အိပ်မက်ထဲက နိုင်ငံတော်… (ရွှေပြည်တော်..မျှော်နေလည်းဝေး… )

alinsettAugust 4, 20146min29733
အော်သံများ
အော်သံများ

 

 

 

 

အဟမ်း… ။

မြန်မာနိုင်ငံကြီး..တော်တော်…တိုးတက်နေပြီ ။

အစိုးရရဲ့ တာဝန်ကျေမှု / ကောင်းမွန်စွာလုပ်ဆောင်နိုင်မှုတွေ ရဲ ့..အကျိုးရလဒ်ပေါ့… ။

မနက်ခင်း….အလုပ်သွားကြတဲ့…အလုပ်သမားတွေလည်း… စိ်တ်လက်ကြည်သာစွာ…

ဘတ်စ်ကားတွေလည်း…တိုးမစီးရတော့ဘူး .. ။

လမ်းတွေ ပိတ်ဆို ့နေလို ့…အလုပ်နောက်ကျတာလည်း..မဖြစ်တော့ဘူး ။

လူကြီးလမ်းကြောင်းကို…စောင့်နေရလို ့…ကိုယ်လိုရာဆက်မသွားနို်င်တာတွေလည်း..မရှိတော့ဘူး ။

အရင်တုန်းကလို… မသေသင့်တဲ့ရောဂါလေးတွေနဲ့လည်း…မသေကြတော့ဘူး ။

ပညာရေးစနစ်ဟာလည်း..အရင်တုန်းကလို..မနိမ့်ကျတော့ဘူး ။

မတရားမှုတွေလည်းမရှိတော့ဘူး ။

လမ်းတွေ တံတားတွေဟာလည်း… စနစ်တကျ… ရှင်းလင်းလို ့… ။

လမ်းဘေးဝဲယာမှာလည်း..စည်ပင်စွမ်းကြောင့်… အမှိုက်တစ်စမမြင်ရပဲ…စိမ်းလန်းစိုပြေလို့… ။

ခရီးသွားလာရေးတွေလည်း..အဆင်ပြေ… နိုင်ငံခြားကုန်သွယ်ရေးတွေလည်း..

အဆင်ကိုပြေလို ့.. ။ပြည်သူပြည်သားတွေရဲ ့ ဝင်ငွေနဲ ့ ထွက်ငွေတွေဟာလည်း..မျှတလို ့… ။

တိုင်းသူပြည်သားတိုင်းဟာလည်း.. လူ ့အခွင့်အရေးအပြည့်အဝရရှိနေလို ့…ကျေနပ်ကြည်လင်စွာ…

ဒီတိုင်းပြည်မှာလူလာဖြစ်ရတာဟာ.. အမေရိကန်လိုနိုင်ငံကြီးတွေမှာနေရတာထက်တောင်…

ဒီမိုကရေစီရဲ့အနှစ်သာရကို…ပျော်ရွှင်စွာ..စားသုံးခွင့်ရလို့ ..ကျေနပ်ကြတယ်.. ။

ဒီနိုင်ငံဟာ.. သယံဇာတလည်း…ပေါကြွယ်ဝသလို..

အဲဒီသယံဇာတကိုုတလွဲအသုံးချမှုတွေလည်း..အရင်လိုမရှိတော့ပဲ…

သင့်တော်မျှတတဲ့ စနစ်နဲ့…တန်ဖိုးပိုတက်လာအောင် ဖော်ထုတ် အသုံးချနိုင်နေပြီ ။

ရာသီဥတုနဲ့…တော်တောင်ရေမြေကလည်း…အင်မတန်မျှတကောင်းမွန်တဲ့ အနေအထားနဲ့… ။

တကယ်တော့… အခုလို….

တိုင်းသူပြည်သားတွေ တစ်ယောက်ချင်းစီ….

စိတ်ကျေနပ်မှု ကျန်းမာချမ်းသာမှုနဲ့…

လွတ်လပ်ငြိမ်းချမ်းစွာနေထိုင်ခွင့်ရနေတာဟာ…

အုပ်ချုပ်သူအစိုးရရဲ ့…စီမံခန့်ခွဲမှု ကောင်းမွန်လို ့ပါ ။ သန့်ရှင်းလို ့ပါ ။

ကိုယ်နဲ့တန်တဲ့ အစိုးရ…ရတယ်ဆိုရင်…

တိုင်းသူပြည်သားတွေရဲ ့ အပိုင်းမှာလည်း… ကောင်းမွန်နေလို့ပါ ။

 

 

ဘယ်လောက် ရေခံမြေခံကောင်းကောင်း…

မသန့်ရှင်းတဲ့ အုပ်ချုပ်သူတွေရဲ ့…ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုနဲ့သာတွေ ့သွားရင်….ဒီတိုင်းပြည် စုတ်ပြတ်သတ်သွားမှာပေါ့… ။

အခုလို… အဘက်ဘက်က… ကောင်းမွန်တိုးတက်နေတာကို…မြင်ရတာဟာ…အုပ်ချုပ်သူကောင်းနဲ့ တွေ့လို ့… ။

အုပ်ချုပ်သူရဲ ့…စီမံခန့်ခွဲမှု စနစ်ကျနသေသပ်လို ့… ။

ဒီလိုလူတွေနဲ ့… ဒီလိုမူတွေ…ရလာအောင်လည်း…

အများဆန္ဒသဘောထားနဲ ့အညီ….လူထုကိုယ်တိုင် ရွေးချယ် တင်မြှောက်ထားလို ့…။

ဒါပေမယ့်…..ဘယ်လောက်ပဲ… ညီညီညာညာ ဆန္ဒပြု ရွေးချယ် တင်မြှောက်တယ်…ဆိုဦးတော့…

အဲဒီလုထုရဲ့ အရွေးချယ်… အတင်မြှောက်ခံ (သို ့) တာဝန်အပေးခံရသူတွေက…စိတ်နေသဘောထားကောင်းမှ…./

အသိပညာကောင်းမှ….ကောင်းမွန်တိုးတက်အောင်..စီမံခန့်ခွဲအုပ်ချုပ်နိုင်မှာ… ။

ဆိုတော့…

အခုလို…တိုးတက်ကောင်းမွန်မှုတွေ…အဘက်ဘက်မှာ မြင်တွေ ့နေရတာဟာ…ဟောဒီလူထုရဲ ့ ရွေးချယ် ခန့်အပ်မှု မှန်ကန်လို့ပေါ့… .။

ကြည့်ပါဦး … ။

(၁) အုပ်ချုပ်ရေးအာဏာ

(၂) ဥပဒေပြုရေးအာဏာ

(၃) တရားစီရင်ရေးအာဏာ

အဲဒီအာဏာသုံးရပ်ကို…

လူထုရွေးချယ်မိတဲ့ဒီအစိုးရက….

အလွဲသုံးစားလုပ်နေမယ်ဆိုရင် …တိုးတက်ပါ့မလား ။

အခုဟာက….

လူထုက…ခန့်အပ်ထားတဲ့ တာဝန်ပေးမှုအပေါ် အခွင့်ကောင်းမယူပဲ… တာဝန်ကျေလို ့….

(လုပ်ပိုင်ခွင့် / အာဏာ / ပါဝါ တွေကို ) စနစ်တကျ အသုံးပြုပြီး..စီမံခန့်ခွဲပေးနေလို့သာပေါ့…။

ကြည့်ပါဦး…. ။

တိုင်းသူပြည်သားတိုင်းရဲ ့…ဘဝတွေ… လူ ့အခွင့်အရေးအပြည့်နဲ ့…

သက်တောင့်သက်သာ…လှုပ်ရှားသက်ဝင်နေကြတာ…။

ကျေနပ်ပျော်ရွှင်နေကြတဲ့… တိုင်းသူပြည်သားတွေရဲ့မျက်နှာတွေ…..

ကျွန်တော်.. အားရကျေနပ်စွာလိုက်ကြည့်နေမိတယ်… ။

ကြည့်လို ့ကောင်းတုန်းရှိသေး….
…………………….
……………………
………………
……..
….
..

အိပ်မက်က…

လန့်နိုးသွားတယ်… ။

…………………………………………………………………………………………………………………………….

 

အဟမ်း… ။
မြန်မာနိုင်ငံကြီး..တော်တော်…တိုးတက်နေပြီ ။
အစိုးရရဲ့ တာဝန်ကျေမှု / ကောင်းမွန်စွာလုပ်ဆောင်နိုင်မှုတွေ ရဲ ့..အကျိုးရလဒ်ပေါ့… ။
မနက်ခင်း….အလုပ်သွားကြတဲ့…အလုပ်သမားတွေလည်း… စိ်တ်လက်ကြည်သာစွာ…
ဘတ်စ်ကားတွေလည်း…တိုးမစီးရတော့ဘူး .. ။
လမ်းတွေ ပိတ်ဆို ့နေလို ့…အလုပ်နောက်ကျတာလည်း..မဖြစ်တော့ဘူး ။
လူကြီးလမ်းကြောင်းကို…စောင့်နေရလို ့…
ကိုယ်လိုရာဆက်မသွားနို်င်တာတွေလည်း..မရှိတော့ဘူး ။
အရင်တုန်းကလို… မသေသင့်တဲ့ရောဂါလေးတွေနဲ့လည်း…မသေကြတော့ဘူး ။
ပညာရေးစနစ်ဟာလည်း..အရင်တုန်းကလို..မနိမ့်ကျတော့ဘူး ။
မတရားမှုတွေလည်းမရှိတော့ဘူး ။
လမ်းတွေ တံတားတွေဟာလည်း… စနစ်တကျ… ရှင်းလင်းလို ့… ။
လမ်းဘေးဝဲယာမှာလည်း..စည်ပင်စွမ်းကြောင့်… အမှိုက်တစ်စမမြင်ရပဲ…စိမ်းလန်းစိုပြေလို့… ။
ခရီးသွားလာရေးတွေလည်း..အဆင်ပြေ… နိုင်ငံခြားကုန်သွယ်ရေးတွေလည်း..
အဆင်ကိုပြေလို ့.. ။ပြည်သူပြည်သားတွေရဲ ့ ဝင်ငွေနဲ ့ ထွက်ငွေတွေဟာလည်း..မျှတလို ့… ။
တိုင်းသူပြည်သားတိုင်းဟာလည်း.. လူ ့အခွင့်အရေးအပြည့်အဝရရှိနေလို ့…ကျေနပ်ကြည်လင်စွာ…
ဒီတိုင်းပြည်မှာလူလာဖြစ်ရတာဟာ.. အမေရိကန်လိုနိုင်ငံကြီးတွေမှာနေရတာထက်တောင်…
ဒီမိုကရေစီရဲ့အနှစ်သာရကို…ပျော်ရွှင်စွာ..စားသုံးခွင့်ရလို့ ..ကျေနပ်ကြတယ်.. ။
ဒီနိုင်ငံဟာ.. သယံဇာတလည်း…ပေါကြွယ်ဝသလို..
အဲဒီသယံဇာတကိုုတလွဲအသုံးချမှုတွေလည်း..အရင်လိုမရှိတော့ပဲ…
သင့်တော်မျှတတဲ့ စနစ်နဲ့…တန်ဖိုးပိုတက်လာအောင် ဖော်ထုတ် အသုံးချနိုင်နေပြီ ။
ရာသီဥတုနဲ့…တော်တောင်ရေမြေကလည်း…အင်မတန်မျှတကောင်းမွန်တဲ့ အနေအထားနဲ့… ။
တကယ်တော့… အခုလို….
တိုင်းသူပြည်သားတွေ တစ်ယောက်ချင်းစီ….
စိတ်ကျေနပ်မှု ကျန်းမာချမ်းသာမှုနဲ့…လွတ်လပ်ငြိမ်းချမ်းစွာနေထိုင်ခွင့်ရနေတာဟာ…
အုပ်ချုပ်သူအစိုးရရဲ ့…စီမံခန့်ခွဲမှု ကောင်းမွန်လို ့ပါ ။ သန့်ရှင်းလို ့ပါ ။
 
 
ဘယ်လောက် ရေခံမြေခံကောင်းကောင်း…
မသန့်ရှင်းတဲ့ အုပ်ချုပ်သူတွေရဲ ့…ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုနဲ့သာတွေ ့သွားရင်….
ဒီတိုင်းပြည် စုတ်ပြတ်သတ်သွားမှာပေါ့… ။
အခုလို…
အဘက်ဘက်က… ကောင်းမွန်တိုးတက်နေတာကို…မြင်ရတာဟာ…
အုပ်ချုပ်သူကောင်းနဲ့ တွေ့လို ့… ။
အုပ်ချုပ်သူရဲ ့…စီမံခန့်ခွဲမှု စနစ်ကျနသေသပ်လို ့… ။
ဒီလိုလူတွေနဲ ့… ဒီလိုမူတွေ…ရလာအောင်လည်း…
အများဆန္ဒသဘောထားနဲ ့အညီ….လူထုကိုယ်တိုင် ရွေးချယ် တင်မြှောက်ထားလို ့…။
ဒါပေမယ့်…..ဘယ်လောက်ပဲ… ညီညီညာညာ ဆန္ဒပြု ရွေးချယ် တင်မြှောက်တယ်…ဆိုဦးတော့…
အဲဒီလုထုရဲ့ အရွေးချယ်… အတင်မြှောက်ခံ (သို ့) တာဝန်အပေးခံရသူတွေက…စိတ်နေသဘောထားကောင်းမှ…./
အသိပညာကောင်းမှ…
.ကောင်းမွန်တိုးတက်အောင်..စီမံခန့်ခွဲအုပ်ချုပ်နိုင်မှာ… ။
ဆိုတော့…
အခုလို…တိုးတက်ကောင်းမွန်မှုတွေ…အဘက်ဘက်မှာ မြင်တွေ ့နေရတာဟာ…
ဟောဒီလူထုရဲ ့ ရွေးချယ် ခန့်အပ်မှု မှန်ကန်လို့ပေါ့… .။
ကြည့်ပါဦး … ။
(၁) အုပ်ချုပ်ရေးအာဏာ
 
(၂) ဥပဒေပြုရေးအာဏာ
 
(၃) တရားစီရင်ရေးအာဏာ
 
အဲဒီအာဏာသုံးရပ်ကို…
 
လူထုရွေးချယ်မိတဲ့ဒီအစိုးရက….
 
အလွဲသုံးစားလုပ်နေမယ်ဆိုရင် …တိုးတက်ပါ့မလား ။
အခုဟာက….
လူထုက…ခန့်အပ်ထားတဲ့ တာဝန်ပေးမှုအပေါ် အခွင့်ကောင်းမယူပဲ… တာဝန်ကျေလို ့….
(လုပ်ပိုင်ခွင့် / အာဏာ / ပါဝါ တွေကို ) စနစ်တကျ အသုံးပြုပြီး..စီမံခန့်ခွဲပေးနေလို့သာပေါ့…။
ကြည့်ပါဦး…. ။
တိုင်းသူပြည်သားတိုင်းရဲ ့…ဘဝတွေ… လူ ့အခွင့်အရေးအပြည့်နဲ ့…
သက်တောင့်သက်သာ…လှုပ်ရှားသက်ဝင်နေကြတာ…။
ကျေနပ်ပျော်ရွှင်နေကြတဲ့… တိုင်းသူပြည်သားတွေရဲ့မျက်နှာတွေ…..

———————————————————————————————————

 

 

 

 

 

နာရီကို ကြည့်လိုက်တော့…..

 

နာရီက… ရပ်နေပြီ ။

 

ချွေးနည်းစာထဲက…ဝယ်ထားရတဲ့ တရုတ်စက်…. တစ်ရက်စုတ် လေး…

ရပ်သွားပြီ… ။

ပြန်ပြင်ရင်…အနည်းဆုံးတော့… ၁၀၀ဝ လောက် ပေးရမယ် ထင်တယ်.. ။

၁၀၀ဝ ဆိုတာ.. ထမင်းစားဖို့တောင်… အနိုင်နိုုင်… မနည်းရုန်းကန်နေရတဲ့…

ကျွန်တော်တို ့လိုအခြေခံလူတန်းစားတွေအတွက်… မနည်းတဲ့ငွေပါ ။

တော်ရုံတန်ရုံနေမကောင်းဖြစ်ရင်တောင်…ဆေးခန်းမသွားနိုင်တဲ့…

ငါးပိရည်နဲ့ နပ်မှန်ဖို့တောင် မနည်းကြိုးစားနေရတဲ့ ဘဝတွေမှာ…

၁၀၀ဝ ဆိုတဲ့ ထွက်ငွေကိုလည်း..နှမြောရမယ်… ။

ဘယ်အချိန် ရှိပြီလဲ… ။

မိုးတော့ မလင်းသေးဘူး.. ။

မှောင်ရီဝိုးတဝါးနဲ့….အိပ်ရာဘေးက..မီးခလုပ်ကို…တောက်ခနဲ…ဖွင့်လိုက်တော့……

မီး…လင်းမလာဘူး …. ။

ထုံးစံအတိုင်းပဲ… မီးက.. ပျက်နေတယ် … ။

မီး..လာရင်လည်း..မီးအားမပြည့်လို ့.. သုံးစားမရမယ့်အတူတူ…

ပြတ်နေတာလည်း..အေးတာပဲ…လို ့ တွေးမိတယ်.. ။

မီးပြတ်နေတော့…

ဓါတ်ကြိုးပြတ်ကျတာထိပြိီးသေရမယ့် မသာလည်း..လျော့တာပေါ့…. ။

……………………………………………………………………………………………….

ဒါနဲ ့…..

အိပ်မက်က…ကောင်းလိုက်တာ… ။

အပြင်မှာ… လက်တွေ ့ဖြစ်နေတာတွေနဲ ့တော့… ကွာတာပေါ့ ။

ဒီလောက်ကောင်းတဲ့ အိပ်မက်….ဘာလို ့များ…မက်ခဲ့ပါလိမ့်….ဆိုပြီး…

စိတ်အစွဲအလမ်းအကြောင်းရင်းခံကို… ရှာကြည့်မိတော့……

အော……….

ည….မအိပ်ခင်…. ဖတ်လိုက်မိတဲ့ စာအုပ်ထဲက…အချက်အလက်တွေကို…ဖြစ်ချင်တဲ့စိတ် စွဲပြီး…

ဒီအိပ်မက်…မက်ဖြစ်တာကိုး…. ။
…………………………………………………………….

 

(၁) အစိုးရကို…လူထုကြီးက..သဘောတူ/ သဘောကျ ရွေးကောက် တင်မြှောက်ရတယ် ။

——————————————————————————————–

(၂) အစိုးရက…

      လူထုကြီးရဲ့ အရေးအရာ ပြဿနာတွေကိုဖြေရှင်းဆောင်ရွက်ပြီး.

       အန္တရာယ်က…ကာကွယ်ပေးရတယ် ။

 ———————————————————————————————

(၃) လူထုကြီးက…အစိုးရကို…

  (က) လစာ / ရိက္ခာ / အဆောင်အယောင် ပေးထားတယ်။ 

   (ခ) လုပ်ပိုင်ခွင့် / အာဏာ /  ပါဝါ ပေးထားတယ် ။

(၄) အစိုးရက… လူထုကြီးရဲ ့… အစေခံ ( SERVANT ) မျှသာ ဖြစ်တယ် ။ 

အစိုးရဟာ..လူထုကြီးရဲ့ အရှင်သခင် မဟုတ်ဘူး ။

…………………………………………

ဇော်ဇော်အောင် / ရွာကလူတွေဖတ်ဖို ့ နိုင်ငံရေးဆောင်းပါးများ / စာမျက်နှာ ၁၀၉ / ဝတ်ရည်စာပေ / ၂၀၁၂ ဇူလိုင်လထုတ် /

………………………………………………………………………………………………………………

 

အဲဒီအချက်အလက်တွေ ဖတ်မိလို ့…

အဲဒီလို…ပြီးပြည့်စုံတဲ့..နိုင်ငံတော်ကို.. အိပ်မက်ထဲ..ထည့်မက်မိတော့တာပဲ.. .။

အော်…. အပေါ်မှာ..တွေးမြင်ယောင်မိသမျှ…သာယာလှပမှုတွေက…. အိပ်မက်ထဲက..နိုင်ငံတော်…ကိုး….

အင်း….အိပ်မက်ထဲကအတိုင်း…ဘယ်တော့များမှ… ဖြစ်လာပါ့မလဲ….လို ့…

မျှော်လင့်နေရတဲ့ ဘဝတွေ…..

ကျွတ်ချင်..လွတ်ချင်လှပါပြီလေ…. ။

 

……………………………………………………………………………………………………………..

 

( မိတ်ဆွေများ…လွတ်လပ်ငြိမ်းချမ်းကြပါစေ… )

 

လေးစားစွာဖြင့်….

 

အလင်းဆက် ( Gazette )

 

၃၁ / ရ / ၂၀၁၄ / ည ၂၂ း ၁၀

 

 

 

33 comments

  • ဇီဇီ ခင်ဇော်

    August 4, 2014 at 9:42 am

    ရေးထားး တဲ့ အစီအစဉ်လေးးး ကောင်းးးတယ်။
    အားးးမလျော့ နဲ့ ရောက်လုပြီ။ ကြိုးးးစားးးကြပါမည်။

    :mrgreen:

    • alinsett (gazette)

      August 4, 2014 at 10:00 am

      ဟုတ် မမဂျီး

      တင်ပြပုံကို ရိုးရိုး ခပ်တန်းတန်းချမပြပဲ
      နည်းနည်း ကွေ ့ကောက် သွယ်ဝိုက် လိုက်တာ။

      :mrgreen:

      ရောက်လုပြီ။

      ရောက် ရင် လု ပြီ။

      :mrgreen:

    • TNA

      August 4, 2014 at 3:32 pm

      ဇီဇီ ဇီဇီ ဇီဇီ ဇီဇီ လွန်းလွန်းလို့ခေါ်ကျိဒါ 😥

      • ဇီဇီ ခင်ဇော်

        August 4, 2014 at 3:34 pm

        ဟယ်၊.
        သများလည်း ချစ်သဲကို လွမ်းပါရဲ့။
        😥

  • surmi

    August 4, 2014 at 9:58 am

    ဒီလိုသဘောထားလိုက်ပါကွာ
    ကမ္ဘာဦးအစမှာလည်း အစိုးရမှမရှိဘဲ
    ကိုယ့်ဟာကိုယ်သင့်မယ်ထင်သလိုစီမံရတာမဟုတ်လား ……
    အခုလည်း ကျောက်ခေတ်ရောက်နေတယ် မှတ်လိုက်ပေါ့ကွာ :kwi:

    • ဇီဇီ ခင်ဇော်

      August 4, 2014 at 10:01 am

      အာ့ဆို အာ့ဆို………………………
      ကျောက်ခေတ်ဆိုရင် …………………………….
      သများ လိုချင်တဲ့သူကို တင်းပုတ်နဲ့သွား ထုပြီး (ခေါင်းကို)
      ကျောက်ဂူထဲကို တရွတ်တိုက် ဆွဲလာလို့ ရပြီလားငင်??

      :kwi:

      • surmi

        August 4, 2014 at 10:06 am

        ကျောက်ခေတ်ရဲ့ မေတ္တာ ခွဲဝေမျှသုံးခြင်းတွေလည်းရှိနေသေးတော့ ……
        အဲသလို အပိုင်စီးလို့တော့ဖြင့် မလွယ် :kwi:

        • ဇီဇီ ခင်ဇော်

          August 4, 2014 at 11:31 am

          ယောက်ခမွ သများကို မထောက်ခံရင်၊
          မီးခွက်ထွန်းလိုက်မှာနော်။

          :kwi:

        • surmi

          August 4, 2014 at 12:41 pm

          ဓတ်ဆီ နှစ်ပုံး အဆင့်သင့် :kwi:

    • alinsett (gazette)

      August 4, 2014 at 12:39 pm

      ဦးဆာ..
      အခုဟာက..ကျောက်ခေတ်တော့…ကျောက်ခေတ်ပဲ..
      ဒါပေမယ့်.. သတ်ပုံအလွဲလေးနဲ့..ကြောက်ခေတ်

      🙂

  • Mr. MarGa

    August 4, 2014 at 10:37 am

    မနေ့ညက အဆုံးထိဖတ်မိပြီး ကြိုက်နေတဲ့စာသား ဝင်အော်သွားမကွ

    အို…. ဘာတဲ့
    War is Peace (စစ်သည်ငြိမ်းချမ်းရေး)
    Freedom is Slavery (လွပ်လပ်ရေးသည် ကျွန်စနစ်)
    Ignorance is Strength (မသိခြင်းသည် အင်အား)

    :kwi: :kwi:

    • surmi

      August 4, 2014 at 10:48 am

      သဂျားလေးးး

      ဆေးကုန်နေပြီလားငင်င်င် :mrgreenn:

      • Mr. MarGa

        August 4, 2014 at 11:44 am

        1984 အဖတ်လွန်ပြီး brainwash ခံလိုက်ရလို့ပါ :mrgreenn:

        • alinsett (gazette)

          August 4, 2014 at 12:41 pm

          သဂျားရေ… ။
          အဲဒီ စာအုပ်ထဲက..အဲဒီစာသားကြီးဖတ်ပြီး.. ကျနော်လည်း… အားရပါးရ အော်နေမိသေးတယ်.. ။

  • black chaw

    August 4, 2014 at 10:58 am

    ဒီနေ့က ကျောက်ခေတ်ရဲ့ နောက်ဆုံးနေ့များ
    ဖြစ်နေမလား…။
    :mrgreen:

    • alinsett (gazette)

      August 4, 2014 at 12:43 pm

      ကျောက်ခေတ် ပြီးရင်…
      ကြောက်ရတဲ့ခေတ်ကို…ကူးသွားမလား….

      😆

      လောလောဆယ်တော့..နည်းပညာဆာလောင်တဲ့…ခေတ်များဆီကနေ…ရွေ့လာလိုက်တာ..
      နည်းပညာကို ခြေကာလက်ကာတားရတော့မလောက်… ကြောက်လာရတဲ့
      နည်းပညာကြောက်ရွ ံ့မှု ခေတ်ထဲ..ခြေချမိနေပြီ..။

      တခြားနိုင်ငံတွေမှာပြောပါတယ်.. ။
      တို ့ဆီမှာကတော့… ဆာလောင်နေရတုန်း

      😆

    • alinsett (gazette)

      August 4, 2014 at 12:53 pm

      ဂယ်လား..
      နီ အမတ် လုပ်ရင်တော့.. ပညာရေးဘက်…ထူးခြားလာနိုင်တယ်လို ့..ယုံကြည်မယ်..။

      :mrgreen:

  • ခင် ခ

    August 4, 2014 at 2:36 pm

    သူကမှ အိပ်နေရင်း အိပ်မက်မက်တာ သာယာလှတဲ့ နိုင်ငံတော်မြင်မက်သေးတယ် ဒို့များ အိပ်နေရင်းတောင် မီးမှောင်ကြားထဲ လမ်းလျှောက်လိုလျှောက် မညီမညာတဲ့ ပလက်ဖောင်း နင်းမိလို့ အမှိုက်တွေပြည့်နေတဲ့ မြောင်းထဲ ပြုတ်ကျလိုကျ လမ်းကူးလိုက်ခါမှ မြစ်ချောင်းထဲလိုလက်ပစ်ကူးလိုကူး ဘစ်ကားပေါ်ကို ဘုရားရင်ပြင်မှတ်ပြီး သမ္ဗုဒ္ဓေအထပ်ထပ်ရွတ်လိုရွတ်နဲ့………….. အဲလို အစွဲတွေကြား အိပ်ချိန်ရော မအိပ်ချိန်ရော အိပ်မက်ရော မအိပ်မက်ရော အတူတူတွေ့နေရတာပါဘဲကွယ်။
    အင်း ………. သူမက်ဘူးသလို …ပြီးပြည့်စုံတဲ့..နိုင်ငံတော်ကို.. တစ်ခါလောက်ဘဲဖြစ်ဖြစ် အိပ်မက်ထဲ..ထဲ့မက်ခွင့်လေး ရ .. ရပါစေလို့သာ………….။

    • အလင်းဆက်

      August 4, 2014 at 4:10 pm

      လေးခ ရေ….
      ့ပြီးပြည့်စုံတဲ့နိုင်ငံတော်ကို…အိပ်မက်အဖြစ်တောင်… မက်ခွင့်မရသူတွေလည်း..
      ရှိပါ့… ရှိနေပါ့…. ။

      စိတ်ကူးအိပ်မက်တွေနဲ ့..လက်တွေ ့ဘဝ….
      တစ်ထပ်တည်းကျဖို ့….
      မျှော်လင့်နေရုံပဲလား…
      မျှော်လင့်နေရုံပဲ…လား…
      အိပ်မက်ထဲမှာတောင်… အလန့်လန့်အထိတ်ထိတ်နဲ ့…
      ဆိုးဝါးမှုတွေကို..မက်နေရသူတွေ…အများကြီးရှိတယ်… ။

      ကျနော်တို ့….
      တစ်ခုခု ဖြစ်လာဖို ့ကို..မျှော်လင့်နေရုံ အနေအထားကနေ…လွန်မြောက်ပြီး..
      တစ်ခုခု ဖြစ်လာဖို ့….
      တစ်ခုခု ထ လုပ်ကြဖို ့…အချိန်တန်နေပြီ….

      • ခင် ခ

        August 4, 2014 at 4:25 pm

        အချိန်ကတော့ တန်ခဲ့တာကြာပေါ့ကွယ်
        ခတ်တာက နောက်လိုက်မယ် အင်အားကရှိနေပြီးသား ရှေ့က ဦးဆောင်မည့်သူ လိုနေတယ်။
        ဦးဆောင်ထိုက်တဲ့သူကျတော့လည်း သူကတော့ဦးဆောင်နေပေမယ့် သွေးထိုးမှုဝါဒတွေနဲ့
        ဝေ့ဝါးဝါးဖြစ်အောင် လူထုအားလျော့သွားအောင် လုပ်နေကြတော့ အခက်သားလား။
        ဒီအချိန်မှာ ညခန်းရှည်ကနေတဲ့သူတွေ ဇတ်ခုံပေါ်က ဆင်းသွားအောင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်လုပ်ကို လုပ်ရမှာ အဲဒါကို လူတိုင်းသိထားကြရင် အဆင်ပြေပြီမှတ်ဆိုရမလိုပါဘဲ။

  • kai

    August 4, 2014 at 3:06 pm

    အခုလောက်ခရီးရောက်နေတာကိုက… မြန်မာသစ်သမိုင်းမှာ.. မရှိဖူးသေးပါ…
    မြန်မာဟောင်းသမိုင်းမှာလည်း.. မရှိခဲ့ပါ..

    ဆိုတော့…
    ကျန်ခဲ့တဲ့.. မဏ္ဍိုင်… တခု.. မီဒီယာအပိုင်းကနေ.. ဆက်တွန်းကြ..
    ပြိုင်တူရွှေ့အောင်တွန်းလျှင်.. ရွေ့ပါသည်..။
    အဲ.. ပြတ်ထွက်သွားအောင်တော့.. “ဆောင့်”မတွန်းကြစေလို…။ :k:

    • surmi

      August 4, 2014 at 3:14 pm

      ပြောလိုက်စမ်းပါသဂျီးရယ် ဟွင်းဟွင်း

      မ ဆ လ ခေတ်မှာ ဆင်ချေးတုံးဆပ်ပြာကို ဝယ်ဖို့
      သ/မ ဆိုင်မှာ တန်းစီတိုးခဲ့ရတာ …
      အခုကြည့်စမ်း
      ကြိုက်တာရွေးယူ
      ကျသလောက်ရှင်း
      ဘယ်လောက်မိုက်လဲ :kwi:

      • အလင်းဆက်

        August 4, 2014 at 4:06 pm

        အဲဒီ…ဖြစ်နေတဲ့အခြေအနေကို..ကြံဖန်နေတတ်ထိုင်တတ် (ရောင့်ရဲတတ်တယ်ခေါ်မလား) ကြတာ….

        အဲ့ဒါတစ်ခုကိုတော့…. ဂုဏ်လည်းယူမိတယ်.. ။ အားမလိုအားမရလည်း..ဖြစိမိတယ်.. ။

        😆

    • အလင်းဆက်

      August 4, 2014 at 4:14 pm

      သဂျီး..အခုဟာက… တွန်းရမှာလား..ဆွဲ ရမှာလား..
      တွန်းရင်.. လည်ထွက်သွားပြီး…ဘူတာကြီး ပြန်ဆိုက်သွားရင်…ဘယ်နှယ့်..လုပ်မတုန်း.. ။

      ကိုယ်လိုရာကို… ညီညာဖျဖျ ဆွဲကြဖို့လို့တော့…ထင်တာပဲ.. ။

      :mrgreen:

      • kai

        August 4, 2014 at 4:19 pm

        ရှေ့ဆောင်နွားလား.. ဖြောင့်ဖြောင့်သွားအောင်.. တွန်းလိ်ုက်ဆွဲလိုက်… ကြိမ်လေးဝှေ့လိုက်နဲ့.. ဖျမ်းကနဲ့ဆော်လိုက်နဲ့.. နွားမောင်းသလို.. မောင်းသွားပေတော့.. :k:

  • ဇီဇီ ခင်ဇော်

    August 4, 2014 at 3:14 pm

    ဘာမှဟုတ်ဘူးးး
    ဦးခက်သီ ပြောထားတာ သဘောကျလို့ ဘယ်မှာ ရေးရမှန်းမသိလို့ ဒီမှာလာရေးတာနော်။
    စိတ်မဆိုးနဲ့။
    ခိခိ
    :mrgreenn:
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    တစ်ယောက်ယောက်နဲ့ ရန်သူ ဖြစ်ဖို့…
    တစ်ချက်မှ တစ်ကွက်မှ အားမနာခဲ့ ဖူးဘူး…
    တစ်ယောက်ယောက်နဲ့ မိတ်ဆွေဖြစ်ဖို့…
    စက္ကန့် တစ်စိတ်အတွင်းမှာ အကဲခတ်နိုင်တယ်…
    အကျိုးအမြတ်ထက် နှလုံးသားက်ို ဖတ်တဲ့ ငါ့အကျင့်က…
    ရန်သူလိုလို မိတ်ဆွေလိုလို…
    ဖောဖောတွေကိုတော့…
    ရန်သူလောက်တောင် မလေးစားဘူး လို့တောင် မပြောချင်တော့ဘူး…
    တောက်ဖက် မတန်လို့…..!!!
    .
    .
    ခက်သီ

    :mrgreen:

  • TNA

    August 4, 2014 at 3:30 pm

    အောင်မယ်လေး ကိုယ့်ဘဝကိုယ်သနားလွန်းလို့ :cry::cry: 😥 မျက်ရည်လည်ရွှဲဖတ်သွားပါတယ်

  • manawphyulay

    August 5, 2014 at 11:36 am

    ရောက်လုနီးပြီ ရှေးခေတ်ဆီ
    အဲ မွှားလို့
    ခေတ်သစ်ဆီ….

    (သီချင်းလေး ညည်းရင်း)
    မဖြစ်နိုင်xxxxx ဒီဘဝမှာ xxxx မဖြစ်နိုင်

  • manawphyulay

    August 5, 2014 at 12:17 pm

    မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ ပြုပြင်ပြောင်းလဲစရာတွေ တပုံတပင်ရှိသည်ဟု လူပြောသူပြောများ ကြသည်။ တစ်ချို့က ငြိမ်းချမ်းရေးအရင်တည်ဆောက်၊ တစ်ချို့ကျတော့လည်း ပညာရေးစနစ်ကိုဦးဆုံး ပြင်ရမှာလို့ ပြောသည်။ စီးပွားရေးဆိုင်ရာပေါ်လစီတွေ၊ စာနယ်ဇင်းဥပဒေ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ တွေ၊ ယုတ်စွအဆုံး နိုင်ငံသားဖြစ်ခွင့်ကအစ သဗ္ဗအလုံးစုံသည် မြင်မြင်သမျှပြင်စရာချည်းဟု ပြော ချင် သည်။ ဒီအထဲတွင် တစ်ချို့များ ကျတော့လည်းအဆန်း။ အလံပြောင်းသည့်ကိစ္စ၊ ကာကွယ်စောင့်ရှောက် ပါမည် နှင့်လေးစားလိုက်နာပါမည်ကိစ္စ။ မြန်မာနိုင်ငံကို ဗမာနိုင်ငံဟုသုံးနှုန်းမိ၍ ဖြေရှင်းရသည့်ကိစ္စ။ နိုင်ငံ ရေး ဆိုတာ တယ်လည်း ရှုပ်ထွေးပွေလီသကိုး ဟု စာရေးသူတွေးမိ စိတ်ညစ်ရပါသည်။ တစ်ခါတစ်ရံ တွေး မိသေးသည်။နိုင်ငံတည်ဆောက်ရေးဆိုတာမူလတန်း ကလေးတွေ အုပ်စုဖွဲ့ပြီး အိုးပုတ်၊ချိုးရုပ်ဆော့ သလို များလားလို့။ အေးလေ…ကိုယ့်အဆင့်ကလည်း ဒီလောက်ပဲ တွေးနိုင်တာကိုး။ ဒါလည်းရှိပါစေတော့။ စောင့် ကြည့်ပါဦးမည်။

    • အလင်းဆက်

      August 5, 2014 at 6:11 pm

      တချို့ကတော့…တချို့ပေါ့ဗျာ.. ။
      မယောင်ရာ..ဆီလူးလိုလူးပေါ… ။

      :mrgreen:

Leave a Reply