” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၂ “

ခင္ခAugust 4, 20141min924

” သွေးကြောဆိုင်ရာ ရောဂါများအကြောင်း – ၂ “

 

၂။ သွေးတိုးရောဂါ

နှလုံးတစ်ချက်ခုန်လိုက်တိုင်း နှလုံးကထုတ်ပေးလိုက်တဲ့ ထုထည်အားနဲ့ သွေးဖိအားက အမြင့်ဆုံးကိုရောက် သွားပြီး နှလုံးကြွက်သားလျော့နေချိန်မှာ အနိမ့်ဆုံးကိုရောက်သွားပါတယ်၊သွေးဖိအားဟာ အပေါ်သွေး 140mmHg နဲ့ အောက်သွေး 90mmHg ထက်မပိုသင့်ပါဘူး၊ သွေးတိုးခြင်းဆိုတာ ပုံမှန်ရှိသင့်တာထက်ပိုပြီး သွေးဖိအားများနေခြင်းကို ဆိုလိုတာပါ၊ ပြင်ပရောဂါလက္ခဏာ အနေနဲ့ပြောရခက်ပါတယ်၊ သွေးတိုးရောဂါ ဖြစ်ပွားမှု ၉၀%မှာ သိသာထင်ရှားတဲ့ အကြောင်းအရင်းကို ရှာမတွေ့ပေမယ် နေထိုင်မှုပုံစံဟာ အဓိက အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်၊ ဗီဇ နဲ့ အမူအကျင့်တွေနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်၊ အနောက် တိုင်းဆန်တဲ့ လူအဖွဲ့စည်းမှာ စားသောက်မှုနဲ့ နေထိုင်မှုပုံစံကြောင့် သွေးဖိအားဟာ အရွယ်လိုက်ပြီး မြင့်တက် လာပါတယ်၊ကျန် ၁၀% လောက်ကတော့ သိသာထင်ရှားတဲ့ အကြောင်းအရင်းရှိပါတယ် ဆီးချိုရောဂါ ဟော်မုန်း ထုတ်ပေးတဲ့ဂလင်း ပုံမှန်မဖြစ်ခြင်း ကျောက်ကပ်ရောဂါ ကိုယ်ဝန်ဆောင်ခြင်းနဲပ ဆေးဝါးရဲ့ဘေးထွက် ဆိုးကျိုး တွေကြောင့် ဖြစ်တတ်ပါတယ်၊ဥပမာပြောရရင် ပဋိသန္ဓေတားဆေးနဲ့ စတီးရွိုက်ဆေးတွေကြောင့်ပါ၊ ဟော်မုန်း ပုံမှန်မဖြစ်ခြင်းနဲ့ ခန္ဓာဗေဒဆိုင်ရာ မူမမှန်ဖြစ်ခြင်းတို့ကြောင့်လည်း သွေးတိုးရောဂါ ဖြစ်နိုင်ပါတယ်၊

သွေးတိုးလို့သောက်တဲ့ဆေးထဲမှာ

ဆီးရွှင်ဆေး – ကျောက်ကပ်ထဲက ပိုလျှံနေတဲ့အရည်တွေကို ဖယ်ထုတ်ပေးနိုင်ပြီး သွေးကြောတွေရဲ့ ခုခံအားကို လျှော့ချပေးနိုင်ပါတယ်၊

Beta – blockers – နှလုံးအခုန်မြန်ခြင်းကို နှေးသွားစေပြီး နှလုံးကြွက်သားရဲ့ ကျုံအားကို လျှော့ချပေးပါတယ်။

Vasodilators – သွေးလွှတ်ကြောတွေကို ချဲ့ပေးပါတယ်

ACE inhibitors – သွေးကြောကျယ်စေတဲ့ဆေးအနေနဲ့ရော ဆီးရွှင်ဆေးအနေနဲ့ပါ အကျိုးအာနိသင်ထိရောက်မှု ရှိပါတယ်၊

သွေးဖိအားတွေဟာ တစ်ခါတရံပုံမှန်ပြန်ဖြစ်သွားတတ်ပေမဲ့လည်း ဆေးဝါးကုသမှု လိုအပ်ပါတယ်၊ အနားယူခြင်း စိတ်ဖိစီးမှုလျှော့ချခြင်း၊ ကိုယ်အလေးချိန်လျော့ချခြင်းတွေလည်း ပြုလုပ်သင့်ပါတယ်။

ရှိသင့်တာထက်ပိုပြီးသွေးပေါင်များနေရင် သွေးလွှတ်ကြောတွေမှာ ဖိအားအလွန်များပြားလာပါတယ်၊ သွေးလွှတ်ကြောတွေရဲ့ ချောမွေ့တဲ့နံရံတွေဟာ ကြမ်းတမ်းထူထဲလာပါတယ်၊ ဒါကြောင့် သွေးလွှတ်ကြောတွေ ကျဉ်းမြောင်းလာပြီး ကျုံနိုင်ဆန့်နိုင်အားလျော့နည်းလာပါတယ်၊ သွေးလွှတ်ကြောတွေရဲ့ အတွင်းဘက်မှာ အဆီစုပုံခြင်းကို လျော့နည်းစေတဲ့အစာတွေ စားသောက်ဖို့ အလွန်အရေးကြီးပါတယ်၊ သုတေသနပြုချက်အရ ဆားအလွန်အကျွံစားသုံးမှုဟာ သွေးတိုးရောဂါဖြစ်ပွားစေတယ်လို့ ထောက်ပြထားပါတယ်

သွေးကြောကျဉ်းခြင်းကိုကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးသင့် ပါတယ်၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် ဆယ်လီနီယမ်သတ္ထုဓာတ် ကြွယ်ဝတဲ့အစားအစာ တွေ ဖြစ်ပါတယ်၊ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ စားသုံးသင့်သလို ဂျုံစေ့အဆန်၊ အခွံမာသီးနဲ့ အစေ့တွေဟာ ဗီတာမင်အီး ကြွယ်ဝပါတယ်၊ နေ့စဉ်ထိုအစားအစာတွေထဲက (၅)မျိုးကို စားပေးသင့်ပါတယ်၊ အဆီများတဲ့ငါးတွေ ဆယ်လမွန်၊ တူနာ၊ မက်သရယ်၊ ဆာဒင်းနဲ့ ပင်လယ်ငါးတွေကလည်း အိုမီဂါ ၃ ဖက်တီး အက်ဆစ်တွေ ပါဝင်တာကြောင့် သွေးတိုးရောဂါကို သက်သာစေပါတယ်၊ သွေးဖိအားလျော့နည်းစေပြီး ခန္ဓာကိုယ်ထဲက မကောင်းသောကိုလက်စထရော(LDL) ကိုလည်း သန့်စင်ပေးပါတယ်၊ သွေးခဲစေနိုင်သည့် အလားအလာကိုလျော့ချပေးပါတယ်။

အကောင်းဆုံး အသင့်လျှော်ဆုံးအစားအစာနောက်တစ်မျိုးက အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါပဲ ကွေ့ကာ ခေါက်ဆွဲခြောက် နဲ့ ပေါင်မုန့် တွေစားပေးသင့်ပြီး အဆီများသော ကုန်သတ္တဝါအသားတွေ မလိုင်ပါတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ ကိတ်မုန့် ဘီစကစ်မုန့်နဲ့ မာဂျရင်းတွေကိုတော့ လျှော့စားသင့်ပါတယ်၊ အစား အသောက်တွင်း ဆားထဲ့ခြင်း ဆားပါဝင်မှုများခြင်းတွေကို တတ်နိုင်သလောက် လျော့စားစေချင်ပြီး ကြက်အူ ချောင်း ဝက်အူချောင်း အသားအူချောင်း ဝက်ပေါင်ခြောက် ဆားနယ်ထားသောအခြောက် အာလူးချောင်းကြော် အခွံမာသီးတွင် ဆားထဲ့ထားသောအစာများ ကြာရှည်ခံရန် ပြုပြင်စီမံထားသော စွပ်ပြုတ်၊ ဆော့စ်တို့ကိုလည်း သတိပြု ဆင်ခြင်စားသင့်ပါတယ်၊ (Credit – ဒေါက်တာမီမီကို)

 

စာကြွင်းးးးးးးးးးးးးးး

ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသော ဌက်ပျောသီးစားပေးနိုင်ပြီး ရေခဲမုန့်နဲ့ ရေခဲဟာလည်း ဆားပါဝင်မှုရှိသဖြင့် အလွန်အကျွံမစားသင့်ကြောင်း လေ့လာမှုအရ တွေ့ရှိရပါတယ်။ သွေးတိုးရောဂါအတွက် တိုင်းရင်းဆေးအရ ဒန့်သလွန်ရွက်/အသီးကို ဟင်းချက်စားခြင်း၊ ဟင်းရည်သောက်ခြင်းနှင့် အရွက်ပြုတ်တို့စားခြင်းသည်လည်း ရောဂါကို သက်သာစေပါတယ်။ သွေးတိုးရောဂါ မဖြစ်စေဖို့ ဆားနဲ့အငံ လျော့ပါဗျို့။

 

ခင်ခ။

4 comments

  • Mr. MarGa

    August 4, 2014 at 12:44 pm

    အဘွားမှာ သွေးတိုးရှိသဗျ
    အဲဒါကြောင့် မှတ်သွားပြီဗျို့

  • alinsett (gazette)

    August 4, 2014 at 12:58 pm

    ကျနော့် အမေနဲ ့…အစ်ကိုမှာ…သွေးတိုးရောဂါရှိတယ်.. ။
    ဒါကြောင့်..ဒီပိုစ့်လေးကို..သေချာ ဖတ်မှတ်လေ့လာသွားပါတယ်…လေးခ

  • ဇီဇီ ခင်ဇော်

    August 4, 2014 at 2:11 pm

    ကျနော် ကြိုက်တဲ့ အစားအသောက် နဲ့ ဒေါသကြီးတတ်တာ ကြည့်ရင် ကျနော်ကြောက်ရမှာ ဒီရောဂါပဲ။
    ကျေးဇူးတင်ပါတယ် ကိုဂျီးခရေ။

    :s:

    • ခင် ခ

      August 4, 2014 at 2:25 pm

      အငံလျော့ အချဉ်လေးစားပေး ဒါမှမဟုတ် ဌက်ပျောသီးလေး ပုံမှန်စားပေးပေါ့ဗျာ။

Leave a Reply