ဆုတောင်းတိုင်းသာ…ပြည့်မယ်ဆိုရင်လား….

alinsettAugust 7, 20141min20517

 

 

ဟိုဟိုဒီဒီ…လျှောက်သွားတတ်သူ…

ဟိုဟိုဒီဒီရောက်သွားတိုင်း…

တွေ ့ရသမျှကို…ဟိုဟိုဒီဒီ…လျှောက်တွေးမိတဲ့သူ.… ။

တွေးမိသမျှကို.. ဟိုလိုလိုဒီလိုလိုနဲ ့…ချ ချရေးပြီး…

ဟိုလူဒီလူတွေ… ကိုယ်ရေးထားတာကိုဖတ်ပြီးဘာများပြောကြလေမလဲ..လို ့…

သိချင်လာပြန်သူ..… ။

ဒါနဲ ့ပဲ… အခုလိုဟိုဟိုဒီဒီအတွေးတစ်စ…

ရေးပြမိပြန်တယ်…ဆိုပါတော့… ။
………………………………………………………………………………………………………………

ကျွန်တော့်အမြင်တွေပဲ…စောင်းနေလေသလား… ။

ဒါမှမဟုတ်… သူတို ့ သူတို ့…အမြင်တွေကပဲ…စောင်းနေလေသလား.. ။

သေချာတာတော့…

ကျွန်တော်က. . .

သူတို ့သူတို ့…အများစုရဲ ့ အမြင်ကို… မှားတယ်..လို ့ ပြောရမှာတော့… ခပ်လန့်လန့်ရယ်… ။

အများညီလို. ..”ဤ”ကို”ကျွဲ”လို ့ သံပြိုင်အော်ဟစ်နေကြပြီပဲ… ။

(ဒါမှမဟုတ်… ကျွန်တော်ကများ… ကျွဲကို…ဤ ထင်နေတာလား… ။ အမှန်တရားတော့…ရှိလိမ့်မယ်…)

တကယ်တော့… ”ဤ”နဲ့ ”ကျွဲ”ဟာ…အမှန်တရားတစ်ခုစာ…..ဝေးကွာပါတယ် ။

”အမှန်သိမှု”ကို…ချောင်ထိုးတတ်တဲ့ စိတ်နေသဘောထားနဲ ့မှ… ဤ ကို.. ကျွဲထင်မှာ… ။

အမှန်သိမှုဆီကို…မဆိုက်ရောက်ပဲ…

”ဤ”ကို… ”ကျွဲ” ထင်ပြီး…အမှန်မသိခြင်းတောထဲမှာ….ပျော်နေရမှာ…ရှက်စရာကြီးပါ… ။

ကျွန်တော်…အမှန်သိချင်တယ် ။အသိမှန်ချင်တယ်….ဆိုပါတော့…..
…………………………………………………………………………………………………………………..

နေရာတော်တော်များများမှာ…

ဆုတောင်းပြည့်တယ်…ဆိုတဲ့…ဆိုင်းဘုတ်တွေကိုတွေ ့ရတယ်… ။

မိမိကိုယ်သာကိုးကွယ်ရာ…ဆိုတဲ ့…အယူအဆကိုအခြေခံထားတဲ့…လူနေမှုစနစ်တစ်ခုမှာ…

ဆုတောင်းသံတွေ… ညံနေတယ်… ။

အကျိုးလိုလို ့…ညောင်ရေလောင်းသံတွေ… ညံနေတယ်… ။

ညောင်ပင်လေး..ရေလိုလို ့..ရေလောင်းပေးတာ..မဟုတ်တော့ဘူးလား.. ။

”ရေလောင်းပေးရသော…အကျိုးအားကြောင့်… ဘာဖြစ်ရပါလို၏..ညာဖြစ်ရပါလို၏… ”

”ရေလိုအေးလို ့…ပန်းလိုမွှေးရပါလို၏….”

” နင့်အသက် တစ်ခါလွှတ်…. ငါ့အသက်…ဆယ်ခါလွတ် ”

တစ်ခုခုပေးဆပ်လိုက်ရင်… တူသောအကျိုးတစ်ခုခု ပြန်ရမှာ…သေချာသလား.. ။

တစ်ခုခုပေးပြီး… ခပ်များများ..ပြန်လိုချင်ရင်ရော…အဲဒါ…ဖြစ်နိုင်လို့လား….

သေချာလား… ။

 

ကိုယ်ကပေးတာတော့… ဟုတ်ပါရဲ့…. တချိန်ကျရင်…ပြန်ရမယ်…တဲ့…

ဘယ်သူက….ပစ်ချပေးမယ့်… ကံတရားလဲ…။

သေချာလား…လို့ပဲ…ထပ်မေးဦးမယ်… ။

သေချာတယ်..ဆိုရင်… ထူးပြီး..တောင်းနေစရာမလိုဘူးလေ…… ။

ကိုယ်ကတစ်ခုခုပေးလိုက်လို ့ တစ်ခုခု ပြန်ရမှာသေချာတယ်ဆိုတဲ့…အယူအဆအရ…ဆိုရင်…

ဒါဟာ… ကိုယ့်ဘာမှ.…ပြုပြင်ပြောင်းလဲဖို ့မလိုတဲ့… စနစ်တကျစီမံပြီးသား ဖြစ်စဉ်တွေပေါ့… ။

ဒီလိုပြုရင်…ဒီလိုဖြစ်မယ်… ဟုတ်သလား.. ။

ဟုတ်တယ်ဆိုတာသေချာရင်….

” တစ်ခုခု ပြုပြီး… ကိုယ်လိုချင်လို ့…တောင်းလိုက်တဲ့အရာ ” နဲ ့…

” ပြုခြင်းရဲ့ တန်ပြန်သက်ရောက်မှု…ဖြစ်လာမယ့် အကျိုး”

( ပြန်ရမယ့် အရာ ) ထပ်တူကျနိုင်ပါ့မလား.. ။

ကိုယ်က… ပန်းတစ်ပွင့်ပေးလိုက်တယ်… ။

တချိန်မှာ… ပန်းဆယ်ပွင့်…ပြန်ရပါစေ…လို ့…ဆုတောင်းလိုက်မယ်… ။

ဒါပေမယ့်….သေချာလား… ။

ကိုယ်တောင်းသလို… ပန်းဆယ်ပွင့်… ပြန်ရနိုင်သလား… ။

ပြန်ရမယ့်… အကျိုးသက်ရောက်မှုဟာ…

ပန်းဆယ်ပွင့် မဟုတ်( ပန်းတစ်ပွင့်တောင် မဟုတ်ပဲ) သစ်ရွက်တစ်ရွက်သာ…ဖြစ်နေမယ်ဆိုတာရော…

မဖြစ်နိုင်ဘူးလား… ။

ဆုတောင်းခြင်းကို… ကျွန်တော်… သံသယထားမိနေတာ ကြာပြိီ… ။

ဆုတောင်းခဲ့ဖူးသမျှ…ဘာမှ ဖြစ်မလာတတ်လို ့…

ကိုယ်ဘယ်လောက် ပေးဆပ်ရပါစေ… ကိုယ်ပေးရသလောက် ပြန်မရတတ်လွန်းလို ့…

ကိုယ့်လက်ကိုယ့်ခြေနဲ့မှ…ထ မလုပ်ရင်… ထမင်းတစ်လုပ်စားရဖို ့တောင်…ခက်ခဲလွန်းလို ့…

ကျွန်တော်…ဆုမတောင်းတော့ပါဘူး ..။

ကျွန်တော်ဟာ…ဆုတောင်းခြင်းကို….မယုံကြည်တာမဟုတ်ဘူး… ။

ယုံကြည်တဲ့သူတွေ…လုပ်တဲ့… အဲဒီဆုတောင်းခြင်းဟာ… ကျွန်တော်နဲ ့ တိုက်ရိုက် မသက်ဆိုင်တဲ့အရာ….

အဲဒီလိုပဲ… ကျွန်တော်…ခံယူထားလိုက်တယ်.. ။

……………………………………………………………………………………………………………….

ဆုတောင်းပြည့်တယ်….တဲ့… ။

ဘယ်သူတွေ… ဘာဆုတောင်းလို ့….ဘာတွေပြည့်သလဲ…

လက်တွေ ့ကျကျ စစ်တမ်းကောက်လိုက်ချင်တယ်… ။

ပြီးခဲ့တဲ့…နှစ်ပေါင်းများစွာက….ဆုတောင်းပြည့်ခဲ့ဖူးတယ်ဆိုတဲ့.. ဇာတ်လမ်းတွေကို….ဖတ်ပြီး…

ဘာတစ်ခုမှ လွယ်လွယ်မရတဲ ့…ဒီနေ့ခေတ်ကြီးမှာ….

ဆုတောင်းလို ့… ပြည့်တယ်..ဆိုတာတွေ….

ဆုတောင်းပြည့်လို ့…ဆုတောင်းစမ်းပါ…ဆိုတာတွေဟာ…အိပ်မက်များ…ဆန်နေသလားလို ့… ။

ကျွန်တော်… အိပ်မက်… မမက်တတ်ဘူး.. ။

အိပ်မက် မက်ရတာထက်…တကယ် လက်တွေ ့ဖြစ်လိုက်ရတာကို…ပိုသဘောကျနေပြီ… ။

တကယ်ကြိီးလည်း..မဟုတ်ပဲနဲ ့… အိပ်မက်ဆိုးကြီးတွေမက်ပြီး..

ချွေးသီးချွေးပေါက်တွေ ကျပြီး…လန့်နိုးရတာ… ပင်ပန်းပါတယ်.. ။

ပြီးတော့… ပြန်ပြောပြ…ဆိုတော့လည်း..ရေရေရာရာမမှတ်မိတော့ပဲနဲ့များ ။

”တကယ်”ဆိုရင်တောင်… အတွေ ့အကြုံရလို ့…အကျိုးရှိဦးမယ်… ။

ဒါကြောင့်… အိပ်မက်ဆန်တဲ ့… အရာတွေကိုလည်း..သိပ်မကြိုက်ဘူး… ။

(က)ရေးတာတောင်…ကြားမှာ..တေ့လွဲတွေလွဲ…

ကမောက်ကမဖြစ်စဉ်တွေဖြစ်သွားပြီး.. (ယ)ဖြစ်သွားနိုင်တဲ့လောက…

(ဂ)ရေးရင်တောင်… ဇောက်ထိုးလာဖတ်တဲ့လူကြောင့်..

ကိုယ်ရေးတဲ့ (ဂ)လေး..ပဇောက်ဖြစ်သွားနိုင်တဲ့လောက…

(၁) ရေးရင်တောင်…တစ်ဖက်လှန် ဖတ်တဲ့လူကြောင့်.. (င) ဖြစ်သွားနိုင်တဲ့လောကကြိ်ီး…

ဘာမှ…မသေချာပါဘူးကွယ်… ။

ကစဉ့်ကလျားနဲ့မတည်မြဲတဲ့..ဟောဒီလောကကြီးထဲမှာ….

ကြိုးကြိုးစားစားတည်ဆောက်နေရပါတယ်ဆိုမှ…..

ဆုတောင်းပြည့်တယ်..ဆိုတဲ့ ဆိုင်းဘုတ်တွေမြင်တိုင်း…

ပြေးထိုင် ဆုတောင်းပစ်လိုက်ရမှာလား..

ဆုတောင်းပြည့်တယ်…ဆိုတဲ့ ဆိုင်းဘုတ်တွေ…မြင်ရတာများတော့….

ဆုတောင်းပြည့်သွားသူတွေ…ဘယ်လောက်များလဲ….သိချင်လာတယ် … ။

ဆုတောင်းပြည့်တယ်ဆိုတဲ့နေရာတွေ…အများကြီးပဲ….

ဆုတောင်းတဲ့သူတွေလည်း..အများကြီးပဲ…

သူတို ့တောင်းတဲ့ ဆုတွေအတိုင်း…တကယ်ပြည့်တဲ့သူတွေ….ဘယ်လောက်များလဲ….

အဲဒါ…သိချင်တယ်… ။

……………………………………………………………………………………………………………………………

( မိတ်ဆွေများ…လွတ်လပ်ငြိမ်းချမ်းပါစေ… )

လေးစားစွာဖြင့်….

 

အလင်းဆက်(Gazette)

27 / 7 / 2014 / 20 : 10

 

17 comments

  • surmi

    August 7, 2014 at 7:16 am

    သဂျီး အကြိုက် ကစားကွင်းဘဲကွ
    သဂျီးပြေးလာမှာမြင်သေး ဟေးဟေး
    ပြီးရင် ထေ တို့ ဝါဒ တို့နဲ့ အပစ်ဖို့တော့မယ်

  • ခင် ခ

    August 7, 2014 at 8:05 am

    ဆုတောင်းဆိုတာ မိမိအတွက်အားမာန်တစ်ခု အဖြစ်ပြန်လည် ရပ်တည်လာမှ ထိုဆုတောင်းသည် ပြည့်စုံခြင်းသို့ ရောက်လတ္တံ။

    • အလင်းဆက်

      August 7, 2014 at 11:50 am

      ဆုတောင်းပြိီးရင်… အဲဒီဆုတောင်းလေး ဘယ်တော့ပြည့်လာမလဲ…လို ့
      မျှော်လင့်ရတာ ပင်ပန်းတယ်.. ။
      ဒီတော့…ဆု မတောင်းဖြစ်တော့ဘူး…လေး ခ ရေ..

      :mrgreen:

  • ဇီဇီ ခင်ဇော်

    August 7, 2014 at 8:06 am

    ဆု ကို မတောင်းသလောက် ရှားတယ်။
    ဟိ။
    ဆုတောင်းရလောက်အောင် လိုချင်တာလည်း မရှိခဲ့ဖူးးးး
    ကိုယ်လုပ်မှ ကိုယ်ရ လက်တွေ့ကျကျနေရာမှာ နေရာမှာနေရတော့၊
    နောက်ပြီး အဲဒီနေရာက ဆုတောင်းပြည့်စေတီတို့ ဘာတို့လည်း မရှိဘူးး၊ (အဟွတ် :mrgreenn: ) ဆု မတောင်းတတ်တော့။
    စု ပဲ တောင်းချင်တယ်။
    စု ပဲ ရစေချင်တယ်။
    စု ပဲ ဖြစ်စေချင်တယ်။
    :k:

    မေမြို့ က ပြည်ချစ်ဘုရားရယ်၊ ပုဂံ က အလိုတော်ပြည့် ဘုရားရယ်ကတော့ ဆုတောင်းပြည့်တယ်။ ကိုယ်တွေ့။
    နောက်ဆုံး တကယ်ကြီး ရချင်တာရှိတဲ့ ကိစ္စတွေမှာ သစ္စာဆို လေ။
    ဟုတ်တာပဲ လုပ်ခဲ့ လုပ်ခဲ့၊ မဟုတ်တာပဲ လုပ်ခဲ့ လုပ်ခဲ့ မှန်တာကို ဆိုတဲ့ သစ္စာတိုင်းက စူးဆဲပဲ။
    :s:

    အဟိ။
    မနက်စောစော ရေးချင်ရာရေးသွားတာ ခွင့်လွှတ်ပါနော်၊.
    ၊မမဂျီး ဒီရက် ဂေါက်နေလို့။
    :mrgreenn:

    • အလင်းဆက်

      August 7, 2014 at 11:47 am

      မေမြို ့နဲ ့ပုဂံ ရောက်ဖူးချင်တယ်.. ။
      ဘုရားတွေနဲ ့။။နေရာဒေသကို.. .သွား..ကြည့်ချင်လို ့..

      :mrgreen:

  • weiwei

    August 7, 2014 at 10:56 am

    ဘာလုပ်လို့ ဘာလှူလို့ ဘာဖြစ်ပါစေဆိုတဲ့ ဆုမျိုး မတောင်းခဲ့တာ နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပါပြီ …
    ဒါပေမယ့် …
    ကိုယ်လုပ်တဲ့စေတနာမှန်ရင် ကောင်းသောကုသိုလ်ကံမျိုးစေ့ဖြစ်ပြီး အကျိုးပေးတာတော့ အမှန်အကန်ပါပဲ ..
    ဥပမာ ..
    အစားအသောက်လှူဒါန်းတယ်ဆိုပါစို့ .. တကယ်လိုအပ်နေတဲ့နေရာမှာ တကယ့်စေတနာအစစ်အမှန်နဲ့ ဖြူဖြူစင်စင်လှူဒါန်းတယ်ဆိုပါစို့ .. ဘာဆုမှမတောင်းသော်လည်း အဲဒီစေတနာက အကျိုးပေးမှာသေချာပါတယ် … ဘယ်အလုပ်မှာမဆို စစ်မှန်ဖို့နဲ့ လောဘစိတ်မထားဖို့တော့ အရေးကြီးတယ် ..
    ဆုတောင်းနေစရာမလို ထိုက်သင့်တဲ့အကျိုးပေးမယ်ဆိုတာကိုတော့ ယုံကြည်စေချင်တယ် ..

    • အလင်းဆက်

      August 7, 2014 at 11:43 am

      ဆုတောင်းနေစရာမလို ထိုက်သင့်တဲ့အကျိုးပေးမယ်ဆိုတာကိုတော့ ယုံကြည်ချင်ပါတယ်..

      :kwi:

  • JackSkellington

    August 7, 2014 at 3:09 pm

    ဆုတောင်းတာမျိုး မဟုတ်ဘဲ
    အဓိဌာန် ပြုတာမျိုး တော့ လုပ်ဖြစ်တယ်။
    ဘုရားရှိခိုးတိုင်း အကျင့် ပါနေတာလဲ ပါမှာပေါ့။

    ဒီတိုင်းကြီး ဘာမှ ကြိုးစားအားထုတ်မှု မရှိဘဲ
    ဘုရားရှိခိုး အလှူတွေ လုပ်ပြီး ဆုတောင်း နေတာမျိုး ကျတော့ သိပ် မဟုတ်သေးဘူးလားလို့။

    လူတွေ တော်တော်များများ က မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာကြီး ကို မေ့နေကြသလိုပဲ။

    ဆရာမင်းလူ ရဲ့ ဝတ္ထုတို တစ်ပုဒ် ထင်ပါတယ် အဲ့မှာ ရေးထားတာ “မြတ်စွာဘုရားရှင်တောင် မှ ဒီ လောကီလူ့ဘောင် အရှုပ်က နေ ကင်းလွတ်ဖို့ တရားကျင့် တရားဟော လုပ်သွားရတာ အဲ့ဒီလို ပုဂ်ဂိုလ် ကိုမှ ကြီးပွားချမ်းသာဖို့တို့ တွေ ဆုသွားတောင်း တယ် ဆိုတော့ကာ…..” တဲ့။

    ဆရာ ဖေမြင့် ဘာသာပြန်တဲ့ ဘေဘီလုံမှာ အချမ်းသာဆုံး ဆိုတဲ့ စာအုပ်မှာ ကျတော့လဲ
    ကောင်လေးတစ်ယောက် က အလုပ်မှာ လစာ တိုးချင်လို့ တဲ့
    အဲဒီတော့ လစာ တိုးအောင် မင်း ဘာလုပ်ပြီးပလဲ မေးကြည့်တော့ သူဌေး ဆီမှာ လစာ တိုးတောင်းတာ အခေါက်ခေါက် ရှိပါပြီပေါ့လေ။

    အဲ့ဒီမှာ ဘာပြောသလဲ ဆိုတော့ ဒီကောင်လေးရဲ့ လစာတိုးချင်တဲ့ စိတ်က ထက်သန် နေတယ် ဒါကြောင့်လဲ သူဌေးဆီ သွားသွားပြီး လစာ တိုးတိုး တောင်း နေတာပေါ့။ ဒါပေမယ့် လုပ်နည်းလုပ်ဟန် မှားနေတယ် တဲ့။

    ဆိုတော့ကာ ခု ဆုတောင်း နေကြတဲ့ လူတွေ ကိုလဲ လိုချင်တာ ရဖို့ ကြိုးစားနေတဲ့ လူတွေ ဒါပေမယ့် လုပ်နည်းလုပ်ဟန် မှားနေတယ် လို့ပဲ ပြောရတော့မလားပဲ။ 🙂 🙂 🙂

    • အလင်းဆက်

      August 7, 2014 at 3:36 pm

      အဲ့ဒါ ပြောချင်တာ။
      အဓိဌာန်က ရည်မှန်းချက်တစ်ခုကို ရည်ရွယ်ပြီး ဆန္ဒပြုလိုက်တဲ့သဘောလေး ပါတယ်။
      ဒါက လက်ခံလို့ရတယ် ။
      ဆုတောင်းပြည့်တယ်တို့ ဘာတို့ကို သိပ် စိတ်မပါတော့တာ. .

      :mrgreen:

  • kai

    August 8, 2014 at 3:21 am

    ဗုဒ္ဓကတော့.. ဆုတောင်း/ဆုယူကို အယုံအကြည်မရှိခဲ့ပါဘူး..။
    Luck/Unluck ဆိုတဲ့.. မြန်မာတွေပြောပြောနေတဲ့.. ကံကောင်းတယ်/ ကံဆိုးတယ်ဆိုတာကိုလည်း ဗုဒ္ဓက.. တရားနဲ့ရှင်းပြပြောတာ… မရှိပါဘူး..
    အရာရာက.. အကျိုးအကြောင်းနဲ့ဖြစ်တယ်.. ရှိတယ်.. Cause and effect ဆိုတာကိုပြောဟောခဲ့တာမှာ.. ကမ္ဘာကျော်တာပါ…။

    ဆုတောင်း/ဆုယူက.. ဖန်တီးရှင်ဝါဒ..ဘာသာတရားတွေမှာသာရှိတာပါ…။
    ထာဝရဘုရားသခင်က.. စင်္ကြာဝဌာနဲ့တကွ.. ကမ္ဘာ.. ပင်လယ်ရေမြေတောတောင်..လူသားတွေကိုဖန်ဆင်းတယ်လေ..။
    ဆိုတော့…
    ဖန်တီးရှင်(Creator God)ဆီမှာ.. ဖန်ဆင်းခံက..လိုချင်တာဆုတောင်းယူရတာပေါ့…

    ထေရ်တို့ရဲ့ဝါဒမှာတော့.. ဆုတောင်း/ဆုယူကို.. ဖန်တီးရှင်ဝါဒကနေ.. ကော်ပီကက်လုပ်တာတချို့ရှိပုံရကြောင်း…
    ဩကာသထဲမှာဆို.. နိဗ္ဗာန်ကိုတောင်.ဆုတောင်းပြီးယူမဲ့ဟန်တွေ့ရကြောင်း… :k:

    ဆုတောင်း/ဆုယူမယုံကြည်သူဟာ.. ဗုဒ္ဓဘာသာဝင်စစ်စစ်လို့.. ထင်ကြောင်း..။

    • အလင်းဆက်

      August 8, 2014 at 5:58 am

      ဗုဒ္ဓဘာသာဝင်စစ်စစ်ဟာ . . .
      အိပ်မက်မဆန်တဲ့ တကယ့်လက်တွေ့ကျင့်ကြံ အားထုတ်သူပေါ့နော် သဂျီး

      😆

  • kyeemite

    August 8, 2014 at 11:51 am

    ကျုပ်လည်းအတူတူပဲ…ဆုမတောင်းဘူး
    အကျိုးလိုလို့လည်းညောင်ရေမလောင်းပါဘူး
    အလက်ဆင်းရေးသမျှထဲ ဒီပို့စ်အကြိုက်ဆုံးပဲ 😆

    • အလင်းဆက်

      August 8, 2014 at 12:25 pm

      ခံစားချက် တူညီသွားတော့ ကြိုက်ပြီပေါ့

      ဝင်ရောက် ဖတ်ရှု comment လေး ချီးမြှင့်သွားတဲ့အတွက် ကျေးဇူးပါ ဦးကြီး ရေ

      —–

      အမှန်တော့ ဒီပိုစ့်ကို ကျနော့်ထုံးစံ အတိုင်း အတုံးလိုက်အတစ်လိုက် အရေးအသားနဲ့ ရေးထားတာ
      အဲ ရေးပြီးမှ ပြန်ဖတ်တော့ တော်တော်မိုးမွှန်နေတာတွေ ့တယ်
      မိုးမွှန်အောင် အဆဲခံရမယ့်ကိန်းလည်း မြင်လိုက်တယ်။

      ဒါနဲ့ အစကနေ အဆုံးထိ ပြန်ပြင်ရေးတာ
      ညင်သာတဲ့ စကားလုံးတွေ ရွေးပြီး
      သာမန်အက်ဆေးတစ်ပုဒ်လို ဖြစ်အောင် ပြန်ပြင်ပြီးမှ
      တင်ဖြစ်တာ ရယ်

      😆

      အားပေးကြတဲ့ စာဖတ်သူများ အားလုံးကို ဇူးဇူးပါ

  • kai

    August 8, 2014 at 2:45 pm

    ဟိန္ဒူတွေကနေ..ကော်ပီကက်တာများသွားတဲ့.. ထေရ်တို့ရဲ့ဝါဒအပေါ်လက်ရှိရပ်တည်နေမှုနဲ့.. ဟိန္ဒူတွေရဲ့အမြင်ကို.. လှစ်ပြတဲ့..သတင်းလေးတခုတွေ့လို့..
    (အောက်မှာရှု)
    ပြောရရင်.. ထိုးင်း/ဘန်ကောက်က.. မြန်မာသံရုံးရှိတဲ့လမ်းဟိုဖက်ထိပ်.. ဟိန္ဒုဘုရားကျောင်းထဲမှာလည်း.. ဗုဒ္ဓကို.. ဆင်းတုထားကိုးကွယ်ထားတယ်..။
    မြန်မာပြည်က.. ဟိန္ဒူဘုရားကျောင်းတွေတော့.. မဝင်ဖူးလို့မသိ..။ ကြုံဝင်ဝင်ကြည့်..။ ဆင်းတုသေချာပေါက်ရှိ.. :k:

    တကယ်တော့.. ဟိန္ဒူဝါဒက.. ဖန်ဆင်းရှင်ဝါဒပါ..။ ကမ္ဘာ့အစောဆုံးဝါဒကြီးတခုပေါ့..။
    ဂေါတမဗုဒ္ဓကိုယ်တော်တိုင်.. ဒိဌိဝါဒဆိုပြီး.. တော်တော်တိုက်ယူပြင်ခဲ့ရတဲ့ဝါဒဖြစ်ပါတယ်.။
    အဆုံးတနေ့တချိန်ကျတော့.. ဗုဒ္ဓပွင့်ရာဒေသ.. မဇျိ္ဇမအပါအဝင်.. ဝန်းကျင်နိုင်ငံအားလုံး.. ဟိန္ဒူလွှမ်းခဲ့ဖြစ်ခဲ့ပြီလို့.. အတတ်ပြောလိုမိပါတယ်..။
    (အသောကမင်းကြီးနောက်မင်းတွေက.. ဟိန္ဒူမင်းတွေပါ)
    ထေရ်တို့ရဲ့ဝါဒဟာ.. ဟိန္ဒူအင်မတန်ကိုနွယ်ပါတယ်..။
    အဲလိုပြောလို့.. ဟိန္ဒူဝါဒ မှားတယ်မှန်တယ်.. မဟူလို..။ အချက်အလက်ကိုကောက်ပြောတာပါ..။

    မနေ့ကတင်.. ဗီဒီယိုအခွေငှားကြည့်တာ.. Noah တဲ့..။
    သမ္မာကျမ်း(ဟောင်း)ထဲက.. ကမ္ဘာပျက်မိုးနဲ့.. သတ္တဝါတွေတင်သွားတဲ့.. Ark ကြီးဇတ်လမ်း…။
    ဟိန္ဒူအယူဝါဒနဲ့ခပ်ဆင်ဆင်မို့.. တကယ်ပဲဖြစ်ခဲ့တာရှိသလား.. ထင်မိသေး..။
    ဟိန္ဒူဝါဒက.. ဈာန်အဘိဉာဉ်..ယုံကြည်တယ်.. တကယ်လည်းလုပ်ကြတာကိုး..။
    ဓမ္မတို့ရဲ့အထူးပြုစာ.. အဘိဓမ္မာထဲကျ.. ကမ္ဘာပျက်မိုးကြီးလို့.. ဆိုထားသကိုး…..။

    အဲဒါလေး ပြောချင်ရင်းဖြစ်သည်… ဟူလို..။ :k:
    သာဓု..အမျှ..
    =
    ကျောက်တံခါးမြို့မှာ ဟိန္ဒူမိသားစုများ ပထမအကြိမ် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း
    July 20, 2014
    ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ ် ဟိန္ဒူအဖွဲ့ခွဲက ဦးဆောင်ပြီး ဟိန္ဒူမိသားစုများရဲ့ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းနဲ့ ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဇူလိုင်(၁၈)ရက် နံနက်(၉)နာရီက ကျောက်တံခါးမြို့၊ စာတိုက်ရပ်ကွက် ဒဂုံ-ရွှေမန်းလမ်းရှိ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝိဟာရစံကျောင်းတော်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဲဒီစုပေါင်းဝါဆိုသင်္ကန်းနဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲမှာ မြို့ပေါ်မှ ဘုန်းတော်ကြီးကျောင်း (၁၇)ကျောင်း၊ ကျေးလက်ဘုန်းတော်ကြီးကျောင်း (၃၇)ကျောင်း စုစုပေါင်း ဘုန်းတော်ကြီးကျောင်း(၅၄)ကျောင်းမှ သံဃာတော်(၁၅၄)ပါးတို့ကို ပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားမှာ ကျောက်တံခါးမြို့ ဓူတင်ကုန်းကျောင်းတိုက် ဆရာတော်ဦးကုမာရထံမှ ဟိန္ဒူဘာသာဝင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော်တွေ ရွတ်ဖတ်သရဇ္ဈာယ်တော်မူတဲ့ ပရိတ်တရားတော်တွေကို နာယူကြကာ ပစ္စည်းလေးပါးအလို့ငှာ ဝတ္ထုငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ ဓူတင်ကုန်းကျောင်းတိုက် ဆရာတော် ဦးကုမာရထံကနေ အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြတယ်လို့ သိရကြောင်း သတင်းရရှိပါသည်။
    =

    • အလင်းဆက်

      August 8, 2014 at 3:51 pm

      သာဓု….သာဓု… သာဓု…
      (ဦးသုမောင် အဖေ ကို တခြင်းမဟုတ် )

      :mrgreen:

  • TNA

    August 10, 2014 at 4:20 pm

    ဆုတောင်းတိုင်းသာပြည့်ရမယ်ဆိုရင် ခုတလော ဆုတောင်းလို့တောင် နိုင်မယ်မထင်ပါဘူးဟယ်။ ငါကတော့ ကိုယ့်ကိုကိုယ်သာကိုးကွယ်ရာသမားမို့ တောင်းဆုဆိုတာကတော့ အရံလောက်ပဲ။

Leave a Reply