ပြဿနာ ဇီဇီ – Problem ZZ

ဇီဇီSeptember 10, 20141min65252

 

 

ပြဿနာ တဲ့။

 

အဟိ။

သိတတ်စကတည်းးး က ကိုယ် နဲ့ တပါတည်း ကပ်ပါလာသလားမှတ်ရ။

ရောက်တဲ့ အရပ်မှာ အငြိမ်မနေနိုင်တော့ ဟိုပါ ဒီပါ (စကား အရာ ကို ပြောတာပါ) ၊ ဟိုပြော ဒီပြော။

ငယ်တုန်းကတော့ မလည်သာ မလည်တာ အရှုပ်၊

မလည်ရှုပ် လုပ်ချင်တော့ သူငယ်ချင်း လူမိုက် မွေးတယ်။

ကိုယ့်များ တစ်ခုခု အပြောခံကြည့် မျက်ရည် လေး ဝိုင်း မျက်လုံးလေး ကလယ် ကလယ်…..

(မှုံလေး နဲ့ မဆိုင်ဘူးနော်) နဲ့ သွားတိုင်တာ။

သူ က ရန်ဖြစ်ပေးးး။ အဲဂလိုနဲ့ ဘေးနားက သယ်ချင်းတွေက ကိုယ့်ဆို အလွတ်မပေးရဲကြဝူးးး

စောင့်ရှောက်တာမဟုတ်ဘူးးး၊

ပြဿာနာ သွားသွား စ မှာ စိုးလို့။

:b:

 

အဲ! ခု သတ္တိများ ကောင်းလာတော့ ကိုယ်တိုင် လူမိုက် ဖြစ်သွားတယ် ကော။

:boss:

 

ဝဋ်များလည်ချင်ရင် ကိုယ့် ဆို ချက်ချင်းရယ်။

ကိုယ့် ကို လူမိုက်မွေးတဲ့ သူငယ်ချင်းတွေနဲ့ ချည်းတွေ့တာ။

ကိုယ့် မလည်း သူတို့ ပြဿနာ ကိုယ့် ပြဿနာ သဘောထားပြီး ရန်လည်ဖြစ်တာ။

အဲဂလိုနဲ့ ရန်ဖြစ်ပါးဝ၊ ပြဿနာပါးဝ၊ အဲ လူပါးလဲ ဝ (အဟင့်)

:a:

 

ရန်ဖြစ်ပြီ ဆိုမှတော့ နိုင်ရမှ။

နိုင်ဖို့ ဆိုတော့ ဉာဏ်ရောင်စုံ ထုတ်ရပြီပေါ့။

ဂျက်လီ ရဲ့ သည် ဝမ်း ရုပ်ရှင် ကြည့်ဖူးတယ်မလားးးး

ကမ႓ာ တစ်ခု စီက သူ့ ပုံတူ ကိုယ်ခွဲတွေကို တစ်ယောက်နိုင်တိုင်းး သူ့ ဆီမှာ အဲဒီ တစ်ယောက်ရဲ့ စွမ်းရည်တွေ ရလာတာလေ။

အဲဒီလိုပဲ ကိုယ် နဲ့ ပြဿနာဖြစ်ရင် အဲဒီလူကို ရန်သူလို့ သဘောမထားပဲ ဆရာလို့ သဘောထားပြီး သူ့ဆီ က သူ့နည်းမှန်သမျှကို တိတ်တိတ်ကျိတ်သင် အတုခိုးရသေးတယ်။

 

“ငါးကြင်းဆီ နဲ့ ငါးကြင်းကြော်” တို့ “သူ့ အရိုး နဲ့ သူ့ပြန်ထိုး” တို့ .. “သူ့ အရှိန်နဲ့သူ လွှတ်၊ ချော်လဲ” တို့ စကားပုံတွေ သိပ်ကြိုက်တာ။  :mrgreenn:

အာ့ကြောင့် ပြဿနာ ဟေ့ ဆို သိပ် စဉ်းစားမနေဘူးးး

တစ်ဖက်လူက လုပ်သလောက် သူ့ နည်း ကို စောင့်ပြီး ပြန် သုံးတာ။ ဟိ!!

ဦးလေး ပြောနေကျ စကားရှိတယ်။ ကိုယ့်ကို မကျေနပ် တိုက်ခိုက်တဲ့သူကို ဘလိုင်းကြီး ရင်မဆိုင်ရဘူးး….

ဗျူဟာခင်းရတယ်တဲ့။

:k:

 

ဘယ်လို ဗျူဟာမခင်းရမယ် မသိခင် အဲဒီ စကားတွေ သုံးကောင်းကောင်းနဲ့ သုံးပလိုက်တာ ဗျူဟာမှူးနဲ့ မဖြစ်ရုံ (အဲလေ) ဗျူဟာမှူးမဖြစ်ရုံတမယ်ပါပဲ။

အဟွတ်။  :mrgreenn:

မကောင်းတာ အကျိုးပေးချက်များးး အဲဒီ ဉာဏ် ကို စီးပွါးရေး အတွက် သုံးပါ့လားးး နော့…!!

မဖြစ်မြောက်ချက်များးး…..

:mrgreenn:

လက်ကြောက မတင်းတော့ ပိုဆိုးးး………….

လေနဲ့ ဖြစ်တဲ့ စီးပွါးရေး ဘယ်မှာ ရှိလို့တုန်းးးး???  :mrgreenn:

ကိုယ့်မှာ ပေါများတာ …………………………

ဒီ လေကျယ်တာလေးရယ် …………..

မဟုတ်သုတ်ခ (မဟုတ်တရုတ် + ဘရုတ်သုတ်ခ) ဦးနှောက်လေးပဲ ပိုင်တာရယ်။

:k:

 

အဲဒီ မဟုတ်သုတ်ခ ဦးနှောက်များးး တိုင်ပင်ကြတာတဲ့။

တစ်ခါတစ်လေ ရန်ဖြစ်နေတဲ့ ဟိုဘက် နဲ့ ဒီဘက် က တစ်ချိန်တည်းးး၊ လာတိုင်ပင်တယ်။

အာ့မိုးကျ နာမည်ပျက်မဆိုးလို့ ရူးချင်ယောင်ဆောင်နေရတယ်။

:i:

 

အမှန်တော့ ကိုယ့်ကလည်း ပြဿနာများဆို သိပ်ရှင်းပေးချင်တာ။

စိတ်ထဲက ပြဿနာ…တို့…

အပေါင်းအသင်းထဲ က ပြဿနာ…တို့..

ဟို ပြဿနာ ဒီ ပြဿနာ အရမ်းရှင်းချင်တာ။ ကိုယ့်ထမင်းကို စားပြီးးးး

ကံ မလိုက်ချင်တော့ ကိုယ်ရှင်းလိုက်တဲ့ ပြဿနာ ဆို ရှုပ်ရှုပ်သွားပြီးးး လူရင်းတွေ မျက်စောင်းထိုး အပြစ်တင် တဗျစ်တောက်တောက်ပြော ခံရတာပဲ အဖတ်တင်တယ်။

:b:

 

ဒါနဲ့ပဲ မှတ်ပလား ဆိုတော့ မမှတ်ဘူးရယ်။

ဪ။ ငါ့ ကံ က ပြဿနာ ရှင်းနိုင်တဲ့ ကံ မဟုတ်ပါလား ဆိုပြီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

ပြဿနာဟေ့ ဆို ရှင်းဖို့ မကြိုးစားပဲ ……………………………………………………………………………………………………………………………

…………………… ငြိမ်နေမယ် ထင်ပါသလားး

မငြိမ်ပါဘူးး……………………………………..

ရှင်းမရ တော့ ရှုပ် ဖို့ ပဲ ကြိုးစားတော့တယ်။ ဟေးဟေးဟေးးး

:mrgreen:

 

စဉ်းစားကြည့်လေ.။

ပြဿနာဆိုတာ စ မှတော့ ရှုပ်ချင်လို့ ပေါ့။

ရှင်းနေ ရှင်းပြနေ အလကားပဲ။ မရှင်းချင်တဲ့ သူက ရှင်းကို မရှင်းဘူးးး

အဲတော့။ လာထားးးး

ဂလောက် ရှုပ်ချင်တာ ရှုပ်အောင် ထပ်လုပ်ပေးလိုက်တယ်။

ရှုပ်တာ လမ်းဆုံးရင် ရှင်းပေမပေါ့။ ဟုတ်ဖူးလားးး

:k:

 

မှတ်မှတ် ! သေချာမှတ်။ ကိုယ့်တွေ့တွေ။ ဘွနဲ့ ရင်းပြီး ရလာတဲ့အသိတွေပေါ့။ အဟိ။

 

မှတ်ထားးနော်…  :mrgreenn:

ရှုပ်လို့ ရနေတယ် ဆိုကတည်း က ရှင်းတဲ့ အရာ မဟုတ်လို့။

သူ့ဟာသူ့ ရှင်းနေတဲ့စိတ် တို့ အရာတို့ လူတို့ ကို ရှုပ်လို့ ကို မရဘူးးး

အဲလို လူမျိုး၊ အရာမျိုးတော့ မထိဘူးးး လေးစားရမယ်လေ။ ခိခိ။

:k:

 

ဖတ်ရတာ နားရှုပ်သွားပလားဟမ် (အဲလေ) မက်စိရှုပ်သွားပလားဟမ်?

သည်းခံဖတ်ပါ။

ကြော်ငြာဝင်မို့။ဟိ။

 

စနိုဒင် ပလိုက်ဘိတ် ကမ်ပနီ လစ်မစ်တက် (သောက်တဲ့ လစ်မစ်တွေ တက်လာပြီ၊ ဟိ)  :mrgreenn:

 

မာဖီးယား၊ ယာခူဇာ သံမဏိချွေလိပ်ပြာ ဂိုဏ်းချုပ်…

တာမွေလူမိုက် တွေ့မချောင်

ထင်ရာစိုင်း ရဲရဲတောက် ဘရန်းဒက် ဆန်းဆန်းတင့် ၁၂ကြိုး

(ဗွက်တွေ အဲလေ ဘွဲ့တွေ)

ခင်ဇော် (ခေါ်) ဇီဇီ (ခေါ်) KZ (ခေါ်) ကေဇီ (ခေါ်) မမချွိ (ခေါ်) သံမဏိကွန်ခြာ မိဇာဂျီး (ခေါ်) ကိတ်ဝင်းဆွိ (ခေါ်) ဂျီးဒေါ် မာကူဇာ

(အချစ်တော်တွေ ပေးထားတဲ့ ဘွဲ့တွေ နာမည်တွေ ပါအောင် အကုန်ယူရတော့ ဂလို ဖစ်ကုန်တာ.။ဟိ)

(အချစ်ရေး အဆင်မပြေအောင်) အထွေထွေ အကြံပေး 

ပြဿနာ ဝယ်/ရောင်း

သတင်း အလဲ အလှယ်

ရန်ပွဲ ဒိုင်ကိုင်

And

ထမင်းဆိုင်

 

(ဟမ်။ ဘာမှ တော့ မဆိုင်ဝူးးး၊ ဟီး)  :mrgreenn:

တြောက်တည်း ဆိုပြီး ပတ်တနာတော့ မရှာနဲ့နော်။

 

နတ်မျက်စိ ရ ဦးမာဃ တို့

ဟောင်ကောင်စီအိုင်ဒီက ဦးကျောက်ခဲ တို့

ညန်မာကြည် စီအိုင်ဒီ က ဦးရာမည တို့ ဆိုတာ တညားနဲ့ တောက်ဖော် တောက်ဖက် တွေ။ (လက်တောက်ခုံ ပြောတာ)

 

တကယ် မမှတ်ကြနဲ့။
လူနည်းတုန်း မက်နှာပြောင် တာ။

 

:k:

52 comments

  • Mr. MarGa

    September 10, 2014 at 3:27 pm

    ပြဿနာ ဝယ်/ရောင်း
    သတင်း အလဲ အလှယ်
    ရန်ပွဲ ဒိုင်ကိုင်
    And
    ထမင်းဆိုင်

    ထပ်ဖြည့်
    အထွေထွေ အကြံပေး

    ပြီးတော့
    ကျုပ် ပေးထားတဲ့ နာမည်က ဘယ်မလဲ 👿

    • ဇီဇီ ခင်ဇော် (15102012)

      September 10, 2014 at 3:30 pm

      ဖြည့်လိုက်ပြီ၊
      နာမည်တွေ များလွန်းလို့ မနည်း ပြန်ဖော်ထားရတာ။
      ဟိ

      :s:

  • Wow

    September 10, 2014 at 3:37 pm

    ပေါတော့ လှည်းသားငါးရာမဟုတ်ပါဝူး ခိုးသား (၄၀) ပါဆို… ခု .. နောက်က ဂဏန်းဒွေ များလှချည်လား..
    ငှင်း.. ငှင်း.. ဗိုလ်ဝေါင်းဒင် ပြန်လာဘီကွ :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      September 10, 2014 at 3:39 pm

      ဟယ်။
      နာ့ အချစ် ပြန်လာပြီ။
      နာ့ ပတ်တနာ ပို့(စ) ကို ပထမဆုံး လာတယ်။
      ဒါနဲ့ကို တန်သွားပြီ။
      :chit:

      ရွာကို ဖျက်ကြစို့။
      ဟို ၅၀ဝ ကို ခေါ်လိုက်တော့
      နာ့ ၄ဝ ကတော့ အဆင်သင့်ပဲ။

      :s:

    • ဇီဇီ ခင်ဇော် (15102012)

      September 10, 2014 at 3:41 pm

      အဲ့ ဂဏန်း ကိစ္စက ဒီ ပို့(စ)ကို ဖတ်။
      ဟွန့်။

      http://myanmargazette.net/202491

      :s:

      • Wow

        September 10, 2014 at 3:55 pm

        ရက်စွဲအတိအကျတော့မမှတ်မိ ကွန်ကောင်းမှ ကျိကျိမယ်.. အိုက်နေ့က ဟိုသင်းနဲ့ပြတ် ဟိုသင်းနဲ့တွဲ အဲလေ ဟုတ်သေးပါဝူး .. ဒါနဲ့ နောက်မှာ ရက်စွဲလေးဒွေထဲ့တာက ကွယ်လွန်မှ ထဲ့ရတာ ဟုတ်ဖူးလားငင်င်င်င် :mrgreen:
        လှည်းသားငါးရာနဲ့ ခိုးသားလေးဆယ် ပေါင်းပီး ခေါင်းလောင်းသွားဖေါ်မားး :mrgreen:

        • ဇီဇီ ခင်ဇော် (15102012)

          September 10, 2014 at 3:59 pm

          ဘယ်နဲ့ နာ့ သေစာရင်းသွင်းတာတုန်းး
          အသစ်တွေ့နေပြီလားဟင်??

          နာ့ အလီဘာဘာ ၄ဝ မှာ ရေငုတ်တတ်သူမပါလို့ ..
          :kwi:

        • kai

          September 10, 2014 at 4:02 pm

          ဖေါ်လက်စနဲ့.. နဂါးမျက်ချေးလောက်ဖေါ်ရရင်ကို အလုပ်ဖြစ်ပါပြီ..။
          ၁ကျပ်သားလောက်မ,ခဲ့နော…။ :k:

        • ဇီဇီ ခင်ဇော် (15102012)

          September 10, 2014 at 4:05 pm

          ဝါးးး
          အဲလာ နိ ကို နဂါးမက်စောင်းနဲ့ ပြာကျသွားအောင် မြှောက်ပေးနေတာ။
          တဂျီး က!!

          :kwi:

        • ကန္နားစီး မိဂီ

          September 10, 2014 at 4:15 pm

          ငါးအစ်မ ဗိုက်ထဲ ဥ ရှိတာ … သဘာဝပဲဟာ…
          ဘာလုပ်မှာတုန်း ကန်ထဲ အထီး ရှိနေရင် အချိန်တန် ဥလိမ့်မပေါ့…
          (ငါးမ မသေပါဝူး)
          ကန်မပြင်ပေးရင် ဥတွေကတော့ ပျက်မှာပဲ…
          ပျက်ပဇီပေါ့ … ဖောက်မှာမှ မဟုတ်တာပဲကို…

          :mrgreen:

        • ဇီဇီ ခင်ဇော် (15102012)

          September 10, 2014 at 4:17 pm

          ငင်။
          နာ့ ပတနာ ပို့(စ) မှာ ငါးမ ရဲ့ ချစ်ဒုက္ခ လာဆွေးနွေးနေကြတယ်။
          ဪ လူပတနာ၊ ငါးပတနာ၊ နဂါးပတနာ

          :k:

        • Wow

          September 10, 2014 at 4:14 pm

          နဂါးမျက်ချေးဖေါ်ဖို့ အခု ဂဌုန်က နှောက့်ယှက်နေဒယ်ဆိုလား :hee:

    • မွသဲ ( 17082011 )

      September 11, 2014 at 9:04 am

      ရေး ဒွင်းသီးပြန်လာဘီ လှည်းသားငါးရာလဲပါလာဘီကွ 🙂

  • ခင် ခ

    September 10, 2014 at 3:52 pm

    ” ခေါ် ” များစွာနဲ့ မဇီဇီ လို့သာပြောရမလိုပါဗျာ။

    • ဇီဇီ ခင်ဇော် (15102012)

      September 10, 2014 at 4:08 pm

      ခေါ် မသွားချင်ဘူးလားးး ကိုကြီးခ။
      ကိုကြီးခတို့ စုံတွဲ မပျင်းရအောင် ပတနာလေးတွေ နေ့တိုင်း ရှာပေးမယ်လေ.။

      :k:

  • ကန္နားစီး မိဂီ

    September 10, 2014 at 3:59 pm

    ပြသနာဆိုလို့ ဘာမျန်းလဲ လို့ လာဖတ်တာ
    အောက်ရောက်တာနဲ့ ရိုးရာမပျက် ညှီတော့တာပဲ…

    Oh.. Yess ကလည်း ဝါသနာမသေး…
    ရွာထဲပြန်လာတာ တျောက်ထဲမလာဝူး
    လှည်းသားတွေ ခေါ်လာသေး…

    တော်ပါပြီလေ ..
    အညှီအဟောက်တွေ …
    ကွကိုယ် မိုင်းဆဲဗင်းလေး ခဲပီး
    အက်စပရက်ဇို လေး ဒက်ဘယ်ရှော့ လောက် သောက်နေတာ အေးပါတယ်..

    လစ်ဘီ..

    ဒက်ဂလောက် ..ဒက်ဂလောက် ..

    • ဇီဇီ ခင်ဇော် (15102012)

      September 10, 2014 at 4:02 pm

      နိ အမ တွေပဲ ဟာ။

      ဂလောက် ညှီတာပဲ ကျေးဇူးတင်ဦးးးး
      မောင်ဂီခြေရာ မနင်းနိုင်သေးဝူးး

      👿

    • Wow

      September 10, 2014 at 4:04 pm

      မတမရွစိ နာ့ငါးမ ဗိုက်ကြီးနေဒါ ခေးမွေးအောင် ဘယ်လိုလုပ်ရမဲ ပြောအူး…
      ညီး အိုက်လိုခဲ အိုက်လိုသောက်လို့ ဘယ်ဒုံးကမှ တက်မလာတဲ့ရုပ်ရည် ကျသွားဒယ်သိလား ဝမ်းသာအောင် ပြောပြဒါ :mrgreen:

  • weiwei

    September 10, 2014 at 4:07 pm

    ဒီလိုလူမျိုးကို လူမိုက်ငှားချင်လိုက်တာနော် …
    ရန်တွေ့ချင်နေတာ (ရုံးကပြသနာမတွေကို) ရန်မတွေ့ရဲလို့ .. ငြိမ်ခံနေရတာကြာပြီ ..
    သူတို့ကို ဘယ်လိုနည်းနဲ့ ပြသနာဖန်တီးပေးရင် ကောင်းမလဲဆိုတာ အကြံတောင်းအုန်းမှပါပဲ ..

    • ဇီဇီ ခင်ဇော် (15102012)

      September 10, 2014 at 4:12 pm

      အို။
      နာ့ မမဝေ ကို အခမဲ့ ကူညီ အူးမှာ။
      :chit:

      မိန်းမတွေ များရင် ပြသနာ များတယ် အမရဲ့။
      ကိုယ် ဘယ်လောက် ငြိမ်ငြိမ်။
      :a:

      မက်နှာလေး ကိုပဲ အရင် ပြုံးပြီး မတရားတာမှန်သမျှဘာကိုမှ ငြိမ်မခံနဲ့။
      ခါတလေ ကိုယ်က ကိုယ့် အဆင့်အတန်းကို ထိန်းထားချင်လို့ အခွန်းတိုင်းပြန်မပြောရင်..
      ကြောက်လို့ ထင်တဲ့ အဆင့်အတန်းတွေ အများကြီးရယ်။..
      :a:
      ပြောထွက်လိုက်လို့ စိတ်ပေါ့သွားရရင် ….
      မပြောဖြစ်ပဲ စိတ်ထဲ တနုံ့နုံ့ ခံစားရတာထက်စာရင် အများကြီး ကိုယ့် အတွက် တန်တယ်လေ။
      :k:

      အဲ။
      သူတို့ က တော်တော်ကက်ကက်လန်ဆိုရင်တော့ နောက်တစ်နည်း သုံးရမယ်။
      🙄

      • weiwei

        September 11, 2014 at 9:18 am

        ပြသနာကတော့ ကိုယ်တိုင်အဖြစ်မရှိတာကြောင့်ပါပဲ … စကားအချေအတင်ပြောဖို့ သတ္တိမရှိတာကြောင့် .. တစ်ဖက်ကလဲ သာမန်စကားပြောရင်တောင် ကတ်ကတ်လန်တတ်တဲ့သူမို့လို့ …

  • nicolus agral

    September 10, 2014 at 5:26 pm

    ပြဿာနာ ဖောက်သည်ပေးမယ်
    ယူမလား
    % ဘယ်လောက် ကော်မရှင် ရမလဲ
    K Zi & Siblings
    Problem Export Import Co., Ltd.
    Specialized in SMF (Super Magnify Technique)
    Bet 12 St & 26 St, Bet 66 St & 80 St, Mandalay, Myanmar.

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 7:58 am

      အင်မတန် အားကိုးရတဲ့ မောင် လေးးး
      မန်းလေးမှာ ရုံးခွဲတောင် ဖွင့်ပလိုက်ပြီ။

      :s:
      ဒင်းတို့ ၂ ယောက် မြှောက်ပေးတာပါ အရပ်ကတို့။
      မမဂျီး ရှေ့က ပတနာရှာသလောက် နောက်ကလိုက်မယ်လို့ ပြောလို့ ပါ။

      :mrgreen:

  • Mr. MarGa

    September 10, 2014 at 5:46 pm

    ပို့စ် ခေါင်းစဉ် ကိုက ပြဿနာ ဆိုတော့
    ပြဿနာ မှန်သမျှ ဒီပို့စ်မှာ လာ ရှုပ်ကြတော့ ဗျာ :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 7:59 am

      ဟုတ်ကဲ့။
      တဂျားက ပြသနာ လက်ခံရေး တာဝန်ခံပါ။
      သူ့ကို အရင် ပြောကြပါ။

      :k:

  • Crystalline

    September 10, 2014 at 6:02 pm

    ပတ်​တနာပို့စ်​ဆို ဝါးတို့က ​ရှေ့ဆုံးက.. :mrgreenn: သများက ပတ်​တနာဆို​ကြောက်​မှ​ကြောက်​ စာပြိုင်​ရိုက်​ရတာပျင်​းလို့မသကာ လက်​ချင်​းယှဉ်​ခဏနဲ့ပွဲသိမ်​း​ရော​လေ :mrgreenn:

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 8:00 am

      အေးလေ
      အေးလေ
      ပြသနာ တင်မှပဲ ပြေးလာတော့တယ်။

      ဘာပဲ ပြောပြော ရှယ်ရာရှင် တစ်ယောက် ရောက်လာတယ်ပဲ မှတ်ပါတယ်

      :kwi:

  • JackSkellington

    September 10, 2014 at 6:33 pm

    ဟွာလေ အသိ တွေ ထဲ မှာ ဘဲ နဲ့ အဆင်မပြေတဲ့ လူတို့ အလုပ် အဆင်မပြေတဲ့လူတို့ လူကြီးနဲ့ အဆင်မပြေတဲ့လူတို့ မိသားစု နဲ့ အဆင်မပြေတဲ့ လူတို့ အပေါင်းအသင်းနဲ့ အဆင်မပြေတဲ့လူတို့ တွေ လာလာ ရင်ဖွင့်ရင် နာ့ အမဂျီး ဆီ လွှဲပေးလိုက်မယ်နော်…
    အဆင်ပြေမလားဟင်…..
    ပြဿနာ ပဲ ရှင်းပေးပေး ပြဿနာ ပိုကြီးသွားအောင်ပဲ လုပ်ပလိုက်လိုက်…..
    😀 😀 😀

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 8:01 am

      လွှတ်လိုက်
      လွှတ်လိုက်
      တာဝန်ယူတယ်။
      ပြသနာ ပိုကြီးသွားစေရမယ်။
      ခိ

      :s:

  • alinsett

    September 11, 2014 at 3:09 am

    ချုပ်နေဒါဘဲဂျာ

    (ရှုပ်နေတာပဲဗျာ)

    :mrgreen:

    ဝိုင်းရှုပ်ပေးဖို့ လူလိုရင် ခေါ်ပါ မမဂျီး

    ရှင်းမရတဲ့အစား ရှုပ်လိုက်ဖို့ကို အခုတလော ဝါသနာပါလာလို့

    :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 8:02 am

      လိုမှ မခေါ်ဘူးလေ။
      ပါပြီးသားလေ။
      ပြသနာ အဖွဲ့ဝင်ထဲမှာ။
      ဗားဂိုး ဂိုဏ်းခွဲက ဆက်ဆက်က ရာထူးကြီးကြီးထဲကပဲ။
      ဟိ

      :s:

  • မြစာကလေး (23122011)

    September 11, 2014 at 5:09 am

    ပီလော်ဗီလန် မိတ်ကာ
    ပီလော်ဗီလန် ဆီကာ
    ပီလော်ဗီလန် စောလ်ဗာ
    As long as you are not a starter, you are not a maker.
    No ပီလော်ဗီလန် :-)))

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 8:03 am

      အဟိ။
      အရီးက ချိတ်ချိတ် ချင်း မချိတ်ရဘူး ဆုံးမလို့ သများ အသွင်ပြောင်းထားပါဆို။
      :mrgreenn:

      ခု စကား အတိုင်း ဆို သများ က ပလုံပလုံ ဇီဇီ အစစ် မဟုတ်သေးဘူးပဲ။
      ဟေးဟေးဟေး
      :mrgreen:

    • Lucifer

      September 11, 2014 at 8:45 am

      ဂျီးဒေါ်ပြောမှပဲ ပီလောပီနံ စားချင်စိတ်ပေါက်လာပြီ :mrgreen:

  • Lucifer

    September 11, 2014 at 8:45 am

    ဂိုဏ်းထဲဝင်ရန် စိတ်ဝင်စားပါသဖြင့် procedure, requirements, duties, salary,benefits များကိုသိရှိလိုပါသည် ဂိုဏ်းချုပ်ကြီးခင်ဗျား

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 9:50 am

      ဒီ ရွာထဲက လူ တစ်ယောက်ယောက် ကို ပြသနာ အရင် ရှာပြ။ အဟွတ်။
      ဥမပါ- တဂျီး ကို သော် လည်းကောင်းးး

      :k:

      • Lucifer

        September 11, 2014 at 11:14 am

        ဟုတ်ပြီဗျာ ရှာမယ်ဗျာ အဲဒီပတ်တနာ
        ဒါထက် ပတ်တနာရှာနည်းလေး တစိတ်လောက် :mrgreen:

        • ဇီဇီ ခင်ဇော် (15102012)

          September 11, 2014 at 11:22 am

          ကျန်းးး!!
          ဒီလောက်လွယ်တဲ့ ပတနာရှာနည်းကို မသိပဲ ….
          ဂိုဏ်းဝင်ဖြစ်ချင်ရသလားးး
          ခက်လယ်။
          သင်တန်း အရင် ပေးမှ ရမယ်။

          :mrgreen:

  • မွသဲ ( 17082011 )

    September 11, 2014 at 8:59 am

    အိုင့်ဒုန့် ဝိုမ့်အ ပိုဒေါ့ဘလန် :mrgreen: ပဒေါ်ဘလန်ဂဲဆိုတော့ လူမိုက်ဘွဲ့လဲရထားဒယ်ဆိုဒေါ့ ချွေးမွလေးရေ ဝေ ချွေးမွလေးလားဝါး နှစ်တလက်မလေးယူခဲ့ပါကွယ်။ ချွေးမွလေးရှေ့ကသွား ယောက်ခမနောက်ကပုန်း အဲ့လိုက်ခဲ့မယ်။ 🙂 ကိုင်းကိုင်းမရှိဒဲ့ပတ်တနာ လူရိုက်ပီူရှာကြစို့။ ဟို ၅၄ဝ လဲပါအောင်ခေါ်ခဲ့ကွယ် :mrgreen:

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 9:51 am

      ဟိ။
      ပြီးမှ မပြေးကြနဲ့နော်။
      ၂/၁ လေး လက်ဆောင် ရထားလို့ ဘူ့ ကို ရိုက်ရမဲ ချောင်းနေတာ။
      အဟွတ်။

      :kwi:

  • Nyo Win

    September 11, 2014 at 9:40 am

    အင်း ရုံးမှာလဲ သည်းခံနေရတာကမ်းကုန်ဆိုတော့…..
    အလုပ်အပ်အုံးမှပါလေ….. 🙂

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 9:53 am

      ဟင်?
      နာ့ အကိုဂျီး ဖြစ်ပြီး အစွမ်းကုန် သည်းခံ တဲ့ လမ်း ရွေးရတယ် လို့အေ။
      ခက်လယ်။
      :a:

  • pooch

    September 11, 2014 at 10:05 am

    trouble maker
    problem maker
    decision maker
    peace maker
    လူမှန်ရင် အဲ့ဒါတွေနဲ့ ဘယ်သူမှ မကင်းနိုင်ဘူးရယ်
    တခါတရံမှာ မတော်တဆပဲဖြစ်ဖြစ် မရည်ရွယ်ပဲ ဖြစ်ဖြစ် သတိမမူမိလိုက်လို့ပဲ ဖြစ်ဖြစ် ကိုယ့်အားနည်းချက်ကြောင့်ပဲ ဖြစ်ဖြစ်
    ရည်ရွယ်ချက်ကြီးကြီးနဲ့ တမင်တကာ လုပ်ကြတာပဲဖြစ်ဖြစ် ( တို့တိုင်းပြည်သာကြည့်)

    ကိုသစ်ပြောသလို တို့တွေ ရဲ့ Mindset တွေ Q တွေ မညှိုနိုင်သေးသရွေ့ပေါ့

    စိတ်ဓာတ်မကောင်းသူနဲ့ဆိုရင်တော့ ပြိုင်မဖြစ်ချင်ဘူး
    ကိုယ့်အဆင့်ပါ ကျမစိုးလို့ ( မသကာ လူလစ်တုန်းပဲ ချောင်းရိုက်တာ :mrgreenn: )

    ဒါကြောင့်မို့
    learn from yesterday, live for today , hope for tomorrow
    ဆိုပြီး ပြောကြတာ။ :mrgreenn:

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 11:14 am

      ဟိ။
      အကုန်လုံးကို ကိုယ် လုပ်ရမှ!!
      လက်တစ်ဖက်က မီးတုတ်နဲ့ လက်တစ်ဖက်က မီးသတ်ပိုက်။
      မုန်းဆေးဖော်ပြီး ဓာတ်ဆီလောင်းပေးမဲ့ ယောက်ခမွလည်းရှိ။

      ပြီးရင် ကျောက် ပေးထားတဲ့ သံကွန်ခြာထဲ ဝင်ပြေးးး

      မမိုက်ဘူးလားးး
      :s:

      • pooch

        September 11, 2014 at 1:23 pm

        မိုက်တယ် :mrgreenn:

  • kyeemite

    September 11, 2014 at 1:51 pm

    .အော်…ဂဇက်ရဲ့ ပင်တိုင်ပြသနာမိတ်ကာဂျီးပေါ့လေ
    .ဒီကလည်း အရီးမုတ်ဆိတ်နာမည်ပေးထားသလို…ဂဇက်ရဲ့ ပင်တိုင် လူဇိုးလူမိုက်ဂျီးဆိုတော့
    .တွဲပြီး ရှုပ်လိုက်ကြတာပေါ့လေ..ပြသနာတွေ့ရင် ဝီစီသာမှုတ်လိုက်ပါ..ဝီစကီသောက်ပီးကြွခဲ့ပါ့မယ်
    :k: :k: :k: အကျယ်ဂျီးသုံးခါရီသွားသီ

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 1:59 pm

      ကျန်းကျန်း
      အဟွတ် အဟမ်းး
      အဖွဲ့ဝင်တွေ ရှယ်ရာရှင်တွေ များများလာပြီ။
      ဒါတောင် ရွာထဲတော့ ပတ်တနာ မရှာရတေးပါဘူးးး
      ညင့်ညင့် …!!
      ကြံစည်တုန်း ရှိသေးး..

      :k:

  • nicolus agral

    September 11, 2014 at 2:05 pm

    မီးစတစ်ဖက် ရေမုတ်တစ်ဖက် ဆိုတာ အလွန်ကောင်းတဲ့အခြေအနေပါ
    ရှို့ချင်လဲကိုပဲ ငြှိမ်းချင်လဲကိုပဲ

    နီကိုးတို့ ကတော့ မီးစတစ်ဖက် ယပ်တောင်တဖက် အဲ ဓာတ်ဆီပုံးကျောပိုးထားသေး
    မီးလောင်နေရင် ဆီလောင်းမယ်
    မီးငွေ့ငွေ့ပဲဆိုရင် ယပ်တောင်လေးနဲ့ခပ်ပေးတယ် ဟောမီးတောက်လေးရပီဆိုမှ ပတ်ပတ်လည်ဆီလောင်းရုံပဲ
    မီးငွေ့ငွေ့တောင်မရှိဘူးဆိုရင် ရှို့စရာရှာကြည့်တယ် တွေ့ရင်မီးစလေးနဲ့တို့ နောက် ယပ်တောင်လေးနဲ့ခပ်ပေးတယ် မီးတောက်ရင်ဆီလောင်း

    ရှို့စရာမရှိရင်ရော……….ဘာလုပ်ရမလည်း အမဂျီး

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 2:18 pm

      တစ်ချို့တွေ စောင့်တဲ့ ကောက်ရိုးပုံကနေ ကောက်ရိုးသွား အနုကြမ်းစီးကွဲ့။
      ကောက်ရိုးဆိုတာ ဟုန်းကနဲ့ပဲ။
      လောင်တာ။ လောင်တာ။

      :k:

  • Yae Myae Tha Ninn

    September 11, 2014 at 3:25 pm

    လေနဲ့ စီးပွားဖြစ်တာ ရှိပါတယ်.. မော်တော်ပီကယ်လေ… ဟဲ… ပွဲစားတွေလဲ ပါသေး… 😛
    ဒီတခေါက်တော့ မနောက်တော့ဘူးနော်.. ပို့စ်ကို … ဟီး… ကဗျာတော့ မတင်မိစေနဲ့… 😛

    • ဇီဇီ ခင်ဇော် (15102012)

      September 11, 2014 at 3:34 pm

      တော်သေးတာပေါ့။
      နှဲသမားတို့ ဆိုင်ဆိုဖုန်းသမားတို့ ကို ဥမပါ မပေးလို့။

      :kwi:

Leave a Reply