အမုန်းမုန်တိုင်းပေါ်က ရက်စက်သောရယ်သံ

အမုန်းမုန်တိုင်းကြားမှာ
ရက်စက်မှုဟာဟားတိုက်ရယ်လို့
မီးမုန်တိုင်းတွေတောက်လောင်တဲ့အခါ
အိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေကြား
ရက်စက်မှုဟာဟားတိုက်ရယ်လို့
အမုန်းကြောင့်ရက်စက်ရတာဆိုပဲ
ရက်စက်မူက ဆင်ဝှေ့ရန်ရှောင်လေးပြောတယ်
ကလေးသူငယ်လည်းမချန်ဘူးသက်ကြားအိုလည်းမငဲ့ဘူး
ရက်ရက်စက်စက် ရက်စက်ရဲတယ်
ရက်စက်မှရာဇာဆိုတဲ့စကားနဲ့
ရက်စက်မှုဟာဟားတိုက်ရယ်လို့
အကြင်နာတစ်စတစ်လေတောင် မရှိတဲ့
အမုန်းလေပင့်လို့ ဖြစ်တည် လာတဲ့ အနိုင်အားနဲ့
ကျရှုံးမှုတွေကို ပင့်မြှောက်လို့ အော်ဟစ်သံပေးတယ်
ကြောက်ရွံ့တုန်လှုပ်စွာပြေးလွှားတဲ့နောက်ကိုလိုက်ပြီး
တောင်းပန်သံတွေကိုလည်း နားလေးသူလိုဥက္ခောပြုရင်း
ရက်စက်မှုဟာဟားတိုက်ရယ်လို့
ချစ်ခြင်းမေတ္တာမြစ်ကို သူ့အပူငွေ့နဲ့ ခြောက်ခမ်းစေတယ်
ရက်စက်မှုကို တားပေးကြပါ
ရက်စက်မှုကိုတရားပြပါ
ရက်စက်မှုကိုမရက်စက်ဖို့
ရက်စက်မှုတွေ ပပျောက်ဖို့
ခင်ဗျားတို့ကျနော်တို့ ရက်စက်မှုကို
ရက်ရက်စက်စက်နိမ်နင်းရလေမလား

ခင်ဗျားအနားမှာ
ရက်စက်မှုဟာဟားတိုက်ရယ်နေတယ်
ကျနော့အပါးမှာ
ရက်စက်မှုဟာဟားတိုက်ရယ်နေတယ်
ကျနော်နှလုံးသားထဲလှံချွန်နဲ့ထိုးသလို
သူ့ရယ်သံကထက်မြနေတယ်
ကျနော် စိတ်ထဲအော် ကလီဆန်အောင်
သူ့အသံက ရွံ့စရာကောင်းနေတယ်

တိတ်……..တိတ်စမ်း…တိတ်လိုက်စမ်း
ရက်စက်မှုဟာဟားတိုက်ရယ်လို့
ရက်စက်မှုဟာဟားတိုက်ရယ်လို့ …..။

About htet way

has written 133 post in this Website..