” EBOLA (သို့) သေမင်းဗိုင်းရပ် “

ခင္ခAugust 1, 20141min17210

” EBOLA (သို့) သေမင်းဗိုင်းရပ် “

 

ကျန်းမာရေးမို့ လက်မနှေးဘဲ မျှဝေပေးလိုက်တာပါ၊ ထိုဗိုင်းရပ်က ကူးဆက်ရောဂါအနွယ်မို့ ဗဟုသုတအဖြစ် သိထားကြရင်ကောင်းမယ်လို့ ယူဆမိလို့ပါ။

အီဗိုလာသည် ှနှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်း သည်ဟုဆိုရမည် ။ ၎င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။
EBOLA သည် ရောဂါရှိသော တိရိစာ္ဆန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ရောဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြား ပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။

 

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ်
********************************************************************************
အထူးဆောင်းပါ (မလေးရှားရောက်မြန်မာအားလုံးသို့ဆက်လက်မျှဝေရန်)
မလေးရှား (၃၁.၇.၂၀၁၄)
အာဖရိကတိုက်အလယ်ပိုင်းဒေသတွင် အခြေခံဖြစ်တည်လာသည့် အီဗိုလာ ဗိုင်းရပ် သည် ယခုအခါ အမေရိက ၊ ဥရောပ ၊ အာရှသာမက ၊ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံထိတိုင်အောင် ကူးဆက်လာသောအခါ ကမာ္ဘ့နိုင်ငံများသည် အထူး ကြော်ငြာချက်များ ထုတ်ပြန်ပြီး အီဗိုလာ ဗိုင်းရပ်အား တားဆီးရန် စတင် တာဆူနေပြီဖြစ်သည် ။
ထိုအသို့ တားဆီးရန် ကြိုးစားနေချိန်တွင်ယနေ့မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း အီဗိုလာ ဗိုင်းရပ် တွေ့ရှိခဲ့ပါက ဖြေရှုင်းရန် အဆင်သင့်ပြင်ဆင်ပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်ကြော်ငြာခဲ့သည်။
သို့ကြောင့် မလေးရှားရောက်မြန်မာနိုင်ငံသားမျာသာမက အားလုံးသိရှိရန် ဤသတင်းအား ဆောင်းပါးအနေဖြင့် ဘာသာပြန်တင်ဆက်သည် ။ အောက်ပါ အီဗိုလာ ဗိုင်းရပ်အကြောင်း သေချာစွာဖတ်ရှုပါ ။

 

၁.EBOLA VIRUS – အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ
——————————————————-
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစာ္ဆန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်ခံရသူ ၉ဝ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ် ရောပိုးဖြစ်သည် ။
အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက် ၊ ဒရယ် ၊ မျောက်ဝံ စသော တိရိစာ္ဆန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစာ္ဆန်အသားများကို စားသုံးရာမှ လူတွင် ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။ ၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည် ။
အီဗိုလာသည် ှနှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်းသည်ဟုဆိုရမည် ။ ၎င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။
သို့သော် EBOLA သည် ရောဂါရှိသော တိရိစာ္ဆန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။
ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။
ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ ၊ ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး ဆက်တိုက် ပျံ့ပွားသွားမည်ဖြစ်သည် ။
ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း သေဆုံးမည်ဖြစ်သည် ။

 

၂. ရောဂါလက္ခဏာတွေကဘယ်လိုလဲ
—————————————-
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း ၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည် ။
ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်း း စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး စေမည်ဖြစ်သည် ။
ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊ အိပ်ယာ တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။
ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁ဝ ရာခိုင်းနှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။

 

၃ ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
——————————————–
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့် ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်အမြန် ကူးဆက်လျှက် ရှိသည် ။
အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ ၁၂၀ဝ ကျော်အား ကူးစက်နေပြီး – ၇၀ဝ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။၎င်းသည် နှစ် ၄ဝ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည် ။
ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမာ္ဘနိုင်ငံများကြား အီဗိုလာ သည် အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည် ။
အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀ဝ ကျော်ကို ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။
ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်း ယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည် အဆိုပါ အီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် ။

 

၄. မလေးရှားတွင် ကူးစက်နေပြီလား
—————————————
မလေးရှားတွင်ရောဂါလက္ခဏာ တွေ့ရှိမှုမရှိသေးပါ ၊ သို့သော် မလေးရှားသည် အာဖရိက နိုင်ငံသား များ ဝင်ရောက်မှုများသောကြောင့် တွေ့ရှိလာပါက ဖြေရှင်းကိုင်တွယ်ရန် အသုံးအဆောင်များ ၊ လိုအပ်သော ကရိယာများကို ယခု ပြင်ဆင်ထားပြီဖြစ်ကြောင်း ယနေ့ည သတင်းများတွင် တင်ဆက်သွားခဲ့သည် ။
အီဗိုလာသည် နိုင်ငံခြားသိုကူးစက်နှုန်း အလွန်နည်းသည် ၊ သို့သော် ကူးပြီဆိုပါက ထိန်းချုပ်ရန် နည်းလမ်း မှာ အားလုံးပိတ်ဆို့ပစ်ရန်သာ ရှိတော့သည် ။ သို့ကြောင့် လုံးဝမကူးရန် ကာကွယ်ထားရန်ဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ် The International Civil Aviation Organization (ICAO) သည်လည်း ဆွေးနွေးဆောင်ရွက်နေရပြီဖြစ်သည် ။

 

၅. ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ
——————————————————
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည် ။
အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာသည် ။
အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။
Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ သေဆုံးခဲ့ပြီးဖြစ်သည် ။
အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမာ္ဘကိုခြိမ်းခြောက်နေသော ဗို်င်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။
အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမာ္ဘအရေးဖြစ်လာခဲ့သည် ။
Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃ဝ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။
Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY, လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂ဝ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။
အသက် ၄ဝ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့် ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည် ။
လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်ပြီဖြစ်သည် ။
ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့် နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်ထုတ်ပြန်ခဲ့ရပြီဖြစ်သည် ။
———————————————————-

အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ ၊ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာနက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာ မလေးရှားရောက်မြန်မာများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။
ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြရန် မလေးရှားရောက်မြန်မာများ facebook စာမျက်နှာမှ အထူး တိုက်တွန်းသည် ။
ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည် မလေးရှားရောက်မြန်မာများ facebook
www.facebook.com/mmrinmy
Sources : WHO , AFP , BBC , CNN , THESTAR , VOA
Picture : အီဗိုလာဗိုင်းရပ် ၊ ဖြစ်ပွာနေသော ဒေသ ၊ ရောဂါဖြစ်ပွားနေသူများ။

10 comments

  • ဇီဇီ ခင်ဇော်

    August 1, 2014 at 2:06 pm

    ရုပ်ရှင်တွေထဲက ရောဂါတွေ ဂယ်ဖြစ်လာပြီ လားမသိဘူးး

    😥

  • Mr. MarGa

    August 1, 2014 at 2:08 pm

    ဘုရား ဘုရား
    တခြားတိရိစာ္ဆန်တွေမှာရော ရှိသေးလားမသိ

  • အရီးခင်

    August 1, 2014 at 2:17 pm

    There was a movie which is called “Outbreak” about Ebola in 1995.
    Actor was Dustin Hoffman and was very famous one based on real story.

    That virus might become stronger.
    Hope we already have many research things on it to get recover well.
    But who knows!!!!
    Wish for all the best.

    http://en.wikipedia.org/wiki/Outbreak_%28film%29

    Outbreak is a 1995 American medical disaster film directed by Wolfgang Petersen. The film stars Dustin Hoffman, Rene Russo and Morgan Freeman and co-stars Cuba Gooding, Jr., Kevin Spacey, Donald Sutherland and Patrick Dempsey.

    The film focuses on an outbreak of a fictional Ebola-like virus called Motaba in Zaire and later in a small town in the United States. Its primary settings are government disease control centers USAMRIID and the CDC, and the fictional town of Cedar Creek, California. Outbreak’s plot speculates how far military and civilian agencies might go to contain the spread of a deadly contagion.

    The film was released on March 10, 1995 and proved a box office success, spending three weeks at the top of the domestic box office. The film was nominated for various awards but failed to garner any major award nominations. It also raised various “what-if” scenarios: media outlets began to question what the government would really do in a similar situation and if the CDC has plans in case an outbreak ever does occur.[citation needed] A real-life outbreak of the Ebola virus occurred in Zaire only a few months after the film was released.

    • ဇီဇီ ခင်ဇော်

      August 1, 2014 at 2:27 pm

      အဲဒီ Outbreak ကို ကြည့်ပြီး ကြောက်ခဲ့ရတာ ပေါ့ အရီးရဲ့။
      အဟင့်။
      ဒပ်စတင်ရဲ့ စိတ်ရှုပ်တဲ့ မက်နှာပေးကြီးကို ပြေးမြင်လာပြီ။
      အီးအီးးးးး
      😥

      နောက်ပြီး ရင် ဇွန်ဘီဖြစ်တဲ့ ရောဂါပိုးတွေ….
      the Happening ထဲကလို လေကနေကူးတဲ့ ရောဂါပိုးတွေ လာတော့မှာလားမသိဘူးးး
      အဟင့်။

      😥

  • TNA

    August 1, 2014 at 3:59 pm

    စိတ်ညစ်စရာပဲ။ တခုပြီးတခု။ တော်သေးတာက လေထဲကမကူးဘူးဆိုတာပဲ။

  • alinsett (gazette)

    August 1, 2014 at 7:42 pm

    ကမ္ဘာကြီး..နာဖျားနေပြီဆိုမှတော့…
    အထဲမှာလည်း..နာဖျားခြင်းတွေ..ပျံ့နှံ ့….နေလေပြီပေါ့…
    နောင်မှာ.. ရှောင်လို ့ကို..မရတဲ့… ပိုးတွေ…လာဦးမှာ…

  • ခင် ခ

    August 2, 2014 at 4:04 pm

    ဝါရှင်တန်- အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်အကြီးကျယ် ဆုံး ပျံ့နှံ့နေသောကြောင့် ယင်းရောဂါပိုး နိုင်ငံတကာသို့ ပျံ့နှံလာနိုင်သည် ဆိုသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

    အီဘိုလာဗိုင်းရပ်စ်ကို ကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)တို့၏ လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်သည်။

    ရောဂါလက္ခဏာများကို စောင့်ကြည့်ပါ

    အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသည့် ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်၊ ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း၊ အားနည်းခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန် ခြင်း၊ ဗိုက်နာခြင်း၊ အစာစားချင် စိတ်မရှိခြင်းနှင့် တစ်ခါတစ်ရံတွင် သွေးထွက်ခြင်းတို့ ပါဝင်သည်။

    ရောဂါကူးစက်ခံထားရသူ၏ ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်းကြောင့်(သို့မဟုတ်) ရောဂါကူးစက်ခံရသူအတွက် အသုံးပြုထားသည့် ဆေးထိုးအပ်များကဲ့သို့သော ပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည်ဟု CDC ဒုတိယညွှန်ကြားရေးမှူး စတီဖန်မွန်ရိုးက ပြောသည်။

    အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ မပြမီ အခြားသူတစ်ဦးထံ ရောဂါကူးစက်ခြင်း မရှိကြောင်း သိရသည်။

    ကိုယ်ခန္ဓာမှ ထွက်သော အရည်များ

    အီဘိုလာဗိုင်းရပ်စ်ပိုးသည် ချွဲ၊ သလိပ်၊ နှပ်၊ နှာရည်၊ သုက်၊ တွံတွေး၊ သွားရည်၊ ချွေး၊ အန်ဖတ်၊ မစင် (သို့မဟုတ်) သွေးမှတစ်ဆင့် ကူးစက်နိုင်သည်။ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အများစုမှာ ရောဂါ ကူးစက်ခံထားရသည့် ရောဂါလက္ခဏာပြနေသူများကို ပြုစုပေးသူ၊ ၎င်းတို့နှင့်အတူ နေထိုင်သူများဖြစ်ကြောင်း မွန်ရိုးကပြောသည်။ ရောဂါပြန်ကောင်းလာသူများထံမှ ၎င်းတို့၏ သုက်ပိုးမှတစ်ဆင့် ပြန်ကောင်းပြီး သီတင်းခုနစ်ပတ်အထိ အခြားလူတစ်ဦးသို့ ကူးစက်နိုင်သေးကြောင်း WHO က သတိပေးထားသည်။

    အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများ၏ အလောင်းကို မထိမိပါစေနှင့်။ ယင်းရောဂါဖြင့် သေဆုံးသူများ၏ အသုဘအတွက် ပြင်ဆင်ပေးစဉ် (သို့မဟုတ်) မြှုပ်နှံစဉ်တွင် ရောဂါပိုးကူးစက်နိုင်သည်။ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူများကို သေချာစွာ လုံခြုံစွာမြှုပ်နှံသင့်ကြောင်း WHO က အကြံပေးထားသည်။

    ကျန်းမာရေးလုပ်သားများ လိုက်နာရန်

    အီဘိုလာဗိုင်းရပ်စ် ပျံ့နှံ့နေသည့် ဒေသမှ လူနာများနှင့် ရောဂါ လက္ခဏာပြနေသူများကို လူအများနှင့် သီးခြားထားသင့်သည်ဟု CDC က ပြောသည်။ ကျန်းမာရေးလုပ်သားများအနေဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ထားသင့်သည်။ မျက်နှာဖုံး၊ လက်အိတ်၊လက်ရှည် ဝတ်စုံတို့ ဝတ်ထားပြီးမှ လူနာများကို ကုသပေးသင့်သည်။ အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသည့်အချိန်မှ ရောဂါလက္ခဏာပြသည့် အချိန်အထိ အချိန် ၂၁ ရက်ကြာကြောင်း သိရသည်။

    အသားစိမ်းများ ရှောင်ပါ

    အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်များ၏ သွေး၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ (သို့မဟုတ်) ၎င်းတို့၏ ခန္ဓာကိုယ်မှထွက်သော အရည်များနှင့်အနီးကပ်ထိတွေ့ပြီးနောက် လူများရောဂါ ကူးစက်ခံရသည်။ အသီးစားလင်းနို့များမှာ အီဘိုလာဗိုင်းရပ်စ် သဘာဝ လက်ခံကောင်များ ဖြစ်သည်။

    ဝက် (သို့မဟုတ်) မျောက်များသို့ အီဘိုလာဗိုင်းရပ်စ် ကူးစက်နေ သည်ဟု သံသယရှိပါက ယင်းနေရာကို ချက်ချင်းပိတ်ထားပြီး ရောဂါ ကူးစက်ခံထားရသည့် တိရစ္ဆာန်များကို သတ်ပစ်ပါ။ အသေကောင်ကို မြေမြှုပ်ရန် (သို့မဟုတ်) မီးရှို့ရန် သေချာစွာလုပ်ဆောင်ပါ။

    လူ (သို့မဟုတ်) တိရစ္ဆာန်များအတွက် အီဘိုလာဗိုင်းရပ်စ် ကာကွယ်ဆေးမရှိပါ။

  • ဦးဦးပါလေရာ

    August 3, 2014 at 1:30 pm

    .မတော်တဆ အဲဒီရောဂါ ဒီနိုင်ငံထဲရောက်ရင် မတွေးဝံ့စရာပါ..
    .ရောဂါဖြစ်သူကို မနီးစပ်ချင်လို့ အလုပ်က ထွက်သွားမယ့် ကျန်းမာရေးဝန်ထမ်းတွေလဲ နည်းမှာမဟုတ်..
    .ဒီနိုင်ငံသားတွေရဲ့ နေထိုင်သွားလာလုပ်ကိုင်ပုံစံနစ်ကလဲ အတော်ကြီး လုံးလုံးထွေးထွေး ဖြစ်နေတာ..
    .တစ်ခုခုဖြစ်လို့လဲ ဆေးရုံဆေးခန်း ချက်ချင်းသွားလေ့ရှိတာမဟုတ်…

    .ကျုပ် ကတော့ သူတပါးနဲ့ အသားချင်းထိဖို့ အခွင့်အလမ်း တော်တော်နည်းပါတယ်..။
    .တစ်ခုပဲ..
    .ဘတ်စကားပေါ်ကဆင်းရင် စပယ်ယာက တွန်းချ ဆွဲချ နေကျ ဆိုတော့..
    .ကူးရင်းကူးရင် အဲသည်စပယ်ယာတွေဆီကပဲ ကူးဖို့များတယ်….
    🙁

  • မဟာရာဇာ အံစာတုံး

    August 3, 2014 at 1:49 pm

    အိုး ….
    အတော် ကြောက်စရာ ကောင်းတဲ့ ဗိုင်းရပ်ပါလား …
    ကျနော်တို့ မြန်မာပြည်ထဲ မဝင်အောင် ဆိုရင်တော့
    ရှေ့ပေါက်၊ နောက်ပေါက် အကုန်လုံးမှာထားပြီး စစ်ဆေးသင့်တယ် …
    ဒီဗိုင်းရပ်က ဘယ်လို ဝင်ဝင် … ဝင်လာရင် သေပြီဆရာပဲ …

    ရောဂါ ကူးစက်ခံနေရသူတွေနဲ့ အဲ့ဒီနိုင်ငံတွေအတွက်တော့
    စိတ်မကောင်းပါဘူး …
    အမြန်ဆုံးနည်းနဲ့ ဒီဗိုင်းရပ်ကို ဖြေရှင်းသွားနိုင်ပါစေလို့ပဲ ဆန္ဒပြုပါတယ်ဗျို့ …

    • အရီးခင်

      August 3, 2014 at 2:55 pm

      အမေရိက ကတော့ အဲဒီ မှာ ရောဂါ ကူးလာတဲ့ သူတို့ အမေရိကန်လူမျိုး ဆရာဝန် နဲ့ သူနာပြု ကို နိုင်ငံထဲပြန် ခေါ်ပြီး ဆေးကု နေပြီ။
      အဲဒီ ဆေးရုံ က လူတွေ ကတော့ ကြောက်နေပေမဲ့ လက်ခံ ပြီး နေရဲ ကြတယ်။
      အရမ်းရှားတဲ့ ဆေး တစ်လုံး ကို ဆရာဝန် က သူနာပြု ကိုပေးလိုက်ဖို့ ပြောလိုက်တယ်။
      ဒီ ဆရာဝန် ရဲ့ တစ်ကိုယ်ကောင်း မဆန်မှု ၊နိုင်ငံ ရဲ့ ကိုယ့် လူမျိုး ကို စောင့်ရှောက် တတ်တဲ့ သစ္စာရှိမှု တွေ က တကယ်ဘဲ အားကျစရာပါဘဲ။
      ပြောချင်တာ တွေ များပေမဲ့ နောက်သတင်း ရှိသေးလို့ နောက်မှ။
      http://www.bbc.co.uk/news/health-28625309

      Post ခေါင်းစဉ် မဟုတ်ပေမဲ့ ပြောချင်လွန်းလို့ ဒီမှာ ရေးတော့မယ်။
      နောက်တစ်ပုဒ် ကတော့ အဘဖော တို့ အော်ဇီ နဲ့ နွယ် တဲ့ ဇာတ်လမ်း။
      အော်ဇီ က လင်မယား နှစ်ယောက် က ထိုင်း က မိန်းမ တစ်ယောက် ကို အငှားကိုယ်ဝန် ဆောင် ခိုင်း ခဲ့တယ်။
      အမွှာလေး ဖြစ်ပြီး နောက် ကိုယ်ဝန်ရင့် လာတော့ ကလေး တစ်ယောက်မှာ ဒေါင်းဆန်ဒရုံး ရောဂါ ပါလာတာ သိလိုက်တယ်။
      ဒီတော့ ဟိုဘက် မိဘ က အဲဒီရောဂါဖြစ်နေတဲ့ ကလေး ကို ဖျက်ဖို့ ပြောပေမဲ့ ကိုယ်ဝန်လွယ်ထားသူက ဗုဒ္ဓဘာသာမို့ မဖျက်ဘူး ငြင်းခဲ့တယ်။
      ကလေးတွေလဲ မွေးပြီးရော ဟိုဘက် မိဘ က ကောင်းတဲ့ ကလေး ကိုဘဲ ယူပြီး ရောဂါသည်ကလေး ကို ချန်ခဲ့ကြတယ်။
      ဒါကို ထိုင်း အမေ က တော့ အဲဒီ လူဖြူ ရောဂါသည်လေး ကို သူ ကျေကျေနပ်နပ် မွေးပါမယ် လို့ ပြောလိုက်တယ်။
      သူခမျာ ရောဂါသည်လေးမို့ ပညာလဲ တတ်ချင်မှတတ်မယ်။ တော်ချင်မှလဲ တော်မယ်။ သူကတော့ လူကောင်းလေးဖြစ်အောင်တော့ ကြိုးစားမွေး မယ်လို့ လဲ ပြောလိုက်သတဲ့။
      ဒါကို ထိုင်း သတင်းစာ တွေ က စပြီး ဖွ လိုက်တော့ အော်ဇီ အထိပါပြန့်သွားပြီး လူ တွေ စုပြီး ရံပုံငွေ ကောက်လိုက်တာ ဒေါ်လာ တစ်သိန်း ကျော် ရနေပြီ။
      ဒါပေမဲ့ ဒီ ၆လ ကလေး လေး ရဲ့ နှလုံး ကလဲ ဆိုးလာတော့ ဆေးရုံမှာ ရောက်နေတယ်။

      ဒီ ဇာတ်လမ်း မှာတော့ နှစ် ဘက် အမြင် ကြည့်ပြီး ဘယ်သူအမှန် အမှား ပြောရခက်ပါတယ်။
      အားလုံး က “ကံ” အတိုင်း ဖြစ်နေရတာ မြင်ရတာမို့ မဝေဖန် ရက် တော့ ပါဘူး။
      http://www.bbc.co.uk/news/world-asia-28621885

      ဒီနေ့ ဇာတ်လမ်း လေးတွေ ကတော့ ဒါပါကွယ်။ :-)))

Leave a Reply