူးလေးတွေတော့ အိတ်တိုင်းမှာထည့်သွားပြီး အမြဲဆောင်ဖြစ်တယ်.. အရာရာက တွေးကြည့်ရင် စိတ်မသန့်စရာကြီးပဲ.. ဘယ်နေရာပဲသွားသွား.. အိမ်ပြန်ရောက်ရောက်ချင်း လက်ကို ဆပ်ပြာနဲ့အရင်ဆုံးပြန်ဆေးတာလည်း အကျင့်ဖြစ်နေပြီ…

    • ခင် ခ

      August 1, 2014 at 2:57 pm

      ( အိမ်ပြန်ရောက်ရောက်ချင်း လက်ကို ဆပ်ပြာနဲ့အရင်ဆုံးပြန်ဆေးတာလည်း အကျင့်ဖြစ်နေပြီ…)
      အဲလို အကျင့်ကတော့ လုပ်သင့်တဲ့အကျင့်ပါဗျာ။ လူတိုင်းလုပ်နိုင်ရင် ကောင်းမယ်လေ။

Leave a Reply