” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၁ “

 

ကျန်းမာရေးဆိုင်ရာ ဗဟုသုတအနေနှင့် ဖြစ်လေ့ဖြစ်ထရှိသော သွေးကြောဆိုင်ရာ ရောဂါများအကြောင်းနဲ့ ဘယ်လိုစားသောက်နေရမလဲဆိုတာကို ဒေါက်တာမီမီကို ရေးပြထားတဲ့အထဲကမျှဝေပေးချင်ပါတယ်။

၁။ နှလုံးသွေးကြောဆိုင်ရာရောဂါများအကြောင်း

နှလုံးသွေးကြောဆိုင်ရာရောဂါ တော်တော်များများဟာ သွေးကြောကျဉ်းခြင်းကနေ ဖြစ်ပေါ်လာတာပါ၊ နှလုံးသွေးကြောကျဉ်းခြင်းရောဂါဟာ သွေးလွှတ်ကြော်ရဲ့ နံရံတွေပေါ်မှာ အဆီ(ကိုလက်စထရောနဲ့ သွေးခဲ)တွေ စုပုံလို့ဖြစ်ပေါ်ရခြင်းဖြစ်ပါသည်၊ ဒီအစုအပုံတွေဟာ သွှေးလွှတ်ကြောနံရံတွေကို ကျဉ်းမြောင်း အားနည်းသွားစေပါတယ်၊ ဖြည်းဖြည်းချင်းနဲ့ သွေးကြောနံရံတွေ ပေါက်ထွက်တဲ့အထိ ဖြစ်နိုင်ပါတယ်၊ နောက်ဆုံးမှာ နေရာကွက်ပြီးပဲဖြစ်စေ သွေးလွှတ်ကြော အဖွဲ့အစည်းထဲမှာဖြစ်စေ ပိတ်ဆို့လာနိုင်ပါတယ်။

လေသင်တုန်းဖြတ်ခြင်းဟာ ဦးနှောက်ဆီကို သွေးပေးပို့နေတဲ့ သွှေးလွှတ်ကြောပိတ်ဆို့မှုကြောင့် ဖြစ်ပေါ် တာဖြစ်ပါတယ်၊ အစွမ်းထက်တဲ့ကုသနည်းလမ်း မတွေ့ရသေးဟုသိရပါတယ်။

သွေးလွှတ်ကြောလှည့်ပတ်မှု ပျက်ယွင်းခြင်းကြောင့် ခြေထောက်နာခြင်းရောဂါဟာ အထူးသဖြင့် ခြေသလုံး ကြွက်သားတွေမှာ ဖြစ်တတ်ပါတာတွေ့ရပါတယ်၊ခြေထောက်ဆီကိုသွားတဲ့ ပေါင်သွေးလွှတ်ကြောတွေ ပိတ်ဆို့ ခြင်းကြောင့် ဖြစ်ပါတယ်၊ ခြေထောက်တွေ အေးစက်လာပြီး ရောဂါပြင်းထန်ရင် ခြေချောင်းတွေပါ ပုပ်ပွလာနိုင် ပါတယ်၊ သွေးကြောငယ်အသစ်တွေ ဖြစ်ပေါ်စေဖို့ ပုံမှန်လေ့ကျင့်ခန်းယူခြင်းက အထောက်အကူပြုနိုင် ပါတယ်။

Heart attack ဟာ နှလုံးသွေးကြော ပိတ်ဆို့မှုကြောင့်ဖြစ်ရတာပါ၊ ပထမဆုံးကြုံရတဲ့လက္ခဏာကတော့ ရင်ဘတ်ရိုးအပေါ်ဘက် ဒါမှမဟုတ် ၀ဲဘက်မှာ မိနစ်ပိုင်း(တစ်ခါတရံ နာရီနဲ့ချီကြာအောင်) အောင့်လာခြင်းပါဘဲ၊ ချွေးထွက်များလာပြီး အသားအရေပါ မွဲခြောက်ခြောက်ဖြစ်လာပါတယ်၊ အက်စ်ပရင်နဲ့ သွေးခဲခြင်းကို တားဆီး ပေးတဲ့ ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်၊ နှလုံးညှစ်အားမကောင်းခြင်းဟာ Heart attack ကြောင့်ဖြစ်ရတာပါ၊ နှလုံးမှာသွေးလက်ခံရရှိမှု လျော့နည်းတဲ့အတွက်ကြောင့် နှလုံးကြွက်သားပျက်စီးလာပါတယ်၊ အဲဒီကျတွေ့ရတဲ့ လက္ခဏာတွေကတော့ မောပန်းခြင်း၊ ခြေချင်းဝတ်တွေ ဖောရောင်ခြင်းနဲ့ အသက်ရှုကျပ်ခြင်းတို့ဖြစ်ပါတယ်၊ ရုတ်တရက်ဖြစ်ပေါ်တဲ့ နှလုံးရပ်ခြင်းမှာ ဝေဒနာရှင်ဟာ အသက်ရှုကျပ်ပြီး အခြေအနေဆိုးဝါးရင် ပါးစပ်ကအမြှုပ်ထလာတတ်ပါတယ်၊ ဆီးရွှင်ဆေးနဲ့ ACE inhibitors တွေနဲ့ ကုသနိုင်ပါတယ်၊ ရေရှည်သွေးကြောပိတ်မှုကိုတော့ ခွဲစိတ်ကုသလို့ လည်းရပါတယ်၊ ဥပမာ bypass နည်းနဲ့ နှလုံးသွေးကြောတွေကို အစားထိုးခြင်း၊ bypass နည်းနဲ့ ပေါင်သွေး လွှတ်ကြောတွေထဲကို ပြွန်ချောင်း သေးသေးလေးထည့်ပြီး ခွဲစိတ်ကုသနည်းတို့ ဖြစ်ပါသည်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေအနေနဲ့ ပုံစံမှန်ကန်အောင် စားသောက်ဖို့ အလွန်အရေးကြီးတယ်လို့ ဆရာဝန်တွေက အကြံပြုပါတယ်၊ ဘာကြောင့်လဲဆိုတော့ မှန်ကန်သင့်လျော်တဲ့ အစားအစာတွေ စားသောက် ခြင်းဟာ သွေးလွှတ်ကြောမှာ အဆီတွေစုပုံမှုကို ကာကွယ်ပေးနိုင်လို့ပါဘဲ၊ ဒါ့အပြင် သွေးခဲခြင်းကိုလည်း လျော့နည်းသွားစေပါတယ်၊ အိုမီဂါ(၃)နဲ့ အိုမီဂါ(၆) ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေး သင့်ပါတယ်၊ အိုမီဂါ(၃) ကိုတော့ အဆီများတဲ့ ငါးကနေရနိုင်ပါတယ်၊ ငါးအဆီတွေဟာ လူကိုအကျိုးပြုအဆီဖြစ် ပါတယ်၊ အိုမီဂါ(၆) ကိုတော့ အစေ့အဆန်အစေ့က ထုတ်ယူထားတဲ့ ဆီတွေကနေ ရနိုင်ပါတယ်၊ သံလွင်ဆီမှာ အိုမီဂါ(၆)သာမက Oleic acid ပါဝင်တဲ့အတွက်ကြောင့် သွေးကြောကျဉ်းခြင်းကို ကာကွယ်နိုင်ပါတယ်၊ Oleic acid ကို မက်မွန်သီးနဲ့ သစ်ကြားသီးတွေမှာလည်း တွေ့ရနိုင်ပါတယ်၊

နှလုံးသွေးကြောဆိုင်ရာ ရောဂါတစ်ခုခုရှိနေသူဟာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို များများသုံးပေးသင့်ပါတယ်၊ ပဲနီလေး ဘိုစားပဲ၊ ရိုင်းဂျုံ၊ အုတ်ဂျုံ၊ ဘာလီ၊ စပါး၊ ပေါင်မုန့်နဲ့ ခေါက်ဆွဲခြောက် တွေမှာ အမျှင်ဓာတ်ပါဝင်ပါတယ်၊ ဒီအစာတွေကိုစားပေးရင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုလက်စထရော တွေထုတ်လုပ်မှုကို ဟန်တားပေးပါတယ်၊ အဆီတွေကို အညစ်ကြေးစွန့်ရာတွင် ပါဝင်စေခြင်းနဲ့လျော့ပေးသည့် အကျိုးနှစ်ခုရရှိနိုင်ပါတယ်၊ ဒီအစားအစာတွေအပြင် လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း တွဲဖက်စားသုံးသင့်ပါတယ်၊ အနီရောင်ရှိတဲ့ အသား၊ အဆီနဲ့ သကြားဓာတ်များတဲ့ အစားအစာတွေကို လျှော့စားသင့်ပါတယ်၊

ကိုယ်အလေးချိန်အလွန်အကျွံတက်ခြင်းဟာနှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုအတွက် အဓိက အကြောင်းအရင်း တစ်ခုလို့လည်း ဆိုလို့ရပါတယ်၊ ဒါ့အပြင်သွေးပေါင်ချိန်တက်ခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်နိုင် စေပြီး ကိုယ်အလေးချိန်ဖြည်းဖြည်းလျော့ချခြင်း အဆီနဲ့သကြားဓာတ်ပါတဲ့ အစားအစာတွေလျော့ချခြင်း၊ အရက်နှင့် ဖန်တီးထားသောအစာရှောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတွေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ တွေမဖြစ်အောင်ကာကွယ်နိုင်ပါတယ်၊ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီနဲ့ ကိုလာတွေကို အလွန်မသောက်သုံးသင့် ပါဘူး ထိုအရည်တွေ သောက်သုံးခြင်းဟာ သွေးပေါင်ချိန်တက်နိုင်ပြီး တစ်ချို့ဟာ ဆားကို ခန္ဓာကိုယ်လို သလောက်ထက်ပို စားသုံးမှုဟာလည်း သွေးပေါင်ချိန်ပိုတက်စေပါတယ်၊ သွေးပေါင်ချိန်ကို တက်ခြင်းအမြဲ ဖြစ်နေခြင်းဟာလည်း နှလုံးသွေးဘေကာဆိုင်ရာရောဂါကို ဖြစ်စေနိုင်တာကို သတိပြုကြစေလိုပါတယ်။

( တလောက ကျုပ်တို့ရွာသား အဘဆွေ၏ ဦးလေး Heart attack ဖြင့်ဆုံးပါးသည်ဟူသော သတင်းဖတ်ရ သဖြင့် ဗဟုသုတ အနေနှင့်သိရှိရန်အလို့ဌာ………….)

 

စာကြွင်းးးးးးးးးးး

ဒီနေရာမှာ  အကြံပြုချင်တာကတော့ အသက်သုံးဆယ်ကျော်လာရင် ငါးများများစားပါ၊ အဆီပါသော ငါးများစားသုံးပေးပါ၊ သံလွင်ဆီကို ဟင်းချက်ရာတွင် ထဲ့သွင်းစားသုံးပါ ပဲနီလေးဟင်းရည် မကြာမကြာသောက်ပေးခြင်းသည် Heart attack ဖြစ်ခြင်းကိုကာကွယ်ရာရောက်ပါတယ်၊ ငါးများများစားဆိုရာတွင် အကင်ငါး၌ ငါးကိုမှိုင်းကပ်ခြင်း တူးစေခြင်းက ကျန်းမာရေးအထောက်အပံထက် ဘေးပိုဖြစ်စေသည်ကိုတော့ သတိပြုစေ လိုပါသည်။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..