ကျွန်မကလေးတွေကတော့ဒီလိုပဲရှိတယ် (၂)

ကျွန်မကလေးတွေက မြန်မာသီချင်းပဲဖြစ်ဖြစ်

အင်္ဂလိပ်သီချင်းပဲဖြစ်ဖြစ် သူတို့နားထဲကြားတာကို

ကွက်လပ်ပေါက်မကျန်အောင်

သူတို့အတွေးနဲ့ဖြည့်ဆိုလေ့ရှိတယ်။

**မိုးလင်းတိုင်းမှာမရေရာတာတွေ တွေ့အောင်ပြန်ရှာ

ပြီးဆုံးသွားတာ ခုံမင်နေတဲ့စိတ်နဲ့ မနက်စာကိုယ့်လမင်းလေး****

ဆိုပြီးခဏ ခဏအော်ဆိုတတ်ကြသလို

သင်္ကြန်ပြီးနောက် သူတို့မောင်နှမဆိုဆိုနေတာက

***မနှစ်ကပေးတဲ့အင်္ဂလိပ်စာ ရေတွေစိုလို့ပျက်ကုန်ပြီ***
တဲ့
ကျွန်မက လိပ်စာလို့သေသေရှာရှာပြောတော့

လိပ်စာဆိုတဲ့အဓိပ္ပါယ်ကို အကျယ်ရှင်းရပြန်ရော။

တစ်ရက်က ကျွန်မသားလေးက *မေကြီးထမင်းစားတယ*်

ဆိုလေတော့ ကျွန်မက

*အေးအေး မေမေခူးလိုက်ဦးမယ်*

လို့ပြောမိပါတယ်။မီးဖိုခန်းထဲထိလိုက်လာပြီး ငြင်းတော့

အတွန့်တက်တော့တယ်။(သူကသူ့စိတ်မှာမဟုတ်ဘူးထင်ရင်

အိမ်သာထဲဝင်တောင် အိမ်သာရှေ့ကနေ

လိုက်ငြင်းတတ်တဲ့အကျင့်ရှိတယ်။)

*မေ့မေ့ မေမေက ထမင်းကိုအပင်စိုက်တာလား ချက်တာလား*

တဲ့

ကျွန်မကလည်း

*ချက်တာပေါ့သားရဲ့ ထမင်းပါဆို ချက်မှစားလို့ရမှာပေါ့*

ဆိုတော့

*ဒါဆိုဘာလို့ ထမင်းထည့်ဦးမယ်လို့မပြောလည်း ထမင်းခူးမယ်တဲ့

အပင်စိုက်ထားမှခူးလို့ရမှာပေါ့*

လို့ရေပက်မဝင်အောင်အတွန့်တက်ပြီး

ကျွန်မဘာမှပြန်မပြောနိုင်ခင်

ကျွန်မမှားကြောင်းသူ့အဖေကိုသွားသံတော်ဦးတင်လိုက်သေး။

တစ်ရက် ကျွန်မသမီးကကျောင်းကပြန်ရောက်တော့

*မေကြီး သားလေးတို့အတန်းမှာ

ကုလားမလေးတစ်ယောက်ရှိတယ်*

ဆိုပြီးအစချီလာတယ်(ကျွန်မသမီးက စကားပြောတတ်စတည်းက

သူ့ကိုယ်သူ သားလေးကလို့ပြောလေ့ရှိတယ်)။

*ကုလားမရှိတာ ဘာဖြစ်လဲ*

ဆိုတော

*ကုလားက ဘာလူမျိုးလဲမေ့*

တဲ့။ပုံမှန်ဆို ကုလားက

ကုလားလို့ပဲကလေးအနေနဲ့မှတ်မယ်ထင်တာ မေးလာတော့

ကျွန်မက အလွယ်လိုက်ပြီး

*အိန်ဒိယ လူမျိုး*

လို့ဖြေလိုက်မိတော့

*ဟင် မေကြီးကလည်း အဲဒါဆို သားလေးတို့ဘုရားစာဆိုရင်လို့

သူတို့ကိုဘာလို့ထည့်ဆိုရတာလဲ****

တဲ့

ကျွန်မလည်း သေသေချာချာစဉ်းစားရင်း

*ဘယ်မှာထည့်ဆိုရလို့လဲသမီးရဲ့ ပေါက်တတ်ကရ*

လို့ပြောလိုက်တော့

*ကျောင်းမှာဆိုရတယ်လေ အိန်ဒိယပစ်စယော တဲ့*

ဟူသတည်းးးးးး

42 comments

  • ဇီဇီ ခင်ဇော်

    August 2, 2014 at 7:22 am

    ဟားဟားဟားဟားးးးးးးးးးးးးးးးးးးးးး
    ကလေးတွေက စကားတတ်
    အမေက စာရေးတတ်နဲ့တော့ ကိုယ်တွေတော့ ဒုက္ခပဲ အေ။
    စောစောစီးစီး အသံထွက် ရီမိနေလို့။
    ဟီးဟီးဟီးး။
    :mrgreen:

    သော် ပို့(စ)တိုင်း သတိထားမိတာ အရမ်းသပ်ရပ်တယ်။
    ဖတ်လို့ ကောင်းလိုက်တာ။
    :s:

    • သူတို့ပြောခဲ့သမျှသေသေချာချာသာရေးမှတ်ထားမိယင် ရေးစရာတွေတော်တော်ရမှာမမရေ အစောကြီးကြိုးစားပမ်းစားတင်ထားတဲ့ပို့စ်ကို
      အစောဆုံးအားပေးတာ ကျေးကြီးကြီး
      <3

  • နှူးဘာ မိဂီ

    August 2, 2014 at 8:54 am

    (ရှူသွင်းလိုက်တဲ့လေ ကို ဘယ်လို ခေါ်သတုန်း ဒကာမကြီးရဲ့ ..)
    ဝင်လေ ပါဘုရား …
    (နောက်တနည်း)
    ဝင်သက် ပါဘုရား..

    (ရှူထုတ်လိုက်တဲ့ လေကိုရော ဘယ်လို ခေါ်သတုန်း ဒကာမကြီးရဲ့..)
    ထွက်လေ ပါဘုရား..
    (နောက်တနည်း)
    ထွက်သက်ပါဘုရား …

    ကိုင်း… ဒါဖြင့် လိုက် ဆို …
    (ဝင်သက်ထွက်သက်များ …)
    ဒူနန်တန့်ဒန် တန့်ဒန့်တန်တန့်…

    အားးးဟိ…
    ဒက်ဂလောက်..

    :mrgreen:

  • sorrow

    August 2, 2014 at 9:59 am

    အောင်မငီး… မမသော် ကလေးတွေက မာကတ်တာပေါက်စလားမသိ…အဟိဟိ …ဟိုဝင်သက်ထွက်သက်လေးလိုမျိုး…အားကြီးစကားတတ်

    • အနာဂတ်ကျုပ်ကလေးတွေနဲ့ အဲ့ဒီဝင်သက်ထွက်သက်လေးကိုယှဉ်ကြည့်ပြီး
      မျက်ခုံးလှုပ်ပါ့ ကချင်နုထွတ်လေးရယ်
      😀

  • ဟားဟား..
    အသံထွက်​ပြီးကို ​အော်​ရယ်​မိတာ… လာလည်​ဦးမယ်​..

    စကားအတင်​းစပ်​.. အဲ့လို​ခေးမျိုး​တော့ လိုချင်​သား ဟိဟိ

  • alinsett (gazette)

    August 2, 2014 at 11:23 am

    ထမင်းခူးတယ် ဆိုတဲ့ ကိစ္စ အသုံးအနှုံး…အလွဲလေးကို..သ ူ့တို ့ဉာဏ်နဲ ့ထောက်ပြသွားတာ..တော်တော် သဘောကျမိတယ်… ။
    ဒီကလေးတွေ..ဉာဏ်ရည် မနိမ့်ဘူး..လို ့..တွေးမိပြီး.. ချစ်မြတ်နိုးမိသွားတယ်..။
    ———
    ကျနော် ရခိုင်ပြည်ဘက်မှာ နေတုန်းကတော့.. ကျနော်နေတဲ့ ဒေသထဲက..လူမျိုးတွေ..
    အသုံးအနှုံးကို..သဘောကျဖူးတယ်.. ။
    ဆေးသောက်တာကို..ဆေးမျိုတယ်…တဲ့…
    ရေငတ်တယ်..လို ့ သုံးလို ့..
    ထမင်း ဆာတာကို..ထမင်းငတ်တယ်..တဲ့… ။
    ခြင်ထောင်တစ်လုံးလို ့…ရေတွက်သလို… ပုဆိုးတစ်လုံး..အကျင်္ ်ီတစ်လုံး..ဆိုပြီး.ရေတွက်ကြတယ်..
    အများကြီးပဲ.. သူတို ့အသုံးလေးတွေက… မှန်တာလေးတွေလည်း..မှန်လို ့…
    ———–
    အခု..ထမင်းခူးတယ်…ဆိုတဲ့ကိစ္စမှာလည်း…ကလေးတွေ..ပြောတာ မှန်တယ်.. ။

    :mrgreen:

    • ရခိုင်တွေကသူတို့ဓလေ့နဲ့သူတို့။
      အိမ်ကနှစ်ယော်ကလည်း သူတို့စကားနဲ့သူတို့ နှစ်ယောက်သားအချင်းချင်းကတော့ အချိတ်အဆက်မိပါတယ်အဖွေးဆင်းရေ
      🙂

  • TNA

    August 2, 2014 at 11:38 am

    ရီလိုက်ရတာသော်သော်ရယ်။ ကြံကြံဖန်ဖန်မေးလဲမေးတတ်တယ်။ တွေးလဲတွေးတတ်တယ်။ ကလေးတွေကို တရားသူကြီးလုပ်ခိုင်းဖို့အစီအစဉ်ရှိမရှိ :mrgreen:

  • ဦးကျောက်ခဲ

    August 2, 2014 at 11:45 am

    ဟမ်မယေး… ပိဋကတ်အိုးကွဲလေးတွေ မွေးထားတာပါလား မိသော်သော်…
    အပါတ်မလည်တဲ့ မိဘနဲ့တွေ့ရင်တော့ မလွယ်ကြောပဲ…
    အဟိ… ကြက်ဥနဲ့ ကြက်မ ဘယ်သူအရင်ဖြစ်သလဲမေးရင် ဖြေဖို့ စဉ်းစားထား…
    :mrgreen:

    • အိုးကွဲအကြီးက ကျောင်းစာနဲ့ချာလည်နေလို့ နည်းနည်းသက်သာလာတော့ အိုးကွဲအသေးက ပိုဆိုးဖေကျောက်ရေ ဒါနဲ့သားမိသားဖ၄ယောက်ကို မွေးစားမယ့်အစီစဉ်ဖြစ် မဖြစ်
      :mrgreen:

    • အရီးခင်

      August 2, 2014 at 1:49 pm

      ကျောက်စ် တို့ ရဲ့ ကလေး တွေ ကတော့ “ပိဋကတ်အိုး” တင် မက “ဘိုင်ဘယ်” တွေပါ ကွဲ မှာ မြင်ယောင်သေးတော့။
      :-)))

  • မလုပ်ပါနဲ့မွတဲရယ် တိုင်ဟယ် တောဟယ်နဲ့ ဖွဘုတ်ပေါ်ကကိုဆင်းရမှာမဟုတ်ဘူး။
    ဒါနဲ့စကားမစပ် ဟားဗက်မှာထားပေးမလားဟင်
    :mrgreen:

  • အရီးခင်

    August 2, 2014 at 1:46 pm

    အတော်လေး စဉ်းစားတတ်တဲ့ ကလေး တွေ။
    အမေ နဲ့ ကလေး တွေ နဲ့ ဒီလို အမေးအဖြေ ရင်းရင်းနှီးနှီး ရှိတာ တကယ်ဘဲကောင်းတာ မနန်း ရဲ့။
    ဒီလိုဖြစ်ဖို့ မိဘ က အတော် အချိန်ပေး စိတ်ရှည် မှမှ ရတာကိုး။
    သူတို့ သိချင်တာ မေးတာက ဒီလို အရွယ်လေးမှာမှ ရတာ။
    နဲနဲကြီး လာပြီး ဆယ်ကျော်သက်ရောက်ရင် ဒီလိုအချိန်မျိုးတွေ ပြန်မရ တော့ဘူး။
    တစ်ခါတစ်ခါ ကလေး ရဲ့ အဲလို တီတီတာတာ အရွယ်လေး ကို ပြန်လွမ်းပါရဲ့။
    သဘာဝ ဘဲ ဘယ်တတ်နိုင်မလဲနော။
    ဒီတော့ ငယ်တုန်းမှာ မရမက ဖြစ်နိုင်သ၍ ရင်းနှီး အောင် နေပေတော့။
    တစ်ခါတစ်ခါလဲ ဂျူး ရဲ့ စာအုပ်ထဲက “Give me a child until he is seven” ကလဲ တစ်ချို့ မှန်သင့်သလောက် မှန်တာပါဘဲ။

    သမီးက အကြီး သား က အငယ် လေးလား။
    ဒီ လို ကလေး အစုံ လေးရတာ ကောင်းလိုက်တာ။
    ကကြီးမိုက်ရော၊ မပြုံး ရော၊ ခိုင်ခိုင် ရော သမီးကြီး၊ သားငယ်ဘဲ။
    နောက် ရွှေတိုက် တို့ လာမယ်ထင်ရဲ့။
    တောင်ကြီး က ရင်ငြိမ်း လဲ သမီးဦးလေး ဘဲ ထင်တယ်။

    ကလေး တွေ ရဲ့ ချစ်စရာအတွေး လေး ကို ဆက်မျှော် နေပါတယ် မနန်းရေ။
    ဇီဇီ၊ဆာဆာ အင်တာဗျူး ပုံ ကိုလဲ တအားကြိုက်တယ်။
    တော်လိုက်တာ။
    :-)))

    • ဟုတ်တယ်အရီးရေ သမီးအကြီး၆နှစ် သားအငယ် ၃နှစ်ခွဲပါ။
      တစ်ခါတလေတော့လည်း စိတ်မရှည်သား
      🙂

  • ခင် ခ

    August 2, 2014 at 1:52 pm

    *ကျောင်းမှာဆိုရတယ်လေ အိန်ဒိယပစ်စယော တဲ့*
    အိမ်နီးနားချင်းတာ ဖြစ်လိုက်စမ်းပါ အဲဒီကလေးတွေဆီမှာ စကားပြောနည်း သင်တန်း လာတက်ပစ်လိုက်မှာ။

  • Crystalline

    August 2, 2014 at 3:32 pm

    အမေတူကလေးတွေဖြစ်မှာ သူတို့အမေလည်း အဲ့လိုပဲသိလား… သူကဘာ့ဖလားခုထ,ိမပြီးသေးဘူး…. အဖေကအေးဆေးပုံရပါတယ် :mrgreenn:

    • ကျန်းးးးးးးသများရဲ့သာယာပျော်ရွှင်မှုလေးကို မနာလိုဖြစ်နေလိုက်တာာာာ
      မပြီးဘူး နောက်ဖလားနဲ့ဆက်သည်အထိ မျက်စိနောက်စေရမယ်
      အဲ့မမခရစ်ဆိုတာလည်းလေ သူ့အပြစ်ဖြစ်ဖြစ် သူများအပြစ်ဖြစ်ဖြစ် ဘယ်သူ့အပြစ်မဆို သူများအပြစ်လို့ချည့်မှတ်ယူဒေါပွနေတတ်တဲ့ ဒေါ်ဆိတ်တိုပါရှင်။
      သူနဲ့တွေ့ရင် လွတ်အောင်ရှောင်ကြပါလို့စေတနာနဲ့သတိပေးပျဇီ
      :mrgreen:

  • surmi

    August 3, 2014 at 8:37 am

    အဟမ်းးးး
    ကျုပ်နာမည်မကြားဖူးသေးလို့တော်သေးဗျာ
    တော်ကြာ ဦးဆာမိက ဘယ့်နှယ် သရဏဂုံဆိုတိုင်း ပါနေပါလိမ့်လို့မေးမှဖြင့် ခက်နေမယ် :mrgreen:

    • Mr. MarGa

      August 3, 2014 at 9:36 am

      ဟီဟိ..
      ကျနော်တော့ သရဏဂုံဆိုတိုင်း ဦးဆာ မျက်နှာကို ပြေးပြေးမြင်နေတာ :mrgreenn:

  • Mr. MarGa

    August 3, 2014 at 9:40 am

    ဖဘမှာ မှတ်ချက်ပေးသလိုပဲ ပြောလိုက်ပါမယ်ဗျာ
    genius လေးတွေ
    (မက်ဆီ ကို ချောကလက်ပြား ပေးကတည်းက သိလိုက်တာ ဒီကလေးများ ခေသူမဟုတ်) :mrgreenn:

    • အခုလည်း ဘောသမားနာမည်တွေနဲ့ကျောနံပါတ်တွေ ရေးမှတ်နေကြပြန်ပြီ ဘာတွေကျပ်ကြဦးမလဲမသိဘူး
      🙄

  • မဟာရာဇာ အံစာတုံး

    August 3, 2014 at 10:07 am

    ဟေဟေ့ …
    မလွယ်ကြောလေးတွေပါလားဟေ့ …
    ယောက်ခမွ သားသမီးတွေကတော့ဖြင့်
    ယောက်ခမွနဲ့များ ကွာချက် …
    :mrgreen:

    စကားမစပ် …
    အင်တာနက် ကို အိမ်သာထဲကနေ သုံးရင်
    ဘာပုလို့ ပိုမြန်တယ် ပြောဒါဒုံး မာမီ .. လို့ မေးလာခဲ့ရင်
    ဘယ်လို ဖြေမဒုန်းငင်င် ….
    :mrgreen:

  • မီ မီ

    August 3, 2014 at 11:02 am

    ကလေးတွေက ဘုရားရှစ်ခိုးရင်လည်း
    တည်းဟူသော ကို ဇီးဖြူတောလို့ဆိုတတ်သေးတယ်
    သူတို့နားထဲမှာ ကြားမိသလိုဆိုတာပေါ့လေ
    ဆရာ/ဆရာမတွေ စာတတ်အောင်မသင်ပေးနိုင်တာက
    အကြောင်းတွေအများကြီးရှိပါတယ်ရှင်
    နောက်မှ ပြောပါမယ်နော်
    ကျွန်မတို့ဖက်မှာစံနစ်တခုရဲ့ချွတ်ယွင်မှုကြောင့်
    ပေးဆပ်နေရတာပါ

  • black chaw

    August 3, 2014 at 1:44 pm

    က လေးတွေက လူကြီးတွေ နဲ ့ မတူတဲ့ ထောင့်က
    တွေးတတ်တယ်။
    ခု ခေတ် က လေးတွေက ပို တတ်။
    အဲလို အ တွေးလေးတွေက ချစ်ဖို ့ကောင်းပါတယ်။
    အခုလို မှတ်တမ်းတင် ထားသင့် တယ်။
    ဒါမှ သားတွေ သမီးတွေ အရွယ်ရောက်တဲ့အခါ
    သူတို ့ တွေးခဲ့ပုံလေးတွေကို ပြန်ပြောပြလို ့ ရတာပေါ့။

    • ဟုတ်ကဲ့ အခုလိုလိုရေးဖြစ်တာလည်းဦးဘလက်တိုက်တွန်းလို့ပါ။အင်တာနက်လိုင်းက ရှေ့လလောက်မှစာပြန်ရေးနိုင်မှာ ဖုန်းနဲ့ကွန်ပျူတာချိတ်ယင် fbတောင်မတက်ဘူး ရွာထဲကတော့ပြောမနေနဲ့
      အခုပို့စ်က ဖုန်းနဲ့ရေးတင်ရတာမိုလအမှားအယွင်းပါပါတယ်။

  • kyeemite

    August 4, 2014 at 11:36 am

    တော်တော်ဉာဏ်သွက်တဲပကလေးနှစ်ယောက်ပါလားဗျ….ဒါကြောင့် ကလေးတွေကတစ်ခုခုမေးရင်
    ကရုစိုက်ပြီးဖြေသင့်တယ်…သူတို့တွေးထင်တာမှားရင်လည်း စိတ်ရှည်ရှည်ပြင်ပေးပေါ့….
    …ကလေးတွေနဲ့နေရတာ ပျော်စရာပါဗျာ 🙂

  • ဦးကြောင်ကြီး

    August 6, 2014 at 11:03 am

    အနော်တို့ ငယ်ငယ်က ဘုရားရှိခိုးတော့ အမေတိုင်ပေးတာ လိုက်ဆို ကန်တော့ရတယ်..။ အဲဒမှာ မဂ်တရား၊ ဖိုလ်တရား အရောက် ဖွတ်တရားလို့ အမှတ်မှား ရယ်မိလို့ အရိုက်ခံရဖူးသယ်…

  • zarzarhtwe

    August 7, 2014 at 7:45 am

    ကျမသမီးငယ်ငယ်တုန်းက ပြောတာ ထမင်းမှာဟင်းချို ဆမ်းချင်ရင် မန်းမန်းကိုရေချိုးပေးတဲ့။
    ခု၆နှစ်ရှိပြီ ပြောတုန်းပဲ။

  • hmee

    August 7, 2014 at 9:26 am

    သားက​တော့ ​မေးလွန်​းလို့ တခါတခါ မျက်​​စေ့ လည်​သွားတယ်​။ မနက်​ကျရင်​ သွားတိုက်​ပြီးမှအစာစားရမယ်​။ ညဘက်​​တော့ သွားတိုက်​ပြီးရင်​မစားရဘူး​နော်​လို့ ​ပြောထား​တော့ သူက ပြန်​​မေးတယ်​ ဘာလို့လဲ​မေ​မေ မနက်​ကျ​တော့ သွားတိုက်​ပြီးမှ စားတဲ့ ညကျ​တော့ မစားရဘူး ဘာဖြစ်​လို့လဲတဲ့​လေ။ 🙂 ဒီ ထက်​အ​ဖြေရခက်​တာ​တွေ​တောင်​ ကြံကြံဖန်​ဖန်​​မေးတယ်​။ ကိုယ်​​တောင်​ မ​တွေးမိဘူး တခါတခါ သူတို့ ဆီက ပြန်​သင်​ရတယ်​။

  • nozomi

    August 7, 2014 at 11:26 am

    ကလေး အများစုကတော့ လောကကြီးက သူ့တို့အတွက် အသစ်အဆန်းဖြစ်
    စူးစမ်းကြ သူတို့နားလည်သလို ပြောကြတာပဲ
    စိတ်ရှည်တဲ့ မိဘနဲ့တွေ့တော့ အခုလို သူတို့ သိချင်တာမေးရဲ တွေးရဲမယ်
    စိတ်မရှည်တဲ့မိဘနဲ့တွေ့တော့ ကလေးလဲ ခေါင်းဖုရောပေါ့

Leave a Reply