Proverbs Of The Heart…

ကုိ ထြဋ္August 11, 20141min24920

မေ့နေလောက်ပြီ ထင်တယ်ဗျ.. အားဘူးဗျာ..

မိုးရွာတုန်းရေခံနေရတယ်…

မြေလေးကောင်းတုန်း အဲဘက်ကို လှည့်နေတာနဲ့.. ဘာမှ မလုပ်ဖြစ်ဘူး…

အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရပါပဲ… ဖုန်းပါ ပိတ်ရတဲ့ အထိပဲ…

အခုလဲ စိတ်ကပါတယ်.. အချိန်က မရ.. ကိုယ့်ကို မေ့မှာလဲ စိုးတော့ ပို့စ်တခု တင်ရတယ်ဗျို့…

ပြီးရင် ISO ဆိုတာကြီးက တမှောင့်… အခု Proverbs လေးတွေက တချို့က ကိုယ်တွေ့တွေ… ဟဲ… 🙂 🙂

 

၁  သင့်မယားကို ညနေခင်းမှာ မကျိန်ဆဲပါနှင့်။ သို့မဟုတ်ပါက သင်တကိုယ်တည်း အိပ်ရလိမ့်မည်။ (တရုတ်)

Curse Not Your Wife In The Evening Or You Will Have To Sleep Alone. (Chinese)

 

၂  အချစ်နှင့် ကြောက်စိတ်တို့ကို ကွယ်ဝှက်လို့ မရနိုင်ပါ။ (ရုရှား)

Love & Fear Cannot Be Hidden. (Russian)

 

၃  အချစ်သည် ထောပတ်နှင့်တူ၏ ပေါင်မုန့်နှင့်တွဲပြီး စားပါက အရသာရှိ၏။ (ရဟူဒီ)

Love Is Like Butter, It’s Good With Bread. (Yiddish)

 

၄  လင်နှင့်မယား သဘောချင်းတိုက်ဆိုင်သွားသောအခါ သမုဒ္ဒရာကြီး ခမ်းခြောက်သွားအောင်ပင် ၎င်းတို့က ရေပုံးဖြင့် ခပ်ထုတ်နိုင်သည်။ (ဗီယက်နမ်)

When Husband & Wife Agree With Each Other, They Can Dry Up The Ocean With Bucket. (Vietnamese)

 

၅  မယားက အကုသိုလ်လုပ်လျှင် လင်ယောကျာင်္းမှာလည်း အပြစ်မကင်းချေ။ (အီတလီ)

If  The Wife Sins, The Husband Is Not Innocent. (Italian)

 

၆  အနမ်းများသည် သော့ချောင်းများဖြစ်သည်။ (အင်္ဂလိပ်)

Kisses Are Keys. (English)

 

၇  မိခင်ကို မြှောက်ပင့်ပြောဆိုသော ယောကျာင်္းသည် သမီးဖြစ်သူကို ပွေ့ဖက်လိမ့်မည်။ (အက်စတိုးနီးယား)

He Who Flatters The Mother Will Hug The Daughter. (Estonian)

 

၈  လင်မယားရန်ပွဲနှင့် အနောက်လေတို့သည် ညနေစောင်းတွင် ရပ်စဲသွားသည်။ (ဂျပန်)

The Quarrels Of Married Couples & The West Wind Stop At Evening. (Japanese)

 

၉  အချစ်ခံရသော   အရာ    သည် အမြဲချောမောလှပနေ၏။ (နော်ဝေ)

That Which Is Loved Is Always Beautiful. (Norwegian)

 

၁၀  အချစ်သည် ဥပဒေမရှိဘဲ အုပ်ချုပ်၏။

Love Rules Without Law.

 

 

အားလုံးကို သတိရလျက်…  ရေမြေ့သနင်း

 

 

20 comments

  • kyeemite

    August 11, 2014 at 2:27 pm

    လေ့လာဖတ်ရှု သွားပါတယ်ဗျာ 🙂

  • Yae Myae Tha Ninn

    August 11, 2014 at 2:48 pm

    ကျေးဇူးတင်ပါတယ်.. ဦးကြီးမိုက်ရေ… 🙂 🙂

  • ခင် ခ

    August 11, 2014 at 3:24 pm

    အချစ်သည် ထောပတ်နှင့်တူ၏ ပေါင်မုန့်နှင့်တွဲပြီး စားပါက အရသာရှိ၏။ (ရဟူဒီ)

    အဲဒီဆိုရိုးကို သဘောမပေါက်ဘူးဖြစ်နေတယ်၊ ကျန်တဲ့ ဆိုရိုးတွေကတော့ ရှင်းပါတယ်။

  • Yae Myae Tha Ninn

    August 11, 2014 at 3:53 pm

    ကျွန်တော်ပြောတာ ပါဠိနော်.. အနက်တွေ မတွေးပါနဲ့… 😛

    • ဇီဇီ ခင်ဇော်

      August 11, 2014 at 4:13 pm

      အဟီးဟီးဟီးးး
      ကိုကြီး ခ ကော်မန့်ကြည့်ပြီး ရီ လိုက်ရတာ အတောမသတ်။

      ရေမြေ့ရဲ့။
      ကိုကြီးခ က အနက်မတွေးဘူး။ ရိုးရိုးသားသားပဲ တွေးတဲ့ သူပါကွယ်။

      နာ ကတော့ တွေးတွေးပြီး ရီသွားပါတယ်။

      :mrgreen:

      :mrgreen:

      :mrgreen:

      • မြစာကလေး

        August 13, 2014 at 1:44 am

        ကိုခ နဲ့ မောင်ထွဋ် ပေါင်းထားရင် သူ့ဟာသူ ကို ဟာသ တွေ ဖြစ်နေမလားမသိ။
        ဇီဇီ လိုဘဲ ရီလိုက်ရတာ။

        ကိုခ
        သများထင်တာ ပြောမယ်။
        ထောပတ် ဆိုတာ ဒီ အတိုင်း ထားလို့ စားမရတာလေ။ (သာမာန်လူ ဆို ထောပတ်တွေချည်း ထိုင်မစားပါဘူး ဟုတ်)
        ဒီတော့ တစ်ခုခု က ပံ့ပိုး လိုက် မှ ပိုပြီး အသုံးဝင် သွားတာ ။
        ဒီလို ဘဲ အချစ် ဆိုတာ တစ်ဦးတစ်ယောက် မပါဘဲ မဖြစ်နိုင်ဘူး လို့ ဆိုလိုချင်သလား မသိ။
        အထင်။ lol;-)

        • Yae Myae Tha Ninn

          August 13, 2014 at 11:59 am

          ဟုတ်ပါတယ်.. မြစာကလေးရေ… အချစ်ဆိုတာ အချစ်ချည်းပဲ မတည်တံ့နိုင်ဘူးလေ.. အချစ်ခံရမယ့်သူ.. ချစ်မယ့်သူလဲ ရှိမှ… ချစ်ခြင်းတခု ဖြစ်လာတာလေ… ထောပတ်လို အဆီအနှစ် အချစ်တုံးကြီးကို… ပေါင်မုန့်ဆိုတဲ့ အချစ်ခံရမယ့်သူ ကိုယ်ချစ်တဲ့သူနဲ့ တွဲဖက်စားသုံး.. အဲ.. ချစ်လိုက်ရမယ်ဆိုရင်တော့.. တကယ်ကို ပြီးပြည့်စုံတဲ့ချစ်ခြင်းဖြစ်သွားမှာပါကွယ်… အဖြေလေးကို နှစ်သက်ကြမယ်ထင်ပါတယ်… မဟုတ်ရင်တော့ ဟွန်း ဟွန်း… ဇီဇီခင်ဇော်တွေးတာ မှန်တယ်… 😛 😛

  • အလင်းဆက်

    August 11, 2014 at 4:00 pm

    ၆ အနမ်းများသည် သော့ချောင်းများဖြစ်သည်။
    ဆိုတော့… ခုလုခုလုကြီးနဲ ့ပေါ့..နော့
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 11, 2014 at 4:11 pm

      အဟိ၊
      အနမ်းများနဲ့ ဖွင့်လို့ ရသည် ပေါ့နော်။
      ရတနာ သေတ္တာကို ပြောတာဆို ကောင်းမယ်။

      :mrgreen:

      • အလင်းဆက်

        August 11, 2014 at 4:30 pm

        နေပါဦး…
        အနမ်းများသည်…သော့ချောင်းများ..ဖြစ်သည်ဆိုတော့…
        သော့ပေါက်များက…ဘယ်မှာလဲ…
        ဘာလဲ….

        ဖွင့်ရင်..ဘယ်ကိုရောက်မယ့် သော့လဲ…
        ဘာတွေ.. ထည့်ထားတဲ ့..နေရာကိုဖွင့်ရတာလဲ…

        သော့ချောင်းပဲ..ရှိပြီး…သော့ပေါက် မရှိရင်လည်း..မဖြစ်ခေသေးဘူးလေ… ။

        အဟိ.. ။

        :mrgreen:

        • ဇီဇီ ခင်ဇော်

          August 11, 2014 at 4:34 pm

          ကလေး ကလေးကို နေစမ်းးးး
          ကယ်ဆန် ကွေကာကို ကိုယ့် အတွေးနဲ့ ကိုယ်သောက်ကြသည်။
          :mrgreen:

          နောက်မှ ဒေါ်ဖွားမေကို မေးကြည့်။
          သူ သိနိုင်တယ်။
          ဟိ။
          :mrgreen:

          မမဂျီး က ဒါတွေ နားမလည်ဘူး။
          ဟိ။ :mrgreenn:

          မမဂျီး ဆရာကို မေးကြည့်ရမှာ။
          အဟိ။ :mrgreenn:

      • Yae Myae Tha Ninn

        August 13, 2014 at 12:03 pm

        ရတနာ သေတ္တာပါပဲ… တန်ဖိုးရှိတယ်… ဟီး… 🙂

    • Yae Myae Tha Ninn

      August 13, 2014 at 12:00 pm

      မဖြစ်ပါဘူး ကိုရင် အလင်းဆက်… အနမ်းခံရတဲ့ အရာလေးက သော့ပေါက်လေးဆို အိုကေပါတယ်… တခုပဲ ရှိတယ်.. Fitting မကျရင်တော့ ကိုရင်ပြောသလို ခုလုခုလု ဖြစ်နေမှာပေါ့… 🙂 🙂

  • pooch

    August 11, 2014 at 7:01 pm

    အချစ်​က ဥပ​ဒေမရှိပဲ အုပ်​ချုပ်​တယ်​ဆိုတာ ဟုတ်​​လောက်​တယ်​ :mrgreen:

  • Yae Myae Tha Ninn

    August 12, 2014 at 8:52 am

    အားပေးကြတာ ကျေးဇူးပါ.. အဟီး.. ကျွန်တော်က ကိုယ့်အတွေးနဲ့ ကိုယ် .. ကိုယ်တွေ့တွေ ပါ.. တင်လိုက်တာပါ… သတိရလို့ တကယ် ကျေးဇူးတင်တယ်ဗျာ.. 🙂 🙂

  • JackSkellington

    August 13, 2014 at 2:08 pm

    အဲ့ဒီ ကိုယ့်အတွေးနဲ့ ကိုယ် တို့ ကိုယ်တွေ့ တို့ ဆိုတာတွေက ဘယ် စကားပုံ တွေကို ရည်ညွှန်းပါသလဲခင်ဗျ။
    ပေါင်မုန့်ထောပတ်သုတ် တို့ သော့ချောင်း နဲ့ သော့ပေါက် တို့လားဟင်…???
    ကိုယ့် ဆရာ က သူ့ ကတော် ကို အတော် ချစ်ရှာသမို့ မေးကြည့်တာပါ။

    (ဆေးထိုးခဲ့ပြီ။) 😛 😛 😛

  • Yae Myae Tha Ninn

    August 13, 2014 at 3:44 pm

    ပေါင်မုန့်ထောပတ်သုပ် အကြောင်းတော့ ရှင်းပြီးပြီ… သော့ချောင်းနဲ့ သော့ပေါက် အကြောင်း ရှင်းပြမယ်…
    အနမ်းများသည် သော့ချောင်းများ ဖြစ်သည်ဆိုတာ… နမ်းတယ်ဆိုတာ များသောအားဖြင့် ချစ်လို့ နမ်းကြတာများတယ်… အဲတော့ ချစ်လို့နမ်းတဲ့ ချစ်အနမ်းလေးကို သော့ပေါက်နဲ့ တူတဲ့ သူရဲ့နှလုံးသားက လက်ခံရင် ဒါ Fitting ကျတယ်ဗျ.. ဒါက လင်မယား သမီးရည်းစားတခုခုပေါ့.. ချစ်တဲ့သူ အချင်းချင်းပေါ့…
    ကိုယ်ကချစ်ပြီး သူကမချစ်ပဲ သော့ချောင်းများလို အနမ်းနဲ့ သွားနမ်းရင်… ပါးကျိုးမှာပေါ့… ဒါက Fitting မကျတာ… ဖူး… ရှင်းလိုက်ရတာ… 🙁

  • မဟာရာဇာ အံစာတုံး

    August 14, 2014 at 4:10 am

    လက်ကီး ဆဲဗင်း ဆိုတဲ့ အတိုင်း …
    နံပါတ် ရ ကို ကြိုက်သဗျာ …
    ဟုတ်မဟုတ် စမ်းကျိအုံးမှ …
    :mrgreen:

  • Yae Myae Tha Ninn

    August 14, 2014 at 8:54 am

    ဟွန့်.. လူဂျိုးကြီး တိုရာဂျာ… သမီးလိုချင်တာနဲ့ပဲ… 🙂

Leave a Reply