ရွှေအကြောင်းသိကောင်းစရာ 120,121,122,123

Zaw AungAugust 1, 20141min1687

ရွှေအကြောင်းသိကောင်းစရာ(120)

online ကစားတယ်ဆိုတာ နိုင်ငံခြားက website တစ်ခုမှာဝင်ပြီး ကမ႓ာ့ရွှေဈေးကို အရှုံးအမြတ်ကစားတာပါ
အောင်စ 100 ကစားချင်ရင် အောင်စ 100 ဖိုးလုံးရင်းဖို့မလိုပါဘူး သူ့ရဲ့အရှုံးအမြတ်ရှင်းဖို့အတွက် 5%,10%
လောက်ပဲဘဏ်မှာကြိုသွင်းပြီး ကစားရတဲ့နည်းပါ

ကျမယ်ထင်ရင်ရောင်းလိုက် ရွှေရှိစရာမလို တက်မယ်ထင်ရင်ဝယ်လိုက် ငွေရှိစရာမလို စာရင်းပဲမှတ်ထားလိုက်တယ်
ရောင်းထားတဲ့ရွှေကို ပြန်ဝယ်တဲ့အချိန်မြတ်ရင် ကိုယ့်Account မှာပေါင်းပေးတယ် ရှုံးရင်ကိုယ့် Account ထဲက
နှုတ်သွားတာပေါ့

မြန်မာပြည်ကနေကစားချင်ရင်တော့နိုင်ငံခြားမှာရင်းနှီးတဲ့အသိရှိရင် Acc ဖွင့်ခိုင်းပြီးကစားလို့
ရပါတယ် မရှိရင်တော့ပွဲစားတွေကနေတဆင့် ပွဲခပေးပြီးကစားကြပါတယ် igmarkets.com မှာလေ့လာနိုင်ပါတယ်

ဒါဟာလဲစီးပွားရေးလုပ်တာမဟုတ်ပါဘူး လောင်းကစားလုပ်တာသာဖြစ်ပါတယ် လောင်းကစားဆန်တဲ့စီးပွားရေး
လို့တော့ဆိုနိုင်ပါလိမ့်မယ်

ရွှေအကြောင်းသိကောင်းစရာ(121)

အခုပြောမှာကတော့ သူငယ်ချင်းတစ်ယောက် ်အကြောင်းပါ ၂၀၀ဝ ခုနှစ်ကျော်ကျော်က တကယ့်အဖြစ်
အပျက်တစ်ခုပါ သူကအဲဒီအချိန်က အသက် ၂၅ ဝန်းကျင်လူငယ်တစ်ယောက်ပေါ့ ရွှေနဲ့ဒေါ်လာဝယ်ရောင်းလုပ်ပါတယ်

ကျွန်တော့်ဆီမှာလဲတစ်ခါတစ်ရံ ရွှေဝယ်ရောင်းလုပ်တတ်ပါတယ် ကုန်သည်ဆိုတော့ ထုံးစံအတိုင်း ဈေးသက်သာတဲ့သူဆီက
ဝယ် ဈေးပိုရတဲ့သူဆီမှာ ရောင်းတာပေါ့ တစ်ရက်ကျတော့သူက အော်ဒါရှိတယ်ဆိုပြီး ကုန်သည်တော်တော်များများ
ဆီက ရွှေနဲ့ဒေါ်လာဝယ်ပါတယ်

ဒီဈေးကွက်ရဲ့ထုံးစံကဝယ်နေကျသူတွေဆိုရင် ပစ္စည်းကိုအရင်ပေးလိုက်ပြီးငွေကိုနောက်မှလာချေတဲ့စနစ်ပါ သူ့ကိုလဲအားလုံးကယုံကြည်ကြတော့စိတ်ချလက်ချ ထည့်ပေးလိုက်ကြတာပေါ့

ပြောသံကြားတာကတော့ တစ်ယောက်နဲနဲနဲ့အားလုံးပေါင်းလိုက်ရင် ရွှေတစ်ပိဿာကျော်ကျော်နဲ့ ဒေါ်လာတစ်သိန်း
ဝန်းကျင်လောက်ရှိတယ်တဲ့
(စဉ် 122 သို့)

ရွှေအကြောင်းသိကောင်းစရာ(122)
(စဉ် 121 မှအဆက်)

ငွေလာရှင်းရမယ့်အချိန်ရောက်လို့ လာမရှင်းတော့ အားလုံးကစိတ်ပူလာကြပြီး သူ့ဟန်းဖုန်းကိုခေါ်တော့လဲ
ဖုန်းမကိုင်ဘူး သူ့အိမ်ကိုလိုက်သွားတော့လဲ မနက်တည်းက အိမ်ကထွက်သွားတာ ခုထိပြန်မလာသေး
ဘူး သူတို့လဲဘာမှမသိဘူးလို့ပြောတယ်

အားလုံးတွက်ကြတာကတော့ ဒီကောင်ပစ္စည်းတွေမပြီးပြေးပြီပေါ့ ရွှေပါသွားတဲ့သူကတော့ ရဲတိုင်အမှုဖွင့်ပြီး
လိုက်ရင်ကောင်းမလား စဉ်းစားရတာပေါ့ ဒေါ်လာပါသွားတဲ့သူကတော့ ရဲတိုင်လို့မရဘူးလေ ဒေါ်လာကတရားမဝင်
ရောင်းဝယ်ရတာကိုး

နောက်နေ့ကျတော့သတင်းရတယ်ကောင်လေးအလောင်းဆေးရုံမှာ တွေ့တယ်တဲ့ မြို့စွန်ရပ်
ကွက်တစ်ခုက ပန်းခြံမှာ အလောင်းကိုကားပေါ်က ကန်ချပြီး ဓာတ်ဆီလောင်း မီးရှို့ပြီးထားခဲ့တာတဲ့ ရုပ်ပျက်ဆင်း
ပျက်ဖြစ်နေလို့ သူ့မိဘတွေတောင် တော်တော်စစ်ဆေးပြီးမှအတည်ပြုရတယ်
(စဉ် 123 ) ့

ရွှေအကြောင်းသိကောင်းစရာ(123)
(စဉ် 122 မှအဆက်)

လူသတ်မှုဆိုတော့ ရဲကလဲပေါ်အောင်လိုက်ပါတယ်
ဖုန်းနံပါတ်တွေကနေတဆင့် သဲလွန်စရတယ်လေ တရားခံ
ကလဲ တရုတ်ပြည်ထဲကို နယ်စပ်ကနေဝင်ပြေးတယ်
နောက်ဆုံးတရုတ်ရဲနဲ့ပေါင်းပြီးဖမ်းမိတယ် ဖမ်းမိတော့မှ
ဇာတ်လမ်းစုံမှုခင်းမဂ္ဂဇင်းမှာပါလာတယ် တရားခံကသူနဲ့
ဆွေမျိုးတော်တယ် လူငယ်ပဲ မကျေနပ်လို့သတ်တာတဲ့
သတ်မယ့်တူတူ မထူးဘူးဆိုပြီး ပစ္စည်းတွေ ဝယ်ခိုင်းလိုက်ပြီး တစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်သွားတာ
ကားပေါ်မှာနားကြပ်နဲ့ သီချင်းနားထောင်နေတုန်း
နားထင်ကိုသေနတ်နဲ့ပစ်သတ်လိုက်တာ သေနတ်ကို
တရုတ်ပြည်ကဝယ်တာ အဲလိုအမှုမျိုးတွေအရင်ကလဲဖြစ်
ဖူးပါတယ် ပိုက်ဆံလိုက်ယူပါဆိုပြီး လူကိုအပျောက်ရှင်းလိုက်တာ နောက်တစ်မျိုးက စဉ် ၃၃
မှာရေးခဲ့ပြီးပါပြီ ပစ္စည်းယူပြီးလူကိုမျက်ခြေဖြတ်သွားတာ
အဲဒါကြောင့်သတိဆိုတာ ပိုတယ်မရှိဘူးလို့ပြောကြတာနေ
မှာ

7 comments

  • အရီးခင်

    August 2, 2014 at 3:17 am

    သဘောပြောတာနော်။
    ကမ႓ာ့ရွှေဈေး က ဒေါ်လာဈေး အတက်အကျ ပေါ် မှီ
    ဒေါ်လာဈေး က Inflation ပေါ်မှီ
    Inflation က နိုင်ငံ ရဲ့ အတိုး သတ်မှတ် တာပေါ်မှာမှီ
    အတိုးနှုန်း ကို ဘဏ် တွေ က သတ်မှတ် တာမို့ လူ တွေ က ဈေးကစား နေကြတဲ့ ပွဲ မှာ
    ဘုမသိ ဘမသိ “ကံ” ယုံပြီး ဝင်ကစား … တကယ်ဘဲ သူဌေး ဖြစ်လိုက်ရင်တော့
    “ကံ” ဟာ တကယ်ရှိတာဘဲ။ :-)))

    • အရီးခင်

      August 2, 2014 at 2:01 pm

      ဒါဆို “ကံ” ကို ရှိတယ်လို့ ယုံသူပေါ့။
      ကိုဇော်အောင် ရဲ့ စာအရေးအသား ကို ကြည့်ရတာ ကိုယ့်စွမ်း ကိုယ်စ ဉာဏ် နဲ့ လုံ့လ ဝိရိယ ထား ကြိုးစားတတ်သူ လို့ မြင်ပါတယ်။
      ကိုဇော်အောင် ရဲ့ အောင်မြင်မှု တွေမှာ ကံ ဆိုတာ က % ဘယ်လောက် ထောက်ပံ့ထားခဲ့တယ် ထင်လဲ။
      ဟိုဘက်က ဇီတို့ ဆာ တို့ အင်တာဗျူးး ကို အားကျလို့ စာရေးကောင်းပြီး စကားနဲသူ ကို မေး ကြည့်တာပါ။
      Personal မေးခွန်း မို့ မဖြေချင်လဲ ရပါတယ်ရှင့်။ :-)))

  • alinsett (gazette)

    August 2, 2014 at 11:43 am

    အော်…ရွှေ…ရွှေ… ရွှေနဲ ့အတူ တွဲပါနေတာက..လောဘများလား….

    ———–
    ရွှေအကြောင်း..သိမှတ်စရာတွေ..အစဉ်တစိုက်တင်ပြပေးနေလို ့…ဇူးဇူးပါဗျာ ။

  • Zaw Aung

    August 2, 2014 at 8:08 pm

    ၃ ပုံ ၁ ပုံ စီ ပါပါတယ် အရီးခင်

  • ခင် ခ

    August 7, 2014 at 3:47 pm

    ( မြန်မာပြည်ကနေကစားချင်ရင်တော့နိုင်ငံခြားမှာရင်းနှီးတဲ့အသိရှိရင် Acc ဖွင့်ခိုင်းပြီးကစားလို့
    ရပါတယ် မရှိရင်တော့ပွဲစားတွေကနေတဆင့် ပွဲခပေးပြီးကစားကြပါတယ် igmarkets.com မှာလေ့လာနိုင်ပါတယ် )
    ပွဲခက ရှုံးရှုံး မြတ်မြတ်ပေးတာလားဗျ။

  • Zaw Aung

    August 7, 2014 at 8:06 pm

    ပေးရပါတယ် အခု ရန်ကုန်မှာ agent တွေ ရောက်နေပါပြီ

Leave a Reply