ပလီပလာ မဟုတ်တဲ့ ဇီဇီ ဆာဆာ – အပိုင်း (၂)

ဇီဇီAugust 1, 20145min51772

 

ဇီဇီမေး၍ ဆာဆာဖြေသည်။
ဇီဇီမေး၍ ဆာဆာဖြေသည်။

 

အပိုင်း (၂) လာပါပြီ။
ထပ်ရှင်းပြရရင် အပိုင်းခွဲတာက တစ်ပို့(စ) ထဲနဲ့ မလောက် လို့ ခွဲတဲ့သဘောပါနော်။ ဘယ်သူပါတဲ့ အပိုင်းမို့ တစ်ပြီး ဘယ်သူမို့ နှစ်တာမျိုးမရှိပါဘူးးးနော်။
မပါသေးတဲ့သူတွေဆိုတာလည်း တမင်ချန်ခဲ့တာမျိုးမဟုတ်သလို အားလုံးပါအောင် ကြိုးစားပြီး မေးမြန်းသွားမှာ ဖြစ်ပါကြောင်း အသိပေးချင်ပါတယ် ဗျာ။
ကဲ။
ဒီ တစ်ပတ်မှာတော့ ကျနော့ ညီမလေးတစ်ယောက်နဲ့ အရင် စ လိုက်ရအောင် ဆာဆာရေ။
သူက မော်ဒယ်(လ) တစ်ယောက်လိုလှပြီး ထက်မြက်တဲ့ အမျိုးသမီးလေးးး၊ ဒီ ဂဇက်မှာလည်း သူ့ပရိတ်သတ်ရယ်လို့ အများကြီးသီးသန့်ရှိတဲ့ သူတစ်ယောက်။
အလှူအဖွဲ့ရဲ့ ကိစ္စတွေမှာလည်း မပါမဖြစ် ညီမလေးပေါ့ ဆာဆာရေ။ ဘယ်သူလေးပါလိမ့်ဗျာ။
Etone ပေါ့ဗျာ။
ကျုပ်ကို ပထမဆုံး ယောက္ခမခေါ်တဲ့သူပေါ့ ဟဲဟဲ ……
ပို့စ်တွေကို သေသေချာချာ မလွတ်တမ်းဖတ်ပြီး သေသေချာချာ မန့်တတ်တဲ့သူတွေထဲမှာ ထိတ်တန်းပါပဲ ။
ကွန်မန့် တွေပဲလား လို့တော့မမေးနဲ့ဗျို့။
သူရေးထားတဲ့ပို့စ်တွေ ၁၀၀ဝ နားကပ်နေပြီ ။
သွားလေရာရာ အမြင်မတော်ရင် ဘယ်လိုပြုပြင်ရမလဲဆိုတာအမြဲတွေးပြီး
စေတနာထားရေးတတ်တဲ့သူပေါ့ ။
စာရေးကောင်းတယ်လို့ ပြောရင် ယေဘူယဆန်နေလိမ့်မယ် ။တကယ်တော့ သူရေးတဲ့အကြောင်းအရာနဲ့ ရေးဟန်က အမြဲလိုက်ဖက်နေတာ ။
စိတ်တိုစရာ ခံပြင်းစရာတွေများဆိုရင် ဖတ်ရင်းဖတ်ရင်း ကိုယ်ပါရောပြီး ဒေါသထွက်လာပါလေရော …။
ဂဇက်ရွာရဲ့တောက်ပမှုတွေကို မမြဲဆောင်ရွက်တတ်သူပါ ။ ပွင့်လင်းတဲ့အပြော ၊ ရိုးရှင်းတဲ့ဟန်မူယာ ၊ စေတနာပါတဲ့အရေးအသားတွေဟာ အိတုန် (e tone) ဆိုတဲ့ သူ့ရဲ့ ပုံရိပ်တွေပေါ့ ။
 အဲ … တစ်ခုတော့သတိပေးမယ်နော်…… ဘလိုင်းရှော့တော့ ရန်သွားမရှာလေနဲ့ ကျုပ်ချွေးမက ဘယ်ဖြောင့်တွေ ညာဝိုက်တွေကျွေးလွှတ်လိုက်လို့ နေကောင်းသွားမယ် :kwi:
အခုတော့ သူလည်းမအားရှာဘူးထင်ပါတယ် ။
ဂဇက်ရွာက သူ့ကိုမမေ့ဘူး အမြဲသတိယနေတယ်ဆိုတာ တစ်နေ့ကျရင်တော့ ပြောပြရဦးမယ် ………

~~~~~~~~~~~~~~~~~~~~
ဟုတ်ပါပြီ။ ဒါဆို အဲဒီ အဖွဲ့တည်းကပဲ အချောလေးနောက်တစ်ယောက်။ နာမည်ကိုက နွယ်တတ်တဲ့ သဘောရှိရဲ့။ သူ့ရဲ့ နာမည်လေးနဲ့ သီချင်းတောင်ရှိသေးလေ။
“နွယ်ပင် ရယ်၊ ငါချစ်တယ်၊ ရင်နာလည်း ချစ်ဦးမယ်”။ သူလေးးး၊ သူလေးးးး
ခပ်ဆန်းဆန်း နာမည်လေးတစ်ခုနဲ့ ရွာထဲမှာ သတင်းထူးလေးတွေမျှဝေတတ်သူပါ ။ သတင်းသမားရယ်လို့ ထင်ခဲ့မိပေမယ့်လည်း ရသဝတ္ထု ၊ ဖန်စီပို့စ်လေးတွေနဲ့ ဟင်းချက်ကောင်းတဲ့သူတစ်ဦးအဖြစ်နဲ့ပါ အံ့ဩခဲ့ရပြန်သေးတယ် ။ နွယ်ပင်ဆိုတာ ကျနော်တို့ထက်အများကြီးစီနီယာကျပါတယ် ။ ရွာသက်အရ အစ်မတော်ပေါ့ဗျာ ။ နွယ်ပင်ရဲ့လက်ရာကောင်းတွေအများကြီးရှိပေမယ့်လည်း ကျနော်ကတော့ ရွှေယုန်လေးကြေးအိုး ပို့စ်ကိုသာ စွဲနေမိပါတယ် ။ ဟုတ်တယ်လေ …… ကံဆိုးသူ အစ်မတော်နွယ်ပင်ရဲ့ ကြေးအိုးဆီချက်ထဲကိုမှ တီကောင် တစ်ကောင်ပါလာရခြင်းရယ်လို့ဗျာ ။ အဲဒီပို့စ်က ကြေးအိ်ုးချစ်သူများ အသိုင်းအဝိုင်းမှာ ဟိုးဟိုးကျော်သွားတာဘဲဗျို့ :mrgreen: ဖြတ်သွားဖြတ်လာလုပ်ရင်း ပြည်လမ်းက ရွှေယုန်လေးကြေးအိုးဆိုင်ရှေ့ရောက်ရင် မနွယ်ပင်ကို အမြဲသတိယကြောင်းပါ …… အမနွယ်ပင်ရေ …… ကိုအာဂတော့ ပြန်လာပြီဗျာ ။ယောင်နောက်ဆံထုံးပါအောင် ဂဇက်ကိုပြန်လိုက်ခဲ့ပါဦး 🙂

~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ အွန်လိုင်းမှာ တော်စပ်မှု အရ ကျနော့ တူ ဗျာ။ ကျနော်ကို တီလေး ခေါ်လိုက် ဦးလေး ခင်ဇော် ခေါ်လိုက်ခေါ်တတ်တယ်။ ကာတွန်းး၊ ကဗျာ၊ ဖွဲ့နွဲ့မှု အနုပညာမှာ ကဝေ တစ်ပါးးး၊ ကျနော် ချစ်ရတဲ့ ဒီ ရွာသားတစ်ယောက်ပါ။ ဝမ်းနည်းစရာသတင်းကို တစ်ယောက်တည်း ကျိတ်ခံစားသလောက်၊ ဝမ်းသာစရာသတင်းဆို အချိန်မဆိုင်းမျှဝေတတ်တဲ့ ရိုးသားမှုတစ်ခုရဲ့ ပြယုဂ် ဆိုလည်း မမှားပါဘူးးး
ကမ်းဝေး ကိုပဲ မြင်ယောင်လာပါသဗျာ။
ကမ်းဝေးးးးး ဆိုတာ ကျနော့အတွက်တော့
စကားလုံးများရဲ့ အရှင်သခင် …… တင်စားမှုများရဲ့ ဧကရဇ် ……… ဖွဲ့ဆိုဖန်တီးမှုတွေရဲ့ ဖန်ဆင်းရှင် …… မော်ဒန်အနုပညာရဲ့ အလင်းရောင် …… သဘာဝတရားကပေးလိုက်တဲ့လက်ဆောင်တစ်ခု ………… နူးညံ့ခြင်း သိမ်မွေ့ခြင်းတွေရဲ့ ပုံဆောင်ခဲ ………… ကဗျာဝိညဉ်ရဲ့ တမန်တော် ………
ပြီးတော့ ……ပြီးတော့ . . . ပြောပြလို့မဆုံးနိုင်တဲ့သူ့ရဲ့အနုပညာချစ်စိတ်တွေ ဟာ စာလုံးတွေစာသားတွေကနေတဆင့် ကျနော်ဆီကိုကူးစက်လာပါတယ် ။ နောင်များမှသိရတာအနုပညာနဲ့ပတ်သက်ရင်ဘက်စုံတော်တဲ့သူပါ ။ သူနဲ့အပြင်မှာတခဏတာစကားပြောဖူးပေမယ့် သူ့နှလုံးသားထဲက ကဗျာတွေကို ကြားချင်မိသေးတယ် …… ကိုကမ်းရေ ……… လွတ်လပ်ခြင်းကဗျာပန်းခင်းလေးတွေထဲ ခေါ်သွားပါဦးဗျာ ………

~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ကျနော်တို့ရွာရဲ့ ဆေးဆရာကြီးလို့ ခေါ်ကြတယ်ဗျာ။ ခုတော့ ဓာတ်စာကုထုံးတွေ နဲ့ တန်ဖိုးရှိ ပို့(စ) တွေ မျှနေပြန်တယ်။ သရော်စာတို့ သွယ်ဝိုက် အဓိပ္ပာယ်နဲ့ ရေးတဲ့ ပို့(စ) တွေမှာလည်း ဒီ ဆရာကြီးက လက်စောင်းထက်သဗျ။ ဘယ်သူပါလိမ့် ဆာဆာရေ။
ကိုခင်ခ ပါဗျားးးး
ကိုခင်ခနဲ့ ကျန်းမာရေး အသိပညာဆောင်းပါးတွေဟာ ခွဲမရပါဘူး ။ ပေါ့ပေါ့ပါးပါးလေးနဲ့ လိုက်နာကျင့်သုံးလိုအောင်ပြောတတ်သူပါ ။အတွေးအရေးကောင်းပြီး ရေးအားတွေးအားသန်သူမို့ ဂဇက်ရွာရဲ့ မဏ္ဍိုင်တစ်ယောက်ပါဘဲ ။
ကိုခ ရေးတဲ့စာတွေထဲမှာ စေတနာအငွေ့အသက်ကိုကောင်းကောင်းခံစားရတတ်ပါတယ် ။
ဂဇက်ရွာကို ချစ်သူများစွာထဲကတစ်ယောက်ဖြစ်တဲ့ ကိုခင်ခရဲ့ ပို့စ်လေးတွေမှာ အမြဲတန်း အကျိုးတစ်စုံတစ်ရာ ရစေတဲ့အချက်တွေနဲ့ ချယ်သထားတာပါ ။
ကဲ … ကိုခ ရေ ……… စိတ်အဟာရ ရုပ်အဟာရ စာလေးတွေများ မြင်ချင်သေးရဲ့ဗျာ 🙂

~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ ရွာထဲ မမြင်ရတာ ကြာပြီဖြစ်တဲ့ မွေးရပ်တူ မောင်လေး တစ်ယောက်ပါပဲ။ သူရှိတုန်းက ကော်မန့်လေးတွေ နဲ့ ရွာဟာ ပျော်ရွှင်စရာကောင်းတယ်လို့လည်း ပြောကြတယ်။ အသီးနာမည်နဲ့ ချာတိတ်လေးပါ ဆာဆာရေ။
ဖရဲသီး တဲ့ဗျာ။
ကျုပ်တို့က ချစ်စနိုးနဲ့ဖရဲမ လို့ခေါ်ကြတာပေါ့ဗျာ ။
ခင်ဖို့ကောင်းတဲ့လူငယ်လေးပါ ။ အရာရာ တက်တက်ကြွကြွနဲ့ပါဝင်ဆင်နွဲတတ်လို့လဲ ပန်းတနော်အလှူကို မန္တလေးက ရောက်အောင်လာခဲ့တာပေါ့ ။
သူရယ် ဘဲဥမ ရယ် မောင်အံတို့ပေါက်ဖေါ်တို့တွေ အတွဲညီခဲ့တုန်းကဂဇက်ရွာဆိုတာတကယ့် အသက်ရှည်ဆေးပါဘဲ ။
ဟုတ်တယ်လေ ကျုပ်တို့လို ကြီးတောင့်ကြီးမားတွေတောင် သူတို့နဲ့ရောပြီး လူပြိုပြန်ဖြစ်သွားသေး :mrgreen:
အလှူအတန်းဆိုလဲ ဖရဲမတို့က ရှေ့က ။
ရွာအလှူတွေမှာ သူရှိစဉ်က အမြဲပါခဲ့တာပေါ့ ။
ချစ်စရာကောင်းတဲ့ ဒီလူငယ်လေးကို မတွေ့ရတာလည်းကြာပါပြီလေ ……
တခါတလေ လောကဓမ္မတာအရ တွေ့ဆုံ ကြုံကွဲ ဆိုပေမယ့်လည်း
ရွာထဲမှာတော့ ပြန်တွေ့ချင်မိသေးရဲ့ဗျာ ……

~~~~~~~~~~~~~~~~~~~~~~~~~

အဲ။ နောက်တစ်ယောက်ကတော့ ညီမငယ်လေးး၊ ကလေးမွေးပြီးကတည်းက ပျောက်ချက်သားကောင်းနေလိုက်တာ။ သူရှိတုန်းက သူတင်တဲ့ ပို့(စ) တွေနဲ့ ဂဇက် ရွာကြီး မြိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဓာတ်ပုံပြိုင်ပွဲမှာလည်း ဆုရတဲ့ ညီမလေးပေါ့ဗျာ။
ခိုင်ခိုင် မဟုတ်လား ဇီဇီရေ။
ပျော်ပျော်ရွှင်ရွှင် ရေးတတ် နောက်တတ်ပြီး ရွာလူငယ်တဖွဲ့လုံးနဲ့ ပျော်နေတတ်သူပါ ။
ကလေးငယ်လေးနဲ့မို့ ရွာမဝင်ဖြစ်တော့ပေမယ့်
ရွာသူားတွေကတော့သတိယနေမှာပါလေ ။
စာရေးစာဖတ် ဝါသနာကြီးလှတယ်ဆိုတာ ၊ ဂဇက်ရွာကို တကယ်ချစ်တယ်ဆိုတာ သူရေးခဲ့တဲ့ကွန်မန့်တွေ ပို့စ်တွေကသက်သေတည်ပါတယ် ။
ရွာရဲ့အလှူပွဲတွေမှာ ပါဝင်ဆင်နွဲခဲ့ဖူးတဲ့ ကွန်းထောင်ကိုင်တစ်ယောက်ပါဘဲ ။
ကဲ … မခိုင်ခိုင်ရေ
ပင်လယ်ပျော် ကြီးပါခေါ်ပြီး တပွဲလောက်လာနွဲပါဦးဗျို့ …… 

~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်ကတော့ ကျနော့ ယောင်းမ တော် မှာ ပေါ့ဗျာ။ ကျနော့ အကိုဂျီးရဲ့ မဒမ် ဆိုတော့ ။ ရှားရှားပါးပါး ကျနော့ အိတ် ဘရန်းပို့(စ) မှာ အမ ရဲ့ ကော်မန့်ရဘူးသဗျ။ အကိုဂျီး ဘက်ရဲ့ ပို့(စ) မှာ ကျနော့ ကော်မန့်မမြင်ရင်လည်း မေးတတ်တယ် လို့ ကြားရပြီးးးမမြင်ဖူးပဲ ချစ်ရတဲ့ အမတစ်ယောက်ပေါ့။
အိမ်စိုးမေ ပေါ့ ဇီဇီရေ။
ဒီနာမည်ကိုကြားမိတိုင်း တစ်ခါကဧရာဝတီညများ ကိုပြန်သတိယမိတယ်ဗျို့ ……
မြန်မာဆန်ဆန် ပင်နီရင်ဖုံးအကျင်္ ီလေးနဲ့များလားပေါ့ ။
ဟုတ်ကဲ့ …… တခါမှတော့မဆုံခဲ့ဖူးပါဘူး ဒါပေမယ့် ဒီအစ်မတော်ဟာ ကျနော့်ထက်ရွာသက်ရင့်ပြီး ပြင်ပကနေ ဂဇက်ပို့စ်တွေကို မလွတ်တန်း အားပေးနေသူပါ ။
ကွန်မန့်လေးတွေရေးခဲပါတယ် ။ ဒါပေမယ့် သူ့ရင်ထဲမှာ အမြဲရှိနေတာက ဂဇက်ရွာပါ တဲ့ ။
သူဘယ်သူလဲသိကြပါသလား ?
သူက ကျနော်တို့ရဲ့ ချစ်သောအစ်ကိုကြီး _ _ _ ရဲ့ မဟေသီပါတဲ့ ခင်ဗျားးး ။
အစ်မရေ ……
ဖတ်တာလည်း ဖတ်ပေါ့နော် ပြီးတော့ အခွင့်သင့်ရင်လည်းကွန်မန့်လေးတွေ မကြာမကြာ ချီးမြှင့်ပါဦးနော :mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်က ကျနော် မသိမမှီလိုက်ပေမဲ့ ဆာဆာတို့ ပြောပြောနေတဲ့ ကိုလင်းမြွေ ဆိုတာ တော့ ကြားဖူးနေရဲ့။ သူ့ကိုရော ဘာပြောချင်သေးလဲ။
ကိုလင်းဝေ ရေ။
လင်းမြွေလို့ဘဲဆက်၍ခေါ်မည် ညှော် :mrgreenn:
နောက်တာပါဗျာ ။ ကိုယ့်ဆရာများ ပျောက်ချက်ကောင်းနေလိုက်တာ တခါမှရွာထဲမရောက်ဖူးတဲ့အတိုင်းဘဲ ။
 သတိယနေသူတွေကို ထားသွားရစ်သူကြီးရဲ့ :mrgreen:
ကိုလင်းဝေရဲ့ ထိမိတဲ့အတွေးအရေးလေးတွေ မျှော်နေပါတယ်ဆရာ 
ဂဇက်ရွာကို အရောင်တင်ပေးခဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုလင်းဝေရဲ့စာတွေနဲ့ ကျနော်တို့ ရွာကိုရောက်ခဲ့တယ်ဆိုတာ ဘယ်တော့မှ မမြန်တဲ့ MPT ကိုသက်သေပြုပါတယ်ဗျို့
 :kwi:
ဆိုတော့ ……… မျှော်နေကြတယ်… လို့………………..

~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ယောက်ကတော့ ကော်မန့်တွေပဲ တွေ့ဖူးတဲ့ အမတစ်ယောက်ပါ။ ဆာဆာချက်တဲ့ ထမင်းဆိုင် တုန်းက ကော်မန့်ဝင်ပေးဖူးပါတယ်။ စာပဲ ဖတ်တဲ့ အမ တစ်ယောက်ပေါ့။.
ဇာဇာထွေး ပေါ့ကွယ်။
ရွာပြင်က စာဝင်ဖတ်နေတဲ့ မမမန်ဘာဟောင်းကြီးပါ ။ မမ လို့ ပြောတာကတော့ ကျုပ်ထက်ရွာသက်ကြီးလို့ :kwi: စကားနဲလို့ ကွန်မန့်မပေးဖြစ်တာပါ တဲ့ ……
ဟုတ်ကဲ့ …… တကယ်ဆို စာရိုက်တတ်ဖို့ဘဲလိုတာပါ 🙂
ကွန်မန့်အလွန်အပေးနဲတဲ့ ဇာဇာထွေး ရဲ့ ကွန်မန့်တစ်ခု ကျုပ် ရဖူးတယ်ဆို ယုံကြမလား ?
ဟဲ ဟဲ ကဲဗျာ ကွန်မန့်တွေရှားလို့ ဈေးကစားတာတွေဖြစ်နေဦးမယ် ,.. ဆိုတော့ များများလေး မန့်ပေးပါဦးးးးးး လို့……………….

~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ယောက်က ဟောလိဝုဒ် က မာဗယ် သူရဲကောင်းတစ်ယောက် နာမည်နဲ့ပါ။ ဘယ်သူများပါလိမ့်။
ကပ္ပတိန်အမေရိက ပါဗျာ။
သူ့ကို ကျုပ်သိနေတာ ကွန်မန့်လေးတွေကပါ ။
နိုင်ငံရေး ၊ လူမှုရေး ပို့စ်တွေမှာ သေသေချာချာ တွေးခေါ်ပြီးမန့်လေ့ရှိတာပေါ့ ။
ကျုပ်တို့ထက် အများကြီးစောပြီး ရွာသားဖြစ်နေသူပါဘဲ ။
ရွာထဲသိပ်မတွေ့ရတတ်ပေမယ့် အပြင်ကနေဖတ်နေမယ်လို့ ယူဆမိပါရဲ့ ။
ကပ္ပတိန်ရေ …… ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြန်ပြောရအောင်ကွာ …… အားတဲ့အခါ လှည့်ဝင်လာခဲ့ဦးနော ……

~~~~~~~~~~~~~~~~~~~~~~

နေညိုရင် လွမ်းရတဲ့ ဒေသက သူတစ်ယောက်ကို ရော ပြန်လာဖို့ ပြောချင်သေးလားး
ရွှေဘိုသား ရေ။
ငါးမည်ရတဲ့မြို့က လာတဲ့သူရေ ……
ခင်ဗျားတို့ရွှေဘိုနယ်ကဘဲ ရွာသူတစ်ယောက် ရောက်နေတယ်လေဗျာ ။
ကျုပ်တို့ကတော့ သူ့ကို သဘုန်မ လို့ခေါ်ကြတာ ။
တစ်ခေတ်တစ်ခါက ခင်ဗျားတို့ ပျော်ခဲ့ဖူးတဲ့ရွာလေးကိုပြန်ကြည့်ကြပါဦးနော ။
ရွာထိတ်မှာ စာဥစောင့်နေလိမ့်မယ်

:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~

အမေနဲ့ အညာကို လွမ်းတယ်။ ဒီလိုပဲ တစ်ခါက အညာသူလေးကိုလည်း လွမ်းရကြောင်း ပြောပေးပါ ဆာဆာရေ။
အညာာာာ ~~~ မင်းရုပ်လေးက လှတယ် အညာာာ ~~~ ကိုယ့်အသည်းလေး ခွဲ သွားးးးးး တာ ~~ မှတ်မိသေးတယ်အညာ ~~~ ပြန်လည်ပြီးတော့ ~~ မင်းးးး ဘ ဝ ~~ ဝဋ်လည်ဦးမယ် … အညာာာ ~~~~~
:mrgreenn:
အဲဒါ ကျုပ်ပြောတာမဟုတ်ဘူးနော် အဆိုတော်အနိုင် ပြောတာ
:kwi:
ကဲ သနပ်ခါးပါးကွက်ကြားနဲ့ မမအညာသူရေ … သတိယနေကြတယ် ……… တဲ့!!!

~~~~~~~~~~~~~~~~~~~~~~

အဟိ။ မမေးခင် သံခမောက် အရင် ဆောင်းလိုက်ဦးမယ်နော်။ ဟိုလေ။ အေးဝတီကြီး အကြောင်းကို ကြားပဲ ကြားဖူးလိုက်လို့ ပြောပြပါဦးးး  :mrgreenn:
အေးဝတီကြီး ဆိုတာ ကျားလား မ, လားတော့မသိ ။ ခင်ဗျားနာမည်ကတော့ ကဇက်သမိုင်းမှာ သူ့ကဏ္ဍနဲ့သူရှိနေမှာပါပဲ ။ ဘာပဲဖြစ်ဖြစ် … ဘယ်နည်းနဲ့ဖြစ်ဖြစ် ဂဇက်ကို လူပိုသိသွားတာ အေးဝတီကြီးရဲ့ဓတ်ပုံတွေကြောင့်လည်းပါတယ် ။ ခင်ဗျားတို့အဖွဲ့သားတွေဖြစ်တဲ့ မောင်သန်းထွဋ်ဦး (မီးမီးသော်) ၊ ရဲခေါင် ၊ ဘင်္ဂါလီတစ်ဦး ၊ ကုလားကြီး ၊ ကုလားလတ် ၊ နာနာ (သံတွဲ) တို့ကိုလည်း သတိယပါကြောင်းးးးး
ဆိုတော့ ……… ဒေသန္တရ ၊ ရသ ၊ သုတ လေးများလည်း လာရေးနိုင်ပါတယ် …… လို့ 🙂
## ကျက်တနာတော့ ခေါ်မလာနဲ့နော် ကျုပ်ကိုတစ်ရွာလုံးဝိုင်းသတ်လိမ့်မယ်
:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~

အဟမ်း!! နောက် ၊ ဟိုလေ၊ မိုးပြာ၊ မိုးပြာ။  :mrgreenn:
Ko Out Of ကို ပြေးမြင်ရဲ့။
မတွေ့တာလည်းကြာပြီ ။ တွေ့ရပြန်ရင်လည်း ငြင်းစရာပို့စ်တွေနဲ့ ပျော်ပျော်ပါးပါး 🙂 အင်းးး ဘုန်းကြီးလား လူဝတ်နဲ့လားတော့မသိဘူး မြင်ရပါများတော့လည်း သံယောဇဉ်တော့ဖြစ်မိသားဗျ ။
ဒါနဲ့ နောင်ကြီးအော့အော့ရေ … မောင်မိုးပြာတစ်ယောက်လည်းမတွေ့တာကြပြီနော် ။
အဖမ်းများခံနေရပြီလားမသိ ။ ဒီကနေပြီး သတင်းမေးတယ်ပြောလိုက်ပါဦး ။ ကိုရင်တို့ မိုးပြာဆြာများ သတိယပါတယ် လို့ ။
ဂဇက်နဲ့မိုးပြာ …… မိုးပြာနဲ့ဂဇက် တခါက အရမ်းကိုပတ်သက်ခဲ့ကြတယ်မဟုတ်လား ။
(မိုးပြာဝါဒပို့စ်တွေကို ဂဇက်လင့်နဲ့ ချိတ်ပြထားလို့ပါ :mrgreenn: ) မောင်ဂွ ၊ လိုင်းယွန်းကင်း ၊ ရီးရဲမန်း ၊ ကိုပါကြီး ၊ မိုးချမ်းမြေ့ ၊ ရှင်အရိယ ၊ အရိယသစ္စာခရီးသည် ၊ ရှင်အဂ္ဂ ၊ သွင်ဇေယျာမျိုး ၊ ဇောက်ထိုး ……… စသည် စသည်တွေလည်း သတိယပါကြောင်းးးး
( သူတို့နဲ့က မတည့် အတူနေလေ :mrgreen: နောက်တာပါ )။

~~~~~~~~~~~~~~~~~~~~~

ပုသိမ် ဟာလဝါလေးများ စားချင်ထာ။ ဒီရွာမှာရော ပုသိမ်က အသိရှိသလား ဆာဆာ။
စေပိုင်ထွဋ် ရှိတယ်လေ။
ပုသိမ်သားလေး ………
ရွှေမြင်းပျံ ဟာလဝါဝယ်ပြီးလာခဲ့ပါ ဟေးဟေး ………
ကဲ … ကိုယ့်ဆရာ ခြင်ကလောင်တွေဆင်ကလောင်တွေအကြောင်းရေးပြီးပျောက်သွားလိုက်တာ ဘယ်ရောက်နေလဲဗျို့ ။
ဒါနဲ့ ခင်ဗျားလာရင် ” ပုသိမ်သူ ” ကိုပါ ဝင်ခေါ်ခဲ့ပါဦး ။ သူလည်းပျောက်သွားလိုက်တာ သုံးနှစ်လောက်ရှိတော့မယ် ။
ခင်ဗျားရဲ့ နှလုံးသားထဲက ပုံရိပ်လေးတွေဆက်ပြီး မြင်ချင်သေးတယ်ဗျို့ :mrgreen:

~~~~~~~~~~~~~~~~

ဤတွင် အပိုင်း (၂) ပြီး၏။ အပိုင်း (၃) မှာ ဘယ်သူတွေပါသလဲ ရင်ခုန်ရပြီ။
ကျနော်ကိုယ်တိုင်လည်း ရင် ခုန် ပြီး မျှော်လင့်ရပါတယ်။

:s:

 

 

 

72 comments

  • sorrow

    August 1, 2014 at 9:13 am

    နေရာအရင်လာဦးတာ ..နောက်မှပြန်လာမယ်..အဟိ

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 9:25 am

      ဟယ်။
      နာ့ ပို့(စ) ကို မော်ဒယ်(လ) ရှိုးမှတ်လို့ လာဦးသလားးး
      မောဒယ် မောဒယ်။

      :mrgreenn:

  • ကထူးဆန်း

    August 1, 2014 at 9:16 am

    ရွာ့ သမိုင်းနောက်တစ်ခုပေါ့နော် .. ကျေးကျေးပါ ဇီဇီ နဲ့ ဆာဆာ
    မြင်ချင်နေတဲ့သူတွေ လုပြောလိုက်ဦးမယ် .. နံမည်တွေ ပြောင်းဝင်နေရင်တော့ သိဘူးရယ် ..
    ကိုပေ ။ ရွာ့ လူပ်စိ ပေါက်ဖော် ။ တပ်မ၇ရ ။မှော်ဆရာ။ ရှုံးလူ ။ ကိုသစ် ။ အခုပျောက်နေပြန်တဲ့ ဆြာခေါင်။
    ရွာကို သံယောဇဉ်ရှိရက်နဲ့ ပျောက်သွားရှာတဲ့ မောင်သန်းထွဋ်ဦး
    ဘကြီးပု လည်း ပျောက်သွားတာလား ဘယ်နံမည် နဲ့ ဝင်နေတာလည်းမသိ ။
    ပြောရရင် အများကြီး .. :kwi:

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 9:23 am

      ကထူးဆန်း အပိုင်း ၁ အရင်ဖတ်လေ။
      လာမယ်လေ နော်။
      ဆန္ဒမစောကြပါနဲ့။
      ဖြေးဖြေးပေါ့။ ဦးဆာက မအားတဲ့ကြားက ရေးရတာမို့ အရမ်း မတွန်းချင်လို့ပါဗျာ။
      :mrgreenn:
      လူစုံအောင် ကြိုးစားပါ့မယ်။
      ဘယ်သူ ဘယ် အပိုင်းလို့ တော့ အာမ မခံနိုင်လို့ပါ။
      :kwi:

      ကျနော်တို့ ဆီမှာ သန်းခေါင်စာရင်း ၃ ခုရှိပါတယ်။

      :kwi:

  • weiwei

    August 1, 2014 at 9:21 am

    အခုထိဗျူးထားသမျှ အားလုံးအသိတွေချည်းပဲဖြစ်နေလို့ ..
    တယ်လဲရွာသက်ရှည်တဲ့ငါပါလားလို့ အံ့ဩမိရဲ့ …

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 9:24 am

      ဟုတ်မယ်။
      ကျနော် မမှီတဲ့သူတွေ ဒီ တစ်ပိုင်းမှာ ရှိတယ်။
      ဟီး

      :mrgreenn:

  • Nyo Win

    August 1, 2014 at 9:38 am

    ဟမ်မရေး..ကိုယ်မသိတဲ့သူတွေမနဲပါလား..အဲသိတဲ့သူတွေလည်းမနဲပါလား
    ရွာသက်နဲပေမယ့် ၂၀၀၉ ခုနှစ်လောက်ထဲက ဝင်ဝင်ချောင်းနေကျကိုး…. 🙂

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 10:54 am

      အဟီးးး
      စိတ်ရှည်ရှည်လေးထားပြီး စောင့်ဖတ်ပါနော်။
      ကျနော် မသိတဲ့ သူတွေလည်း အများကြီးး ပါတာမို့ ဆာဆာ့ကိုပါ အကူအညီတောင်းထားရတာ။

      🙂

  • ခင် ခ

    August 1, 2014 at 10:37 am

    ဒီအပိုင်းက တစ်ချို့သူတွေ မသိဘူးဖြစ်နေတယ်ဗျ။
    ရွာတိုင်းခန်းလှည့်တာ ဒုတိယလမ်းကို ချိုးကွေ့ရောက်ပြီနော်။

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 10:57 am

      ဟိ။
      ဒုတိယ လမ်းချိုးကိုရောက်နေပြီ။
      ဘယ်လမ်းမှာ ဝေါပေါ်က လိမ့်ကျမယ်မသိ အဲလေ ဖိနပ်ပြတ်မယ်မသိ။
      :mrgreen:

  • alinsett (gazette)

    August 1, 2014 at 10:49 am

    ကိုစေပိုင်ကြီးကို..သတိရလိုက်တာဗျာ… ။

    —————————————

    တကယ်တော့..
    ဒီလိုပိုစ့်လေးက…
    ရွာကို သံယောဇဉ်မပြတ်တဲ့..မမဇီဇီနဲ့.. ဦးဦးဆာတို ့ အပါအဝင်…
    လက်ရှိ… လှုပ်ရှားသက်ဝင်နေတဲ့… ရွာသူားတွေက…

    ပျောက်ချက်သားကောင်းပြီး.. ရွာနဲ့အနေဝေးသွားတဲ့..မိတ်ဟောင်းဆွေဟောင်းတွေကို..
    လွမ်းလို ့..ပြန်ခေါ်တဲ့ သဘောပေါ့နော်.. ။
    သူတို ့..ဖတ်မိရင်.. သူတို့လည်း..လွမ်းလို ့ ပြန်လာမှာ..မြင်ယောင်ပါသေးတော့တယ်.. ။

    ဒါကြောင့်…ပေါ့…
    ကျနော်တို ့လို..လက်ရှိ ရွာမှာ..မြင်နေရတဲ့ ရွာသူားတွေကို..နောက်ဆုံးပိုင်းတွေမှာမှ..ဗျုးပါ..မမဂျီး..
    အကြောင်းအမျိုးမျိုးကြောင့်… မတွေ ့ရတာ ကြာတဲ့.. မိတ်ဆွေဟောင်းများကို…
    စုံတကာစေ့အောင်..အရင် ခေါ်ပါနော်.. ။

    (လျှာရှည်ကြောင်း..ဝင်ပြတာ.. ဟီဟိ )

    😆

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 10:59 am

      အဆင်ပြေသလို စဉ်မယ်နော်။
      အဟင့်။
      စိတ်မဆိုးကြရင်ပြီးတာပဲနော်။ အဟင့်။

      :mrgreenn:

  • TNA

    August 1, 2014 at 11:08 am

    ဒီထဲကလူတွေ မကြားဖူးတာများတယ်။ ခဏ နောက်မှပြန်လာမယ်။ ပြေးလိုက်အုံးမယ်

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 3:34 pm

      ယောက်ခမွ ပြန်မလာရင် ဟင်းအိုးကြီး သွန်လိုက်မယ်

      :mrgreen:

      • TNA

        August 1, 2014 at 9:24 pm

        လာပြီ လာပြီ။ ဟင်းအိုးသွန်မစိုးလို အရင်နေရာဦးထားတာ 🙂 ဒီတပိုင်းကတော့မသိသူတွေပါတယ်။ အဲ့အေးဝတီကြီးတော့မှီလိုက်တယ်။ မသိသေးသူတွေပါသိလိုက်ရတော့ ရွာ့သမိုင်းပိုစုံသွားသပေါ့။ ချွေးမွလေး ဘယ်လိုများသန်းခေါင်စာရင်းကောက်ထားပါလိမ့်။ တော်ချက်တော့။ ဟိုဖက်မယ်တော့ဒို့ကိုပစ်တွားဘလားဟင်။ ပစ်မတွားဘာနဲ့အုံးနော်

        • ဇီဇီ ခင်ဇော်

          August 2, 2014 at 7:40 am

          သန်းကောင်စာရင်းက
          အရင်က အံစာ တစ်ခါ
          နောက် အရီး က တစ်ခါ
          နောက် သများက နာမည်တွေ မေးဖို့ တစ်ခါ ကောက်ထားတာ ရှိတယ်။ အဲဒါ ၃ ခု။
          ဒီ အခန်းဆက်တွေ ပြီးရင် ၄ ခုမြောက်။
          ဟောဟဲ။
          ဂီပြောသလို ဟို ၂ကောင်လာပြီဆိုရင် ရွာက ဖလန်းနိုင်ပြီထင်ရဲ့။ ဒီကြားထဲ တိုစိတစ ပြသနာမဖြစ်ပြီးတာပဲ။
          ဟိဟိဟိ။ :mrgreenn:
          ဟို ဟာ ကတော့ အာရုံနောက်လို့။
          ဒီ ထားတယ်။
          စိတ်ဓာတ်တွေ စိတ်ဓာတ်တွေ။

          :mrgreen:

  • kyeemite

    August 1, 2014 at 11:37 am

    ဇီဇီ နဲ့ဆာဆာ ဗျူးတဲ့ထဲ ကိုယ်မသိတဲ့လူတောင်ပါသဗျ…
    ဇာဇာထွေးဆိုတာသိဝူးဗျ…..
    တစ်ဦးချင်းစီကို သရုပ်ပေါ်အောင်ဖေါ်သွားနိုင်ကြပါပေတယ်…တော်ပါ့
    တော်မှာပေါ့လေ..နာ့ညီနဲ့ ညီမငေး တွေကိုး :mrgreen:

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 12:05 pm

      မိုက်မိုက်ရော အိမ်စာ ယူချင်သေးလားဟမ်?
      နေပါဦးးး
      မိုက်မိုက်ကို အဆိုင်းမင့်ပေးဖို့ ကြံစည်ဦးမှပါ။

      :mrgreen:

  • Mr. MarGa

    August 1, 2014 at 11:50 am

    အင်း…
    ဒီထဲမှာလည်း သိသူများသေးတယ်
    ဂျီးဒေါ် လက်ထဲ ကိုင်ထားတဲ့ သန်းခေါင်စာရင်း သုံးခုကို တွေ့ပြီ….
    ဟီဟိ… ဦးဆာတော့ အိမ်စာပိကိန်း မြင်ပါ၏

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 12:03 pm

      အဟီးဟီးးး
      ဆာဆာက ဒါပြီးရင် အပန်းဖြေခရီးထွက်မယ်တဲ့။
      :mrgreenn:
      သိုင်းကျမ်း ဘာသာပြန်ထက် ဆိုးနေပြီ။
      သနားစရာ ယောက်ခမ။ :mrgreenn:

      • Mr. MarGa

        August 1, 2014 at 12:12 pm

        ဟီဟိ…
        ခြင်္သေ့ကျွန်းကိုထွက်မလား လို့ :mrgreenn:

  • ဦးကျောက်ခဲ

    August 1, 2014 at 12:40 pm

    ဒီတစ်ခါ ဇော်ဇော်ခင်ဇီ ရဲ့ သန်းခေါင်စာရင်းပရိုမိုရှင်းက အထူကြီး…
    တော်ပါသေးရဲ့ … ဘေးလွတ်လို့ ၊ အိမ်စာမိသူတွေတော့ မချောင်ဘူး… အဟိ
    ရွာသူရွာသားစုံအောင် မှတ်ထားနိုင်တာ ချီးကျူးပါတယ်ဗျို့….
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 1:02 pm

      တိုးတိုးး ပြောပါ ကျောက်(စ)
      တော်ကြာ ဆာဆာ အိမ်စာမလုပ်ပဲ နေမှ ကျနော် သန်းကောင်စာရင်းကြီးတွေ ပိုက်ပြီး ငိုနေရမယ်။

      :mrgreen:

      • black chaw

        August 1, 2014 at 3:19 pm

        အော်ကွယ်…
        လွမ်စရာကလည်းရှိလို ့..လွမ်းလောက်စရာလည်းဖြစ်လို ့…
        လွမ်းလည်းလွမ်းတတ်လို ့…
        လွမ်းနေတာပါကွယ်…။
        ချစ်စရာ့ရွာလေးက စောင့်မျှော်နေပါတယ်…။
        အမြန်သာပြန်ခဲ့ကြပါတော့လို ့…။
        ကိုဆာ နဲ ့ ဇီဇီ တို ့ နဲ ့ အတူ
        ဝင် လွမ်းသွားပါတယ်…။
        လွမ်းခွင့်ပြုကြပါ နော်…နော်…
        နော်လို ့…။
        အာဟီး…။

        • ဇီဇီ ခင်ဇော်

          August 1, 2014 at 3:21 pm

          အမယ်မယ်။
          လမ်းကြုံ ဝင်လွမ်းနေသေးတယ်။
          :mrgreen:
          သများက သူများကိုသာ အိမ်စာပေးနိုင်တာပါ။
          ကိုဘက်ကြီးကိုတော့ မပေးနိုင်ပါဘူးး သူ့ကပေးတဲ့ အိမ်စာတွေချည်း လုပ်နေရတယ်။
          :mrgreenn:

  • Crystalline

    August 1, 2014 at 1:12 pm

    မခိုင်​ခိုင်​က ​ဖေ့စ်​ဘုတ်​မှာ​တောင်​မ​တွေ့မိ​တော့ နာမည်​​တွေအကုန်​ရင်​းနှီးပါတယ်​ရှင်​့… ဦးဆာတို့ အပြင်​မှာလည်​း အဲ့လို​ချွေးမ​လေး​တျောက်​​လောက်​ မလိုချင်​ဘူးလား… :mrgreenn:

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 1:31 pm

      အဟီးဟီးးး
      ဆာဆာ့မှာ ဆံပင်ပေါက်တာ မမြင်ချင်တော့ဝူးလားးး
      ခိခိ။ :mrgreenn:
      မနေ့ကဆို သနားပါတယ်။ ဟောဟဲလိုက်နေတာ။
      လူကျန်ရင် စိတ်ဆိုးမှာလည်း ကြောက်ရသေးတယ်။ :mrgreenn:
      ဒီကြားထဲ ဟိုလူမပါ ဒီလူမပါ ဟိုလူ အရင် မဟုတ် ဒီလူနောက်မှ ဆိုတာ အပြောခံရမှာလည်း ကြောက်တယ်။ :mrgreenn:
      အကုန် စုံ မှ တင်မယ် ဆိုရင်လည်း ပို့(စ) က မတရားရှည်သွားမှာ။
      အဲလာနဲ့ မေးသမျှ ကျနော့ ခေါင်းပေါ်ပုံလိုက်လို့ ပြောလိုက်တယ်။
      ကိုယ်က ပြေးလို့ လွတ်တယ်လေ။
      :mrgreenn:

      • Crystalline

        August 1, 2014 at 1:56 pm

        😀 ယောက်ခမ သနားပါတယ်.. :mrgreen:

  • ဦးဦးပါလေရာ

    August 1, 2014 at 3:08 pm

    တော်တော်ကို အမှတ်အသားကောင်းတဲ့သူတွေပါကလား….
    မမြင်တာ ကြာပြီဖြစ်တဲ့ သူတွေကိုပါ
    လှမ်းခေါ်နှုတ်ဆက်ရင်း မသိလိုက်သူတွေနဲ့ တပါတည်းမိတ်ဆက်ပေးပြီးသားဖြစ်သွားတော့တယ်…။

    ဒီပိုစ့်လေးဖတ်ပြီး ခိုင်ခိုင်နဲ့ သူ့သမီးလေးကိုလဲ သတိရမိတယ်…
    အေးဝတီကြီးအဖွဲ့ ဆိုတာကတော့ တကယ်တော့ တစ်ယောက်ထဲလို့ ဆိုသူတွေလဲ ရှိပြန်သဗျာ..
    မထင်မှတ်တဲ့ တစ်ယောက်ဆိုလားပဲ..

    မိုးပြာဆရာများကိုတော့ သိပ်ပင့်လို့ လွယ်မယ်မထင်..
    ခင်ဗျားတို့က ထေရဝါဒ မှိုင်းမိလွန်နေတဲ့ ကြပ်တင်ဒိဌိတွေကိုး…
    😀
    အလကားပြောတာ..
    ဆရာကြီးရှိမှတော့ တပြည့်တွေဘာလုပ်ဖို့လဲ…
    အဲလေ ယောင်လို့… ကျုပ်ဘာတွေများပြောမိပါလိမ့်…
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 3:13 pm

      ဦးဆာ မှတ်ဉာဏ်က ကောင်းတာ ဦးပါရေ။
      ကျနော်က နောက်က လိုက်ဖောတာပဲရှိတာပါ။

      :mrgreenn:

    • kai

      August 5, 2014 at 5:52 pm

      အဟမ်း..
      မြန်မာပြည်ပြန်လာဖြစ်ရင်.. တတိုင်းပြည်လုံးကို.. ဘာသာရေးအစွန်းရောက်နိုင်ငံစာရင်းထဲပါသွားစေတဲ့.. အဲဒီမိုးပြာခေါင်းဆောင် ဆရာတော်ဆီသွားကိုတွေ့ဦးမယ်..။
      မြစ်ကြီးနားထောင်ဆိုလားပဲ..
      လိုက်ပို့ပေးမလား.. :k:

  • manawphyulay

    August 1, 2014 at 3:45 pm

    ဒါနဲ့ ဦးဖက်တီးလည်း ကျန်းမာရဲ့လားမသိ။ ပျောက်နေတာ အတော်ကြာပါကော…
    သတိရမိပါတယ်။ တချို့ကျတော့ ဒီမှာသာပျောက်တာ အပြင်မှာ မကြာခဏဆိုသလို တွေ့မိနှုတ်ဆက်မိတယ်။

    • ဇီဇီ ခင်ဇော်

      August 2, 2014 at 7:25 am

      ဒါဇင် ပလပ် တစ်ဖွဲ့လုံး ရွာကပျောက်နေတာ မနောရေ။

      • nozomi

        August 5, 2014 at 8:51 pm

        ဒေါ်မနောပြောတဲ့ဦးဖက်တီးဆိုတာ ကျနော်တို့ ဖက်တီးကက် မဟုတ်ဘူးဗျ
        ဦးဖက်တီး ဆိုတဲ့ သပ်သပ်ရှိတယ်
        မတွေ့တာ တော်တော်ကြာသွားပြီ

        ( ပြောတော့ စင်ကာပူ လူမိုက်တဲ့ ဘယ်ပတ်ပုန်းနေတာလဲ ကြောက်မွှေးကို နုတ်ပေးရမား)

        • ဇီဇီ ခင်ဇော်

          August 6, 2014 at 7:53 am

          ကိုဂျီးနို
          တညား ကို အုပ်ရှုဖွဲ့ပြီး လိုက်ကိုက်နေလို့ ကြောက်ရို့ ပုန်းနေတာ။။
          :a:
          ကြောပါဒယ်။
          ဒီထက်ကြာကြာပစ်မထားပါနဲ့လို့။

          ဂုဒေါ့ အသစ်ရသွားဘီ။ :mrgreenn:

          ပုံ/
          ဒွေးလေး ဇီ။

          :k:

  • နှူးဘာ မိဂီ

    August 1, 2014 at 6:46 pm

    ၂ယောက်ပေါင်းပီး 2ne1 တော့မဟုတ်..
    သန်းခေါင်စာရင်းကိုင်ပီး ကို လှည့်ပတ် တူးနေတော့သကိုး …။

    စကားမစပ် ရွာ့အရေး ပြောရရင် မကြာခင် ပိုစည်ကားလာမယ် မှတ်တယ်ဗျ…
    လိုကယ်က စာရေး/ဖတ်သူတွေ နဲ့ ပါတ်သတ်ပြီးပြောပါတယ်
    လိပ်တုလို့ ခရုခုန် မပုတု နဲ့တောင် ဂလောက် လူစည်နေတာ …
    ဟို၂ကောင်လာရင် နွေဆိုဖုန်ထောင်း မိုးခရောင်းဗွက် နဲ့ ရွာလမ်းမ ကို ၈လမ်းသွားချဲ့ပီး ကွန်ကရစ်ခင်းပေးသလို
    ဖြစ်တော့မှာ မို့ မြင်မိကြောင်းရယ်..။
    အားဟိ

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 6:54 pm

      အဲလိုပဲ မျှော်လင့်ရတာပဲ။
      ဟိဟိ။
      :mrgreenn:

    • အရီးခင်

      August 2, 2014 at 8:22 pm

      ဒီနေ့ ရန်ကုန် နဲ့ စကားပြောတော့ အဲဒီ 2NE1 အကြောင်းသိတယ်။
      2NE1 = To Anyone or twenty one (South Korean girl band )
      ဒီညပွဲ မှာ ထိုင်ခုံ နဲ့ ဆို ၉သိန်းပေါက်သတဲ့။
      မတ်တပ်ရပ် ကြည့်ရင် ၄ သောင်း တဲ့။
      မြန်မာပြည်မှာ ဒီလောက် ပိုက်ဆံ တွေ သုံး နေနိုင် တာ ကြောက်စရာဘဲ။
      ဘယ်သူတွေ လဲ မေးမနေပါနဲ့တော့။

      ဒီလို အုပ်ချုပ်သူ တွေ နဲ့ ဒီ အတိုင်း သာ ဆက်သွား လို့ ကတော့ ကမ္ဘာ မှာ လူအဆင့်အတန်း အကွာဟ ဆုံး၊ ချမ်းသာ ဆင်းရဲ မမျှဆုံး နိုင်ငံ မှာ ထိပ်ဆုံး ကဖြစ်တော့ မယ်။
      ဒါကို ပျော်ရင်လဲ အားပေးလို့ သာ နေကြပေါ့။

      Post နဲ့ မဆိုင်ဘဲ ဝင်ပွါးလိုက်မိလို့ စောဒီး ပါ။

  • padonmar

    August 1, 2014 at 9:30 pm

    ပုသိမ်သူက TNAပဲ မဟုတ်ဘူးလား။
    ဦးပါအကြောင်းတော့ မဗျူးဘူးလား။
    တခါက ကြောင်တွေလည်း မိသားစုလိုက် ရှိခဲ့ဖူးတယ်။

    • ဇီဇီ ခင်ဇော်

      August 2, 2014 at 7:32 am

      လာမှာ အာတီဒုံရေ။
      ခုမှ အပိုင်း ၂ ပဲ ရှိသေးးး။
      ခိခိ :mrgreenn:

  • အရီးခင်

    August 2, 2014 at 3:29 am

    (၁၇) အိတုံ – မှတ်မှတ်ရရ ဖြစ်သွား တဲ့ သူ့ Post လေး – ပြောင်းဖူး ကို ဖင် ခေါင်း လာပြီး ငြင်းခိုင်းထဲ က ပြောင်းဖူး မြင်တိုင်း ဒီကောင်မလေး ကို ပြေးပြေး မြင်နေပြီး ပြုံးမိတာဘဲ။
    ဒီမှာက တစ်ခြားဟာသာ မရှိ နေမယ်။ ပြောင်းဖူး တွေ တော့ အဖူးလိုက်ရတယ်။

    (၁၈) နွယ်ပင် – သူက တော့ မောင်စိန်ဝင်း ရဲ့ တစ်ပင်ထဲ ရင်ထဲက နွယ် လေးပေါ့။ သူ့ ရဲ့ အကယ်ဒမီ ပွဲတက် ဝတ်စုံ တွေ ကို သဘောအလွန်ကျပြီး မှတ်မှတ်ရရ ရှိခဲ့တာ။

    (၁၉) မောင်ကမ်း ကတော့
    ကျုပ် ကို ဦးပေါင်းကျား လုပ်ထားလို့ လောလောလတ်လတ်လေးတင် ပေးထားရသူပေါ့။
    သူ့ရဲ့ ကဗျာ တွေ ကတော့ ဆံပင်ရှည်ကို ချည် ထားတဲ့ သူ့စတိုင် လိုပါဘဲ။ ကြိုက်သလို အဓိပ္ပါယ်ဖွင့်ကြဟေ့။
    (ဝုတ်တယ်နော်၊ ပုံတွေထဲ မြင်လိုက်တာ အဲလိုကို)

    (၂၀) ကိုခ ကတော့ ခ ခြင်းလဲ တူ။ ဂျန်နရေးရှင်းခြင်းလဲ တူ။ ညဖက် ရင်ပူ ခဲ့ချိန် သူညွှန်းတဲ့ နွားနို့ သောက်လိုက်တာ ပျောက်တာ ကိုယ်တွေ့ပေါ့။ သူ မျှပေးနေရဲ့ ကျန်းမာရေး စာလေး တွေ က ရွာရဲ့ အလှတစ်ပါး ပါဘဲ။

    (၂၁) ဖရဲ ရဲ့ logo က ခေါင်းမှာ အစိမ်းရောင် ဦးထုတ် လေး နဲ့ ခုန် နေတဲ့ ကောင်လေး ပုံ မို့ ဒီဟာလေးကလဲ အပြင်မလဲ သိပ် အငြိမ်နေမယ် မထင်လို့ တွေးမိသား။
    ဟာသ တွေ နဲ့ ဖျော်ဖြေ တတ်တဲ့ ရွာထဲ က ဂျိုကာ လေးထဲ က တစ်ကောင်ပေါ့။ သူလဲ ရွာ ကို သံယောဇဉ် ကြီးသူ တစ်ယောက် မို့ ပြင်ပမှာ အတော်လေး ဝန်ပိ နေလို့ သာ မဝင်လာတာ ထင်ပါရဲ့။

    (၂၂) ခိုင်ခိုင် ကိုတော့ ခိုင်သင်းကြည် နဲ့ တွဲ မှတ်ထားတာ။ ကလေး နှစ်ယောက် နဲ့ အတော်လေး ဒေါင်ချာ စိုင်း နေမှာ။ သူ့ လေး တစ်ပုဒ် ဆားပုလင်း ဖောရိမ်း လက်ချက် မိဘူးတာ ပြေးပြီ သတိရမိသွားတယ်။ ပျော်ဖို့ ကောင်းပါတယ် ခိုင်ခိုင် ရယ် ၊ အားချိန် ပြန်လာဦး။

    (၂၃) အိမ်စိုးမေ – ကိုယ့် မောင် က နေတစ်ဆင့် တော်ရတဲ့ ဒီ ညီမ တစ်ယောက် ကိုလဲ အပြင်မှာ တွေ့ဘူးချင်ရဲ့။ သူ့ စာလေးတွေ လဲ ဒီ ရွာထဲ ဖတ်ချင်ပါရဲ့။ ကျုပ် မောင် ထက် ပိုပြီး လက်ဆ ပြင်း အဖွဲ့ကောင်းတဲ့ မိန်းမ တစ်ယောက် လို့ မြင်လိုက်မိတာ။

    (၂၄) လင်းဝေ – ဒီလူ နဲ့ ငြိ ခဲ့ဘူးတယ်။ ဘယ်လို ငြိ တာလဲ သိချင်ရင် ခေါ်မေးကြည့်ကြ။
    ဘာတဲ့ “အောင်လ” သီချင်းတောင် သူက ဆိုပြလိုက်သေး။ ဘယ်မေ့လိမ့်မလဲ။
    ( ပြောသာ ပြောရ လူ မမှား လောက်ဘူး လို့ တော့ ထင်ပါရဲ့။ မှားတွားရင် စောဒီး။ မှတ်ဉာဏ် ယဲ့ယဲ့ လေးကို ပြန်ခေါ်နေရတာ) :-))

    (၂၅) ဇာဇာထွေး ကိုတော့ မမှတ်မိပါကြောင်း ဝန်ခံပါတယ်။ ဒါပေမဲ့ ရွာထဲ ဝင်ဘူးရင်ကို ရွာ့အမျိုး မို့ ကြုံဝင် ထမင်းလေးများ ဝင်စားဖို့ ဖိတ်ခေါ်ပါတယ်။

    (၂၆) ကပ္ပတိန်အမေရိက ကိုတော့ ကောင်းကောင်းကြီး မှတ်မိပါတယ်။ တလောလေး ကတောင် တစ်ချက် တစ်ချက် ပေါ်လာပါတယ်။ ဒါထက်ပိုပြီး ရင်းနှီးချင်ပါတယ် သူရဲကောင်းကြီး ရေ့။

    (၂၇) ရွှေဘိုသား ကိုလဲ မှတ်မိပါတယ်။ ရွှေဘိုသနပ်ခါး တွေ ပိုက်ပြီး ရွာပြန်ခဲ့ပါ ဦးလေ။

    (၂၈) အညာသူလေး ကလဲ တော်တော်လေး active ဖြစ်ပြီးမှ ပျောက်သွားတာထင်ရဲ့။ လူ အစစ် ဆို တစ်ခါ လောက် အလည်ပြန်ခဲ့ပါလား။

    (၂၉) ရွာထဲဝင် ဘယ်သူ့ ကိုမှ စကားမပြောဘဲ သူတို့ဟာ သူတို့ အပင် စိုက် သွားသူတွေ လဲ ရှိပါတယ်။
    တစ်ချို့ အပင် တွေ က စားလို့ ကောင်းတဲ့ အသီး တွေ သီးတယ်။
    တစ်ချို့ အပင် တွေ က လှ လဲ လှ မွှေး လဲ မွှေး တဲ့ အပွင့် တွေ ပွင့် တယ်။
    တစ်ချို့ အပင် တွေ က အနံ့ မကောင်း လို့ ခုတ်လိုက်ရတယ်။
    တစ်ချို့ ကျ ပေါင်းပင် တွေ မို့ မြွှေ ကင်း ခို တာမို့ နှုတ်ခဲ့ ကြရတယ်။
    ကိုယ် ဘယ်လို အပင်စိုက် ခဲ့လဲ သိကြမှာပါ။
    အေးဝတီကြီး တို့ တကဲ့ ပြင်ပ ဘဝ မှာ အများ အတွက် စစ်မှန်သော အကျိုးပြုသူ တွေ ဖြစ်ပါစေ ဆုတောင်းပါတယ်။
    ရွာထဲ ကိုလဲ နောက်တစ်ခါလာ ရင် စားကောင်းတဲ့ အသီး သီး မဲ့ အပင် လေးတွေ စိုက်ပေးနိုင်ပါစေ။

    (၃၀) Ko Out Of တို့ ကတော့ ကိုယ့် ယုံကြည်ရာ ဝင်ပြီး စာချ တတ်သူတွေ ပါ။ ကျွန်မ ကတော့ ကြိုက်ပါတယ်။ ကိုယ့် နဲ့ မတူ တဲ့ လူ တွေ ဆို လွန် ဆွဲ သလို ကိုယ့်ဘက် ပါအောင်လဲ ပြန်ဆွဲ နိုင်တာဘဲလေ။
    ငြင်းခုန် ရတာ များလို့ မော သွားပြီလား တော့ မသိ။ ပေါ်မလာ ကြတော့ ဘူး။ ဒါပေမဲ့ ဟိုရက်က တစ်ချက် ဝင်လာတာ တွေ့လိုက်သေး။
    ကိုဇောက်ထိုး ကို လဲ အမြဲ သတိရကြောင်းလေး ပြောလိုက်ပါတယ်။ ကျွန်မ ဘက် ကို ရအောင် မသိမ်းသွင်း နိုင်လိုက်တာ မကျေနပ် သေး လို့ ပြန်လာပါဦးလား။

    (၃၁) စေပိုင်ထွဋ် ကတော့ ရသ စာ လှလှ လေး တွေ ကို တိတ်တိတ်လေးချချ သွားတာမို့ သိပ်ပြီး မရင်းနှီး ပေမဲ့ ကိုယ့် ရွာသား ပါဘဲမို့ ခင်မင်ရင်းစွဲ ရှိပါကြောင်း လေး ပြောရင်း …..

    သူများ တကာ အင်တာဗျူး အပိုင်း (၂) နောက် က ထမိန်စွန်တောင်ဆွဲ ပြေးလိုက် ရင်း စကား တွေ ပြော နေ ရတာ
    ကိုယ့်ဟာ ကိုယ် အရူးမကြီး လို မြင်မိနေတာလေး ပြောရင်း ….

    အပိုင်း(၃) နောက် ကို လိုက်ဖို့ ရေလေး ပြေးသောက်လိုက်ဦးမယ်။
    :-))))

    • ဇီဇီ ခင်ဇော်

      August 2, 2014 at 7:32 am

      အရီး ကော်မန့်ရဲ့ ရည်ရွယ်ချက်လေးကို ချစ်လိုက်တာ။
      ပြီးမှ ပြန်ပြီး ပေါင်းချုပ်လုပ်ပေးမယ်။

      :s:

      • surmi

        August 2, 2014 at 9:18 am

        ယခုလို ဟင်းမချက်ဘဲလာရောက်အားဖြည့်ပေးနေတဲ့ အရီးကိုလည်း
        အထူးအထူး ကျေးဇူးတင်ပါကြောင်းးးးးးဟ
        လွဲနေတာများတွေ့လည်းပြန်ပြင်ပေးခဲ့ပါနော
        အမှတ်သညာတွေက ညံ့ကုန်ပြီ 🙂
        ခင်မင်ရသောရွာသူားများနဲ့အခုလိုရှေးဟောင်းနှောင်းဖြစ်လေးတွေပြောခွင့်ရတာကိုလည်း အထူးဝမ်းမြောက်မိပါကြောင်းးးးး

    • amatmin

      August 2, 2014 at 8:54 pm

      အရီးရော အူးဆာရော မှတ်မိချက်တွေကို
      သဘောကျလွန်းလို့
      တိတ်တိတ်ကြိတ်ပီး
      လိုက်အားပေးနေဘာဒယ် ခင်ဗျာ့ ။

    • black chaw

      August 4, 2014 at 11:23 am

      (၂၃) အိမ်စိုးမေ – ကိုယ့် မောင် က နေတစ်ဆင့် တော်ရတဲ့
      ဒီ ညီမ တစ်ယောက် ကိုလဲ အပြင်မှာ တွေ့ဘူးချင်ရဲ့။
      သူ့ စာလေးတွေ လဲ ဒီ ရွာထဲ ဖတ်ချင်ပါရဲ့။
      ကျုပ် မောင် ထက် ပိုပြီး လက်ဆ ပြင်း
      အဖွဲ့ကောင်းတဲ့ မိန်းမ တစ်ယောက် လို့ မြင်လိုက်မိတာ။

      ပို့စ်ပိုင်ရှင်တွေ ဖြစ်တဲ့ ဇီဇီ နဲ့ ဆာဆာ ခင်ဗျား
      အရီးလတ်ရဲ့ ကွန်းမန့်ကို ကျွန်တော် ဘီစီ ပေးပါတယ်ခင်ဗျ။
      :mrgreen:

      • ဇီဇီ ခင်ဇော်

        August 4, 2014 at 11:37 am

        ဒီမယ် ကိုဘက်
        လွယ်သလား ခက်သလား ကိုဘက်
        ဟိ။
        ဆက်မပြောတော့ပါဝူးးးး
        :kwi:

        အရီးရဲ့ ကော်မန့်တွေက ကျနော့ အတွက်တော့ ဘီစီပေးနိုင်တာထက် တန်ဖိုးရှိပါတယ်ဗျ။
        :chit:

  • Yae Myae Tha Ninn

    August 2, 2014 at 1:31 pm

    အနော်လဲ သန်းခေါင်စာရင်းလာသွင်းတာ..
    အမည်ရင်း ကိုထွဋ်… ကလောင် ရေမြေ့သနင်း(ခ) လူတလုံး
    ဘွဲ့တွေကတော့ မြိတ်သား၊ စာရေးဆရာ၊ အိုင်တီ၊ မြေပွဲစား… အရက်သမား…
    မေးလ်ကတဆင့် မေးမြန်းနိုင်ပါတယ်.. ပုံလိုချင်လဲ ရှိတယ်.. ဟီး… 🙂
    ဒီတလော ရုံးအလုပ် အပြင်အလုပ်နဲ့ ရှုပ်နေလို့ မဖတ်ဖြစ် မတင်ဖြစ်ဘူး.. 🙁

    • ဇီဇီ ခင်ဇော်

      August 3, 2014 at 4:48 pm

      ရေးပါ့မယ်ဗျာ။
      စိတ်ချပါ။

      🙂

    • ဇီဇီ ခင်ဇော်

      August 3, 2014 at 4:49 pm

      အားပေးတဲ့တွက် ကျေးကျေးပါ သော်သော်လေးရေ။

      :s:

  • nicolus agral

    August 2, 2014 at 5:52 pm

    အမ ခိုင်ဇာ
    Facebook ကဘယ်လိုဖြစ်သွားတာလဲ

    • ဇီဇီ ခင်ဇော်

      August 3, 2014 at 4:49 pm

      ဒီ ထားတာ မောင်လေးး
      🙂

  • Kaung Kin Pyar

    August 2, 2014 at 6:15 pm

    အပိုင်း ၂ လဲ လာအားပေးသွားပါတယ်…။ ပိတ်ရက်ခံနေလို့ နောက်ကျသွားတယ်…
    တချို့လူနည်းစု မသိပါ…။ ဒါပေမယ့် ခုလိုမျိုး ဖတ်ရတော့လဲ သူတို့ နောက်ရွာပြန်ဝင်လာချိန် ရင်းနှီးသွားတာပေါ့…။
    နောက်ထပ် အပိုင်းပေါင်းများစွာကို မျှော်နေပါ့မယ်…

    • ဇီဇီ ခင်ဇော်

      August 3, 2014 at 4:50 pm

      အို။
      မအားတဲ့ ကြားက အပြေးအလွှား လာ အားပေးလို့ ကျေးကျေး အကြီးကြီးးးး

      :chit:

  • မဟာရာဇာ အံစာတုံး

    August 3, 2014 at 1:30 pm

    အမလေးလေး
    မတွေ့တာ ကြာနေတဲ့ လူတွေအကြောင်းကို
    လွမ်းလွမ်းနဲ့ ဖတ်နေတုန်းမှာ ..
    ဗြုန်းဆို !!!
    အေးဝတီကြီး ဆိုတဲ့ နေရာ ရောက်သွားတော့ …
    ဟီးဟီး .. နည်းနည်းတောင် ပြုံးလိုက်မိသွားသေး ….
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 3, 2014 at 4:51 pm

      ဟိဟိ။
      နောက်ခါ အံစာတုံး ဆိုတဲ့ နေရာရောက်ရင် ရီရအောင် အမေးအဖြေလုပ်အူးမှာ။

      :mrgreen:

  • zarzarhtwe

    August 4, 2014 at 2:11 am

    ကျေးဇူးပါ ဦးဆာနဲ့ဇီဇီရေ
    ဦးမိုက်ရဲ့ ပို့စ်တွေ မှာcomment မရေးဖြစ်ပေမယ့် တက်သမျှပို့စ် အကုန်ဖတ်ဖြစ်ပါတယ်။
    တချို့ကဗျာတွေတော့ကျော်ဖတ်တယ်ပေါ့(စိတ်မခုပါနဲ့အလင်းဆက်နဲ့လုံလုံရေ)သိပ်နားမလည်လို့ပါနော်။
    ဦးပေါက်ရဲ့ပိုစ့်မှာ ရေးချင်တာလေးရှိတာနဲ့ မန်ဘာ စဝင်ခဲ့တာပါ။
    ကိုထူးဆန်းရေ ogre ကျန်သေးတယ်

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 9:25 am

      ခဏ ခဏ လာပါ မဇာရေ။
      မျှော်နေပါ့မယ်။

      :s:

  • ဗုံဗုံ

    August 4, 2014 at 10:28 am

    မီး အပါသေးဝူးနော်……..
    မီး ကိုချန်ထားခဲ့ရင်……..
    အူးလေးကို ဂျားဝီးပေးလိုက်မှာ…… 😀

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 11:34 am

      စိတ်ချပါ တူမလေးးးး သဘုန်ရဲ့။
      ဒါနဲ့ ဒီ သီတင်းကျွတ် သေချာလားဟင်?
      နွား ၂ ကောင်ရောင်းပြီးပြီလားးး
      :kwi:

      သများ ဖိတ်စာတစ်ခြမ်းရိုက်ပြီး စောင့်နေမှာနော်။

      :kwi:

  • eainsoemay

    August 4, 2014 at 4:43 pm

    သတိတရရှိနေပေးတာ အရမ်းကျေးဇူးတင်ပါတယ်နော်

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 6:56 pm

      အမှတ်တရ ကော်မန့်လာပေးတဲ့ အမ အိမ်စိုးမေကိုလည်း ကျေးဇူးပါ။

      :chit:

  • အာဂ

    August 5, 2014 at 4:56 pm

    ဇီဇီအား….ကျွနိုပ်တို့…မြန်မာပြည်က စာနယ်ဇင်းလောကက အလိုရှိပါသည်။ အညန်ပြန်လာပါ။ မဂ္ဂဇင်း တစ်စောင်ထုပ်ရန်ဖြစ်သည်…တိန်တိန်တိန်

    • ဇီဇီ ခင်ဇော်

      August 5, 2014 at 7:23 pm

      ငင်။
      မဂ္ဂဇင်း တွေ ကို အထုပ် ထုပ်ပေးရမှာလားငင်?

      😥

  • ဇီဇီနဲ့ဆာဆာ
    ဒီပိုစ်တွေကိုအခုရက်မှ အသဲအသန်လိုက်ဖတ်နေရပါတယ်။
    အရင်က မန်းဂေဇက် မှာ စာရေးသူတွေက မျက်နှာဖုံးတွေ စွတ်ပြီးနေကြရတာပါ။
    မမြင်နိုင်တဲ့ရန်သူကိုကြောက်နေရလို့ပါ။

    2010 အလွန် 2011 အရောက်မှာတော့ ရွာသူားတွေ လူချင်းတွေ့ ဘို့ကြိုးစားကြပေမယ့် ပထမအကြိ်မ်စီစဉ်တာ မအောင်မြင်ခဲ့ပါဘူး။
    နောက်ဒုတိယအကြိမ်မှာတော့ ဦးဖက်တီး ဆူး အိ တုန် တို့ အပါ အဝင် အတော်များများတွေ့ဖြစ်ကြတယ်။
    2011 ဇူလိုင်လ ကျနော်ရန်ကုန်အလာ မှာ အဖွဲတွေ အတော်များများနဲ့ တွေ့ ဖြစ်ပါတယ်။
    ပထမဆုံး စတွေ့ တာ တော့ မပဒုမ္မာ၊ မမ ၊ ကို နေချား ၊ မဝေ နဲ့ ဆူး ရယ် ကျနော်ရယ် မဒမ်ပေါက်ရယ် တညင်ကို အတူ ခရီးသွားခဲ့ကြပါတယ်။(2-7-2011 )
    နောက်ရက်မှာ ကိုဖက်တီး ၊မနောဖြူလေး၊အိတုန်၊အေကေကေအို၊ သူရ ဿဝါ၊ အာဂ နွယ်ပင် ချာ တူး အီးရောစ်
    တို့ နဲ့ တွေ့ ခဲ့ ပါတယ်။(3-7-2011) အဲဒီနေ့ကကျနော်မွေးနေ့ပါ။ဘဝမှာအမှတ်တရ။
    အဲဒီက စပြီး ရွှာ သူ ားအချင်းချင်း မကြာ ခဏ ဆုံ ကြပါတယ်။
    မန်းလေးမှာကျနော် နဲ့ ဆုံ ဘူးသူတွေကေ တာ့ဘလက်ချော၊မောင်ကျောက်စ်၊ ရဲစည်၊မနိုဗွီ၊ ရိုစ်မင်း ၊ခိုင်ခို်င်၊လင်းဝေ၊ ၊ထွန်းဝင်းလတ်နဲ့ ကိုမျုးိသန့် တို့ပါဘဲ။
    အိတုန် စတင် ခဲ့ တဲ့ ပထဆုံးအလှူ အတွက်အစည်းအဝေးလုပ်ချိန်မှာတော့(အဲဒီနေ့ က ဇန်နဝါရီ အင်ဇာဂီမွေးနေ့ နဲ့ လဲ တိုက်ဆိုင်တယ်)
    ဦးဖက်တီး ၊ဦးပါလေရာ၊ ကိုဖော၊ထက်ဝေး၊ နိုဇိုမိ၊သင်္ဘောသား ညီလေး၊၊မပဒုမ္မာနဲ့အမွှာညီမ မမ၊ မနိုဗွီ၊မဆူး၊အိတုန်နဲ့အေကေကေအို၊နွယ်ပင် ရွှေတိုက်စိုးနဲ့ စိမ်းဒဗလယ်စိမ်း၊တို့နဲ့ အတူ ကျနော် နဲ့ အခု ချိန်ထိ လက်တွဲမဖြုတ်စတမ်း ပေါင်းနေတဲ့ ဓါတ်ဆရာ M လုလင် တို့တွေ့ ခဲ့ကြပါတယ်။
    ဲအဲဒီနေ့ က စ ပြီး ကျနော် နဲ့ သူ တွေ့ တိုင်း ဓါတ်ပုံ တွေ အတူ ရိုက်ဖြစ်ကြတာ အခု ထိ ပါဘဲ။
    နောက်တော့ ပန်းတနော်ပွဲ မှာတော့ တကယ့် ကို လူ စုံ တက်စုံ။
    လူသာခင်ပြီး မမြင်ဘူးသေးတဲ့ အင်ဇာဂီ နဲ့ အညာတမာ အပါအဝင် ရွာသူားအတော်များများနဲ့ တွေ့ ရတာပါ။
    နောက်ပိုင်းကျနော်ရန်ကုန်လာတိုင်း အဖွဲ့တွေနဲ့အမြဲ တွေ့ဖြစ်ပါတယ်။
    ကိုမိုက်၊ကိုပီချိုကြီး ရွှေဘိုသား ၊နွေး သီး ၊ကမ်းဝေး၊စိန်ဗိုက်ဗိုက်၊ အမတ်မင်း။ပန်ပန်၊ ဖက်တီးကက် မသဲနုအေး၊ ခိုင်ခိုင် ၊ရေငါး၊ဝါတာပိုလို၊
    အံဇာတုန်း လုံမလေး ၊၊အပါအဝင် ရွာသူားတော်များများနဲ့
    ကျနော်ရန်ကုန်ရောက်တိုင်းဆုံဖြစ်ပါတယ်။
    (ကျနော်ရယ် လုံမလေးရယ် M လုလင်ရယ်ဆုံတော့ အံဇာနဲ့လုံမလေး က ဘာညာဘာညာ မဖြစ်သေး)
    ရဲစည်ကတော့ ထူးထူးခြားခြား တွေ့ ဘူး သူ ဖြစ ်ပါတယ်။
    သူနဲ့ ကျနော် ကျယ်ခေါင်က ဘီယာဆိုင်မှာ အတူ ထိုင်ဖြစ်ကြတာပါ။
    နောက်ပိုင်းမှာ အလှူ အတွက်လုပ်ရင်း မန်းလေးက အဖွဲ့တွေဖြစ်တဲ့
    ဆရာမကြီးမာမီ နဲ့ သား ကိုုုဆန်နီ မယ်ပု မောင်ပေ ကို ခင် ခ ၊ကိုဖိုးထောင်ဖရဲသီး၊ ဘဲ ဥ ၊ကိုစိန်သော့၊ နီကိုလပ်၊မနှင်းနှင်း၊ကိုကျော်ထိုက် ၊မင်းမင်းတို့ နဲ့ မန်းလေးမှာ တွေ့ ခဲ့ ကြပါတယ်။
    ရွှေမင်းသား ကတော့ ရွာသား မဖြစ်ခင် ကတည်း က ရင်းနှီးခဲ့ သူ ပါ။
    ရွာထဲက လူ အတော် များများ နဲ့ ကျနော် အပြင် မှာတွေ့ ဘူး တယ် လို့ ဆို နိုင်ပါတယ်။
    အတော်လေးနောက်ကျ မှ တွေ့ရသူ ကတော့ အဘဆွေ ဖြစ်ပါတယ်။
    တွေ့ဘူူးသူများလို့ နာမယ် ကျန် နေခဲ့ ရင် လဲ ခွင့်လွှတ်ပေးပါ။
    ကံ ဆိုး တဲ့ တစ်ချက်ကတော့ ကျနော်
    တစ်ခါ က ရွာ ထဲမှာ နာမယ်ပြောင်လေးတွေ ပေး ပိုစ်ထဲမှာထည့်ရေးတာခေတ်စားဘူးပါတယ်။
    အိတုန်ကို တေးကလုံ နွယ်ပင် ကို ရစ်မမ၊ မဝေ ကို ဝမေမေ၊ ပန်ပန်ကို ပေးကလန် ၊ ဆိုပြီး ကျနော်က နောက်ပြောင်ပြီးခေါ်ဘူးပါတယ်။
    ကျနော်အမှတ်ရနေတဲ့ လူတစ်ယောက် ကတော့ ရွှေဘိုသားပါဘဲ ။
    သူက ကျနော် လာ စ လို့ သူ ကို ပိုစ်တစ်ပုဒ်ရေးပြိး တုန့်ပြန်ဘူးလို့ပါ။
    (အရက်သမားကိုပေါက်နဲ့ စာရေး ဆရာ ကိုပေါက်ဆိုတဲ့ ပိုစ်ပါ)
    သူ ရယ် ကျနော် ရယ် နွေးသီး ရယ် ရွှေ တိဂုံဘုရားနားကလက်ဖက်ရည်ဆိုင်မှာထိုင်ပြီးလေပေါ ခဲ့ ကြတာ အမှတ်တရ မို့ ပါ။
    2010 က စပြီး ယနေ့ထိ ရွာထဲမှာကျနော်အမြဲ နီးပါး ရှိ နေခဲ့ပါတယ်။.
    ဒီပိုစ်လေး ဖတ်တော့ အရင်ကသွားခဲ့ လာခဲ့ ပျော် ခဲ့ ကြ တာ ကို ပြန်ပြီးအမှတ်ရ လာ ပ ါတယ်။
    ဒီအတွက်ဒီပိုစ်ပိုင်ရှင်ကိုကျေးဇူး တင်ပါတယ်။

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 3:59 pm

      အိုးးးးးး
      လေးပေါက်ကြီး တွေ့ရတဲ့သူတွေ လည်း အတော်များတာပဲ။
      မှတ်မိတာကို ချီးကျူးပါတယ်ဗျာ။
      လူမမြင်ရပဲ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ ရခဲ့ တဲ့ ဒီ နေရာဟာ ဘဝ အတွက်တော့ အမှတ်တရတွေပေါ့။

      🙂
      ပျော်စရာလေးတွေ ပြန် စဉ်းစားလို့ ရရင်ကို ဖော်ရကျိုးနပ်ပါတယ်။
      လာအားပေးတာ ကျေးဇူးပါ။

  • တကယ့်လူ မှ ကျန် နေတယ်

    ကျနော် နဲ့ ပိုစ်တွေ မှာအပြန် အလှ န် ဆော်ပြီး မှ

    မိတ်ဆွေတွေဖြစ် ပြီး မန်းလေးမှာ လာ မှ ချစ ်ရ တဲ့

    ညီလေး တပ် မ 77 ။

    နောက်တစ်ယောက် က တော့ ကိုစွယ်တော်ရွက်။

    စိတ်ထဲ မှာ အနေနီးနေသူတွေ ဆို တော့ ေ မ့ သွားတယ်

    နောက်မန်းလေးမှာ ထပ်တွေ့ သူတွေ က တော့ မာဃ ၊မိ ဘုံ နဲ့ အလင်း ဆက်

    နောက်တစ်ယောက်ကတော့ ကိုမောင်မောင်ကြည်နဲ့ မနီလာစိန် တို့ ဇနီးမောင်နံနဲ့လဲမန်းလေးမှာဆုံဘူးပါရဲ့။

    ကျနော်တွေ့ဘူးသူတွေများတော့ မနည်းပြန်စဉ်းစားရတယ်။

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 4:06 pm

      တွေ့နိုင်တဲ့သူတွေ များတာကို ထောက်ချင့်ရင်တော့ လူချစ်လူခင်များတဲ့သူမို့ လေးပေါက်ရေ။
      ပျော်စရာကြီးပဲ။
      နောက်ပြီး ရွာထဲကိုလည်း မိတ်ဆွေတွေ ခေါ်လာနိုင်တယ်ဆိုတာလည်း အရည်အချင်းတစ်ရပ်ပါပဲ။

      🙂

  • ဒါပေမယ့်မန်းးလေးကိုရောက်လာပြီး ကျနော့်ကိုမတွေ့ချင်လို့ ပုန်းသွားသူက နှစ်ယောက်တိတိရှိတယ်လို့
    စာရင်းတို့ ထားပါကြောင်း

  • မ " တတ် ပါ့ "

    August 22, 2014 at 12:22 pm

    ရွာလုံးကျွတ်သန်းခေါင်စာရင်းက ခုမှစကောက်တာလားကွယ်ရို့ …။

    သိသူများလည်း ရှိ ၊ မသိသူများလည်း ရှိမို့ …။

    စာတွေ့ အရ ခင်မင်မိပါကြောင်း…။

    • ဇီဇီ ခင်ဇော် (15102012)

      August 22, 2014 at 3:55 pm

      ရွာလုံးကျွတ် သန်းကောင်စာရင်းတွေက ရှိပြီးသားရယ်။
      ခုဟာက ငယ်ကျိုးငယ်နာ ဖော် (အဲလေ) ကောင်းကွက်လေးတွေ ဖော်ရေးနေတာ။ :mrgreenn:
      ရွာထဲမှာ အက်တစ်ဖြစ်တဲ့
      ရွာကိုချစ်တဲ့
      ပြန်လာမယ်ထင်ရတဲ့ သူတွေကို ဦးစားပေးတယ်။
      :s:

Leave a Reply