စဉ်းစားကြစေလိုပါတယ် ( ၇၆ ) ( စဉ်းတောင် မစဉ်းစားချင်တော့ပါဘူးကွယ် )

Foreign ResidentAugust 3, 20148min48033

စဉ်းစားကြစေလိုပါတယ် ( ၇၆ ) ( စဉ်းတောင် မစဉ်းစားချင်တော့ပါဘူးကွယ် )

 

အင်းးးးး ။

အဘ လဲ အခု ရွှေပြည်ကြီး ကို ပြန် ရောက်နေလို့ ၊

ရွှေပြည်ကြီး ရဲ့ Super Fast Connection ကို ၊

( သေချင်လောက်အောင် ) စိတ်ကုန်လွန်းလို့ ၊

ဘာ Post တစ်ခုမှ မရေးဘဲ ၊ ငုတ်တုပ်ထိုင်နေတာ ။

 

အောက်က သတင်းလေးကို ဖတ်မိလို့ ၊

ရွာသူားတို့ရဲ့ ဗဟုသုတ အလိုငှာ အသိပေးသင့်တယ် ထင်လို့ ၊

ဒီ Post လေးကို ကောက် ရေး / ဘာသာပြန်မိတာပါကွယ် ။

 

သတင်းစာကတော့ ပါကစ္စတန်နိုင်ငံ က ထုတ်ဝေတဲ့ Pakistan Today သတင်းစာပါ ။

Detail သိချင်ရင်တော့ အောက်က Link မှာ ဆက်ဖတ်နိုင်ပါတယ် ။

 

Pakistan Today is a Pakistani English-language daily newspaper,[1]

published by Nawa Media Corporation from three Pakistani cities –

Lahore, Punjab; Karachi, Sindh; and Islamabad, Islamabad Capital Territory.

 

<http://en.wikipedia.org/wiki/Pakistan_Today>

 

အဲဒီ သတင်းထဲမှာပါတဲ့ Council of Islamic Ideology ဆိုတာက ၊

ပါကစ္စတန်နိုင်ငံကြီး အစ္စလာမ် လမ်းကြောင်းမှန်ပေါ်ကနေ သွားရအောင် ၊

ပါကစ္စတန် အစိုးရ နှင့် လွှတ်တော်ကို ထိန်းကျောင်းမှု ပေးနေတဲ့ နိုင်ငံ ဥလျှောင် အဖွဲ့ကြီးပါ ။

Detail သိချင်ရင်တော့ အောက်က Link မှာ ဆက်ဖတ်နိုင်ပါတယ် ။

 

Council of Islamic Ideology is a constitutional body

responsible for giving legal advice on Islamic issues

to the Government of Pakistan and the Parliament.

 

The council has the following functions:

– To recommend laws conforming to Qur’an and Sunnah to the Parliament and Provincial Assemblies.

– To advise the Parliament, Government of Pakistan, President of Pakistan, or Governor on any question referred to the Council as to whether a proposed law is or is not repugnant to the Injunctions of Islam.

– To make recommendations to bring current laws into conformity with Islamic injunctions.

– To compile guidance for the Parliament and Provincial Assemblies.

 

<http://en.wikipedia.org/wiki/Council_of_Islamic_Ideology>

 

ဒီ သတင်းလေးကတော့ ပါကစ္စတန်နိုင်ငံ က ထုတ်ဝေတဲ့ ၊

Pakistan Today သတင်းစာထဲက 15 March 2014 နေ့စွဲ နှင့် သတင်းလေးပါဘဲ ။

Detail သိချင်ရင်တော့ အောက်က Link မှာ ဆက်ဖတ်နိုင်ပါတယ် ။

 

<http://www.pakistantoday.com.pk/2014/03/15/comment/coucil-of-islamic-ideology-declares-womens-existence-anti-islamic/>

 

ပထမဦးဆုံး သတင်းရဲ့ မူရင်း စာကို တင်ပြပေးလိုပါတယ် ။

 

“ Council of Islamic Ideology declares women’s existence anti-Islamic ”

 

Islamabad – Sharia Correspondent: The Council of Islamic Ideology (CII) concluded their 192nd meeting on Thursday with the ruling that women are un-Islamic and that their mere existence contradicted Sharia and the will of Allah. As the meeting concluded CII Chairman Maulana Muhammad Khan Shirani noted that women by existing defied the laws of nature, and to protect Islam and the Sharia women should be forced to stop existing as soon as possible. The announcement comes a couple of days after CII’s 191st meeting where they dubbed laws related to minimum marriage age to be un-Islamic.

 

After declaring women to be un-Islamic, Shirani explained that there were actually two kinds of women – haraam and makrooh. “We can divide all women in the world into two distinct categories: those who are haraam and those who are makrooh. Now the difference between haraam and makrooh is that the former is categorically forbidden while the latter is really really disliked,” Shirani said.

 

He further went on to explain how the women around the world can ensure that they get promoted to being makrooh, from just being downright haraam. “Any woman that exercises her will is haraam, absolutely haraam, and is conspiring against Islam and the Ummah, whereas those women who are totally subservient can reach the status of being makrooh. Such is the generosity of our ideology and such is the endeavour of Muslim men like us who are the true torchbearers of gender equality,” the CII chairman added.

 

Officials told Khabaristan Today that the council members deliberated over various historic references related to women and concluded that each woman is a source of fitna and a perpetual enemy of Islam. They also decided that by restricting them to their subordinate, bordering on slave status, the momineen and the mujahideen can ensure that Islam continues to be the religion of peace, prosperity and gender equality.

 

Responding to a question one of the officials said that international standards of gender equality should not be used if they contradict Islam or the constitution of Pakistan that had incorporated Islam and had given sovereignty to Allah. “We don’t believe in western ideals, and nothing that contradicts Islam should ever be paid heed. In any case by giving women the higher status of being makrooh, it’s us Muslims who have paved the way for true, Sharia compliant feminism,” the official said.

 

The CII meeting also advised the government that to protect Islam women’s right to breathe should also be taken away from them. “Whether a woman is allowed to breathe or not be left up to her husband or male guardian, and no woman under any circumstance whatsoever should be allowed to decide whether she can breathe or not,” Shirani said.

 

ဘိုလို အားနည်းတဲ့ / ဘိုလို ဖတ်ရမှာ ပျင်းတဲ့ တစ်ချို့ ရွာသူားတွေအတွက် ၊

အဘ က ဒီ သတင်းထဲက အရေးပါတဲ့ စာကြောင်း တစ်ချို့ကို ဘာသာပြန်ပေးပါ့မယ် ။

 

” Council of Islamic Ideology declares women’s existence anti-Islamic “

 

ခေါင်းစဉ် က ၊

” အမျိုးသမီးများ တည်ရှိနေမှု သည် ( ပင်လျှင် ) အစ္စလာမ် ဘာသာကို ဆန့်ကျင်မှု ဖြစ်သည် ” ဟု ၊

အစ္စလာမ် အတွေးအခေါ် ကောင်စီ မှ ကြေငြာလိုက်သည် ။

 

အွန် ၊ အဘ လည်း စ ဖတ်ဖတ်ခြင်းမှာ ၊

ငါ့ရဲ့ အင်္ဂလိပ်စာ နားလည်မှုများ မှားနေသလားဆိုပြီး ၊ သေချာ ဆက်ဖတ်ဖြစ်တယ် ။

ဆက်ဖတ်ကြည့်လေ သူတို့ရဲ့ ဆိုလိုရင်းက ပိုသေချာလာလေပါဘဲ ။

 

” The Council of Islamic Ideology (CII) concluded

their 192nd meeting on Thursday with the ruling

that women are un-Islamic and

that their mere existence contradicted Sharia and the will of Allah. “

 

” အစ္စလာမ် အတွေးအခေါ် ကောင်စီ ရဲ့ ၁၉၂ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ၊

အမျိုးသမီးများ တည်ရှိနေမှု ဟာ အစ္စလာမ် ဘာသာ နှင့် မညီညွတ် / မကိုက်ညီပါဘူး ။

အမျိုးသမီးများ တည်ရှိနေမှု သည် ( ပင်လျှင် ) ၊

အစ္စလာမ် ဥပဒေ နှင့် အလ္လာအရှင် ရဲ့ ဆန္ဒ ကို ဆန့်ကျင်မှု ဖြစ်သည် “

 

” CII Chairman Maulana Muhammad Khan Shirani noted that

women by existing defied the laws of nature, and to protect Islam and the Sharia

women should be forced to stop existing as soon as possible. “

 

အဲဒီ ကောင်စီ ဥက္ကဋ္ဌကြီး Maulana Muhammad Khan Shirani ကပြောတယ် ၊

အမျိုးသမီးများ တည်ရှိနေမှု ဟာ သဘာဝတရား ကို ဆန့်ကျင်တာ ဖြစ်ပြီး ၊

အစ္စလာမ် နှင့် အစ္စလာမ် ဥပဒေ ကို ကာကွယ်ဖို့ အတွက် ၊

အမျိုးသမီး ( မှန်သမျှ ) ကို ကမာ္ဘမြေပေါ်ကနေ ပျောက်ကွယ်သွားအောင် ၊

အမြန်ဆုံး (အမြန်ဆုံး ) လုပ်ဆောင်ရမှာ ဖြစ်တယ် “

 

” concluded that each woman is a source of fitna and a perpetual enemy of Islam.

They also decided that by restricting them to their subordinate, bordering on slave status “

 

” အမျိုးသမီး တစ်ယောက်စီတိုင်းဟာ အစ္စလာမ် ရဲ့ သူပုန် / အမြဲတမ်း ရန်သူ တွေ ဖြစ်ကြတယ် ။

ဒါကြောင့် အမျိုးသမီးတွေကို လက်အောက်ခံ / ကျွန် အဆင့်မှာသာ ထားဖို့ ဆုံးဖြတ်တယ် “

 

” “Whether a woman is allowed to breathe or not be left up to her husband or male guardian,

and no woman under any circumstance whatsoever should be allowed to decide

whether she can breathe or not,” Shirani said. “

 

” အမျိုးသမီး တစ်ယောက် အသက် ရှုခွင့် ( အသက် ဆက် ရှင်သန်ခွင့် ) ရသင့် မရသင့် ဟာ ၊

သူမ ရဲ့ လင်ယောက ်ကျား / သူမ ရဲ့ အမျိုးသား အုပ်ထိန်းသူ ကသာ ဆုံးဖြတ်ရမယ် ။

အမျိုးသမီး တစ်ယောက် ရဲ့ အသက် ဆက် ရှင်သန်ခွင့်ကို ၊

အမျိုးသမီး သူမ ကိုယ်တိုင် သော်လည်းကောင်း ၊ တခြား အမျိုးသမီး တစ်ဦး က သော်လည်းကောင်း ၊

ဆုံးဖြတ်ပိုင်ခွင့် လုံးဝ မပေးရဘူး ” တဲ့ ။

 

ဆိုလိုရင်းက ၊ မိန်းမမှန်သမျှ ၊ သူမ ရဲ့ လင်ယောက ်ကျား / သူမ ရဲ့ အမျိုးသား အုပ်ထိန်းသူ က ၊

သေဆိုရင် သေရမယ် ၊ ရှင်ဆိုရင် ရှင်ရမယ် ။ ဒါပါဘဲ ။

 

ဟင်းးးးးးးး ။

 

၁ ။

ဒီသတင်းဟာ ထူးခြားတဲ့ သတင်းလေး တစ်ခုမို့လို့ ၊

ရွာသူားတွေ ဗဟုသုတ အလိုငှာ ၊ ဘာသာပြန်ပေးတာသာ ဖြစ်ပါတယ် ။

( အဘ က Just Messenger လေးရယ်ပါ ။ ဟီ ဟိ )

( သတင်း တစ်ခုကို ၊ သတင်း အနေနှင့်သာ ဖတ်ပြီး ၊ ဗဟုသုတ ယူစေလိုပါတယ် )

 

၂ ။

ဒီ အပေါ်မှာ အဘ ဘာသာပြန်တာ ပက်ပက်စက်စက် လွဲခဲ့တာရှိရင် ၊

ထောက်ပြ ဝေဖန်ကြပါ ခမျ ။

 

၃ ။

ဒီသတင်း အပေါ် အဘ ရဲ့ မှတ်ချက် ကို မပေး / မရေး လိုပါ ။

( ရွာသူားတွေကဘဲ မိမိ ပညာဉာဏ်နှင့်ဘဲ ချင့်ချိန် သုံးသပ်ကြပေါ့နော် )

( ဆဲရေး တိုင်းထွာတာတွေတော့ မလုပ်ကြပါနှင့်ကွယ် )

 

ပြောရမယ် ဆိုရင်တော့ ၊

အဘ ရဲ့ မှတ်ချက် က အပေါ်မှာ ရေးထားတဲ့ ” ဟင်းးးးးးးး ” တစ်လုံးထဲ ပါဘဲ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

33 comments

  • ဇီဇီ ခင်ဇော်

    August 3, 2014 at 8:38 pm

    သူတို့ က ဘယ် အပေါက် ကနေ လူ့ ပြည် ရောက်လာလဲ မှ မသိ..??? 🙄

    :mrgreen:

    • surmi

      August 3, 2014 at 10:15 pm

      အဟမ်းးးး
      ဖန်ပေါင်းချောင်နဲ့ သန္ဓေတည်ဖို့ဆုံးဖြတ်ထားတယ်ထင်ပါရဲ့
      DNA ကိုလည်းပွါးယူပြီ း လူသားမျိုးနွယ်ကို စက်ရုံကနေများ ထုတ်မလို့လားမသိ ။

  • padonmar

    August 3, 2014 at 11:05 pm

    အရူးတွေလို့ပဲ…(အဘကိုမဟုတ်ဘူးနော်)

  • ဝင့်ပြုံးမြင့်

    August 4, 2014 at 12:05 am

    -စဉ်းစားစရာတွေက အများကြီးပဲ။ ဒီအပိုင်းက ကျမ ပိုင်တဲ့အပိုင်းလို့ထင်တယ်။ ဒီကိစ္စကိုချပြချင်နေတာလည်း ကြာပြီ။ ရေးလိုက်ရင် သိပ်များပြီး ဟုန်သွားရုံပဲ။
    အာဖဂန်နစ္စတန်လမ်းကြောင်းကို ပါကစ္စတန်လိုက်တော့မှာ။ ဒါကထားပါတော့။
    အခု မြန်မပြည်မှာဖြစ်နေတာက မွတ်တွေ မကောင်းတာကို သိပ်သိတဲ့လူတွေက ကိုယ့်ခြံစည်းရိုးကိုယ်လုံအောင် လုပ်ကြ ဆိုပြီး ဗုဒ္ဓဘာသာအားကောင်းအောင် လုပ်ကြတယ်။ စစ်မှန်တဲ့ ဘာသာရေးရဲ့ အဆုံးအမနဲ့ တိုင်းပြည်အေးချမ်းမယ်။ ဘာသာသာသနာ အားကောင်းမယ်လို့ ယူဆကြတယ်။
    သဂျီးကတော့ ဒီမို မရတာဟာ ဘာသာရေး ဘာသာရေးလို့ အော်နေတယ်။ သဂျီးက ဗုဒ္ဓဘာသာကို အော်နေတာ။ ဒီတော့ သူ့ကိုလည်း သူများက မာမွတ်လျှာပွတ် မာမွတ်လျှာပွတ် အော်နေတော့တာပေါ့။
    – တချို သဘောထားပျော့ပျောင်းတဲ့လူတွေ ဘယ်လိုထင်နိုင်သလဲဆိုရင် သဂျီးက အစိုးရဘက်ကိုရော၊ အတိုက်အခံဘက်ကိုရော ဘယ်ကိုမှ မယိမ်းဘဲ ဘာသာရေးကို တရားခံလုပ်ထားတာ ကြားနေတဲ့သဘော၊ ဒါကြောင့် ဒီဝက်ဆိုက်အဘန်းမခံရနိုင်အောင် ပုံစံတစ်မျိုး လုပ်ထားတယ် အဲဒီလို ထင်နိုင်ကြမယ်။ တကယ် ဒီဂဇက်မှာ ချပြရမှာက တစ်ပါတီအာဏာရှင်စနစ် နဲ့ ဘာသာရေး ကြားမှာ အီကွေးရှင်း တစ်ကြောင်းချပြရမယ်။ ဒါကိုလုပ်ဖို့ ကျမ ဝန်လေးနေတယ်။ ခေါင်းထဲမှာက လျှံထွက်နေပေမယ့် ရေးလိုက်ရင် လက်ချော်သွားတယ်။ ဘာသာရေး နဲ့ တစ်ပါတီအာဏာရှင်စနစ် ဆက်သွယ်ပုံကို ချမပြနိုင်မချင်း … ထေရဝါဒ ဗုဒ္ဓဘာသာ ရဲ့ အားနည်းချက်တွေ၊ အတွေးအခေါ်ပိုင်း မပြည့်စုံတာတွေ၊ ရဟန်းသံဃာတွေရဲ့ ပုထုစဉ်ဆန်ပုံတွေ ဘာကိုပဲ ပြောပြော အဓိပ္ပါယ် မရှိဘူး။ တကယ်ပြောရင် ဒီဂဇက်ထဲမှာက ဘုန်းကြီးထိ ဓားကြည့် ဆိုတဲ့လူတွေချည်းပဲ။ တကယ်ကလည်း ဘာသာရေးအဖွဲ့အစည်းတိုင်းမှာ အားနည်းချက်က ရှိမှာပဲ။ ဒီအားနည်းချက်တွေကို လိုက်ထောက်တာ နည်းလမ်းမကျဘူး။
    ကျမ အရင်က ၁၉၈၄ စာအုပ် ဘာသာပြန်ဖူးတယ်။ အဲဒီစာအုပ်က နဂိုမူလ နာမည်ကျော်ပြီးသားစာအုပ်ဆိုတော့ အရှိန်နဲ့ ဆက်ကျော်ကြားပေမယ့် ကျမ အပေါင်းအသင်းတွေ အကုန်လုံးကတော့ ဒါကို မကြိုက်ကြဘူး။ တကယ်က ဒါကို သူတို့ လိုက်မမီတာ။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး သူတို့ တွေးပုံက အနာဂတ်ကို ကြိုတွေးတဲ့စာအုပ်၊ ဒါမှမဟုတ်လည်း နည်းပညာပိုင်း အနာဂတ်ကို တွေးမိတဲ့လူကလည်း ရှိတယ်။ အများစုကတော့ ကြံကြီးစည်ရာတွေ ရေးထားတယ်လို့ယူဆကြပါတယ်။ တကယ်က စာအုပ်ကမာ္ဘကျော်တာဟာ နိုင်ငံရေးပညာရှင်ဟာ သီဝရီတစ်ခုကို ချပြရင်း တစ်ပါတီအာဏာရှင်စနစ်ကို သရော်တာပါ။ သူချပြတာက — တိုင်းပြည်တွင်းက လူတွေကို ဘရိန်းဝပ်ရှ် မလုပ်ထားဘဲ အဲဒီတိုင်းပြည်ကို တစ်ပါတီ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ မရဘူး — ဆိုတာကို အတိအလင်းပြောတာပါ။ ဒီသဘောအတိုင်း ဆက်လက်ပြောရမယ်ဆိုရင် မြန်မာပြည်မှာ တစ်ပါတီအာဏာရှင်စနစ် ရင့်ထော်နေတာဟာ တိုင်းပြည်တွင်းကလူတွေ ဘရိန်းအဝပ်ရှ် ခံထားရလို့ပါ။ အဲဒီလို ဘရိန်းဝပ်ရှ်လုပ်ဖို့ကို တခြားတိုင်းပြည်တွေမှာ ခေါင်းဆောင်ကြီးတွေက လုပ်ရတယ်။ ဒီတိုင်းပြည်မှာကတော့ ဒီလောက်တော်တဲ့ ခေါင်းဆောင် မရှိဘူးလေ။ ဘရိန်းဝပ်ရှ်လုပ်နိုင်လောက်တဲ့ ခေါင်းဆောင်မရှိဘူး။ ဘာသာရေးက အလိုလို လုပ်ထားပြီးသားဖြစ်နေလို့ အသင့်တက်အုပ်ချုပ်နိုင်တာ။ ဒါကြောင့် တိုင်းပြည်မှာ ဘယ်ဘာသာရေးမဆို ပညာရေးပို်ုင်း၊ အုပ်ချုပ်ရေးပိုင်း၊ တရားစီရင်ရေးပိုင်း ဘယ်ကဏ္ဍကိုမှ အဝင်မခံဘဲ ဘာသာရေးရဲ့ အခန်းကဏ္ဍ ကိုလျှော့ချနိုင်မှ ဒီတိုင်းပြည် အာဏာရှင်စနစ်က လွတ်မှာပါ။ ဒါကို သဂျီးက ပြောလိုရင်းနဲ့ ထေရဝါဒကို တိုက်ခိုက်သလို ဖြစ်ခဲ့တယ်။

    အခုလို ဘာသာရေးအစွန်းရောက် မွတ်တွေရဲ့ အန္တရာယ်ကို ထိန်းဖို့ဆိုပြီး ဗုဒ္ဓဘာသာကို အရမ်းလုပ်ကြတော့ ရော ဒါမှန်မလား။ ဂျာအေးသူ့အမေရိုက်သလိုပဲ ဖြစ်နေမှာ။

    ဟိုအရင်က ကျမ LT နဲ့ ပတ်သက်ပြီး ရေးတာတွေရှိတယ်။ ဆရာမဂျူ း က ဒါလေးကို ထိတို့ပြရုံလေး ရှိသေးတာ။ အားလုံး ဝက်ဝက်ကွဲကုန်တာ။ ဆရာမဂျူ းက ဒါကို ထောက်ခံပါတယ်လို့ ပြောတာ မဟုတ်ဘူး။ ကျမကတော့ ကျမ အနေအထားကို စတေးပြီး ထောက်ခံပါတယ်လို့ ပြောတာ။ LT ကို ကျမချဉ်းကပ်ပုံက ဘဖောနဲ့ သဂျီး ချဉ်းကပ်ပုံနဲ့ မတူဘူး။ တခြား ရှုထောင့်ကနေ ချဉ်းကပ်တာ။ သဂျီးနဲ့ ဘဖောက လိုရင်းပြောရရင် ကိုယ့်ခန္ဒာကိုယ်ပိုင်တယ်၊ ဘယ်သူနဲ့ဖြစ်ဖြစ် ဆိုသလို အင်မတန်ဒီမိုကျစွာ ပြောခဲ့တာ။ အဲဒီအမြင်ဟာ မှန်လွန်းအားကြီးတော့ မြန်မာပြည်မှာ ဒါကိုလက်သင့်မခံဘူး။ တခြားရှုထောင့်ကနေ ချပြမှရတယ်။ အခု တစ်ပါတီ အာဏာရှင်စနစ်နဲ့ ဘာသာရေးဆက်သွယ်ချက်ကိုလည်း ကျမတခြားရှုထောင့်ကနေ ရေးကြည့်ချင်တယ်။ ဗုဒ္ဓဘာသာရဲ့ အားနည်းချက်တွေနဲ့ ရဟန်းသံဃာတွေရဲ့ အားနည်းချက်ကို လုံးဝအပြစ်မရှာဘဲ ရေးနိုင်ချင်တယ်။ လောလောဆယ် ကျမ စိတ်ရောလူရော မအားသေးလို့ ရွာထဲ မဝင်နိုင်သေးတာပါ။ ကမာ္ဘကြီးမှာ ဘာမှမဟုတ်တော့တဲ့ LT လိုကိစ္စလေးကိုတောင် မြန်မာပြည်မှာ လက်သင့်မခံတာ၊ ဘာသာရေးကိစ္စရေးမယ်ဆိုရင် ဘယ်လွယ်တော့မလဲ။ ပြိးတော့ ကျမက ပညာတတ်အစစ် မဟုတ်ဘူး။စနစ်တကျ သင်ယူခဲ့တာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ကြံ ု သလိုလေးဖတ်နေရတာ။ ဒီတော့ တကယ့် ပညာရှင်အစစ်နဲ့ အချေအတင်ပြောမယ်ဆိုရင် ကျမ ရှုံးဖို့ သေချာတယ်။ ဒါကြောင့် ဒီရွာထဲက စူပါကွန်ဆာဗေးတစ်ကြီးတွေ ( ဦးပါ၊ အန်တီမာ၊ ကိုပေါက်၊ ကိုစံလှကြီး) သူတို့ကို ကြောက်တာလည်း ပါတယ် ဟီး။

  • အရီးခင်

    August 4, 2014 at 1:47 am

    သများ က ပြုံး ကြောက်တဲ့ အထဲ ပါဘူး ပေါ့နော်။ :-))

    မနက်က သတင်း ထဲ က ကိုယ်ဝန်အငှားဆောင်တဲ့ သတင်း ပြောကြရင်း evolutionary biologist အေသီးရစ်ထိပ်ခေါင် ရစ်ချပ်ဒေါ်ကင်စ် ရဲ့ ဆောင်းပါး တွေက နေ ဘာသာတရား တွေ ကို ပျက်သုံးစေမဲ့ အကြောင်း တွေ အများကြီး ရှိလာတာ ကို ဆက်ပြော (တနည်း ငြင်း) ကြရသေးတယ်။
    တိုက်တိုက်ဆိုင်ဆိုင် အဘ ရယ်။

    ဒီမှာ ကြည့်ပါ။ ရစ်ချပ်ဒေါ်ကင်စ် အဲဒီ အကြောင်း ဆွေးနွေးထားတာ။ အသေးစိတ် ကြည့်ချင်ရင်

    https://twitter.com/RichardDawkins/status/451004898319269888

    Richard DawkinsVerified account ‏@RichardDawkins

    “Council of Islamic Ideology declares women’s existence anti-Islamic” http://www.pakistantoday.com.pk/2014/03/15/comment/coucil-of-islamic-ideology-declares-womens-existence-anti-islamic/ …” Presumably satire but honestly hard to tell.

    Retweets 194 Favorites 138
    László Ligeti Kifri Colin Robson David J. Kozlowski Phishy Wobbuffet Daniel Gonzalez Memento Mori Inga B

    7:35 AM – 1 Apr 2014

    Niksu ‏@niksunen Apr 1

    @RichardDawkins what’s today’s date??
    sharmeen ‏@sharmeenalikhan Apr 1

    @RichardDawkins satire. We have a strong tradition of laughing at the absurd in Pakistan and it wouldn’t hurt to recognize that.
    Neil Bartlett ‏@nbartlett Apr 1
    @RichardDawkins Poe’s Law… sufficiently extreme fundamentalism cannot be distinguished from parody of itself.
    Volkan Topalli ‏@VolkanTopalli Apr 1
    @RichardDawkins March 15 is April 1st on Islamic calendar.
    Dr. Asim Yousafzai ‏@asimusafzai Apr 1
    @nbartlett dont sweet it, this is a satire by a brilliant writer. @RichardDawkins
    Brian Hurt ‏@bhurt42 Apr 1
    @RichardDawkins Article is dated 15 March…
    Aarij Anwer ‏@aarij_anwer Apr 1
    @RichardDawkins That’s probably because you are a dimwit and can’t spot satire even if it slapped you in the face.
    Frau Katze ‏@LolKatzen Apr 2
    @RichardDawkins I have researched it and cannot confirm in any other English source from Pakistan. Suspect it is poor English.
    hbd chick ‏@hbdchick Apr 2
    @LolKatzen @RichardDawkins Khabaristan Today is a satire column: https://www.facebook.com/PakistanToday/posts/698359056861806 … (~_^) tagline: “Telling it like it almost never is”
    Frau Katze ‏@LolKatzen Apr 2
    @hbdchick Thank-you! Did not know it was satire. Lots thought it was real. Grew suspicious when no other Pak news mentioned it. 🙂
    Na’a Murad ‏@NoorAzharMurad Apr 2
    @richarddawkins Probably satire. Don’t think Khabaristan exists. Khabar means ‘tell’ or ‘inform’

  • TNA

    August 4, 2014 at 6:05 am

    ဟမ်မလေး သူများတွေမိန်းမတယောက်ပဲယူတယ်။ သူတို့ကျလေးယောက်ယူတယ်။ ဒါတောင်မှမရှိသင့်ဘူးတဲ့လား။ အရူးတွေ

  • kyeemite

    August 4, 2014 at 9:01 am

    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ကထူးဆန်း

    August 4, 2014 at 10:28 am

    ဟင် …
    ဘာမှ မကြောက်ကြနဲ့ ..သမီးလေးတွေ ဆို အကာအကွယ်ပေးတတ်တဲ့ ဘဖော နဲ့ ဦးကြောင် ရှိတယ် ..
    ဟိဟိ.. ပြေးပြီ..
    :mrgreen:

  • Mr. MarGa

    August 4, 2014 at 1:07 pm

    အင်းးးး
    အစွန်းသုံးပါးထဲက တစ်ပါးကို ရောက်နေပြီ….. (ချဉ်းကပ်တာထက် ပိုသွားပြီ)

  • ခင် ခ

    August 4, 2014 at 2:13 pm

    အဲဒီသတင်းဆောင်းပါးအရဆို အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေက
    ထားရင်လည်း နေရပါ့မယ် သတ်ရင်လည်း သေရပါ့မယ်……….. ဆိုတဲ့စကားရပ်နဲ့ အညီနေရတဲ့သူတွေပေါ့လေ။

    “ဪ “

  • kai

    August 4, 2014 at 2:52 pm

    လူသားမှာ.. ဖိုနဲ့မ ၂မျိုးထဲရှိတာ… “ဖို”က”မ”ကိုသွားရန်လုပ်နေရင်.. လူမျိုးပြုတ်သွားမပေါ့ကွယ်…
    ဒါကိုကျင့်သုံးရင်..ကျင့်သုံးတဲ့.. ဒေသဝန်းကျင်.. ရွာ..မြို့.. ပြည်နယ်..နိုင်ငံကျဆုံးမှာပေါ့…
    ဇတ်တူသားစား.. ဘဝပျက်ကြမပေါ့….

    နောက်တခုက.. အဲလို “မ”တွေကို..” လေအားဖြင့်” နှိမ်တာ.. မြန်မာပြည်သမိုင်းမှာလည်း.. ရှိပါ့…။
    ကွိ..

    ဆိုတော့…
    သီအိုရီတခုထုတ်ကြည့်မယ်…
    ဒီလူသားတို့ကမ္ဘာမယ်… လူအသတ်ဆုံး… လူ့အသက်တွေအသေဖြစ်ဆုံး.. အကြောင်းတရားတွေက..
    ြိငိမ်းချမ်းအောင်လုပ်ပါတယ်… ဆိုတဲ့… ဘာသာတရားတွေဆီကပါပဲ..
    ဘာစံနစ်.. ဘာအုပ်ချုပ်ရေး.. ဘာပိုးမွှားဗိုင်းရပ်စ်မှမဟုတ်…
    ဒုတိယမိ.. ကွိ…

    မျှစ်ကြော်မမ.. ပြောတာလက်ခံပါတယ်…။
    ဒါပေမဲ့… ကျုပ်ကတော့.. မြန်မာပြည်မယ်.. အာဏာရှင်စနစ်မွေးထုတ်ပေးတာ.. အသက်ဆက်စေတာ…
    တိုင်းပြည်ကို.. ဆွဲချတာ… တထစ်ချပဲ.. ပြောဦးမယ်..
    လူတွေရဲ့..အတွေးအခေါ်…
    အဲ.. အတွေးအခေါ်တို့.. အချုပ်သည်.. ဘာသာရေး…
    တတိယမိ… ကွိ… :k:

    LT စနစ်အစား..
    အရင်ဖြစ်သင့်နေတဲ့.. တလင်တမယားစနစ်ကို.. ဥပဒေသက်ရောက်အောင်ကြိုးစားကြည့်ပါလား..
    သမိုင်းကျန်ရစ်မယ်ပေါ့…
    ..ဝါးကူလို့.. .ထိုးပါ့မယ်..။ :a:

    =
    “Imagine”

    Imagine there’s no heaven
    It’s easy if you try
    No hell below us
    Above us only sky
    Imagine all the people
    Living for today…

    Imagine there’s no countries
    It isn’t hard to do
    Nothing to kill or die for
    And no religion too
    Imagine all the people
    Living life in peace…

    You may say I’m a dreamer
    But I’m not the only one
    I hope someday you’ll join us
    And the world will be as one

    Imagine no possessions
    I wonder if you can
    No need for greed or hunger
    A brotherhood of man
    Imagine all the people
    Sharing all the world…

    You may say I’m a dreamer
    But I’m not the only one
    I hope someday you’ll join us
    And the world will live as one

    • တိမ်မည်း

      August 5, 2014 at 5:39 pm

      သဂျီးက ဘာသာမဲ့လားဟင်…..

      • kai

        August 5, 2014 at 5:43 pm

        မြန်မာပြည်ရော.. ကမ္ဘာ့နိုင်ငံတွေရော..
        ဘာသာတရားတွေက.. လူတွေဒီလောက်သတ်ပြနေတာ…
        ညဦးပိုင်းတင်.. အစ္စရေး..ဟာမားစ်.. ဂျူး..အစ္စလမ် ဖိုက်တင်ကြောင့်.. ကလေးတွေသေတာကြည့်နေရသေး..
        မြန်မာပြည်မလည်း.. ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်တွေနဲ့…

        ဖေ့စ်ဘုတ်မှာလည်း.. ဘာသာတရားတံဆိပ်ကပ်ထားသူက.. အဆဲဆုံးသူတွေ..လူတကာလိုက်ဖိုက်နေသူတွေအဖြစ်တွေ့ရတယ်..
        ဒါတောင်…
        ဘာသာမမဲ့နိုင်ကြတာ.. အံ့ဩစရာ.. :k:

        • ဇီဇီ ခင်ဇော်

          August 5, 2014 at 7:30 pm

          အဟဟဟဟ။
          တဂျီး ကို အနိုင် စကားပြောနိုင်ဖို့ကတော့ မလွယ်။

          :mrgreen:

        • တိမ်မည်း

          August 6, 2014 at 3:30 pm

          သက်ဖြတ်တာက အတ္တ သမားတွေ… ဘာသာရေးက အသုံးချခံသက်သက်….

          မောင်ဖြူက ဒါးကိုကိုင်းပီး လူသက်တယ်….

          မောင်ဖြူက လူ အတ္တ သမား…
          ဒါးက ဘာသာရေး…..

          သက်တာ အတ္တလား …..
          ဘာသာရေးလား…..

          စမ်းတယ်လို ့ ထင်လည်း တက်နိုင်ဖူး……

          ပြောချင်တာက ဘာသာမဲ့ ဆိုတိုင်း မှန်တာ မဟုတ်ဖူး…..

          ဘာသာမဲ့ ဖြစ်နေပီးလည်း အမှန် မမြင်နိုင်ရင်…. ဘာသာမဲ့သွားတာပဲ ရှိတယ်…
          တန်ဖိုးက သုညပဲ…..

        • kai

          August 6, 2014 at 4:21 pm

          The end justifies the means

          အဆုံးသတ်ဟာ အဆုံးအဖြတ်…
          အချိန်သည်သာ အဆုံးအဖြတ်ပေးရာ… :k:

        • Iris

          August 6, 2014 at 7:20 pm

          ကျမက ဘာသာမဲ့မဟုတ်​ပါဘူး။သူကြီးကိုလည်​းလိုက်​ဖား​နေတာမဟုတ်​ဘူး။ ဘာသာ​ရေးက ဒါး ဆိုရင်​ လူ​သေရတာ ဒါး ​ကြောင်​့ပါ။ အတ်​တ သက်​သက်​ကြီး​ကြောင်​့ လူ​သတ်​ဖို့ရာနှုန်​းနဲမယ်​။ အ​ထောက်​အပံ့ရှိသွားတဲ့အခါ ပိုတွန်​းပို့လိုက်​သလိုဖြစ်​သွားတယ်​လို့ထင်​ပါတယ်​။

        • တိမ်မည်း

          August 7, 2014 at 11:25 am

          @Iris

          နောက်ဆို လူသတ်မှူ တွေဖြစ်ရင်…. သက်သေခံပစ္စည်းတွေသာ အပြစ် ရှိကြောင်း စဉ်းစား သင့်တာပေါ့နော်…….

  • ဦးဦးပါလေရာ

    August 4, 2014 at 10:54 pm

    ဒီတော့ ဒီပိုစ့်က ပါကစ္စတန် အစ္စလာမ်မစ်ကောင်စီရဲ့ ခံယူချက်ပေါ့
    ဟုတ်ပါတယ်..
    အဲဒါ ကမ္ဘာပေါ်က သဘောထားတင်းမာတဲ့ အစွန်းရောက်တဲ့ အစ္စလာမ်ဝါဒီတွေရဲ့ သဘောထားခံယူချက်မျိုးပါပဲ…
    သို့သော်…
    မွတ်ဆလင်တွေအားလုံးကတော့ အစွန်းရောက်တွေမဟုတ်ပါဘူး..
    အလယ်အလတ်သဘောထားရှိတဲ့မွတ်ဆလင်တွေ အများကြီးရှိပါတယ်
    ဒါပေမယ့် တကယ်ယုံကြည်ခံယူတာကသပ်သပ် ၊
    အစွန်းရောက်ဝါဒသဘောထားတွေကို နိုင်ငံရေး လက်နက်အဖြစ် သုံးတာက သပ်သပ်ပါ..
    အစ္စလာမ်ဝါဒက နိုင်ငံရေးလက်နက်အဖြစ်သုံးလို့ တော်တော်ကောင်းတယ်…..။
    တစ်နေ့ … ကမ္ဘာကြီးက ပိုယဉ်ကျေး ၊ ပို စည်းလုံး၊ ပို ရပ်တည်ချက် မှန်လာတဲ့ တစ်နေ့မှာ
    အစွန်းရောက်ဝါဒအားလုံး မှေးမှိန်လျော့ပါး သွားမှာပါ..
    လိုတော့ လိုပါသေးတယ်..
    အခုမှ ကိုက်လို့ ကောင်းကြတုန်းရှိပါသေးတယ်..

  • Iris

    August 5, 2014 at 7:47 am

    အဲ့ဒီလိုအ​တွေးအ​ခေါ်​တွေနဲ့ နိုင်​ငံထဲကထွက်​လာတဲ့ သူရဲ​ကောင်​းမ​လေး (မာလာလာ) ကလည်​းအံ့မခန်​းပါပဲ။ အဲ့ဒီလိုဖြစ်​​အောင်​ပျိုး​ထောင်​​ပေးခဲ့တဲ့ သူမိဘ​တွေက​လေးစားဖို့​ကောင်​းတယ်​။ သူမ​ပြောတဲ့စကား​လေးနားထည်​းစွဲ​နေတယ်​ ပညာ​ရေး က ပထမ တဲ့။ အဆိုးအ​ကောင်​း အကျိူးအ​ကြောင်​း ခွဲခြားသိမြင်​နိုင်​ဖို့ ပညာ​ရေးက အ​ရေးကြီးတယ်​။
    Imagine သီချင်​းကို​တော့ ​သေ​သေချာချာနားမလည်​​သေးခင်​ထဲကကြိုက်​နှစ်​သက်​ခဲ့မိတာ။
    တစ်​လင်​တစ်​မယား စနစ်​​သေ​သေချာချာ​အောင်​မြင်​ရင် မီး လည်​းအိမ်​​ထောင်​ပြုပါမယ်​။ ဟီး အတည်​ ​နောက်​တာ။ culture က ​​တော်​​တော်​ လွှမ်​းမိုးလွန်​းတယ်​။ ဘယ်​နိုင်​ငံမှာပဲ​နေ​နေ ​ဖျောက်​ဖျက်​ဖို့ ​တော်​​တော်​ခက်​တာ….​ကောင်​းတဲ့ culture ​တွေဆိုဟုတ်​ပါရဲ့။

    • Foreign Resident

      August 6, 2014 at 5:50 am

      Iris says:
      ” တစ်​လင်​တစ်​မယား စနစ်​​သေ​သေချာချာ​အောင်​မြင်​ရင်
      မီး လည်​းအိမ်​​ထောင်​ပြုပါမယ်​။ ဟီး အတည်​ ​နောက်​တာ ”

      အ ဟွန်း ၊ အ ဟွန်း ။ ကျန်တာတော့ မပြောလိုပါဘူး ။
      အင်းးးး ။ တစ်ချို့များကျတော့ ၊ အဘ ထက်တောင် လည်လို့ ၊
      အဘ Post ထဲတောင် ကြော်ငြာဝင်သွားပုံ ရတယ် ။

      စိုးရိမ်မိတယ် သမီးရယ် ။
      ဦးကြောင်ကို မကြောက်ဘူးလားဟင် ။
      နောက်တာပါကွယ် ။ 😛

      • ဦးကြောင်ကြီး

        August 6, 2014 at 10:22 am

        ကြောက်စရာ ဟုတ်ပါဗူးဗျာ.. ကျောက်စ်တပည့်ပါ..။ ဆြာဂေါင်းတပည့် ပန်းကောင်းပန်.. အိုင်းရစ်လေးကို ရလျင် ဦးကျောက်စ် အမ်တီနှင်းကို လုပ်သလို လုပ်ပ်ပေးမြိကောင်ပါ…။ ဟင်းချက်ကျွေးတာကို ပြောပါသယ်.. ငါကွ..

        • Iris

          August 6, 2014 at 7:10 pm

          ဒီ​ကြောင်​ကို ဗီယက်​နမ်​ပို့ပလိုက်​ရ။ ​ကြောင်​သားအမြီးလုပ်​စားကြလိမ်​့မယ်​။ 😀

  • black chaw

    August 5, 2014 at 12:02 pm

    အဘ နဲ့ အတူ
    ကျွန်တော်လည်း သက်ပြင်း ဝင်ချသွားပါတယ်။
    ဟင်င်င်င်း။

  • Foreign Resident

    August 6, 2014 at 6:10 am

    ဇီဇီ ခင်ဇော် says:
    ” သူတို့ က ဘယ် အပေါက် ကနေ လူ့ ပြည် ရောက်လာလဲ မှ မသိ..??? ”

    TNA says:
    ” ဟမ်မလေး သူများတွေမိန်းမတယောက်ပဲယူတယ်။
    သူတို့ကျလေးယောက်ယူတယ်။ ဒါတောင်မှမရှိသင့်ဘူးတဲ့လား ”

    အင်း ။ ဒီ ဆရာတွေ ( အစ္စလာမ့် အတွေးအခေါ် ကောင်စီ ) ၊
    ပြောပုံ ကြေငြာပုံကသာ စိတ်ရင်းအမှန်နှင့် တကယ် ရိုးသားသူတွေ ဆိုရင် ။
    သူတို့တွေ ၊ မိန်းမတွေကို တော်တော် အလိုမရှိကြပုံဘဲ ။

    ဒီလိုဆိုရင် ၊ သူတို့တွေ နိုင်ငံက မိန်းမတွေ အားလုံးကို ၊
    အဘ တို့ အရမ်းမွဲနေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံကိုဘဲ ရွေ့ပြစ်လိုက်ပါလေ ။
    ( Sex / ကာမ ကိစ္စ အတွက် ပြောတာ မဟုတ်ပါ )

    အဘ တို့ အရမ်းမွဲနေတဲ့ မြန်မာနိုင်ငံက ဗုဒ္ဓ ဘာသာဝင်တွေက ၊
    ထမင်း တစ်နပ်စီ လျှော့စားပြီး ၊ အဲဒီ သူတို့ မလိုချင်တဲ့ မိန်းမထုကြီးကို ၊
    ဝမ်းမြောက် ဝမ်းသာနှင့် ၊ တစ်သက်လုံး တင်ကျွေးထားပါ့မယ် ။

    အဲဒါမှ ပွဲက တကယ်ပြတ်သွားမှာ ( နောက် နှစ် ၃ဝ ဘဲ စောင့် ) ။
    တစ်ကမာ္ဘလုံး က ၊ တခြားဘာသာဝင် မှန်သမျှလည်း ၊ ဝမ်းသာ သာဓုခေါ်ကြမှာ ။

    ကျေးဇူးရှင် အစ္စလာမ့် အတွေးအခေါ် ကောင်စီ ၊ တကယ်လုပ်ရဲသလား ။

  • ဦးကြောင်ကြီး

    August 6, 2014 at 10:30 am

    အဲဒီမာမူဂျီးတွေ ပြောတာကို ဝေဖန်သူများ နည်းနည်းလွဲနေတယ်..။ သူတို့ပြောတာ မိန်းမတွေကို သတ်ဖြစ်ဖို့ လောကဂျီးကနေ ထုတ်ပစ်ဖို့ မပါဗူးလေ။ မိန်းမတွေကို နှိမ်ထားဖို့ သားဖောက်စက် အဆင့်ထားဖို့ ဆော်ဩတာ။ တနည်းပြန်တွေးလျင် ကာမ ကိလေသာကို ဘာသာတိုင်းမှာ ဆန့်ကျင် ရှုံ့ချတယ်၊ ထိန်းချုပ် ဖယ်ရှားဖို့ ကြိုးပမ်းတယ်။ ဒင်းတို့ကလဲ ရှိတဲ့ညဏ်တထွာတမိုက်နဲ့ ဆန့်ကျင်တာလို့ မြင်တယ်..။ အစောပိုင်းမှာတော့ အဲလို ကာမဆန္ဒကို စက်ဆုပ်တာ သူတော်ကောင်းလို့ မြင်ချင်မြင်ကြမှာပေါ့.. ဘာနဲ့တူလဲဆိုရင် ရှေးက အိန္ဒိယမှာ ဘုရင်၊ စော်ဘွားတွေရဲ့ ဇနီး မယားတွေက လင်သေလျင် သူတို့ပါ မီးပုံထဲ ခုန်ဆင်သေပြတယ်.. သစ္စာရှိကြောင်း ပြတာပေါ့ဗျာ.. နောက်တော့ အစဉ်အလာလို ဖြစ်ပြီး မိန်းမလုပ်သူခမြာ လိုက်သပြရတယ်။ မလုပ်ရင် အကဲ့အရဲ့ အစွတ်အစွဲ ခံရရော..။ သူတို့လဲ တဦးတယောက်က လုပ်ပြလိုက်တာကို အစဉ်အလာလုပ် ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်တော့ (ဒီကြားထဲ မျက်စိပိတ် နားပိတ်နေ) ယဉ်ကျေး လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်ကုန်ရော…။

  • ကိုရင်စည်သူ

    August 6, 2014 at 11:36 pm

    ကျွန်တော်ရောက်ဖူးခဲ့တဲ့ မူဆလင်ဘာသာနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ၊ အီဂျစ်၊ဂျော်ဒန်၊ အာရပ်နိုင်ငံများစုက မူဆလင်တွေကို သနားမိတယ်.. ဘာသာရေးနဲ့ မွေးထဲက ဦးနှောက်ကို သင်းသတ်ထားသလိုပဲ…
    နောက်ဆုံးတော့ မိဘမကြိုက်တာလုပ်တဲ့ ကလေးတစ်ယောက်က ခိုးလုပ်ရင်းနဲ့ ပျက်စီးသွားတဲ့ဘက်ကို
    ရောက်သွားသလိုပဲ သူတို့ကို ကြည့်ရင်း ခံစားရတယ်…
    ပူတဲ့ရာသီမှာနေတဲ့သူတွေဟာ သာမာန် သမရာသီဥတုထက်မှာနေတဲ့ လူတွေထက် လိင်စိတ်ပိုများပါတယ်..။ အကောင်းဘက်ကပြန်တွေးရင်တောင်
    ဖတ်ဖူးတဲ့ ကျမ်းဂန်မှာ ၈ဆ ပိုများလို့များ ၄ယောက်ထိ ယူလို့ ရတယ် ပြောခဲ့တယ်များလား။
    သူတို့ပြောသလို မ မရှိတော့ ကျတော့တို့ အတ္တတွေကို ကျောက်ပတ်တီးစီးထားရင် ပိုကောင်းမလားလို့လေ.. ငိငိ.. :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 7, 2014 at 12:37 pm

    . ဂဘါသုံးပစ္စည်းတစ်ခုဂို
    . ဒီလိုပက်ပက်စက်စက် ပြောတာကိုတော့
    . သုံးဆွဲသူတစ်ယောက်အနေနှင့်
    . ပျတ်ပျတ်သါးသါး ကန့်ကွက်ဘါဒယ် အဘ
    . ကုလသမ္မဂဂို အဘဦးဆောင်ပီးစာတင်ဘါအဘ

    • Foreign Resident

      August 7, 2014 at 5:42 pm

      ရှားရှားပါးပါး ၊ ကိုပု ပြန်ပေါ်လာပါလားဗျ ။
      လှိုက်လှဲစွာ ကြိုဆိုပါတယ် ကိုပု ရေ ။
      ဘယ်ပျောက်နေတာတုန်းဗျ ။

Leave a Reply